← Chapters

သွေးမြစ်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး ပိုင်ရှင်ကို ဒဏ်ရာရစေခဲ့သော “အက်စကာလီဘာ”

Vol. 25 Ch. 371

သွေးမြစ်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး ပိုင်ရှင်ကို ဒဏ်ရာရစေခဲ့သော “အက်စကာလီဘာ”

Vol. 25 Ch. 371

ဘရော့ခ် စကားမပြောနိုင်ခင်မှာပင် မျက်နှာချင်းဆိုင်ဘက်မှ ချန်လွေ့က မတ်တပ်ရပ်သည်။ သူ၏ဓားကဲ့သို့ လက်ဝါးတွင် အလင်းရောင်ဖျော့ဖျော့ တောက်ပ နေပြီး လေကို ခုတ်ပိုင်းလိုက်သည်။

ဘရော့ခ်သည် ဝင်လာသည့် မမြင်နိုင်သော ဓားချီ၏ ခြိမ်း‌ခြောက်မှုကို ခံစားလိုက် ရသည်။ ထိုအချိန်၌ သူ၏ခန္ဓာကိုယ်မှ အားအင်သည် ပို၍ပင် အားနည်းသွားသည်။ ကျယ်လောင်လှသော အော်သံနှင့်အတူ ဘရော့ခ်၏ အပြာရောင် မျက်လုံးများ အနက်ရောင် ပြောင်းသွားသည်။ ချုပ်တည်းထားသော အလင်းရောင်သည်လည်း တဖြည်းဖြည်း မှိန်ကျသွားပြီး ကြီးကြီးမားမား အားလျော့သွားသည်။

လှုပ်နိုင်ရုံသာ ရှိသေးသော ဘရော့ခ်သည် ချက်ချင်းပင် လက်ကို အရှေ့သို့ ‌ရွေ့လျားလိုက်သည်။ သူ၏လက်ဝါး ဆန့်ထုတ်လိုက်ပြီးနောက်တွင် အနက်ရောင် မြူနှင်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် [အရှိန်အဝါဓားသွား]၏ မမြင်နိုင်သော ဓားချီကိုပင် လုံးဝ ဝါးမျိုခဲ့သည်။

စွမ်းအားအဟောင်းများ ကုန်ခမ်းပြီး စွမ်းအားအသစ်များ မပေါ်ထွက်လာသေးသော အားအနည်းဆုံး အခြေအနေ၌ ဘရော့ခ်၏နောက်ဘက်တွင် မီးခိုးရောင် အရိပ်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။ ဘရော့ခ် ချက်ချင်းပင် သတိထားမိသွားသည်။ ပုံမှန်သာ ဆိုလျှင် ဘရော့ခ်သည် တစ်ဖက်လူ အလွန်အမင်း မြန်ဆန်စေကာမူ အချိန်မီ တုံ့ပြန်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်၌ သူ၏ အခြေအနေသည် အတော်လေး အားနည်းနေခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် သူ၏စိတ်ကို အမှီ မလိုက်နိုင်ခဲ့ပေ။ ထိုအရိပ်သည် သူ အချုပ်အနှောင်မှ လွတ်မြောက်ပြီး [အရှိန်အဝါဓားသွား]ကို ဖြေရှင်းပြီးသည့် အရေးကြီးသော အခိုက်အတန့်တွင်မှ တိုက်ခိုက်လာသည်။ အချိန်သည် အတော်လေး တိကျလှ၏။

သေရေးရှင်ရေး အခြေအနေ၌ ဘရော့ခ်၏ စွမ်းပကားများ ထွက်ပေါ်လာသည်။ စူးရှလှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အခါ သူ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် သူ၏ရင်ဘတ်၌ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ညာဘက်အဆုတ်သည် ထက်လှသော လက်နက်တစ်မျိုးမျိုး၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရသည်။ နတ်ဆိုးအရှင်သခင်အဆင့် ခန္ဓာကိုယ်သည် ထိုတိုက်ခိုက်မှုကို အမှန်တကယ် မခုခံနိုင်ခဲ့ပေ။ ထိုဒဏ်ရာသည် ကြောက်မက်ဖွယ်ရာ သားရဲတချို့၏ ကိုက်ဖြဲမှုကို ခံထားရသကဲ့သို့ပင် ဖြစ်သည်။ ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ သူ၏ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားသော ထက်မြက်လှသည့် အားသည် [နတ်မိစ္ဆာမျက်လုံး]၏ စွမ်းအားကို သဘာဝဝိပါက်သဖွယ် အလျင်အမြန် အားနည်းသွားစေသည်။

ထိခိုက်မှုမှာ ပြင်းထန်လှသည့်အတွက် ဘရော့ခ်က ကျယ်လောင်စွာ အော်ဟစ်သည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း၏စွမ်းအားမှာ ပေါက်ကွဲထွက်ပြီး ခန္ဓာကိုယ်အတွင်းထဲမှ သောင်းကြမ်းနေသော အားကို လုံးဝ ဝါးမျိုလိုက်သည်။ သူသည် လက်ကို နောက်ဘက်သို့ အမြန် ဝှေ့ရမ်းလိုက်သည်။ သူ့နောက်မှ ပုံရိပ်သည် နှာမှုတ်ပြီး ကြိုးလွတ်သွားသော စွန်သဖွယ် ပျံသန်းသွားသည်။

