← Chapters

တာအိုလမ်းစဉ်ဂိုဏ်းမှ အဖွဲ့ကြီးသုံးဖွဲ့

Vol. 14 Ch. 209

တာအိုလမ်းစဉ်ဂိုဏ်းမှ အဖွဲ့ကြီးသုံးဖွဲ့

Vol. 14 Ch. 209

သူတို့လူစု တာအိုလမ်းစဉ်ဂိုဏ်းတွင် ယခုလိုစိတ်ပျက်စရာ အဆင့်နိမ့်ဘဝဖြင့် နေရတော့မည်ဟု ဂိုဏ်းချုပ်ထင်ခဲ့သည်။ ယခု မမျှော်လင့်ဘဲ ဒုဂိုဏ်းချုပ်လျို၏စကားကြောင့် မျှော်လင့်ချက်အသစ်ဖြစ်ပေါ်လာသည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် ညီညွတ်ဟန်မတူ။ အတွင်းပဋိပက္ခများ ရာထူးအပြိုင်အဆိုင်များ ရှိနေပုံရသည်။ သူတို့နတ်ဆိုးဂိုဏ်းဝင်များ အထူးကျွမ်းကျင်သည်က သွေးထိုးလှုံ့ဆော်၍ အဖွဲ့ခွဲများကို အသုံးချခြင်းဖြစ်သည်။

"မြန်မြန်ပြောစမ်းပါ။ တာအိုလမ်းစဉ်ဂိုဏ်းမှာ အဖွဲ့ခွဲတွေ ဘယ်လောက်ရှိလဲ"

ဂိုဏ်းချုပ်ရှဲ့ပင်ကျိ နည်းနည်းစိတ်မရှည်ဖြစ်လာသည်။

သခင်လျို အကာအကွယ်တစ်ခုဖွင့်၍ မှော်စက်ဝန်းတစ်ချို့ တည်ဆောက်သည်။ အသံလုံစေဖို့နှင့် အပြင်ဘက်မှ ဝိညာဉ်အာရုံများ မထိုးဖောက်နိုင်စေဖို့ဖြစ်သည်။

စေ့စပ်သေချာသည့် သူ့အပြုအမူကိုကြည့်၍ ရှဲ့ပင်ကျိ နည်းနည်းရှက်သွားသည်။ ခုနက စိတ်လောသွားသဖြင့် အပြင်မှခိုးနားထောင်မည့် အန္တရာယ်ကို ကာကွယ်ဖို့ မေ့နေသည်။ အကြီးအကဲငါးယောက် ချီတုံ့ချတုံဖြစ်နေကြသည်။ စကားဝိုင်းသို့ သူတို့ဝင်နားထောင်သင့်မထာင်သင့် စဉ်းစားနေသည်။ သူတို့ထက်အဆင့်မြင့်သည့် ဂိုဏ်းအကြီးအကဲများ၏ လျှို့ဝှက်ဆွေးနွေးခြင်းဖြစ်သည်။

ရှဲ့ပင်ကျိ သူတို့ကို လက်ယပ်ခေါ်သည်။ ဤလူများသည် ထာဝရဂိုဏ်း၏ လက်ကျန်အင်အားဖြစ်သည်။ ဆွေးနွေးပွဲတွင် ပါဝင်ဖို့ ထိုက်တန်သည်။

အားလုံး ဝင်ထိုင်ပြီးနောက် သခင်လျိုက အသံကိုနှိမ့်၍ပြောသည်။

"အခုလက်ရှိမှာ ကျုပ်တို့ ဆက်ဆံရမယ့် အဓိကအဖွဲ့ကြီးသုံးဖွဲ့ရှိတယ်။ ဂိုဏ်းတပည့်တွေအများကြီးရှိပေမယ့် ဒီသုံးဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်က ဘယ်သူမှမလွတ်ဘူး။ ဒီအဖွဲ့ကြီးတွေမှာ နတ်ဝိညာဉ်အဆင့်တွေ အများကြီးရှိတယ်။ စွမ်းအားကြီးတဲ့ နတ်ဝိညာဉ်နောက်ဆုံးအဆင့်တစ်ချို့လည်းရှိတယ်။

