← Chapters

ပန်းပွင့်ခြင်းနှင့် ညှိုးနွမ်းခြင်း။ သေခြင်းရှင်ခြင်းဆိုတာ ယာယီမျှသာ

Vol. 25 Ch. 372

ပန်းပွင့်ခြင်းနှင့် ညှိုးနွမ်းခြင်း။ သေခြင်းရှင်ခြင်းဆိုတာ ယာယီမျှသာ

Vol. 25 Ch. 372

[ သရုပ်ခွဲမျက်လုံး ]၌ ဘရော့ခ်၏ စွမ်းအားအကဲဖြတ်မှုမှာ “မဆုံးဖြတ်နိုင်” အထိ ‌ရောက်ရှိသွားသောကြောင့် ချန်လွေ့ ထိတ်လန့်သွားသည်။ ငါ့ရဲ့ အရင်ထိတွေ့မှုတွေနဲ့ အစ်ဇဘယ်လာရဲ့ သတင်းအချက်အလက်အရဆိုရင် ဘရော့ခ်ရဲ့စွမ်းအားက အလွန်ဆုံး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ။ နတ်ဆိုးအရှင်သခင်အဆင့် ရောက်ဖို့ အများကြီး လိုသေးတယ်။ သူက နတ်ဆိုးအရှင်သခင်အဆင့် ရောက်သွားပြီလို့ မထင်ထားခဲ့ဘူး။

ချန်လွေ့၏ လုပ်ကြံမှုမှာ အနည်းငယ် စွန့်စားရာကျသော်လည်း အ‌တော်လေး ယုံကြည်မှု ရှိနေသေးသည်။ ယခုတွင် အဆုံးသတ်နီးပါး ရောက်နေပြီ ဖြစ်သည်။ ဘရော့ခ်၏ စွမ်းအားမှာ သူထင်ထားသည်ထက် လွန်ကဲနေ၏။ သတ်ဖြတ်ခြင်း အစီအစဉ် အစိတ်အပိုင်းတစ်ခုကို အရင်လုပ်ရမယ် ထင်တယ်။ အဲဒါ မအောင်မြင်ရင်တောင် ဒီရန်သူကို ငါ ရအောင် သတ်ပစ်ရမယ်။

ချန်လွေ့ စိတ်ပိုင်းဖြတ်ပြီးနောက် သူ၏လက်ထဲတွင် သစ်ကြားသီးအရွယ် အရာဝတ္ထုတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ဇီရေးပင် ဖြစ်လေ၏။

ဇီရေး၏ စွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ အစပိုင်း၌ သူသည် ၎င်းကိုအသုံးပြုပြီး လျို့ဝှက်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။ ယခုတွင် နှစ်လုံးသာ ကျန်တော့သည်။ အကယ်၍ ဘရော့ခ်သာ နတ်ဆိုးအရှင်သခင်အဆင့်သို့ အမှန်တကယ် ရောက်သွားလျှင်ပင် မသေသည့်တိုင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပေလိမ့်မည်။

သို့သော်လည်း ဇီရေး၏ အစွမ်းထက်ဆုံး စွမ်းအားကို ထုတ်နိုင်ရန်အတွက် နဂါးထွင်းစာများကို တစ်ခုပြီးတစ်ခု အသက်သွင်းရန် အချိန် လိုအပ်သည်။

ဇီရေး၏ ထွင်းစာများကို အသက်မသွင်းနိုင်ခင်မှာပင် ဘရော့ခ်သည် ချန်လွေ့ အရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ချန်လွေ့လည်း တယ်လီပို့ မခုန်နိုင်တော့ဘဲ ချက်ချင်းပင် အကာအကွယ်ဒိုင်းကို အသုံးပြုလိုက်သည်။ ဘရော့ခ်က လက်ဆန့်ပြီး ၎င်းကို ဆုပ်ကိုင်သည်။ သို့သော်လည်း ဘရော့ခ်က အင်အားသက်သက်ကို အသုံးပြီး အားနည်းစေနိုင်သော “ချာလီစ်”၏ [ ကြယ်စင်စုပိုင်နက် ]ကို ဖိနှိပ်ရန် ကြိုးစားသည့်အခါ မည်သည့်တုံ့ပြန်မှုမှ မဖြစ်လာခဲ့ပေ။ စူပါစနစ်၏ အစွမ်းများသည် စည်းမျဉ်းများအားလုံးကို ကျော်လွှားနိုင်ပုံရသည်။

“အစ်ဇဘယ်လာ။” ချန်လွေ့ အော်ခေါ်လိုက်သည်။ လက်ရှိ၌ သူသည် ဇီရေး၏ ထွင်းစာများကို အသက်သွင်းရန်အတွက် ဘရော့ခ်အား ထိန်းထားရန် တစ်စုံတစ်ယောက် အသည်းအသန် လိုအပ်နေသည်။

