မိစ္ဆာထောင်ခြောက် နှင့် နှင်းဒဲလက်
Vol. 25 Ch. 362
အစ်ဇဘယ်လာ၏ နေအိမ်၌-
ချန်လွေ့သည် တံခါးအဝ၌ တားဆီးခံနေရသည်။ အစ်ဇဘယ်လာက သူ့ကို မတွေ့ချင်နေပေ။
အမှန်တကယ်၌ ချန်လွေ့ကို တားဆီးနေသာ အမျိုးသမီး အစောင့်သည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ ဒီလူကြီးမင်းက စံအိမ်ကို ခဏခဏ လာတဲ့ ဧည့်သည် တစ်ယောက်ပဲ။ ပြီးတော့ တစ်ခါတစ်လေ ဒီမှာနေတယ်။ သူနဲ့ မဒမ်တို့ရဲ့ ပတ်သက်မှုက သာမန်တော့ လုံးဝမဖြစ်နိုင်ဘူး။ ယခုတွင် သူ့ကို မည်သည့်အတွက်ကြောင့် မကြိုဆိုသည့် လူစားရင်းထဲ၌ ထည့်ထားကြောင်းကို ထိုအစောင့် မသိပေ။
မည်သို့ပင် ဆိုစေကာမူ အစောင့်များသည် သူတို့၏သခင် ညွှန်ကြားထားသည့် အတိုင်း သစ္စာရှိရှိ လုပ်ဆောင်ကြသည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ယနေ့တွင် မြို့တော်မှ ထွက်သွားပြီး လူသားလောကသို့ ပြန်မည်ဖြစ်ကြောင်း အိုဆိုင်ဒန်အား ပြောခဲ့သည်။ သူသည် ဖိတ်ကြားခြင်းနှင့် ကပွဲများကိုလည်း ငြင်းပယ်ခဲ့သည်။ အစ်ဇဘယ်လာ၏ နောက်ခံကို သူရအောင် ဖော်ထုတ်ရပေမည်။ ယခုတွင် အစ်ဇဘယ်လာက တွေ့ရန် ငြင်းဆန်နေသည့်အတွက် ခေါင်းကိုက်စရာ ဖြစ်နေတော့သည်။
ချန်လွေ့သည် ယခုတွင် အစ်ဇဘယ်လာအား နက်နက်ရှိုင်းရှိုင်း ချစ်နေသော “ချာလီစ်”အဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သည်။ ငါ တကယ် ဖောက်ဝင်လိုက်ရမလား။
“ဇာတ်လမ်း”အကြောင်း ချန်လွေ့ စဉ်းစားနေစဉ် နောက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ “ဟေး ချာလီစ်။ မင်း တံခါးဝမှာ ဘာလုပ်နေတာလဲ။”
ချန်လွေ့နောက်လှည့်ကြည့်လိုက်ရာ ၎င်းသည် ခရိုဘဲလက်စ်ဖြစ်ကြောင်း သိလိုက်သည်။ ကြည့်ရတာ မစ်-မြနဂါးက သူ့အကောင်းဆုံး သူငယ်ချင်းကို လာတွေ့တာ ဖြစ်မယ်။
“နင်က ရင်းနီကို လာရှာတာလား။ အထဲဝင်သွားလေ။” ခရိုဘဲလက်စ် အနည်းငယ် အံ့အားသင့်နေ၏။
လူမှုဖူလုံရေးနှင့် ပိုက်ဆံပေးသော နေ့ရက်များမဟုတ်လျှင် မစ် မြနဂါးသည် မည်သည့် ပျင်းရိစရာ အစည်းအဝေးကိုမျှ စိတ်မဝင်စားပေ။ သူသည် တစ်နေ့လုံး အကြီးတန်း အတိုင်ပင်ခံအဖြစ် လျှောက်သွားနေပြီး လုယက်ရန် အသင့်တော်ဆုံး ပစ်မှတ်ကို ရှာဖွေနေခဲ့သည်။ လက်တလော နိုင်ငံရေးကိစ္စများကို သူ မသိသလို မေးရန်လည်း စိတ်မဝင်စားပေ။
ချန်လွေ့ ခါးသက်သက် ပြုံးရင်း သူ့ကို တားဆီးနေသော အစောင့်များကို ခေါင်းစောင်းပြလိုက်သည်။ “ရင်းနီက ကျုပ်ကို မတွေ့ချင်ဘူး ဖြစ်နေတယ်။ ကျုပ် ဘာအမှား လုပ်ထားမိလဲ မသိဘူး။”
“ဟုတ်လား။” ခရိုဘဲလက်စ်က အစောင့်အား သိချင်စိတ်ဖြင့် မေးလိုက်သည်။
အစောင့်က ခေါင်းညိတ်ပြီးပြောသည်။ “မစ်-ခရိုဘဲလက်စ်။ မဒမ်က ဘယ်အချိန်မဆို ဆာ-ချာလီစ်နဲ့ မတွေ့ချင်ဘူးလို့ ညွှန်ကြားထားပါတယ်။”
“လက်စသတ်တော့ ဒီလိုကိုး။” မစ် မြနဂါးက သူ၏သူငယ်ချင်းကောင်းဘက်တွင် မြဲမြံစွာ ရပ်တည်လိုက်သည်။ သူသည် ချန်လွေ့အား ချက်ချင်းပင် မကျေမနပ် စိုက်ကြည့်လိုက်သည်။ “မင်းက သူ့ကို စက်ဆုပ်စရာတစ်ခုခု လုပ်ခဲ့တာပဲ ဖြစ်ရမယ်။ သူက မင်းကို မတွေ့ချင်ဘူးဆိုတော့ မင်း မြန်မြန်......”