ရှဲ့ပင်ကျိ ခေါင်းငြိမ့်သည်။ ထိုအဖွဲ့ကြီးသုံးဖွဲ့ ထိုစွမ်းအားရှင်မျိုး ရှိနေသည်မှာ မဆန်းလှ။

"ကူးဖြတ်ခြင်းအဆင့်တွေရော ရှိလား"

သခင်လျို ခေါင်းခါသည်။

"အခုထိတော့ တစ်ယောက်မှမတွေ့သေးဘူး။ ဒီသက်ကြားအိုကြီးတွေက လူလုံးထွက်ပြခဲတယ်။ ဒီအဖွဲ့သုံးဖွဲ့ထဲမှာ မပါလောက်ဘူး"

ဒုဂိုဏ်းချုပ်ကျင်း စိတ်သက်သာရာရသွားသည်။

"ကူးဖြတ်ခြင်းအဆင့်တွေမရှိရင် ကောင်းတာပေါ့။ ငါတို့နည်းဗျူဟာတွေနဲ့ဆို အဖွဲ့သုံးဖွဲ့ကြားမှာ လှုပ်ရှားဖို့အတွက် မခက်လောက်ပါဘူး။ ဒီသုံးဖွဲ့ရဲ့ အချင်းချင်းဆက်ဆံရေးကရော ဘယ်လိုလဲ။ လှုပ်ရှားဖို့ အဆင်ပြေရဲ့လား"

ဒုဂိုဏ်းချုပ်ကျင်းအမြင်ကို သခင်လျို ထောက်ခံသည်။ ကူးဖြတ်ခြင်းအဆင့်အဆင့်၏အန္တရာယ်က ကြီးမားလွန်းသည်။ ဘယ်နည်းဗျူဟာမှ အတုမဲ့စွမ်းအားကို ရင်မဆိုင်နိုင်။

"ကျုပ်နေ့တိုင်း အသားကင်နေတယ်ဆိုပြီး အထင်မသေးပါနဲ့။ တကယ်တော့ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပြောတဲ့စကားကို နားစွင့်နေတာပါ။ သတင်းယူပြီး ဒီသုံးဖွဲ့ကြားက ဆက်ဆံရေးကို သုံးသပ်နေတာ"

သခင်လျို အဖွဲ့သုံးဖွဲ့ကို ရည်ညွှန်းသည့်အနေဖြင့် အရွယ်မတူသည့်ခွက်သုံးခွက်ကို စားပွဲပေါ်တင်သည်။

"ဒီအဖွဲ့ကြီးသုံးဖွဲ့ဆိုတာ သက်တမ်းရင့်တဲ့ ရနံ့တစ်ရာအိမ်တော်ရယ်၊ မွှေကြော်မဟာမိတ်ရယ် ဟော့ပေါ့အသင်းရယ်ပါ။

ရနံ့တစ်ရာအိမ်တော်က စီးပွားရေးလမ်းကြောင်းမှာ သက်တမ်းအရှည်ဆုံး။ တစ်ချို့ဂိုဏ်းတပည့်တွေ ဂိုဏ်းစဝင်ကတည်းက အဲဒီမှာသွားပြီး စားသောက်ခဲ့တာ။ နတ်ဝိညာဉ်အဆင့်‌ရောက်ပြီးတဲ့အထိ သွားစနေကြတုန်းပဲ။ အဆင့်မြင့်အစားအသောက်တွေတင်မကဘူး စိတ်ပိုင်းဆိုင်ရာပျောရွှင်မှုကိုပါ ပေးနိုင်တယ်။ အဖွဲ့ကြီးသုံးခုမှာ အဆင့်အတန်းအမြင့်ဆုံးပဲ"

