လရောင်အောက်က “အချစ်” မီးပွင့်များ
Vol. 25 Ch. 375
ဇိုလာ၏ ခြိမ်းခြောက်သော မျက်လုံးများကို ချန်လွေ့ ခံစားမိလိုက်သည်။ သူက မိုက်ခွက်ကို ကေက်ကိုင်ပြီး “ဆုပ်လည်းစူး စားလည်းရူး” သီချင်းကိုသာ ဆိုချင်တော့သည်။ ငါ ဒါကို ဒီအတိုင်းထားပြီးတော့ ဓားပြမနှစ်ယောက်ကို “ဂါဝန်တစ်ထည်ကြောင့် ဖြစ်တဲ့လူသတ်ပွဲ” ဖြစ်အောင် ထားလိုက်သင့်တယ်။
ထိုသို့တွေးပြီးနောက် ချန်လွေ့က မစ်-မြနဂါးကို စိတ်ကျေနပ်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ “သည်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဒမ် ခရိုဘဲလက်စ်။ မဒမ်ရဲ့ နှလုံးသားနဲ့ စိတ်က လနှစ်စင်းရဲ့ တောက်ပမှုနီးပါး ကောင်းမွန်ပါတယ်။ ဒါပေမဲ့ မဒမ်ကို ကျုပ် အရင်က တွေ့ခဲ့တုန်းက ငွေရောင် ဂါဝန်ရှည်ကို ဝတ်ထားတာပါ။ အဲဒါက အရောင်တောက်ပြီးတော့ နှစ်သက်စရာကောင်းတယ်။ ဒီလိုမျိုး အဝတ်အစားကို ဘယ်လိုလုပ်ပြီး ရုတ်တရက် သဘောကျသွားတာလဲ။ မဒမ်ကို ကျုပ် ဒီဝတ်စုံ ပေးမယ်လေ။”
ခရိုဘဲလက်စ်က ချန်လွေ့ ညွှန်ပြသည်ကို ကြည့်သည်။ ၎င်းမှာ အထူး သလင်းကျောက်များ ထည့်သွင်းတပ်ဆင်ထားသော ငွေဝတ်စုံတစ်ထည် ဖြစ်နေ၏။ ၎င်းသည် ထိုဝတ်စုံထက် ဆယ်ဆခန့် ပိုမိုစျေးကြီးတယ်။ ခရိုဘဲလက်စ်က ချင်ချင်းပင် အရောင်တောက်နေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်ည်။ “ကောင်းပြီလေ။ နင်က စေတနာရှနေမှတော့ ငါငြင်းမယ်ဆိုရင် မယဉ်ကျေးရာ ကျသွားမှာပေါ့။ ဒါကိုလည်း ယူမယ်။”
ဒါကိုလည်း ယူမယ်တဲ့လား။
နဂါးတွေက မရောင့်ရဲတတ်ကြဘူး။ ဒီထက်ပိုပြီး လောဘမကြီးလို့ မရဘူးလား။
ချန်လွေ့ ပြောစရာစကားမဲ့သွား၏။ ခရိုဘဲလက်စ်က မျက်ခုံးပင့်ပြီး ဇိုလာကို ဗိုလ်ကျသော အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူက ပိုက်ဆံပေးမည့် “လက်ဖွာသူ”ကို ရှင်းပြသည်။ “အာ..စိုင်မန်။ နင်က သဘောကျစရာကောင်းတဲ့သူ တစ်ယောက်ပဲ ထင်တယ်။ ဒါပေမဲ့ ဒီဂါဝန်ကို ငါ့မိတ်ဆွေတစ်ယောက်.....နှစ်ယောက်ရဲ့ စျာပနမှာ ဝတ်ရမှာ။ ငါ့မှာ မိတ်ဆွေ နှစ်ယောက်ပဲ ရှိတာ။”