ထိုအမူအရာအရ သူသည် ချန်လွေ့အား မောင်းထုတ်နေသည့်ပုံစံ ဖြစ်နေ၏။
ထိုအချိန်၏ ခရိုဘဲလက်စ်၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။ “ချာလီစ်”က သူ့အား လက်ဝါးဖြင့် အမူအရာ ပြသလိုက်သည်ကို မြင်လိုက်ရသည်။ သူသည် တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားဟန် တူသည်။ မစ် မြနဂါး၏ သဘာဝ အာရုံခံဖြင့် ၎င်းသည် အလွန်ကြီးမားသော ကျောက်မျက်တစ်ခုဖြစ်ကြောင်း ချက်ချင်း သတိထား လိုက်မိသည်။ ၎င်းသည် ယခင်က ချန်လွေ့ ပေးခဲ့သည်ထက် ပိုကြီးမားသည်။ သူ ချက်ချင်းပင် လေသံပြောင်းသွားသည်။ “ဒါဆို......ငါမင်းကို သူနဲ့ ကောင်းကောင်း စကားပြောဖို့ ခေါ်သွားပေးမယ်။”
ချန်လွေ့ သက်ပြင်းချလိုက်၏။ ဥစ္စာပစ္စည်းရဲ့အရှေ့မှာဆိုရင် နဂါးတွေနဲ့ ကိုယ်ကျင့်တရားက အကန့်အသတ် လုံးဝမရှိသလောက်ပဲ။
ချန်လွေ့ကို ခရိုဘဲလက်စ် ခေါ်သွားသည်ကို မြင်သည့်အခါ အစောင့်များက စိုးရိမ်သွားကြပြီး အလောတကြီး တားဆီးလိုက်သည်။ “မစ်-ခရိုဘဲလက်စ်။ ကျွန်မတို့ အတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ မဒမ်က ကျွန်မတို့ကို ညွှန်ကြားထားပါတယ်.....”
“အစ်ဇဘယ်လာက ဒီနေရာကို ငါကြိုက်သလို ဝင်ထွက်သွားလာလို့ ရတယ်လို့ ပြောခဲ့တယ်။ အခု ငါက နောက်လိုက်တစ်ယောက်ကို ခေါ်သွားရုံပါပဲ။”
ကောင်းရော။ ဒါဆိုလည်း ငါ နောက်လိုက် ဖြစ်သွားတာပေါ့။ ချန်လွေ့ ခေါင်းခါရင်း တာဝန်ပြီးစီးရန်အတွက် အရှက်ခွဲမှုကို သည်းခံနေလိုက်သည်။
“မရပါဘူး။မစ်”
မစ် မြနဂါး၏ ခက်ထန်ပြီး ဖိနှိပ်သော မျက်လုံးများကြောင့် အစောင့်များ မလှုပ်နိုင်တော့ပေ။ ထို့နောက် သူသည် စံအိမ်ထဲသို့ သူ၏အခြွေအရံနှင့်အတူ ဟိတ်ဟန်ထုတ်ကာ လျှောက်သွားလိုက်သည်။
မစ် မြနဂါးသည် ပညာရှင် ကိုယ်ကျင့်တရား ရှိနေသေးသည်။( ပို၍ အရေးကြီးသည်မှာ ကြီးကြီးမားမား ပြန်လည်ရရှိရန်တွက် သူ့တွင် ရေရှည်အစီအစဉ်များ ရှိနေခြင်း ဖြစ်သည်။) ကျောက်မျက်ကို ယူပြီးနောက် သူက ချန်လွေ့ကို အစ်ဇဘယ်လာ၏ စာကြည့်ခန်းဆီသို့ ခေါ်သွားသည်။
အစ်ဇဘယ်လာသည် ခုံတန်းရှည်ပေါ်၌ မှီနေ၏။ သူသည် သာမန် ဂါဝန်ရှည် တစ်စုံကို ဝတ်ဆင်ထားကာ ပြည့်ဝပြီး ရင့်ကျက်သော စိတ်နေစိတ်ထားများ ပေါ်လွင်နေသည်။ သူ၏ဘရာအောက် ရင်ဘတ်ပေါ်ရှိ ဆွဲဆောင်မှုရှိသော စနေနှစ်ခိုင်ကို ရေးရေးလေး မြင်နိုင်ပေသည်။ ခရိုဘဲလက်စ်က ချန်လွေ့နှင့်အတူ အမြန် ရောက်လာသည်ကို မြင်သည့်အခါ အစ်ဇဘယ်လာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ရင်းနီ။ နင့်ကို အာခံခဲ့တဲ့ ဒီရွံစရာကောင်းကို ငါ ဖမ်းလာခဲ့တယ်။ နင်သူ့ကို ကြိုက်သလို အပြစ်ပေးလို့ရတယ်။” မစ်-မြနဂါးက မိမိ၏ ပုံရိပ်ကို သစ္စာဖောက်အဖြစ်မှ သူငယ်ချင်း အဖြစ်သို့ စကားတစ်ခွန်းတည်းဖြင့် ပြောင်းလဲလိုက်သည်။
