← Chapters

အရေးကြီးဆုံး ပူးပေါင်းဆောင်ရွက်မှု

Vol. 25 Ch. 361

အရေးကြီးဆုံး ပူးပေါင်းဆောင်ရွက်မှု

Vol. 25 Ch. 361

အစ်ဇဘယ်လာ ထွက်သွားသည်ကိုကြည့်ရင်း ချန်လွေ့ အများကြီး မစဉ်းစားဘဲ ခန်းမထဲသို့ တည့်တည့်လျှောက်သွားလိုက်သည်။

အစ်ဇဘယ်လာသည် ဇာတ်လမ်းတစ်ခုခုရှိသော မိန်းမတစ်ယောက် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ချန်လွေ့နှင့် မဆိုင်ပေ။ အစကတည်းက သူတို့နှစ်ယောက်သည် စိတ်ရင်း မပါဘဲ ဟန်ဆောင်နေကြခင်းသာ ဖြစ်ကြသည်။ သို့သော် ချန်လွေ့က “စိတ်ရင်း”နှင့် ပို၍ ဆက်ဆံခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ၎င်းသည် ဟန်ဆောင်ခြင်းမျှသာ ဖြစ်သည်။ သူ မည်မျှပင် အာရုံဝင်စားစေကာမူ ၎င်းသည် သရုပ်ဆောင်ခြင်းသာ ဖြစ်လေသည်။

သူ့အတွက် အစ်ဇဘယ်လာ၏ တန်ဖိုးမှာ အိုဆိုင်ဒန်နှင့် အကြီးအကဲမိသားစုတို့ ကြားရှိ ပဋိပက္ခကို ပိုကြီးထွားလာစေရန်အပြင် ရိုမန်၏ အရိပ်လေပြေ ဘွတ်ဖိနပ်လည်း ပါဝင်နေသည်။ ပထမပန်းတိုင်ကို အခြေခံအားဖြင့် ရရှိခဲ့ပြီဖြစ်သည်။ ဒုတိယတစ်ခုအတွက် ချန်လွေ့သည် တဖြည်းဖြည်း အဖြေရှာရပေမည်။ အစ်ဇဘယ်လာ၏နောက်မှ လျို့ဝှက်အင်အားစု အတွက်မူ ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့် မလုံလောက်သေးပေ။ ထို့အပြင် သူ၏အစီအစဉ်မှာလည်း အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် ပြဿနာအပိုများ မဖြစ်ချင်ပေ။

“အရှင် အိုဆိုင်ဒန်။ ဒီနေ့ အစည်းအဝေးမှာ ခင်ဗျားကို ကျုပ် ပြဿနာ ဖြစ်စေခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ ” ခန်းမထဲ၌ အိုဆိုင်ဒန်ကို တွေ့ပြီးနောက် ချန်လွေ့၏ ပထမဆုံးစကားမှာ တောင်းပန်ခြင်း ဖြစ်သည်။

“တောင်းပန်ရမှာက ကျုပ်ပါ။” အိုဆိုင်ဒန် ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ အကြီးအကဲ မိသားစုတွေမှာ အင်အားကြီးနောက်ခံတစ်ခု ရှိတယ်ဆိုတာကို ဆာ-ချာလီစ် သတိထားမိ မှာပါ။ ကျုပ်တောင် စည်းမျဉ်းကို ...... မလွန်ဆန်နိုင်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ဒါကြောင့်ပဲ ဆာ မတရား ခံခဲ့ရတာပါ။”

“ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသာ အောင်မြင်မယ်ဆိုရင် အဲဒီစည်းမျဉ်း.... ဆိုတာတွေကို အရှင်မင်းကြီးကိုယ်တိုင် ရေးထိုးလို့ ရတော့မှာပါ။”

ချန်လွေ့ အသာလေး ပြုံးလိုက်သည်။

အိုဆိုင်ဒန်၏မျက်လုံးများ တောက်ပသွား၏။ “ဒီတော့ ဆာက ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတယ်ပေါ့။”

ယမန်ညက ဆေးရည်မည်း ပြသခဲ့သော လူသားသည် အစည်းအဝေး၌ ဦးဆောင် ပြောကြားခဲ့ပြီး တမင်တကာပင် ခါးသီးသောခံစားချက် အနည်းငယ် ပြသခဲ့သည်။ သူသည် ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ်နေသည့်အတွက်ကြောင့် အိုဆိုင်ဒန်က အကြီးအကဲ မိသားစုများကို ပွင့်ပွင့်လင်းလင်း ဖိနှိပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုတွင် ထိုလူသားက ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောသည်ကို ကြားသည့်အခါ မိမိ၏ လုပ်ရပ်များ အလကား မဖြစ်သွားကြောင်း အိုဆိုင်ဒန် ခံစားလိုက်ရသည်။

