← Chapters

အဆိပ်ရှိသော မိစ္ဆာထောင်ခြောက်ပန်း။ အလိမ်ပေါ်သွားခြင်း

Vol. 25 Ch. 368

အဆိပ်ရှိသော မိစ္ဆာထောင်ခြောက်ပန်း။ အလိမ်ပေါ်သွားခြင်း

Vol. 25 Ch. 368

ချန်လွေ့က အိုဆိုင်ဒန်ကို နှုတ်ဆက်ပြီး လှည်းပေါ်သို့ အစ်ဇဘယ်လာနှင့်အတူ လိုက်သွားသည်။ ထို့နောက် မြို့တော်ပန်းပွင့်၏ နေအိမ်သို့ ရောက်လာသည်။

ယခင်ကနှင့်ယှဉ်လျှင် အစ်ဇဘယ်လာသည် အတော်လေး စိတ်အားထက်သန်နေပုံ ရသည်။ သူက ချန်လွေ့၏လက်ကိုကိုင်ပြီး အိမ်ထဲသို့ ဝင်လာသည်။ ၎င်းသည် ယခင်ကဲ့သို့ လူသိရှင်ကြား ရင်းနှီးမှုပုံစံမျိုး ဖြစ်သည်။ ချန်လွေ့ကို နှောင့်ယှက်ရဲသော လော်ဒန်ကဲ့သို့ မိုက်မဲသော ကောင်လေးများ မရှိပေ။ အကြီးအကဲမိသားစုများ အပါအဝင် မိသားစုများ အတွက် “ချာလီစ်”သည် ရန်မစသင့်သော လူစာရင်းထဲ၌ ပါဝင်နေသည်။

“ရှင် နေ့လယ်စာ မစားရသေးဘူးပဲ။” ချန်လွေ့ကို အစ်ဇဘယ်လာက ထိုင်ခံ ယူပေးလိုက်သည်။ “ရှင် အကြိုက်ဆုံး စပျစ်ဝိုင်နဲ့ အသားကင်ကို ကျွန်မ ပြင်ခိုင်းလိုက်မယ်။ ခဏထိုင်ပြီး စားလိုက်ပါဦး။”

“မစ်-အစ်ဇဘယ်လာ။” ချန်လွေ့က ထိုအပြုအမူကြောင့် ထူးထူးကဲကဲ ဖြစ်သွား၏။ “ကျုပ်....ကျုပ် အိပ်မက်မက်နေတာ မဟုတ်ဘူးမလား။ အရင်တစ်ခေါက်က ခင်ဗျား ကျုပ်ကို တွေ့တောင် မတွေ့ချင်ဘူး....”

“အရင်တစ်ခေါက်က အစကနေ ပြန်စမယ်လို့ ရှင်ပြောခဲ့တယ်လေ။” အစ်ဇဘယ်လာ ပြန်ဖြေသည်။ ရုတ်တရက် သူ လက်လွှတ်ပြီး ချန်လွေ့အား ခါးသက်သက် အပြုံးနှင့် ကြည့်သည်။ “ဆာ-ချာလီစ်က ကျွန်မကို ဒီအခွင့်အရေး ပေးနိုင်မလား။”

ချန်လွေ့က အစ်ဇဘယ်လာ၏ အနည်းငယ် ပိန်းပါးနေသော မျက်နှာကို ကြည့်သည်။ ချန်လွေ့သည် ယခင်တစ်ခေါက် ရှီရာကို တွေ့ခဲ့စဉ်က မြင်ကွင်းများကို ပြန်တွေးလိုက်မိပြီး သက်ပြင်းချလိုက်သည်။ “မင်း ပိန်သွားလိုက်တာ။”

ထိုစကားတွင် ချစ်ခင်စိတ်နှင့် သနားစိတ်များ ပါဝင်နေ၏။ အစ်ဇဘယ်လာ၏ မျက်လုံးများ တုန်ခါသွားသည်။ သူက ၎င်းကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်သည်။ ထို့နောက် မျက်နှာကို ကိုင်ကြည့်သည်။ “ရုပ်ဆိုးနေတာလား။”

“အဲဒီအသုံးက မင်းနဲ့ဘယ်တော့မှ မသင့်တော်ဘူး။ ကိုယ့်ရင်ထဲမှာ ကိုယ့်မိန်းမ ရှိနေသေးတယ်ဆိုတာကို ငြင်းလို့မရပေမဲ့ မင်းက အမြဲတမ်း အလှဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး ပန်းတစ်ပွင့်ပဲ။ ကိုယ်က သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်လား။”

