← Chapters

မိုးကြိုး နှင့် သွေးဆောင်ဖြားယောင်းခံရခြင်း

Vol. 24 Ch. 359

မိုးကြိုး နှင့် သွေးဆောင်ဖြားယောင်းခံရခြင်း

Vol. 24 Ch. 359

လျို့ဝှက်အကျဉ်းထောင်မှ အရေးပေါ်သတင်း ရရှိသောအခါ ဗိုလ်ချုပ် ဒိုရင်းရုစ် အံ့အားသင့် သွားခဲ့ပြီး ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့သည်။

သူ ရောက်တော့မည့်အချိန်၌ အသံကျယ်ကျယ် တစ်သံ ကြားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ခါသွား၏။ ဒိုရင်း၏ခုံအောက်မှ သန္ဓေပြောင်း နတ်ဆိုးမြင်းလည်း ကြောက်လန့်သွားပုံရပြီး ပစ်လဲကျလုမတတ် ဖြစ်သွားခဲ့သည်။

ထိုကျယ်လောင်လှသော အသံသည် ညလယ်ခေါင်၌ မိုးကြိုးပစ်သကဲ့သို့ပင် ဖြစ်သည်။ တုန်ခါမှုပမာဏမှာ အတော်လေး ကြီးမားပြီး အတွင်းမြို့တစ်ခုလုံးကိုပင် ပျံ့နှံ့လုမတတ် ဖြစ်သွားသည်။ အချိန်တစ်ခုအထိ နေရာအနှံ့တွင် အလင်းရောင်များ တောက်ပနေ၏။ ၎င်းကြောင့် အနှောင့်အယှက် ဖြစ်သွားကြသူများက အခြေအနေကို လာရောက် စစ်ဆေးကြသည်။

ထိုအသံကျယ်ကြီး လာရာဘက်မှာ လျို့ဝှက် အကျဉ်းထောင်မှ ဖြစ်သည်။ ဒိုရင်းသည် မစဉ်းစားတော့ဘဲ သူ၏စီးစရာကို ထားရစ်ခဲ့ကာ အလျင်အမြန် လှုပ်ရှားပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အမြဲပင် တင်းကြပ်နေခဲ့သော လျို့ဝှက် အကျဉ်းထောင်သည် ယခုနစ်ခေါက်၌ ပြဿနာ တက်သွားလေပြီ။ သီးသန့်ဝင်းထဲရှိ အကျဉ်းခန်း၁၃ သည် လုံးဝပြိုလဲသွားခဲ့သည်။ ထိုကြောက်မက်ဖွယ်ရာ စွမ်းအားဒဏ်ကြောင့် လျို့ဝှက်အကျဉ်းထောင်ထဲရှိ အခန်းအများစု အပြင်းအထန် ပျက်စီးသွားသည်။ ထောင်ကြပ်လူဝကြီး ခါဘန်းသည်လည်း အပြင်းအထန် ချွေးပြန်နေပြီး အခွင့်အရေးယူကာ ထွက်ပြေးကြသော အကျဉ်းသားများကို အစောင့်များအား လိုက်ဖမ်းခိုင်းတော့သည်။ သို့သော်လည်း အကြီးမားဆုံး “အကျဉ်းသား” အတွက်ကိုမူ မည်သူမှ ရှေ့တက်ပြီး သေကြောင်းမကြံ ရဲကြပေ။

“ချာလီစ်”သည် ထိုအချိန်၌ အနည်းငယ် စုတ်ပြတ်နေသော်လည်း မည်သူမှ သူ့ကို အထင်မသေးရဲ ကြတော့ပေ။ အကြောင်းမှာ ထိုအကျဉ်းသားသည် ဖျက်ဆီး၍မရသော အကျဉ်းခန်း၁၃ကို အတွင်းထဲမှနေ၍ ဖျက်ဆီး လိုက်သောကြောင့်ပင်။ ၎င်းမှာ နတ်ဆိုးဧကရာဇ်များနှင့် နတ်ဆိုးအရှင်သခင် အဆင့်တို့ကို ချုပ်တည်းနိုင်သည့် အစွမ်းထက်ဆုံး အကျဉ်းထောင်တစ်ခု ဖြစ်၏။

အမှန်တကယ်၌ ချန်လွေ့ ကိုယ်တိုင်လည်း စိတ်ထဲ၌ သက်သာရာ ရသွားခဲ့သည်။ ဇီရေး၏ စွမ်းအားမှာ သူထင်ထားသည်ထက် ပိုမိုအစွမ်းထက်နေသည်။ နဂါးထွင်းစာ အကျဉ်းချ စွမ်းအားကို လုံးဝပယ်ဖျက်ပြီးနောက်တွင် ချန်လွေ့သည် သိုလှောင်ခန်းထဲမှ ပစ္စည်းများကို ထုတ်ယူပြီး အကာအကွယ် မှော်စက်ဝိုင်းတစ်ခု ခင်းကျင်းခဲ့သည်။ နတ်ဆိုးဒိုင်းကာလည်း ထုတ်ခဲ့သည်။ သို့သော် ထိုကြောက်မက်ဖွယ်ရာ စွမ်းအားသည် မှော်စက်ဝိုင်းကို ချက်ချင်း ဖျက်ဆီးပစ်ခဲ့၏။ ကံကောင်းစွာပင် သူ့တွင် နတ်ဆိုးဘုံ၏ ထိပ်တန်းချပ်ကာဖြစ်သော နတ်ဆိုးဒိုင်းကာ ရှိနေသေးသည်။ သို့မဟုတ်ပါက သူ ပြဿနာ အကြီးအကျယ် တက်သွားပေမည်။ သူသည် မြို့တော်မှ နေရာတစ်ခုသို့ [ ကြယ်တာရာဂိတ် ] သုံးကာ ထွက်ပြေးနိုင်သော်လည်း ၎င်းသည် သူဖြစ်ချင်သောအရာ လုံးဝ မဟုတ်ပေ။