နဂါးတွေက တော်တော်လေး ပါးနပ်တယ်လို့ ပြောရမယ်။ တိတိကျကျ ပြောရရင်တော့ ဉာဏ်များတာပေါ့။
“မစ်-ဘက်တီ။ အထင်လွဲနေတာလေးတွေ ဖြေရှင်းဖို့အတွက် ရင်းနီနဲ့ကျုပ် နှစ်ယောက်တည်း စကားပြောလို့ ရမလား။”
ခရိုဘဲလက်စ်က စဉ်းစားနေဟန်ဖြင့် ရှေ့သွားလိုက်၊ နောက်ဆုတ်လိုက် လုပ်နေသည်။ သို့သော်လည်း သူ၏နောက်ဘက်မှလက်သည် ချန်လွေ့ဆီသို့ “ဗီ” ပုံသဏ္ဍာန် ဆန့်ထုတ်ထားသည်။ ၎င်းမှာ “အောင်နိုင်မှု”ကို ဆိုလိုခြင်း မဟုတ်ဘဲ ...... ကျောက်မျက်နှစ်ခုဟု ပြောနေခြင်း ဖြစ်သည်။
တကယ်ပါပဲ။ ထင်ထားတဲ့အတိုင်း သူက ခက်ခဲတဲ့ အခြေအနေကို အခွင့်ကောင်း ယူခဲ့တယ်။
လူသားက စဉ်းစားမနေဘဲ ခေါင်းညိတ်ပြသည်ကို မြင်သည့်အခါ မစ်-မြနဂါး အလွန် ပျော်ရွှင်သွားခဲ့သည်။ သူသည် ဆင်ခြေတစ်ခုပေးပြီး ခန်းမထဲသို့ လျှောက်သွားခဲ့သည်။
အစ်ဇဘယ်လာသည် ဘေးတစ်စောင်း မှီနေသည်။ ထို့နောက် သူက လက်ဝါးကို အခြားလက်မောင်းပေါ် အသာလေးတင်ပြီး လှပတင့်တယ်သော အနေအထားသို့ ပြောင်းလိုက်သည်။ သူ၏ရင်ဘတ်ပေါ်မှ စနေနှစ်ခိုင်ကိုလည်း ဖုံးကွယ်ထားလိုက်ကာ အသာလေး ပြုံးလိုက်သည်။ “ဒီနေ့ ဒီနေရာကို လာရလောက်အောင် ဆာ-ချာလီစ်မှာ ဘယ်လိုမျိုးအရေးကြီး ကိစ္စတွေ ရှိနေတာလဲ။”
ထိုအပြုံးသည် ယခင်ကကဲ့သို့ လှပသော်လည်း လူမှုရေးအရ သဘောမျိုးနှင့် ပိုတူနေသည်။ ယခင်တစ်ခေါက်နှင့် လုံးဝကွဲပြားနေ၏။ သို့သော် ယခင်ကလည်း သူ သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ ယခုသည်...... နောက်ထပ် ဇာတ်ညွှန်းတစ်ခုသာ ဖြစ်ပေသည်။
ဒီတော့ ဒီဇာတ်ညွှန်းအတိုင်း စမ်းကြည့်တာပေါ့။
ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “မင်းကို တွေ့ဖို့အတွက် ကိုယ့်မှာ အရေးကြီးကိစ္စ ရှိစရာ လိုလို့လား။ မြို့တော်မှာ ကိုယ် နေစရာ တစ်ခုမှ မရှိဘူး။ ဒီနေရာက ကိုယ့်ရဲ့ တစ်ခုတည်းသောအိမ်ပဲ။”
အစ်ဇဘယ်လာက အသာလေး ခေါင်းခါသည်။ “ဆာ-ချာလီစ်က အခုဆိုရင် ရီဂျန့်အရှေ့က နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဆိုတာ လူတိုင်း သိနေကြပါပြီ။ ရှင် တောင်းဆိုမယ်ဆိုရင် အကြီးအကဲမိသားစုတွေက ရှင့်ကို စံအိမ်တွေနဲ့ မိန်းမလှတွေ ချက်ချင်းပေးလိမ့်မယ်။”
