← Chapters

နောက်ကွယ်ကလူ

Vol. 14 Ch. 198

နောက်ကွယ်ကလူ

Vol. 14 Ch. 198

သေမျိုးနှင့်မသေမျိုးကြား ကမ္ဘာနှစ်ခုစာခန့်ကွာခြားသည်။ စိတ်ဆန္ဒဖြင့် တံတားထိုး၍မရ။ ထာဝရအရှင်သည် မသေမျိုးအဆင့်သည့်မရောက်သေး။ ကူးဖြတ်ခြင်းအဆင့်သာဖြစ်သည်။

ရုပ်ခန္ဓာမရှိ။ ဝိညာဉ်သာဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်အဖြစ်ပင် ပြည့်ပြည့်ဝဝအရည်အသွေးမမီသေး။ သို့သော် မသေမျိုးအရိယဖလကို ပိုင်ဆိုင်ထားသည်။ လစ်ဟာနေသည့် သူ့တိုက်ခိုက်စွမ်းအားကို ဖြည့်ဆည်းပေးသည်။

ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ထာဝရအရှင်နှင့် သိစိတ်နယ်မြေထဲတွင် ရင်ဆိုင်တွေ့လျှင် အရေးနိမ့်ကြပေလိမ့်မည်။ သို့သော်ယခု ထာဝရနတ်မယ်အစစ်နှင့် သူကြုံရသည်။

အရိယဖလပုံပွားသန္ဓေသည် အရိယဖလအစစ်ကို ခုခံနိုင်စွမ်းမရှိ။

ဆူပူငေါက်ငန်းခံရပြီးနောက် ထာဝရအရှင် သူ့အဖြစ်သူ နားလည်သွားသည်။ သူသည် မသေမျိုးအစစ်မဟုတ်။ ထာဝရနတ်မယ်၏ ပုံစံတူတစ်ခုသာဖြစ်သည်။

"အရိယဖလဆိုတာ ဘယ်လိုဖြစ်တည်လာတယ်လို့ထင်လဲ စီနီယာ"

ယွမ်ကျိက ထာဝရနတ်မယ်ကိုမေးးခွန်ထုတ်သည်။

ထိုမေးခွန်းကိုပင် ထာဝရနတ်မယ် စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ရွှေရောင်အရိယဖလကို သူထုတ်ပြသည်။

"ငါခုနကသုံးသပ်တာ မမှားဘူး။ ဒီပစ္စည်းကို မသေမျိုးအရိယဖလလို့ ခေါ်ချင်လည်းခေါ်လို့ရတယ်။ ဒါပေမယ့် မပြည့်စုံဘူး။ ပုံပွားသန္ဓေအဆင့်ပဲရှိတယ်။

အရိယဖလပေါ်လာတဲ့ဖြစ်စဉ်က ဒီလူပေါ်လာတာနဲ့ သဘောတရားချင်း အတူတူပါပဲ။ နှစ်ခုလုံးက ဆန္ဒစွမ်းအားပေါ် အားပြုရတာ"

"ဆန္ဒစွမ်းအားရှိရုံနဲ့ အရိယဖလကို တည်ဆောက်နိုင်တယ်ပေါ့။ အဲလိုဆို မသေမျိုးဖြစ်လာဖို့ အတော်လေးရိုးရှင်းမနေဘူးလား"

လုယန် ဝင်စပ်စုသည်။

ထာဝရနတ်မယ် ခေါင်းခါသည်။

"ဒါက အရိယဖလမဟုတ်သေးဘူး။ ပုံပွားသန္ဓေအဆင့်ပဲ။ ထာဝရဂိုဏ်း နှစ်တစ်သောင်းကျော်စုစည်းမှရတဲ့ ဒီလိုအရိယဖလမျိုးကိုမပြောနဲ့ဦး။ ဆန္ဒစွမ်းအားတစ်ခုတည်းနည့် ဖြစ်လာတဲ့ ပုံပွားသန္ဓေမှာတောင် အကန့်အသတ်တွေအများကြီးရှိတယ်"