ထိုအကြောင်းပြောနေရင်း ခရိုဘဲလက်စ်၏ အကြည့်သည် ဝမ်းနည်းသွားပုံ ရသည်။ သူ အမှန်တကယ် ဝမ်းနည်းနေကြောင်း ချန်လွေ့ မြင်နိုင်သည်။ ချန်လွေ့ အနီးကပ် ကြည့်ကြည့်သည့်အခါ သူ၏မျက်နှာသည် ပုံမှန်ထက် မျက်တွင်းချောင်နေ၏။ မြနဂါးက “ချာလီစ်”အား “မိတ်ဆွေ”အဖြစ် သတ်မှတ်ထားကြောင်း ကြားလိုက်ရသည့်အခါ ချန်လွေ့ စိတ်မကောင်း ဖြစ်သွားသည်။ သူသည် ဇိုလာအား ရန်စပြီး ခရိုဘဲလက်စ်နှင့် တိုက်ခိုက်ခိုင်းမည့် အတွေးများကို ဖယ်ရှားလိုက်သည်။
နဂါးများ၏ အလားတူ ပြဿနာများမှလွဲ၍ ခရိုဘဲလက်စ်သည် အတော်လေး ကောင်းမွန်သော မိတ်ဆွေတစ်ယောက် ဖြစ်သည်။ သို့သော် ကံဆိုးစွာပင် ချန်လွေ့သည် ယခုတွင် သူ့ကို အမှန်အတိုင်း ပြော၍မရပေ။ နောက်ပိုင်းတွင် ခရိုဘဲလက်စ်သည် အစ်ဇဘယ်လာကို ပြန်တွေ့ရန် အခွင့်အရေး ရနိုင်ပေသည်။ ပါ့ဂ်လီအိုအတွက်မူ ချိပ်ပိတ်ဖယ်ရှားပြီး အရင်စွမ်းအားများ ပြန်လည်ရရှိသည်အထိ စောင့်ဆိုင်းရပေမည်။ ဖြစ်နိုင်မည်ဆိုလျှင် ချန်လွေ့သည် မြနဂါးကို မသတ်ရန် ကြိုးစားမည်ဖြစ်သည်။
ချန်လွေ့၏ အကြိမ်ကြိမ် အရိပ်အမြွက် ပြောခြင်းကြောင့် ဇိုလာက အတင်း မတောင်းဆိုတော့သည်။ သူသည် အဝတ်အစားနှစ်ထည်အား အောင်ပွဲခံလျက် ခရိုဘဲလက်စ် သယ်သွားသည်ကို ကြည့်နေလိုက်သည်။
ဆိုင်မှ ထွက်ပြီးနောက် ဇိုလာက မကျေမနပ်ဖြင့် ကြည့်သည်။ “သူက နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းပဲရှိသေးတဲ့ မြနဂါး တစ်ကောင်ပဲ။ ငါသူ့ကို လက်မြှောက်ရုံနဲ့တင် သတ်နိုင်တယ်။ နင်က သူ့ကို ဒီလိုမျိုး ကျေနပ်အောင် လုပ်တယ် ဆိုတော့ နင်က ရိုင်းပျပြီးတော့ မောက်မာတဲ့ မိန်းမတွေကို တပ်မက်တာလား။”
( ဟွန့်၊။ ငါ့ရဲ့အလှအပနဲ့ အားသာချက်တွေက အဲဒီအပေါ်ယံ မိန်းမထက် အဆ၁၀၀ ပိုသာတယ်။ မမြင်ဘူးလား။ ငကန်းကောင်။ )
အကယ်၍ ချန်လွေ့သာ ယခုတွင် ဇိုလာကို ပိုးပန်းမည်ဆိုလျှင် မစ်-နတ်မိမယ်နဂါးက ခေါင်းခါရန် အကြောင်းပြချက်များစွာ ပြောပြီး ငြင်းမည်မှာ သေချာသည်။ သို့သော်လည်း ချန်လွေ့က အခြားမိန်းမများအား စိတ်ဝင်စားကြောင်း ဖြစ်နိုင်သည့် အမူအရာများ ပြသသည့်အခါ နတ်မိမယ်နဂါးက ပြင်းပြင်းထန်ထန် မခံမရပ်နိုင်အောင် ခံစားနေရ၏။