“ရှင်က လူလိမ်ပဲ။” အစ်ဇဘယ်လာက နှုတ်ခမ်းကိုက်ကာ ပြောသည်။ “ရှင့်မှာ မိန်းမ တစ်ယောက် ရှိတယ်။ ဒါပေမဲ့ ရှင်က အပြင်မှာ တခြား မိန်းမတွေရဲ့ နှလုံးသားကို ခိုးယူနေသေးတယ်။ ဒါပေမဲ့ ရှင်ကလည်း ငတုံးတစ်ယောက်ပဲ။ ရည်မွန်ချင်တဲ့ မိန်းမ တစ်ယောက်အရှေ့မှာ တခြားမိန်းမတစ်ယောက် အကြောင်း ပြောနေတယ်။ မိန်းမတွေက သဝန်တိုတတ်ကြတယ်ဆိုတာ ရှင် မသိဘူးလား။”

သဝန်တိုတာလား......။ ဒါက နတ်ဆိုးဘုံက ဆရာသခင်တစ်ယောက်ရဲ့ ဇာတ်လမ်းလား။ ဖန်ရွှမ်လင် လူစီဖာ လား။ ချန်လွေ့၏အတွေးများ လျှောက်သွားနေသော်လည်း သူက စိတ်ပျက်လက်ပျက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။

“ဒါပေမဲ့ အဲဒီလူမှာ မိန်းမရှိတယ်ဆိုတာ သိ‌ပေမဲ့၊ လောကခြားနေမှန်း သိပေမဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့ မိန်းမတစ်ယောက် ရှိနေတယ်။” အစ်ဇဘယ်လာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဂါဝန်ကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါနေပြီး ခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားနေပုံရသည်။

နတ်ဆိုးဘုံ၌ အော်စကာဆု ရှိမည်ဆိုလျှင် ထိုမိန်းမသည် ပထမဆုရရှိရန် ပထမ ဦးစား‌ပေး ဖြစ်မည်မှာ သေချာသည်။ ထိုကဲ့သို့ သရုပ်ဆောင်ခြင်းသည် အစစ်အမှန်နီးပါး ဖြစ်နေပြီဖြစ်သည်။ ချန်လွေ့က စိတ်ထဲ၌ အစ်ဇဘယ်လာကို ချီးမွမ်းလိုက်သည်။ သူလည်း ပူးပေါင်းလိုက်ပြီး အစ်ဇဘယ်လာ၏လက်အား “ခံစားချက်များဖြင့်” ဆုပ်ကိုင်သည်။ “မစ်-အစ်ဇဘယ်လာ”

“မလှုပ်နဲ့။” အစ်ဇဘယ်လာ ထိုသို့ပြောရင်း ချန်လွေ့၏လက်ကိုဖယ်ကာ ချန်လွေ့ ပုခုံးအပေါ် သူ့ခေါင်းကို အသာလေး တင်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်ရာ မျက်ရည်တစ်စက်သည် ဆိုဖာပေါ်သို့ ကျလာပြီးနောက် ချန်လွေ့၏လက်ပေါ်သို့ ကျရောက်သွားသည်။

အချိန်အတော်ကြာပြီးနောက် အစ်ဇဘယ်လာ၏ အနည်းငယ် နီမြန်းပြီး‌ ဖောင်းတင်းနေသော မျက်လုံးများ ပွင့်လာသည်။

“ချာလီစ်။ ကျွန်မ ပင်ပန်းနေပြီ။”

“ကျွန်မက တော်တော်လေး ရည်မှန်းချက်ကြီးတဲ့ မိန်းမပဲ။”

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်မက မိန်းမတစ်ယောက်ပါပဲ။”

ပြတ်တောင်းပြတ်တောင်း စကားသုံးခွန်း ထွက်ပေါ်လာသည်။ ၎င်းမှာ ရုတ်တရက် ဖြစ်သွားဟန်တူသည်။

ချန်လွေ့သည် စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုမိန်းမ၏ ခံစားချက်မှာ အမှန်လား၊ ဟန်ဆောင်နေခြင်းလား ဆိုသည်ကို ချန်လွေ့ မပြောနိုင်တော့ပေ။

တကယ့်ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်မယ်....။ သရုပ်ဆောင်ဖို့ တော်တော်လေး အာရုံစိုက်ထားရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သရုပ်ဆောင်တာက သရုပ်ဆောင်တာပဲ။ တကယ် မဟုတ်ဘူး။

“မစ်-အစ်ဇဘယ်လာ.....”

“ကျွန်မကို ရင်းနီလို့ပဲ ခေါ်ပါ....” အစ်ဇဘယ်လာက တစ်ခုခုကို စိတ်ပိုင်းဖြတ် လိုက်သကဲ့သို့ပင် ခေါင်းကို အသာလေး မော့လိုက်ပြီး ချန်လွေ့နားသို့ တဖြည်းဖြည်း ရွေ့လာသည်။ သူ၏ နီမြန်းနေသော အပြာရောင်မျက်လုံးများ အနည်းငယ် ဝေဝါးသွား၏။