ရနံ့တစ်ရာအိမ်တော်ကို ရည်ညွှန်းရန် အကြီးဆုံးခွက်ကို မှောက်ခုံထားလိုက်သည်။

"မွှေကြောမဟာမိတ်က ဆိုင်တစ်ခုတည်းမဟုတ်ဘူး။ မွှေကြော်ဆိုင်တွေ စုပေါင်းထားတာ။ ဆိုင်တစ်ခုချင်းစီမှာ ဂိုဏ်းတပည့်တွေကို ဆွဲဆောင်နိုင်တဲ့ ထူးခြားရဲ့အရသာတွေရှိတယ်။ အဖွဲ့သုံးဖွဲ့မျာ ဒုတိယပဲ"

အလတ်စားခွက်ကို မှောက်လိုက်သည်။

"နောက်ဆုံးဖြစ်တဲ့ ဟော့ပေါအသင်းက ဈေးလမ်းမှာ အကြီးဆုံးဆိုင်တန်းပဲ။ ဟော့ပေါ့ဆိုင်တွေအများကြီး ထောက်ပံ့ထားတယ်။ အစားအသောက်တွေရဲ့ ရောင်းအားအတက်အကျကို ထိန်းချုပ်တယ်။ ဒါပေမယ့် မွှေကြော်နဲ့စာရင် ရွေးချယ်စရာနည်းတော့ သုံးဖွဲ့တဲ့မှာ အားအနည်းဆုံးဖြစ်နေတယ်"

အသေးဆုံးခွက်ကို မှောက်လိုက်သည်။

"ရနံ့တစ်ရာအိမ်တော်က ဟင်းတွေဟာ ထိပ်တန်းပဲ။ စွမ်းအားမြင့်ဆေးလုံးတွေနဲ့ တန်းတူအဆင့်ရှိတယ်။ ဂိုဏ်းတပည့်တွေရဲ့ ကျင့်စဉ်စွမ်းအားကို မြန်မြန်တိုးတက်အောင် ကူညီနိုင်တယ်။ ချမ်းသာပြီးစွမ်းအားမြင့်တဲ့ပုဂ္ဂိုလ်တွေပဲ မကြာခဏသွားနိုင်ကြတာ။ သူတို့အဆင့်အတန်းက သာလွန်နေတော့ တစ်ခြားအဖွဲ့နှစ်ခုနဲ့ယှဉ်ဖို့ကို မျက်လုံးထဲမထည့်ဘူး။

မွှေကြောမဟာမိတ်နဲ့ ဟော့ပေါ့အသင်း ယှဉ်တဲ့အခါ ဟော့ပေါ့အသင်းက အခြေမခိုင်တော့ အသာစီးမရဘူး။

ကျုပ်တို့အသားကင်ဆိုင်က အသစ်တည်ထောင်စဆိုပေမယ့် လူကြိုက်များတယ်။ နောင်တစ်ချိန်ကျရင် ဒီအဖွဲ့ကြီးသုံးခုထက် မနိမ့်နိုင်ဘူး။ အလားအလာသိပ်ကောင်းပါတယ်။ မွှေကြော်မဟာမိတ်ကို ထိုးစစ်ဆင်ဖို့ ဟော့ပေါ့အသင်းနဲ့ ပူးပေါင်းလို့ရမယ်လို့ ကျုပ်ယုံကြည့်တယ်"

သခင်ကောင်းကလည်း ဝင်ပြောသည်။

"ပြီးတော့ နေရာအနေအထားအရ ဟော့ပေါ့အသင်းက ကျုပ်တို့ဆိုင်နဲ့နီးတယ်။ တစ်လမ်းပဲခြားတာ။ အဝေးရန်သူနဲ့ပေါင်းပြီး အနီးကမဟာမိတ်နှင့် မိတ်ဆွေဖွဲ့တဲ့ဗျူဟာနဲ့ ကွက်တိပဲ"

စစ်ရေးဗျူဟာကျွမ်းကျင်သည့် သခင်ကောင်းက အသားကင်ဆိုင်၏ ဗျူဟာမှူးဖြစ်သည်။

"ဒီသုံးဖွဲ့အထက်မှာ အဓိပဓိအင်အားစုတစ်ခုရှိတယ်။ သန့်စင်ခြင်းတစ်ရာတောင်ထိပ်က ဈေးတန်းပေါ့။