“အရှင့်ရဲ့ စိတ်ရင်းကို ကျုပ်မြင်ပြီးပါပြီ။” ချန်လွေ့သည် အမှန်တကယ်ပင် ချက်ချင်း ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်နေခဲ့သည်။ သို့သော်လည်း စဉ်းစားနေသည့်ဟန် ပြသလိုက်သည်။ “ကြယ်ကြွေတမန် အင်ပါယာနဲ့ အရှင်က ကျုပ်ရဲ့ တစ်ဦးတည်းသော လုပ်ဖော်ကိုင်ဖက်လို့ ကျုပ်ပြောခဲ့တယ်။ အရှင် ပြောသလိုပဲ။ ဒါက အတိတ်ရော၊ လက်ရှိရော၊ အနာဂတ်မှာရော အတူတူပဲ။ အရှင့်ရဲ့ ဂုဏ်ပုဒ်က..... ကျုပ် အရှင့်ကို အရှင်မင်းကြီးလို့ သိပ်မကြာခင် ခေါ်ရတော့မယ် ထင်တယ်။”

နောက်ဆုံးစကားသည် အိုဆိုင်ဒန်၏ နှလုံးသားကို လှုပ်ရှားသွားစေပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လွင်လာသည်။

“ဆေးရည်မည်း ထုတ်လုပ်ရတာက တော်တော်လေး ရှုပ်ထွေးတယ်။ ပြီးတော့ ကျုပ်ဆရာက ထိပ်တန်း မဟာဆရာသခင် တစ်ယောက်။ ထုတ်လုပ်တဲ့ ဆေးရည်မည်း တွေက ရာနှုန်းပြည့်မဟုတ်ရင် ရာနှုန်းပြည့်နီးပါး သန့်စင်တဲ့ အထူး‌ဆေးရည်မည်းတွေပဲ။ ကုန်ကျစရိတ်က တော်တော်လေး ကြီးမားတယ်။ အရှင် စိတ်ကို သေချာ ပြင်ဆင်ထားသင့်တယ်။” ချန်လွေ့ ခဏစဉ်းစားလိုက်သည်။ “ဒီ ၁၀၀% သန့်စင်တဲ့ အထူး ကုသဆေးရည်ကို စမ်းကြည့်ဖို့အတွက် တစ်ယောက်ယောက် ခေါ်လိုက်။ အာနိသင်က သာမန်ဆေးရည်တွေနဲ့ လုံးဝ ကွာခြားတယ်။”

၁၀၀% သန့်စင်တယ်လား။ ဒါကို အထူဆေးရည်လို့ သေချာပေါက် ခေါ်နိုင်တယ်။ အိုဆိုင်ဒန် အံ့အားသင့်သွားပြီး ဆေးရည်နီကိုယူကာ ခဏစဉ်းစားလိုက်သည်။ ထို့နောက် အစောင့်တစ်ယောက်ကို ဆင့်ခေါ်သည်။ ထို့နောက် အသေးစားဒဏ်ရာတစ်ခု နှင့် စမ်းသပ်ကြည့်သည်။ အာနိသင်နှင့် ပြန်ကောင်းနှုန်းတို့သည် ဆရာသခင်များ၏ အမြင့်ဆင့် ဆေးရည်နီများထက် အမှန်အကယ်ပင် မြင့်မားလှသည်။ အိုဆိုင်ဒန် အလွန် ကျေနပ်သွားခဲ့သည်။

ဆေးအရည်အသွေး ပိုကောင်းလေလေ တန်ဖိုးကြီးလေလေပင် ဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့ ပစ္စည်းများသည် အထက်တန်းလွှာ စျေးဝယ်သူများကို ပစ်မှတ်ထားဖြင်း ဖြစ်၏။ ထို့ကြောင့် စျေးဝယ်သူ အရင်းအမြစ်များကို လုံးဝစိုးရိမ်စရာ မလိုအပ်ပေ။

ထိုအဖိုးတန် အရင်းအမြစ်က ယူဆောင်လာပေးသော စီးပွားရေးနှင့် နိုင်ငံရေး တန်ဖိုးကို စဉ်းစားကြည့်လျှင် မည်သည့် ငွေပမာဏမဆို ထိုက်တန်ပေ၏။

“ဒီတော့ ရင်းနှီးမြှုပ်နှံငွေ ဘယ်လောက် လိုအပ်တာလဲ။”

“ကျုပ်တို့ ပူးပေါင်းဆောင်ရွက်မှုက ရေရည်အတွက်ပဲ။ ပြီးတော့ ကနဦး ရင်းနှီးငွေက သေချာပေါက် တော်တော်လေး များလိမ့်မယ်။” ချန်လွေ့က ခန့်မှန်တန်ဖိုးကို ပြောပြလိုက်ရာ အိုဆိုင်ဒန်၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူ စိတ်ကို ပြင်ဆင်ထားသော်လည်း ထိုပမာဏမှာ အလွန်များလွန်းလှသည်။ အလွန့်အလွန် များလှပေသည်။

