မှော်စာစမ်းသပ်မှု၌ မတော်တဆ ဖြစ်ပွားခြင်း
Vol. 25 Ch. 363
သက်တန့်တောင်ကြား၌ -
မစ်-နတ်မိမယ်နဂါးသည် ဂါဝန်ရှည်နှင့် မျက်မှန်ကို ဝတ်ဆင်ထားဆဲပင် ဖြစ်သည်။ သူ၏ မျက်စိအရှေ့မှ “ရစ်ချတ်”ပြန်ပေါ်လာသည်ကို မြင်သည့်အခါ ဇိုလာက ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်သည်။ ထိုအပြုံးသည် ချန်လွေ့ကို ချက်ချင်းပင် စိတ်လွင့်သွားစေ၏။ အမှန်အတိုင်းပြောရမည်ဆိုလျှင် မစ်-နတ်မိမယ်နဂါး၏ မယုံနိုင်စရာ အလှတရားအပြင် တင့်တယ်ပြီး ဉာဏ်ပညာမြင့်မားသော စိတ်နေသဘောထားတို့မှာလည်း ညှို့ငင်မှုများ ပြည့်နှက်နေပေသည်။
သို့သော်လည်း ချန်လွေ့သည် ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည်။ ထိုညှို့ငင်မှု၌ အန္တရာယ်မည်မျှပါကြောင်း သိသည့်အတွက် ချန်လွေ့ ပို၍ပင် သတိထားနေခဲ့သည်။
“နင် ပြန်လာပြီပဲ။ တော်တော်လေး ပင်ပန်းခဲ့မှာပဲ။” ဉာဏ်ပညာမြင့်မားသော မိန်းမလှလေး၏ လေသံသည် ယောက်ျားပြန်လာမည်ကို စောင့်နေသော ဇနီးတစ်ယောက် ကဲ့သို့ပင် ဖြစ်သညည်။ သို့သော် သူ၏နောက်ထပ်စကားက သူ၏ ရည်ရွယ်ချက်အမှန်ကို ဖော်ပြခဲ့သည်။ “ရှေးမှော်စာ ကျောက်ပြားတွေကို နင် ပြန်ယူခဲ့လား။”
တကယ့်ကို သူက တဲ့တိုးသမား ဖြစ်နေတုန်းပဲ.......
ချန်လွေ့ ခေါင်းညိတ်ပြီး ပြောသည်။ “မိုးရီ ဆိုတဲ့ မိတ်ဆွေကို ဓမ္မတေးသစ်သီးသုံးပြီး ကယ်တင်ခဲ့ပြီးပြီ။ ခင်ဗျားကို ကျေးဇူးတင်တဲ့အနေနဲ့ သူက ကျန်တဲ့ကျောက်ပြားကို ပေးခဲ့တယ်.....”
ချန်လွေ့ စကား မဆုံးသေးခင်မှာပင် နတ်မိမယ်နဂါးက သူ၏အရှေ့၌ မျက်လုံးများ တောက်ပလျက် ချက်ချင်း ထွက်ပေါ်လာသည်။ သူက ချန်လွေ့၏ ပုခုံးကို ဆုပ်ကိုင်လိုက်၏။ “တကယ်လား။ ကောင်းတယ်။ ငါ့ကို မြန်မြန်ပေး။”
သူတို့နှစ်ယောက်သည် အလွန်နီးကပ်နေပြီး ချန်လွေ့သည် ဇိုလာထံမှ ကိုယ်သင်းနံ့ ကိုပင် ရနေကာ ဇိုလာ၏ရင်ဘတ်ပေါ်မှ အချိုးအစားညီလှသော အသားတုံးနှစ်တုံးကိုပင် မြင်နေရသည်။ သို့သော် ဇိုလာ ဂရုမစိုက်ပေ။ ချန်လွေ့လည်း ကြာကြာ မကြည့်ရဲပေ။ သူ မေးရုံသာ မေးသည်။ “ဒါဆို ရှေးမှော်စာ သင်ဖို့က....”