ဘရော့ခ်၏ စွမ်းအားသည် မိမိ မယှဉ်နိုင်သည်အထိ တဟုန်ထိုး တိုးတက် သွားသည်ကို အစ်ဇဘယ်လာ မြင်လိုက်ရသည်။ ချန်လွေ့၏ အော်သံကို ကြားသည့်အခါ သူအံကြိတ်လိုက်ပြီး ဘယ်မျက်လုံးသာမက ညာမျက်လုံးမှပင် ရွှေ‌ရောင် အလင်းတန်းများ ရေးရေးလေး ထုတ်လွှတ်လိုက်သည်။ အကယ်၍ သူ၏မျက်လုံးကို ပုံကြီးချဲ့လိုက်လျှင် ညာမျက်လုံးထဲ၌ မိစ္ဆာမျက်လုံး ပုံရိပ်တစ်ခုကို မြင်တွေ့နိုင်ပေသည်။

ဘရော့ခ် လက်ဆန့်ထုတ်ပြီး ချန်လွေ့ကို ဖမ်းရန်ပြင်လိုက်စဉ် ခေါင်းထဲ၌ နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားကြောင့် တုန်လှုပ်သွား၏။ အစ်ဇဘယ်လာ၏ မိစ္ဆာမျက်လုံး၏ စွမ်းအားကို အသုံးပြုရင်း အကာအကွယ် ဖောက်ထွင်းခြင်း ပါရမီကို အသက်သွင်းမိသွားခြင်း ဖြစ်ပေသည်။ ဘရော့ခ်က နာကျင်စွာဖြင့် ခေါင်းကိုကိုင်ပြီး နောက်သို့ သုံးလေးလှမ်း ဆုတ်လိုက်သည်။ အစ်ဇဘယ်လာ၏လက်ထဲမှ [ လောင်မြိုက်ဝိညာဉ် ] သည်လည်း အလင်းတစ်ခု ဖြစ်သွားကာ ဘရော့ခ်၏ နှလုံးဆီသို့ ပစ်လွှတ်လိုက်၏။

ဘရော့ခ်က မသိစိတ်ဖြင့် လက်ကိုဝှေ့ရမ်းလိုက်ရာ ရေခဲဒိုင်းကာတစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း [ လောင်‌မြိုက်ဝိညာဉ် ] ၏ ထက်မြက်မှုသည် စိတ်ကူးထက် သာလွန်နေသည်။ ၎င်းသည် ရေခဲဒိုင်းကာကို ဖောက်ထင်းသွားရုံသာမက ဘရော့ခ်၏ လက်ဝါးထဲ စိုက်ဝင်ကာ အရိုးထဲသို့ ဖောက်ထွက်သွားခဲ့သည်။

ဘရော့ခ် နာကျင်စွာ အော်ဟစ်လိုက်ပြီး နာကျင်မှုသည် စိတ်ဝိညာဉ်လှိုင်း အနှောင့်အယှက်ကို ဖယ်ရှားပေးခဲ့သည်။ သူ ခေါင်းမော့လိုက်ရာ အနက်ရောင် မျက်လုံးများ အရောင်လက်ခနဲ ဖြစ်သွား၏။ အစ်ဇဘယ်လာ ညည်းညူလိုက်ပြီး လွင့်ထွက်သွားကာ မြေပေါ်ပြုတ်ကျသွားသည်။ တိုက်ဆိုင်စွာပင် သူသည် ဘရော့်နှင့် အဝေးသို့သွားနေသော ချန်လွေ့နာသို့ ရောက်သွားသည်။ သို့သော် သူ၏ ညာမျက်လုံး ဖွင့်၍မရတော့ဘဲ မျက်လုံးထောင့်မှ သွေးများ ယိုစီးနေတော့သည်။

စွမ်းအားတူအချင်းချင်းတွင် [ နတ်မိစ္ဆာမျက်လုံး ] နှင့် [ မိစ္ဆာမျက်လုံး ] တို့သည် သရေကျနေနိုင်သည်။ သို့သော်လည်း အစ်ဇဘယ်လာ၏ စွမ်းအားမှာ ဘရော့ခ်ထက် များစွာ နိမ့်ကျနေသည့်အတွက် စိတ်မကောင်းစရာပင် ဖြစ်သည်။ မိစ္ဆာမျက်လုံး၏ စွမ်းအားနှင့် ပေါင်းစပ်ပြီး စွမ်းအား တိုးသွားသော်လည်း [ နတ်မိစ္ဆာမျက်လုံး ]၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အစ်ဇဘယ်လာ၏ စိတ်ဝိညာဉ်စွမ်းအား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။

ချန်လွေ့က အစ်ဇဘယ်လာကို ဆွဲခေါ်ပြီး အိမ်ထဲသို့ အမြန် ထွက်ပြေးသည်။ သူသည် ဦးတည်ရာမဲ့ ထွက်ပြေးနေခြင်းဖြစ်ကြောင်း ဘရော့ခ်သိသည့်အတွက် ရက်စက်သောအကြည့် ပြသလိုက်သည်။ သူ နောက်သို့လိုက်ရန် ပြင်လိုက်ည့်အခါ သူ၏စိတ်ထဲ၌ ပြင်းထန်သော ကပ်ဘေးအာရုံခံ ရုတ်တရက် တိုးမြင့်လာသည်။ သူ၏ လက်ရှိအ‌ခြေအနေမှာပင် ကပ်ဘေးအာရုံခံသည် အားကောင်းနေဆဲပင် ဖြစ်သည်။ အကြောင်းမှာ သူသည် နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းသို့ ရောက်ရှိသွား၍ပင်။