ဇိုလာသည် ခရိုဘဲလက်စ်၏ ပုံစံအမှန်အား တစ်ချက်တည်းကြည့်ရုံဖြင့် မြင်နိုင်သည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ သူ ခေါင်း အမြန်ခါလိုက်သည်။ “အဲဒီမိန်းမက မြို့တော်ရဲ့ အကြီးတန်း အတိုင်ပင်ခံလို့ ကြားတယ်။ ကျုပ်က မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်ချင်တာပါ။ ပြီးတော့ ခင်ဗျားကြားတဲ့အတိုင်းပဲ အဲဒီဂါဝန်က စျာပန အတွက်လေ...။ သွားကြရအောင်။ ကျုပ်တို့ စျေးဝယ်ထွက်တာ အချိန် အတော် ကြာနေပြီ။ ကျုပ် တော်တော်လေး ဗိုက်ဆာပြီ။ အကောင်းဆုံး စားသောက်ဆိုင်တစ်ဆိုင်ကို ကျုပ် ကြိုမှာထားပြီးပြီ။ နေ့လယ်စာ သွားစားရအောင်။”
စားနေရင်း နတ်မိမယ်နဂါးသည် ချန်လွေ့၏ ပုံပြင်အတိုများကို နားထောင်ခဲ့သည်။ သူသည် ခုနက မကျေနပ်မှုများကို အလျင်အမြန် မေ့လျော့သွား၏။ ထို့နောက် ချန်လွေ့သည် ဇိုလာအား တစ်နေ့လယ်ခင်းလုံး အဖော်ပြုပေးခဲ့သည်။ ညစာနေရာမှာ မြောက်ပိုင်းဆင်ခြေဖုံးအနီးရှိ ကြေးမုံကန် စံအိမ်၌ ဖြစ်၏။ နဂိုက အကောင်းဆုံးနေရာမှာ တောင်ပိုင်းဆင်ခြေဖုံးရှိ စန္ဒာအေး တည်းခိုခန်း ဖြစ်သည်။ သို့သော်လည်း ယမန်နေ့က အပြောင်းအလဲများကြောင့် စန္ဒာအေးတည်းခိုခန်း လုံးဝပျက်စီးခဲ့ရသည်။ အထူးသဖြင့် တောင်ထိပ်ရှိ ၇ခုမြောက်ဝင်းသည်ပင် ပြိုလဲသွားရသည်။
ကြေးမုံကန်စံအိမ်ကို ဆင်ခြေဖုံးရှိ ကြေးမုံကန်လေးပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ ချန်လွေ့နှင့် ဇိုလာတို့ ရှိနေသော အခန်းမှာ ကြေးမုံကန်လေးကို မျက်နာမူသော အကောင်းဆုံးနေရာပင် ဖြစ်၏။ စျေးနှုန်းမှာလည်း အတော်လေး မြင့်မားလှသည်။
အလင်းရောင်ဖျော့ဖျော့အောက်၌ ဇိုလာသည် အစားကောင်းကောင်း စားနေရင်း ရေကန် ရှုခင်းကို ကြည့်နေသည်။ သူသည် အလွန်ပင် သက်တောင့်သက်သာ ဖြစ်နေ၏။
ထို့ပြင် “အချစ်”ဟုခေါ်နိုင်သော ခံစားချက်တစ်ခုလည်း ရှိနေသည်။
ဒါကို ငါ ပထမဆုံး ခံစားဖူးတာပဲ။
ပြီးတော့ အဲဒါကို ဒီလူနဲ့အတူ ခံစားနေရတာ။
သူက ဗဟုသုတကြွယ်ဝတယ်။ စွမ်းရည်ရှိတယ်။ ဉာဏ်ပညာ ကြီးမားတယ်။ သုတေသန လုပ်ရတာ သဘောကျတယ်......