“ကိစ္စမရှိဘူး။ ငါ့တာဝန်ထားလိုက်။ နင်က ငါ့ရဲ့ လက်ထောက်ကောင်း တစ်ယောက်မို့လို့လေ။”
အရေးကြီးဆုံးက စမ်းသပ်ပစ္စည်းကောင်းတစ်ခု ဖြစ်တာပဲ။ နှစ်ယောက်လုံးက စိတ်ထဲ၌ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ဇိုလာ၏ အနေအထားကို ကြည့်ရသည်မှာ ချန်လွေ့ကို အင်္ကျီချွတ်ပြီး ကျောက်ပြားကို ရှာမည့်ပုံစံ ပေါက်နေသည်။ ဇိုလာသည် ချန်လွေ့၏ နေရာလွတ်စွမ်းအား ကိုပင် ခွဲခြမ်းစိတ်ဖြာပြီး လေ့လာနိုင်ပေသည်။ ချန်လွေ့သည် ချက်ချင်းပင် ကျောက်ပြား တစ်ခုကို သိုလှောင်ခန်းထဲမှ ထုတ်လိုက်၏။
ဇိုလာက ၎င်းကို ချက်ချင်းပင် လုယူပြီး ခံစားချက်များဖြင့် ပွတ်သပ်လိုက်ရာ ယခင်တစ်ခေါက် ကဲ့သို့ပင် လေထဲသို့ သင်္ကေတအများအပြား လွင့်ပျံလာသည်။ ချန်လွေ့က ချက်ချင်းပင် [သရုပ်ခွဲမျက်လုံး]ကို ဖွင့်ပြီး မြောက်မြားလှစွာသော သင်္ကေတများကို ကွန်ပျူတာ တစ်ခုကဲ့သို့ပင် အလျင်အမြန် မှတ်တမ်းတင်လိုက်သည်။
ဇိုလာသည် ကျောက်ပြား၏ ပြည့်ဝမှုကို စစ်ဆေးရန်အတွက် ထိုနည်းလမ်းကို အသုံးပြုခြင်း ဖြစ်ပုံရသည်။ ချန်လွေ့က ရှေးမှော်စာများကို လေးလေးနက်နက် စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည့်အခါ မစ်-နတ်မိမယ်နဂါး၏ မျက်လုံးထဲ၌ လေးစားမှုများ ဖြစ်ပေါ်လာသည်။ ဒီရစ်ချ်က တကယ့်ကို သင်ယူသူကောင်း တစ်ယောက် ဖြစ်ပြီးတော့ အသိပညာကို လေးစားတယ်။ သူ့မှာ ရှေးမှော်စာ ပါရမီ ရှိတယ်ဆိုရင် ဒီအပိုင်းမှာ သူ့ကို ငါနည်းနည်း ထောက်ပြပေးလိုက်မယ်လေ။
မှော်စာများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ နတ်မိမယ်နဂါးက ကျောက်ပြားကို ကျေနပ်စွာဖြင့် ဘေးဖယ်လိုက်သည်။ ရုတ်တရက် သူက သံသယ အရိပ်အယောင် ပြသသည်။ “နင့်ရဲ့မိတ်ဆွေက ဒီကျောက်ပြားတွေကို ဘယ်က ရတာလဲ။ ထပ်ပြီး ရှိသေးလား။”
ဇိုလာသည် ထိုမေးခွန်းကို အချိန်အတော်ကြာကတည်းက မေးချင်နေကြောင်း ချန်လွေ့သိသည်။ သူ ပြန်ဖြေသည်။ “ကျုပ်ရဲ့ မိတ်ဆွေက နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီကျောက်ပြားကို လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက အစွမ်းထက်တဲ့ ရန်သူတစ်ယောက်ကို သူနဲ့ သူ့မိတ်ဆွေတွေ ရင်ဆိုင်တုန်းက ရခဲ့တာ။ သူတို့က အဲဒီ ရန်သူကို ခက်ခက်ခဲခဲ အနိုင်ယူပြီးတော့ ကျောက်ပြားကို လုယူခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အစိတ်အပိုင်းတစ်ခုကိုပဲ ရခဲ့တယ်။ အဲဒီရန်သူက နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းရှိတဲ့ နဂါးတစ်ကောင်လို့ ပြောတယ်။ ဒါပေမဲ့ သူ့အခြေအနေက သိပ်မကောင်းဘူး။ သူက အဲဒီကျောက်ပြားတွေရဲ့စွမ်းအားကို သုံးပြီးတော့ ကုသနေခဲ့တာ။ မဟုတ်ရင် သူတို့တွေ ပေါင်းပြီးတိုက်ခိုက်ရင်တောင် သူ့ရဲ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး။”
