← Chapters

မိုင်တစ်ထောင်အထိ ယောက်ျားကို ရှာဖွေခြင်းနှင့် အမျိုးသမီး နဂါးနှစ်သွယ်ကလပ်

Vol. 25 Ch. 374

မိုင်တစ်ထောင်အထိ ယောက်ျားကို ရှာဖွေခြင်းနှင့် အမျိုးသမီး နဂါးနှစ်သွယ်ကလပ်

Vol. 25 Ch. 374

ကောင်းကင်သည် အလွန်ပြာနေ၏။

၎င်းမှာ အစ်ဇဘယ်လာ မျက်လုံးဖွင့်လိုက်ပြီးနောက် ပထမဆုံး ခံစားရသောအရာ ဖြစ်သည်။

သူသည် သေခြင်းတရားနှင့် ထိတွေ့ခဲ့သည်ကို သေသေချာချာ မှတ်မိသည်။ သို့သော် သူ အသက်ပြန်ရှင်လာသည်။ သူသည် အလွန်အားနည်းနေသေးသော်လည်း သူ၏ သေစေနိုင်သော ဒဏ်ရာအားလုံးမှာမူ အံ့သြဖွယ်ကောင်းလောက်အောင် ပျောက်ကင်း သွားလေပြီ။

ယခင်ဖြစ်ရပ်များကို ပြန်တွေးကြည့်သည့်အခါ အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။ အိပ်မက်ထဲ၌ လူအချို့ ရှိသည်။ နိုးလာသော်လည်း သူသည် ၎င်းကို မမေ့နိုင်သေးပေ။ ၎င်းသည် သူ၏နှလုံးသားထဲ၌ မှတ်ကျောက်တင်ထားသော အမှတ်အသားတစ်ခု ကဲ့သို့ပင် ဖြစ်နေလေသည်။

ထိုလူသည် အနီးအနားတွင် မရှိတော့။ စာတစ်စောင်ကို ချန်ထားခဲ့သည်။

“တစ်နေ့ကျရင် ငါတို့တွေ ပြန်ဆုံကောင်း ပြန်ဆုံနိုင်တယ်။ တစ်နေ့ကျရင် ငါ နှင်းဒဲလက်ပန်းကို ခူးပြီးတော့ မင်းကို ‌ပေးကောင်းပေးနိုင်တယ်။ ဒါပေမဲ့ ဒါက ဖြစ်ချင်မှ ဖြစ်မှာလား။ ဘာလို့လဲဆို ငါက လူလိမ်တစ်ယောက်ပဲလေ။ လုံးဝလူလိမ်တစ်‌ယောက်ပါ။ ငါ့ကို သိပ်ပြီးတော့ မယုံထားနဲ့။”

အစ်ဇဘယ်လာက စာကို အသာအယာ ပွတ်သပ်ပြီး မျက်နှာပေါ်၌ နူးညံ့သော အပြုံး တစ်ခုနှင့်အတူ တဖြည်းဖြည်း မတ်တပ်ရပ်လိုက်သည်။ ထိုအပြုံးသည် ယခင်ကိစ္စများကို ဆေးကြောလိုက်ဟန်တူသည်။ လှပပြီး ညှို့ငင်တတ်သော မိစ္ဆာထောင်ခြောက်ပန်းသည် ပေါင်ဒါမသုံးသော ယခင် နှင်းဒဲလက်ပန်းအဖြစ် ပြန်လည်ရောက်ရှိသွားသည်။

“လူလိမ်။” အစ်ဇဘယ်လာက နှုတ်ခမ်းစူပြီး အသာလေး ပြောသည်။ သူ၏ ကိုယ်လုံးကိုယ်ပေါက်လှပသော ကျောဘက်သည် လနှစ်စင်း၏ အလင်းရောင်ထဲ၌ လမ်းလျှောက်ရင်း အထင်းသားပေါ်လွင်နေသည်။ သူ၏ ခိုင်မာသော ခြေလှမ်းများ သည်လည်း ဖော်ပြ၍မရသော ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

မည်သို့ပင်ဆိုစေကာမူ လူလိမ်ဆရာကြီးသည် သူ့ကို အသက်ပေးပြီး ကယ်တင်ခဲ့သူ သေသွားမည်ကို မကြည့်နေခဲ့ပေ။ ချန်လွေ့သည် ၄ကြိမ်အသတ်ခံရပြီး တစ်ကြိမ်သာ ကယ်တင်ခံရကာ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကိုပါ အသုံးပြုရသည့်အတွက် စီးပွားရေးအရ ဆုံးရှုံးခဲ့သော်လည်း ထိုက်တန်သည်ဟု သူခံစားမိသည်။

အစ်ဇဘယ်လာသည် ဆာဘရီနာ မဟုတ်ပေ။ သူသည် ရိုမန်၏ မိသားစုဝင်လည်း ဖြစ်သည်။ စန္ဒာအေး တည်းခိုခန်းမှ အဖြစ်အပျက်ကြောင့် ဆာဘရီနာသည် အမှန်တကယ် “သေဆုံး”သွားခဲ့ပြီး မြို့တော်မှ ဖယ်ရှားခံခဲ့ရသည်။ ၎င်းသည် သူ့ကို အတော်လေး သက်သာစေခဲ့သည်။

