← Chapters

လွန်ခဲ့သော နှစ်များစွာက ယနေ့။ ဘုံရန်သူ

Vol. 25 Ch. 369

လွန်ခဲ့သော နှစ်များစွာက ယနေ့။ ဘုံရန်သူ

Vol. 25 Ch. 369

အစ်ဇဘယ်လာ စကားဆက်ပြောသည်။ သူသည် ထိုအဆိပ်အား လုံးဝ ယုံကြည်မှု ရှိနေ၍ ဖြစ်နိုင်သည်။ သို့မဟုတ် ချန်လွေ့သည် သေလူဖြစ်နေပြီ ဖြစ်၍လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူက ရင်ထဲမှ လျို့ဝှက်ချက်ကို အေးအေးဆေးဆေး ဖွင့်ပြောလိုက်သည်။

“တကယ်တော့ ကျွန်မက လော်ဒန်ကို ဆွပေးခဲ့တယ်ဆိုတာကို ရွန်မယ်သိအောင် တမင်လုပ်ခဲ့တာ။ ဒိုရင်း မခေါ်သွားခင် ရှင် ကျွန်မကို ဆေးရည်မည်းပေးခဲ့တုန်းက ကျွန်မဘေးမှာရှိတဲ့ အစေခံဆိုတာ ရွန်မယ်ရဲ့ သူလျှိုမှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ သူ့ကို မသတ်ခဲ့ဘူး။ ရှင် ပြန်လာမလာ ကျွန်မမှာ တခြားအစီအစဉ်တစ်ခု ရှိတယ်။ ကျွန်မက အခြားသူတစ်ယောက်ကို သုံးပြီးတော့ မြို့တော်နဲ့ “သွေးမြေကျ”ကနေ ထွက်ပြေးဖို့ သေဟန်ဆောင်လိုက်မလို့။”

ချန်လွေ့၏ နှုတ်ခမ်းများ လှုပ်ရှားသွားသည်။ သို့သော်လည်း အစ်ဇဘယ်လာ ဆက်ပြောမည်ကို သိသည့်အတွက် သူ မမေးခဲ့ပေ။

“ကျွန်မ ဘာလို့ ထွက်သွားချင်လဲ သိချင်လား။ ကျွန်မရဲ့ ဆွေမျိုးလည်းဖြစ် ရန်သူလည်း ဖြစ်တဲ့သူတစ်ယောက် သေသွားပြီ။ ကျွန်မ အမှောင်ထဲမှာ ပုန်းနေပြီးတော့ နောက်ထပ်ရန်သူတစ်ယောက်ကို သတ်နိုင်မယ်ဆိုရင် ချောင်ကျတဲ့နေရာတစ်ခုကို ရှာပြီးတော့ ကျွန်မရဲ့မျက်နှာကို ပြောင်းလဲမယ်။ ဒါမှမဟုတ် အသက်ကြီးပြီး သေတဲ့အထိ နေလိုက်မယ်။ ဒါမှမဟုတ် ပိုပြီးရိုးသားတဲ့ ယောက်ျားတစ်ယောက်ကို ရှာပြီး လက်ထပ် လိုက်မယ်။ ဘာလို့လဲဆို ကျွန်မ ‌တော်‌‌တော်လေး ပင်ပန်းနေပြီ....” အစ်ဇဘယ်လာ သက်ပြင်းချလိုက်သည်။ သူသည် ပုံမှန်အတိုင်း ဟန်ဆောင်ညှို့ငင်ခြင်းများကို ဖယ်ရှားလိုက်ပုံရသည်။ သူ၏မျက်နှာ၌ ပင်ပန်းခြင်းနှင့် ပျင်းရိခြင်းတို့သာ ကျန်ရှိနေ၏။

ချန်လွေ့က တိတ်ဆိတ်စွာ နားထောင်နေသည်။ သူမိသားစုက ရန်သူက ဆာဘရီနာ ဖြစ်မယ်။ သူတို့ညီအစ်မတွေက ဘာလို့ ရန်သူ ဖြစ်သွားကြတာလဲ။

“ဒါပေမဲ့ အဲဒီအကြံအစည်တောင် ရှင့်ကြောင့် ပျက်စီးသွားခဲ့ရတယ်။” အစ်ဇဘယ်လာက ချန်လွေ့ကို စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ကျွန်မ နားမလည်တာက ရွန်မယ်နဲ့ တွေ့ပြီးတော့ အရင်ကိစ္စတွေက ကျွန်မ စီစဉ် ထားတယ်ဆိုတာကို ရှင့်ရဲ့ဉာဏ်ပညာနဲ့ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ရှင်က ဘာလို့ ရှင့်ကို အကြိမ်ကြိမ် သတ်ဖို့ကြိုးစားခဲ့တဲ့ မိန်းမအတွက် စိတ်ပျော့ရတာလဲ။ ရှင် ဘာလို့ ရွန်မယ်ကို ဖယ်ရှားခဲ့တာလဲ။ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။”