အရိယဖလသည် မသေမျိုးတစ်ယောက်ဖြစ်လာခြင်း၏ အမှတ်သညာဖြစ်သည်။ လောကစည်းမျဉ်းကို ပြောင်းလဲနိုင်သည့် နောက်ဆုံးထုတ်ကုန်တစ်ခုဖြစ်သည်။ လုယန်နားလည်နိုင်စွမ်းထက် ကျော်နေသည့် အယူအဆဖြစ်သည်။ လောလောဆယ် သူနားမလည်နိုင်သေး။

"အရိယဖလပုံပွားသန္ဓေနဲ့အရိဖလအစစ်က အများကြီးကွာခြားတယ်။ ဥပမာပြောရရင် အရိယဖလပုံပွားသန္ဓေတွေ ငါလိုချက်သလောက် ထုတ်လို့ရတယ်။ ဒါပေမယ့် မသေမျိုးအရိယဖလကတော့ အမြဲတမ်း တစ်ခုပဲရှိလိမ့်မယ်။ ငါပိုင်ဆိုင်ထားတဲ့ဟာပေ့ါ့"

ထာဝရနတ်မယ်မျက်နှာတွင် ယုံကြည်ချက်ရှိသည့် အပြုံးမျိုးပေါ်နေသည်။ သူ့မသေမျိုးအရိယဖလသည် အားအကောင်းဆုံးဟုယုံကြည်သည်။ ယင်ထန်မသေမျိုးတို့ထက်ပင် သာလွန်သည်။

အရိယဖလပုံရိပ်များသည် သူ့အမြင်တွင် အညံ့စားများသာဖြစ်သည်။

"ဒါပေမယ့် အရိယဖလပုံပွားသန္ဓေက မသေမျိုးအရိယဖလကို အစားထိုးလို့ရနိုင်တယ်"

ယွမ်ကျိစကားကြောင့် ထာဝရနတ်မယ် အလိုမကျဖြစ်သွားသည်။ သို့သော် ချက်ချင်းပြန်တည်ငြိမ်လာသည်။

"အဲဒါ ဘာကိုဆိုလိုတာလဲ"

လုယန်က မေးသည်။

ထာဝရနတ်မယ်နှင့်ယွမ်ကျိသာ အရိယဖလနှင့်ပတ်သက်သည့် အမှန်တရားကို သိထားသည်။ လုယန်နှင့်ထာဝရအရှင်က ဘာမှနားမလည်။

ထာဝရအရှင်သည် အရိယဖလနှင့် ပုံပွားသန္ဓေအသွင်ကိုပင် မခွဲခြားနိုင်။ ယခုလိုရှင်းမပြလျှင် သူ့အရိဖလပုံပွားသန္ဓေ ဘယ်လိုဖြစ်တည်လာသည်ကိုပင် သိမည်မဟုတ်။

ယွမ်ကျိ ရှင်းပြသည်။

"အရိယဖလပုံပွားသန္ဓေက ရိုးရှင်းတဲ့အကြမ်းထည်ပါ။ အတွင်းပိုင်းတည်ဆောက်မှုက မတည်ငြိမ်ဘူး။ ပုံပွားသန္ဓေ တဖြေးဖြေးရင့်ကျက်လာရင် မသေမျိုးအရိယဖလနဲ့ တဖြေးဖြေးတူလာမယ်။

မသေမျိုးအရိယဖလဆိုတာ တစ်ခုတည်းရှိနိုင်တာဖြစ်လို့ ပုံပွားသန္ဓေ အပြည့်အဝရင့်ကျက်ဖို့အတွက် မူလအရိယဖလကို ဖယ်ရှားပြစ်ရမယ်"

လုယန် အံ့အားသင့်သွားသည်။

"ဒါဆို နတ်မယ်ရဲ့အရိယဖလကို အရိယဖလပုံပွားသန္ဓေနဲ့ အစားထိုးနိုင်တယ်ပေါ့"