သူ ဘဝအသစ်ရပြီး ဝမ်းနည်းမှုနဲ့ အမုန်းတရား စိတ်ဒဏ်ရာတွေကနေ လုံးဝ လွတ်မြောက်နိုင်ပါစေလို့ ငါမျှော်လင့်တယ်။

ပြန်တွေ့မှာနဲ့ နှင်းဒဲလက်ပန်းကတော့ လူလိမ်တစ်ယောက် သူ့ကို ပေးခဲ့တဲ့ မျှော်လင့်ချက် တစ်ခုပါပဲ။

အနာဂတ်မှာ ငါတို့ ပြန့်ဆုံနိုင်မှာပါ။

ဟုတ်ချင်မှ....ဟုတ်မှာပါ။

ချန်လွေ့ အချိန်ကို တွက်ချက်ကြည့်သည်။ အမှောင်လဘက်ခြမ်း၌ ဂျိုးဆက်ပ်၏ “လုပ်ရှားမှု” စတင်နေလောက်ပြီ ဖြစ်သည်။ လိုရမည်ရ သူ သွားရပေမည်။ ထို့ပြင် သူသည် အသီနာနှင့် အခြားသူများအား သတိရလာသည်။

အစောပိုင်း၌ ချန်လွေ့သည် အစ်ဇဘယ်လာကို ပြန်လည်ရှင်သန်ခြင်း ဆေးရည် တိုက်ပြီး ဘေးကင်းသော နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ ထို့နောက် အစ်ဇဘယ်လာ၏ ခန္ဓာကိုယ် လုံးဝကုသပြီးသည့်အထိ‌ စောင့်ကြပ်ပေးသည်။ ပြီးနောက် သူသည် အစ်ဇဘယ်လာ မနိုးခင်မှာပင် တိတ်တဆိတ် ထွက်သွားသည်။ ထိုအချိန်၌ လနှစ်စင်း တဖြည်းဖြည်း ပြောင်းလဲသွား၏။ ဆည်းဆာချိန် ရောက်သွားလေပြီ။ စန္ဒာအေး တည်းခိုခန်း ပေါက်ကွဲမှု ပြီးသွားသည်မှာ တစ်ရက်ကျော်ခဲ့ပြီ ဖြစ်သည်။

သူစိမ်းတစ်ယောက်၏ မျက်နှာအဖြစ် ရုပ်ဖျက်ပြီးနောက် ချန်လွေ့သည် မြို့တော်သို့ ပြန်သွားပြီး လှည်းဌာနသို့ သွားခဲ့သည်။ ၎င်းသည် ဆင်ခြေဖုံးသာဖြစ်သော်လည်း လမ်းတစ်လျှောက်၌ ကင်းလှည့်တပ်ဖွဲ့များက အနီးကပ် စောင့်ကြည့်နေကြသည်။ ကံကောင်းစွာပင် သူသည် တိုင်းတပါးမှ စီးပွားရေးသမား၏ သရုပ်ကို ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် မည်သည့်ဟာကွက်မျှ မပေါ်သွားခဲ့ပေ။

လက်ရှိ လုံခြုံရေးတင်းကြပ်ပြီး ခရီးသွား အရေအတွက် လျော့ကျသွားသည်ကို ကြည့်ခြင်းအားဖြင့် ဒေါသထွက်နေသော ရီဂျန့်သည် သွေးမြေကျ အင်အားစု၏ အဖွဲ့ဝင် အားလုံးကို ရှင်းပစ်ရန် ပြင်ဆင်နေကြောင်း သိနိုင်သည်။ ထိုတုံ့ပြန်မှုမှာ ချန်လွေ့ လိုချင်နေသည့် အရာပင် ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာမှ သွေးမြေကျ အဖွဲ့ဝင်များကို လုံးဝသုတ်သင်ခြင်း သို့မဟုတ် ဗဟိုချက်စွမ်းအားကို ထိခိုက်စေခြင်းသည် ရှီရာ၏ အနာဂတ်နှင့် အင်ပါယာတစ်ခုလုံးအတွက် ကောင်းသော သက်ရောက်မှုများ ဖြစ်ကြသည်။ ၎င်းကို အိုဆိုင်ဒန်နှင့် ကျေးဇူးများဟု သတ်မှတ်၍ ရနိုင်ပေသည်။

ချန်လွေ့က ဌာနသို့ လမ်းလျှောက်သွားရန် ပြင်လိုက်စဉ် အသံတစ်သံ ထွက်လာ၏။

“ခဏ နေပါဦး။”