“ဒီပမာဏက ‌တော်တော်လေး များတယ်ဆိုတာ ကျုပ်လည်း သိပါတယ်။ ဒါပေမဲ့ ဒါက အဆင်ပြေဆုံး ရင်းနှီးငွေပဲ။” ချန်လွေ့က အိုဆိုင်ဒန်၏ မျက်နှာအမူအရာကို သတိထား မိခဲ့ပြီး ခါးသက်သက်ပြုံးကာ ပြောသည်။ “ကျုပ်အတွက်တော့ ဒါက အင်အားပြင်ဆင်ခြင်း အခြေအနေပေါ့။ အချိန်မတိုင်ခင် လက်ထဲက အရေးအကြီးဆုံး လက်နက်ကို ထုတ်ပြဖို့မဖြစ်နိုင်ဘူးလေ။ ပြီးတော့လည်း ခမ့်လော့မိသားစုက ဒီ‌လောက် ငွေပမာဏ အများကြီးကို မရွှေ့ပြောင်းနိုင်ဘူး။ မဟုတ်ရင် အရှင်မင်းကြီးဆီကနေ သံသယ ဝင်ခံရနိုင်တယ်။ စတင်ငွေ လုံလောက်မယ်ဆိုရင် ဆေးရည်မည်း လုံလုံလောက်လောက် ထုတ်လုပ်နိုင်တာနဲ့ ရရှိမယ့်ငွေတွေက ကုန်ကျစရိတ်ထက် ပိုများမှာပဲ။ တခြားကဏ္ဍက ရမှာတွေလည်း ရှိတယ်လေ။”

အိုဆိုင်ဒန် ခေါင်းညိတ်လိုက်ပြီး ခဏအကြာ ခေါင်းခါပြန်သည်။ “ချာလီစ်။ ကျုပ် မင်းကို လုံးဝယုံကြည်ပါတယ်။ ဒါပေမဲ့.....အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ နှစ်၄၀၀က သုံးပြည်ထောင် ငြိမ်းချမ်းရေး စာချုပ်အရ ကြယ်ကြွေတမန် အင်ပါယာက အရိပ်နက် အင်ပါယာနဲ့ သွေးရောင်အင်ပါယာကို နှစ်တိုင်း “ငွေကြေး” ထောက်ပံ့ပေးနေရတယ်။ ဘဏ္ဍတိုက်က အလျှံပယ် ဖြစ်မနေဘူး။ ဆေးရည်ပညာရှင်ပြိုင်ပွဲ ကျင်းပဖို့အပြင်ကို ကျုပ် သုံးလို့ရမယ့်ငွေကြေးက ဒီလိုအပ်အတိုင်း ကိုက်ညီမှာ မဟုတ်ဘူး။”

ထိုကဲ့သို့ “ငွေကြေး”သည် ဆက်ကြေးသဘောမျိုး ဖြစ်သည်။ သို့သော်လည်း ၎င်းသည် တိုက်ခိုက်ရေး အားအနည်းဆုံးဖြစ်သော ကြယ်ကြွေတမန် အင်ပါယာအတွက် ထိုနည်းကိုသုံး၍ ငြိမ်းချမ်းရေးကို လဲလှယ်နိုင်ခဲ့ခြင်းမှာ အကောင်းဆုံး ရလာဒ်ပင် ဖြစ်သည်။

ချန်လွေ့ ခဏစဉ်းစားပြီး ပြောသည်။ “ကျုပ်မှာ နည်းလမ်းတစ်ခု ရှိတယ်။ အလုပ်ဖြစ် မလားတော့ မသိဘူး။”

“ကျုပ်ကို ပြောပြပါ။”

“ကျုပ်တို့ ခမ့်လော့မိသားစုမှာ ‘ရန်ပုံငွေ’ စီးပွားရေးနည်းလမ်း တစ်ခု ရှိတယ်။ စီးပွားရေး အကြီးကြီး တစ်ခု လုပ်တဲ့အခါ ကျုပ်တို့က မိသားစုနာမည်ကိုသုံးပြီးတော့ ကုန်သည်ကြီးမားအသင်းက မဟာမိတ် မိသားစု အကြီး၊ အသေးတွေဆီကနေ ငွေကြေး စုဆောင်းတယ်။ အဲဒါကို ညီတူမျှတူပါဝင်ခြင်း လို့ ခေါ်တယ်။ ပြီးရင် ကျုပ်တို့က ရလာတဲ့ အကျိုးအမြတ်တွေကို မိသားစုတစ်ခုစီ မျှဝေတယ်။ ပြောရမယ်ဆိုရင်တော့ ဒါက အကျိုးအမြတ်များတယ်။ ဒီလိုရန်ပုံငွေ ကောက်ခံတာက မိသားစုအတွက် သိသိသာသာ ငွေပေါ်လွယ်မှု ဖြစ်စေသလို စွန့်စားမှုတွေကို လျော့ကျစေနိုင်တယ်။ ဒါက လူမှုဖူလုံ‌ရေး လုပ်ငန်းလိုမျိုးပဲ။ ပြန်ရငွေက ရင်းနှီးငွေထက် ပိုများတယ်။”