ကောင်းကင်ကို တလက်လက် တောက်ပနေသော အလင်းရောင်တစ်ခုက ဖုံးလွှမ်းသွား၏။ ချက်ချင်းပင် အမြင်အာရုံနှင့် အကြားအာရုံတို့ တစ်ပြိုင်နက်တည်း ပျောက်ဆုံးသွားသကဲ့သို့ပင် ဖြစ်သွားသည်။

ထို့နောက် ချက်ချင်းမှာပင် တောင်ပိုင်း ဆင်ခြေဖုံးတစ်ခုလုံးက တုန်ခါမှုကို ခံစားလိုက်ရသည်။

ချန်လွေ့သည် ၇ခုမြောက်ဝင်းကို ယခင်နေ့ရက်များ၌ “ကြိုတင်မှာယူ” ထားစဉ်က အမျိုးမျိုးသော အကျဉ်းချမှော်စက်ဝိုင်းများ ခင်းကျင်းထားခဲ့သည်။ သို့သော်လည်း ၎င်းသည် လျို့ဝှက်ထောင်‌ခြောက် မဟုတ်ပေ။ ဝင်းတစ်ခုလုံး မြေပေါ်သို့ ပြားပြားဝပ် ပျက်စီးသွားခဲ့သည်။ စန္ဒာအေး တည်းခိုခန်းသည်လည်း လောကကြီး အဆုံးသတ်တော့မည့် သဖွယ် ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ထိုဒဏ်ကြောင့် အများအပြား ဒဏ်ရာ ရသွားကြသည်။ အမည်မသိသော ဧည့်သည် အများအပြားလည်း ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့သည်။

မီးခိုးများ ရှင်းလင်းသွားသောအခါ ချန်လွေ့နှင့် အစ်ဇဘယ်လာတို့ ရှိနေသော အိမ်သည် ယိုင်နဲ့နဲ့သာ ကျန်တော့သည်။ သို့သော်လည်း သူတို့နှစ်ယောက် ပြင်းထွန်စွာ မထိခိုက်ခဲ့ပေ။ အကျဉ်းခန်း၁၃၌ သင်ခန်းစာယူပြီးနောက်တွင် ချန်လွေ့သည် ယခင် နေ့ရက်များတွင် ထိုအိမ်ထဲ၌ စုပ်ယူခြင်းနှင့် ဖြည့်တင်းခြင်းကဲ့သို့ ထွင်းစာ အများအပြားကို ခင်းကျင်းထားခဲ့သည်။ နောက်ဆုံး၌ သူတို့သည် အန္တရာယ်မှ လွတ်မြောက်သွားလေပြီ။

ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော အစ်ဇဘယ်လာသည် မြေပြင်ပေါ်၌ လှဲလျောင်းနေ၏။ သူက လုံးဝပျက်စီးသွားသော ၇ခုမြောက်ဝင်းကို တအံ့တသြနှင့် ကြည့်လိုက်သည်။ တုန်ခါနေသေးသော မြေပြင်သည် တောင်တစ်ခုလုံး အချိန်မရွေး ပြိုကျ သွားနိုင်ကြောင်း ညွှန်ပြနေပေသည်။ ကြောက်စရာစွမ်းအားပဲ။ ဒါကြောင့် “ချာလီစ်”က အကျဉ်းခန်း၁၃ကနေ လွတ်မြောက်ခဲ့တာကိုး။

ထိုအချိန်၌ ချန်လွေ့၏အမူအရာ ပြောင်းလဲသွားသည်။ သူ ရုတ်တရက် ခေါင်းမော့ လိုက်ရာ လေထဲ၌ အငွေ့မည်းတစ်ခု ပြန့်ကျဲသွားကာ လူသားအသွင်အဖြစ် စုစည်းပြီး ဘရော့ခ်၏ပုံရိပ် ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဒီလိုမျိုး စွမ်းအားကြီးတဲ့ ပေါက်ကွဲမှုက ဘရော့ခ်ကို မသတ်နိုင်ခဲ့ဘူးလား။

လက်ရှိ ဘရော့ခ်၏ ပုံစံမှာ အလွန်ပင် ကြောက်စရာ ကောင်းလှသည်။ သူ၏ မျက်နှာသည် ကြောက်စရာကောင်းပြီး ပျက်ယွင်းရုံသာမက မှတ်ပင် မမှတ်မိနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေသည်။ နေရာ အများအပြား၌ အရိုးများကို မြင်နိုင်သည်။ ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးနိုင်ကာ ဆုပ်ကိုင်၍မရသော အသွင်အဖြစ် ပြောင်း၍ရသည့် [ နတ်မိစ္ဆာပိုင်နက် ] နှင့် မန်နူ၏ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းစွမ်းအားကို သုံးပြီး ကာကွယ်ခဲ့၍သာ မဟုတ်လျှင် သူ အပိုင်းပိုင်း ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ဇီရေးသည်‌ သေစေနိုင်လုနီးပါးဖြစ်သော ပြင်းထန်သည့် ဒဏ်ရာများကို ဖြစ်စေခဲ့သည်။ အထူးသဖြင့် [ နတ်မိစ္ဆာပိုင်နက် ] ထဲ၌ မစုပ်ယူရသေးသည့် မန်နူ၏ စွမ်းအားများကို အကာအကွယ်အဖြစ် ဘရော့ခ် အသုံးပြုခဲ့ရသည်။ ၎င်းသည် ဘရော့ခ်၏ ခန္ဓာကိုယ်မျက်နှာပြင်တစ်ခုလုံး၌ ပျံ့နှံ့နေ၏။ ဆိုလိုသည်မှာ ဘရော့ခ်သည် အနာဂတ်၌ ထိုနတ်ဆိုးအရှင်သခင်အဆင့် အသွေးအသားကို စုပ်ယူနိုင်တော့မည် မဟုတ်ပေ။ သူသည် ကိုယ့်အားကိုယ်ကိုး၍သာ နတ်ဆိုးအရှင်သခင်အဆင့်သို့ တစ်လှမ်းချင်း တက်နိုင်‌တော့မည် ဖြစ်သည်။