သိမ်မွေ့တယ်။ အာရုံစိုက်တယ်။ ဂရုစိုက်တယ်။ အလေးထားတယ် ......
ဇိုလာသည် ထိုလူ၏ ကောင်းကွက်များကို စာရင်းပြုစုလိုက်သည်။ ထိုကဲ့သို့ ယောက်ျားမျိုးကို နှစ်ထောင်ပေါင်းများစွာကြာအောင် ကြုံတွေ့ခဲ့ရဖူးကြောင်း ဇိုလာ ရုတ်တရက် ခံစားလိုက်ရသည်။ အမ်း....ငါ့ သူ့အပေါ် ကောင်းတဲ့ ခံစားချက်တချို့ ရှိနေတယ်လို့ ပြောလို့ရတယ်။ သူက ငါ့အတွက်လည်း သင့်တော်တယ်....
( ကံဆိုးချင်တော့ ဒါက အလုပ်မဖြစ်သေးဘူး။ ဒါက ခံစားချက်ကောင်းတာ သက်သက်ပဲ။ ပြီးတော့ ငါက နဂါး။ စွမ်းအားဖြစ်ဖြစ်၊ သက်တမ်းဖြစ်ဖြစ်၊ ကွာခြားမှုက တော်တော်လေး ကြီးမားနေတယ်....... )
ဇိုလာ၏ အကြည့်က အေးချမ်းနေသော ရေကန်ဆီသို့ ရောက်ရှိသွားသည်။ ၎င်းသည် လနှစ်စင်း၏ လှပသော ခရမ်းရောင် အရိပ်နှစ်ခုကို ရောင်ပြန်ဟပ်နေလေ၏။ သူ၏ နှလုံးသား အနည်းငယ် ပျော့ပျောင်းသွားကြောင်း ဇိုလာ ခံစားလိုက်ရသည်။ လတောင် စုံတွဲရှိတယ်။
( အမ်း....အဲဒီလူက နောက်ကျ ငါ့ကို ဘာလက်ဆောင် ပေးမလဲ မသိဘူး။ )
( သူက တစ်နေ့လုံး ငါ့ကို ကျေနပ်အောင် လုပ်ပေးနေတယ်။ အခု ငါ့တို့က ဒီလိုနေရာမျိုးကို ရောက်နေပြီ။ ဧကန္တ...... )
နတ်မိမယ်နဂါးသည် နဂါးမများအကြားရှိ သူရဲကောင်းမင်းသားက ဆိုးယုတ်သော နတ်ဆိုးဘုရင်မကို အနိုင်ယူကာ အကျဉ်းချခံထားရသော မျှော်စင်ထဲမှ လှပသော နဂါးမင်းသမီးလေးအား ကယ်တင်ခြင်းကဲ့သို့ မေ့လျော့နေခဲ့သာ ဇာတ်လမ်းအချို့ကို ရုတ်တရက် သတိရလိုက်သည်။ ထို့နောက်တွင် လှပသော ညတစ်ည၌ ထိုမင်းသားလေးက အဖိုးတန်ကျောက်တုံးများ စီခြယ်ထားသော လက်စွပ်တစ်ကွင်းကို ကိုင်ပြီး နဂါး မင်းသမီးလေးအား လက်ထပ်ခွင့်တောင်းခဲ့သည် ......