၎င်းသည် ချိုသာသော အမျိုးသမီးအသံ တစ်သံဖြစ်ပြီး ... အနည်းငယ် ရင်းနှီးနေသည်။

ချန်လွေ့၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ ၎င်းသည် အနည်းငယ် ရင်းနှီးရုံမျှ မကပေ။ အလွန်ပင် ရင်းနှီးသည်။

ခေါင်းလှည့်ကြည့်လိုက်သည်နှင့် မျက်မှန်တပ်ထားပြီး စာအုပ်တစ်အုပ် ကိုင်ထားသော အမျိုးသမီးတစ်‌ယောက်ကို ချန်လွေ့ မြင်လိုက်ရသည်။ ထိုအမျိုးသမီးသည် အနည်းငယ် ဖောရောင်ပြီး ရုပ်ဆိုးကာ အတော်လေး အချိုးအစား မညီလှပေ။ မျက်နှာပေါ်၌ တင်းတိပ်များ ပြည့်နေပြီး နဖူးပေါ်၌လည်း အမာရွတ် တိမ်တိမ်လေးတစ်ခု ရှိနေသည်။

ချန်လွေ့၏နှလုံးသား စတင်တင်းကျပ်လာ၏။ [ သရုပ်ခွဲမျက်လုံး ] မှ ပြသမှုကို မကြည့်ဘဲနှင့်ပင် ထိုအမာရွတ်ရှိသော မျက်မှန်နှင့် အမျိုးသမီးမှာ မည်သူဖြစ်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။

မျိုးနွယ် - နဂါး (နတ်မိမယ်နဂါး)။

စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။

နတ်ဆိုးဘုရားသခင် ကယ်တော်မူပါ....

ဒါက မစ်-ဇိုလာပဲ။ သူက တကယ်ကြီး ရုပ်ဖျက်ထားတယ်။

ဇိုလာက သက်တန့်‌တောင်ကြားမှာ နေပြီးတော့ သိပ္ပံသုတေသနတွေအတွက် အာရုံစိုက်နေရမှာ မဟုတ်လား။ သူ ဘာလို့ မြို့တော်ကို လာရတာလဲ။ သူ ခုနက ငါ့ကို တားခဲ့တယ်။ ဒါက....တိုက်ဆိုင်တာလား။

ချန်လွေ့သည် မဖုံးကွယ်နိုင်တော့ကြောင်း သိသည်။ သို့သော်လည်း သူ တမင် မေးလိုက်သေးသည်။ “မိန်းကလေး။ ဘာကိစ္စရှိလို့လဲ။”

“နင်က....တော်တော်လေး ရှာရခက်တာပဲ။”

“မိန်းမလေး။ လူမှားနေပြီထင်တယ်။”

“ဟန်ဆောင်မနေနဲ့တော့။ နင် ငါ့လက်ထဲကနေ လွတ်နိုင်မှာ မဟုတ်ဘူး။” မျက်မှန်နှင့် အမျိုးသမီးက ချန်လွေ့က အလင်းရောင်ထွက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ဒါက အသွင်ပြောင်း ပညာရပ်လား။ ဒါမှမဟုတ် ပုံရိပ်ယောင်လား။ အပြင်ဘက်မှာ ဟာကွက် လုံးဝမရှိသလောက်ပဲ။ ပြန်ပြီးတော့ ဒါကို သုတေသန လုပ်ရင် ပိုကောင်းမယ် ထင်တယ်။”

သုတေသန ပြန်လုပ်မှာလား။ ချန်လွေ့သည် ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွား၏။ သူ့ကို နတ်မိမယ်နဂါး သိသွားပြီဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်သည်။ [ ရုပ်ဖျက်ခြင်း ] နဲ့ [ အစစ်အမှန် အသက်အောင့်ခြင်း ] ကို ငါသုံးထားတာတောင် ဇိုလာက ငါ့ကို ဘယ်လို မှတ်မိသွားတာလဲ။ ဒါက မယုံနိုင်စရာပဲ။

“ပြန်ပြီးတော့ ထွက်ပြေးသွားတဲ့သူကို ဘယ်လို အပြစ်ပေးရမလဲ ငါစဉ်းစားဦးမယ်။” မျက်မှန်၏ အမျိုးသမီးက ထိုအကြောင်း စဉ်းစားတော့သည်။ “မီးသွေးတုံးလား။ အကင်လား။ ဆန်ကော်လား။ ယိုလား။”

၎င်းကို ကြားသည့်အခါ ချန်လွေ့ သိမ့်သိမ့်တုန်သွား၏။ သူ၏စိတ်အမြန်လှုပ်ရှားပြီး ပြောလိုက်သည်။ “မစ်-ဇိုလာ။ တကယ်တော့.....ကျုပ်က ထွက်ပြေးတာ မဟုတ်ပါဘူး။ ခင်ဗျား တစ်နေ့လုံး အလုပ်ကြိုးစားနေတာကို မြင်ရတော့ လက်ဆောင်နည်းနည်း ပြင်ဆင်ပြီးတော့ ခင်ဗျားကို အံ့အားသင့်အောင် လုပ်မလို့ပါ။”