“အစ်ဇဘယ်လာ။” ဘရော့ခ်သည် အလစ်တိုက်ခိုက်သူ၏ ပုံရိပ်ကို မြင်ပြီးသွားပြီ ဖြစ်သည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ အစ်ဇဘယ်လာနောက်သို့လိုက်ရန် ဘရော့ခ်ပြင်လိုက်စဉ် သူ၏ခန္ဓာကိုယ်သည် အလေးချိန် ၁၀ဆ တိုးသွားသကဲ့သို့ပင် မြုပ်ဝင်သွားသည်။ သူ၏အမြန်နှုန်းလည်း နှေးကွေးသွား၏။ တစ်ချိန်တည်းမှာပင် သူ၏ ပတ်ပတ်လည်မှ ပြန့်ကျဲနေသော အလင်းရောင်များလည်း အရောင်စုံတောက်ပလာကာ သူ၏ခန္ဓာကိုယ်ကို ပို၍လေးလံသွားစေသည်။

ထူးဆန်းသည်မှာ အသုံးပြုသူ “ချာလီစ်”အပြင် အစ်ဇဘယ်လာလည်း သက်ရောက်မှု မရှိခြင်းပင် ဖြစ်သည်။ [မြေမှော်ကျွမ်းကျင်မှု]ပါရမီ ရှိသော ဘယ်ဇီဘတ် တော်ဝင်မိသားစုများပင် [မြေဆွဲအား]ကို ထိုကဲ့သို့တိကျသော အတိုင်းအတာအထိ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

အစ်ဇဘယ်လာသည် အမှန်တကယ်ပင် အဝတ်အစား လဲထားခဲ့သည်။ ၎င်းသည် တိုက်ခိုက်ရန်အတွက် ကိုယ်ကျပ်အင်္ကျီသာ ဖြစ်သည်။ ခုနက သူသည် ဘရော့ခ်၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် သူ၏ဒဏ်ရာမှာလည်း မသေးလှပေ။ သူ၏နှုတ်ခမ်းထောင့်တွင် သွေးများ ပြည့်နှက်နေပြီး မျက်နှာလည်း ဖြူဖျော့နေ၏။ သို့သော် သူ၏အစိမ်းရောင်မျက်လုံးများမှာမူ သတ်ဖြတ်ချင်စိတ်များ ထုတ်လွှတ်နေဆဲပင် ဖြစ်သည်။ သူသည် လက်ထဲ၌ ဓားမြောင်တစ်လက် ကိုင်ထား၏။ ၎င်းမှာ ချန်လွေ့ပေးခဲ့သော ဒဏ္ဍာရီလာအဆင့်လက်နက်ဖြစ်သည့် “လောင်မြိုက်အရိပ်” ဖြစ်သည်။

“အစ်ဇဘယ်လာ။ မင်း ဘယ်လိုလုပ် အဖွဲ့အစည်းကို သစ္စာဖောက်ရဲတာလဲ။ ကျိန်စာ‌ကြောင့် တိုက်စားခံရမှာ မကြောက်ဘူးလား။”

“ကျွန်မက အဖွဲ့အစည်းကို သစ္စာဖောက်တာ မဟုတ်ဘူး။ ကျွန်မက ရှင့်ကိုပဲ သတ်ချင်တာ။ ဒါက သစ္စာဖောက်တာနဲ့ မတူဘူး။ သွေးမြေကျတစ်ခုလုံးကို ကိုယ်စားပြု ရအောင် ရှင်က ဘာမို့လို့လဲ။” အစ်ဇဘယ်လာက သွေးအန်ရင်း သရော်ပြုံး ပြုံးသည်။ “ပြီး‌တော့လည်း ဒီနေ့ ကျွန်မက ဒီနေ့က အသက်ရင်လျက် ပြန်ထွက်ဖို့ မစီစဉ်ထားဘူး။ ကျိန်စာဖြစ်ဖြစ်၊ အဆိပ်တိုက်စားတာပဲဖြစ်ဖြစ်၊ ကျွန်မ ဂရုမစိုက်ဘူး။”

ဘရော့ခ်က အလျင်အမြန် ပျောက်ကွယ်နေသော စွမ်းအားကို အကောင်းဆုံး ဖိနှိပ်ရန် ကြိုးစားနေသည်။ ထိုအဆိပ်သည် အတော်လေး ဖြေရှင်းရခက်ခဲသည်ဟု သူခံစားမိလိုက်သည်။ လျို့ဝှက်ပညာရပ်များဖြင့်ပင် ဖယ်ရှား၍ မ‌ရပေ။ ဘရော့ခ် အံကြိတ်ပြီး ပြောသည်။ “ကောင်မစုတ်။ မင်း ဘယ်လိုအဆိပ်မျိုးကို သုံးခဲ့တာလဲ။”

“သုံးမျိုး။ လှည်းထဲမှာ ရှင်ရခဲ့တဲ့ ပန်းရနံ့။ ကျွန်မကိုယ်ပေါ်က မွှေးရနံ့။ နောက်တစ်ခုက ဝင်းထဲက နဂါးအမွှေးနံ့သာ။ တစ်ခုတည်းက ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ပေါင်းလိုက်ရင်တော့ နတ်ဆိုးအရှင်သခင်တွေတောင် ဒီအဆိပ်ကို မခုခံနိုင်ဘူး။ စိတ်မပူပါနဲ့။ ဒါက ရှင့်ရဲ့စွမ်းအားကိုပဲ အားနည်းစေမှာပါ။ မသေနိုင်ပါဘူး။”