ကြောက်စရာရန်သူ တဖြည်းဖြည်းချင်း သူ့ဘက်သို့ လမ်းလျှောက်လာသည်ကို ကြည့်ရင ဆာထရီ၏ မျက်နှာ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။ သူသည် ထိုအရူးကောင်နှင့် ထပ်ပြီးတိုက်ခိုက် ရခြင်းထက် လူပုံအလည်၌သာ ထွက်ပြေးပေလိမ့်မည်။ အကယ်၍ သူသည် ယခင်အခွင့်အရေးကို‌ တွေ့မသွားဘဲ အကျဉ်းထောင်မှ အလောတကြီး မထွက်ပြေးခဲ့လျှင် လက်ရှိ လင်ကွန်မိသားစု အကြီးအကဲဖြစ်သူသည် ပြိုလဲကျသွားသော အကျဉ်းခန်း၁၃ ကဲ့သို့ပင် သမိုင်းကြောင်း ဖြစ်သွားပေလိမ့်မည်။

“ချာလီစ်”။ ခေါင်းလောင်းကဲ့သို့ အော်သံတစ်သံ ကောင်းကင်ပေါ်မှ ထွက်လာပြီး ဆူညံသံများ အားလုံးကို လွှမ်းမိုးသွားသည်။ လျို့ဝှက် အကျဉ်းထောင်မှ အစောင့်များအားလုံး စိတ်သက်သာရာ ရသွားခဲ့သည်။ အင်ပါယာ၏ ဒုတိယဗိုလ်ချုပ် ဒိုရင်းရုစ် နောက်ဆုံး၌ ရောက်လာလေပြီ။

ဆာထရီ၏ တင်းကြပ်နေသောစိတ် နောက်ဆုံး၌ ပြေလျော့သွားခဲ့သည်။ အနည်းဆုံးတော့ ဒီအရူးကောင်ကို ငါ ရင်ဆိုင်စရာ မလိုတော့ဘူး။ အနည်းငယ် စိတ်ငြိမ်သွားသော လူဝကြီးသည် မသက်သာမသာ ခံစားနေရ၏။ မည်သို့ပင် ဆိုစေကာမူ သူသည် ယနေ့အဖြစ်အပျက်အတွက် တိုက်ရိုက် တာဝန်ရှိနေသည်။

ချန်လွေ့ မော့ကြည့်လိုက်ရာ လေထဲ၌ ပျံဝဲနေသော ဒိုရင်းကို တွေ့လိုက်ရသည်။ ဒိုရင်း ဆင်းသက်လာပြီး လရောက်အောက်ရှိ အကျဉ်းထောင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေသည်ကိ မြင်လိုက်ရသည်။ အထူးသဖြင့် အကျဉ်းခန်း၁၃ တစ်ဝိုက်သည် ပို၍ဆိုးဝါးနေ၏။ သူ၏မျက်လုံးထဲ၌ အံ့အားသင့်မှုများ လက်ခနဲဖြစ်သွားပြီး အရိုးထိ စိမ့်လောက်အောင် ပို၍အေးစက်လာခဲ့သည်။

ဖြည်းဖြည်းချင်း ဆင်းသက်လာသော ဒိုရင်းကို ချန်လွေ့ စိုက်ကြည့်လိုက်ပြီး လုံးဝ ကြောက်မနေပေ။ သူက ဆေးဆေးသော လေသံဖြင့်သာ ပြောသည်။ “ဗိုလ်ချုပ် ဒိုင်း။ အရှင်မင်းကြီး အိုဆိုင်ဒန်နဲ့ တွေ့ဖို့အတွက် ကျုပ် တောင်းဆိုပါတယ်။ အကျဉ်းချ လက်ထိပ် အခတ်ခံထားရတဲ့သူတွေမှာ ဘာအခွင့်အရေးမှ မရှိဘူးလို့ ခင်ဗျားပြောတာ ကျုပ် မှတ်မိတယ်။ အခု ကျုပ်မှာ အခွင့်အရေး ရှိတယ် မဟုတ်လား။”

တစ်ဖက်လူက ဘာမှမရှိတော့သော လက်ကောက်ဝတ်ကို မြှောက်ပြကာ ကြွားလုံးထုတ်နေသည်ကို မြင်သည့်အခါ ဒိုရင်း၏ မျက်နှာ ပို၍မှောင်မည်းသွားသည်။ “ဒါပေါ့။ အခုပဲ မင်းရဲ့အလောင်းကို ငါ အခွင့်အရေး ပေးလိုက်မယ်။”