ချန်လွေ့ သက်ပြင်းချလိုက်သည်။ “အိမ်က ဘယ်လောက်ပဲ ဇိမ်ကျပါစေ၊ ကိုယ်ပိုင်အိမ်နဲ့တော့ ယှဉ်လို့ မရဘူးလေ။ ဒါက နတ်ဆိုးဘုံမှာ ကျုပ်ကို ဒီခံစားချက်ပေးတဲ့ တစ်ခုတည်းသော နေရာပဲ။ နည်းနည်းပဲ ဖြစ်ပေမဲ့ ဒါက တန်ဖိုးရှိနေပါပြီ။”
“အိမ် တဲ့လား။” အစ်ဇဘယ်လာက နောက်ဆုံးစကားကို လျစ်လှူရှုလိုက်သည်။ သူ၏ အပြုံး၌ ထေ့ငေါ့သော အရိပ်အယောင် ရှိနေသည်။ “အိမ်ဆိုတာက မိသားစု ရှိတဲ့နေရာပဲ။ ဆာ-ချာလီစ်မှာ ကိုယ်ပိုင်အိမ် ရှိနေပြီးသား မဟုတ်လား။”
“ကိုယ့်မှာ ကိုယ်ပိုင်အိမ် ရှိပါတယ်။ အခု ကိုယ်က .... မနေနိုင်လို့ပါ။ ရူးမိုက်တယ်လို့ ပြောရမလား။” ချန်လွေ့က ဝမ်းနည်းစွာ ပြောသည်။ “မင်းပြောတာ မှန်ပါတယ်။ အိမ်ဆိုတာက မိသားစု ရှိတဲ့နေရာပဲ။ ဒီနေရာက မင်းရဲ့အိမ်ပါပဲ။”
“ကျွန်မရဲ့အိမ်.....တဲ့လား။” အစ်ဇဘယ်လာ အနည်းငယ် စိတ်လွင့်သွားပြီးနောက် နဂိုအမူအရာအတိုင်း ပြန်ဖြစ်သွားပြန်သည်။ “ဆာနဲ့ စကားပြောရတာ ကျွန်မ နည်းနည်း ပင်ပန်းသွားပြီ။”
၎င်းသည် ဧည့်သည်များကို နှင်ထုတ်ရန် အမိန့်တစ်ခု ဖြစ်သည်မှာ သေချာသည်။ ချန်လွေ့ ခေတ္တ တိတ်ဆိတ်သွား၏။ “ရင်းနီ။ ကိုယ်က မင်းကို လာနှုတ်ဆက်တာပါ။ မင်း တစ်ခုခုမပြောချင်ဘူးလား။”
“လေဒီ-အစ်ဇဘယ်လာ ပါ။” အစ်ဇဘယ်လာက ချန်လွေ့ကို အမှန်ပြန်လိုက်သည်။ “ရှင် ကျွန်မဆီကနေ ဘာကြားချင်တာလဲ။ ပျင်းစရာ စကားလုံးတွေလား။ ဒါမှမဟုတ်က စိတ်ထဲကမပါဘဲ တောင်းပန်စကားလား။”
“မင်း ကိုယ့်ကို ဒီလောက်တောင် တကယ် မုန်းနေတာလား။”
အစ်ဇဘယ်လာက ခေါင်းခါပြီး ပြောသည်။ “မိန်းမတွေက အမြဲတမ်း ပြောင်းလဲနေတယ်။ ကိစ္စတွေအများကြီးက အကြောင်းရင်း မလိုအပ်ဘူး။ ပြီးတော့ တချို့....ခံစားချက်တွေက ရုတ်တရက်တွေ။”
“တကယ်လား။” ချန်လွေ့က ဘေးဘီဝဲယာကြည့်လိုက်ရာ မည်သူမှ မရှိကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူ တိုးတိုးလေး မြည်တမ်းသည်။ “ဒါဆို ထွက်မသွားခင် မသိတတ်တဲ့ ရွံစရာကောင်းတဲ့ ကိုယ်နောက်ဆုံးပြောချင်တာ တစ်ခု ရှိတယ်။ ဝန်ခံတယ်လို့ပဲ ပြောရမလား။ ကိုယ့်နာမည်အရင်းက ချာလီစ်ရိုလန် ပါ။ ချာလီစ် ခမ့်လော့ မဟုတ်ဘူး။ ရိုလန်က လင်းလက်နဂါးအင်ပါယာ တော်ဝင်မိသားစုရဲ့ မိသားစု နာမည်ပဲ။ အစကတော့ ကိုယ်က ခမ့်လော့မိသားစု ဆက်ခံသူရဲ့ သရုပ်ကိုပဲ အသုံးချချင်ခဲ့တာ။ နီရိုက တော်ဝင်မိသားစုရဲ့ လင်းလက် ခန္ဓာကိုယ်ကို တွေ့သွားလိမ့်မယ် မထင်ထားခဲ့ဘူး။”