ဇိုလာ၏ မျက်နှာ ပြောင်းလဲသွားသော်လည်း မျက်မှန်နှင့် အတုအယောင် ငေးငိုင်ခြင်းမှာ မပြောင်းလဲပေ။ သူ ငေးကြောင်နေ၏။ “ဘာပြောတယ်။”

အသေအချာပဲ။ သူ မယုံဘူး။

ဒီလို ပိုဖြစ်လေလေ၊ ပြန်တဲ့အခါ ငါ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ခံစားရလေလေပဲ။

ပြီးတော့လည်း အခု ငါ အမှောင်လမြို့ကို ပြန်ရမှာ။ သက်တန့်တောင်ကြားမှာ ဆက်နေလို့ မဖြစ်ဘူး။

ထိုအချိန်၌ နောက်ထပ် ကင်းလှည့်အဖွဲ့ ရောက်ရှိလာသည်။ ခေါင်းဆောင်က အော်မေးသည်။ “မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ။”

ချန်လွေ့ အလျင်အမြန် ပြန်ဖြေသည်။ “ကျုပ်နာမည်က စိုင်မွန်ပါ။ ကျုပ်က မဟာနတ်ဆိုး စီးပွားရေးသမား တစ်ယောက်ပါ။ ကျုပ်က လိပ်ပြာနီနယ်မြေရဲ့ မိုလင်မြို့ကနေ ရောက်လာတာပါ......”

“ကျွန်မက သူ့မိန်းမပါ။” ဇိုလာ၏အသံ ပထမဆုံး ထွက်ပေါ်လာ၏။ “ယောက်ျား တစ်ယောက်က ဘာမှမပြောဘဲနဲ့ အိမ်ကနေ ထွက်သွားတယ်လေ။ သူက မြို့‌တော်ကို သွားပြီးတော့ အဆက်ဟောင်းနဲ့ တွေ့ချင်နေတာ။ အဲဒါကြောင့် ကျွန်မက သူ့နောက်ကို လိုက်ခဲ့ပြီးတော့ နောက်ဆုံးမှာ သူ့ကိုတွေ့ခဲ့တယ်။ အခုတော့ ဒီလူကို ကျွန်မ ပြန်ခေါ်သွား ချင်တယ်။”

မဟုတ်ပါဘူး။ ဒီလိုမျိုး ခွေးသွေး(ပေါက်ကရ)......နဂါးသွေး ဇာတ်လမ်း ရှိလို့လား။ ချန်လွေ့ ကြောင်သွား၏။ သို့သော်လည်း သူသည် ဇိုလာ၏ ခြိမ်း‌ခြောက်သော မျက်လုံးများနှင့် စိုက်ကြည့်ခံလိုက်ရသည်။ သူ ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး စကား မပြောရဲတော့ပေ။

သူ့နောက်မှ စစ်သားအချို့က ချန်လွေ့ကို စာနာသနားနေကြသည်။ မဟာနတ်ဆိုး ယောက်ျားအများစုက မိန်းမရှုပ်တဲ့သူတွေပဲ။ ဒီလူက တကယ့်ကို သနားစရာပဲ။ ဒီလိုမျိုး ရုပ်ဆိုးပြီး အကောင်ကြီးကြီး မိန်းမနဲ့ဆို သူ့ဘဝတော့ သွားပြီ။

‌ခေါင်းဆောင်လေးက သူတို့နှစ်ယောက်၏ အမူအရာ အပြောင်းအလဲများကို မြင်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ “မင်းတို့ လိပ်ပြာနီမြို့ကို ချက်ချင်း ပြန်ချင်လား။ မြို့‌တော်က အခု အရေးပေါ် အခြေအနေ ဖြစ်နေတယ်။ ညမထွက်ရအမိန့်လည်း ထုတ်ထားတယ်။ ဌာနကိုလည်း ကြိုပြီးပိတ်တယ်။ မနက်မှဖွင့်မှာ။ ပြီးတော့ မင်းတို့ မြို့ထဲကို ပြန်ပြီးတော့ ဟိုတယ်တစ်ခုမှာ ပြန်နေတာ ပိုကောင်းမယ်။ မဟုတ်ဘဲ ညဘက် လျှောက်သွားနေမယ်ဆိုရင် မသင်္ကာစရာလူတွေအဖြစ် အဖမ်းခံရလိမ့်မယ်။”

“ကျေးဇူးတင်ပါတယ်။ဆာ။” ဇိုလာသသည် အမှန်တကယ်ပင် သရုပ်ဆောင် ပါရမီ ရှိနေသည်။ အတိအကျ ပြောရလျှင် သူသည် စိတ်နှလုံးမကောင်းပေ။ သူက ချန်လွေ့ကို လက်ကို မြတ်မြတ်နိုးနိုး ကိုင်ထားလိုက်သည်။ “ဒါဆိုလည်း ယောက်ျား..... အခုပဲ နေရာတစ်ခု ရှာကြရအောင်။ ပြီးမှပဲ စကားနားမထောင်တဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ ဆွေးနွေးကြတာပေါ့။”

