အရိယဖလလျှို့ဝှက်ချက်
Vol. 15 Ch. 218
လုယန် တအံ့တဩနားထောင်နေသည်။ 'အရပ်သားမြို့စည်းမျဉ်း"များနှင့်ကြုံတွေ့ချိန်က 'စည်းမျဉ်း'အယူအဆကို တာအိုရှင်ဝစီပိတ်က ပြောပြခဲ့သည်။
စုစည်းခြင်းအဆင့်တွင် စည်းမျဉ်းများကို စတင်ဖမ်းဆုပ်နိုင်လာသည်။ ကူးဖြတ်ခြင်းအဆင့်တွင် ဖမ်းဆုပ်နိုင်သည့်နယ်ပယ္ ပိုကျယ်လာသည်။ မသေမျိုးများက အရိယဖလများ၏စွမ်းအားဖြင့် လောကစည်းများများကို ထိန်းချုပ်သည်။
သို့သော် အရိယဖလသည် 'လူဝင်စားစည်းမျဉ်းး'မျိုးကိုပင် ဖန်တီးနိုင်မည်ဟု လုံးဝစိတ်ကူးမယဉ်မိခဲ့။
မသေမျိုးတစ်ယောက်က အမှန်တကယ် လူဝင်စားစည်းမျဉ်းကို ဖန်တီးနိုင်သည်ဆိုလျှင် တစ်ခြားစည်းမျဉ်းများကိုလည်း ဖန်တီးနိုင်သည့်သဘောဖြစ်သည်။ ယနေ့မြင်နေရသည့် သာမန်ဟုထင်ရသည့်အရာများစုသည် ရှေးဟောင်းခေတ်တွင် မရှိခဲ့ဘဲ နောက်မှဖန်တီးခဲ့ကြခြင်းလားမသိ။
အမည်မသိရှေးစွမ်းအားရှင်က ဘာကြောင့် ကြယ်ကမ္ဘာများကို တိုက်နယ်အဖြစ်သန့််စင်ခဲ့သနည်း။ စည်းမျဉ်းတစ်ခုခုကို ထုတ်ပြခြင်းလား။ သိုမ့ဟုတ် စည်းမျဉ်းအသစ်တစ်ခုခု ဖန်တီးခြင်းလား။ လုယန် ကောင်းကင်တွင်တောက်ပနေသည့်နေကို မော့ကြည့်သည်။ ထိုအရာသည် လအဖြစ်လည်း ဆောင်ရွက်သည်ဟုဆိုသည်။ သူ့အတိတ်ဘဝက ထိုအချက်သည် လုံးဝမဖြစ်နိုင်သည့်အယူအဆဖြစ်သည်။
အသက်နှင့်စွမ်းအင်ရင်းမြစ်အဖြစ် မှတ်ယူထားကြသည့် နေသည် စည်းမျဉ်းတစ်ခုကို ကိုယ်စားပြုခြင်းလည် ဖြစ်နိုင်သည်။
ထာဝရနတ်မယ်ကို မေးခွန်းများ သူဆက်တိုက်မေးသည်။ ထိုရှုပ်ထွေးမှုများက ထာဝရနတ်မယ်၏စိတ်ကို လွှမ်းမိုးနေဟန်ရှိသည်။
"ငါပြန်ရှင်သန်ချိန်ကစလို့ ငါမြင်ခဲ့ကြားခဲ့တာတွေကိုကြည့်ရင် လက်ရှိခေတ်ဟာ ရှေးဟောင်းခေတ်နဲ့ သိပ်မကွာပါဘူး။ ကြယ်တွေကို တိုက်နယ်တွေအဖြစ်သန့်စဉ်တာနဲ့ နေကလဖြစ်လာတာတွေက ထူးခြားတဲ့အပြောင်းအလဲတွေပဲ။ အရိယဖလအကြောင်း နင်မေးလာလို့ ငါနည်းနည်းရှင်းပြမယ်။
ဒါပေမယ့် အရိယ်ဖလအသိဟာ နင့်အတွက် အလှမ်းဝေးလွန်းသေးတယ်။ သိတာများသွားရင် နင့်ရဲ့ကျင့်စဉ်လမ်း အဟန့်အတားဖြစ်နိုင်တယ််။ နည်းနည်းပဲ ပြောပြမယ်။ ဟိုကောင်မလေးယွမ်ကျိဆိုရင်တော့ ဒီထက်အများကြီးပိုပြီး ငါပြောပြလို့ရပါတယ်။....အင်း...သူကလည်း ငါရှင်းပြစရာလိုမယ်မထင်ပါဘူးလေ"