ချန်လွေ့သည် ဧကရာဇ်ရိုလန်၏ တရားမဝင်သောသားအကြောင်း “လျို့ဝှက်ချက်” ပြောပြပြီး မဟာဆရာသခင်၏ “အပိုဇာတ်လမ်း”ကိုပါ ထပ်ပေါင်းထည့်ခဲ့သည်။ နတ်ဆိုးဘုံသို့ သူရောက်လာရခြင်းမှာ ခမ့်လော့မိသားစု၏ ကပ်ဘေးကို ဖြေရှင်းရန် ကူညီရန်ရုံသာက ပို၍ကြီးကျယ်သော ရည်ရွယ်ချက်တစ်ခု ရှိနေသည်။ သူသည် ကျန်သော မင်းသားများကို အနိုင်ယူရန်အတွက် ဧကရာဇ်ရိုလန်၏ အမှန်တကယ် လက်ခံမှုကိုရရှိရန် ကြယ်ကြွေတမန်အင်ပါယာ၏ စွမ်းအားကို အသုံးချပြီး ဆေးရည်မည်း အရင်းအမြစ်များကို အသုံးပြုချင်နေသည်။
အိုဆိုင်ဒန်မှ အစ်ဇဘယ်လာ မည်မျှသိထားကြောင်း ချန်လွေ့ မိသပေ။ ထို့ကြောင့် သူ ဇာတ်လမ်းတစ်ပုဒ်လုံး ပြောပြခဲ့သည်။ တစ်ခုတည်သော အမှန်တရားမှာ “အာသာ၏ [ ကောင်းချီး အလင်းခန္ဓာကိုယ် ] ”သာ ဖြစ်သည်။
“ကိုယ့်မှာလည်း အမြင့်ဆုံး [ကောင်းချီးအလင်းခန္ဓာကိုယ်] ရှိတယ်။ ဒါပေမဲ့ ကိုယ်က ငယ်ငယ် ကတည်းက အလင်းမှော်ပညာ သင်ယူဖို့ တားဆီးတာ ခံထားရတယ်။ ကိုယ်က တော်ဝင်မိသားစုရဲ့ မျိုးဆက်ပဲ။ ဒါပေမဲ့ ကိုယ်က ကိုယ့် ညီအစ်ကိုတွေရဲ့ အသုံးချတာ၊ အရှက်ခွဲတာတွေက်ု ခံခဲ့ရတယ်။ ကိုယ်....ဒီလိုမျိုး မဖြစ်ချင်ဘူး။” ထိုဒရာမာအကြောင်း ပြန်ပြောနေစဉ် ချန်လွေ့သည် ဇာတ်ကြောင်းနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်သည်။ သူ၏ခံစားချက်များနှင့် ဇာတ်ကြောင်းပြောခြင်းတို့သည် နေရာတကျ ဖြစ်နေ၏။
“ဒီတော့.....” အစ်ဇဘယ်လာက လေးလေးနက်နက် နားထောင်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်၌ ခေါင်းခါလိုက်သည်။ “အခု ရှင့်ရဲ့ ရည်ရွယ်ချက်ကို ပြီးမြောက်သွားတဲ့အတွက် ကျွန်မ ဂုဏ်ပြုပါတယ်။ ကျွန်မက ရှင့်အတွက် တန်ဖိုး မရှိတော့ပါဘူး။”
ချန်လွေ့က စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်သည်။ “ချာလီစ်”သည် သူ့ကို အသုံးချနေခဲ့သည်မှာ မှန်သော်လည်း သူ၏နည်းလမ်းများမှာ ပို၍ရက်စက်လှသည်။ တကယ်လို့ ငါသာ အရန်အစီအစဉ် မပြင်ဆင်ထားခဲ့ရင် ချောင်းမြောင်း တိုက်ခိုက်မှုမှာ မသေရင်တောင် လျို့ဝှက်အကျဉ်းထောင်မှာ သေသွားမှာပဲ။
ဒရာမာကို ရှေ့ဆက်ရဦးမည် ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့က ကိုယ့်ကိုယ်ကိုယ် သရော်သည့် အပြုံးမျိုး ပြုံးလိုက်သည်။ “အစကတော့ ဒီလိုပဲ ဖြစ်သင့်တာပါ။ ဒီနေ့ အစည်းအဝေးမှာ ကိုယ်...က အကြီးအကဲ မိသားစုကိုယ်စား ရွန်မယ်ရဲ့ မျက်နှာသာပေးမှုကို လက်ခံလိုက်ရမှာ။ ဒါပေမဲ့ ဘာလို့လည်း မသိဘူး။ ကိုယ်က မလုပ်သင့်တဲ့ ဆုံးဖြတ်ချက်ကို ရွေးချယ်လိုက်မိတယ်။”