ယခုတွင် စာနာသည့်အကြည့်များ ပိုမိုတိုးလာလေသည်။ သနားစရာ ယောက်ျား တစ်ယောက်ကို ဝတုတ်တုတ် မိန်းမတစ်ယောက်က တက်ဖိနေသည်ကို သူတို့ မြင်လိုက်ရ သကဲ့သို့ပင် ဖြစ်နေသည်။

အကြိုက် ပိုမိုပြင်းထန်ကြသူများက ကြာပွတ် ဖယောင်းတိုင် ကဲ့သို့သော အထူး “ပစ္စည်းများ”ကိုပင် တွေးနေကြလေပြီ။

ထို့ကြောင့် ချန်လွေ့ကို ဇိုလာက “နီးနီးကပ်ကပ်” ပွေ့ဖက်ပြီး မြို့တော်ထဲသို့ လမ်းလျှောက်သွားလိုက်ကြသည်။

“နင် ပြင်ဆင်ထားတဲ့ လက်ဆောင်တွေနဲ့ အံ့အားသင့်စရာတွေကော”

မစ်-သိပ္ပံနဂါး ဖြစ်စေ၊ မစ်-သုတေသနနဂါးဖြစ်စေ၊ သူသည် ဒြပ်စင်တစ်မျိုးမျိုးကို အာရုံခံစားမိသော မစ်-နဂါးတစ်ကောင်သာ ဖြစ်နေသေးသည်။ ၎င်းသည် စကား နားမထောင်သူတစ်ယောက်ကို သက်တန့်တောင်ကြားသို့ မစ်-နတ်မိမယ်နဂါး ချက်ချင်း ပြန်မခေါ်သွားရသည့် အကြောင်းရင်းအမှန် ဖြစ်သည်။

“အဲဒါက....” ခနက ချန်လွေ့၏ ဆင်ခြေမှာ မရှိသုံး သုံးလိုက်ခြင်းသာ ဖြစ်သည်။ သူ၏ ဦးနှောက် အလျင်အမြန် လည်ပတ်သွားပြီး ထွက်ပြေးရန် နည်းလမ်းများကို အသည်းအသန် စဉ်းစားနေလိုက်သည်။ “အခုက နောက်ကျနေပြီ။ မြို့တော်က ညမထွက်ရ အမိန့် ထုတ်ထားတယ်။ နေဖို့ တစ်နေရာ ရှာရအောင်။ မနက်ဖြန် အဲဒါကို သိရမှာပါ။”

“တကယ်လား။” မစ်-နတ်မိမယ်နဂါးက ချန်လွေ့အား သံသယဖြင့် ကြည့်သည်။

“ဟုတ်ပါတယ်။” (ချွေးပြန်နေ)

“ဒါဆို....သွားကြတာပေါ့။ ယောက်ျား စိုင်မွန်”

“နင် ထွက်ပြေးဦးမယ်ဆိုရင် ..... နင် ဒီအမျိုးသမီးကို ကျေနပ်အောင် မလုပ်နိုင်ဘူး ဆိုရင်တော့....ဟွန်း..ဟွန်း....ဟွန်း...” (တိုးတိုးလေးပြော)

“နားလည်ပါတယ်....” (ချွေးများ စိုရွှဲနေ)

သူတို့နှစ်ယောက်သည် ဟိုတယ်တစ်ခု ရှာပြီး နေကြသည်။ မစ်-နတ်မိမယ်နဂါးက “လင်မယား” ပုံစံအတိုင်း ကောင်းကောင်းမွန်မွန်နေပြီး အခန်းတစ်ခန်းကိုသာ တောင်းဆိုခဲ့သည်။ မစ်-ဇိုလာသည် အိပ်ယာကြီးပေါ်၌ ပျံဝဲနေသာ ရေဒြပ်စင် အိပ်ယာ တစ်ခု ဖန်တီးကိာ သက်တောင့်သက်သာ လှဲလျောင်းလိုက်၏။

အိပ်ယာပေါ်မှ သူ အိပ်ဖို့မလိုတာ အသိသာကြီးပဲ။ ဒါပေမဲ့ သူက နေရာယူချင်‌ နေသေးတယ်......။ ကြမ်းပြင်၌သာ အိပ်ရသော “ယောက်ျားစိုင်မွန်”သည် စိတ်ထဲ၌ အပြစ်တင်လိုက်သည်။ သူ့ကို ဇိုလာက ရှာတွေ့ပြီး မှတ်မိသွားရခြင်းမှာ မစ်-နတ်မိမယ်နဂါး တိတ်တဆိတ် အသုံးပြုခဲ့သော လျို့ဝှက်ပညာရပ်ကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိ လိုက်သည်။