ချန်လွေ့ စကားမပြောသေးပေ။ အစ်ဇဘယ်လာ မြင်ခဲ့တာက လူသားလောကရဲ့ “လူလိမ်”တစ်ယောက်ပဲ ဖြစ်မယ်။ သူက ငါ့ရဲ့ ပိုပြီးနက်ရှိုင်းတဲ့ ရည်ရွယ်ချက်ကို ရှာမတွေ့ခဲ့ဘူး။ ငါ့ရဲ့ တကယ့်ရည်ရွယ်ချက်က ပိုက်ဆံအတွက် မဟုတ်ဘူး။ အမှောင်လ အတွက် အိုဆိုင်ဒန်ကို ဖျက်ဆီးပစ်ဖို့ပဲ။ အစ်ဇဘယ်လာကို “ကယ်တင်”တာက အိုဆိုင်ဒန်နဲ့ အကြီးအကဲ မိသားစုတွေကြား ပဍိပက္ခကို ပိုတိုးစေအောင်လို့ပဲ။ အဲဒါက နောက်ပိုင်းမှာ အရိပ်လေပြေဘွတ်ဖိနပ်ကို ရှာဖွေဖို့အတွက်လည်း ဟုတ်တယ်။ ဒါပေမဲ့ အစ်ဇဘယ်လာက သွေးမြေက အဖွဲ့အစည်းကနေ ထွက်ပြေးဖို့အတွက် သေဟန်ဆောင်ချင်ခဲ့တယ်။ ဒါက ငါ မထင်မှတ်ထားတဲ့ အရာတစ်ခုပဲ။ သူ့ရဲ့အကြံအစည်ကို ငါ မတော်တဆ ဖျက်ဆီး လိုက်မိမယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါကြောင့် ဒီတစ်‌ခေါက် သူက ငါ့ကို ကိုယ်တိုင်သတ်ချင်နေတာလား။

အစ်ဇဘယ်လာက ကိုယ့်ကိုယ်ကိုယ် သရော်သည့် အပြုံးမျိုး ပြုံးသည်. “တကယ်တော့ အစကတည်းက ကျွန်မတို့က ဟန်ဆောင်နေကြတယ်ဆိုတာက ကျွန်မတို့နှစ်ယောက် သိပါတယ်။ ကျွန်မက ဘယ်လိုမိန်းမမျိုးလဲဆိုတာကို ရှင်သိမှာပါ။ ကျွန်မက အကြိမ်ကြိမ် အိမ်ထောင်ပြုဖူးတယ်။ ကျွန်မက ရက်စက်တဲ့ မိန်းမပျက် တစ်ယောက်ပါပဲ။ ဒီအတုအယောင် ကစားပွဲမှာ ရှင်ကို ကျွန်မကို တကယ် သဘောကျ သွားတယ်လို့ လာမပြောနဲ့။ ဒီဟာသက လုံးဝ မရယ်ရဘူး။”

“ဒါကို ဟာသလို့ ထင်မှတော့ ရှင်းပြစရာ မလိုတော့ပါဘူး။” ချန်လွေ့က တုံ့ဆိုင်းနေလျက် ခေါင်းခါသည်။ “ငါ နားမလည်တာ တစ်ခုပဲရှိတယ်။ အဲဒီမိန်းမပျက်က နမ်းတာ ‌တော်တော်လေး မကျွမ်းဘူး။ မင်း လက်ထပ်ခဲ့တဲ့ ယောက်ျားတွေက တစ်နေ့လုံး ပုံရိပ်ယောင်တွေနဲ့ အထင်မှားခဲ့တာလို့ ယူဆလိုက်ရအောင်။”

မိစ္ဆာမျက်လုံး၏ စွမ်းအားကို အမှန်တကယ် ပေါင်းစပ်နိုင်ပြီးလျှင် [မိစ္ဆာမျက်လုံး]ကို အနှိုင်းမဲ့ လျို့ဝှက်ဆန်းကြယ်သည်ဟု ဖော်ပြ၍ရနိုင်ကြောင်း ရိုမန်ပြောခဲ့ဖူးသည်။ ပုံရိပ်ယောင် တစ်ခုတည်းတွင် လီဗျာသန် ‌တော်ဝင်မိသားစု၏ [နတ်မိစ္ဆာ]မျက်လုံးထက် လုံးဝ မနိမ့်ကျပေ။ ထရီဗန်တီရှိ မိစ္ဆာမျက်လုံးအသိုက်ကို အစ်ဇဘယ်လာ သိရခြင်းမှာ ထိုနေရာ၌ သူ လေ့ကျင့်ခဲ့ဖူး၍ ဖြစ်နိုင်သည်။ ဘဝတစ်သက်တာ မိစ္ဆာမျက်လုံး အဖော်ကိုပင် သူ ရရှိခဲ့နိုင်ပေသည်။