“သေစမ်း။” ဘရော့ခ်က အံကြိတ်ပြီး စကားတစ်လုံးကို အာခေါင်ခြစ်သံဖြင့် အော်ပြောလိုက်သည်။ ပတ်ဝန်းကျင် လေထုသည် ရေခဲအားတစ်ခုခုကြောင့် အေးခဲ သွားပုံရသည်။ ၎င်းသည် အမျှင်များနှင့် ဖုံးလွှမ်းနေပြီး ချန်လွေ့နှင့် အစ်ဇဘယ်လာတို့ကို ခဏတာ မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေသည်။ ၎င်းသည် မန်နူ၏ “မူရင်း” စွမ်းအား ဖြစ်သည်။ ၎င်းကို ဘရော့ခ် အသုံးမပြုသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားမည် ဖြစ်သည်။

ဘရော့ခ် လုယူလိုက်သော [ လောင်မြိုက်ဝိညာဉ် ] ဓားမြောင်က သူ၏လက်ထဲမှ တောက်ပနေသည်။ အေးခဲနေသော ပတ်ဝန်းကျင်ထဲ၌ ၎င်းသည် လျှပ်စီးကဲ့သို့ပင် ပျံသန်းသွားည်။ ၎င်းသည် အစ်ဇဘယ်လာကို ချိန်ထားခြင်း မဟုတ်ဘဲ သူအမုန်းဆုံး ဖြစ်သော ချန်လွေ့ကို ချိန်ထားခြင်း ဖြစ်၏။ ဒီလူသာက တော်တော်လေး မုန်းတီးစရာ ကောင်းတယ်။ သူက ငါ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်ခဲ့တယ်။ မန်နူ ဆီကနေ ငါ ခက်ခက်ခဲခဲရခဲ့တဲ့ စွမ်းအားတွေတောင် ကုန်ခမ်းသွားပြီ။ သူ တကယ် သေသင့်တယ်။ ငါသူ့ကို သတ်မှရမယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆေးရည်မည်းကိုတော့ လဗြွတ်ပဲရမယ်။

ထို့ပြင် ခုနက နည်းလမ်းကို ချန်လွေ့ ထပ်မံအသုံးပြုမည်ဆိုလျှင် မန်နူစွမ်းအား၏ အကာအကွယ်ဖြင့်ပင် ခုခံရန် ခက်ခဲသွားလေပြီ။

ပိုင်နက်ဖြင့် ချည်နှောင်ခံထားရသော ချန်လွေ့သည် နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားရှိသော ကြောက်မက်ဖွယ်ရာ လူသတ်သမားကို ရင်ဆိုင်ရသည့်အခါ ရှောင်ရန် အချိန်မရှိတော့ပေ။ ထိုတိုက်ခိုက်မှု ထိသွားခဲ့လျှင် သူ၏ ခန္ဓာအမျိုးအစား ထူးခြားပြီး မသေသည့်တိုင် ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ရာကောင်းပြီး အေးစက်သော ရေခဲစွမ်းအား၏ တိုက်စားခြင်းကို ခံရမည် ဖြစ်သည်။

ပိုင်နက်စွမ်းအားပါဝင်တဲ့ ဒီလိုအခြေအနေမျိုးမှာ “အမှောင်ဆန္ဒ”ကို သုံးလို့မရဘူး။ အဲဒါကို အသံတိတ်ညစိမ့်မြေမှာ ဘရော့ခ် နှောင့်ယှက်ခဲ့ပြီးပြီ။ ဒီတော့ [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ကိုပဲ သုံးလို့ရတော့မယ်။ အဲဒါက တစ်ရက်မှ တစ်ခါပဲ သုံးလို့ရတဲ့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးရဲ့ စွမ်းအားတစ်ခုပဲ။ ဒါမှမဟုတ် နတ်ဆိုးဒိုင်းကို သုံးပြီးကာလို့ ရနိုင်တယ်။ အဲဒါက “ချာလီစ်”ဆိုတာ “အာသာ” ဖြစ်ကြောင်း ပေါ်သွားနိုင်တယ်။ ပြီးတော့ အကြံအစည်ကိုလည်း ထိခိုက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ အခုက သေရေးရှင်ရေး အခြေအနေပဲ။ ငါ အဲဒါတွေ ဂရုမစိုက်နိုင်တော့ဘူး။

ထိုအချိန်၌ ပုံရိပ်တစ်ခုက မြေပေါ်မှ ခုန်ထွက်လာပြီး ချန်လွေ့ကို ကာလိုက်သည်။ နတ်ဆိုးအရှင်သခင်အဆင့်၏ စွမ်းအားပါဝင်သော ဓားမြောင်သည် ထိုပုံရိပ်၏ ကျောဘက်ကို မြဲမြဲမြံမြံ စိုက်ဝင်သွားတော့သည်။

အစ်ဇဘယ်လာ ......