နတ်မိမယ်နဂါး၏ မျက်မှန်များ အရောင်လက်သွားပြန်သည်။ နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်း နဂါးတစ်ကောင်လား။ အဲဒါ သလင်းကျောက်နဂါး ယာကော့ဗ် များလား။ ဒဏ်ရာကတော့......အရင်က ပါ့ဂ်လီအိုနဲ့ တိုက်ခိုက်နေတုန်း ရခဲ့တဲ့ ဒဏ်ရာဟောင်း ဖြစ်မယ်။ ဒါမှမဟုတ် အဲဒါပြီးတော့ စွမ်းအားကြီး ရန်သူတစ်ယောက်ကြောင့် ဒဏ်ရာရသွားတာလည်း ဖြစ်နိုင်တယ်။ ယာကော့ဗ်က နဂါးထွင်းစာတွေကိုတောင် ရင်းနှီးရုံပဲ ရှိတယ်။အဲဒါကြောင့် အဲဒီရှေးမှော်စာ ကျောက်ပြားတွေရဲ့ ထူးဆန်းတဲ့အားကို သုံးပြီးတော့ အထူးခန္ဓာအမျိုးအစားကို ကုသဖို့ မဖြစ်နိုင်ဘူး။ ဒါက ပြဿနာ မရှိလောက်ပါဘူး။ ဒါပေမဲ့ အပိုင်းနှစ်ပိုင်းပဲ ရသေးတာတော့ ဝမ်းနည်းစရာပဲ။ မှော်စာက မပြည့်စုံသေးဘူး။ ပြဿနာတွေအများကြီးကိုလည်း အဖြေရှာ မတွေ့သေးဘူး။
သလင်းကျောက်နဂါး ယာကော့ဗ်သည် ဇိုလာ၏ ကမ္ဘာမကြေရန်သူ ဖြစ်သည်။ “ရစ်ချတ်”နှင့် သူ့မိတ်ဆွေလည်း သလင်းကျောက်နဂါး၏ ရန်သူဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ဇိုလာသည် ချန်လွေ့ကို အနည်းငယ် ပို၍ သဘောကျ သွားခဲ့သည်။ သို့သော်လည်း ကျောက်ပြားများ မရှိတော့သည့်အတွက် မစ်-နတ်မိမယ်နဂါး ဝမ်းနည်းသွားသည်။ ၎င်း၏ အကြီးမားဆုံး အကြောင်းရင်းမှာ ချန်လွေ့ ပေးခဲ့သော အဖိုးတန် ရှေးမှော်စာ ကျောက်ပြားများကြောင့်ပင် ဖြစ်လေသည်။
“မစ်-ဇိုလာ။ ဒီသင်္ကေတနှစ်ခုမှာ ပြောင်းလဲမှု ၇မျိုး ရှိနေတယ်။ ပြီးတော့ .... အဲဒီ စည်းမျဉ်းကို တော်တော်လေး ရင်းနှီးနေတယ်။ ဒါတွေက ဆက်နွှယ်နေတာလား။ ဒါမှမဟုတ် အမျိုးအစား တစ်ခုထဲမှာ ပါဝင်နေတာလား။” ချန်လွေ့ ခဏစဉ်းစားပြီး ကြမ်းပြင်ပေါ်၌ သင်္ကေတ ဒါဇင်ခန့် ရေးဆွဲလိုက်သည်။ ပထမတစ်ခုမှာ ယခင် ကျောက်ပြားမှဖြစ်ပြီး နောက်တစ်ခုမှာ ယခုကျောက်ပြားမှ ဖြစ်သည်။ ချန်လွေ့သည် [သရုပ်ခွဲမျက်လုံး]၌ တိကျသောအဖြေ မရခဲ့သော်လည်း အမျိုး နှင့် ပြောင်းလဲမှုများကိုမူ တိတိကျကျ ဆုံးဖြတ်နိုင်ပေသည်။
ဇိုလာ အနည်းငယ် အံ့အားသင့်သွားပြီး သူ၏မျက်လုံးထဲ၌ နားလည်သော အမူအရာ လက်ခနဲ ဖြစ်သွားသည်။ သူ၏အောင်မြင်မှုများအရ ဇိုလာသည် ထို မှော်စာ၁၄ခုကို တိတိကျကျ မြင်နိုင်သည်။ ထိုပြောင်းလဲမှုများမှာ တိကျသည်ဟု ပြော၍ရသည်။ ဒီ “ရစ်ချတ်”က ဒီအပိုင်းမှာလည်း ပါရမီ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ သူက မှော်စက်ဝိုင်း၊ နဂါးထွင်းစာ နဲ့ ယန္တရားပညာ အသိပညာတွေလည်း ရှိသေးတယ်။ သူ့ကို ဘက်စုံထူးချွန်တယ်လို့တောင် ပြောလို့ရနိုင်တယ်။
“မစ်”
“အိုး....”
“ခင်ဗျား ...... ”
“ဟမ်”။ မစ်-နတ်မိမယ်နဂါးက အကျင့်အတိုင်း ငေးကြောင်သော အမူအရာ ပြုလုပ်လိုက်သည်။ ထို့နောက် မသက်ဆိုင်သော အဖြေတစ်ခု ပေးသည်။ “ငါ နည်နည်း ဗိုက်ဆာနေပြီ။”
“........”
“.....”
စပြီ။ သူ လုပ်ပြန်ပြီ။ ဟန်ဆောင်ငေးတာ။ ရူးဟန်ဆောင်တာ။ စိတ်နှလုံး မကောင်းတာ........
ထို့နောက် စားဖိုမှူး၊ တောက်တိုမည်ရ နှင့် စမ်းသပ်ပစ္စည်းတို့၏ ဘဝများ စတင်တော့သည်.....