ထို့ပြင် သူလက်ထပ်ခဲ့သူများမှာ အစွမ်းထက်ပုဂ္ဂိုလ်များ မဟုတ်သော အာဏာရှိသူများသာ ဖြစ်သည်။ ထို့ကြောင့် ထိုအမြင်သည် မြင်နိုင်ပေသည်။ သို့သော်လည်း ၎င်းကို မည်သူမှ ယုံကြည်မည် မဟုတ်ပေ။ မြို့တော်၏ ကောလာဟလများ အရ ထိုလေဒီ မိစ္ဆာထောင်ခြောက်သည် မြောက်မြားလှစွာသော ယောက်ျားများနှင့် အတွေ့အကြုံရှိသည့် လူမှုရေးပန်းပွင့် မိန်းမပျက်တစ်ယောက်သာ ဖြစ်သည်။

အစ်ဇဘယ်လာက အေးစက်စက်နှင့် သရော်ပြုံး ပြုံးသည်။ “ဒါက အဓိက မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ကဆိုရင် ရှင့်ကြောင့် ကျွန်မ စိတ်ယိုင်သွားနိုင်တယ်။ ဒါပေမဲ့ အခုတော့ ဒီနေ့ ရှင်ဘယ်လောက်ပဲ ပရောပရည်စကားတွေ ပြောပါစေ သေခြင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

“တစ်နေရာထဲမှာ အမြဲတမ်း ကျရှုံးလို့မရဘူးလို့ မင်း ပြောခဲ့တယ်နော်...” ချန်လွေ့သည် မတိုက်ခိုင်ခင် လျို့ဝှက်ချက်များကို ပို၍အဖြေရှာချင်ခဲ့သည်။ အထူးသဖြင့် အရိပ်လေပြေဘွတ်ဖိနပ်အကြောင်းကို ပိုသိချင်နေသည်။ “ငါမသေခင် နောက်ဆုံး နောက်ဆိုချက်အနေနဲ့ သိချင်တာတစ်ခု ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ တုန်းက..... ဘာဖြစ်ခဲ့တာလဲ။”

အစ်ဇဘယ်လာ ခဏကြောင်သွားပြီးနောက် အသာလေး ပြောသည်။ “တကယ်တော့ အဲဒါက ဘာမှမဟုတ်ပါဘူး။ ဘာမှမသိနားမလည်တဲ့ ကောင်မလေး တစ်ယောက်က အပြောချိုတဲ့ လူသားယောက်ျားလေး တစ်ယောက်နဲ့ ဆုံခဲ့တာပါ။ သူက အဲဒီကောင်မလေးက သိဒ္ဓိအလင်းတောင်က နှင်းဒဲလက်ပန်းလိုမျိုး ဖြူစင်ပြီး လှပတယ်လို့ ပြောခဲ့တယ်။ သူက ကောင်မလေးအတွက် အဲဒီပန်းကို ကိုယ်တိုင် ခူးပေးချင်ခဲ့တယ်။ အဲဒီ မသိနားမလည်တဲ့ ငတုံးမလေးက အဲဒီလူကို ယုံကြည်ခဲ့ပြီးတော့ သူ့ရဲ့ညီမနဲ့ ရန်ဖြစ်ခဲ့သေးတယ်။ နောက်တော့ အဲဒီလူက ကောင်မ‌လေးရဲ့ အဖိုးတန်ဆုံး အရာတွေကို လိမ်ညာယူသွားပြီးတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး။ အချိန်ကြာလာတော့ မသိနားမလည်တဲ့ နှင်းဒဲလက်ပန်းက အဆိပ်ပြင်းတဲ့ မိစ္ဆာထောင်‌ခြောက်ပန်း ဖြစ်သွားခဲ့တယ်။ ဒါက ဖန်တရာတေနေတဲ့ ရိုးရိုးဇာတ်လမ်း တစ်ပုဒ်ပါပဲ။”

အစ်ဇဘယ်လာက သူနှင့်မဆိုင်သူတစ်ယောက်အကြောင်း ‌ပြောနေသကဲ့သို့ပင် အလွန်အမင်း ငြိမ်သက်စွာ ပြောသည်။ သို့သော်လည်း ထိုငြိမ်သက်သောလေသံထဲ၌ နာကျင်သည်ထက် ပို၍နာကျင်သော နက်ရှိုင်းလှသည့် ထုံကျင်မှုတစ်ခု ရှိနေသည်ကို ချန်လွေ့ ခံစားမိသည်။ ထိုကဲ့သို့ ထုံကျင်မှုမျိုးကို ချန်လွေ့သည် ယခင်က ခီရာထံ၌ မြင်တွေ့ခဲ့ဖူးသည်။

ဒါကြောင့်ကိုး။

ထိုအဆိပ်ပြင်းတဲ့ နတ်ဆိုးထောင်ခြောက်ပန်းက ဟိုးတုန်းက နှင်းဒဲလက်ပန်းကို သဘောကျတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ခဲ့တာပဲ။