မှတ်ဉာဏ်ထဲ၌ ပြန်ပေါ်လာသော ထိုဇာတ်လမ်းသည် မစ်-နတ်မိမယ်နဂါး၏ နှလုံးကို ပို၍မြန်မြန် ခုန်သွားစေသည်။ ထိုအချိန်၌ သူ့အရှေ့မှလူ ပြုံးပြသည်ကို ဇိုလာ မြင်လိုက်ရသည်။ “မစ်-ဇိုလာ။ ခင်ဗျားအတွက် ကျုပ် လက်ဆောင်တစ်ခု ပြင်ဆင် ထားတယ်။ ပြီးတော့ ကျုပ်မှာ တောင်းဆိုစရာလေးတစ်ခု ရှိတယ်။ ကျေးဇူးပြုပြီးတော့ သဘောတူပေးပါ။”
( သေချာပြီ......။ တကယ်အမှန်ပဲလား။ ဒါက တအားမြန်လွန်းတယ်။ ငါတို့သိတာ ဘယ်လောက်ပဲ ရှိသေးလို့လဲ။ )
“မရဘူး။” ဇိုလာက အလန့်တကြား ပြောလိုက်မိသည်။ သို့သော်လည်း သူ ထပ်ပြောလိုက်သေးသည်။ “အမ်း.....ကောင်းပြီလေ။”
( လက်ဆောင်ကို အရင်ကြည့်မယ်။ ကျောက်မျက်တွေ စီခြယ်ထားတာဆိုရင် ငါအရင် လုလိုက်မယ်။ ပြီးရင် သူတောင်းဆိုတာကို ချက်ချင်း ငြင်းမယ်။ )
( ငါသူ့ကို တကယ် ငြင်းချင်လို့လား။ နဂါးတွေက သက်တမ်းရှည်ပေမဲ့ ဒီလို ယောက်ျားမျိုးကို ငါမတွေ့တာ နှစ်ပေါင်းများစွာကြာပြီ။ ဒီလိုမျိုးတစ်ယောက်ကို တွေ့တာ ရှားရှားပါးပါးပဲ။ ငါ တကယ် စဉ်းစားလိုက်ရမလား။ သူက သက်တမ်းတိုတယ် ဆိုပေမဲ့ သဟဇာတစာချုပ် ရှိတယ် မဟုတ်လား။ )
( မဖြစ်ဘူး။ ငါ သုတေသနလုပ်ဖို့ အချိန်တွေ လိုအပ်တယ်။ ဒါပေမဲ့ လူနှစ်ယောက် ဆိုရင် အောင်မြင်ဖို့ ပိုလွယ်ကူမယ်။ ပြီးတော့လည်း ဒီလူက အကောင်းဆုံး လက်ထောက် တစ်ယောက်ပဲ။ အကောင်းဆုံး စမ်းသပ်ပစ္စည်းလည်း ဟုတ်တယ်။ )
မစ်-နတ်မိမယ်နဂါးသည် ပြင်းထန်သော အတွေးအမြင်တိုက်ပွဲများ ဖြစ်နေသည်ကို ချန်လွေ့ မသိခဲ့ပေ။ ထို့ကြောင့် ဘူးတစ်ဘူးကို ယုံကြည်ချက်ရှိရှိဖြင့် ထုတ်လိုက်သည်။
ထိုစဉ် ဇိုလာက ဆုံးဖြတ်ချက် ချလိုက်၏။ လက်ဆောင်ကို လက်ခံမယ်။ ပြီးရင် သူ့ကို ပါးပါးနပ်နပ်နဲ့ ငြင်းလိုက်မယ်။ ဒါက နောက်ဆုံး ဆုံးဖြတ်ချက်ပဲ။ ငါ ဘယ်တော့မှ ဒါကို ပြောင်းမှာ မဟုတ်ဘူး။
ထိုဘူးက ငါထင်ထားတာထက် ပိုကြီးနေတယ်။ ဒါက အရွယ်အစား ကြီးလွန်းတဲ့ ကျောက်မျက်ပါတဲ့ လက်စွပ်များလား။
( သူက တော်တော်လေး စစ်မှန်တယ်ဆိုတော့ ငါ ပြန်စဉ်းစားရဦးမလား။ ငါသူ့ကို စိတ်ပျက်အောင် မလုပ်သင့်ဘူး ထင်တယ်။ )