“ရန်ပုံငွေလား။” အိုဆိုင်ဒန် စိတ်ဝင်စားသွားဟန် တူသည်။ ဒီ “လုပ်ငန်း”က သေချာပေါက် အကျိုးအမြတ် များမှာပဲ။ အဲဒီအချိန်ကျရင် ‌ဆေးရည်မည်း ရှာနေတဲ့ သူတွေက သေချာပေါက် အလုအယက် ဝယ်ကြမှာပဲ။ အမှောင်လရဲ့ “လေလံအိမ်” ဆီကနေ လေ့လာပြီးတော့ ဆေးရည်တွေကို ခေါင်ထိမြင့်တဲ့စျေးအထိရောက်အောင် ချဲ့ကားနိုင်မယ်။

“ဒါဆိုရင် ကျုပ်အခု မြို့‌တော်ရဲ့ အကြီးအကဲမိသားစုတွေကနေ ငွေကြေး စုဆောင်းပြီးတော့ အဲဒီအချိန်ကျမှ ပြန်ပြီးတော့ ဖြန့်ကျက်ပေးရမှာလား။”

ချန်လွေ့က တမင်တကာ ပြုံးလိုက်ပြီး အသာလေး ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ခမ့်လော့က မိသားစု တစ်ခုပဲ။ အရှင်က အင်ပါယာတစ်ခုကို အုပ်ချုပ်တာ။ ဒီထက်ပိုပြီးတော့ ဖြန့်ကျက်ပေါ့။”

အိုဆိုင်ဒန်က ချက်ချင်း တုံ့ပြန်သည်။ “နယ်မြေလား။”

ချန်လွေ့ ခေါင်းညိတ်သည်။ “အခုအတွက်ပေါ့။ ကြယ်ကြွေတမန် အင်ပါယာ အကြောင်း ကျုပ် နည်းနည်း သိထားတယ်။ အရှင့်အတွက် ဒါက အခွင့်အရေးတစ်ရပ် ဖြစ်နိုင်တယ်။ ဒါက အခြားနေရာတစ်ခုကနေ အရှင် အင်အားတိုးနိုင်မှာလေ။ ထိန်းချုပ်ဖို့ အကျိုးအမြတ်ကို အသုံးချ။ တစ်ခါတစ်ရံ ဖိအားပေးတာထက် ဒါက ပိုပြီးတော့ ထိ‌ရောက်မှု ရှိတယ်။”

“မင်း ပြောချင်တာက.....” အိုဆိုင်ဒန်၏ မျက်လုံးများ တောက်ပသွားပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

ချန်လွေ့က ယုံကြည်ချက်ရှိစွာ ပြောသည်။ “အရှင်က တကယ်ပါးနပ်တဲ့ သူပဲ။ ကျုပ်က အပြင်လူဆိုတော့ ထပ်ဖို့ရှင်းပြစရာ မလိုတော့ပါဘူး။ အင်ပါယာရဲ့ နယ်မြေ အသေးစိတ်တွေကို အရှင် အသိဆုံးပါ။ အဲဒီအချိန်ကျရင် အမှန်တရားပေါ် အခြေခံပြီး သူတို့ကို စည်းကမ်းလိုက်နာအောင် လုပ်လို့ရတယ်။ ဥပမာပြောရရင် ညီတူမျှတူပါဝင်မှု ပမာဏ၊ ပြန်အမ်းငွေရာခိုင်နှုန်း၊ ဒါတွေအားလုံးက အရှင့်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ။ အရှင့်ကို ဒုက္ခပေးနေတဲ့ ပြဿနာအချို့လည်း ဒါကြောင့် ပိုပြီး လွယ်ကူသွားမယ်လို့ ထင်ပါတယ်။”

ထို အရိပ်အမြွက်ကြောင့် အိုဆိုင်ဒန် ပို၍ပင် ပျော်ရွှင်သွားသည်။ “ချာလီစ်”ပြောတာ မှန်တယ်။ အကျိုးအမြတ်သုံးပြီး ထိန်းချုပ်တာက တစ်ခါတစ်ရံမှာ ဖိအားပေးတာထက် ပိုပြီးတော့ ထိရောက်မှု ရှိတယ်။ ဒီတစ်ခေါက် အင်ပါယာတစ်ခုလုံးရဲ့ ဖွဲ့စည်းပုံကိုပါ အမှန်တယ် ပြောင်းလဲနိုင်လောက်တယ်။ အဲဒီအခါ ငါ့ကို ကြယ်ကြွေတမန်ဓား အသိအမှတ် မပြုရင်တောင် တကယ့် ဧကရာဇ်တစ်ယောက် ဖြစ်လို့ရတယ်။

“ဒါပေမဲ့ အရှင်မင်းကြီး သတိထားရမှာ တစ်ခု ရှိတယ်။ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က ကြယ်ဝဖို့တစ်ခုတည်းအတွက် မဟုတ်ဘူး။ အဲဒါကြောင့် ဒီရန်ပုံငွေကိစ္စရဲ့ အကြောင်းရင်းကို အခုတော့ ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး။ ဆေးရည်မည်းရဲ့ လျို့ဝှက်လက်နက်က အကြီးမားဆုံး သက်ရောက်မှု ဖြစ်ဖို့အတွက် အသင့်တော်ဆုံး အချိန်မှာ ထွက်ပေါ်လာရမှာ။ ရန်သူ သတိမထားမိစေဖို့အတွက် ကျုပ်ပေါ်ထွက်လာဖို့ မသင့်တော်သေးဘူး။ အာမခံတစ်ခုခု လိုအပ်မယ်ဆိုရင် အရှင်ကိုယ်တိုင်ပဲ ကိုင်တွယ်လို့ ရမှာ။”