အစ်ဇဘယ်လာ မည်သည့်အတွက်ကြောင့် လက်စားချေရကြောင်း ဘရော့ခ် သိသည်။ သူ၏အစ်ကိုဖြစ်သူကို ဘရော့ခ်က [နတ်မိစ္ဆာမျက်လုံး]ကို အသုံးပြုပြီး သေသည်အထိ နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချာလီစ်က မည်သည့်အတွက်ကြောင့် အစ်ဇဘယ်လာကို ကူညီရကြောင်း ဘရော့ခ် နားမလည်နိုင်‌ပေ။ ချာလီစ်သည် ထိုကဲ့သို့ ရက်ရောလှသော ကမ်းလှမ်းမှုကို လက်လျှော့ခဲ့သည်။ ဒီလူသားက သူပိုင်ဆိုင်သင့်တဲ့ အရာတွေအားလုံးကို ပြန်ယူချင်တဲ့ တရားမဝင်မင်းသာ မဟုတ်လား။ သူက ဒီအရူးမ အတွက် ရူးမိုက်နေတာလား။

“ဘာလို့လဲ။” အစ်ဇဘယ်လာက ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ပျောက်ကွယ် သွားစေရန်အတွက် အားအင်စုစည်းပြီး ချန်လွေ့ကို အော်ပြောသည်။

“ဘာလို့လဲဆိုတော့ အစ်ဇဘယ်လာပြောတာ မှန်လို့ပဲ....။ ခင်ဗျားက သွေးမြေကျ အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုဘူး။ ခင်ဗျားရဲ့ အဖွဲ့အစည်းက ကျုပ်ကို တစ်ယောက်ထက်ပိုပြီး ဆက်သွယ်ပြီးပြီ။” ချန်လွေ့ အကြံတစ်ခု ရသွားခဲ့သည်။ သူက အစ်ဇဘယ်လာ၏ စကားအတိုင်း ထိုကဲ့သို့ တမင်ပြောလိုက်သည်။ ၎င်းမှာ ဘရော့ခ်ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထိုအဖြေသည် အမှန်တကယ်ပင် ဘရော့ခ်ကို အံ့အားသင့်သွားစေသည်။ ငါမရောက်ခင် သွေးမြေကျက ဒီလူသားကို ဆက်သွယ်ပြီးပြီလား။ ဘယ်သူလဲ။

သွေးမြေကျရဲ့ အတွင်းပိုင်းက တစ်သားတည်း ဖြစ်မနေဘူး။ အဖွဲ့ခွဲတွေ အများကြီးက အချင်းချင်း ရန်လိုနေကြတယ်။ ဒါပေမဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ သွေးမြေကျဘုရင်ရဲ့ အကျိုးစီးပွားနဲ့ အကျပ်ကိုင်မှုတွေကြောင့် သူတို့က အချင်းချင်း ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ကြတာ ရှားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချောင်းမြောင်း တိုက်ခိုက်တာတွေတော့ အများကြီးပဲ။ အဇ်ဂါလောနဲ့ မန်နူတို့က မဟာမိတ်တွေ။ သလင်းကျောက်နဂါးကတော့ နည်းနည်းပိုဝေးတယ်။ အခု မန်နူက သေပြီဆိုတော့ ငါ လက်ရှိသိမ်းပိုက်ထားတဲ့ နေရာကို မနာလိုတဲ့ တပ်မက်တဲ့သူတွေ ရှိနေမှာပဲ။

ဘရော့ခ်၏အတွေးများ ချာချာလည်နေစဉ် ချန်လွေ့သည် အပြည့်အဝ စုစည်းထားသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် ထူးဆန်းသော မြင်ကွင်းများ ထွက်ပေါ်လာ၏။ ကောင်းကင် မည်းမှောင်သွားသည်။ ဘရော့ခ်၏ စိတ်ထဲ၌ စိတ်ဓာတ်ကျသော ခံစားချက်တစ်ခု မြင့်တက်လာပြီး သူ၏ စွမ်းအားအပါအဝင် သူ့အရှေ့မှ အရာအားလုံး စတင်ယိုယွင်းလာသည်။ သူသည် ရုတ်တရက် အသက်တစ်ရာနှစ်ရာ ပို၍အိုမင်းသွားသကဲ့သို့ပင် ချက်ချင်း အထင်မှားသွားခဲ့သည်။

ပိုင်နက်ပဲ။

နတ်ဆိုးအရှင်သခင်အဆင့်နီးပါး ရောက်နေပြီဖြစ်သော ဘရော့ခ်၏ မျက်လုံးထဲ၌ ထိုပိုင်နက်စွမ်းအားမှာ “အရေအတွက်”အရ သိပ်ပြီး ကိစ္စကြီး မဟုတ်လှပေ။ သို့သော် “အရည်အသွေး”၌ ၎င်းသည် [နတ်မိစ္ဆာပိုင်နက်] ကိုပင် ရေးရေးလေး သာလွန်နေသည်။ ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့်၏ တကယ့်ပိုင်နက်သို့ နီးကပ်နေပြီ ဖြစ်သည်။