“ဘာလို့လဲ။”
“လောကကြီးမှာ လုပ်သင့်တာ နဲ့ မလုပ်သင့်တာ တွေ အများကြီး ရှိတယ်။ မင်း ဘာလို့ အဲလိုလုပ်ခဲ့တာလဲဆိုတာကို ကိုယ် မမေးချင်ဘူး။ ကိုယ်သိတာက အခု ရွန်မယ် မရှိတော့ဘူးဆိုတော့ မင်းလုပ်ချင်တာတွေ ပိုပြီးတော့ လုပ်လို့ရပြီ။ ဒါပေမဲ့ ရီဂျန့်ကလွဲရင် ဒီအကြောင်းကို သိတာ မင်းတစ်ယောက်တည်းပဲ။ ဒါကို ကိုယ့်အတွက် လျို့ဝှက် ထားပေးပါ။”
“သေသူတွေပဲ လျို့ဝှက်ချက်တွေကို အလုံခြုံဆုံး ထိန်းသိမ်းနိုင်တာ။ ပြီးတော့.... ကျွန်မ လုပ်ချင်တာကို ရှင် ဘယ်လို သိတာလဲ။” အစ်ဇဘယ်လာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သို့သော်လည်း သူ၏အသံ အေးစက်နေ၏။ “ရွံစရာ လူတစ်ယောက်ကို ထာဝရ ပျောက်ကွယ်သွားအောင် လုပ်မလို့များလား။”
“ဒါက မင်းရဲ့ လွတ်လပ်မှုပါပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုကလည်း ကိုယ့်ရဲ့ လွတ်လပ်မှုပဲ။” ချန်လွေ့၏မျက်နှာတွင် ပြတ်သားသော အမူအရာ ရှိနေသည်။ “ယောက်ျား တစ်ယောက် အနေနဲ့ ကိုယ်ထပ်ပြီး ရှင်းပြစရာ မလိုအပ်တော့ဘူး။ ပြီးတော့ ကိုယ် ဒါကို နောင်တရမှာ မဟုတ်ဘူး။”
“ဒီလူက နည်းနည်း ရူးပေါပေါ ဆန်တယ်။ ဒါပေမဲ့ တစ်ခါတလေ ရူးမိုက်တာက ပါးနပ်တာထက် ပိုပြီးတော့ ဉာဏ်ရှိတယ်။” အစ်ဇဘယ်လာက ချန်လွေ့ကို လေးလေးနက်နက် ငေးကြည့်သည်။ “ရှင့်ရဲ့ အမူအရာနဲ့ ဇာတ်ကြောင်းပြောတာတွေက တော်တော်လေး ယုံချင်စရာကောင်းပြီးတော့ ကူးစက်လွယ်တယ်။ ဒါပေမဲ့ ကျွန်မက ဆန်းဆန်းတင့်လွန်းလို့ ဖြစ်မှာပါ။ တစ်ခုခု လွဲနေတယ်လို့ ကျွန်မ အမြဲတမ်း ခံစားနေရတယ်။ ကိစ္စတွေက ဒီလောက် မရိုးရှင်းဘူးလားပေါ့။ ကျွန်မကို ခွင့်လွှတ်ပါ။ ဒါက မိန်းတစ်ယောက်ရဲ့ အာရုံ အရပါ။”
ချန်လွေ့ စိတ်ထဲ၌ သတိထားလိုက်သည်။ ဒီမိန်းမက ဆိုဆိုင်ဒန်ထက် ကိုင်တွယ်ရတာ ပိုခက်တယ်။ သူ လိုချင်သည်ကို ချန်လွေ့ သေသေချာချာ မသိပေ။ အရေးကြီးသောအရာများကိုလည်း သူ မဖမ်းဆုပ်နိုင်ပေ။ အစ်ဇဘယ်လာသည် ထူးထူးခြားခြား ပါးနပ်လွန်းလှသည်။ ထိုစကားလုံးများမှာ တစ်ချိန်တည်းမှာပင် မှန်ကန်ပြီး မှားယွင်းနေပုံရသည်။ ချန်လွေ့ သတိလက်လွတ်နေရန် ခက်ခဲလွန်းလှသည်။
ထို့ကြောင့် သူ ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “တကယ်တော့ ဒီနေ့ အစည်းအဝေးမှာ ရွန်မယ်ရဲ့အစီအစဉ် အောင်မြင်ရင်တောင် ရင်းနီမှာ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခု ရှိနေတယ်လို့ ကိုယ် ခံစားမိနေတယ်။ ဒါက.... ယောက်ျား တစ်ယောက်ရဲ့ အာရုံ ဖြစ်မှာပါလေ။”