ထာဝရနတ်မယ် လက်နှစ်ချောင်းထောင်၍ စရျင်းပြသည်။
"အရိယဖလကို ထိန်းချုပ်တဲ့စည်းမျဉ်းတွေအပေါ်မူတည်ပြီး နှစ်မျိုးခွဲနိုင်တယ်။
ပထမတစ်မျိုးက အချိန်အရိယဖလပဲ။ အချိန်ထိန်ချုပ်တဲ့စည်းမျဉ်းပေါ့။ အချိန်စည်းမျဉ်းက သဘာဝအတိုင်း ဖြစ်တည်နေတယ်။ အချိန်အရိယဖလကို ကျွမ်းကျင်ရင် ရှိနေတဲ့စည်းမျဉ်းကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်တယ်။ မသေမျိုးရဲ့ စွမ်းရည်အပေါ်မူတည်တယ်။
ဒုတိယတစ်မျိုးက ငါ့ရဲ့ထာဝရအရိယဖလလိုပေါ့။ ထာဝရစည်းမျဉ်းကို ထိန်းချုပ်တယ်။ ထာဝရစည်းမျဉ်းဟာ ဖန်တီးထားတဲ့စည်းမျဉ်းပဲ။ အရင်ကမရှိဘူး။ ငါနဲ့အဓိက သက်ဆိုင်တဲ့စည်းမျဉ်းပေါ့။ အင်း..'အရှက်မဲ့'နဲ့လည်း သက်ဆိုင်ပါတယ်လေ။ ဒါပေမယ့် သူ့အပေါ်သက်ရောက်မှုက အရမ်းနည်းတယ်"
'အရှက်မဲ့ရဲ့ ထာဝရအရိယဖလပုံပွားဟာ ဘယ်ရုပ်ထုမှာမဆို သူ့ကိုပေါ်ထွက်နိုင်ခွင့်ပေးတယ်။ ထွက်ပြေးဖို့သုံးတဲ့ အခြေခံမသေမျိုးစည်းမျဉ်းပဲ။ သူသေသွားရင် ပြန်မရှင်သန်နိုင်ဘူး။
ဒါပေမယ့် ငါကတော့ အဲလိုမဟုတ်ဘူး။ ငါ့နာမည်ကိုခေါ်လိုက်တာနဲ့ နေရာ၊အချိန်၊ဘာသာစကား အကန့်အသတ်မရှိဘဲ ငါပြန်ရှင်သန်နိုင်တယ်။ ဒီစွမ်းရည်ကို ယင်ထန်မသေမျိုးတို့က အရမ်းအားကျကြတာ"
သူ့မျက်နှာတွင် ယုံကြည်ချက်ပြည့်နေသည့်အပြုံးမျိုး ပေါ်လာသည်။
"ဒါပေမယ့် သူတို့ကံမကောင်းပါဘူး။ ထာဝရအရိယဖလကို သူတို့မတည်ဆောက်နိုင်ဘူး"
ရှေးခေတ်မသေမျိုးငါးယောက်၏ခေါင်းဆောင်ဟု သူ့ကိုယ်သူကြေညာထားသည်ဖြစ်၍ သူဝင့်ကြွားထိုက်ပါသည်။
လုယန် သံသယဖြစ်မိသည်။ နတ်မယ်သည် သေခါနီးဆဲဆဲအချိန်မှ မသေမျိုးဖြစ်ခြင်း၏ အနှစ်သာရကို နားလည်လာပြီး ထာဝရအရိယဖလကို ဖန်တီး၍ အသွင်ပြောင်းပြီးနောက်မှ မနှစ်မြို့စရာ မှတ်ဉာဏ်များ အလိုလိုပျက်စီးသွားခြင်းဖြစ်နိုင်သည်။
"ပြီးတော့ ယင်ထန်မသေမျိုးပေါ့။ သူ့အရိယဖလက ကောင်းကင်ဆင်းရဲစည်းမျဉ်းကို ဖန်တီးခဲ့တာ"
"ကောင်းကင်ဆင်းရဲစည်းမျဉ်း..."