ဒါကြောင့် နှင်းဒဲလက် အကြောင်း ငါပြောခဲ့တုန်းက သူ့မှာ ဒီလိုမျိုး တုံ့ပြန်မှု ရှိခဲ့တာကိုး။ သူက မုန်းတီးစရာ အတိတ်အကြောင်းကို သတိရသွားတာပဲ ဖြစ်ရမယ်။

ချန်လွေ့က စိတ်ထဲ၌ ခါးသက်သက်နှင့် ပြုံးလိုက်သည်။ အဆင့်တက်ခြင်းဟု ထင်ထားခဲ့သော သိဒ္ဓိပန်းသည် သေစေနိုင်သော ခလုတ်တစ်ခု ဖြစ်နေလိမ့်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ ပထမဆုံး တွေ့ခဲ့စဉ်က သူ့ကို သတ်ရန်ကြိုးစားခဲ့ခြင်းမှာ လူသား၊ ယောက်ျား၊ နှင်းဒဲလက် ဟူသော အဓိကစကားလုံး ၃လုံးကြောင့် ဖြစ်နိုင်ပေသည်။

“ဒါပေမဲ့ ဒါက ဒီတစ်ခေါက် ကျွန်မရှင့်ကို သတ်ချင်တဲ့ အဓိကအကြောင်းရင်း မဟုတ်ဘူး။ ရှင်က လူလိမ်တစ်ယောက်ပဲဆိုရင် ကျွန်မကလည်း အားကိုးရာ ရှာဖွေဖို့ ပင်ပန်းနေတဲ့ မိန်းမတစ်ယောက်ပါပဲ။ ဒီနည်းအတိုင်း ကျွန်မတို့ တဖြည်းဖြည်း သွားရင် ကျွန်မတို့ အဆုံးသတ်က ပြောင်းလဲသွားနိုင်တယ်။ ကံဆိုးချင်တော့ ရှင်က လူလိမ် တစ်ယောက် ဖြစ်ရုံမကဘူး။”

အစ်ဇဘယ်လာ၏လေသံ ပြောင်းလဲသွားပြီး ခေါင်းခါလိုက်သည်။ “ရှင်က [ကောင်းချီးအလင်းခန္ဓာကိုယ်]ရှိတဲ့ လူသားလောကရဲ့ တော်ဝင်မိသားစုဝင်ပဲ။ ရည်မှန်းချက် ကြီးမားတယ်။ ရှင်က တရားမဝင် မင်းသားတစ်ယောက်။ ထာဝရ‌ဆေးရည် ပုလင်းက အတုလို့ ကျွန်မ ထင်ထားခဲ့တာ။ အစစ်ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး။ ရှင်က ပိုက်ဆံရပြီးတော့ ထွက်ပြေးမယ့် မူရင်းအကြံအစည်ကို ပြောင်းလဲပြီးတော့ နတ်ဆိုးဘုံက အင်အားကို တကယ်အမှီပြုပြီး လူသားလောကရဲ့ ပလ္လင်ကို လုယူမယ်ဆိုပြီး စဉ်းစားခဲ့တယ်လို့ ကျွန်မ ထင်တယ်။ နတ်ဆိုးဘုံနဲ့ ရှင်တို့ ပူးပေါင်းဆောင်ရွက်မှုက အချိန်အတော် ကြာတဲ့အထိ ရှေ့ဆက်သွားမှာ....”

“သွေးမြေကျကလည်း အလားတူ အာဏာနဲ့ ရည်မှန်းချက်တွေရှိတဲ့ အဖွဲ့အစည်း တစ်ခုပဲ။ သူတို့ ရှင့်ကို ပေးနိုင်တဲ့ သတ်မှတ်ချက်တွေက စောင့်ထိန်းရမှာတွေ အများကြီး ရှိတဲ့ အိုဆိုင်ဒန်ထက် ပိုသာတယ်။ ထီးနန်းရဖို့ ကြိုးစားနေတဲ့ရှင့်အတွက် အဲဒါက သေချာပေါက် ငြင်းနိုင်မယ့်အရာ မဟုတ်ဘူး။ တကယ်တော့ ဆေးရည်မည်းကိစ္စကို ကျွန်မ သတင်းမပို့ခဲ့ဘူး။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းက ကြယ်ကြွေတမန်မြို့‌တော်မှာ သူလျှိုတွေ အများကြီး ထားထားတာ။ ကျွန်မ တစ်ယောက်တည်း မဟုတ်တာ သေချာတယ်။ သူတို့က ရှင်နဲ့ အိုဆိုင်ဒန်တို့ရဲ့ လျို့ဝှက်ပူးပေါင်းဆောင်ရွက်မှုကို သိသွားကြပြီ။ ဒီနေ့ မြို့တော်ကို ရှင်ရောက်လာတယ်ဆိုတော့ မှော်စာတိုက သွေးမြေကျဆီ အမြန်ရောက်သွားလောက်ပြီ။ ရှင့်ကို ခေါ်ယူဖို့ အဖွဲ့အစည်းက လွတ်လိုက်တဲ့သူက လမ်းတစ်ဝက်ရောက်နေပြီ။ သူက အလွန်ဆုံး နောက်၂ရက်နေရင် ရောက်လိ့မ်မယ်။”