ချန်လွေ့က စဉ်းစားနေဆဲဖြစ်သော အိုဆိုင်ဒန်ကို ကြည့်လိုက်သည်။ သူ၏ လက်ထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ “အရှင့်မှာ သတ္တိ ရှိတယ်ဆိုရင် အရှင့်နဲ့ကျုပ် ညီတူမျှတူ စာချုပ် ချုပ်လို့ရတယ်။”

ချန်လွေ့၏လေသံသည် အကြီးကြီး စွန့်စားလိုက်ရသကဲ့သို့ ဖြစ်နေပြီး သူက အိုဆိုင်ဒန်အား စိုးရိမ်နေသည်။ အကယ်၍ “ချာလီစ်”၏ ဇာတ်လမ်းသာ အမှန်ဆိုလျှင် ၎င်းသည် အမှန်တကယ်ပင် မရသည့်အဆုံး လုပ်ရပ်တစ်ခု ဖြစ်နေသည်မှာ သံသယ ဖြစ်စရာ မရှိပေ။

ညီတူမျှတူစာချုပ်ကို သေသေချာချာ ကြည့်ပြီးသည့်အခါ အိုဆိုင်ဒန်သည် ရင်ဘတ်ထဲမှ နောက်ဆုံးအချုပ်အနှောင်များကို ဘေးဖယ်ထားလိုက်သည်။ သူ နတ်ဘုရား နယ်ပယ်ကို မရောက်သရွေ့ စာချုပ်ကို ပယ်ဖျက်လို့ မရဘူး။ ငါသိထားရသလောက်ဆိုရင် ချာလီစ်နဲ့ လိပ်ပြာနီအရှင် ဂျို့ရှ်တို့က ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုမှာ ညီတူမျှတူစာချုပ် ချုပ်ဆိုထားခဲ့တယ်။ ပြီးနော့ သူက သဘောတူထားတဲ့အတိုင်း အကျိုးအမြတ်တွေကို အဆတိုးပြီး ပြန်ပေးခဲ့တယ်။ အဲဒါကြောင့် စာချုပ် ပြီးပြည့်စုံသွားခဲ့တယ်။

ငါတို့အခု စာချုပ် ချုပ်မယ်ဆိုရင် ဒါက ပူးပေါင်းဆောင်ရွက်တာကို တရားဝင် တည်ဆောက်လိုက်သလိုမျိုးပဲ။ နတ်ဆိုးဘုံနဲ့ လူသားလောက စစ်ပွဲရောက်ဖို့ နှစ်၁၀၀နီးပါး လိုသေးတယ်။ အဲဒါကြောင့် သံသယတွေ၊ စောင့်ထိန်းမှုတွေ ဘာမှမလိုဘူး။ ချာလီစ်နဲ့ အလုပ်လုပ်ဖို့ စွမ်းရည်ရှိတဲ့သူက အနည်းဆုံး နှစ်ယောက်ရှိတယ်။ ချာလီစ်က ငါ့ကို ရွေးချယ်စရာ မလိုဘူး။ ဒါပေမဲ့ ငါ့အတွက် ဒါက အင်ပါယာကို လုံးဝထိန်းချုပ်ဖို့နဲ့ နတ်ဆိုးဘုံမှာ ငါ့ရဲ့ဂုဏ်သတင်းကို တည်ဆောက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ဒါကို လုံးဝ လွဲချော်လို့ မဖြစ်ဘူး။

နောက်ပိုင်းကိစ္စများ ချောချောမွေ့မွေ့ ပြီးစီးသွားခဲ့သည်။ နှစ်ဖက်စလုံးသည် ညီတူမျှတူ စာချုပ်၌ လက်မှတ်ထိုးခဲ့ကြပြီး စစ်မှန်သော မဟာမိတ် ဖြစ်သွားကြသည်။ ချန်လွေ့၏ စွမ်းအားမှာ အိုဆိုင်ဒန်ထက် နိမ့်နေသေးသော်လည်း ပူးပေါင်းဆောင်ရွက်ရာ၌ ချန်လွေ့က တကယ့်ခေါင်းဆောင် ဖြစ်သည်။ မင်းသား ဂုဏ်ပုဒ်အပြင် အိုဆိုင်ဒန်သည် နတ်ဆိုးအရှင်သခင် မာနလည်း မထားတော့ပေ။ သူ၏လေသံလည်း ပို၍ပင် ရင်းနှီးသွားသည်။

