← Chapters

ရှေးခေတ်ဉာဏ်ကြီးရှင် ပဲဝါ

Vol. 15 Ch. 222

ရှေးခေတ်ဉာဏ်ကြီးရှင် ပဲဝါ

Vol. 15 Ch. 222

"နတ်မယ်၊ အဲဒီတုန်းက အနည်းဆုံးတော့ မသေမျိုသစ်သီးနှစ်လုံးလောက် ပေးခဲ့လို့မရဘူးလား"

သစ်သီးတစ်လုံးကြောင့်ဖြစ်လာမည့် ဂယက်ကို လုယ် တွေးကြည့်နိုင်ပါသည်။

နတ်မယ်နှင့်အနေကြာလေ သူဘာအကြောင်းကြောင့် အသတ်ခံရသည်ကို စဉ်းစားမရလေဖြစ်သည်။ သတ်သင့်သည့်အကြောင်းရင်း များစွာရှိသည်။ ဘယ်တစ်ခု‌ရွေးရမည်ကို သူမသိတော့။

"နင့်ကိုပြောပြီးပြီလေ။ ဒီသစ်သီးကို 'အလှဆုံး'နတ်ဆိုးမျိုးနွယ်ဝင်က ရမှာ။'အလှဆုံး'ဆိုတာ တစ်ယောက်တည်းပဲရှိနိုင်မှာပေါ့။ ဒါတောင် နင်နားမလည်ဘူးလား"

အခြေခံသဒ္ဒကို နတ်မယ်က စိတ်အားထက်သန်စွာ ရှင်းပြသည်။

လုယန် အတော်ကြာအောင် အသံတိတ်သွားပြီးနောက်

"...ခင်ဗျားပြောတာ အဓိပ္ပါယ်ရှိပါတယ်"

"နားလည်သွားပြီမဟုတ်လား"

နတ်မယ် အောင်နိုင်သူပမာ တင်ပါးနှစ်ဘက်ပေါ် လက်တင်ထားသည်။

"ဒါဆို မသေမျိုးသစ်သီးကို ဘယ်သူရသွားလဲ"

"နောက်ပိုင်း မင်္ဂလာပွဲအဖြစ်အပျက်ကို အချိန်မသေမျိုးဆီက ငါပြန်ကြားရတယ်။ နဂါးမျိုးနွယ်နဲ့ ဖီးနစ်မျိုးနွယ်က မသေမျိုးသစ်သီးကို သူပိုင်သင့်တယ်ငါပိုင်သင့်တယ် ငြင်းခုန်ကြရင်းနဲ့ နောက်ဆုံးယှဉ်ပြိုင်တိုက်ခိုက်တဲ့အဆင့်ထိ ရောက်လာတယ်။

ပြောရရင် ချီလင်မသေမျိုးက တကယ်နှမျောတွန့်တိုလွန်းပါတယ်။ သူ့မှာလည်း မသေမျိုးသစ်သီးတွေရှိတာပဲ။ သူ့မယားနှစ်ယောက်ကို တစ်လုံးစီပေးလိုက်ရင် အဲဒီတိုက်ပွဲက ပေါ်လာမှာမဟုတ်ဘူး"

ထာဝရနတ်မယ် ခေါင်းခါသည်။ ချီလင်မသေမျိုးနှင့်ယှဉ်လျှင် သူကပိုရက်ရောသည်ဟု ခံစားရသည်။ မသေမျိုးသစ်သီးတစ်လုံး လက်ဆောင်ပေးခဲ့သည်။

"နောက်တော့ ဘာဆက်ဖြစ်လဲ"

"နောက်တော့ လက်ထပ်ပွဲမှာ တိုက်ကြခိုက်ကြတာဟာ မသင့်တော်ဘူးလို့ ချီလင်ကပြောပြီး တစ်ခြားနည်းလမ်းနဲ့ ယှဉ်ပြိုင်ဖို့ အကြံပြုတယ်။ မသေမျိုးဧည့်သည်သုံးယောက်လည်း ရှိနေတယ်လေ။ ယင်ထန်တို့သုံးယောက်ကို ဒိုင်လူကြီးလုပ်ပေးဖို့ သူပြောတယ်။ သူကတော့ ဒိုင်မလုပ်ဘူး။ လေးယောက်ဆိုရင် နှစ်ယောက်တစ်တွဲစီ သရေဖြစ်လာမှာစိုးလို့တဲ့။