ထိုအချိန်၌ အစ်ဇဘယ်လာသည် လိမ်ညာရန် မလိုအပ်တော့ပေ။ ချန်လွေ့က စိတ်ထဲ၌ အံ့အားသင့်သွားသည်။ သူသည် ယခင်တစ်ခေါက်က အထင်မှားခဲ့သည်။ အစ်ဇဘယ်လာက ဆေးရည်မည်း လျို့ဝှက်ချက်ကို မပြောပြခဲ့ပေ။ တခြားတစ်‌ယောက် ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။ ပြဿနာမှာ အိုဆိုင်ဒန်နှင့် သက်ဆိုင်နေရပေမည်။ သူနှင့် နီးကပ်သော တစ်စုံတစ်ယောက် ဖြစ်‌နိုင်သည်။

“နတ်ဆိုးဘုံရဲ့ ပြိုင်ဘက်ကင်း အရင်းအမြစ်ဖြစ်တဲ့ ဆေးရည်မည်းကို ရသွားတာနဲ့ သွေးမြေကျရဲ့ အင်အားက ကြီးကြီးမားမား တိုးတက်သွားလိမ့်မယ်။ သူတို့က ကပ်ဘေး တစ်ခုကို ဖြစ်စေခဲ့ရင် နတ်ဆိုးဘုံက လုံးဝ ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ ကျွန်မ ဒါကို ထိုင်မကြည့်နေနိုင်ဘူး။ ဒါက ရှင်သေရမယ့် အကြောင်းရင်းထဲက တစ်ခုပဲ။ ဒါပေမဲ့ ကျွန်မက မမြင့်မြတ်ဘူး။ နတ်ဆိုးဘုံကို ကယ်တင်မယ့် ရည်ရွယ်ချက်က ကျွန်မလို တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမမျိုးနဲ့ မလိုက်ဖက်ဘူး။” အစ်ဇဘယ်လာက ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်သည်။ “ကျွန်မက ဒီအဖွဲ့အစည်းကို ဝင်ဖို့အတွက် ဖိအားပေး ခံခဲ့ရတာ။ ကျွန်မရဲ့ အဖေနဲ့ အစ်ကိုတို့က ဒီအဖွဲ့အစည်းကြောင်း သေသွားခဲ့ရတယ်။ ကျွန်မက လက်စားချေချင်စိတ်ပဲ ရှိတာ။ တခြားအရေးကြီးဆုံး သတင်းကတော့ ဒီတစ်ခေါက် ရှင့်ကို ဆက်သွယ်ဖို့အတွက် မြို့တော်ကို လွှတ်လိုက်တဲ့လူက ကျွန်မရဲ့ နောက်ထပ်ရန်သူပဲ။ ကျွန်မ သူ့ကို သတ်ရမယ်။”

သူ့အဖေနဲ့ အစ်ကို သေသွားတာလား။ တခြားရန်သူတစ်ယောက် ဟုတ်လား။ ချန်လွေ့က တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူသည်။ သူ၏စိတ်ထဲ၌ ရန်သူတစ်ယောက်၏ နာမည် ရေးရေးလေး ထွက်ပေါ်လာသည်။

“အဲဒီရန်သူက တော်တော်လေး အစွမ်းထက်တယ်။ ကျွန်မက သူ့ပြိုင်ဘက် မဟုတ်ဘူး။ ကျွန်မ ရှင့်ကိုပဲ အသုံးချလို့ရမယ်။ နောက်သုံးလေးရက်မှာ ရှင့်ရဲ့ဝိညာဉ်စွမ်အား တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးတော့ ကျွန်မရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ ရုပ်သေးတစ်ရုပ် ဖြစ်သွားမယ်။ ရှင့်ရဲ့ခန္ဓာကိုယ်ကလည်း လော်ဒန်လိုမျိုး အလိုအလျောက်ဖောက်ခွဲတဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်မရှင့်ကို ထိန်းချုပ်ပြီးတော့ ရန်သူနဲ့ တွေ့မယ်။ ပြီးရင် အခွင့်အရေး စောင့်ပြီးတော့ ဖောက်ခွဲပစ်မယ်။ ဒါပေမဲ့ သူက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ။ အဲဒါကြောင့် ဒီတစ်ခေါက် ကျွန်မရဲ့ တိုက်ခိုက်မှုက အန္တရာယ် ‌တော်တော်များတယ်။ အဲဒါကို ရှင်နဲ့....အတူ သေတယ်လို့ သဘောထားလိုက်ပါ။”