“ဒါဆို မြန်မြန်လုပ်ကြရအောင်။ ရန်ပုံငွေ ကောက်ခံဖို့အတွက် နယ်မြေအရှင်တွေကို ချက်ချင်း အစည်းအဝေးခေါ်လိုက်ပါ။ အရှင်။ သက်ဆိုင်ရာကိစ္စတွေက်ု စီစဉ်ဖို့အတွက် ဒီနေ့ လူသားလောကဆီ ကျုပ် ပြန်လိုက်ဦးမယ်။ လဝက်.....အများဆုံး တစ်လပေါ့။ ပြီးရင် မြို့တော်ကို ပြန်လာပြီးတော့ ရန်ပုံငွေတွေ လာယူပါ့မယ်။ နောက်ထပ် သတင်းကောင်း ကတော့ အရင်နှစ်တွေမှာ ကျုပ်ရဲ့ ဆရာ အပတ်တကုတ် ကြိုးစားနေတဲ့ အရေးအကြီးဆုံး အောင်မြင်မှုက ဆုံးခန်းတိုင်တော့မယ်။ အဲဒီအချိန်ကျရင် အရှင့်ကို ကျုပ် လက်ဆောင် အသစ်တစ်ခု ယူလာပေးမယ်။ အရှင် နောက်တစ်ကြိမ် ပြန်လည်နုပျိုစေဖို့အတွက်ပေါ့။”

နုပျိုဖို့အတွက်လား။ အိုဆိုင်ဒန် အံ့အားသင့်သွားသည်။ အသက်ရှည် ဆေးရည် များလား။

ပြန်လည်ရှင်သန်ဖြင်း ဆေးရည်အပြင် မဟာဆရာသခင် စွန်းစီမြောင်က အသက်ရှည် ဆေးရည်ကို ဖော်စပ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။

နောက်ဆုံး ထိပ်တန်း ဆေးရည်မည်းပဲ။

နတ်ဆိုးများ၏ သက်တမ်းမှာ အထူးသဖြင့် အစွမ်းထက် ပုဂ္ဂိုလ်များ၏ သက်တမ်းသည် လူသားတို့ထက် ရှည်လျားသော်လည်း နောက်ဆုံး၌ အသက်ကြီးကာ သေဆုံးသွားကြရသည်။

အမြင့်ဆင့်နတ်ဆိုးများက သူတို့ အသက် မရှည်ကြောင်း အမြဲပင် အပြစ်ပြောနေကြသည်။ သို့သော် ရှေးကတည်းက ဒဏ္ဍာရီလာ နတ်ဘုရားများမှလွဲ၍ မည်သည့်သက်ရှိမှ အမှန်တကယ် ထာဝရ မရှင်သန်နိုင်ပေ။ ထို့ကြောင့် သက်တမ်းကို ရှည်စေနိုင်သော မည်သည့်အရာမဆိုသည် အလွန်အမင်း အဖိုးတန်လှသည်။ အသက်ရှည် ဆေးရည်သည် ထိုကဲ့သို့ ရတနာများထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။ ၎င်းသည် သက်တမ်း အတိအကျကို တိုးပေးခြင်းမျိုးမဟုတ်ဘဲ သက်တမ်းတစ်ခုလုံး၏ အချိုးကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။ တစ်နည်းပြောရမည်ဆိုပါက သက်တမ်းရှည်လေလေ အာနိသင် ပိုရှိလေလေ ဖြစ်သည်။ မဟာဆရာသခင်၏ ထူးခြားသော စွမ်းရည်များနှင့် ပေါင်းလိုက်သောအခါ ဆေးရည်အစွမ်းသည် အိုဆိုင်ဒန်ကဲ့သို့ နတ်ဆိုးအရှင်သခင် အဆင့်အတွက် မှန်းဆ၍ မရနိုင်အောင်ပင် ဖြစ်နေမည်မှာ သေချာသည်။

အိုဆိုင်ဒန်သည် သက်ကြီးပိုင်းသို့ နီးကပ်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ မဟာဆရာသခင် ဖော်စပ်ထားသော သန့်စင်မှု မြင့်မားသည် အသက်ရှည်ဆေးရည်ကို သောက်သုံးနိုင်မည်ဆိုလျှင် ၎င်းသည် “ချာလီစ်”‌ပြောခဲ့သည့်အတိုင်းပင် ဒုတိယတစ်ခါ နုပျိုခြင်းပင် ဖြစ်လေသည်။

အသက်ကို ဘယ်ငွေကြေးနဲ့မှ တိုင်းတာလို့မရဘူး။ နောက်ပိုင်း နတ်ဆိုးဘုံမှာ ဒီဆေးရည် ပေါ်ထွက်လာခဲ့မယ်ဆိုရင် အခြား ဆေးရည်မည်းတွေအားလုံး ‌ပေါင်းမယ် ဆိုရင်တောင် ဒါက ပိုပြီးအစွမ်းထက်နေမှာ သေချာတယ်။

ထို့ပြင် “ချာလီစ်” သည် အိုဆိုင်ဒန်၏ နှလုံးသားကို ပို၍လှုပ်ရှားသွားစေသည့် အရာတစ်ခုကို ပြောခဲ့သည်။

“ကျုပ်ရဲ့ဆရာမှာ ယန္တရားမဟာဆရာသခင် မိတ်ဆွေတစ်ယောက် ရှိတယ်။ ဒီတစ်ခေါက် ကျုပ်ပြန်လာရင် ဆရာ့ကို အဲဒီအကြောင်း မေးကြည့်မယ်။ ဒါဆိုရင် အရှင့်အတွက် အဆောင်ပစ္စည်းတစ်ခုရဲ့ ပြဿနာကို ကူညီပြီးတော့ ဖြေရှင်းကောင်း ဖြေရှင်းနိုင်လောက်တယ်....”