“လေဒီ-အစ်ဇဘယ်လာ ပါ။” အစ်ဇဘယ်လာ ထပ်မံ မရှင်းပြတော့ဘဲ ချန်လွေ့၏ အခေါ်အဝေါ် ပြဿနာကို တမင်တကာ အလေးပေး ပြောသည်။
“အတိတ်မှာ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ပြီးသွားပါပြီ။ ကျုပ်တို့ အသစ်ကနေ.....ပြန်စနိုင်မယ် မျှော်လင့်ပါတယ်။ မစ်-အစ်ဇဘယ်လား။ ကျုပ်က မထိုက်တန်ဘူးလို့ ခင်ဗျား တကယ် ခံစားမိတယ်ဆိုရင် ကျုပ် ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး။ ကျုပ် မိန်းမပျိုလေးရဲ့ အရှေ့မှာပဲ ပျောက်ကွယ်သွားမှာပါ။”
“မစ်”ဟူသော ဂုဏ်ပုဒ်ကို လိပ်ပြာနီ၌ အစ်ဇဘယ်လာနှင့် ပထမဆုံး တွေ့ခဲ့စဉ်က “ချာလီစ်” အသုံးပြုခြင်း ဖြစ်သည်။ အစ်ဇဘယ်လာ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွား၏။ သူ ပြန်မဖြေဘဲ မေးသည်။ “အန္တရာယ်တွေ အများကြီး.... မတော်တဆမှုတွေ အများကြီး ရှိရင်တောင်လား။”
“အဲဒါဆိုရင်တောင်ပေါ့။ ဒါပေမဲ့ အဲဒီ အန္တရာယ်တွေ၊ မတော်တဆမှုတွေ့မှာ ကတိတစ်ခုကို ဖြည့်ဆည်းပေးချင်တယ်။” ချန်လွေ့က အစ်ဇဘယ်လာ၏ မျက်လုံးများကို ကြည့်လိုက်သည်။ “နှင်းဒဲလက်။ သိပ်မကြာခင်မှာ ကျုပ် သိဒ္ဓိအလင်း တောင်ကိုသွားပြီး ခင်ဗျားအတွက် လက်ဆောင်ပေးဖို့ သိဒ္ဓိပန်း ကိုယ်တိုင်ခူးခဲ့ပေးမယ်။”
အစ်ဇဘယ်လာ၏ မျက်လုံးများ ရုတ်တရက် ကျုံ့သွားပြီး ရှုပ်ထွေးသော အမူအရာများ ပြည့်နှက်သွား၏။ ၎င်းသည် အစကတည်းက “ချာလီစ်”ကို သူ တောင်းဆိုခဲ့သော အရာတစ်ခု ဖြစ်သည်။ တစ်ဖက်လူက ၎င်းကို တစ်ချိန်လုံး သတိရ နေလိမ့်မည်ဟု အစ်ဇဘယ်လာ မထင်ထားခဲ့ပေ။ သူ့ကို ဗိုလ်ချုပ်ဒိုရင်း ခေါ်သွားသော အချိန်မှာပင် သူသည် အစ်ဇဘယ်လာ၏လက်ကိုကိုင်ပြီး ထိုစကားကို ပြောခဲ့သေးသည်။
“ကျုပ် သိဒ္ဓိအလင်းတောင်မှာ နှင်းဒဲလက်ပန်းကို ကိုယ်တိုင်ခူးပြီးတော့ ခင်ဗျားကို လက်ဆောင်မပေးရသေးဘူး။ ဒါကြောင့် ကိုယ် ဒီအတိုင်း ထွက်သွားမှာ မဟုတ်ဘူး။”
အစက ချန်လွေ့သည် ဆင်ခြေပေးရန် ရှာဖွေနေခြင်းသာ ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲနှင့် အစ်ဇဘယ်လာ၏ ခံစားချက် ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့သည်။ ဒိုရင်း မလာခင်တုန်းက ငါ အစ်ဇဘယ်လာရဲ့လက်ကို ကိုင်ထားပြီးတော့ “ဖွင့်ပြော”တဲ့ အချိန်တုန်းက သူ နည်းနည်း ထူးဆန်းနေခဲ့တယ်။ အဲဒီတုန်းက ရုတ်တရက် ဖြစ်ရပ်ကြောင့် ငါ သတိမထားခဲ့ဘူး။ အခုစဉ်းစားကြည့်လိုက်တော့.......ဒီ နှင်းဒဲလက်ပန်းက တကယ် နာမည်ကြီးတာလား။ ဒါမှမဟုတ် စမှတ်တစ်ခု များလား။