ဒါက လူသား နတ်ဆိုးဧကရာဇ်အဆင့်လား။ ဒါက တကယ့်ကို ထူးခြားတာပဲ။ ဒါပေမဲ့ ဒီလိုစွမ်းအားမျိုးက အားနည်းလွန်းနေသေးတယ်။ နတ်ဆိုးဘုံက သာမန် နတ်ဆိုးဧကရာဇ်တွေထက်တောင် နိမ့်ကျတယ်။

အနီးအနား၌ တိုက်စားပြီး ယိုယွင်းနေသော်လည်း အစ်ဇဘယ်လာ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အနက်ရောင်အလင်းများ တောက်ပလာသည်။ သူသည် အသက်ဓာတ်များ ပြည့်နှက်သွား၏။ သူ၏ဒဏ်ရာများလည်း ချက်ချင်း ပြန်ကောင်းလာပြီး သူ၏ အခြေအနေတစ်ခုလုံး နှစ်ဆတိုးသွားသည်။ ဘရော့ခ် အထင်မှားသွားသည်။ ဒါက အက်စ်မိုဒက်စ် ‌တော်ဝင်မိသားစုရဲ့ အဲဒါနဲ့ ဆင်တူတယ်။ နိဗ္ဗာန်စွမ်းအားလား။ မဖြစ်နိုင်ဘူး။ နိဗ္ဗာန်စွမ်းအားက ဒီလိုမျိုး သုံးလို့မရဘူး။ ဒါက လူသားတွေရဲ့ အလင်းဒြပ်စင် စွမ်းအားပဲ ဖြစ်မယ်။

အစ်ဇဘယ်လာ၏ ဘယ်မျက်လုံး ရွှေရောင်ပြောင်းသွား၏။ နတ်ဆိုးဘုံ၌ အကောင်းဆုံးဖြစ်သော ဘယ်ဖီ‌ဂေါ တော်ဝင်မိသားစု၏ [လျှပ်တပြက်] ပါရမီကို အသက်သွင်းလိုက်ခြင်းဖြစ်သည်။ သူ၏အမြန်မှုန်းသည် [ A+ ] သို့ မြင့်တက်သွားပြီး ဘရော့ခ်အရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ လက်ထဲမှ ဓားမြောင်သည်လည်း မြောက်မြားလှစွာသော ပုံရိပ်ယောင်များဖြစ်သွားပြီး ဧရာမပိုက်ကွန်သဖွယ် ဘရော့ခ်ကို ဖုံးလွှမ်းလိုက်သည်။

ဘရော့ခ်၏ မျက်လုံးထဲ၌ အနက်ရောင် အလင်းများ ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်၌ အက်ကွဲသံ တိုးတိုးလေး ထွက်ပေါ်လာသည်။ သူသည် ချန်လွေ့ ပိုင်နက်၏ အသက်ကြီးခြင်းနှင့် တိုက်စားခြင်းစွမ်းအားကို အမှန်တကယ် ဖောက်ထွက်နိုင်ခဲ့သည်။ သို့သော် သူ၏စွမ်းအားသည် ထူးဆန်းသော ရောစပ်အဆိပ်ကြောင့် ကြီးကြီးမားမား အားနည်းနေသည့်အတွက် ထိုကဲ့သို့ အတင်းဖောက်ထွက်ခြင်းသည် သူ့ကို ထိခိုက်စေသည်။ သူ၏အတွင်းဒဏ်ရာများ ပို၍ပင် ဆိုးဝါးသွားခဲ့သည်။

ဘရော့ခ် ပုံမှန်အသုံးပြုလေ့ရှိသော [ သွေးမြစ်] ဓားရှည် လက်ထဲ၌ ထွက်ပေါ်လာသည်။ ၎င်းသည် ဝှေ့ရမ်းနေရင်း ပြင်းထန်သော သွေးချီများကို ထုတ်လွှတ်နေ၏။

အစ်ဇဘယ်လာ ဖန်တီးခဲ့သော ပုံရိပ်ယောင် ပိုက်ကွန်သည် သွေးကြောင့် တဖြည်းဖြည်း အရည်ပျော်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် အကြိမ်ကြိမ် တိုက်ခိုက်လိုက်၊ ဆုတ်ခွာလိုက် လုပ်နေကြသည်။ ဘရော့ခ်၏ မျက်နှာနှင့် လည်ပင်း၌ မြင်မကောင်းသော ဒဏ်ရာများ ပိုပိုများလာသည်။ ၎င်းသည် ဓားမြောင်တစ်လက်ကြောင့် ဖြစ်ရသည်မှာ စဉ်းစားကြည့်ရန် ခက်ခဲလှသည်။ အစ်ဇဘယ်လာသည် သွေးအများအပြား ထွက်နေသော သူ၏ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် တင်တင်းကြပ်ကြပ် ဖုံးဖိထားသည်။