အဆောင်ပစ္စည်း ....... ကြယ်ကြွေတမန်ဓား။

အိုဆိုင်ဒန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကြောင့် မပျောက်ကွယ်သွားသေးသော စိတ်လှုပ်ရှားမှုသည် သူ၏စိတ်ထဲ၌ လှိမ့်တက် လာပြန်သည်။ ထိုတော်ဝင်မိသားစု၏ အမြင့်ဆုံး အဆောင်ပစ္စည်းသည် တစ်ချိန်လုံး သူ၏ အကြီးမားဆုံး စောင့်ထိန်းမှုတစ်ခု ဖြစ်နေခဲ့သည်။ ထို့အပြင် ၎င်းသည် ကြယ်ကြွေတမန် ဧကရာဇ် ဖြစ်လာရန် သူ့ကို တားဆီးနေသော အကြီးမားဆုံး အတားအဆီး တစ်ခုလည်း ဖြစ်သည်။

အမှန်တကယ်၌ တော်ဝင်မိသားစု သွေးမျိုးဆက် ဖြစ်မည်ဆိုလျှင် အဆောင်ပစ္စည်း၏ အသိအမှတ် ပြုခြင်းကို ခံရနိုင်ပေသည်။ သန်းခေါင်နေအရှင်က အဆုံးသတ်၌ ချိပ်ပိတ်တစ်ခုခု ချန်ထား၍ မဟုတ်လျှင် အိုဆိုင်ဒန်သည် အဆောင်ပစ္စည်း၏ “ငြင်းပယ်ခြင်း”ကို အမှန်တကယ် ခံထားရခြင်း ဖြစ်ပေမည်။ သူသည် ယခင် နေ့ရက်များ၌ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သော်လည်း အဆောင်ပစ္စည်း၏ အသိအမှတ်ပြုခြင်ကို မရရှိခဲ့ပေ။

ထို့ကြောင့် သူသည် ကြယ်ကြွေတမန်ဓားနှင့် သန်းခေါင်နေ သွေးမျိုးဆက်တို့ အချင်းချင်း ထိတွေ့ကြမည်ကို ပို၍စိုးရိမ်နေခဲ့သည်။ အိမ်ရှေ့မင်းသားဟောင်း ဂါရမ်း၏ ညီဖြစ်သော သူ၏တူ အီဗန်ရှန်ကိုပင် သူက တိတ်တဆိတ် အကျဉ်းချထားခဲ့၏။

နတ်ဆိုးဘုံ၌ မဟာဆရာသခင်အဆင့် ယန္တရားပညာရှင် မရှိသေး‌ပေ။ ထိပ်တန်း ယန္တရားဆရာသခင် နိတ်နှင့် ပျောက်ဆုံးသွားခဲ့သော သုံးသွယ်အထူးပြု ပါရမီရှင် အာသာတို့သည် စစ်မှန်သော မဟာဆရာသခင် အဆင့်သို့ရောက်ရန် ဝေးကွာလွန်း နေသေးသည်။ အထူးဆေးရည်မည်း တစ်စုံလုံးကို ဖန်တီးနိုင်သော “ချာလီစ်”၏ ဆရာသည် အမှန်ပင် စစ်မှန်သော ထိပ်တန်းမဟာဆရာသခင် ဖြစ်၏။ ထို့ကြောင့် သူ၏ မိတ်ဆွေဖြစ်သူ ယန္တရား မဟာဆရာသခင်သည်လည်း ထူးခြားရပေမည်။ ထိုသူသည် အိုဆိုင်ဒန်အား နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သော ပြဿနာကို အမှန်တကယ် ဖြေရှင်းပေးနိုင်လောက်ပေမည်။

ချန်လွေ့သည် ကြယ်ကြွေတမန်အားကို အမှန်တကယ် ခိုးယူချင်နေသည်။ သို့သော် စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းသည် အောင်မြင်မှုကို ယူဆောင်နိုင်မည် မဟုတ်ပေ။ ကြယ်ကြွေတမန်ဓားသည် ကုလားအုတ်ကို ခါးကျိုးစေနိုင်သော နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်နိုင်သည်။ သို့သော် ၎င်းသည် အခြေအနေကို ပြောင်းပြန်လှန်ရန်အတွက် အရေးပါဆုံး အရာ မဟုတ်ပေ။ အကယ်၍ ရှီရာသည် ကြယ်ကြွေတမန်ဓားကို အမှန်တကယ် ပိုင်ဆိုင်သွားမည်ဆိုလျှင် အိုဆိုင်ဒန် ဦးညွှတ်မည် မဟုတ်ပေ။ ပို၍သင်္ကေတဆန်သော အဆောင်ပစ္စည်းနှင့်ယှဉ်လျှင် ရန်သူ၏စွမ်းအားကို အခြေခံကျကျ ဖျက်ဆီးမည့် အစီအစဉ်မှာ ပို၍အရေးကြီးလှပေသည်။