မစ်-နတ်မိမယ်နဂါး မပြတ်မသား ဖြစ်နေစဉ် ဘူးပွင့်သွား၏။ အတွင်းထဲ၌ ထူးဆန်းသော လေးထောင့်တုံးတစ်ခု ရှိသည်။ ဇိုလာသည် ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။ ၎င်းမှာ ရှေးမှော်စာများကို မှတ်တမ်းတင်သော အထူးပစ္စည်းတစ်မျိုး ဖြစ်ပေသည်။
ဘာလို့ ဟိုဟာ မဟုတ်တာလဲ။ ထိုအချိန်၌ မစ်-နတ်မိမယ်နဂါး၏ အတွေးအားလုံး အကျိုးမရှိ ဖြစ်သွားခဲ့သည်။ သူ အလွန်ပင် ဒေါသ ထွက်သွား၏။ ချန်လွေ့က ဘူးကို ဖွင့်လိုက်ပြီးနောက်တွင် ပြောင်းလဲနေသော မှော်စာများက ဇိုလာ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားခဲ့သည်။
“ဒါကလည်း ချိပ်ပိတ်ပဲလား။ ပြီးတော့ ဒါက အရင်တစ်ခေါက် နင်ယူလာခဲ့တာ ထက်တောင် ပိုပြီးတော့ အဆင့်မြင့်သေးတယ်။ ၁၃ယွမ် မှော်စာအခင်းအကျင်းပဲ။ မဟုတ်ဘူး။ ဒါက ၁၄ယွမ်တောင်။ ပြီးတော့ ဒါတွေလည်း ရှိသေးတယ်။ မသိရသေးတဲ့ စာကြောင်းတွ အများကြီးပဲ။” ဇိုလာက တအံ့အသြနှင့်ပြောပြီး ၎င်းကို အလျင်အမြန် ကောက်ယူလိုက်သည်။ ဒါက သေချာပေါက်ကို အဖိုးတန်တဲ့ ရေရှည် သုတေသန ပစ္စည်းတစ်ခုပဲ။
၎င်းသည် ကြယ်ကြွေတန်ဓားပေါ်ရှိ ချိပ်ပိတ် ဖြစ်သည်။ ချန်လွေ့သည် ၎င်းကို အထူးနည်းလမ်းတစ်ခုဖြင့် ကူးယူထားခဲ့သည်။ ဇိုလာ၏ အံ့အားသင့်နေသော မျက်နှာကို မြင်သည့်အခါ ချန်လွေ့က နတ်မိမယ်နဂါး ပျော်နေလောက်ပြီဟု ဆုံးဖြတ်ချက် ချလိုက်၏။ နောက်ပိုင်း၌ “ထွက်သွားခွင့်” တောင်းဆိုချက်ကိုလက်ခံရန် လွယ်ကူလောက်ပေသည်။
ဇိုလာက ၎င်းသည် အားတက်သရောနှင့် ကလိနေခဲ့သည်။ ထို့နောက် သူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပဲလား။”
ချန်လွေ့ ထိတ်လန့်သွား၏။ မဟုတ်တာပဲ။ နဂါးဖြစ်ပြီးတော့ သိပ်ပြီး လောဘမကြီးနဲ့။ ဒါက မလုံလောက်သေးဘူးလား။ ဒါကို ရဖို့အတွက် ကျုပ်က ရန်သူ၏ အတွင်းအဖွဲ့အစည်းထဲကို ခက်ခက်ခဲခဲနဲ့ တိုးဖောက်ဝင်ရောက်ခဲ့ရတာ။
ဒါက.....ပိုးပန်းတဲ့ လက်ဆောင်လား။ နည်းနည်း မထူးဆန်းနေဘူးလား။ ဇိုလာ တွေးနေခဲ့သည်။ သူက ငါသဘောကျတဲ့အရာကို ပေးနေတာဖြစ်မယ်။ ဒါက ငါ့အတွက် တကယ် ရှားပါးပြီးတော့ အဖိုးတန်တဲ့ အရာတစ်ခုပါပဲ။ အဆင့်မီရုံတော့ ရှိတယ်။
မစ်-နတ်မိမယ်နဂါးက ကုဗတုံးကို ဘေးဖယ်လိုက်ပြီး တုံ့ဆိုင်းလျက် မေးသည်။ “နင် .... တစ်ခုခု ပြောစရာ ရှိသေးလား။”
“ရှိပါတယ်။ မစ်-ဇိုလာ။ တကယ်တော့ ကျုပ်က .....”