ချန်လွေ့၏ ပိုင်နက် အတင်းဖောက်ထွက်ခံလိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ် စွမ်းအားသည် တန်ပြန်ခြင်းတမျိုးမျိုး ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ ကြယ်စွမ်းအား ပြောင်းပြန် စီးဆင်းလာသည်။ အချိန်အတော်ကြာသည်အထိ ထိန်းချုပ်ရန် ခက်ခဲနေသည်။ အဓိက အကြောင်းရင်းမှာ သူ၏စွမ်းအားသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ အမှန်တကယ် မရောက်သေးသည့်အတွက် ဖြစ်ပေသည်။

ဘရော့ခ်သည် အစ်ဇဘယ်လာကို ချန်ထားပြီး ချန်လွေ့ဆီသို့ အပြေးသွားသည်။ ယနေ့ သူ၏ရည်ရွယ်ချက်မှာ အစ်ဇဘယ်လာနှင့် အသည်းအသန် တိုက်ခိုက်ရန်မဟုတ်ဘဲ ဆေးရည်မည်း အရင်းအမြစ်များရှိသော လူသားကို ပြန်ခေါ်သွားရန် ဖြစ်သည်။ ထိုလူသား၏ ပိုင်နက်နှင့် မှော်ဆန်းသော အဟန့်အတားများ မရှိလျှင် အစ်ဇဘယ်လာကို ရိုးရိုးရှင်းရှင်းပင် သတ်ပစ်၍ ရပေသည်။

ချန်လွေ့လည်း ဘရော့ခ်၏အကြံကို မြင်လိုက်ပြီး အဝေးသို့ ချက်ချင်းပင် တယ်လီပို့ ခုန်လိုက်သည်။ ဘရော့ခ် အမှီလိုက်ရန် ပြင်လိုက်စဉ် [ လျှပ်တပြက် ]အသုံးပြုထားသော အစ်ဇဘယ်လာ အပြေးရောက်လာပြန်သည်။ ၎င်းသည် ခုခံမှုကို လက်လျှော့ပြီး ကြံရာမရ တိုက်ခိုက်ခြင်းမျိုးပင် ဖြစ်သည်။

ဘရော့ခ် ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ အငွေ့မည်း အများအပြား ထွက်ပေါ်လာပြီး အလျင်အမြန် ပျံ့နှံ့သွားသည်။ နေရာတစ်ခုလုံးကို ထို ထူးဆန်းသော အငွေ့များက ဖုံးလွှမ်းသွားပုံရသည်။ ဘရော့ခ်၏ လက်ရှိ [နတ်မိစ္ဆာပိုင်နက်] သည် မည်သည့်အစိုင်အခဲအရာအဖြစ် ပြောင်းလဲ၍ရသလို ဆုပ်ကိုင်၍မရသော အခြေအနေအဖြစ်လည်း ပြောင်းလဲ၍ရပြီး ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှု မဖြစ်နိုင်ပေ။ ၎င်းသည် အသွေးအသားများကို ဝါးမျိုပြီး ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲ၍ရသော စွမ်းရည်လည်းရှိသည်။ ထိုရန်သူ နှစ်ယောက်ကို ကိုင်တွယ်ရန်အတွက် လုံးဝ လွယ်ကူလှပေသည်။

အစ်ဇဘယ်လာ၏ ဓားမြောင်က ဘရော့ခ်၏ ခန္ဓာကိုယ်ကို စိုက်ဝင်သွားသည့်အခါ ဘရော့ခ်၏ ခန္ဓာကိုယ်သည် အငွေ့အမည်းအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။ ထိုအငွေ့သည် အစ်ဇဘယ်လာကို ရစ်ပတ်လာသည်။ အစ်ဇဘယ်လာသည် တကယ့် တိုက်ပွဲများ၌ အလွန်အမင်း အတွေ့အကြုံ ရင့်ကျက်သည်။ သူ ဓားမြောင်ကို ချိန်လိုက်ပြီး လေဝဲများ ထွက်ပေါ်လာကာ အငွေ့မည်းများကို ဖယ်ထုတ်ရန် ကြိုးစားကြည့်သည်။

သို့သော် အငွေ့မည်းများ ကွယ်ပျောက်သွားပြီးသည့်အခါ အစ်ဇဘယ်လာကို အလျင်အမြန် ဝိုင်းရံလိုက်ပြန်သည်။ လေဝဲစွမ်းအား မှေးမှိန်လာပြီး ဝါးမျိုခံလိုက် ရသကဲ့သို့ ဖြစ်သွားကာ ခဏအကြာ ပျောက်ကွယ်သွားသည်။

ထိုအချိန်၌ အငွေ့မည်းသည် ထူးဆန်းသော အသွင်ပြောင်းမှုတစ်ခု ရုတ်တရက် ဖြစ်‌ပေါ်လာသည်။ အရွယ်အစား အမျိုးမျိုးရှိသော အလုံးများ ကြီးစိုးနေပြီး ထူးဆန်းသော စည်းချက်တစ်ခုနှင့်အတူ တဖြည်းဖြည်း လည်ပတ်နေ၏။