အစ်ဇဘယ်လာသည် ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည်။ သူ၏အပြုံးသည် ထူးဆန်းစွာ တောက်ပနေ၏။ “ဒါဆိုရင်....အဲဒီနေ့ရက်ကို ကျွန်မ မျှော်နေပါ့မယ်။ ဆာ-ချာလီစ်။”
“ဆာ”ဂုဏ်ပုဒ်သည် ယခင်ကထက် ပိုပြီးသာလွန်သွားသည်။ အစ်ဇဘယ်လာသည် သူ့ကို “ပျောက်ကွယ်”သွားအောင် မလုပ်ခဲ့ပေ။ ယုတ်စွအဆုံး ၎င်းသည် နှစ်ဖက်ကြားရှိ “ရင်းနှီးမှု”အတွက် ကောင်းမွန်သော အစတစ်ခုပင် ဖြစ်လေသည်။
ကတိမှာ အစ်ဇဘယ်လာကို တည်ငြိမ်အောင် ပြုလုပ်ရန်သာ ဖြစ်သည်။ ယခုတစ်ခေါက် အစ်အောက်ကြည့်ချိန်အတွင်း ချန်လွေ့သည် အစ်ဇဘယ်လာအား ဖွင့်ပြောခြင်းပုံစံဖြင့် သူ၏ “လျို့ဝှက်ချက်”ကို ပြောပြခဲ့သည်။ ၎င်းသည် လျို့ဝှက် အဖွဲ့အစည်းအား “ဆေးရည်မည်း အရင်းအမြစ်”အကြောင်း ပြောပြခြင်းနှင့် ညီမျှပေသည်။ အဖွဲ့အစည်းသည် ထိုကဲ့သို့ ထူးခြားသော အရင်းအမြစ်များကို ရရှိရန်အတွက် သူ့ကို ပြဿနာ ရှာလောက်တော့မည် မဟုတ်ပေ။ ၎င်းသည် သူ့အတွက် အဖိုးတန်သော ကြားခံ ဖြစ်သွားစေသည်။ ကြယ်ကြွေတမန် မြို့တော်အစီအစဉ် အောင်မြင်လျှင် “ချာလီစ်”၏ သရုပ်သည် လုံးဝ “ပျောက်ကွယ်သွားခဲ့သော” “ဆရာသခင် အာသာ” ဖြစ်သွားပေမည်။ ထိုအဖွဲ့အစည်း၌ အမျိုးမျိုးသော လျို့ဝှက်အကြံအစည်းများ ရှိလျှင်ပင် သူသည် ပုံရိပ်ယောင် တစ်ခုသာ ဖြစ်ပေသည်။
ချန်လွေ့၏ ရည်ရွယ်ချက် ပြီးမြောက်ပြီးနောက်တွင် အစ်ဇဘယ်လာအား မနှောင့်ယှက်တော့ဘဲ ခြေဟန်လက်ဟန်ပြကာ ထွက်သွားလိုက်သည်။
“နှင်းဒဲလက်....” လက်မောင်းကို ကိုင်ထားသော အစ်ဇဘယ်လာ၏ လက်ဝါး အနည်းငယ် တုန်လှုပ်သွားသည်။ သူ၏လက်သည်းများသည် ကျောက်စိမ်းကဲ့သော အသားအရေထဲ နက်ရှိုင်းစွာ စိုက်ဝင်နေ၏။ သွေးများထွက်လာသည်ကိုပင် သူ သတိမထားမိခဲ့ပေ။ သူ၏ တုန်ခါနေသော အသံထဲတွင် ထူးထူးခြားခြား နာကျင်မှုနှင့် ပူဆွေးမှု အရိပ်အယောင်များ ရှိနေသည်။ သူသည် မမေ့နိုင်စရာ အမုန်းတရားတစ်ခုကို သတိရသွားဟန် တူသည်။
သူ တဖြည်းဖြည်းနှင့် ပုံမှန် ပြန်ဖြစ်သွားသောအခါ ခရိုဘဲလက်စ်၏အသံ ထွက်လာ၏။
အစ်ဇဘယ်လာ၏ ခံစားချက် အစစ်အမှန်များကို ချန်လွေ့ မသိခဲ့ပေ။ မြို့တော် အစီအစဉ်မှာ အဆုံးသတ်သွားပြီ ဖြစ်သည်။ သူသည် နောက်ထပ် မိန်းမလှ တစ်ယောက်ကို ထပ်တွေ့ရပေမည်။
ထိုမိန်းမလှ၏ ညှို့ဓာတ်မှာ အစ်ဇဘယ်လာထက်ပင် သာလွန်သော်လည်း ချန်လွေ့ အတွက် အန္တရာယ်အဆင့်မှာ ဆယ်ဆ ပိုလေသည်။