အကယ်၍ သူသာ [ ကြယ်တရာဂိတ် ]ကို အသုံးပြုပြီး အမှောင်လမြို့သို့ ပြန်သည်ကို ဇိုလာ သိရှိသွားခဲ့လျှင် ပါ့ဂ်လီအိုပင် အန္တရာယ် ကျရောက်နိုင်ပေသည်။ ၎င်းသည် အတော်လေး ပြဿနာ ကြီးလှသည်။ မစ်-နတ်မိမယ်နဂါးအား ကျေနပ်စေရန် ပွင့်လင်းပြီး မှန်ကန်သော အကြံအစည်ကို အသုံးပြုပြီးမှသာ လျို့ဝှက်ပညာရပ်နှင့် သက်ဆိုင်သော မေးခွန်းများကိုမေးကာ ထွက်သွားရန် နည်းလမ်းတစ်ခု ရှာဖွေခြင်းသည်သာ ပို၍ ကောင်းနိုင်ပေသည်။

နောက်တစ်နေ့ နံနက်စောစော၌ ချန်လွေ့သည် နတ်မိမယ်နဂါးကိုခေါ်ပြီး မြို့တော်ကို လျှောက်ပတ်ကြသည်။ ပထမဦးစွာ သူသည် အာဟာရများနှင့် အရသာရှိသော မနက်စာစားရန် နေရာတစ်ခုဆီ သွားသည်။ ထို့နောက် အပြင်မြို့ရှိ အလုပ်အများဆုံး တောင်ပိုင်းရပ်ကွက်များသို့‌ ခေါ်သွားသည်။

ဇိုလာသည် သက်တန့်တောင်ကြား၌ နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်ပြီး ထိုကဲ့သို့ လျှောက်မလည်ခဲ့ရသည်မှာ ကြာခဲ့လေပြီ။ အစပိုင်း၌ သူသည် အနည်းငယ် မသက်မသာ ခံစားခဲ့ရသည်။ အချိန်အတော်ကြာပြီးနောက် သုတေသန ပါရမီ‌အောက်၌ ပုန်းကွယ်နေသော စျေးဝယ်ခြင်း “ပါရမီ”သည် လှုံ့ဆော်ခံလိုက်ရသည်။ သူသည် ဆိုင်တိုင်း နီးပါးကိုပင် ဝင်ရောက်ခဲ့သည်။ ချန်လွေ့သည် ကပ်စေးနဲမနေဘဲ ဇိုလာကြိုက်သမျှကို ဝယ်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ့တွင် မြို့တော်တစ်ခုလုံးကို ဝယ်ယူရန် လုံလောက်သည်ထက်ပိုသော ငွေပမာဏ ရှိနေခြင်း ဖြစ်သည်။

ဇိုလာသည် ပစ္စည်းအများအပြား ဝယ်ခဲ့ပြီး ပျော်ရွှင်မှုအပြည့် ဖြစ်နေသည်။ ( အရေးကြီးဆုံးမှာ ထိုပစ္စည်းများအတွက် သူ ပိုက်ဆံမပေးရခြင်းပင်။) သူသည် “စိုင်မွန်”ကို အတော်လေး ကျေနပ်နေ၏။ သူသည် တစ်စုံတစ်ယောက်၏ အပြစ်ဒဏ်ကိုပင် လုံးဝ မေ့လုနီးပါး ဖြစ်သွားခဲ့သည်။

အထက်တန်းစား အင်္ကျီဆိုင် တစ်ဆိုင်သို့ ဝင်သွားပြီးနောက် ဇိုလာသည် အဖြူရောင် ပြောင်ဂါဝန်ကို ချက်ချင်း‌ တွေ့သွားသည်။ ချန်လွေ့က ၎င်းကို ဝယ်မည် ပြင်လိုက်စဉ် ဆိုင်အကူတစ်ယောက်က ခေါင်းခါပြီး ပြောသည်။ “ဒီဂါဝန်က သီးသန့်ထုတ်ထားတာပါ။ တစ်ခုတည်း ရှိပါတယ်။ ပြီး‌တော့ ဒါကို ကြိုတင်မှာယူထားတာ ရှိနေပါပြီ။”

ဇိုလာက ချန်လွေ့ကို ငေးကြည့်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ ကိစ္စများကို သူ၏ လက်ထောက်က ဖြေရှင်းပေးသည်။ ချန်လွေ့လည်း ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့တက်ကာ ပြောသည်။ “‌ကောင်းပြီလေ။ဒီဂါဝန် တန်ဖိုးရဲ့ သုံးဆ ပေးမယ်။ ငါ့ကို ရောင်းလိုက်။”

သုံးဆလား။ ကဝေမ အရောင်းစာရေး အံ့အားသင့်သွားသည်။ ဒီဝတ်စုံရဲ့စျေးက တော်တော်လေး ကြီးနေပြီ။ ဒီလူက လုံးဝ စျေးမစစ်ဘူး။ ပြီးတော့ ချက်ချင်းပင် တန်ဖိုးသုံးဆ ကမ်းလှမ်းတယ်။ ကံဆိုးချင်တော့ အဲဒါက ရုပ်ဆိုးဆိုး မိန်းမတစ်ယောက် အတွက် ဖြစ်နေတယ်။