နင်သိလား။ ချီလင်မသေမျိုးသာ ငါ့ကိုလက်ထပ်ပွဲဖိတ်ခဲ့ရင် ငါတို့မသေမျိုးငါးယောက် ဒိုင်လူကြီးတွေ ဖြစ်လာလောက်တယ်။ ပြီးတော့ နင်ငါ့အကြောင်းသိပါတယ်။ ငါက တရားမျှတပြီး ဘက်မလိုကတတ်ဘူးလေ။ ငါတစ်ယောက်တည်းတောင် ဒိုင်လူကြီးလုပ်လို့ရတယ်။

သူရဲ့နဂါးနဲ့ဖီးနစ်သတို့သမီးတွေထက် ပိုပြီးတောက်ပနေမှာစိုးရင် ငါဇာပဝါဖုံးသွားပေးလို့ရပါတယ်"

ရှေးဟေဟာင်းခေတ် ထိပ်တန်းအလှဆယ်ယောက်စာရင်းဝင်ဖြစ်၍ နတ်မယ်က သူ့ရုပ်ရည်သူ အတော်ယုံကြည်ချက်ရှိသည်။

ချီလင်မသေမျိုး ဒိုင်မလုပ်ချင်သည်မှာ သရေဖြစ်မည်စိုး၍မဟုတ်ဘဲ ဘေးရှောင်နေဖို့ ဆင်ခြေပေးခြင်းဖြစ်လေမလားဟု လုယန်တွေးနေသည်။

"နဂါးမျိုးနွယ်ပါရမီရှင်နဲ့ ဖီးနစ်မျိုးနွယ်ပါရမီရှင်က ဘာကိုပြိုင်ကြတာလဲ"

"ဟင်းချက်စွမ်းရည်ပေါ့"

နတ်ယ် စိတ်မကောင်းဟန်ဖြင့် ခေါင်းခါသည်။

"ချီလင်တို့မသေမျိုးလေးယောက်က မသိကြဘူး။ နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ် ပါရမီရှင်နှစ်ယောက်လုံးက အချက်အပြုတ်ပညာကို ငါ့ဆီကနေ သင်ထားကြတာလေ။ ငါ့ရဲ့တရားဝင်တပည့်မဟုတ်ပေမယ့် တကယ့်လက်တွေ့မှာတော့ အဲလိုသဘောပါပဲ။ သူတို့က ငါ့ပညာကို ဆယ်ပုံတစ်ပုံလောက်ပဲ သင်နိုင်ခဲ့တာ။ ဒါတောင် ကူးဖြတ်ခြင်းအဆင့်မှာ ပြိုင်ဘက်ကင်းတွေပဲ။

ဆရာတစ်ယောက်တည်းဆီက သင်ထားတာဖြစ်တော့ ပြိုင်ပွဲမှာ ဘယ်သူမှ အသာစီးမရကြဘူး။ သူတို့အစားအသောက်တွေက အရည်အသွေးခွဲခြားလို့မရဘူး။

အချိန်မသေမျိုးက ငါ့ကိုပြောတယ်။ သူတို့လက်ရာတွေကို မြည်းကြည့်တော့ ဒိုင်သုံးယောက်လုံး အကြီးအကျယ်အံ့ဩသွားတယ်တဲ့။ သူတို့ချက်တဲ့ဟင်းတွေမှာ အချိန်စွမ်းအားပါနေသလိုမျိုး သူတို့ဘဝတစ်ခုလံးကို ဖျတ်ခနဲဖျတ်ခနဲ ပြန်မြင်လိုက်ရတယ်တဲ့။

ငါကြွားတဲ့သဘောမပါဘဲ ပြောလိုက်တယ်။ သူတို့ကို သင်ပေးခဲ့တာငါပါလို့၊ ဒါပေမယ့် သူတို့က အခြေခံလောက်ပဲသင်ယူနိုင်ခဲ့တာလို့လေ။

အချိန်မသေမျိုး အတော်ကြာအောင် ငြိမ်နေပြီးမှ ဆက်ပြောတယ်။ ချီလင်မသေမျိုးအပေါ် သူတို့အထင်မှားတာ စောလွန်းသွားတယ်တဲ့။ သူက အဓိကတရားခံမဟုတ်ဘူးတဲ့။ သူပြောတာဘာအဓိပ္ပါယ်လဲလို့ ငါမေးတယ်။ ဒါပေမယ့် သူကထပ်ရှင်းမပြတော့ဘူး"