“ဆာ-ဗိုလ်ချုပ်က ဒီလိုလုပ်ချင်တယ်ဆိုရင်တော့ အရှင်မင်းကြီး အိုဆိုင်ဒန်နဲ့ တွေ့ဖို့အတွက် အလောင်းတွေ ပိုများနေမှာပဲ။ ဆာ-‌ဗိုလ်ချုပ်၊ ခင်ဗျားနောက်က လင်ကွန်မိသားစုအကြီးအကဲနဲ့ ဒီကလူတွေအားလုံးလည်း ဖြစ်နိုင်တယ်။”

“အရှက်မရှိ ကြွားဝါတာပဲ။ အကြီးတန်း အတိုင်ပင်ခံက ဘယ်လောက် စွမ်းဆောင်ရည် ရှိလဲဆိုတာ ငါသိချင်တယ်။” ဒိုရင်း၏လက်ထဲ၌ မဟာဓားတစ်လက် ရှိနေပြီ ဖြစ်သည်။ ထိုဓားသည် ၃မီတာရှည်၏။ ၎င်းမှာ အင်ပါယာ၏ ဒုတိယဗိုလ်ချုပ် သုံးလေ့ရှိသော လက်နက်တစ်မျိုး ဖြစ်သည့် “ဝိညာဉ်ကြွေမွ”ဓားပင် ဖြစ်သည်။ ဒိုရင်း၏ လေသံသည် အထင်သေးမှုများ ပြသနေသော်လည်း ပြိုင်ဘက်ဖြစ်သူအား သူ အထင်မသေးရဲသေးပေ။ သူက ချက်ချင်းပင် အစွမ်းကုန်အသုံးပြုလိုက်သည်။

“အကျဉ်းခန်း၁၃ အခြေအနေကို ခင်ဗျား မြင်ပြီးပြီ ထင်ပါတယ်။ ဒါက ကျုပ်ရဲ့ တကယ့်စွမ်းအား မဟုတ်ဘူး။ တစ်ခုခုရဲ့ အကူအညီကြောင့်ပဲ။ ကျုပ် ဒီပစ္စည်းကို တစ်ခါထက်ပိုပြီး သုံးနိုင်တယ်။”

ထိုစကားများသည် တစ်ချိန်တည်းမှာပင် ဒိုရင်းနှင့် ဆာထရီတို့၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။ နတ်ဆိုးဧကရာဇ် စွမ်းအားကို မချိပ်ပိတ်ထားရင်တောင် သူက သေချာပေါက် အကျဉ်းခန်း၁၃ကို မဖျက်ဆီးနိုင်ဘူး။ သာမန်နတ်ဆိုးအရှင်သခင်တောင် ဒီလိုမျိုး မလုပ်နိုင်ဘူး။

“ချာလီစ်”၏ စွမ်းအားသည် နတ်ဆိုးအရှင်သခင် အဆင့် မရောက်နိုင်သေးပေ။ အကျဉ်းခန်း၁၃ကို သူ ဖျက်ဆီးနိုင်ရခြင်းမှာ သူကိုယ်တိုင် ဝန်ခံထားသော မှော်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ရပေမည်။

ဒါပေမဲ့ အဲဒီပစ္စည်းက တစ်ကြိမ်ထက် ပိုပြီးသုံးလို့ ရနေတယ်။ ဒီလိုကွင်းပြောင်ကြီးက အကျဉ်းခန်း၁၃လိုမျိုး မဟုတ်ဘူး။ အရင်လိုမျိုး ပေါက်ကွဲသွားမယ်ဆိုရင်တော့ ဒီနေရာက လူတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။

“အခု ကျုပ်မှာ ဒီလိုမျိုးစွမ်းရည် ရှိတယ်ဆိုတာ ဆာ-‌ဗိုလ်ချုပ် ယုံလား။ ကျုပ် မကောင်းတာတွေ မမြင်ချင်ဘူး။ ကျုပ်တစ်ခုပဲ တောင်းဆိုချင်တယ်။ အဲဒါက အရှင်မင်းကြီး အိုဆိုင်ဒန်နဲ့ ချက်ချင်း တွေ့ရဖို့ပဲ။” ချန်လွေ့က တမင်တကာပင် စွမ်းအားတမျိုးမျိုးသုံးလိုက်ရာ သူ၏စကားတို့ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။” ဒိုရင်းကို မဟာဓားကို ဝှေ့ရမ်းပြီး ချန်လွေ့ကို ချိန်လိုက်သည်။ သူ့ထံမှ ဗိုလ်ကျသော အငွေ့အသက် ထွက်ပေါ်လာသည်။ သူ့နောက်မှ ဆာထရီသည်ပင် နောက်ဆုတ်လိုက်မိသည်။

“ဒါပေါ့။ ကျုပ် ခင်ဗျားကို ခြိမ်းခြောက်နေတာ။” ချန်လွေ့က လက်ထဲမှပစ္စည်းတစ်မျိုးနှင့်အတူ သရော်ပြုံး ပြုံးလိုက်သည်။