ပင့်ကူမျှင် ချုပ်နှောင်မှုမှ ဖောက်ထွက်ပြီး ချန်လွေ့အတွက် သေစေနိုင်သည့် တိုက်ခိုက်မှုကို ခံရန်အတွက် ခွန်အားသည် မည်သည့်နေရာမှ ရောက်ရှိလာကြောင်း အစ်ဇဘယ်လာပင် မသိခဲ့ပေ။ ဓားမြောင်က အစ်ဇဘယ်လာ၏ ရင်ဘက်ကို ဖောက်ထွက် သွားပြီးနောက် ချန်လွေ့၏ရင်ဘတ်ကို စိုက်ဝင်သွား၏။ သို့သော်လည်း အသားထဲ ခပ်နက်နက် စိုက်ဝင်သွားခြင်း မဟုတ်သည့်အတွက် စိုးရိမ်စရာ မရှိပေ။

ချန်လွေ့သည် အမှန်တကယ်ပင် ထိုအချိန်၌ ကြက်သေသေသွားခဲ့သည်။ အစမှ အဆုံးအထိ သူသည် အစ်ဇဘယ်လာ အရှေ့၌ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ အစ်ဇဘယ်လာလည်း ၎င်းကို နားလည်ပေလိမ့်မည်။ သူအနည်းငယ် စိတ်လှုပ်ရှား သွားသည့်တိုင် အမှန်တကယ် စိတ်မယိုင်ခဲ့‌ပေ။ သို့မဟုတ်ပါက သူသည် ချန်လွေ့အား လေးကြိမ် သတ်ရန်ကြိုးစားခဲ့မည် မဟုတ်ပေ။

“အစ်ဇဘယ်လာ”

အစ်ဇဘယ်လာ၏ သွေးများပြည့်နေသော ညာမျက်လုံးသည် ဖွင့်၍မရတော့ပေ။ သူ၏ဘယ်မျက်လုံးမှ ရွှေရောင်သည်လည်း အလျင်အမြန် အရောင်မှိန်လာသည်။ သူ၏ ဖျော့တော့သော မျက်နှာပေါ်၌ သွေးအရိပ်အယောင် လုံးဝမရှိတော့ဘဲ ခပ်ယဲ့ယဲ့ အပြုံးတစ်ခုသာ ရှိနေသည်။ “တစ်ခါတစ်လေ ကနဦးအစကို ငါတို့ ရွေးချယ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ အဆုံးသတ်ကိုတော့ ရွေးချယ်လို့ ရတယ်လို့ နင်ပြောခဲ့တယ် မဟုတ်လား။ ဒါက ငါရွေးချယ်လိုက်တဲ့....ငါ့ရဲ့အဆုံးသတ်ပဲ။”

အစ်ဇဘယ်လာ၏ ခန္ဓာကိုယ်မှ စီးဆင်းနေသောသွေးများ ရုတ်တရက် အေးစက်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ သူ၏သွေးများသည် ချန်လွေ့၏ ကိုယ်ထဲသို့ စီးဆင်းသွား၏။ ထိုအချိန်၌ ချန်လွေ့သည် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ ၎င်းသည် စိတ်နှလုံးပူဆွေးခြင်းပင် ဖြစ်လေ၏။

အစ်ဇဘယ်လာက ရုတ်တရက်ကြီး ထိုကဲ့သို့ ပြုလုပ်မည်ဟု ဘရော့ခ် မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း သူတို့နှစ်ယောက်သည် ယနေ့တွင် သေခြင်းမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ဘရော့ခ်က သူတို့နှစ်ယောက်ကို သတ်ပစ်ရန် ပြင်လိုက်စဉ် ကောင်းကင်ပေါ်မှ ဟိန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဟိန်းသံထဲ၌ ပါဝင်သော စွမ်းအားကို ဘရော့ခ် ခံစားလိုက်ရပြီး အံ့အားသင့်သွား၏။ ထိုဟိန်းသံသည် ဘရော့ခ်ဆီသို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် လာနေသည်။ ထိုသူသည် ဘရော့ခ်အရှေ့သို့ ချက်ချင်းပင် ရောက်နေပြီ ဖြစ်သည်။

ထိုသူသည် ရွှေ‌ရောင် ဆံပင်တိုတိုနှင့် ဝတ်ရုံနက် ဝတ်ဆင်ထားပြီး လေးနက်သော မျက်နှာအသွင်အပြင်ရှိကာ မုတ်ဆိတ်မွှေးလည်းရှိသည်။ ထိုသူသည် လေထဲ၌ ပျံဝဲနေပြီး နောက်ဘက်၌ အတောင်ပံသုံးစုံ ရှိနေသည်။