အငွေ့မည်း အသက်ရှူမဝ ဖြစ်နေသကဲ့သို့ ဖြစ်နေပုံရသည်။ ၎င်းသည် ဆုပ်ကိုင်၍ မရသောပုံစံကို ထိန်းထားရန် အလွန် ခက်ခဲနေသည်။ ဘရော့ခ်၏ပုံရိပ် ရေးရေးလေး ထွက်ပေါ်လာပြန်သည်။ ယခုတစ်ခေါက် ဘရော့ခ်၏ အံ့အားသင့်မှုကို စကားလုံးဖြင့်ပင် ဖော်ပြ၍ မရတော့ပေ။ ဒီလူသားမှာ ပိုင်နက်စွမ်းအား တစ်ခုထက် ပိုရှိတယ်။ ပြီးတော့ ဒီ ထူးဆန်းတဲ့ ပိုင်နက်က တကယ်ကြီး ငါ့ရဲ့စွမ်းအားကို တစ်ဝက်နီးပါး‌ လျော့သွားစေတယ်။ သီဝရီအရတော့ ငါ့ရဲ့ပိုင်နက်အပေါ်ကို သူ့ရဲ့ပိုင်နက် အသုံးပြုချင်ရင် စွမ်းအားအဆင့် တူမှရမယ်။ အဲလိုဆိုရင်တောင် အဟန့်အတားတစ်ခုခု၊ တန်ပြန်မှုတစ်ခုခု ဖြစ်နိုင်တယ်။ အဲဒါကြောင့် အစ်ဇဘယ်လာက သူ့ပိုင်နက်ကို အတင်းအသုံးမပြုခဲ့တာ။ ပြဿနာက ဒီလူသားဟာ ငါ့ထက် ပိုပြီးတော့ စွမ်းအားနိမ့်တယ်။ ဒါပေမဲ့ သူက ဘာမှ မသက်ရောက် ခံရဘဲနဲ့ ငါ့ရဲ့[ နတ်မိစ္ဆာပိုင်နက် ] ပေါ်မှာ ဒီထူးဆန်းတဲ့ ပိုင်နက်စွမ်းအားကို အသုံးပြု နိုင်နေတယ်။

အတိအကျပြောရလျှင် ၎င်းမှာ ပိုင်နက်တစ်ခု မဟုတ်ဘဲ စူပါစနစ်၏ အစွမ်း တစ်ခုသာ ဖြစ်သည်။

အစ်ဇဘယ်လာလည်း စိတ်ထဲ၌ အံ့အားသင့်သွားသည်။ “ချာလီစ်”ရဲ့ စွမ်းအားက ခန့်မှန်းလို့ မရနိုင်အောင်ပဲ။ ဒါကြောင့် လော်ဒန် နဲ့ လင်ကွန်မိသားစုက အကြီးအကဲတောင် သူ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့ရတာ။ အခုအထိတောင် ဒီလူသားရဲ့ နာမည်ကိုပြောတဲ့အခါ ဆာထရီက မဖုံးကွယ်ထားတဲ့ အကြောက်တရားကို ပြသနေတုန်းပဲ။

ထိုအကြောင်းကို စဉ်းစားနေရင်း အစ်ဇဘယ်လာ အလျင်အမြန် တုံ့ပြန်လိုက်သည်။ ဘယ်မျက်လုံးမှ ရွှေရောင်အလင်းတို့သည် တလက်လက် တောက်ပနေသော ဖျက်ဆီးခြင်း အလင်းတန်းတစ်ခု ဖြစ်သွားကာ အလွန်အမင်း အားနည်းနေသော ဘရော့ခ်ကို ပစ်ထည့်လိုက်သည်။ ထိုတိုက်ခိုက်မှု နည်းလမ်းသည် မိစ္ဆာမျက်လုံးနှင့် လုံးဝ အတူတူပင် ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ထရီဗန်တီ မြေအောက်အပျက်အစီးထဲ၌ လေ့ကျင့်ခဲ့ပုံရသည်။ ၎င်းသည် တစ်သက်သာ သားရဲအဖော်မွန်၏ စွမ်းအားနှင့် ပေါင်းစပ်ထားသော [မိစ္ဆာဖျက်ဆီးခြင်း] စွမ်းအား ဖြစ်ရပေမည်။

ဘရော့ခ်သည် ဆုပ်ကိုင်မရသော အခြေအနေကို မထိန်းထားနိုင်တော့သည့် အတွက် ခန္ဓာကိုယ် အစစ်အမှန်ကို ထုတ်ပြလိုက်ရသည်။ သူ၏လက်မှ သွေးရောင် အလင်းများ တောက်ပနေပြီး လျို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ လျို့ဝှက်အစွမ်း နှင့်အတူ ဓားရှည်၏ [သွေးဆာခြင်း] စွမ်းရည်ကို အသုံးပြုလိုက်သည်။ မြောက်မြားလှသော သွေးချီသည် မြွေခန္ဓာကိုယ်ကဲ့သို့ပင် ရွှေရောင်အလင်း၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။

အရှိန်တစ်ခုတည်း၌ အစ်ဇဘယ်လာသည် လက်ရှိ ဘရော့ခ်ထက် သာလွန်၏။ သို့သော် သူ၏ခြုံငုံစွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသာ ဖြစ်သည့်အတွက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုံးနိမ့်သွားခဲ့သည်။ သွေးချီများသည်လည်း ရွှေရောင် အလင်းတန်းကို အလျင်အမြန်ရစ်ပတ်လိုက်သည်။ “သွေးမြစ်”၏ ဓားချီသည် ဝိညာဉ်ကို တိုက်စားနိုင်သည်။ ၎င်းသည် [မိစ္ဆာမျက်လုံး]အပေါ်၌ အထူးကန့်သတ်သည့် သက်ရောက်မှု တစ်ခု ရှိသည်။ အစ်ဇဘယ်လာသည် ထိုအချိန်၌ ရွှေရောင်အလင်းတန်းကို မရုပ်သိမ်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် ထိခိုက်မှုကိုသာ ခုခံ၍ ရတော့သည်။ သူ၏ ဝမ်းဗိုက်မှ သွေးစက်များသည်လည်း ပို၍ ကျယ်ပြန့်လာပြန်သည်။