လုယန် ထာဝရနတ်မယ်ကို လေးစားမှုအပြည့်ဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။

နတ်မယ်အကြောင်း မသိသူများအဖို့ ထိုဇာတ်လမ်းကိုသာကြားခဲ့လျှင် ထာဝရနတ်မယ်ကို ရှေးခေတ်ဉာဏ်ကြီးရှင်ဟု ပြောကြလောက်သည်။ ကိုယ်တိုင်မင်္ဂလာပွဲမတက်ဘဲ မသေမျိုးသစ်သီးတစ်လုံးဖြင့် နဂါးနှင့်ဖီးနစ်ပါရမီရှင်များ အပြင်းအထန်တိုက်ပွဲဖြစ်အောင် လုပ်နိုင်သည်။ ရှေးခေတ်မသေမျိုးလေးယောက် စိတ်ဝမ်းကွဲအောင်လုပ်နိုင်သည်။ ချီလင်မသေမျိုး အခက်ကြုံအောင်လုပ်နိုင်သည်။

နဂါးနှင့်ဖီးနစ်ပါရမီရှင်များကိုလည်း လျှို့ဝှက်သင်ကြားပေးပြီး လှုပ်ရှားဖို့အချိန်ကောင်းကိုစောင့်သည်။

ထိုဦးနှောက်မျိုးကို 'လိုက်မမီနိုင်'ဟုသာ ပြောရတော့မည်။ ထိုမျှဉာဏ်ပြေးသည့် သက်တမ်းရင့်လူတစ်ယောက်နှင့်တွေ့လျှင် ဘယ်သူမဆို ကြောက်ကြလိမ့်မည်။ သတိထားကြလိမ့်မည်။

သို့သော် လုယန်က နတ်မယ်အကြောင်း ကောင်းကောင်းသိထားသည်။ ထို့ကြောင့် သူ့ဦးနှောက်ကို တစ်ခြားဝေါဟာရတစ်မျိုးဖြင့် ဖော်ပြချင်သည်။

ဉာဏ်ပညာနှင့်အလားသဏ္ဌာန်တူသည့် အကြီးကျယ်တုံးအခြင်း။

.......

"နဂါးနဲ့ဖီးနစ်မျိုးနွယ်တွေက နတ်ဆိုးမျိုးနွယ်ထဲမှာ မာနအကြီးဆုံးတွေပဲ။ သူတို့သွေးက အရမ်းတန်ဖိုးရှိတယ်။ သူတို့သွေးကို လူသားတွေရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့်လည်း ဖီးနစ်သွေးကျောက်တုံးတွေက အရေးပါတာပေါ့။

ဖီးနစ်သွေးကျောက်တွေက လော်ဖုန်းရဲ့ ထူးခြားလက္ခဏာတစ်ခု သက်သက်မဟုတ်ဘူး။ ကျုပ်တို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းလည်း ဖြစ်တယ်။ ဖီးနစ်သွေး‌ကျောက်တွေရောင်းလို့ တစ်နှစ်တစ်နှစ်ရလာတဲ့ ဝိညာဉ်ကျောက်အရေအတွက်ဟာ အများကြီးပဲ။

သွေးဖီးနစ်ကျောက်တွေက ပစ္စည်းတွေသန့်စင်ဖို့ အလွန်ကောင်းတဲ့ ကုန်ကြမ်းတွေပါ။ ‌ကျောက်မျက်ရတနာအဖြစ်ဝတ်ရင်လည်း ထူးခြားတဲ့ အကျိုးကျေးဇူးတွေရတယ်။

လော်ဖုန်းကောင်တီက ဖီးနစ်သွေးကျောက်တူးဖော်တဲ့လုပ်ငန်းဟာ နှစ်လေးထောင်ကြာခဲ့ပြီလို့ ကျုပ်အဖေက ပြောဖူးတယ်။ ဒါပေမယ့် ကျောက်ကြောတွေက ခန်းခြောက်မသွားသေးဘူး။ ဝိညာဉ်သွေး‌ကျောက်တွေ အဆက်မပြတ် ထုတ်နေတုန်းပဲ"