ရှေးမှော်စာကျောက်ပြားနှစ်ခု နှင့် ချန်လွေ့၏ အားကောင်းသော သင်ယူခြင်း ပါရမီတို့ကြောင့် ဖြစ်ပေမည်။ ချန်လွေ့အပေါ် ဇိုလာ၏ ဆက်ဆံပုံ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထိုပြောင်းလဲမှုကို အဓိကအားဖြင့် ဇိုလာ၏ ပိုမိုသတိထားပြီး ကြံ့ကြံ့ခံသော စမ်းသပ်မှုများ၌ မြင်နိုင်ပေသည်။ သူသည် ကျေနပ်လောက်သော အဖြေ မရမချင်း ဘယ်တော့မှ မနားပေ။ ဒီကြိုးစားတဲ့ လက်ထောက်က သေချာပေါက် ငါ့ရဲ့ သုတေသန စိတ်ဝိညာဉ်ကြောင့် ရင်ထဲထိသွားမယ်ဆိုတာ ငါယုံကြည်တယ်။
အမှန်တကယ်၌ ကြိုးစားသော လက်ထောက်သည် အကြိမ်တိုင်း မျက်ရည် ကျလုမတတ် ဖြစ်နေခဲ့သည်။ သူ ရင်ထဲသိသွား၍ မျက်ရည်ကျခြင်း မဟုတ်ဘဲ စမ်းသပ်ချက်အချို့၏ နှိပ်စက်ခြင်းတို့ကြောင့်သာ ဖြစ်သည်။ မစ်-နတ်မိမယ်နဂါး၏ စမ်းသပ်ချက်များမှာ အရောင်စုံပြီး တောက်ပလွန်းလှသည်။ ၎င်းသည် လျို့ဝှက် အကျဉ်းထောင်ထက် အဆတစ်ရာ ပိုမိုလှပသည်။ သို့သော် အန္တရာယ်ချင်းယှဉ်လျှင် လျို့ဝှက်အကျဉ်းထောင်မှ အပန်းဖြေရာနေရာတစ်ခုသာ ဖြစ်ပေသည်။
လျို့ဝှက်အကျဉ်းထောင်နဲ့ပတ်သက်၍ ချန်လွေ့၏ သိုလှောင်လက်စွပ်ကို ခိုးယူသွားခဲ့သော ထောင်ကြပ် ခါဘန်းသည် နန်းတော်အစည်းအဝေးအကြောင်း သိပြီးနောက် နန်းတော်သို့ အပြေးသွားခဲ့သည်။ သူသည် နန်းတော်အပြင်မှနေ၍ အထဲဝင်သွားခဲ့သော အကြီးတန်း အတိုင်ပင်ခံကို စောင့်ဆိုင်းနေသည်။ သူသည် ချန်လွေ့ထံသို့ သိုလှောင်လက်စွပ်အား သေသေချာချာ ပြန်ပေးခဲ့သည်။
အမှန်တကယ်၌ ထိုလက်စွပ်ထဲမှ ရတနာများသည် အခြားသူများကို လိမ်ညာရန် အတွက်သာဖြစ်သည်။ တန်ဖိုး သိပ်ပြီး မကြီးလှပေ။ မူလက ၎င်းသည် လူဝကြီးအတွက် ကြီးမားလှသော ဝင်ငွေတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ထိုအကျဉ်းသားက လင်ကွန်မိသားစုနှင့် စစ်ဘက်ဆိုင်ရာဝန်ကြီးကို အနိုင်ယူခဲ့ကြောင်း သိပြီးသည့်အခါ လူဝကြီး သိမ့်သိမ့်တုန်သွားပြီး သူ၏စိတ်ထဲရှိ အကြောက်တရားသည် အဆုံးစွန်အထိ ရောက်ရှိသွားသည်။ သူချက်ချင်းပင် လက်စွပ်ကို နဂိုအတိုင်း ပြန်ပေးခဲ့သည်။ သူသည် ထိုထဲ၌ လက်ဆောက်အများအပြားကိုပင် ထပ်ထည့်ပေးခဲ့သေးသည်။
“ဒါက.....” ချန်လွေ့က လက်စွပ်ကို စစ်ဆေးလိုက်ပြီးနောက် မျက်မှောင်ကြုတ် သွားသည်။ ၎င်းသည် လူဝကြီးကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ထို့နောက်တွင် အတိုင်ပင်ခံက ခေါင်းခါလိုက်၏။ “ထားပါတော့။ ဒါက ခင်ဗျားရဲ့ ဆုလာဒ်လို့ ကျုပ် အရင်က ပြောခဲ့ပါတယ်။ အလုပ်ကြိုးစားပါ။ ကျုပ် ခင်ဗျားကို အကောင်းမြင်တယ်။”
ထိုသို့ပြောပြီးနောက် အတိုင်ပင်ခံ ထွက်သွားခဲ့သည်။ လူဝကြီးက နေရာတွင်ပင် ကြက်သေသေသွားသည်။ ၎င်းကို ချန်လွေ့ပြောလိုက်သည့်အခါ လူအများ ကြားသွားသည့် အတွက် ခါဘန်း ငိုလုမတတ် ဖြစ်သွားခဲ့သည်။ အများစုမှာ မိသားစုအသီးသီးမှ အရေးကြီးသူများ ဖြစ်ကြပြီး “ချာလီစ်”ကို ဖိတ်ကြားရန် စောင့်နေကြသူများ ဖြစ်ကြသည်။ ထိုလူများက တပြိုင်နက်တည်း အံ့အားသင့် သွားကြသည်။ “ချာလီစ်” က ဒါကြောင့် အကျဉ်းခန်း၁၃ကို ဖောက်နိုင်ခဲ့တာကိုး။ သူက လူဝကြီးကို လာဘ်ထိုးခဲ့တာပဲ။