အသီနာ၊ ခီရာ နှင့် ရှီရာတို့သာဆိုလျှင် ချန်လွေ့သည် ချက်ချင်းပင် နမ်းလိုက်မည် ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အစ်ဇဘယ်လာ ဖြစ်နေသည်။ ပန်းရနံ့များ တဖြည်းဖြည်း ကပ်လာရင်း ချန်လွေ့၏ ရင်ဘတ်ထဲ၌ အနည်းငယ် လှုပ်ရွလာသည်။ ထို့နောက် အစ်ဇဘယ်လာ၏ ခရမ်းပြာနုရောင် နှုတ်ခမ်းများ ချန်လွေ့၏ ပါးစပ်ကို ထိသွားသည်။

ထားလိုက်တော့။ ငါအဆုံးအထိ သရုပ်ဆောင်လိုက်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ အချိန် ၃ရက်ရှိသေးတယ်။ ဒါက ငါ့ရဲ့ ပထမဆုံး အနမ်းလည်း မဟုတ်ဘူး။ ငါ့မှာ အရှုံးမရှိပါဘူးလေ။

သူတို့၏နှုတ်ခမ်းများ ထိသွားသည့်အခါ၌ ဦးဆောင်ခဲ့သော အစ်ဇဘယ်လာ အနည်းငယ် တုန်ခါသွားပုံရသည်။ ထို့နောက် သူသည် ချန်လွေ့၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်။

၎င်းသည် ပေါ့‌ပေါ့ပါးပါးနှင့် စတင်သည်။ ထို့နောက် သူတို့၏လျှာများ လှိမ်ယှက်သွားသည်။ အစ်ဇဘယ်လာ၏ နမ်းရှိုက်ခြင်းသည် ထင်ထားသည်ထက် ပို၍ ကျွမ်းကျင်မှုမရှိကြောင်း သိရှိသွားသည့်အခါ ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ ကြည့်ရတာ သူက အတွေ့အကြုံ နည်းနည်းပဲ ရှိတာထင်တယ်။ မဟုတ်သေးပါဘူး။ သူက နာမည်ကြီး လူမှုရေး ပန်းပွင့်တစ်ပွင့် မဟုတ်လား။

ဖက်နေသော လူနှစ်ယောက်၏ အသက်ရှူသံများ တဖြည်းဖြည်း ပြင်းထန်လာ၏။ ချန်လွေ့သည် ရင်ဘတ်ကိုဖိနေသော အလုံးကြီးနှစ်လုံးကို ခံစားမိနေပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ထိန်းချုပ်၍မရ ဖြစ်လာသည်။ သူသည် အရှက်မဲ့စွာဖြင့် ယောက်ျားလေးသဘာဝ တုံ့ပြန်မှု ဖြစ်ခဲ့သည်။ မကောင်းတော့ဘူး။ ငါတို့က ရိုးရိုး ဇာတ်ညွှန်းအတိုင်း ကနေကြတာလေ။ အကြမ်းစားဇာတ်ညွှန်း မဟုတ်ဘူး။

မင်းတကယ် မလုပ်ချင်ဘူးလား။ အစ်ဇဘယ်လာ၏ အလှက ရှီရာကိုတောင် ယှဉ်နိုင်တယ်။ အထူးသဖြင့် သူ့ရဲ့ ထူးခြားတဲ့ ရင့်ကျက်မှုနဲ့ ညှို့ငင်မှုတွေပေါ့။ အဲဒါက တော်တော်လေး ဆွဲဆောင်မှု ရှိတယ်။ အခု သူက ကိုယ့်ကိုယ်ကိုယ် ပေးအပ်နေပြီ......

ချန်လွေ့သည် လျူရှားဟွေ့ကဲ့သို့ပင် မိမိ၏ သူတော်ကောင်း ယောင်ဆောင်ခြင်းကို ရွံရှာနေသော်လည်း သူသည် ထိုလုပ်ရပ်ကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။ ယောက်ျားများသည် ခန္ဓာကိုယ်အောက်ပိုင်းဖြင့် တွေးကြသည်ကို ငြင်းမရနိုင်သော်လည်း အချိန်တိုင်း မဟုတ်ပေ။ ယောက်ျားတိုင်းလည်း မဟုတ်ပေ။

ထိုအချိန်၌ စူပါစနစ်မှ အဆိပ်တွေ့ရှိမှု အသိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာရာ ချန်လွေ့၏စိတ် နိုးထသွားခဲ့သည်။ သူ၏ တရစ်ဝဲဝဲနေသော အတွေးများလည်း ရုတ်တရက် ပျောက်ကွယ်သွား၏။

အဆိပ်လား။

အဆက်မပြတ် အရှိန်အဝါကူးပြောင်းနေတဲ့ ပမာဏကိုကြည့်ရတာ ဒီအဆိပ်က တော်တော်လေး ပြင်းတယ်။

လက်စသတ်တော့ သူ့ရဲ့ ရည်ရွယ်ချက်က......