၎င်းမှာ ကြယ်ကြွေတမန် မြို့တော်၏ အန္တိမအုပ်စိုးသူ ရီဂျန့်အိုဆိုင်ဒန်ပင် ဖြစ်၏။

နောက်ဆုံး၌ အိုဆိုင်ဒန် ရောက်ရှိလာလေပြီ။ သူရောက်လာရသည့် အကြောင်းရင်းမှာ ချန်လွေ့က ကြိုတင် ဖိတ်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်။ သူသည် စန္ဒာအေး တည်းခိုခန်းသို့ လာရာလမ်းပေါ်၌သာ ရှိနေသးသည်။ တည်းခိုခန်းမှ ဧရာမပေါက်ကွဲသံ တစ်ခုကို ကြားပြီးနောက် သူသည် လှည်းထဲမှ ချက်ချင်းထွက်ကာ ထိုနေရာသို့ အားကုန်ပြေးလာခဲ့ခြင်း ဖြစ်သည်။

အစီအစဉ်သည် အပြောင်းအလဲများနှင့် မလိုက်နိုင်ခြင်းသာ ဖြစ်ပေသည်။ ဘရော့ခ်၏ စွမ်းအားသည် ချန်လွေ့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ထို့ကြောင့် အိုဆိုင်ဒန် ရောက်လာသည့်အချိန်မှာ အနည်းငယ် နောက်ကျသွားခဲ့သည်။ လူတို့၏ အစီအစဉ်မှာ ကံတရားအတိုင်းပင် ဖြစ်လေ၏။

ထိုမြင်ကွင်းကို သေသေချာချာ မြင်လိုက်သည့်အခါ အိုဆိုင်ဒန် ထိတ်လန့်သွားသည်။ ထို့နောက် သူသည် အလွန်အမင်း ဒေါသထွက်နေသော အမူအရာ ပြသလိုက်သည်။ ချာလီစ် နဲ့ အစ်ဇဘယ်လာက သွေးအိုင်ထဲမှာ လဲနေတယ်။ သူတို့ သေလားရှင်လား မသိသေးဘူး။ အခြေအနေကို ကြည့်ရတာ ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်ခဲ့တာပဲ။

ဒါတွေအားလုံးကို ကောင်းကင်ပေါ်က မျက်နှာချင်းဆိုင်ဘက်ကလူ လုပ်ခဲ့တာပဲ။

ဘရော့ခ်သည် အိုဆိုင်ဒန်ကို သိသည်။ သို့ရာတွင် ထိုနေရာသို့ အိုဆိုင်ဒန် မြန်မြန်ရောက်လာမည်ဟု သူ မထင်ထားခဲ့ပေ။ ပြင်ပအားများ၏ အကူအညီဖြင့်ပင် သူသည် အလွန်ဆုံး နတ်‌ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းသာ ဖြစ်သည်။ အို‌‌‌ဆိုင်ဒန်မှာ နတ်‌ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်၏။ သူ့စွမ်းအားက ရိုင်ဇန်နဲ့ ကတ်သရင်းတို့လောက် မကောင်းပေမဲ့ အခုငါက သူ့ပြိုင်ဘက်ဖြစ်ဖို့ ဝေးနေသေးတယ်။ ကြည့်ရတာ ငါ ဒီနေ့ ဒီလူသားကို မသတ်နိုင်တော့ဘူးနဲ့ တူတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အစ်ဇဘယ်လာကို ငါသတ်ခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ဆုံးရှုံးမှုက တော်တော်လေး ကြီးမားတယ်။

ထိုအချိန်၌ မြေပေါ်သို့ လဲကျသွားသော ချန်လွေ့သည် ရုတ်တရက် အော်ဟစ်ပြီး သူ့တစ်ကိုယ်လုံးက ကမ္ဘာတုန်ခါလောက်သည့် အဟုန်ဖြင့် ပေါက်ကွဲထွက်သွားကာ သူနှင့် အစ်ဇဘယ်လာတို့က သွေးတိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် အပိုင်းပိုင်း ဖြစ်သွားပုံရသည်။ တစ်ချိန်တည်းမှာပင် အိုဆိုင်ဒန်၏ စိတ်ထဲရှိ ညီတူမျှတူ စာချုပ်လည်း လုံးဝပျောက်ကွယ်သွားသည်။

ထို့နောက် တဝုန်းဝုန်းအသံ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ ၇ခုမြောက်ဝင်း တည်ရှိသော တောင်သည် ထိခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ ပြိုလဲကျသွားတော့သည်။

အိုဆိုင်ဒန် ဒေါသူပုန်ထသွားခဲ့သည်။ သူသည် သူ့မျက်လုံးများကို မယုံနိုင်ပေ။ အဓိကနယ်မြေနဲ့ အဓိကမိသားစုက ငွေပမာဏ အများကြီးကို ရထားတဲ့ ဒီလူသား၊ အဖိုးတန်ဆုံး ဆေးရည်မည်းရှိတဲ့ ဒီလူသား၊ ကြယ်ကြွေတမန်အင်ပါယာနဲ့ ငါကိုယ်တိုင် အတွက် အရေးပါတဲ့ လုပ်ဖော်ကိုင်ဖက်က တကယ်ကြီး ဒီလို အဆုံးသတ်သွားတာလား။