၎င်းသည် ကောင်းချီးဖြစ်စေ၊ ကျိန်စာဖြစ်စေ၊ လူဝကြီးသည် ထိုစကားကြောင်း ဝဲဂယက်ထဲ ကျသွားပြီဖြစ်သည်။ ကမ်းစပ်သို့ သူ အသက်ရှင်လျက် ပြန်လာနိုင်လျှင်ပင် အဆီတန်နှင့်ချီ ဆုံးရှုံးသွားပေမည်။
နောက်နေ့ရက်များ၌ ချန်လွေ့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် မိန်းမလှ တစ်ယောက်၏ “ဖျက်ဆီးခြင်း”ကို ခံစားနေရသည်။ နောက်ဆုံးတွင် သူသည် ရှေးမှော်စာများနှင့် ထိတွေ့ခွင့် ရရှိသွားသည်။
ဇိုလာတွင် တူညီသော ကျောက်ပြား ၁၂ခု ရှိနေသေးသည်။ ချန်လွေ့မှ ၂ခုနှင့် ပေါင်းလိုက်သည့်အခါ စုစုပေါင်း ၁၄ပြား ဖြစ်သွားသည်။ ဇိုလာ ပြောသည့်အတိုင်းဆိုလျှင် ထိုကျောက်ပြားများမှာ ရှေးနှစ်ပေါင်းများစွာက အပျက်အစီးတစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း ၁၈ပြားရှိသည်။ နောက်ပိုင်းတွင် ၆ပြားကို ရန်သူက လူယူသွားခဲ့သည်။
ရှေးမှော်စာများကို အလွန်လျို့ဝှက်ဆန်းကြယ်သော နတ်ဘုရား ဘာသာစကားဟု ခေါ်ကြသည်။ ၎င်းမှ နတ်ဘုရားများ၏ လျို့ဝှက်ဆန်းကြယ်မှု အရိပ်အမြွက်ကို ရရှိနိုင်သည်ဟု ပြောကြသည်။သို့သော်လည်း ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု ပြီးနောက်တွင် နတ်ဘုရားများသည် ရုတ်တရက်ပင် အစအနမကျန်ဘဲ ပျောက်ကွယ် သွားခဲ့သည်။ ထို့နောက်တွင် မည်သည့်နတ်ဘုရား အရိပ်အယောင်ကိုမျှ မတွေ့ရတော့ပေ။ ထိုတိုက်ပွဲ၏ အစိတ်အပိုင်းတစ်ခုကို သမိုင်းမှတ်တမ်းများ၌ မြင်တွေ့နိုင်ပေသည်။ အချို့က ၎င်းကို “နတ်ဘုရားတို့ နေဝင်ချိန်”ဟု ခေါ်ကြသည်။
နတ်ဘုရားများသည် ထာဝရသက်တမ်း ရှိကြသည်။ နှစ်ပေါင်း ထောင်သောင်းသည် နတ်ဘုရားများ တစ်ခါအိပ်စာသာ ရှိသည်။ ထို့ကြောင့် ယုံကြည်သူများက ယုံကြည်နေကြသေးသည်။ ရိုမန်သည်ပင် သူ၏မန္တရား “နတ်ဆိုးဘုရားသခင်”ကို ခဏခဏ ပြောလေ့ရှိသည်။ သူ၏ယုံကြည်မှုက အကောင်းလား၊ အဆိုးလား ဆိုသည်မှာ မသေချာပေ။
ကျောက်ပြားတစ်ခုစီတိုင်းက ချန်လွေ့သဘောပေါက်သည့် တရုတ်အက္ခရာများ၏ အခြေခံ စုတ်ချက်များကဲ့သို့ အလားတူသည်။ ၎င်းတို့သည် အမျိုးမျိုးသာ “စာသားများ” ဖြစ်ပေါ်စေရန်အတွက် “အခြေခံ”အမြောက်အမြားမှ ဆင်းသက်လာသည်။ စာသား နာလည်ခြင်းသည် ပထမဆုံး အဆင့်သာ ဖြစ်သည်။ စကားလုံး၊ စကားစု၊ စာကြောင်းနှင့် အသေးစိတ် အသုံးချခြင်းတို့လည်း ရှိနေသေးသည်။ ၎င်းတို့သည် ရှုပ်ထွေးပြီး နက်နဲလှ၏။ အတွင်းနက်ရှိုင်းမှုကိုသာ သူ အမှန်တကယ် ကျွမ်းကျင်သွားမည်ဆိုရင် နတ်ဘုရားတစ်ပိုင်း နယ်ပယ်၏ လျို့ဝှက်ဆန်းကြယ်မှု အရိပ်အမြွက်ကို ရရှိနိုင်ပေသည်။
ပါ့ဂ်လီအိုက ဇိုလာအား ရှေးမှော်စာ၌ နတ်ဆိုးဘုံတွင် ထိပ်တန်းဖြစ်ကြောင်း ချီးမွမ်းခဲ့သည်။ သူသည် ထိုလမ်းကြောင်းကို နှစ်ပေါင်းထောင်နှင့်ချီ လေ့လာခဲ့သည်။ သို့သော်လည်း သူ၏ စကားများအရ သူသည် အခြေခံအကျဆုံး အရာများကိုသာ ကျွမ်းကျင်သေးသည်။ အကယ်၍ သူသာ ကျောက်ပြားအားလုံးကို ရရှိမည်ဆိုလျှင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပေမည်။