နောက်ခံရော ဖောက်သည်စီးဆင်းမှုရော ရောင်းအားရော အဖွဲ့သုံးဖွဲ့ထက်သာတယ်။

သတင်းကောင်းတစ်ခုကတော့ ဂိုဏ်းတပည့်‌တွေဟာ ဒီဈေးတန်းကို အစားအသောက်တွက်ရော လက်နက်အတွက်ပါ သွားကြတာ။ လည်ပတ်ပုံစနစ်က ကျုပ်တို့နဲ့ မတူဘူး။ ဒီတော့ ဈေးတန်းနဲ့ ပဋိပက္ခဖြစ်လာမှာကို ကျုပ်တို့စိုးရိမ်ဖို့မလိုဘူး"

သခင်လျိုနှင့်သခင်ကောင်းတို့၏ စီစစ်သုံးသပ်ချက်များကို ကြားပြီးနောက် ရှဲ့ပင်ကျိနှင့် ဒုဂိုဏ်းချုပ်ကျင်းတို့ အခြေအနေကို အကြမ်းဖျင်းနားလည်လာသည်။

စတင်ဖို့ခက်ခဲသော်လည်း သေချာစီမံဆောင်ရွက်လျှင် လေးခုမြောက်လုပ်ငန်းကြီးတစ်ခု ဖြစ်လာနိုင်သည်။

"သဘောတရားအရတော့ ဟော့ပေါ့အသင်းနဲ့ ပူးပေါင်းလို့ရနိုင်ပါတယ်။ ဒါပေမယ့် အခြေခိုင်ပြီးသားအဖွဲ့အစည်းဖြစ်နေတော့ ငါတို့လို တက်သစ်စအသားကင်ဆိုင်နဲ့ သူတို့က ပူးပေါင်းချင်ပါ့မလား"

ငြင်းပယ်ခံရနိုင်ခြေများသော်လည်း မနက်ဖြန် ဟော့ပေါ့အသင်းနှင့် သွားဆွေးနွေးရန် သခင်ကောင်း စီစဉ်သည်။

သခင်ကောင်းစိုးရိမ်နေသည်ကိုကြည့်၍ ရှဲ့ပင်ကျိပြုံးလိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အဆင့်မြင့်အမိန့်စာကို အားလုံးရှေ့တွင် ထုတ်ပြသည်။

"ဒါကိုကြည့်ကြပါ"

သခင်လျို၊ သခင်ကောင်းနှင့် အကြီးအကဲငါးယောက် စာအကြာင်းအရာကိုဖတ်ပြီးနောက် အံ့အားသင့်သွားကြသည်။

"ဒါက မွေးမြူရေးခြံတည်ဆောက်ဖို့ ခွင့်ပြုမိန့်ပဲ"

အကြီးအကဲတစ်ယောက်က တအံ့တဩရေရွတ်သည်။

ရှဲ့ပင်ကျိ၏အပြုံးက ယုံကြည်ချက်အပြည့်ရှိသည်။

"ဟုတ်တယ်၊ ဒါဟာဟော့ပေါ့အသင်းနဲ့ ပူးပေါင်းဖို့ ငါတို့ရဲ့လက်မှတ်ပဲ။

အသားကင်ဆိုင်နဲ့ ဟော့ပေါ့ဆိုင်တွေမှာ အလိုအပ်ဆုံးကဘာလဲ။ လတ်ဆတ်တဲ့ ဟင်းချက်ပစ္စည်းတွေပေါ့။ ရှားပါးသားရဲတစ်ချို့သာ ငါတို့မွေးခွင့်ရပြီး ရနံ့တစ်ရာအိမ်တော်ကိုသွင်းရင် သူတို့နဲ့ဆက်သွယ်နိုင်လာမှာပဲ"

အားလုံး မင်သက်မိသွားကြသည်။ သူတို့ဂိုဏ်းချုပ်က ကြိုတင်အစီအစဉ်ဆွဲထားပြီးဖြစ်နေသည်။

"အံ့ဩစရာတွေက မပြီးသေးပါဘူး"