အစ်ဇဘယ်လာ စကားပြောပြီးနောက်တွင် ချန်လွေ့ကို အသာလေး ကြည့်သည်။ “အခု ကျွန်မလို ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမမျိုးနဲ့ ဆုံတွေ့ရတာကို ရှင် နောင်တရလား။”

ချန်လွေ့က အစ်ဇဘယ်လာကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူ၏ စကားကြောင့် ချန်လွေ့သည် မကြောက်ရွံ့သလို ဒေါသလည်း မထွက်ပေ။ ဒါက မိစ္ဆာထောင်‌ခြောက်ပန်းရဲ့ အစစ်မှန်ဆုံးဘက်ခြမ်း ဖြစ်မယ်။ သူငါ့ကို သတ်ချင်တာက သွေးမြေကျ အဖွဲ့အစည်းရဲ့ လက်ထဲကို ဆေးရည်မည်းတွေ မရောက်သွားစေဖို့နဲ့ သူ့ရဲ့ ရန်သူကို လက်စားချေဖို့အတွက်ပဲ။

အမှန်တကယ်၌ လူတိုင်းသည် အတ္တဆန်ကြသည်။ အစ်ဇဘယ်လာ၏ အတွေ့အကြုံမှာ စာနာထိုက်ပေသည်။ သို့သော်လည်း လုံးဝ ခွင့်လွှတ်၍ရသည်ဟု မဆိုလိုပေ။ “ချာလီစ်”၏ အမြင်ဘက်မှဆိုလျှင် သူသည် အပြစ်ကင်းပြီး အစ်ဇဘယ်လာ အတွက် ကိစ္စအတော်အများ ပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း သူသည် ယခုကဲ့သို့ ဆက်ဆံခံခဲ့ရသည်။

“ငါ့ရဲ့ ဝိညာဉ် ပျောက်ကွယ်မသွားခင် နောက်ဆုံးမေးစရာ တစ်ခု ရှိတယ်။ မင်းရဲ့ ရန်သူ နာမည်က ဘာလဲ။”

ထိုအချိန် မလိုအပ်သော မေးခွန်းများ မေးနေသေးသည့်အတွက် အစ်ဇဘယ်လာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူ ပြောလိုက်သေးသည်။ “ဘရော့ခ် လီဗျာသန်။ မနာလိုခြင်း ‌တော်ဝင်မိသားစုရဲ့ လက်ရှိအကြီးအကဲ။ သူက အရိပ်နက် အင်ပါယာရဲ့ ဗိုလ်ချုပ်၃ဦးရဲ့ ခေါင်းဆောင်။ ပြီးတော့ သွေးမြေကျ အဖွဲ့အစည်းရဲ့ အထက်လွှာ အဖွဲ့ဝင်တစ်ယောက်ပဲ။ ကျွန်မရဲ့ တစ်ဦးတည်းသော အချစ်ရဆုံ အစ်ကိုက သူ့လက်ထဲမှာ သေသွားခဲ့ရတယ်။”

တကယ် ဘရော့ခ်ပဲကိုး။ သူက လီဗျာသန် တော်ဝင်မိသားစုရဲ့ အကြီးအကဲ နေရာအထိ တက်လာခဲ့တယ်။ ဒါဆို မန်နူက .....

ဒီလိုဆို အစ်ဇဘယ်လာက ရိုမန်ကို ကောင်းကောင်း မဆက်ဆံပေမဲ့ ရိုမန် အဖေနဲ့ ဆွေမျိုးတော်စပ်တာကို စိတ်ထဲမှာ မှတ်ထားတုန်းပဲ။ အကောင်းဆုံး စိန်ကိုတောင် ဖြတ်တောက်ရတယ်။ အဲဒီတုန်းက ထရီဗန်တီမှာ ရိုမန်ကို သူ သတ်ဖို့ကြိုးစားတာ မဟုတ်လောက်ဘူး။ သူ့ကို လေ့ကျင့်ဖို့ ဒါမှမဟုတ် စမ်းသပ်ဖို့ ဖြစ်မယ်.....

“မစ်-အစ်ဇဘယ်လာ။ စကားတစ်ခွန်းရှိတယ်။ တစ်‌ခါတစ်ရံ ငါတို့က ကနဦးအစကို ရွေးချယ်လို့ မရဘူး။ ဒါပေမဲ့ အဆုံးသတ်ကိုတော့ ရွေးချယ်လို့ရတယ်။ ငါတို့ရဲ့ ကိုယ်ပိုင် အဆုံးသတ်ပေါ့။”

ထိုသို့ပြောပြီးနောက် ချန်လွေ့က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ အစ်ဇဘယ်လာ၏မျက်လုံးများ ကျုံ့သွားပြီး မယုံကြည်နိုင် ဖြစ်နေသည်။ အဆိပ်မိသည့် အချိန်အရ “ချာလီစ်”တွင် ထိုကဲ့သို့အင်အား မရှိသင့်ပေ။ တည်ငြိမ်သော ပုံစံနှင့် စွမ်းအား အငွေ့အသက် အနည်းငယ်ကို ခံစားနေရပြီး သူသည် ပြင်းပြင်းထန်ထန် အဆိပ်မိနေဟန် မတူပေ။