ဘရော့ခ်က သွေးချီကို ထိန်းချုပ်ထားစဉ် “ချာလီစ်”၏ ပုံရိပ်သည် အစ်ဇဘယ်လာ အရှေ့၌ ထွက်ပေါ်လာသည်။ သူသည် အမှန်တကယ်ပင် သွေးချီကို ဆုပ်ကိုင်ခဲ့သည်။ ဝိညာဉ်ကို တိုက်စားနိုင်သည့် ဓားစွမ်းအင်သည် ချန်လွေ့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက် သွားသည့်အခါ ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။ နောက်ဆုံး၌ အစ်ဇဘယ်လာသည် ရွှေရောင်အလင်းတန်းကို ပြန်ရုတ်သိမ်းနိုင်ခဲ့သည်။ သူ နောက်ဆုံး ခြေသုံးလေးလှမ်း ဆုတ်ခွာသွားရသည်။ သူ၏မျက်နှာ ဖြူဖျော့နေ၏။

ချန်လွေ့သည် နောက်မဆုတ်ဘဲ ရှေ့ဆက်သွားသည်။ ထို့နောက် အရဲစွန့်ပြီး “သွေးမြစ်”ကို ဆုပ်ကိုင်လိုက်သည်။ သူ၏လက်သည် ထူးဆန်းသော အားတစ်ခု ပါရှိနေဟန်တူပြီး ဓားရှည်ကို အနည်းငယ် တုန်ခါသွားစေသည်။ ဘရော့ခ်က လက်ကောက်ဝတ်ကို လှည့်လိုက်သည့်အခါ ထက်မြက်လှသောဓားသည် ချန်လွေ့ကို လက်ကိုထိသွားပြီး သွေးများထွက်သွားစေသည်။ ချန်လွေ့သည် “သွေးမြစ်”ကို တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်နိုင်တော့ပေ။ သူ တယ်လီပို့ခုန်ပြီး အစ်ဇဘယ်လာထံသို့ ပြန်ကာ နောက်သို့ အလျင်အမြန် ဆွဲခေါ်သွားလိုက်သည်။

ဘရော့ခ်က အကြီးကြီး တိုက်ခိုက်ရန်အတွက် လက်ကျန်စွမ်းအားများကို စုစည်းနေစဉ် သူ၏ဓားရှည် အရောင်တောက်လာသည်။ သို့သော် ဓားကိုယ်ထည်သည် ဆိုဆိုးဝါးဝါး တုန်လှုပ်လာပြီး ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ထိုသို့ ရုတ်တရက် အဖြစ်အပျက်ကို ဘရော့ခ် လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဆိုလိုသည်မှာ သတိမထားမိ ခဲ့သော ဘရော့ခ်သည် “သွေးမြစ်”ပေါ်၌ စုစည်းခဲ့သော စွမ်းအားကို တည့်တည့် ခုခံလိုက်ရခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းသည် တစ်ဝက်-ဒဏ္ဍာရီလာအဆင့် လက်နက်၏ “ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း”အား ဖြစ်သည်။

ပေါက်ကွဲထွက်သွားသော ဓားစများ လွင့်စင်သွားသည်။ ဘရော့ခ်သည် ချက်ချင်းပင် သွေးလူသား ဖြစ်သွားခဲ့သည်။ ရုတ်တရက် ထိတ်လန့်မှုကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပုံမှန်တုံ့ပြန်မှု ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ သူ အသုံးများဆုံးဖြစ်ပြီး အကြိုက်ဆုံးဓားဖြစ်သော “သွေးမြစ်”ဓားသည် ထိုကဲ့သို့ အလိုလို ပေါက်ကွဲထွက်သွားမည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

အစ်ဇဘယ်လာလည်း အမြင်မှားနေသည်ဟု ထင်လိုက်မိသည်။ ခုနတုန်းက ဘရော့ခ် တော်တော်လေး ပြင်းထန်တဲ့ တိုက်ကွက်တစ်ခုကို လုပ်နေတာ သေချာတယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုဆိုးဝါးတဲ့ အခြေအနေ ဖြစ်သွားတာလဲ။ အဲဒါက အခြားသူနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ တားမြစ်ပညာရပ်ဆိုရင်‌တောင် ဒါက နည်းနည်းတော့ မလွန်ကဲဘူးလား။

မဟုတ်လား။ “ချာလီစ်”က ခုနတုန်းက လျို့ဝှက်အစွမ်း တစ်ခုခု သုံးလိုက်တာ ဖြစ်မယ်။ ဒီလူသားရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ တိုက်ပွဲနည်းဗျူဟာတွေက လုံးဝကို အဆုံးမရှိတာပဲ။