ဒေသစီးပွားရေးလုပ်ငန်းကို လီဟော်ရန်က မိတ်ဆက်ပေးသည်။ လုယန်နှင့် မုန်ကျင်းကျိုးတို့ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။ နယ်မြေလာစစ်ဆးသည့် ခေါင်းဆောင်များလိုဖြစ်နေသည်။

"ဒီဖီးနစ်သွေးကျောက်တုံးအတွက် ဝိညာဉ်ကျောက်ဘယ်လောက်လဲ"

ဆိုင်ထဲမှ ပစ္စည်းများကိုရွေးရင်း မုန်ကျင်းကျိုး မေးလိုက်သည်။ ထိုပစ္စည်းက စိတ်ဝင်စားစရာကောင်းသဖြင့် အပျော်အနေဖြင့် နည်းနည်းဝယ်ယူလိုခြင်းဖြစ်သည်။

"ဝိညာဉ်ကျောက်သုံးရာပါ"

"ဒီတစ်ခုကရော"

"လေးရာ့ငါးဆယ်ပါ"

မုန်ကျင်းကျိုး ခေါင်းငြိမ့်နေသည်။ ယခုလိုဈေးပေါသည့် ဝိညာဉ်သွေးကျောက်များက သူ့အဆင့်အတန်းနှင့် မထိုက်တန်။

"ခင်ဗျားတို့ဆိုင်က အကောင်းဆုံးဝိညာဉ်သွေးကျောက်တုံးကို ပြပေးပါ။ ဈေးနှုန်းကို ကျုပ်ဂရုမစိုက်ဘူး"

မုန်ကျင်းကျိုး သခင်လေးတစ်ယောက်၏ ဟန်ပန်မျိုးပြလိုက်သည်။

ဆိုင်ရှင်၏မျက်လုံးများ အရောင်လက်လာသည်။ အကြီးစားဖောက်သည်တစ်ယောက်တွေ့ပြီဟု ယူဆလိုက်သည်။

သူဘေးပတ်လည်ကို ကြည့်လိုက်သည်။ ဆိုင်ထဲတွင် မုန်ကျင်းကျိုးတို့လူစုသာရှိနေသဖြင့် ဆိုင်နောက်ဖေးသို့ သူတို့ကို ခေါ်သွားသည်။ စင်ပေါ်မှ နူးညံ့သည့်သစ်သားသေတ္တာတစ်လုံးကို ဂရုတစ်စိုက် ဆွဲယူလိုက်သည်။ သေတ္တာဖွင့်လိုက်ချိန်တွင် ကြက်ဥအရွယ် သွေးကဲ့သို့နီရဲနေသည့် ကျောက်တုံးတစ်ခု ပေါ်လာသည်။ ဒဏ္ဍာရီဖီနစ်အို၏ လတ်ဆတ်သည့်သွေးများ စွန်းထင်းနေသယောင်ရှိသည်။

ချင်ယန်ယန်ပင် ထိုကျောက်တုံး၏ထူးခြားသည့်သဘာဝကို ရိပ်စားမိသည်။

ဆိုင်ရှင်က လေသံကိုနှိမ့်၍ပြောသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းတွင်းဥမင်တစ်ခု ပြိုကျသွားတယ်။ ဒါ အဲဒီမိုင်းတွင်းက နောက်ဆုံးထုတ်ခဲ့တဲ့ ဖီးနစ်သွေးကျောက်ပဲ။ ဒါကိုရဖို့ ကျုပ်အများကြီး ကြိုးစားထားရတာ။ ဈေးနှုန်းကို ဝိညာဉ်ကျောက်ငါးသိန်း သတ်မှတ်ထားပါတယ်"

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။ ပစ္စည်းမှန်ကိုတွေ့ပြီဟု တွေးလိုက်သည်။

"ကျုပ် ဆယ်လုံးယူမယ်"

ဝိညာဉ်ကျောက်ငါးသိန်းဖြစ်ဖြစ် ငါးသန်းဖြစ်ဖြစ် မုန်မိသားစုသခင်လေးမုန်ကျင်းကျိုးအတွက် ကိစ္စမရှိ။ သမုဒ္ဒရာထဲမှ ရေတစ်စက်လောက်သာဖြစ်သည်။ စကားထဲထည့်ပြောဖို့ပင် မထိုက်တန်။