လုယန် စိုးရိမ်လာသည်။ နတ်မယ်သည် ယုံကြည်အားကိုး၍မရ။ အကူအညီသိပ်မပေးနိုင်။ သပြဿနာများသာဖန်တီးသည်။ သို့သော် သူ့အရိယဖလကိုတော့ အမြဲတမ်းပိုင်ဆိုင်စေချင်သည်။ တစ်ခြားလူလက်ထဲ ရောက်စေချင်သည်။

ယွမ်ကျိခေါင်းခါသည်။ သူ့မျက်နှာက လေးနက်တည်ငြိမ်သည်။

"စီနီယာက မသေမျိုးမျိုးဆက်ရဲ့ အမြင့်ဆုံးဩဇာကို ပိုင်ဆိုင်ထားတာ။ မသေမျိုးအဆင့်မှာ သူ့ကိုဘယ်သူမှမယှဉ်နိုင်ဘူး။ ပြည့်စုံသလောက်နီးပါးဖြစ်နေတဲ့ အရိရဖလပုံပွားသန္ဓေလည်း မယှဉ်နိုင်ဘူး။

အခြေအနေတစ်ခုမှာပဲ အစားထိုးနိုင်မယ်။ မူလအရိယဖလက ပိုင်ရှင်မဲ့နေပြီး ပုံပွားအရိယဖလက ပိုင်ရှင်ရှိနေတဲ့အချိန်ပေါ့"

လုယန်စိတ်သက်သာရာရသွားသည်။

"ကောင်းတာပေါ့။ ဒါဆို နတ်မယ် အသက်ရှိနေသေးရင် ဘယ်သူ့မှသူ့ကို အစားမထိုးနိုင်တော့ဘူး"

"ဒါပေမယ့် သူက အသက်ရှင်နေတယ်လို့မှ ပြောလို့မရတာ"

ယွမ်ကျိစကားက လုယန်ခေါင်းကို မိုးကြိူးပစ်ချသလိုပင်ဖြစ်သည်။

မှန်သည်။ သူသာ အမှတ်မထင် နာမည်စစ်ကို မခေါ်မိခဲ့လျှင် မဟာကပ်ဆုံးသည်အထိ နတ်မယ်ပြန်ရှင်သန်နိုင်သည်မဟုတ်။

နာမည်စစ်ကို အမှတ်တမဲ့ခေါ်မိဖို့ နောက်ထပ်အနှစ်သုံးသိန်းကြာသွားနိုင်သည်။

သို့သော် နတ်မယ်ပြန်မရှင်သန်ခဲ့လျှင် ထာဝရအရှင်က အရိယဖလပုံပွားက တဖြေးဖြေးရင့်ကျက်လာပြီး မူလအရိယဖလကို အစားထိုးနိုင်ခြေရှိသည်။

မဟာကပ်ရောက်လာချိတွင် ထာဝရအရှင်က ထာဝရဂိုဏ်းကိုဦးဆောင်၍ သူ့နာမည်ဂုဏ်သတင်း ကျော်ဇောအောင်လုပ်လိမ့်မည်။ ထိုအချိန်ရောက်လျှင် သူ့နာမည်ကို "ထာဝရနတ်မယ်"ဟု ဘယ်သူက နောက်ပြောင်ပြီး ခေါ်ရဲတော့မည်နည်း။

ထိုအချိန်ရောက်လျှင် ထာဝရနတ်မယ် ဘယ်တော့မှ ပြန်ရှင်သန်နိုင်မည်မဟုတ်တော့။ အမှန်တကယ်သေသွားမည်။

နတ်မယ်လည်း ထိုအချက်ကိုရိပ်စားမိဟန်ဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

ယွမ်ကျိက သူ့အတွေးကို အကျဉ်းချုပ်ပြောပြသည်။

"ရှေးဟောင်းခေတ်မှာ စီနီယာလုပ်ကြံခံရတယ်။ မသေမျိုးအရိယဖလက သခင်ကိုဆုံးရှုံးပြီး ပိုင်ရှင်မဲ့ဖြစ်လာတယ်။