ချာလီစ်ကို ကိုယ်တိုင်လိုက်ပို့ပြီးနောက် အိုဆိုင်ဒန်သည် ပျော်ရွှင်မှုကို မထိန်းထား နိုင်တော့ဘဲ အော်ရယ်လိုက်သည်။ အချိန်အတော်ကြာသည်အထိ သူသည် ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်နေပြီး အနာဂတ်၌ ကြီးမားလှသော အောင်မြင်မှုနှင့်အတူ နတ်ဆိုးဘုံကို မည်သို့မည်ပုံ တုန်လှုပ်စေမည့်အကြောင်း စိတ်ကူးယဉ်နေတော့သည်။

ချန်လွေ့သည်လည်း အစီအစဉ်၏ အရေးအကြီးဆုံးအပိုင်း အောင်မြင်သွားပြီ ဖြစ်သည့်အတွက် အော်ရယ်ချင်ခဲ့သည်။ နောက်တစ်ဆင့်မှာ အိုဆိုင်ဒန်က မည်သို့စွန့်စားပြီး သူ့အတွက် ရန်ပုံငွေများ မည်သို့စုဆောင်းမည်ကို စောင့်ကြည့်ရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အကျိုးအမြတ်အတွက် မိတ်ဆွေ တစ်ယောက်ကို သစ္စာဖောက်ခြင်းသာ ဖြစ်လေသည်။

အိုဆိုင်ဒန်သည် ဂါရမ်းနှင့် သူ၏ထောက်ခံသူများကို ဖိနှိပ်နိုင်သည့်အပြင် ကြယ်ကြွေတမန် အင်ပါယာကို နှစ်ပေါင်းရာနှင့်ချီ အုပ်ချုပ်နိုင်ခဲ့သည်။ သူသည် လုံးဝ သာမန် မဟုတ်ပေ။ ချန်လွေ့သည် သူ၏ အားနည်းချက်များကို ဖမ်းလိုက်ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ ဆွဲဆောင်မှုရှိသော သတ်မှတ်ချက်များအောက်၌ အိုဆိုင်ဒန်သည် ထောင်ခြောက်ထဲသို့ ကျရောက်သွားခဲ့သည်။ ယခုတွင် သူသည် ထောက်ခြောက် ဆင်ခဲ့သော သူအတွက်ပင် ကူညီနေလေ၏။

အစ်ဇဘယ်လာကိုမူ ချန်လွေ့သည် ယခင်က အဆင့်အမြင့်ဆုံး ဆေးရည်မည်းအစား ထာဝရစွမ်းအား ဆေးရည်တစ်ပုလင်းကိုသာ ပေးခဲ့သည်။ နောက်ပိုင်းမှ သူသည် အိုဆိုင်ဒန် အရှေ့၌ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို ထုတ်ပြခဲ့ခြင်း ဖြစ်သည်။

သို့သော် အစ်ဇဘယ်လာသည် ဆေးရည်မည်း တည်ရှိနေကြောင်းကို သိသည်။ ထိုလျို့ဝှက် အဖွဲ့အစည်းလည်း ပါဝင်နေနိုင်ပေသည်။ ဆေးရည်မည်းသည် ငါးစာတစ်ခုသာ ဖြစ်သည်။ လျို့ဝှက်အဖွဲ့အစည်းတစ်ခုကို လိမ်ညာရန်အတွက် မခက်ခဲလောက်ပေ။ သို့သော် လက်ရှိ၌ ချန်လွေ့၏ ပန်းတိုင်မှာ အိုဆိုင်ဒန်သာ ဖြစ်သည်။ ထို့ကြောင့် သူ ထပ်ပြီး အာရုံစိုက် မခံချင်ပေ။

မည်သို့ပင် ဆိုစေကာမူ သူ၏နောက်ဆုံးပန်းတိုင်မှာ ကြယ်ကြွေတမန် အင်ပါယာကို ဖျက်ဆီးရန် မဟုတ်ဘဲ ရှီရာကို သိမ်းပိုက်စေရန် ဖြစ်သည်။ ထိုလျို့ဝှက်ဆန်းကြယ်သော အင်အားစုနှင့် ယှဉ်ပြိုင်ခြင်းမှာ လိုရမည်ရသာ ဖြစ်သည်။ ချန်လွေ့သည် အစ်ဇဘယ်လာ၏ နောက်ခံကို အဖြေရှာရန်အတွက် သူနှင့် နောက်တစ်ကြိမ်တွေ့ရန် လိုအပ်သည်။ စိတ်ကူးယဉ်ဆန်ဆန် ဒရာမာများ ဆက်လက်ဖြစ်ဦးမည် ထင်ရပေမည်။

All Chapters