ချန်လွေ့သည် ကျောက်ပြားအားလုံးကို ချက်ချင်း မထုတ်ပေးရဲပေ။ ပထမဦးစွာ ဇာတ်လမ်းသည် ပြီးပြည့်စုံနေပြီဖြစ်သည်။ သူ အလောတကြီး စကားပြောင်းလိုက်လျှင် သံသယဝင်လာနိုင်သည်။ ဒုတိယအနေဖြင့် ဇိုလာသည် မိမိအား မလိုတော့သည့်အတွက် မိမိကို ရှင်းပစ်လိမ့်မည်ကို ချန်လွေ့ စိုးရိမ်သည်။ မစ်-နတ်မိမယ်နဂါး၏ အပျက်သဘော ပေါင်းစပ်မှုမှာ ထင်ရှားပေသည်။ ထို့ပြင် သူသည် ပါ့ဂ်လီအို၏ ရန်သူ ဖြစ်သည်။ ချန်လွေ့ သူ့ကို ပိုမိုအစွမ်းထက်အောင် ပြုလုပ်ခဲ့လျှင် အနာဂတ်၌ ပါ့ဂ်လီအိုအတွက် အန္တရာယ် ရှိနိုင်ပေသည်။
လက်ရှိ၌ ဇိုလာနောက်လိုက်ပြီး လက်ကျန်ကျောက်ပြားများ၏ အသိပညာကို လေ့လာခြင်းသည်က သူ့အတွက် ပိုကောင်းပေသည်။ အဆင့်တစ်ခုအထိ တတ်ကျွမ်းပြီး နောက်တွင် သူသည် နောက်ဆုံး ကျောက်ပြား၄ခုကို ကိုယ်တိုင် နားလည်သဘောပေါက် နိုင်ပေသည်။
ဇိုလာသည် အချိန်အများစုကို ပျောက်ဆုံးသွားပြီး ပြန်ရရှိထားသော ကျောက်ပြား နှစ်ခုအပေါ် သုတေသန ပြုလုပ်ခြင်းဖြင့် မြှုပ်နှံထားခဲ့သည်။ သူ သိပ်ပြီး သံသယ မဝင်ခဲ့ပေ။ ကျောက်ပြားနှစ်ခုသာ ဖြစ်သော်လည်း ၎င်းတို့ထံမှ “အခြေခံ” အခု ၁၀၀၀နီးပါး ဆင့်ကဲပြောင်းလဲလာခဲ့သည်။ ၎င်းတို့သည် ကျောက်ပြား၁၂နှင့် ဆက်စပ်နိုင်ပြီး မရေမတွက်နိုင်သော စာသားများကို ဖြစ်လာစေသည်။ ၎င်းကို အလွန်အတင်း ရှုပ်ထွေးသည် ဟူ၍သာ ဖော်ပြ၍ ရနိုင်တော့သည်။
လက်ထောက်တစ်ယောက်အနေဖြင့် ချန်လွေ့သည် ရှေးမှော်စာ အသိပညာ အများအပြားကို လေ့လာခဲ့ရသည်။ [အထူးစိစစ်မှု]က ကဏ္ဍအပြည့်အဝ၌ ပါဝင်ခဲ့သည်။ မမှတ်မိနိုင်လုနီးပါးဖြစ်သော ပြောင်းလဲမှုများနှင့် ပေါင်းစပ်မှုများသည် [အထူးစိစစ်မှု]၏ အစွမ်းထက် လုပ်ဆောင်ချက်များအောက်တွင် မမေ့နိုင်သော အမှတ်အသားများ ဖြစ်သွားကြပြီး ချန်လွေ့၏ စိတ်ထဲ၌ စွဲထင်သွားခဲ့သည်။ ရှေးမှော်စာများနှင့် သူပို၍ ထိတွေ့လေလေ၊ ခမ်းနားပြီး အဆုံးမဲ့သော လျို့ဝှက်ဆန်းကြယ်မှုကို သူ ခံစားမိလေလေပင် ဖြစ်သည်။ ၎င်းတို့တွင် လောကထဲမှ အရာအားလုံး ရှိနေသကဲ့သို့ပင် ဖြစ်နေသည်။
နဂါးထွင်းစာနှင့် မှော်စက်ဝိုင်များအပေါ် နားလည်သဘောပေါက်မှုက သူ့ကို တောင်ထပ်ပေါ်၌ ရပ်နေနိုင်စေသည်ဆိုလျှင် ယခုတွင် သူသည် အာကာသနက်ထဲသို့ ရောက်နေပြီး ဂြိုလ်တစ်ခုလုံးကိုပင် မြင်နေရသည်။ ဂြိုလ်အပြင်ဘက်၌ နေအဖွဲ့အစည်းတစ်ခု၊ ဂြိုလ်များနှင့် အဆုံးမဲ့စကြဝဠာပင် ရှိသည်။ လျို့ဝှက်ဆန်းကြယ်မှုမှာ အဆုံးမဲ့ပင် ဖြစ်လေသည်။
ချန်လွေ့သည် ရံဖန်ရံခါ ဉာဏ်ပညာအနည်းငယ် ပြသသော်လည်း ၎င်းသည် ဇိုလာကို အံ့အားသင့် သွားစေနိုင်သည်။ အထူးသဖြင့် သူ၏ တိကျသော တွက်ချက်မှုများနှင့် ခွဲခြမ်းစိတ်ဖြာသော စွမ်းရည်များကြောင့် ဖြစ်သည်။ မစ်-နတ်မိမယ်နဂါးသည် ထိုလက်ထောက်၏ စွမ်းကို ပို၍ပို၍ မှီခိုရန် လိုအပ်လာခဲ့သည်။