နောက်ကွယ်က ကြိုးကိုင်နေတဲ့လူဟာ မသေမျိုးအရိယဖလကို အများသိချပြတယ်။ မရှိတဲ့ထာဝရအရှင်ကို ဖန်တီးတယ်။ ထာဝရဂိုဏ်းနောက်လိုက်တွေ ယုံကြည်လာပြီး သူတို့စိတ်ကူးထဲက ထာဝရအရှင်ကို ပြန်အသက်သွင်းအောင်လုပ်ခဲ့တယ်။ ထာဝရအရှင်ကိုယ်တိုင်က ဒါကိုမသိဘူး။ အရိယဖလပုံပွားကို ရင်ကျင့်လာအောင် အတင်းကြိုးစားနေတယ်။

အချိန်ကျလာတဲ့အခါ နောက်ကွယ်ကလူ လှုပ်ရှားမယ်။ မသေမျိုးအရိယဖလကို အပိုင်သိမ်းမယ်။

အခု မသေချာတဲ့ တစ်ခုတည်းသောကိစ္စက ဒီနောက်ကွယ်ကလူဟာ ရင့်ကျက်တဲ့အရိယဖလပုံပွားကို သိမ်းချင်တာလား။ မရင့်ကျက်ခင် သိမ်းချင်တာလား။...ဒါမှမဟုတ်...သူဒီကိုရောက်လာပြီလား"

ယွမ်ကျိလေသံက ရေခဲတမျှအေးစက်သွားသည်။ ပြင်းထန်သည့်လူသတ်ရိပ်ကြောင့် လုယန် ကျောရိုးထဲစိမ့်သွားသည်။

ယွမ်ကျိနှင့် ထာဝရနတ်မယ်တို့ ဘေးပတ်လည်မှ နေရာတိုင်းကို ဝိညာဉ်အာရုံ ကိုယ်စီဖြန့်လိုက်သည်။ နောက်ကွယ်ကလူကို ရှာဖွေကြသည်။

ရုတ်တရက် လျှို့ဝှက်ခန်းထောင့်တစ်နေရာမှ လေဟာနယ် တုန်ခါသွားသည်။ အနက်ရောင်အရိပ်တစ်ခု လက်ခုပ်တီး၍ ထွက်လာသည်။ ယွမ်ကျိ၏ ထူးခြားသည့်စွမ်းရည်ကို ချီးကျူးသည်။

ထိုလူကို အလွန်တရာနက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခုလို လုယန်ခံစားရသည်။ အရာအားလုံးကို ဝါမျိုချင်သည် ရည်ရွယ်ချက်မျိုးရှိသည်။ အလွန်တရာကြောက်စရာကောင်းသည်။

ယွမ်ကျိနှင့် ထာဝရနတ်မယ်တို့ လုယန်ရှေ့တွင်ပိတ်ရပ်လျက် အသစ်ရောက်လာသူကို သတိဖြင့်ကြည့်နေသည်။

"မသေမျိုးငါးဂိုဏ်းရဲ့ စွမ်းအားအကြီးဆုံးလူ တကယ်ပီသပါပေတယ်။ မင်းဟာ ငါ့အတွက် အလယ်ပိုင်းတိုက်နယ်မှာ အကြီးဆုံးအန္တရာယ်ပဲ။ အစက အရိယဖလပုံပွားသန္ဓေ တကယ်ပေါ်လာပြီလားလို့ ငါလာကြည့်တာပါ။ ရက်ပိုင်းလောက်စောင့်ကြည့်ရုံနဲ့ ဒီလောက် အကျိုးထူးမယ်လို ထင်မထားဘူး"

အနက်ရောင်သဏ္ဌာန်က ထာဝရနတ်မယ်ကိုလှမ်းကြည့်သည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ထိုလူပြုံးနေမှန်း လုယန်ရိပ်မိသည်။