အစ်ဇဘယ်လာ၏ ဘယ်မျက်လုံးက ရုတ်တရက် ရွှေ‌ရောင်ပြောင်းလဲသွားပြီး အင်အားကြီး အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် အသင့်ဖြစ်နေလေပြီ။

“ငါမင်းကို တကယ် တိုက်ခိုက်ချင်ရင် ဒီလိုအခြေအနေထက် ခုနကတုန်းက အလစ်တိုက်ခိုက်ရင် ပိုလွယ်သေးတယ်။” ချန်လွေ့ ခေါင်းခါသည်။ “ငါ့ကို လေးကြိမ် သတ်ဖို့ကြိုးစားခဲ့တဲ့ မိန်းမတစ်ယောက်ကို ငါသေချာပေါက် အလွတ်မပေးနိုင်ဘူး။ ဒါပေမဲ့ အခု ငါစဉ်းစားနေတာ တစ်ခုပဲ ရှိတယ်။ အဲဒါက ဘရော့ခ်ဆိုတဲ့သူကို သတ်ပစ်ဖို့ပဲ။”

အစ်ဇဘယ်လာ ခေါင်းခါလိုက်သည်။ သူသည် ကြားနေရသည်ကို မယုံကြည်နိုင် လုနီးပါး ဖြစ်နေသည်။

“နောက်ဆုံးမှာ..... ငါတို့ လမ်းခွဲပြီးတော့ ရန်သူတွေ ဖြစ်ရင် ဖြစ်သွားမယ်။ ဒါမှမဟုတ် နောက်တစ်ကြိမ် တွေ့တဲ့အခါ သူစိမ်းတွေလိုပဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ငါမင်းကို ဒီတစ်ခု လုပ်ပေးမယ်။ ဒါက နောက်ဆုံးတစ်ခု ဖြစ်သွားနိုင်လောက်တယ်။”

ထိုစကားသည် အမှန်တကယ်၌ အဓိပ္ပာယ်နှစ်ခွ ဖြစ်သည်။ ထိုသို့ပြောပြီးနောက် ချန်လွေ့က အစ်ဇဘယ်လာကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ “ငါ ဘရော့ခ်လီဗျာသန်ကို သတ်ပစ်မယ်လို့ [ကောင်းချီးအလင်း ခန္ဓာကိုယ်]နဲ့ ကျိန်ဆိုတယ်။”

ဘရော့ခ်ကို သတ်ပစ်ရန်မှာ ချန်လွေ့၏ အရင်ကတည်းက ကျိန်ဆိုမှု ဖြစ်သည်။ ယခုတွင် ဘရော့ခ်ရောက်လာမည့် သတင်းကို ကြားသည့်အခါ ထိုအခွင့်အရေးကို သူလက်လွတ်မည် မဟုတ်ပေ။ ထို့ကြောင့် အစ်ဇဘယ်လာနှင့်ပတ်သက်သော ရန်ကြွေးများကို ဘေးဖယ်ထားကာ အကြီးမားဆုံးရန်သူကို ရင်ဆိုင်ရန်အတွက် ချန်လွေ့က သူနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

ထိုစကားများကို ကြားသည့်အခါ အစ်ဇဘယ်လာသည် နောက်ထပ် မယုံကြည်နိုင်စရာ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ယခင်က ယဉ်ကျေးပြီး စိတ်ရင်းမပါသော တွေ့ကြုံမှုများ၌ အစ်ဇဘယ်လာသည် ထိုမစစ်မှန်မှုကို အမြဲပင် ခံစားခဲ့ရသည်။ သို့သော်လည်း ထိုကျိန်ဆိုခြင်းသည် အားကောင်းပြီး ထည်ဝါလှသည်။ လုံးဝ ဟန်ဆောင်ခြင်း မဟုတ်ပေ။

ဒီလောက် တုံးအတဲ့ ယောက်ျားတစ်ယောက်ကို အခုမှ ပထမဆုံး ငါမြင်ဖူးတာပဲ။

ဒါပေမဲ့ ဒီလူက တကယ် မတုံးအဘူး။ သူ့ရဲ့အကြံအစည်ကို နတ်ဆိုးဘုံ တစ်ခုလုံးကို အရူးလုပ်နိုင်ခဲ့တယ်။ သူက ကြောက်စရာကောင်းတဲ့ ပညာရှိတစ်ယောက်ပဲ။ သူက ထီးနန်းကို လုယူဖို့အတွက် နတ်ဆိုးဘုံရဲ့အကူအညီ အသည်းအသန် လိုအပ်နေတဲ့ နိုင်ငံရေးသမား တစ်ယောက်လည်း ဟုတ်တယ်။ ဘရော့ခ်ကို သတ်တာက သွေးမြေကျနဲ့ ပူးပေါင်းမယ့် မျှော်လင့်ချက်ကို လုံးဝပျက်စီးသွားစေမှာ မဟုတ်လား။ ဒါက အဲဒီ အဖွဲ့အစည်းရဲ့ လက်စားချေတာကို ခံရနိုင်တယ်။ ပြဿနာတွေ အဆုံးမရှိ ဖြစ်လာမှာပဲ။