ထိုအချိန်၌ ချန်လွေ့သည် အခွင့်ကောင်းယူပြီး ပါ့ဂ်လီအို၏ မှော်စာထဲရှိ ပြောင်းလဲမှုများအတိုင်း ပြုလုပ်ထားသော ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ၎င်းသည် ကုန်စည်ပြပွဲတစ်ခု၌ မတော်တဆ ရရှိခဲ့သော ပစ္စည်းတစ်ခု ဖြစ်သည်ဟု သူပြောလိုက်သည်။ ၎င်းကို မူလက သူ နားမလည်ခဲ့ပေ။ ယခု ရှေးမှော်စာများကို လေ့လာပြီးသည့်အခါ ၎င်းနှင့် ဆက်နွှယ်နေနိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။
ဇိုလာ ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။ ၎င်းမှာ ချိပ်ပိတ် တစ်ခုခုဖြစ်ကြောင်း သူ အလျင်အမြန် သဘောပေါက်လိုက်သည်။ ၎င်းတွင် စာသားများနှင့် စကားစုများစွာ ပါဝင်နေပြီး သူ၏ လက်ရှိအဆင့်ဖြင့် နားမလည်နိုင်ပေ။ ၎င်းမှာ အလွန်ရှုပ်ထွေးလှသည်။ သို့သော် သူ လက်မလျှော့ခဲ့ဘဲ စိတ်ပါလက်ပါ စမ်းသပ်ပြီး သုတေသန ပြုလုပ်တော့သည်။
လက်ထောက်ဖြစ်သော ချန်လွေ့ကလည်း ယခုတစ်ခေါက် သုတေသန ပြီးမြောက်ရန်အတွက် စိတ်ရင်းနှင့် ကူညီပေးတော့သည်။ ထိုချိပ်ပိတ်ကို သူ ဖျက်နိုင်လျှင် ပါ့ဂ်လီအိုသည် အချုပ်အနှောင်များကို လုံးဝဖယ်ရှားပြီး သူ၏ အစွမ်းထက်ဆုံးပုံစံ ဖြစ်သော နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ပြန်လည်ရောက်ရှိသွားပေမည်။ ထိုစွမ်းအားမှာ ယုတ်စွအဆုံး သလင်းကျောက်နဂါး ယာကော့ဗ်၏ အဆင့် ဖြစ်သည်။
အမှောင်လ အခြေအနေကို မစဉ်းစားသည့်တိုင် အဆိပ်နဂါး ကိုယ်တိုင်အတွက် ကြီးမားလှသာ အံ့အားသင့်စရာတစ်ခုပင် ဖြစ်သည်။
ချန်လွေ့ကို ပို၍အံ့အားသင့်စေသည်မှာ ဇိုလာသည် အချိန်အများစု၌ ရှေးမှော်စာများ၏ စမ်းသပ်ခံပစ္စည်း ဖြစ်နေခြင်းပင်။ ဥပမာပြောရလျှင် ယခုတွင် သူသည် ကျောက်တိုင်၇ခု ကြားတွင် ရှိနေပြီး တစ်ခုစီတွင် မှော်စာသားများ အဆက်မပြတ် ပြောင်းလဲနေ၏။ ထိုစမ်းသပ်မှုမှာ ပါ့ဂ်လီအို၏ ချိပ်ပိတ်ထဲရှိ မရှင်းလင်းသော စာကြောင်းတစ်ခုကို သရုပ်ဖော်ခြင်း ဖြစ်သည်။ကျောက်တိုင်များ၊ မှော်စက်ဝိုင်းများနှင့် အခြားအပြင်အဆင်များ အပါအဝင် စမ်းသပ်ခန်း တစ်ခုလုံးသည် ရှေးမှော်စာ လေ့လာရန်အတွက် နှစ်ပေါင်းများစွာအကြာက ဇိုလာပြုလုပ်ထားခဲ့သော အထူးထုတ်ကုန်များ ဖြစ်ကြသည်။ ၎င်းသည် ထိုလျို့ဝှက်ဆန်းကြယ်သော မှော်စာများ၏ သက်ရောက်မှုကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ အတုခိုးပြီး ဖမ်းယူနိုင်ပေသည်။
ကျောက်တိုင်၇ခု မှိန်ပျပျ အရောင်တောက်လာ၏။ ဇိုလာသည် ဘောပင်ကိုင်ထားပြီး ခံစားချက်ကို အရသာခံကာ ပြောင်းလဲမှုများကို မှတ်နေသည်။
ပြောရမည်ဆိုလျှင် နတ်မိမယ်နဂါးသည် အမှန်တကယ်ပင် သုတေသန ပညာရှင်ကောင်းတစ်ယောက် ဖြစ်သည်။ သူသည် စမ်းသပ်မှုများကို ကိုယ်တိုင် ပြုလုပ်ရန်အတွက် မတွန့်ဆုတ်နေပေ။ သူက တခြားလောကမှာ ငါသိခဲ့တဲ့ ခမ်းနားကြီးကျယ်တဲ့ သိပ္ပံပညာရှင်တွေလိုမျိုးပဲ။
သို့သော်လည်း အယူသီးမှုကို အသင့်အတင့် လျှော့ချလိုက်လျှင် ကိုယ်ကျင့်တရား တန်ဖိုး အနည်းငယ် တိုးမြင့်သွားနိုင်ပြီး အတုအယောင် ငေးငိုင်ခြင်းများလည်း အနည်းငယ် အားနည်းသွားနိုင်သည်.......