ဆိုင်ရှင် မျက်နှာအတော်ပျက်သွားသည်။

"သခင်လေး၊ ကျုပ်ထပ်မရောင်းချင်လို့မဟုတ်ပါဘူး။ ကျုပ်မှာ ဒီတစ်လုံးပဲ ရှိတာပါ"

"ကောင်းပြီလေ၊ အဲဒါပဲပေးတော့"

ဆိုင်ရှင်ပျော်သွားသည်။ အမှန်တော့ သူဈေးနည်းနည်းမြှင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဈေးညှိစရာချန်ထားသည်။ သို့သော် မုန်ကျင်းကျိုးက ဈေးမဆစ်ဘဲ ဝယ်သည်။

အရည်အသွေးကောင်းသည့် တစ်ခြားဖီးနစ်ကျောက်များကိုပင် ဆိုင်ရှင်ထုတ်ပြသေးသည်။ မုန်ကျင်းကျိုးဝယ်သည့်ကျောက်ထက်တော့ အရောင်မှိန်သည်။

ဈေးဆစ်၍ရမှန်း မုန်ကျင်းကျိုး သိပါသည်။ သို့သော် ဈေးဆစ်သည့်အလုပ်ကို အတော်ဒုက္ခကြီးသည်ဟု သူမြင်သည်။

ဆိုင်ရှင်ကို ဖီးနစ်သွေးကျောက်တွင် အပေါက်တစ်ပေါက်ဖောက်၍ ကြိုးတစ်ချောင်းတပ်ခိုင်းသည်။

ထို့နောက် သူ့လည်ပင်းတွင် ဆွဲလိုက်သည်။ အတော်စိတ်ကျေနပ်သွားသည်။

အားလုံးအတူ ဈေးဝယ်ထွက်လာပြီးမှ သူတစ်ယောက်တည်း ဖီးနစ်သွေးကျောက်ဝယ်နေခြင်းသည် မသင့်တော်။ အတန်းလိုက်ရှိနေသည့် တစ်ခြားဆိုင်များသို့ သွာားကြည့်၍ ကျန်သည့်လူများအတွက် ကျောက်တစ်လုံးစီ ဝယ်ပေးရန်ကြိုးစားသည်။ သို့သော် သူ့ဖီးနစ်သွေးကျောက်၏အရည်အသွေးကို တစ်ခုမှမမီကြ။။

ထိုကျောက်တုံး ဘယ်ကဝယ်လာသလဲဟု ဆိုင်ရှင်အတော်များများက မေးကြသည်။ သို့သော် သူမပြော။

"ဘာကြောင့် ငွေသုံးရတာ အဲလောက်ခက်ခဲနေတာလဲကွာ"

"ထားလိုက်ပါတော့ အကိုမုန်။ ဖီးနစ်စွမ်းအင်ပါတဲ့ ဖီးနစ်သွေးကျောက်တွေက ကျုပ်တို့အတွက် သိပ်လည်းအသုံးမဝင်ပါဘူး။ သန့်စင်ဖို့ဆိုရင်တောင် ဒီလောက်အရည်အသွေးမြင့်တဲ့ ဖီးနစ်သွေးကျောက်တွေကို လောလောဆယ် ကျုပ်မသန့်စင်နိုင်သေးဘူး။ ဝယ်ရင်လည်း အလဟဿဖြစ်မှာပါ"

"ကောင်းပါပြီလေ"

လီဟော်ရန် အကျိုးသင့်အကြောင်းသင့်ပြောသဖြင့် မုန်ကျင်းကျိုး စိတ်မပါ့တပါဖြင့် လက်လျှော့လိုက်သည်။

"ဒါနဲ့...ဖီးနစ်သွေးကျောက်ကို ဝတ်ဆင်ထားရင် ရေရှည်မှာ ဘယ်လိုအကျိုးကျေးဇူးမျိုး ရနိုင်လဲ"

မုန်ကျင်းကျိုး ရင်ဘတ်မှဝိညာဉ်ကျောက်ကို လက်ညှိုးထိုးပြသည်။

"ယန်ဓာတ်ကို တိုးပွားစေတယ်"

"သိပ်အသုံးမဝင်ဘူးပဲ"

မုန်ကျင်းကျိုး ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

(**ယန်ဓာတ်သည် ယောက်ျားအားကို ဆိုလိုသည်။ မုန်ကျင်းကျိုးသည် သန့်စင်ယန်ဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်သည်)

*************************************

All Chapters