“ကျုပ် ဒါကို အားကုန်ညှစ်ခြေလိုက်ရင် ခုနက ပေါက်ကွဲမှု ပြန်အသက်ဝင်ပြီးတော့ အဆတိုး သွားမယ်။ အတွင်းမြို့တစ်ဝက်နဲ့ နန်းတော်ပါ ထိခိုက်သွားလိမ့်မယ်။ ခင်ဗျားက အင်ပါယာအစောင့်တွေရဲ့ အမြင့်ဆုံးတပ်မှူးပဲ။ ပြီးတော့ ခင်ဗျားက မြို့တော်ရဲ့လုံခြုံရေးကို တာဝန်ယူထားရတာ။ ဒီလိုမျိုး ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုရင် ခင်ဗျား ကျုပ်နဲ့တူတူ သေသွားရင်တောင် တာဝန်ကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ဘူး။ အဲဒီအချိန်ကျရင် ခင်ဗျားရဲ့မိသားစုလည်း အနည်းဆုံးတော့ ပြည်နှင်ဒဏ်ခံရမှာ။”

ဒိုရင်း ထိတ်လန့်သွား၏။ “ချာလီစ်” ပြောတာ မှန်တယ်။ တကယ်လို့ အဲဒီကြောက်မက်ဖွယ်ရာ ပစ္စည်းကို အသက်သွင်းပြီးတော့ ငါဒီမှာ သေသွားမယ်ဆိုရင် ခိုလှုံခွင့် ဆုံးရှုံးသွားမယ့် ရုစ်မိသားစုကလည်း ပျောက်ကွယ်သွားနိုင်တယ်။ ငါ့သား ဆာဂီနဲ့ ခါရွန်မိသားစုကြားက ရန်ငြိုး တစ်ခုတည်းနဲ့တင် ကြောက်စရာကောင်းတဲ့ လက်စားချေမှုတွေ ဖြစ်နိုင်တယ်။

“ကျေးဇူးပြုပြီးတော့ အခု နန်းတော်ကို အကြောင်းကြားဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါ။ ကျုပ်တောင်း‌ဆိုတာကို ပြောလိုက်။” ချန်လွေ့က အေးစက်စက်နှင့် ပြောသည်။ “ဒါက ‘ကျေးဇူးပြုပြီးတော့’ ဆိုတဲ့ စကားလုံးကို နောက်ဆုံးသုံးတာပဲ။”

အမှန်တကယ်၌ ထိုဆပွားခြင်းမှာ လိမ်ညာခြင်းသာ ဖြစ်သည်။ ချန်လွေ့သည်လည်း ဇီရေးကို မကိုင်ထားခဲ့ပေ။ သို့သော် ဒိုရင်း လောင်းကြေး မထပ်ရဲကြောင်း ချန်လွ့သိသည်။ သူကိုယ်တိုင်လည်း ထိုသို့ ပြုလုပ်ရန် မတတ်နိုင်ပေ။

ဒိုရင်း၏မျက်နှာပေါ်၌ အစိမ်းရောင် သွေးကြောများ ထွက်ပေါ်လာ၏။ သို့‌သော်လည်း သူ၏စွမ်းအား တဖြည်းဖြည်း လျော့ကျသွားသည်။ ၎င်းကို မြင်သည့်အခါ ချန်လွေ့က အသာလေး ပြုံးလိုက်သည်။

နာရီဝက် ကြာပြီးနောက် ချန်လွေ့သည် နန်းတော်၏ ဘေးဘက်ခန်းမ၌ ထွက်ပေါ်လာ၏။ သူ၏အရှေ့တွင် လူတစ်ယောက်သာ ရှိသည်။ ထိုသူမှာ အင်ပါယာ၏ အမြင့်ဆုံး အာဏာရှိသူ ဖြစ်သော ရီဂျင့် အိုဆိုင်ဒန်ပင် ဖြစ်လေသည်။

အသေးစိတ် သတင်းပို့ချက်ကို ရရှိထားသော အိုဆိုင်ဒန်က မျက်မှောင်ကြုတ်နေပြီး ထိုလူသားကို စကားတစ်လုံးမှ မပြောဘဲ ကြည့်နေသည်။

ချန်လွေ့က အိုဆိုင်ဒန်၏ စေ့စေ့စပ်စပ် အကြည့်ကို အေးအေးဆေးဆေး လက်ခံပြီး ပြောသည်။ “ကျုပ်က လင်ကွန်မိသားစု ဆက်ခံသူ၊ အကြီးအကဲမိသားစုက အရေးပါတဲ့ မိသားစုဝင် နှစ်ယောက်နဲ့ အပါးတော်ဝင်မိသားစုက တစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ ကျုပ်က လျို့ဝှက်အကျဉ်းထောင်ရဲ့ အကျဉ်းခန်း၁၃ကိုလည်း ဖျက်ဆီးခဲ့တယ်။ အရှင်မင်းကြီး တစ်ခုခု မပြောချင်ဘူးလား။”