ရှဲ့ပင်ကျိ ဝတ်ရုံနက်ဝတ်ထားသည့် တတိယလူကို လက်ညှိုးထိုးပြသည်။

တစ်ချိန်လုံးအသံတိတ်နေသည့် တတိယလူက အင်္ကျီခေါင်းစွပ်ကိုချွတ်လိုက်သည်။ ကရုဏာရိပ်သန်း၍ အိုမင်းရင့်ရော်နေသည့် မျက်နှာတစ်ခု ပေါ်လာသည်။

"ယုံကြည်သူတို့၊ ဒါဟာငါတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုပဲ။ မင်းတို့ငါ့ကို ထာဝရအရှင်လို့ ခေါ်နိုင်ပါတယ်"

"ထာဝရအရှင်"

အားလုံး အမှတ်တကယ် အံ့အားသင့်သွားကြသည်။ ထာဝရအရှင် ပြန်ရှင်သန်လာမည်ဟု သူတို့မျှော်လင့်မထားကြ။

ဂိုဏ်းချုပ် သက်သေရှိနေသဖြင့် ထိုလူသည် ထာဝရအရှင်အစစ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။

"ထာဝရအရှင်ကို ဂါရဝပြုပါတယ်"

သခင်လျိုနဲ့ သခင်ကောင်းတို့ ဒူးထောက်အရိုအသေပြုကြသည်။

"ထာဝရအရှင်ကို ဂါရဝပြုပါတယ်"

အကြီးအကဲငါးယောက်လည်း ဒူးထောက်ကြသည်။

"ထကြပါ"

ထာဝရအရှင် တည်ငြိမ်စွာပြောသည်။

"တာအိုလမ်းစဉ်ဂိုဏ်းနဲ့ငါ သဘောတူညီချက်ယူပြီးပြီ။ ငါထွက်မသွားသရွေ့ ဒီဂိုဏ်းထဲမှာ ငါလွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ ငါအများကြီး စဉ်းစားကြည့်ပြီးပြီ။ မင်းတို့နဲ့နေတာအကောင်းဆုံးပဲလို ငါတွေးမိတယ်။ အခုငါကြားခဲ့ရတာတွေနဲ့ပတ်သက်ပြီး မင်းတို့ကို ငါသိပ်စိတ်ပျက်တယ်"

ထာဝရအရှင်၏အကြည့်တွင် စိတ်ပျက်သည့်အရိပ်မျိုး ပေါ်လာသည်။

"မင်းက နတ်ဝိညာဉ်အဆင့်ရောက်နေပြီးမှ ထာဝရဂိုဏ်းထဲမှာ အသားကင်ဆိုင်နဲ့ မွေးမြူရေးခြံလုပ်ငန်းကိုလုပ်ပြီး တစ်သက်လုံးနေသွားချင်တယ်ပေါ့။ ဒါလောက်နဲ့ မင်းတို့ကကျေနပ်နေတာလား"

"ကျုပ်တို့ကို လမ်းညွှန်ပေးပါ ထာဝရအရှင်"

တစ်ချိန်က လွှမ်းမိုးနိုင်သည့်လူများဖြစ်ခဲ့ပြီးမှ လေးခုမြောက်လုပ်ငန်းစုတစ်ခုဖြစ်လာဖို့ အခွင့်အရေးလောက်ဖြင့် ရောင့်ရဲနေမိသည့်အဖြစ်ကို ရှဲ့ပင်ကျိတို့လူစု ရှက်သွားကြသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက မင်းတို့ရဲ့ပန်းတိုင်လား။ ဆိုင်ဖွင့်မယ်ဆိုရင် အလယ်ပိုင်းတိုက်နယ်အနှံ့ ဆိုင်ခွဲတွေဖွင့်နိုင်အောင်လုပ်ကြလေ။

လုပ်ပြီဟေ့ဆိုရင် အကြီးဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ကြပေါ့"

*************************************

All Chapters