ဘာလို့လဲ။

တကယ်ပဲ အဲဒီ ရယ်စရာ “ဟာသ”ကြောင့်လား။

အစ်ဇဘယ်လာ၏ မျက်လုံးထဲ၌ ရှုပ်ထွေးသော အမူအရာများ ရောယှက်သွား၏။ ပထမဆုံးအကြိမ်အဖြစ် ရေသေကဲ့သို့ တိတ်ဆိတ်နေသာ ရေကန်သည် အမှန်တကယ်ပင် စတင်လှုပ်ရှားလာခဲ့သည်။

“ချာလီစ်.....” အစ်ဇဘယ်လာ၏ နှုတ်ခမ်းများ ပွင့်လာပြီး တစ်စုံတစ်ခုကို မေးချင်နေဟန် တူသည်။ သို့သော်လည်း နောက်ဆုံး၌ ထိုသို့ပြုလုပ်ရန် သတ္တိ မရှိခဲ့ပေ။

(တကယ်လို့ အဲဒီတုန်းက ငါတွေ့ခဲ့တဲ့သူက ဒီလူသာဆိုရင်.....။ ကံဆိုးချင်တော့ ဒီလောကမှာ တကယ်လို့ဆိုတာ မရှိဘူး။ အခုတော့ ငါက ကောက်ကျစ်ပြီး ရက်စက်တဲ့ မိန်းမတစ်ယောက်ပါပဲ.....)

အမှန်တကယ်၌ ချန်လွေ့၏ ရည်ရွယ်ချက်အမှန်မှာ အစ်ဇဘယ်လာကို တည်ငြိမ်စေရန် အတွက်သာ ဖြစ်သည်။ ငါသူ့ကို တကယ် ရင်ဆိုင်ချင်တယ်ဆိုရင် အနိုင်အရှုံး အသာထား။ အခုက အချိန်မကျသေးဘူး။ ပိုပြီးအ‌ရေးကြီးတဲ့ ဘုံရန်သူကို ငါ အရင် ဖြေရှင်းရမယ်။

အစ်ဇဘယ်လာသည် ဆုံးဖြတ်ချက် ပြတ်သားသည်။ သူ၏နည်းလမ်းများမှာ ကြမ်းတမ်းပြီး ရက်စက်သည်။ သူသည် အပြစ်ကင်းပြီး ကြင်နာတတ်သော မိန်းမမျိုး မဟုတ်သည်မှာ သေချာသည်။ သို့သော်....သူ၏ စိတ်အရင်းခံမှာ မဆိုးလှပေ။ ခွင့်လွှတ်၍ ရနိုင်သေးသည်။ သို့ရာတွင် ယခုအတွက် ရန်ကြွေးဟောင်းများကို လျစ်လျူရှု၍ ရသော်လည်း အမှောင်လကိစ္စများမှာ အရေးကြီးလွန်းလှသည့်အတွက် အနည်းငယ်မျှပင် ဖွင့်ပြော၍ မရနိုင်ပေ။

ဘရော့ခ်ကိုမူ သတ်ပစ်ရန် လုံးဝလိုအပ်သည်။ ၎င်းသည် အစ်ဇဘယ်လာအတွက် မဟုတ်ဘဲ ဒေလီယာနှင့် ရိုမန်တို့အတွက် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။

“ကောင်းပြီ။ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး။” ချန်လွေ့သည် ခုနက မည်သည်မှ မဖြစ်ခဲ့သလိုမျိုးပင် လေးနက်လျက်ရှိနေသည်။ “ဘရော့ခ်အကြောင်း သတင်းအတိအကျ ငါသိဖို့လိုတယ်။ ပြီးရင် သူ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါတို့ ဆွေးနွေးကြမယ်။ တခြားကိစ္စတွေကိုတော့ ဘေးဖယ်ထားလိုက်ရအောင်။ ဟုတ်ပြီလား။”

အစ်ဇဘယ်လာ ပင့်သက်ရှိုက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဘရော့ခ်သည် လက်ရှိ၌ အကြီးမားဆုံးရန်သူ ဖြစ်သည်။ သူသည် ချက်ချင်းပင် အနှောင့်အယှက် ဖြစ်စေသော အတွေးများကို ဖုံးဖိထားပြီး ခေါင်းညိတ်လိုက်သည်။ “‌ဟုတ်ပြီ။”

All Chapters