အမှန်တကယ်၌ အစ်ဇဘယ်လာ တစ်ဝက်သာမှန်၏။ ၎င်းမှာ အမှန်ပင် ချန်လွေ့၏ နည်းဗျူဟာ ဖြစ်သည်။ သို့သော် ၎င်းမှာ ဟိုးအရင်ကတည်းက သူချထားခဲ့သော “မျိုးစေ့”တစ်ခုသာ ဖြစ်သည်။

သွေးမြစ်၏ မူလဂုဏ်သတ္တိများမှာ- တိုက်ခိုက်နှုန်း တိုးမြှင့်ခြင်း၊ ရေဒြပ်စင် မှော်စွမ်းအား တိုးမြှင့်ခြင်း၊ ရန်သူ၏ အသက်ဓာတ်ကိုစုပ်ယူကာ ခန္ဓာကိုယ်အင်အားအဖြစ် ပြောင်းလဲခြင်းတို့ ဖြစ်သည်။

ဆရာသခင် “အာသာ”၏ ပြုလုပ်ခြင်းကို ခံရပြီးနာက်တွင် ၎င်း၏ ဂုဏ်သတ္တိများမှာ အောက်ပါအတိုင်း ဖြစ်သွားကြသည်။

-တိုက်ခိုက်နှုန်း တိုးမြှင့်ခြင်း။

-ရေဒြပ်စင် မှော်စွမ်းအားကို ၄၀% တိုးမြှင့်ခြင်း။

-ရန်သူ၏ အသက်ဓာတ်ကို စုပ်ယူကာ ခန္ဓာကိုယ်အင်အားအဖြစ် ပြောင်းလဲခြင်း။

-ခုခံမှုကို ၁% လျော့စေပြီး တိုက်ခိုက်မှု ၂၀% တိုးစေသော [သွေးဆာခြင်း]။

-အကန့်အသတ် - တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြု၍ရ။

ဂုဏ်သတ္တိများ အများအပြား တိုးမြင့်သွားပုံရသော်လည်း ၎င်းတို့မှာ သွေးမြစ်၏ အသက်ကို ရင်းထားခြင်း ဖြစ်သည်။ ပြုပြင်ပြီးနောက် လက်ရှိ “သွေးမြစ်”သည် အတော်လေး ဒဏ်ရာ ရနေပြီဖြစ်သည်။ ချန်လွေ့သည် တမင်တကာပင် သူ၏ သွေးကို အသုံးပြုကာ ယခင်က မြှုပ်ထားခဲ့သော “အချိန်ဗုံး”ကို အသက်သွင်းခဲ့၏။ ထို့ကြောင့် သနားစရာ သွေးမြစ်သည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ သခင်ဖြစ်သူကို အပြင်းအထင် ဒဏ်ရာရစေခဲ့ပြီး‌နောက် ၎င်းသည်လည်း ဘဝသက်တမ်း အဆုံးသို့ ရောက်ရှိသွားခဲ့သည်။

ကိုက်ခဲလှသော နာကျင်မှု၊ ပြင်းထန်သော ဒဏ်ရာများနှင့် “သွေးမြစ်” ပြောင်းလဲမှု များကြောင့် ဘရော့ခ် အလွန်ဒေါသထွက်ကာ စိတ်လွတ်မတတ် ဖြစ်သွားသည်။ သူသည် ယခုတစ်ခေါက် ကြယ်ကြွေတမန် မြို့တော်သို့ ယုံကြည်ချက်အပြည့်ဖြင့် ရောက်လာသော်လည်း ထိုကဲ့သို့ ဒေါသထွက်စရာ ရှုံးနိမ့်မှုမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူဒေါသတကြီး ဟိန်းဟောက်လိုက်ရာ နတ်မိစ္ဆာပိုင်နက်ထဲ၌ စုပ်ယူထားသော နတ်ဆိုးအရှင်သခင်အဆင့်၏ အသွေးအသား စွမ်းအားများ လုံးဝ ပေါက်ကွဲထွက်သွားကာ သူ၏ခန္ဓာကိုယ်ထဲ၌ အပိုင်းအစများ လွင့်ထွက်ကုန်သည်။ သူတို့သည် အနက်ရောင်သွေးဆံခြည်များကို ယူဆောင်လာပေးပြီး ထူးဆန်းသော ရောစပ်အဆိပ်သည်လည်း အလျင်အမြန် ဖယ်ရှားခံလိုက်ရသည်။

သို့သော်လည်း အပြည့်အဝ မစုပ်ယူရသေးသော ထိုစွမ်းအားကို အတင်းအသုံးပြုခြင်းကြောင့် အနာဂတ်တွင် ပြင်းပြင်းထန်ထန် တန်ပြန်ခံရပေလိမ့်မည်။ သို့ရာတွင် ဘရော့ခ်သည် အများကြီး အာရုံမထားနိုင်တော့ပေ။ ယနေ့တွင် သူသည် စွမ်းအားအကုန် မသုံးခဲ့လျှင် ထိုကဲ့သို့ လွယ်ကူသော တာဝန်ကို ဆိုးဆိုးဝါးဝါး ကျရှုံးပြီး ဤနေရာတွင်ပင် သေဆုံးသွားနိုင်ပေသည်။

All Chapters