“စိတ်မကောင်းပါဘူး။” ကဝေမ၏လေသံ ပို၍ပင်‌ ယဉ်ကျေးသွားသည်။ သူသည် လူချမ်းသာအား တိတ်တိတ်လေး မျက်လုံးမှိတ်ပြသည်။ “ဖောက်သည်က ဒါကို မကြာခင် လာယူတော့မှာ။ ပန်းရောင်တစ်ထည်ကို ယူလိုက်ပါလား။ ကျွန်မ ဝတ်ထားတာ လိုမျိုးလေ။ စတိုင်က ခန္ဓာကိုယ်အတွက် တော်တော်လေး သင့်တော်တယ်။”

ထိုသို့ပြောပြီးနောက် ကဝေမသည် သူ၏ အချိုးအစားလှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို “ရုပ်ဆိုးသောမိန်းမ”အား သိမ်ငယ်စေရန်အတွက် တမင်တကာ ပြသခဲ့သည်။

ချန်လွေ့သည် ထိုကဲ့သို့ ဆွဲဆောင်မှုမျိုးကို စိတ်ယိုင်သွားမည် မဟုတ်ပေ။ ထို့ပြင် ဇိုလာ၏ မျက်နှာအစစ်သည် ထိုကဝေမထက် များစွာ ဆွဲဆောင်မှုရှိသည်။ ထို့ကြောင့် သူက ချက်ချင်းပင် စျေးကိုမြှင့်လိုက်သည်။ “၁၀ဆ ပေးမယ်။”

၁၀ဆလား။ ကဝေမ ထိန်လန့်သွားခဲ့သည်။ အဝတ်အစားများအတွက် သြဇာ ကြီးမားသော ဆာတစ်ယောက်က အမိန့်မပေးထားခဲ့လျှင် သူသည် ၎င်းကို သေချာပေါက် ရောင်းပစ်မည်မှာ သေချာသည်။

ထိုအချိန်၌ တံခါးဝမှ အသံတစ်သံ ထွက်လာသည်။ “ဗီနာ။ ငါ့ဂါဝန် အဆင်သင့် ဖြစ်ပြီလား။”

ထိုအသံသည် အတော်လေး ရင်းနှီးလှသည်။ ချန်လွေ့ နောက်လှည့်ကြည့်လိုက်ရာ ဆံပင်အစိမ်းရောင်နှင့် မျက်လုံးအစိမ်းရောင်ရှိသော ခရိုဘဲလက်စ်ကို မြင်လိုက်ရသည်။

ဒီဂါဝန်ကို မှာထားတာက မစ်-မြနဂါးလား။ သူက ရွှေငွေနဲ့ တောက်ပတဲ့ အဝတ်အစားတွေကို သဘောကျတာ ငါမှတ်မိတယ်။ သူက ဘာလို့ ရုတ်တရက်ကြီး အကြိုက်ပြောင်းသွားရတာလား။

ခရိုဘဲလက်စ်သည် နဂါးပြာ ရာနိုင်းရီ၏ မိန်းမဖြစ်ကြောင်း ချန်လွေ့ ရုတ်တရက် သတိရသွားသည်။ ရာနိုင်းရီကို ဇိုလာ ကိုယ်တိုင်က သတ်ပစ်ခဲ့တယ်။ ပါ့ဂ်လီအိုနဲ့ ယှဉ်မယ်ဆိုရင် ဇိုလာက ခရိုဘဲလက်စ်ရဲ့ အကြီးမားဆုံး ရန်သူပဲ။

“ဘယ်သူလဲ။ နင့်ဂါဝန်ကို ငါ ပိုက်ဆံ ၁၀ပေးပြီး ဝယ်လိုက်ပြီ။” ဇိုလာပြောလိုက်သည်။ သို့သော် သူ၏လေသံကို ကြည့်ရသည်မှာ ခရုဘဲလက်စ်ကို လုံးဝ သိဟန်မတူပေ။

ခရိုဘဲလက်စ်နှင့် ဇိုလာတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံး အကြားတွင် မီများပွင့်နေဟန်တူသည်။ ခရိုဘဲလက်စ်က အေးစက်စက်နှင့် ပြောသည်။ “နင်က ဘယ်သူလဲ။ ငါ့ရဲ့ပစ္စည်းတွေကို ဘာလို့ လုယူရဲတာလဲ။”

“လုယူတယ် ဟုတ်လား။” ဇိုလား၏ မျက်လုံးများ အနည်းငယ် တောက်ပသွား၏။ “ဟုတ်တယ်။ နင်ပြောတာ မှန်တယ်။ အဲဒီစကားလုံးကို ငါ သဘောကျတယ်။”

ခရိုဘဲလက်စ် အနည်းငယ် အံ့အားသင့်သွားသည်။ မြို့တော်ထဲ၌ သူက ဗိုလ်ကျသူ ဖြစ်သည်။ သူသည် အခြားသူများအား လုယက်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ မည်သူမှ သူ့ကို တစ်ခုခု မလုပ်ရဲပေ။ မမျှော်လင့်လဲနှင့် ယနေ့တွင် ကျားမြီးဆွဲရဲသော ...... နဂါးမြီးဆွဲရဲသော ရုပ်ဆိုးဆိုး မိန်းမတစ်ယောက် ရှိနေလေပြီ။