သူက ငါ့ကို အဆိပ်ခတ်ဖို့အတွက် တကယ်ကြီး ဒီနည်းကို သုံးခဲ့တာလား။

တကယ့်ကို မိစ္ဆာထောင်ခြောက်ပန်းပဲ။ ညှို့ငင်နေရင်းနဲ့ အဆိပ်ခတ်နေတယ်။ ချန်လွေ့ အတွေးများ လှုပ်ရှားသွားပြီး အဆိပ်အသွင်ပြောင်းခြင်း ယာယီ ရပ်တန့်သွား၏၊ ရုတ်တရက် သူသည် သွက်ချာပါဒဖြစ်သွားပြီး ပြင်းထန်သော အားနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ အမှန်တကယ်ပင် မလှုပ်နိုင်တော့ပေ။

အစ်ဇဘယ်လာက ချန်လွေ့၏ လည်ပင်းကို “တယုတယ” ဖက်ထားသော လက်များကို တဖြည်းဖြည်း လျှော့လိုက်ုသည်။ ချန်လွေ့၏ ခန္ဓာကိုယ်လည်း ရုတ်တရက် အရုပ်ကြိုးပြတ် လဲကျသွားပြီး ဆိုဖာပေါ်သို့ ပြုတ်ကျသွားသည်။ ခန်းမထဲသို့ ချန်လွေ့၏ လက်ကိုကိုင်ပြီး အစ်ဇဘယ်လာ ဝင်သွားစဉ်ကတည်းက အစေခံများအားလုံး နောက်ဆုတ်သွားခဲ့ကြသည်။ အနီးအနား၌ တစ်ယောက်မျှ ရှိမနေပေ။

ပြုတ်ကျသွားသည့်အခါ ချန်လွေ့သည် အဆိပ်ကို အလိုအလျောက် စုပ်ယူရန် [အလိုအလျောက် အရှိန်အဝါစုပ်ယူခြင်း]ကို အလျင်အမြန် အသက်သွင်းလိုက်သည်။ သူ၏ အားနည်းချက်များ အလျင်အမြန် ပျောက်ကွယ်သွား၏။ သို့သော်လည်း သူသည် အဆိပ်မိနေဟန်ဆောင်ပြီး အချိန်ကောင်းတစ်ခု၌ ချက်ကောင်းကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေလိုက်သည်။

“ဘာလို့ ဒီလိုလုပ်ရတာလဲ။” ချန်လွေ့ “မလှုပ်ရှားနိုင်” ဖြစ်နေသော်လည်း စကားပြောနိုင်နေသေးသည်။ သူ၏ အမူအရာသည် မယုံကြည်နိုင် ဖြစ်နေ၏။

အစ်ဇဘယ်လာ၏မျက်နှာတွင် အောင်နိုင်သည့် အမူအရာ ရှိမနေဘဲ ပုံမှန်သာ ဖြစ်နေသည်။ “ဘာလို့လဲဆို ရှင့်အသက်ကို ကျွန်မ လိုချင်လို့ပဲ။”

“ဘာလို့လဲ။” ချန်လွေ့က ယခုတစ်ခေါက် မိမိကို အစ်ဇဘယ်လာ သတ်ချင်သည့် အကြောင်းရင်းကို အမှန်တကယ် နားမလည်နိုင်ပေ။ သူသည် “ချာလီစ်”အား သတ်ရမည့် အစား စည်းရုံးရန် ကြိုးစားရမည် ဖြစ်သည်။

အစ်ဇဘယ်လာက ချန်လွေ့ကို စိုက်ကြည့်သည်။ “ရှင်က လူလိမ်မို့လို့။”

ချန်လွေ့ ထိတ်လန့်သွားသည်။ ဒါက နောက်နေ‌တာရော၊ ပရောပရည်လုပ်တဲ့ လေသံလည်း မဟုတ်ဘူး။ သူက ဟာကွက်တစ်ခုခုကို တွေ့သွားတာများလား။ အိုဆိုင်ဒန်တောင် သတိမထားမိဘူး။ ခုနက နန်းတော်မှာလား ထူးထူးခြားခြား မဖြစ်ခဲ့ဘူး။ ငါ ပိုက်ဆံအများကြီးတောင် ယူသွားခဲ့သေးတယ်။

အစ်ဇဘယ်လာ ခေါင်းခါပြီး သက်ပြင်းချလိုက်ပြန်သည်။ “ရှင်က ရိုးရိုး လူလိမ် တစ်ယောက်ပဲဆိုရင် ကောင်းတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့...... ရှင်က လူလိမ် တစ်ယောက်မကဘူး။ တကယ် ကံဆိုးတာပဲ.....”