“နေဦး။ ငါ အရင် အာ...”
ချန်လွေ့က ဇဝေဇဝါနှင့် သက်တန့်တောင်ကြားပိုင်ရှင် မဒမ် စိတ်ငြိမ်အောင် ပြုလုပ်နေသည်ကို ကြည့်နေလိုက်သည်။ ဇိုလာ ပင့်သက်ရှိုက်လိုက်ပြီး အတော်လေး အရေးပါသော စမ်းသပ်ချက်တစ်ခုကို ရင်ဆိုင်နေသကဲ့သို့ပင် ဖြစ်နေ၏။
“ကောင်းပြီ။ နင် ပြောလို့ရပြီ။”
“တကယ်တော့....”
“ခဏနေဦး။ ငါနည်းနည်း ပြင်ဆင်ဖို့ ထပ်လိုသေးတယ်။” မစ်-နတ်မိမယ်နဂါးသည် စိတ်ထဲ၌ ငြင်းရန် စကားလုံး အစုံလိုက်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။
“........”
“....”
“ပြောတော့။”
“တကယ်တော့ ကျုပ်မှာ အရေးကြီးကိစ္စတစ်ခု ရှိလို့ပါ။ သက်တန့်တောင်ကြား ကနေ ကျုပ် ခဏလောက် ထွက်သွားချင်တယ်။ တစ်လ နှစ်လလောက် ကြာမယ်။ ဒါကြောင့် ကျုပ်ကို လိုက်ရှာစရာ မလိုဘူးလို့ မစ်-ဇိုလာကို အသိပေးချင်တာပါ။ ....... မစ်-ဇိုလာ။” ဇိုလာ၏ အမူအရာ ရုတ်တရက် အနည်းငယ် ထူးခြားသွားကြောင်း ချန်လွေ့ မြင်လိုက်သည့်အတွက် ပြန်မေးလိုက်ခြင်း ဖြစ်သည်။
ဇိုလာ၏အသံ အနည်းငယ် ပြောင်းလဲသွား၏။ “ဒါပဲလား။”
ချန်လွေ့ အံ့အားသင့်သွားသည်။ “ဒါပါပဲ။”
“နင်က ဒါအတွက် ငါ့နဲ့တစ်နေ့လုံး နေပြီးတော့ ပစ္စည်းတွေ အများကြီး ပေးခဲ့တာလား။”
“ဟုတ်ပါတယ်။” ချန်လွေ့ ခေါင်းညိတ်သည်။ မဟုတ်ရင် ဘာလို့ ဒီလောက်တောင် စတေးရမှာလဲ။ ဒါက ရင်ထဲထိစေလောက်တယ် မဟုတ်လား။
“အိုး”
“ဒီတော့ မစ်-ဇိုလာ သဘောတူလား။”
သူတောင်းစား။ အရှက်မရှိတဲ့ကောင်။ စိတ်ကူးယဉ်မဆန်တဲ့ကောင်။ ငကန်း.....
ကောက်ကျစ်တဲ့ကောင်။ သစ္စာဖောက်။ လူလိမ် ......