“ဟမ့်။ မောက်မာလိုက်တာ။” မစ်-မြနဂါးက တစ်ဖက်လူ၏ အငွေ့အသက်မှာ မရိုးရှင်းကြောင်း ခံစားမိသည်။ သို့သော်လည်း သူသည် အားနည်းချက်များ ပြသရန် ငြင်းဆန်ခဲ့သည်။ “အခု နင့်ရဲ့ငွေတွေအားလုံး ငါ့ကိုပေးလိုက်။ ငါနင့်ကို အတွင်းခံနဲ့ ပြန်လွှတ်ပေးဖို့ စဉ်းစားပေးမယ်။”

ဇိုလာ၏ မျက်နှာ ရုတ်တရက် ပြုံးသွား၏။ “အဲဒါက ငါပြောမယ့်ဟာပဲ။ နင် ကိုယ်တုံးလုံး ပြေးချင်တယ်ဆိုရင် နင့်ရဲ့ဘောင်းဘီတွေကို လုယူဖို့ ငါ ဝန်မလေးဘူး။”

ဘေးဖက်မှ ချန်လွေ့ ရှက်သွားရသည်။ ထိုအမျိုးသမီးနှစ်ယောက်သည် တစ်ယောက်ထက် တစ်ယောက် မစာနာကြပေ။

ပုံမှန်အတိုင်းပြောရရင် သူရဲကောင်းတစ်ယောက်က သူရဲကောင်းတစ်ယောက်နဲ့ တွေ့တဲ့အခါ အချင်းချင်း စာနာကြတယ်။ ဒီဓားပြမ နှစ်ယောက်ကတော့ တွေ့တဲ့အခါ ပါးကိုက်နားကိုက် နေကြတယ်။ မိန်းမချင်း ဖြစ်လို့လား။

“မဒမ် ခရိုဘဲလက်စ်များလား။ ကျုပ်နာမည်က စိုင်မွန်ပါ။ လိပ်ပြာနီ နယ်မြေကပါ။ မဒမ်ရဲ့ အမူအကျင့်ကို မြင်ရတာ ကျုပ်အတွက် ဂုဏ်ပူစရာပါ။” ချန်လွေ့က ဇိုလာကို အမြန်တားပြီး ပြောသည်။ “ဒါက ကျုပ်ရဲ့ မိန်းမပါ။ သူက မဒမ်ရဲ့ ဂုဏ်သတင်းကို မသိလို့ပါ။ ခွင့်လွှတ်ပေးပါ။ မဒမ်။ ဒီဂါဝန်ကို ခင်ဗျားအတွက် ကျုပ်ရဲ့ လက်ဆောင် အနေနဲ့ သဘောထားပေးပါ။”

“ကောင်းပြီလေ။” မစ်-မြနဂါးက ပိုက်ဆံမပေးရသည့် ဂါဝန်ဖြစ်ကြောင်း ကြားသည့်အခါ မစဉ်းစားဘဲ သ‌ဘောတူလိုက်သည်။ ထို့နောက် သံသယ ဝင်သွား၏။ “သူက နင့်မိန်းမလား။”

ထိုမိန်းမသည် ရုပ်ဆိုးသော်လည်း မိမိကို အတွင်းထဲ၌ ကြောက်စိတ်ဖြစ်စေကြောင်း ခရိုဘဲလက်စ် ခံစားမိသည်။ သူသည် လုံးဝကို ထူးခြားပေသည်။ သို့မဟုတ်ပါက ခရိုဘဲလက်စ် ပေါက်ကွဲသွားသည်မှာ ကြာပြီဖြစ်သည်။ ဒီလူက “အမြင့်ဆင့်နတ်ဆိုး” ပဲ။ သူ့မှာ ဘယ်လိုလုပ် ဒီလိုမိန်းမ ဖြစ်နိုင်မှာလဲ။

ဒီရုပ်ဆိုးဆိုး မိန်းမကြီးက ဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ..... ပစ္စည်းတွေက်ု အတင်း လုယူထားတာများလား။

“ဟွန့်။” ဇိုလာက ရုတ်တရက် ဒေါသထွက်သောပုံစံ ပြသလိုက်သည်။ သူတို့ နှစ်ယောက်သည် လင်မယားအဖြစ် ဟန်‌ဆောင်နေကြကြောင်း ဇိုလာ သိသော်လည်း သူ့ယောက်ျားက “ရုပ်ရည်ချောမောသော” ထိုမိန်းမအား ဂါဝန်ဝယ်ပေးသည်ကို မြင်သည့်အခါ မသက်မသာ ခံစားသွားရသည်။

မရဘူး။ ဒီဂါဝန်က ငါဟာပဲ။

All Chapters