ကြယ်ကြွေတမန်ဓားကို အဖြေရှာဖို့ကရော။

ဆေးရည်မည်းတွေကရော။

အရေးတကြီး အမြန်လိုအပ်နေတဲ့ အကျိုးအမြတ်တွေကရော။

ဘရော့ခ်လည်း ကြက်သေသေသွား၏။ ခုနက ငါ့တိုက်ခိုက်မှုက ဒီလောက် လွန်ကဲတဲ့ သက်ရောက်မှုရှိမယ်လို့ ငါမထင်ဘူး။ ဟုတ်တယ်မလား။

အကယ်၍ ဘရော့ခ်သာ လောကကူးပြောင်းပြီး ဖိုရမ်တစ်ခု၌ ပို့စ်တင်သော အင်တာနက်သမား တစ်ယောက်သာဆိုလျှင် ချန်လွေ့၏ ပေါက်ကွဲခြင်းပို့စ်ကို “နားတော့မလည်ဘူး။ ဒါပေမဲ့ မိုက်တယ် ” ဟူ၍ မှတ်ချက်ရေးမည် ဖြစ်သည်။ သို့သော် ထိုအချိန်၌ ဘရော့ခ်သည် လောကကူးပြောင်းရန် အချိန်မရှိပေ။ ၎င်းကို စဉ်းစားရန်ပင် အချိန်မရှိပေ။ အကြောင်းမှာ အိုဆိုင်ဒန်၏ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါက သူ့ကို တင်းတင်းကျပ်ကျပ် ပစ်မှတ် ထားထား၍ပင် ဖြစ်လေသည်။

အိုဆိုင်ဒန် ဖျပ်ခနဲပျောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဘရော့ခ်အရှေ့၌ ပြန်ပေါ်လာသည်။ အနက်ရောင်မီးတောက်များ တောက်လောင်နေသော သူ၏ လက်သီးသည် ဘရော့ခ်၏ရင်ဘတ်ကို ရက်ရက်စက်စက် ထိသွား၏။ ဘရော့ခ်လည်း အလျင်အမြန်ပင် [ နတ်မိစ္ဆာပိုင်နက် ] ၏ အနက်ရောင်မြူနှင်းအဖြစ် အသွင်ပြောင်း လိုက်သည်။ မပျောက်ကွယ်သေးသော မန်နူ၏ အသွေးအသား စွမ်းအားများသည်လည်း ထောင်ပေါင်းများစွာသော ပင့်ကူမျှင်များအဖြစ် ပြောင်းလဲသွားကာ အိုဆိုင်ဒန်ကို ရစ်ပတ်သွား၏။

အိုဆိုင်ဒန်သည် ကြောက်မက်ဖွယ်ရာ ဖျက်‌‌ဆီးခြင်း စွမ်းအားပါဝင်သော အနက်ရောင်မီးတောက်ကို လောင်မြိုက်စေသည်။ ၎င်းသည် လူစီဖာမိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော [ မီးတောက်နက် ] ဖြစ်လေသည်။ [ မီးတောက်နက် ] သွားရာ နေရာတိုင်း ပင့်ကူမျှင်များ ပြာကျသွားသည်။ ဘရော့ခ်၏ နတ်‌မိစ္ဆာ မြူနှင်းအသွင်သည်လည်း စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။ နောက်‌ဆုံး၌ သူ မထိန်းထားနိုင်တော့ဘဲ ရုပ်အသွင် ပြင်ပြောင်းလိုက်ရသည်။ သူ၏ဘယ်ဖက် တံတောင်ဆစ်အောက်မှ လက်မောင်းမှာ မည်းတူးနေပြီ ဖြစ်သည်။

[ မီးတောက်နက် ] ပါရမီသည် ထိုကဲ့သို့ လှည့်ကွက်များအတွက် သဘာဝ အတားအဆီးတစ်ခုပင် ဖြစ်သည်။ ၎င်းသည် ဘရော့ခ် ကံဆိုးခြင်းပင် ဖြစ်၏။ သို့မဟုတ်ပါက မန်နူ၏စွမ်းအားဖြင့်‌ဆိုလျှင် သူ ခပ်မြန်မြန် ရှုံးနိမ့်ရမည် မဟုတ်ပေ။

ဘရော့ခ်သည် လက်မှဒဏ်ရာကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ သူ လျှာကိုကိုင်ပြီး သွေးအနည်းငယ် အန်ထုတ်သည်။ ထို့နောက် သွေးဖြင့် ကောင်းကင်ပေါ်၌ အနီအပြာ အရောင်ဖျော့ဖျော့ရှိသော ဂိတ်တံခါးတစ်ခုကို ရေးဆွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် အိုဆိုင်ဒန် အရှေ့၌လည်း ဧရာမ ရေခဲဒိုင်းကာတစ်ခုကို ကာထားသည်။ လက်သီးတစ်ချက်တည်းဖြင့် ရေခဲဒိုင်းကာသည် ဖန်ပါးပါးလေးကဲ့သို့ပင် ကွဲကြေသွား ရသည်။ အပိုင်းအစများကလည်း [ မီးတောက်နက် ] ကြောင့် ချက်ချင်းပင် အရည်ပျော် သွား၏။