လူလိမ်တစ်ယောက်မကဘူးတဲ့လား။ ချန်လွေ့ နားထောင်နေရင်း စိတ်ရှုပ်ထွေး သွားခဲ့သည်။ ထို့ကြောင့် သူမေးလိုက်သည်။ “မင်း ဘာပြောတာလဲဆိုတာ ငါ နားမလည်ဘူး။ မင်းတကယ် ငါ့ကို သတ်ချင်တယ်ဆိုရင် မင်းလို မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ သေရတာက သက်တောင့်သက်တာ ရှိတယ်။ ဒါပေမဲ့....ငါသေရတဲ့ အကြောင်းရင်းကို သိလို့ရမလား။”

“ရှင် ဟန်ဆောင်တာ တော်‌တော်လေး ကောင်းတယ်။ ရှင် ဟန်ဆောင်နေတယ် ဆိုတာကို ကျွန်မသိတာတောင် တစ်ဆင့်ချင်း လိုက်သွားခဲ့သေးတယ်။ ကျွန်မက ရှင့်ကြောင့် စိတ်ယိုင်ဖို့အထိတောင် ဖြစ်ခဲ့တယ်။ ကံဆိုးချင်တော့ ကျွန်မက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကလည်း အလိမ်ခံခဲ့ရဖူးတယ်။ အခုတော့ အရင်ကလိုမျိုး ထပ်ပြီး အလိမ်ခံလို့ မရတော့ဘူး မဟုတ်လား။” အစ်ဇဘယ်လာ အသာလေး ပြုးလိုက်သည်။ ထိုအပြုံးသည် ရေကဲ့သို့ အေးချမ်းနေဟန်တူပြီး အေးစက်မှု အရိပ်အယောင်များ ရှိနေ၏။

“ဒါက ရှင့်ကို ကျွန်မသတ်ဖို့ ကြိုးစားတာ လေးကြိမ်မြောက်ပဲ။ ပထမ သုံးခါလုံး မအောင်မြင်ခဲ့ဘူး။” အစ်ဇဘယ်လာက အဆိပ်ကို အ‌တော်လေး ယုံကြည်ချက် ရှိနေသည်။ ထို့ကြောင့် သူသည် ယခင်အဖြစ်အပျက်များကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့သည်။

“ပထမတစ်ခေါက်က ထရီဗန်တီမှာ။ ကျွန်မက ရှင့်ကို မိစ္ဆာမျက်လုံး လက်ထဲမှာ သေစေချင်ခဲ့တာ။ ကံဆိုးချင်တော့ ရှင်က ကံကောင်းလွန်းနေတယ်။ ရှင်က မသေရုံမက ကျွန်မရဲ့ တူစုတ်ကိုပါ ကယ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အဲဒီတုန်းက ကျွန်က မြို့တော်ရဲ့ သံတမန်လေ။ စကားတစ်ခွန်းတည်းနဲ့ ရှင့်လို လူသားသူလျှိုတစ်ယောက်ကို ပြစ်မှုတွေ ပိုများအောင် လုပ်လို့ရတယ်။ ပြီးတော့ ရှင်က ကျွန်မရဲ့ မြင်းလှည်းသမား ဂျာဒယ်ကို သတ်ပစ်ခဲ့တယ်လေ။ အဲဒီကိစ္စအတွက် ကျွန်မရဲ့ ရန်သူ ရွန်မယ်ကို အပြစ်တင်လို့ရတယ်။”

ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ “ငါတို့က......အဲဒီတုန်းက ပထမဆုံး တွေ့ခဲ့တာလေ။”

သူက ပထမဆုံး တွေ့ကတည်းက သတ်ချင်စိတ် ရှိနေခဲ့တာလား။

အစ်ဇဘယ်လာက ပုံမှန်အတိုင်း ပြောသည်။ “ရှင်က လူသားတစ်ယောက်။ ကျွန်မက လူကောင်းမဟုတ်တဲ့ အဆိပ်ရှိတဲ့ ပန်းလေ။ ဒီထက်ပိုပြီး အကျိုးအကြောင်း သင့်တဲ့ အကြောင်းရင်း လိုသေးလား။”

ချန်လွေ့က စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်သည်။ သူက တကယ့်ကို ရက်စက်တဲ့ မိန်းမပဲ။ အမှောင်လမှာ စွမ်းအားမဲ့တဲ့ “ချန်လွေ့”ကို တွေ့ခဲ့တုန်ုးက “မိစ္ဆာဗိုဒို”လိုမျိုး သေစေနိုင်တဲ့ အစွမ်းကို သုံးခဲ့တယ်။