အိုဆိုင်ဒန် ပို၍ပင် မျက်မှောင်ကြုတ်လိုက်ပြီး ခဏအကြာ ပြန်ဖြေသည်။ “မင်းက တစ်ခုခု ပြောရမှာ။ ချာလီစ်။”

အိုဆိုင်ဒန်က “ဆာ”ဟုသော ဂုဏ်ပုဒ်ကို ဖယ်ရှားခဲ့ကြောင်း ချန်လွေ့ ကြားလိုက်ရသည့်အခါ ခေါင်းခါသည်။ “ကျုပ် ဘာပြောရမှာလဲ။ ကျုပ်က အရဲစွန့်ပြီးတော့ လေဟာနယ်ကနေတစ်ဆင့် နတ်ဆိုးဘုံကို ရောက်လာပြီးတော့ တမန်ဘာဆိုလား အင်ပါယာအတွက် အကျိုးအမြတ်တွေ အများကြီး ယူလာပေးခဲ့တယ်။ ဒါပေမဲ့ အကြောင်းရင်းမရှိဘဲ ချောင်းမြောင်း တိုက်ခိုက်ခံရပြီးတော့ ပြန်တိုက်ခိုက်ခံရတယ်လို့ ပြောရမှာလား။ ဒါမှမဟုတ် ကျုပ် နတ်ဆိုးဘုံကို ပြန်လာတော့ အရှင်မင်းကြီးကို အံ့အားသင့်စရာတွေ ပိုယူလာတယ်လို့ ပြောရမှာလား။ ကျုပ်တို့မတွေ့ခင် ကျုပ်က အနက်မှောင်ဆုံး အကျဉ်းထောင်မှာ ပိတ်လှောင်ခံခဲ့ရတယ်။ ပြီးတော့ ကျုပ်က အကျဉ်းထောင်ကို “လာလည်”တဲ့ ဆာထရီရဲ့ ရက်ရက်စက်စက် သတ်တာကို ခံရတော့မလို့။ အဲလိုပြောရမှာလား။” ထိုကဲ့သို့ အစ်အောက်ကြည့်သော လေသံကို ကြားသည့်အခါ အိုဆိုင်ဒန်၏မျက်လုံးများ ပို၍ပင် အေးစက်သွားခဲ့သည်။

“ကျုပ်က ဘာလို့ ဒီလိုမျိုး မမျှမတ ဆက်ဆံခံရ တာလဲဆိုတာ အရှင်မင်းကြီး ရှင်းပြချင်လား။”

“ကျုပ်က ခင်ဗျားရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကြယ်ကြွေတမန် အင်ပါယာက မဟုတ်သလို ဒီနတ်ဆိုးဘုံကလည်း မဟုတ်ဘူး။ ကျုပ်သွားချင်ရင် လျို့ဝှက်အကျဉ်းထောင်မှာ အဖမ်းမခံရင် ဒီလိုလုပ်လို့ရတယ်။” စကားကို သက်သေပြရန်အတွက် ချန်လွေ့၏အရှေ့၌ [ ကြယ်တာရာဂိတ် ] ပေါ်ထွက်လာသည်။ “ကျုပ်က ဘာလို့ ဒီမှာနေပြီးတော့ ဒုက္ခ ခံစားနေရတာလဲ။”

“ကျုပ် ပြင်ဆင်ထားတဲ့ အသက်ကယ် ပစ္စည်းကြောင့်သာ မဟုတ်ရင် အဲဒီအကျဉ်းထောင်မှာ ကျုပ် သေသွားလောက်ပြီ။”

ချန်လွေ့ အပြစ်တင်ပြီးနောက်တွင် စိတ်ပြန်လည် တည်ငြိမ်သွားပုံရသည်။ “အရှင်မင်းကြီး။ ကျုပ်တို့ ပူးပေါင်းမှုကို ဆက်လုပ်မလုပ် မဆုံးဖြတ်ခင် ကျုပ် ခင်ဗျားအတွက် ပေးလိုက်တဲ့ လက်ဆောင်ကို အရင်ကြည့်သင့်တယ်။”

“လက်ဆောင် ဟုတ်လား။” အိုဆိုဒန်က မျက်ခုံး အနည်းငယ် ပင့်ပြီး မေးလိုက်သည်။

ချန်လွေ့က အိုဆိုင်ဒန်သည် အစ်ဇဘယ်လာကို သူပေးခဲ့သော လက်ဆောင် မရခဲ့ကြောင်း သိလိုက်သည်။ ရွန်မယ်ပြောခဲ့သည်မှာ မှန်နေပုံ ရသည်။ သို့သော် ချန်လွေ့သည် ထိုကိစ္စကို မဖော်ထုတ်ဘဲ နောက်ထပ် သေတ္တာတစ်လုံးကို ထုတ်ကာ ဖွင့်လိုက်သည်။ ၎င်းသည် သူ၏ ထိန်းချုပ်မှုဖြင့် အိုဆိုင်ဒန်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့သွားခဲ့သည်။