"ဒီစည်းမျဉ်းအတွေ့ရများတာက အဆင့််တက်တဲ့အချိန်တွေကြုံရတဲ့ ကောင်းကင်ဆင်းရဲပဲ။ နတ်ဝိညာဉ်အဆင့်ကနေ ဝိညာဉ်ပြောင်းအဆင့်ကို တက်တဲ့အချိန်မျိုးပေါ့။ ရှေးဟောင်းခေတ်က အဲဒါမျိုးမလိုအပ်ဘူး။
ကျင့်ကြံသူတွေဟာ အမြန်နှုန်းနဲ့စွမ်းအားကိုရအောင် အားထုတ်ကြတဲ့အခါမှာ စိတ်ဓာတ်ပိုင်းကို လျစ်လျူရှူခဲ့ကြတယ်။ အဲတော့ ကျင့်ကြံမှုအနှစ်သာရ ဆုံးရှုံးသွားတယ်လို့ သူကယူဆတယ်။ ဒါကြောင့် "ကောင်းကင်ဆင်းရဲအရိယဖလကို" ဖန်တီးပြီး ကျင့်ကြံသူတွေအတွက် စမ်းသပ်မှုအဖြစ် စည်းမျဉ်းချမှတ်ခဲ့တာ။
အဲဒါကလည်း မှန်ပါတယ်။ ကောင်းကင်ဆင်းရဲစည်းမျဉ်း သတ်မှတ်လိုက်တော့ ကျင့်ကြံသူတွေ စိတ်ခွန်အားကို တန်ဖိုးထားလာကြတယ်။ ဇွဲကောင်းကောင်းနဲ့ ပြင်ဆင်ကြတယ်။ ချီ(စိတ်)ဖောက်ပြန်တဲ့ဖြစ်ရပ်တွေ လျော့သွားတယ်။
ကောင်းကင်ဆင်းရဲအရိယဖလဟာ လောကအတွက် သတ်မှတ်ပြဌာန်းထားတဲ့ အဓိကစည်းမျဉ်းဥပမာပဲ။ လူတိုင်းအတွက် ထပ်ဖြည့်ထားတဲ့ စည်းမျဉ်းပဲ။
ဒီတော့ နင်နားလည်မှာပါ။ ငါသေပြီးနောက်မှာ တစ်ယောက်ယောက်က လူဝင်စားအရိယဖလကို ဖန်တီးခဲ့မယ်ဆိုရင် ယင်ထန်နဲ့ငါဖန်တီးသလို စည်းမျဉ်းအသစ်ဖြစ်လာမှာပဲ။
ဒီလူဝင်စားစည်းမျဉ်းက သီးခြားလူတစ်ယောက်ယောက်နဲ့ သက်ဆိုင်လား လူအားလုံးနဲ့သက်ဆိုင်လားဆိုတာပဲ သေချာမသိတာ။
သီးခြားလူတွေနဲ့ သက်ဆိုင်တယ်ဆိုရင် လူဝင်စားအရိယဖလပိုင်ရှင်ဟာ အဆုံးစမရှိလူပြန်ဝင်စားနိုင်တယ်။ မသေမျိုးအဖြစ်ရဲ့ ပုံစံတစ်မျိုးကို ရလိုက်တာပဲ။
လူအားလုံးနဲ့ သက်ဆိုင်တယ်ဆိုင်တော့ လူအားလုံးမှာ အတိတ်ဘဝတစ်ခုရှိနေလိမ့်မယ်။ နင်ရော၊ မုန်ကျင်းကျိုးရော တစ်ခြားလူတွေရောပေါ့။ ဒါပေမယ့် ဒီလိုတော့ သိပ်ဖြစ်နိုင်မယ်မထင်ဘူး"
"ဘာလို့လဲ"
လုယန် မေးလိုက်သည်။
"စည်းစားကြည့်လေ။ လူတိုင်းသာ နောက်ဘဝပြန်ဝင်စားနိုင်တယ်ဆိုရင် ဒီလောကထဲက အသက်ဝိညာဉ်အရေအတွက်ဟာ တစ်သမတ်တည်းဖြစ်နေမှာပေါ့"