“အဆိပ်ဖြေဖို့ အချိန်ဆွဲဖို့ မကြိုးစားနဲ့။ ဒီအချိန်ကို ကျွန်မက ကြီးကြီးမားမား ပေးဆပ်ပြီးတော့ လျို့ဝှက်လုပ်ထားတ။ ပိုပြီးခုခံလေလေ၊ အဆိပ်ပိုထလေပဲ။ ရှင်ဒါကို ဖြေနိုင်မှာ မဟုတ်ဘူး။ ဒါက မိစ္ဆာထောင်ခြောက်ပန်း လိုမျိုးပဲ။ တဖြည်းဖြည်းနဲ့ ရှင့်ရဲ့ စွမ်းအားတွေအားလုံး ဆုံးရှုံးသွားလိမ့်မယ်။ ရှင့်ရဲ့ ဝိညာဉ်လည်း သုတ်သင်ခံရမယ်....” အစ်ဇဘယ်လာက ချန်လွေ့၏ “ရည်ရွယ်ချက်”ကို မြင်နေသကဲ့သို့ပင် ဖြစ်နေပြီး ဆက်ပြောသည်။ “ဒုတိယတစ်ခေါက်မှာ ရှင့်ကို ချောင်းမြောင်း တိုက်ခိုက်ဖို့အတွက် ကျွန်မ လော်ဒန်ကို အသုံးချခဲ့တယ်။ အစကတော့ ကျွန်မရဲ တူလေးကို ကယ်ခဲ့တဲ့အတွက် ရှင့်ကို မသတ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ရှင်က သေလမ်းရှာခဲ့တာ။ ရှင်က ကျွန်မရဲ့ အဆက်အသွယ်ကို အသုံးချပြီး ရည်ရွယ်ချက်တစ်ခုကို ရအောင် လုပ်ခဲ့တယ်။ ရှင်က ကိုယ့်သေတွင်း ကိုယ်တူးနေခဲ့တာလို့ပဲ ပြောရမယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာကတော့ ရှင်က နတ်ဆိုးဧကရာဇ်အဆင့် မရောက်သေးတာတောင် သူတို့လေးယောက်ကို သတ်ပစ်ခဲ့နိုင် တာပဲ။ အိုး။ လော်ဒန်က တစ်ခုခု ပြောခဲ့ဖို့ ကြိုးစားတာ ဖြစ်မယ်။ ဒါပေမဲ့ သူက မိစ္ဆာဗိုဒိုနဲ့ ကျွန်မ ပေါင်းစပ်ထားတဲ့ လျို့ဝှက်ဆေးဝါးကြောင့် ပေါက်ကွဲထွက်သွားခဲ့တယ်။”

ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ ဒါကြောင့် လော်ဒန်က ငါ့စွမ်းအား နတ်ဆိုးဧကရာဇ်အဆင့် မရောက်သေးဘူးလို့ပြောတုန်းက ယုံကြည်ချက်အပြည့် ဖြစ်နေခဲ့တာကိုး။ လက်စသတ်တော့ အစ်ဇဘယ်လာက အဲဒါကို “မတော်တဆ” ပြောပြမိခဲ့တာပဲ။ လော်ဒန် သေသွားခဲ့ရတာကလည်း အစ်ဇဘယ်လာရဲ့ နည်းလမ်း တစ်ခုကြောင့်ပဲ။

“တတိယ တစ်ခေါက်က ရှင့်ကို ဒိုရင်းခေါ်သွားတဲ့ အချိန်ကပဲ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ရှင်က လူလိမ်တစ်ယောက်ဆိုတာကို ကျွန်မ သေချာသိသွားလို့ပဲ။ ရှင်က တကယ့် လူလိမ်တစ်ယောက်ပဲ။” အစ်ဇဘယ်လာ သက်ပြင်းချသည်။ “ပိုက်ဆံစုဆောင်းတဲ့ ရှင့်ရဲ့ ကစားကွက်က တစ်ခါမှ မကြားဖူးတဲ့အရာပဲ။ အထူးသဖြင့် လူသားလောကလိုမျိုး မရင်းနှီးတဲ့နေရာနဲ့ အလုပ်လုပ်တဲ့အခါမှာပေါ့။ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ကျွန်မရဲ့ မသိစိတ်က ပြောနေပေမဲ့ ဘာဟာကွက်ကိုမှ ရှာမတွေ့ခဲ့ဘူး။”

နောက်ဆုံး၌ ချန်‌လွေ့က အံ့အားသင့်သွားသည့် အမူအရာ ပြသသည်။ သူ၏ အကြံအစည်မှာ ကမ္ဘာပေါ်မှ ရှေးဟောင်းအလိမ်အညာဖြစ်သော “ပွန်ဇီစနစ်”ကို ဆိုလိုခြင်း ဖြစ်သည်။ မျက်မှောက်ခေတ်မှာပင် တရားမဝင် အမ်အယ်လ်အမ် အစုအဖွဲ့များက ထိုစနစ်ကို အသုံးချပြီး ငွေစုဆောင်းကြသည်။ ၎င်းကို အီတလီလူမျိုး အမေရိကန်နိုင်ငံသား ချာလီစ်ပွန်ဇီက တီထွင်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့က သူ၏နာမည်အတုကို “ချာလီစ်”ဟု အသုံးပြုခဲ့ခြင်းပင်။