အိုဆိုင်ဒန် လက်ဆန့်တန်းလိုက်သည်။ သေတ္တာကို လက်ခံလိုက်သော သူ၏အမူအရာသည် ပုံမှန်သာ ဖြစ်သော်လည်း အမှန်တကယ်၌ စွမ်းအားကြီးသော အင်အား ပါဝင်နေ၏။ သူသည် အကျဉ်းခန်း၁၃ကို ဖျက်‌ဆီးခဲ့သည့် ထိုလူသား၏ နည်းလမ်းအချို့ကို သိရှိထားခဲ့သည်။ သို့သော် မျှော်လင့်ထားသော အရာ ဖြစ်မလာခဲ့ပေ။ သေတ္တာထဲ၌ အထူးကောင်းမွန်သော သလင်းကျောက် ပုလင်းတစ်လုံး ရှိနေသည်။ အိုဆိုင်ဒန်သည် ပစ္စည်းများ၏တန်ဖိုးကို သိရှိသူ ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုသလင်းကျောက် ပုလင်းသည် အထူးကောင်းမွန်သော လက်ရာ ရှိပြီး တန်ဖိုးမှာ ထူးခြားဆန်းကြယ်ကြောင်း သိသည်။ သလင်းကျောက်ပုလင်းထဲ၌ အရည်မည်းအချို့ ရှိနေသည်။ ဘေးဖက်တွင်လည်း အနုစိတ်သော သင်္ကေတ အနည်းငယ် ရှိ‌သည်။

ထိုသ‌င်္ကေတပေါ်မှ စာလုံးများကို တွေ့လိုက်သည့်အခါ အိုဆိုင်ဒန်၏အကြည့် ရုတ်တရက် အေးခဲသွားခဲ့သည်။

ထိုသင်္ကေတပေါ်၌ စကားလုံး နှစ်လုံးသာရှိသည်။

ပြန်လည်ရှင်သန်ခြင်း ဆေးရည်။

ဒါက ဆေးရည်မည်းပဲ။

ဒါက မဟာဆရာသခင်ရဲ့ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုတဲ့ ဆေးရည်မည်း နှစ်မျိုးထဲက တစ်မျိုးလည်း ဟုတ်တယ်။

“ဒါက....” အိုဆိုင်ဒန်က နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်မိသည်။ တကယ်လို့ ဒါက တကယ် ပြင်လည်ရှင်သန်ခြင်း ဆေးရည်ဆိုရင် “ချာလီစ်”ရဲ့ တန်ဖိုးကို ငါပြန်ပြီးတော့ တွက်ရလိမ့်မယ်။

“အရှင်မင်းကြီးရဲ့ အမြင်နဲ့ဆိုရင် သင်္ကေတပေါ်က စကားနှစ်လုံးကို မြင်ရမှာပါ။ ဟုတ်ပါတယ်။ ဒါက အဆင့်အမြင့်ဆုံး ဆေးရည်မည်းဖြစ်တဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ပါ။”

အိုဆိုင်ဒန်၏ ထိတ်လန့်သွားသေ မျက်နှာကို ကြည့်ရင်း ချန်လွေ့က ဂုဏ်ယူသည့် အမူအရာ ပြသလိုက်သည်။ “ကျုပ် အရင်က ပြောသလိုပဲ။ တန်ပြန်အစီအစဉ်ရဲ့ အရေးအကြီးဆုံးအပိုင်းက အောင်မြင်သွားပြီ။ ကျုပ်ကို လျို့ဝှက် မဟာဆရာသခင်တစ်ယောက်က တပည့်အဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဒါက ကျုပ်ဆရာရံ လက်ရာပါ။ ပြီးတော့ ဒါက ဒီတစ်ခေါက် အရှင်မင်းကြီးအတွက် ကျုပ်ယူလာတဲ့ လက်ဆောင်ပါ။ ကျုပ်တို့ လူသားလောကမှာ ဆေးဝါး မဟာဆရာသခင် တစ်ယောက်ပဲ ရှိတယ်ဆိုတာကို ပြောပြဖို့ မေ့နေတာ။ သူက အလင်းနတ်ဘုရားကျောင်းရဲ့ ဂိုဏ်းချုက် ပါဗာရိုပဲ။ ဒါပေမဲ့ ပါဗာရိုက ထာဝရစိတ် နှင့် ထာဝရ စွမ်းအားဆိုတဲ့ ထာဝရဆေးရည်နှစ်မျိုးကိုပဲ ထုတ်လုပ်နိုင်တယ်။ ကျုပ်ရဲ့ဆရာ စွန်းစီမြောင်က လူမသိပေမဲ့ သူက အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီဖြစ်တဲ့ တကယ့်မဟာဆရာသခင် တစ်ယောက်ပဲ။ သူ့အရှေ့မှာဆို ပါဗာရိုက အလုပ်သင်တစ်ယောက်အနေနဲ့ပဲ သတ်မှတ်လို့ ရတယ်။”