ဒါပေမဲ့ ဒါက ဇိုလာရော ဟုတ်သေးရဲ့လား။
၎င်းကို သူစဉ်းစားနေစဉ် ကျောက်တိုင်ပေါ်မှ သင်္တေများ အလျင်အမြန် စတင်ခုန်ပေါက်လာသည်။ ၎င်းသည် စိတ်မသက်သာစေသော အလင်းရောင်တစ်မျိုး လင်းလက်လာပြီး တုန်ခါမှု ပို၍ပြင်းထတ်လာသည်။ အလင်းရောင်လည်း ချက်ချင်းပင် အလွန်အမင်း ပြင်းထန်သွားခဲ့သည်။
“အိုး..သွားပြီ။” ချန်လွေ့ ထိတ်လန့်သွားပြီး စမ်းသပ်ချက်ကို အတင်းရပ်တန့်ရန် ပြင်လိုက်သည်။
“မရပ်လိုက်နဲ့။” နတ်မိမယ်နဂါး အော်ပြောသည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်၌ ချက်ချင်းပင် မှော်ဒိုင်းကာတစ်ခု ထွက်ပေါ်လာသည်။
နတ်မိမယ်နဂါး၏ မှော်ဒိုင်းကာကို နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံး ခုခံရေးမှော်ဟု သတ်မှတ်၍ရသည်။ သို့သော် ပြင်းထန်သော အလင်းသည် ထူးဆန်းသော ဥပဒေသ တစ်ခု သယ်ဆောင်လာပုံရသည်။ မှော်ဒိုင်းကာ၏ ဒြပ်စင်စွမ်းအားများ အလျင်အမြန် စုပ်ယူ ခံလိုက်ရပြီး ပျက်စီးသွားခဲ့သည်။ နတ်မိမယ်နဂါး နောက်ထပ်မှော်ပညာ မသုံးနိုင်ခင်မှာပင် အလင်းရောင်က သူ့ကို လုံးဝ ဝါးမျိုလိုက်သည်။
ချန်လွေ့က စမ်းသပ်ချက်ကို အတင်းရပ်တန့်တော့မည့်အချိန်၌ အလယ်မှ နတ်မိမယ်နဂါး ပျောက်ဆုံးသွားသည်။
ချန်လွေ့ ထိတ်လန့်သွားသည်။ ခုနက နေရာလွတ် မှော်ပညာလား။ ဇိုလာက တခြားနေရာလွတ်တစ်ခုကို အပို့ခံလိုက်ရတာလား။ ဒါမှမဟုတ် သူ လောကကူးပြောင်း သွားတာလား။
၎င်းသည် အောင်ပွဲခံသင့်သည့်အရာ ဖြစ်သည်။ သို့သော်လည်း ပြဿနာမှာ ၎င်းသည် ပါ့ဂ်လီအို၏ ချိပ်ပိတ်ကို ဖယ်ရှားရန်အတွက် အရေးကြီးသော သုတေသန ကာလ ဖြစ်နေ၏။ တကယ်လို့ နတ်မိမယ်နဂါးက ဒီနည်းအတိုင်း အချိန်-နေရာလွတ်ကြောင့် တယ်လီပို့ခံလိုက်ရရင် ငါ့ရဲ့အရင်နာကျင်မှုတွေက အလကား မဖြစ်သွားဘူးလား။
ချန်လွေ့ ခပ်မြန်မြန် စဉ်းစားပြီး သက်တန့်တောင်ကြား၌ စတင်ရှာဖွေတော့သည်။ သူသည် တောင်ကုန်းတစ်ခုပေါ်၌ ဇိုလာ သတိလစ်နေသည်ကို တွေ့လိုက်ရသည်။
အနည်းငယ် ဆိုးဝါးသော အရာတစ်ခုမှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဂါဝန်ရှည် စုတ်ပြဲသွားခြင်း ဖြစ်သည်။ သူ၏ပုခုံးများသာမက ရင်သားအများစုပင် ပေါ်နေသည်။ သူ လဲနေသော်လည်း ဆွဲဆောင်မှုရှိသော အဖြူရောင်ကောင်ကြောင်းနှင့် .... အနည်းငယ် ပန်းရောင်သမ်းနေသောအဖူးလေးကိုပင် ချန်လွေ့ သေသေချာချာ မြင်တွေ့ခဲ့ရသည်။
မဟုတ်ဘူး။ ဒီဖြစ်ရပ်က လုံးဝကို သိပ္ပံနည်းမကျဘူး။