အတိုပြောရလျှင် ပွန်ဇီစနစ်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူအသစ်များ၏ ငွေကို အသုံးချပြီး ရင်းနှီးမြှုပ်နှံသူ အဟောင်းများကို အတိုးနှုန်းနှင့် ရေတိုအမြတ်များကို ပြန်ပေးကာ ငွေရှာသည့်လှည့်စားမှုကို ဖန်တီးရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို လိမ်လည်ခြင်း ဖြစ်သည်။ ချန်လွေ့၏ ရည်ရွယ်ချက်သည် ငွေရှာရန်အတွက်သက်သက်သာ ဆိုလျှင် တစ်ဆင့်ချင်း လိမ်ညာရန်အတွက် ဖြည်းဖြည်းခြင်း ပြုလုပ်၍ရသည်။ သို့သော် သူ၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံရေး ဖြစ်သည်။ ထို့ကြောင့် သူသည် ဆေးရည်မည်း အမျိုးမျိုးကို ပေါင်းထည့်ခဲ့ခြင်း ဖြစ်သည်။

နတ်ဆိုးဘုံ၌ ထိုကဲ့သို့ အကြီးစား လိမ်လည်မှုကြီး ဖြစ်ပေါ်လာသည်မှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ချန်လွေ့ သေချာသိသည်။ ပထမဆုံး အကြိမ်ဖြစ်သည့်အတွက် ဉာဏ်များလှသော အိုဆိုင်ဒန်နှင့် ဂျို့ရှ်တို့ပင် လှည့်စားခံလိုက်ရသည်။ မမျှော်လင့်ဘဲနှင့် အစ်ဇဘယ်လာက ၎င်း၏ပြဿနာကို သတိထားမိသွားခဲ့သည်။

“ရှင့်ရဲ့ သတ္တိက ‌တော်တော်လေးကောင်းတယ်။ ရှင့် အကြံအစည်တစ်ခုလုံးက ပါးနပ်ပြီးတော့ သတိရှိတယ်။ အကျိုးအမြတ်များသော ပိုပြီးတော့တောင် ဆွဲဆောင်မှု ဖြစ်စေတယ်။ အစောပိုင်းအရစ်တွေမှာ ဂျို့ရှ်နဲ့ သူ့သားက အမြတ်အစွန်း အများကြီး ရသွားခဲ့တယ်လေ။ ဒါက ‌‌တော်တော်လေး ယုံချင်စရာပဲ။ ဒါပေမဲ့ ရှင် သတိမထား မိလိုက်တာတစ်ခု ရှိတယ်။ ဒါမှမဟုတ် ဒီအတွေးလွန်နေတဲ့ မိန်းမကပဲ သတိရှိတဲ့ မျက်လုံးကို သုံးပြီးတော့ ဟာကွက်တစ်ခုကို ရှာတွေ့ခဲ့တယ်လို့ ပြောရမလားပဲ။”

အစ်ဇဘယ်လာ မတ်တပ်ရပ်ပြီး ခြေလှမ်းအနည်းငယ် လျှောက်သွားသည်။ “ကျွန်မရဲ့ အလုပ်က ကောလာဟလထဲကအတိုင်း တကယ် ဘဏ္ဍာရေး အတိုင်ပင်ခံ တစ်ယောက်ပဲ။ ကျွန်မက အင်ပါယာရဲ့ ဘဏ္ဍာရေးကို တကယ် ထိန်းချုပ်နိုင်တယ်။ ရီဂျန့် ရှင့်ကို ပေးခဲ့တဲ့ သလင်းကျောက်နက်ဒင်္ဂါး သန်းတစ်ထောင်ကို လျို့ဝှက်ရတနာတိုက်ကနေ ကျွန်မကတစ်ဆင့် လာခဲ့တာ။ သလင်းကျောက်နက်ဒင်္ဂါးတိုင်းမှာ ကျွန်မက လူအင်အား အများကြီးသုံးပြီးတော့ ထူးခြားတဲ့အမှတ်အသားတစ်ခု လုပ်ထားခဲ့မယ်လို့ ရှင်ထင်မှာ မဟုတ်ဘူး။ ရှင် မြို့တော်ကို ပြန်လာတော့ အကျိုးအမြတ်တွေနဲ့အတူ သန်းပေါင်း ၁၂၀၀ကိုပါ ပြန်ယူလာခဲ့တယ်။ ကျွန်မက အဲဒီငွေတွေကို သေသေချာချာ စစ်ဆေးခဲ့တယ်။ အဲဒီငွေတွေကို သိဒ္ဓိမှော်နဲ့ဆင်တူတဲ့ နည်းလမ်းတွေနဲ့ သန့်စင်ထားပေမဲ့ အမှတ်အသား တွေကတော့ ရှိနေတုန်းပဲ။ အဲဒီတော့ ရှင်ပေးခဲ့တဲ့ သန်း၁၂၀၀က မူရင်း သန်းတစ်ထောင်နဲ့ အပိုး သန်း၂၀၀ပဲ။ ဒီလောက်ဆို ဆက်ပြီး ရှင်းပြစရာ မလိုတော့ပါဘူး။ ဒါက တကယ့်ကို အတုံးအဆုံး နည်းလမ်းပဲ။ ဒါပေမဲ့ ရှင့်ရဲ့ အပါးနပ်ဆုံးစကားပွဲကို ဖော်ထုတ်နိုင်ခဲ့တယ်။”