ထိုသို့ ပြောခဲ့သော်လည်း ချန်လွေ့သည် အခြားလောကမှ ထန်မင်းဆက် ဆေးဘုရင် တန်ခိုးရှင် စွန်းကို စိတ်ထဲ၌ ဆုတောင်းနေခဲ့သည်။ ဆရာ့ရဲ့ဂုဏ်သတင်းကို တခြားလောကဆီ တပည့် ဖြန့်ကျက်ပေးလိုက်ပါပြီ။ ချန်လွေ့ကို ကောင်းချီးပေးပါ။ “အစီအစဉ်”ရဲ့ အရေးအကြီးဆုံး ကိစ္စတွေထဲမှာရှိတဲ့ တစ်ခုက တစ်ကိုယ်တော် မဟာဆရာသခင်တစ်ယောက်ရဲ့ ထောက်ခံမှု အပြည့်အဝ ရဖို့ပဲ။ တကယ်လို့ ငါအောင်မြင်ရင် ခမ့်လော့မိသားစုရဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေနဲ့အတူ ငါ့ခမည်းတော် မဟာလက်စ်ဆီက ထောက်ခံမှုကို ရချင်တယ်။ ပြီးတော့လည်း ပလ္လင်ကို တပ်မက်ဖို့ကလည်း မဖြစ်နိုင်တာ မဟုတ်တော့ဘူး။ အရင်က အိုဆိုင်ဒန်ကို ငါ အဲလိုမျိုး ပြောခဲ့တယ်။

ထို့ကြောင့် အိုဆိုင်ဒန်သည် လူသားဖြစ်သော နီရိုအား ဆေးရည်မည်းအကြောင်း တမင်တကာ မေးခဲ့ခြင်း ဖြစ်သည်။ ချန်လွေ့ မှန်သွားခဲ့သည်။ လူသားလောကရှိ အလင်းနတ်ဘုရားကျောင်းမှ ဂိုဏ်းချုပ်သာလျှင် ထာဝရဆေးရည် နှစ်မျိုးကို ထုတ်လုပ်နိုင်ပေသည်။ နီရိုသည် တကိုယ်တော် မဟာဆရာသခင်အကြောင်း မကြားဖူးပေ။ ထို့ကြောင့် ချန်လွေ့က သလင်းကျောက်နက် ဒင်္ဂါး သန်းတစ်ထောင် ပြန်ယူလာသည့်တိုင် အိုဆိုင်ဒန်သည် “ချာလီစ်”၏ အစီအစဉ်ကို သံသယ ဝင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် အကယ်၍ ဆရာသခင် စွန်းစီမြောင်သာ ပြန်လည်ရှင်သန်ခြင်းဆေးရည်ကို ဖန်တီးနိုင်လျှင် ဂိုဏ်းချုပ် ပါဗာရိုထက် သာသော မဟာဆရာသခင် တစ်ယောက် ဖြစ်သည်မှာ သေချာပေသည်။ ထို့ကြောင့် ကျန်ရှိသော ထာဝရဆေးရည်များ ဖြစ်ကြသည့် စစ်မှန်သော ဆေးရည်မည်းများ အတွက် ပြဿနာ မဟုတ်လောက်ပေ။

ပြဿနာက ဒီပုလင်းထဲက ဆေးရည်က တကယ်ပဲ ပြန်လည်ရှင်သန်ခြင်း ဆေးရည်လား။

အိုဆိုင်ဒန် စိတ်အေးအေးထားပြီး ပြောသည်။ “ဒါက ကျုပ်အတွက် လက်ဆောင်ဆိုတော့ ကြိုက်သလို သုံးလို့ရတယ်လို့ ဆိုလိုတာလား။”

“ဒါပေါ့။” ချန်လွေ့က အိုဆိုင်ဒန်၏ အတွေးကို သဘောပေါက်လိုက်ပြီး ခေါင်းညိတ်ပြသည်။

အိုဆိုင်ဒန်သည် ချက်ချင်းပင် ငရဲခွေးတစ်ကောင် ပို့ပေးရန် တစ်စုံတစ်ယောက်ကို ချက်ချင်း အမိန့်ပေးသည်။ အတွေးတစ်ချက်ဖြင့် ငရဲခွေးသည် ဒွါရ ၇ပေါက်မှ သွေးများထွက်လာပြီး သေသွား၏။ ထို့နောက် ဆေးဝါး၏ အာနိသင် အောက်တွင် ထိုငရဲခွေးသည် ထူးထူးခြားခြားပင် အသက်ပြန်ရှင်လာသည်။ ၎င်းသည် အတော်လေး အားနည်းနေပုံရသော်လည်း ဆေးအစွမ်းမှာ ငြင်းနိုင်စရာ မရှိပေ။

တကယ့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်ပဲ။ သလင်းကျောက်ပုလင်းအား ကိုင်ထားသော အိုဆိုင်ဒန်၏လက် တုန်လှုပ်သွားသည်။ ဒါက နှစ်ပေါင်း ထောင်သောင်းအတွင်း နတ်ဆိုးဘုံမှာ ပထမဆုံးအကြိမ် ဖြစ်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ကျော်တုန်းက မဟာဆရာသခင် ရိုဆန်ဘာ့ဂ်တောင် ထာဝရဆေးရည် တစ်မျိုးကိုပဲ ထုတ်လုပ်နိုင်ခဲ့တယ်။