နတ်မိမယ်နဂါးက ထိုလူ၏ ပြစ်ချက်များကို တစ်ခုပြီးတစ်ခု စာရင်းပြုစုလိုက်၏။ ၎င်းကို သူ၏ပြစ်မှုများဟု ခေါ်၍ ရနိုင်ပေသည်။ ဇိုလာ၏ စိတ်ထဲရှိ ခါးသီးသော ခံစားချက် အဆုံးစွန်အထိ ရောက်ရှိသွားတော့သည်။
မစ်-ဇိုလာသည် မိန်းမတစ်ယောက်သာ ဖြစ်သည်။ သူသည် ငြင်းဆန်ရန် သို့မဟုတ် ခုခံရန် ပြင်ဆင်ထားခဲ့သည်။ ထို့နောက်တွင် တစ်ဖက်လူက ထိုကဲ့သို့ ရည်ရွယ်ချက် လုံးဝမရှိကြောင်း သိလိုက်ရသည့်အခါ သူ ရှင်းပြ၍မရအောင် ဒေါသထွက်သွားခဲ့သည်။
ယုံကြည်ချက်အပြည့်ရှိသော ပြိုင်ဘက်ကင်းမိန်းမလှ တစ်ယောက်က သူ့ကို မုန်းတီးစရာ နှာဘူးတစ်ယောက်က ပိုက်ဆံသာ လုယက်သွားပြီး မစော်ကားသွားကြောင်း သိလိုက်ရသကဲ့သို့ပင် ဖြစ်သည်။ ဝိရောဓိထဲရှိ စုဖွဲ့မှုနှင့် စုဖွဲ့မှုထဲရှိ ဝိရောဓိ ကဲ့သို့ပင်။ ၎င်းမှာ မိန်းမများပင် ဖြစ်နိုင်ပေသည်။
“နှာဘူး”ဆရာကြီးက “ပြိုင်ဘက်ကင်းမိန်းမလှ”၏ စိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခု အစပျိုးနေသည်ကို သတိမထားမိခဲ့ပေ။ သူသည် တောင်းဆိုချက် တစ်ခုကိုပင် ပြုလုပ်ခဲ့သည်။ “ဒါဆို ကျုပ်အပေါ်မှာ မိန်းကလေး ချန်ထားခဲ့တဲ့ အမှတ်အသား ...... အဲဒါကို ဖယ်ရှားပေးလို့ ရမလား။”
“အိုး”
“မစ် သဘောတူတာလား။”
“ဘာပြောတယ်။” (ငေးငိုင်လျက်)
ချန်လွေ့၏ စိတ်ထဲ၌ နိမိတ်မကောင်းခြင်း ရုတ်တရက် ဖြစ်ပေါ်လာသည်။ သူ ချွေးပြန်သွား၏။ သွားပြီ။ ဒီအကြည့်က .....
“မစ်....” ( လက်မလျှော့ဘဲ ဆက်မေးနေ )
“ဇွီး.....ဇွက်....” ( ပြန်ဖြေလိုက် )
“နှာဘူးကောင်” မတုံ့ပြန်နိုင်ခင်မှာပင် လှပသော လရောက်အောက်၌ တလက်လက်နှင့် လှပသော ရက်ကန်းမီးပွင့်များကို မြင်လိုက်ရသည်။
ဒါက ဘာလဲ။ အကျိုးအမြတ်တွေအာလုံး ရပြီးတာတောင် ငါ့ကို အသိအမှတ် မပြုတာလား။
နေပါဦး။ ဒါက သူများစားသောက်ဆိုင်လေ။ သက်တန့်တောင်ကြားတောင် မဟုတ်ဘူး။
ချန်လွေ့သည် ထိုကဲ့သို့ အဆုံးသတ်မျိုးကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဒါ အဓိပ္ပာယ် မရှိဘူး......
၎င်းမှာ မစ္စတာ စိုင်မွန် သတိမလစ်ခင် နောက်ဆုံး တွေးခဲ့သော အရာပင် ဖြစ်၏။