ထိုကဲ့သို့ နည်းလမ်းဖြင့် သိရှိသွားလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ ချန်လွေ့လည်း စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ဒါက တစ်ယောက်တည်း ကစားရတဲ့ ကစားပွဲမဟုတ်ဘူး။ “ဇာတ်လိုက်”ဖြစ်တဲ့ ငါကလွဲရင် ကျန်တဲ့သူတွေက စကားပြောရတဲ့ ဇာတ်ကောင်တွေပဲ မဟုတ်ဘူး။ ဒီလောကမှာ ငါတစ်ယောက်တည်း ဉာဏ်ကောင်းတာ မဟုတ်ဘူး။ ငါ့ထက် ဉာဏ်ကောင်းတဲ့သူတွေ အများကြီးရှိတယ်။

ချန်လွေ့သည် အဓိပ္ပာယ်မရှိသော ခုခံမှု မပြုလုပ်ခဲ့ပေ။ သူ မေးလိုက်သည်။ “ဒါဆို မင်းဘာလို့ မင်းသား အိုဆိုင်ဒန်ကို သတင်းမပို့ခဲ့တာလဲ။ ငါက လူလိမ်ဆိုတာကို ဘာလို့ ထုတ်မပြောခဲ့တာလဲ။”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ရှင်က သေတော့မှာပဲ။ အဲဒါကြောင့် ရှင့်ကို အမှန်အတိုင်း ပြောပြမယ်။ ကျွန်မက ကြယ်ကြွေတမန် အင်ပါယာက မဟုတ်ဘူး။ ရီဂျန့် လူယုံတော် ဆိုတာကလည်း “သွေးမြေကျ”သို့ခေါ်တဲ့ အင်အားစုတစ်ခုက ချထားတဲ့ နယ်ရုပ်တစ်ခုပဲ။” အစ်ဇဘယ်လာက အနည်းငယ် သရော်ပြုံး ပြုံးလိုက်သည်။ “ကြယ်ကြွေတမန် အင်ပါယာရဲ့ ကပ်ဘေးတွေနဲ့ အသက်ရှင်ဖို့က ကျွန်မနဲ့ ဘာဆိုင်လို့လဲ။”

သွေးမြေကျ လား။ ထိုနာမည်ကို ချန်လွေ့သည် ယခုမှ ပထဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ၎င်းသည် နတ်ဆိုးဘုံ၌ သူ၏ အလားအလာရှိသော အကြီးမားဆုံးရန်သူလည်း ဖြစ်သည်။ သလင်းကျောက်တောင်ကြားမှ တိုက်ပွဲသည် ထိုအင်အားစု၏ အခင်းအကျင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေသည်မှာ သေချာသည်။ “သွေးမြေကျ”က အတော်လေး ကြီးမားတယ်။ အရိပ်နက်အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာတို့မှာ သူလျှိုတွေ ချထားတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေကို တွေးကြည့်လို့ပဲ ရလိမ့်မယ်။ သွေးရောင် အင်ပါယာမှာရော သူလျှိုတွေရှိလား မသိဘူး။ မဟုတ်ရင်တော့ သွေးမြေကျက သွေးရောင်အင်ပါယာရဲ့ ထိပ်ဆုံး ဧကရာဇ်တစ်ယောက်ရဲ့ လက်အောက်ကလို့ ဆိုလိုတာ မဟုတ်ဘူးလား။ သူက ဒီနည်းလမ်းကို သုံးပြီးတော့ “ငြိမ်းချမ်းရေးခေတ်” အတွင်းမှာ စစ်ပွဲဖြစ်လို့ မရတဲ့အတွက် ပြိုင်ဘက်တွေကို တဖြည်းဖြည်း အားနည်းလာအောင် လုပ်နေတာများလား။ ပြီးရင် သူက အင်ပါယာနှစ်ခုကို တစ်ခါတည်း ကျူးကျော် သိမ်းပိုက်ပြီးတော့ နတ်ဆိုးဘုံကို ပေါင်းစည်းဖို့များလား။

ဒါမှမဟုတ် သူတို့က ဘယ်ဇီဘတ်နဲ့ လီဗျာသန်တို့လိုမျိုး ပျက်သုဉ်းသွားတဲ့ တော်ဝင်မိသားစုတွေရဲ့ လျို့ဝှက်မဟာမိတ်အဖွဲ့များလား။ သူတို့က ပြန်လာချင်နေပြီး အင်ပါယာ၃ခုကို တစ်ခါတည်း ဖြိုဖျက်ချင်တာလား။

ဘယ်လိုပဲဖြစ်ဖြစ် “သွေးမြေကျ”ရဲ့ ရည်ရွယ်ချက်တွေကို ကြည့်ရတာတော့ အနာဂတ်မှာ သေချာပေါက် ဒီလျို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုနဲ့ နောက်ထပ် “ထိပ်တိုက်တွေ့ဆုံမှုတွေ” ဖြစ်လာမှာပဲ။ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။

All Chapters