လုယန် ခေါင်းငြိမ့်လိုက်သည်။
"ပြီးတော့ လူဝင်စားစည်းမျဉ်းမပေါ်ခင် ရှေးဟောင်းခေတ်မှာ အသက်ဝိညာဉ်တွေ ဘယ်လိုစပေါ်လာလဲဆိုတာရော နင်စဉ်းစားဖူးလား"
လုယန် မင်သက်မိသွားသည်။ ထိုအချက်ကို သူမတွေးမိခဲ့။
"ရှေးဟောင်းခေတ်မှာ ဝမ်းထဲက သားလောင်းဟာ မိုးမြေသန္ဓေကို အလိုလိုစုပ်ယူတယ်။ အသက်ဝိညာဉ်တစ်ခု ဖြစ်လာတယ်။ ဒီမိုးမြေသန္ဓေဆိုတာက မမြင်နိုင်ဘူး။ ခန့်မှန်းလို့မရဘူး။ ဒါဟာ ဝိညာဉ်တွေရဲ့ ရင်းမြစ်ပဲ။
ဝိညာဉ်တွေရဲ့မူလအစဆိုတာ အမြဲတမ်းရှိနေတဲ့ ပဟေဠိတစ်ခုပါ။ မသေမျိုးဖြစ်လာပြီးတော့ အရင်ကသတိမထားမိခဲ့တဲ့ သန္ဓေလို့ခေါ်တဲ့အရာတစ်ခုရှိတယ်လို့ ငါတို့သုံးသပ်ခဲ့ကြတယ်။ ဒါဟာ ဝိညာဉ်တွေရဲ့ရင်းမြစ်လို့ ယူဆဆယ်။
ဝိညာဉ်တစ်ခု မွေးဖွားတာကို စည်းမျဉ်းတစ်ခုလို့ မြင်ကြည့်လို့ရတယ်။ ဝိညာဉ်စည်းမျဉ်းလို့ပဲ ဆိုပါစို့။
လူဝင်စားစည်းမျဉ်းဟာ လူတိုင်းအပေါ် သက်ရောက်တယ်ဆိုရင် ဒီဝိညာဉ်စည်းမျဉ်းနဲ့ ဆန့်ကျင်နေမယ်။ အရိယဖလဖန်တီးတဲ့အခါ ဒီလိုဆန့်ကျင်မှုမျိုးဟာ အန္တရာယ်ပဲ။
ဦးနှောက်ရှိတဲ့ ဘယ်မသေမျိုးမှ ဒီလိုစည်းမျဉ်းမျိုး မဖန်တီးကြဘူး"
"နတ်မယ်၊ ခင်ဗျားရဲ့ ထာဝရစည်းမျဉ်းက လူတိုင်းအပေါ် သက်ရောက်နိုင်လား"
ထာဝရစည်းမျဉ်းသာ လူတိုင်းအပေါ်သက်ရောက်လျှင် တစ်လောကလုံးမသေမျိုးဖြစ်လာမည်။ အတောမက်မောစရာကောင်းသည်။
နတ်မယ်က ငြင်းသည်။
"ထာဝရအရိယဖလကို ငါစတည်ဆောက်တော့ ဒီလိုစဉ်းစားတယ်။ လူတွေဘာလို့ ကျင့်စဉ်အဆင့်မြင့်ဖို့ အထောက်အပံ့ရင်းမြစ်ရဖို့ ကြိုးစားကြတာလဲ။ မသေမျိုးဖြစ်ပြီး ထာဝရဘဝကို ရဖို့ပဲပေါ့။
လူတိုင်းကို မသေမျိုးဖြစ်အောင် ငါလုပ်လိုက်ရင် လောကကြီး ငြိမ်းချမ်းမသွားဘူးလားပေါ့။
ဒီစိတ်ကူးကို ယင်ထန်မသေမျိုးတို့လူစုနဲ့ တိုင်ပင်ကြည့်တယ်။ သူတို့က အပြင်းအထန်ကန့်ကွက်တယ်။ ငါ့မှာ ဒီလိုအတွေးမျိုးတွေ ရှိလို့မဖြစ်ဘူးလို့ပြောတယ်"
********************************