၎င်းသည် အမှန်တကယ် ပြန်လည်ရှင်သန်ခြင်း ဆေးရည်ဖြစ်ကြောင်း အတည်ပြုပြီးနောက် အိုဆိုင်ဒန် ခေါင်းကိုက်သွားပြန်၏။ ထိုကဲ့သို့ အဖိုးတန်သောဆေးရည်ကို ငရဲခွေးတစ်ကောင် အပေါ်၌ ဖြုန်းတီးခဲ့မိလေပြီ။ သို့သော်လည်း ထိုလူသား ရှိနေသေရွေ့ ဆေးရည်မည်း နောင်တွင် အရင်းအမြစ်ကို စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။

လက်ရှိ၌ နတ်ဆိုးဘုံ၌ အဆင့်အမြင့်‌ဆုံး မဟာဆရာသခင် မပြောနှင့်၊ စစ်မှန်သော ဆေးရည် မဟာဆရာသခင်တစ်ယောက်ပင် မရှိသေးပေ။ ဆေးရည်မည်းကို မိတ်ဆက် ပေးလိုက်သည်နှင့် သေချာပေါက် အံ့ဩဖွယ်ရာ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ အိုဆိုင်ဒန်သာ ထိုထူးခြားပြီး အဖိုးတန်သော ရတနာကို ခြယ်လှယ်နိုင်ခဲ့လျှင် အလွန်ကြီးမားသော ကြွယ်ဝမှုကို ယူဆောင်နိုင်ရုံသာမက နိုင်ငံရေး ဩဇာသည်လည်း ပြိုင်ဘက်ကင်းသွားပေမည်။

သူ့ကို မနာခံသော အင်ပါယာမှ အကြီးအကဲ မိသားစုနှင့် စစ်ဘက်ဆိုင်ရာနှင့် နယ်မြေအချို့လည်း သူ့ကို အမှန်တကယ် အညံ့ခံလာကြပေလိမ့်မည်။ ထို့နောက်တွင် ရီဂျန့် တစ်ယောက်ဖြစ်သော သူသည် စစ်မှန်သော ဧကရာဇ်တစ်ယောက် ဖြစ်လာပေမည်။ ထို့အပြင် နည်းလမ်းများ မှန်ကန်မည်ဆိုလျှင် အခြား အင်ပါယာနှစ်ခုကလည်း ကြယ်ကြွေတမန် အင်ပါယာအပေါ် အမြင်ပြောင်းသွားပေလိမ့်မည်။ သွေးရောင်အင်ပါယာနှင့် အရိပ်နက်အင်ပါယာ တို့ကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။

“ကောင်းပါပြီ။ အရှင်မင်းကြီးက လက်ဆောင်ကို စမ်းသပ်ပြီးပြီဆိုတော့ ကျုပ် အခု သွားပါတော့မယ်။” ချန်လွေ့က အေးအေးဆေးဆေး ပြောသည်။

“ချာလီစ်”။ အိုဆိုင်ဒန်သည် “ဆာ”ဟူသော ဂုဏ်ပုဒ်ကို မသုံးခဲ့ပေ။ သို့သော် သူ၏လေသံမှာ ယခင်ကနှင့် လုံးဝ ကွဲပြားနေသည်။ ချန်လွေ့အပေါ် သူ၏အကြည့်လည်း လုံးဝ ကွဲပြားသွားသည်။ နတ်ဆိုးဘုံတွင် အင်ပါယာ တစ်ခုထက် ပိုရှိသည်။ ချာလီစ်သာ ဒေါသတကြီးနှင့် ထွက်သွားပြီး အခြားအင်ပါယာများနှင့် ပူးပေါင်းခဲ့လျှင် ယနေ့အမှားကို တစ်သက်လုံး နောင်တရနေမည်ဟု အိုဆိုင်ဒန် ယုံကြည်နေသည်။

ထိုကဲ့သို့ အခြေအနေမျိုးကို မဟာရိုင်ဇန် နှင့် မဟာကတ်သရင်းတို့ တွေ့ကြုံရလျှင် သွေးဆောင် ဖြားယောင်း ခံရမည်သာ ဖြစ်သည်။

“ဘာကမှ ကျုပ်တို့ ပူးပေါင်းမှုကို အနှောင့်အယှက် မဖြစ်ဘူးလို့ ကျုပ် ပြောခဲ့တယ်။ အရင်ကလည်း ဒီလိုပဲ။ အခုလည်း ‌ဒီလိုပဲ။ နောင်လည်း ဒီလို ဖြစ်နေဦးမှာပဲ။ မင်း လိုချင်တာအကုန် ကျုပ်ပေးနိုင်တယ်။”

“ကျုပ်လိုအပ်တာက ယုံကြည်မှု နဲ့ စိတ်ရင်းပဲ။” ချန်လွေ့ ပြုံးလိုက်သည်။ နောက်ဆုံးတော့ ငါးစာလာဟပ်ပြီ။ သလင်းကျောက်ဒင်္ဂါးဖြစ်ဖြစ်၊ ဆေးရည်မည်းဖြစ်ဖြစ်၊ လုံခြုံရေးပဲဖြစ်ဖြစ်၊ ဒီပေးဆပ်မှုတွေက အလကား မဟုတ်တော့ဘူး။

All Chapters