"ထင်မထားဘူး ထာဝရနတ်မယ်။ မင်းပြန်ရှင်သန်လာပြီပေါ့။ ငါထင်မထားတဲ့ အကြီးမားဆုံး အပြောင်းအလဲပါပဲ။

မင်းပြန်ရှင်သန်လာပြီဆိုတော့ ပုံပွားအရိယဖလနဲ့ မင်းကိုအစားထိုးဖို့ကိစ္စ ပျက်သွားပြီပေါ့။ ထာဝရဂိုဏ်း နှစ်တစ်သောင်းလေးထောင် ပြင်ဆင်ခဲ့ပြီးမှ သဲထဲရေသွန်ဖြစ်ရတာ နှမျောစရာပဲ"

အနက်ရောင်သဏ္ဌာန် ခေါင်းခါနေသည်။ ထာဝရနတ်မယ်အတွက် ဝမ်းနည်းခြင်းလား။ သူ့အစီအစဉ်ပျက်သွား၍ ဝမ်းနည်းခြင်းလားတော့မသိ။

"ယင်ထန်၊ ချီလင်၊ အချိန်၊ ကိုးဆ။ ဒီလေးယောက်ထဲက နင်ဘယ်သူလဲ။ နင့်မျက်နှာအစစ်ကိုပြစမ်း"

ထာဝရနတ်မယ် ခပ်တင်းတင်းအော်ဟစ်လိုက်သည်။ သူ့ဖြစ်တည်မှုသမိုင်းကို ဖျောက်ဖျက်ခဲ့သည့် ကမ္ဘာ့ရန်သူဖြစ်သည့် ထိုလူကို သူခွင့်မလွှတ်နိုင်။

သူနဲ့ထိုသဏ္ဌာန် အဖြစ်မနေ ရင်ဆိုင်ဖြေရှင်းရမည်။

အရိပ်သဏ္ဌာန်က ခေါင်းခါ၍ မခိုးမခန့်ရယ်သည်။

"မင်းတို့ခေတ်မှာ တကယ်မသေမျိုးငါးယောက်ပဲရှိတာလား။ ကိုးဆက တကယ်ပထမဆုံးမသေမျိုးလား။

နတ်မယ်၊ မသေချာတဲ့ကိစ္စတွေ ဒီလောက်အများကြီးရှိနေတာ။ မင်းငါ့ကို ဒီလေးယောက်ထဲကတစ်ယောက်လို့ သေချာပြောနိုင်လို့လား"

"လူလိမ်"

ထာဝရနတ်မယ် အံတင်းတင်းကြိတ်လိုက်သည်။

ယွမ်ကျိက ဘာမှထပ်မပြောဘဲ စွမ်းအားအပြည့်ထုတ်လွှတ်လိုက်သည်။

အရိသဏ္ဌာန် မျက်နှာတင်းသွားဟန်ရှိသည်။

"တကယ်ပါလား။ မင်းစွမ်းအားက အပြင်လောကကို ထုတ်ပြထားတာထက် အများကြီးပိုနေတာပဲ။ ငါ့ရဲ့ခန္ဓာကိုယ်အစစ်နဲ့တောင် မင်းကိုအနိုင်မယူနိုင်လောက်ဘူး။

ရှေးဟောင်းခေတ်နောက်ပိုင်း မင်းလိုလူမျိုးရှိနေတာ တကယ့်ကို သဘာဝတရားရဲ့ အံ့ဖွယ်တစ်ခုပါပဲ"

မယှဉ်နိုင်မှန်းသိသဖြင့် အရိပ်သဏ္ဌာန်က သူ့ဘာသာဖျက်ဆီးလိုက်သည်။

"ငါ့ရဲ့ခန္ဓာကိုယ်အစစ်အတွက် စိတ်မကောင်းစရာပဲ။ ဒီမှာဖြစ်နေတာကို သိနိုင်မှာမဟုတ်ဘူး"

***********************************

All Chapters