ထိုအချိန်၌ နောက်မှ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းမီးတောက်တစ်ခု ရောက်ရှိလာသည်။ သို့သော် ဘရော့ခ်သည် ၎င်းကို ဂရုမစိုက်နိုင်တော့ပေ။ သူအံကြိတ်ပြီး အားကုန်သုံးကာ အလင်းဂိတ်တံခါးထဲသို့ ပြေးဝင်သွားတော့သည်။ ငါ အခု မလွတ်နိုင်ရင် မြန်မြန်သေသွားကမှ ပိုသက်သာဦးမယ်။

အိုဆိုင်ဒန်၏ လေထဲမှ ဒေါသ‌လက်သီးချက်သည် ဘရော့ခ်ကို ထိသွားပြီး ခါးအောက်ပိုင်း ပွင့်ထွက်သွား၏။ အငွေ့မည်းကြောင့် သူ၏ အသွေးနှင့်အသားတို့က ပြာအဖြစ် ချက်ချင်း ပြောင်းလဲသွားကြသည်။ သို့သော် အဆုံးသတ်၌ ထိုတိုက်ခိုက်မှုအားကြောင့် သူ၏ခန္ဓာကိုယ် တစ်ဝက်သည် အလင်းဂိတ်တံခါးထဲ ဝင်ရောက်သွား၏။ ရုတ်တရက် ဘရော့ခ်သည် အလင်းဂိတ်တံခါးနှင့်အတူ ပျောက်ကွယ် သွားတော့သည်။ သူ သေသည် ရှင်သည်ကို မသိရပေ။

လူသတ်သမားသည် မိမိ၏လက်ထဲမှ အမှန်တကယ် လွတ်မြောက်သွားမည်ဟု အိုဆိုင်ဒန် မထင်ထားခဲ့ပေ။ သူသည် ရင်ဘတ်ထဲ၌ ဖွင့်ထုတ်၍မရသော ပြင်းထန်သည့် စိတ်ဓာတ်ကျခြင်းတစ်ခုကိုသာ ခံစားနေရသည်။ သူ ‌အော်ဟစ်လိုက်ရာ ဒေါသတကြီး အော်သံသည် မြို့တော်တစ်ခုလုံးသို့ ပဲ့တင်သံ ထွက်သွားခဲ့သည်။

ချန်လွေ့ မသေခဲ့ပေ။ သူသည် ကြိုတင် ပြင်ဆင်ထားခဲ့သော အလိမ်အညာ ပစ္စည်းတစ်ခုကိုသာ အသက်သွင်းပြီး [ ကြယ်တာရာဂိတ် ] မှတစ်ဆင့် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ သာမန် အခြေအနေ၌ဆိုလျှင် အိုဆိုင်ဒန် နှင့် ဘရော့ခ်တို့ထံမှ ပုန်းအောင်းရန် မဖြစ်နိုင်ပေ။ သို့သော် အိုင်ဆိုင်ဒန်နှင့် ဘရော့ခ်တို့သည် ထိုအချိန်၌ အသေးစိတ်အချို့ကို သတိထားမိရန် အချိန် မရှိခဲ့ပေ။ ယုတ္တိအရှိ‌ဆုံးမှာ ညီတူမျှတူ စာချုပ် “ပျောက်ကွယ်သွားခြင်း”ပင် ဖြစ်၏။

ထို့ကြောင့် ဘရော့ခ်သည် “ချာလီစ်”ကို သတ်ပစ်ခဲ့သော တရားခံ ဖြစ်သွားသည်။ ထို့ကြောင့် အိုဆိုင်ဒန်သည် ထိုကိစ္စကို သေသေချာချာ စစ်ဆေးစုံစမ်းပြီး ဘရော့ခ်ကို သေချာပေါက် သတ်ပစ်ပေမည်။ သူသည် ပိုင်နက်ထဲ၌ သွေးမြေကျ အင်အားစုများကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်သည်။ အင်အားစုနှစ်ခု အချင်းချင်း တိုက်ခိုက်နေသည့်အတွက် အမှောင်လနယ်မြေသည် အဖိုးတန်သော တိုးတက်ချိန်များ ရရှိပေလိမ့်မည်။

ဘရော့ခ်၏ စွမ်းအားသည် ချန်လွေ့ ထင်ထားသည်ထက် ကျော်လွန်နေသော်လည်း ယခင်အကြံအစည်အတိုင်း ကိစ္စများ ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သေးသည်။

အစ်ဇဘယ်လာသည်သာ ခြွင်းချက် ဖြစ်၏။

ထိုစဉ်က သေရေး‌ရှင်ရေး အခိုက်အတန့်၌ မြို့တော် မိစ္ဆာထောင်ခြောက်ပန်းက သူ့အတွက် တိုက်ခိုက်မှုတစ်ခုကို အသက်စွန့်ပြီး ခံပေးခဲ့သည်။

ထိုပန်းပွင့်၌ ယခုတွင် ညှိုးနွမ်းပေတော့မည်။

All Chapters