← Chapters

အမိဝမ်းထဲမှာစေ့စပ်ခြင်း

Vol. 15 Ch. 215

အမိဝမ်းထဲမှာစေ့စပ်ခြင်း

Vol. 15 Ch. 215

"နင်လက်မခံရင် ဒီနေ့ဒီအိမ်ကနေ ထွက်သွားဖို့မစဉ်းစားနဲ့"

"ဒါငါ့အိမ်လေ"

"ဒါဆို ငါ့အဆက်အသွယ်တွေသုံးပြီး နင့်ဘဝကိုဖျက်ဆီးပစ်မယ်"

"ငါက တာအိုလမ်းစဉ်ဂိုဏ်းရဲ့တပည့်ပါ"

"ဒါဆို တာအိုလမ်းစဉ်ဂိုဏ်းကိုသွားပြီး အမျိုးသမီးကောင်းတစ်ယောက်ကို ပြည့်တန်ဆာလုပ်ဖို့ အတင်းဖိအားပေးနေပါတယ်လို့ နင့်ကိုတိုင်မယ်"

"မဟုတ်မမှန်စွပ်စွဲပြီး သတင်းဖြန့်ရင် မင်းထောင်ကျမှာ"

"ဒါဆို နင်ဒီနေ့ခေါ်လာတဲ့နှစ်ယောက် အန္တရာယ်ရှိနေပြီ"

"လုပ်လိုက်စမ်းပါဗျာ။ တစ်ယောက်က ငါတို့ဂိုဏ်းချုပ်ရဲ့ လေးယောက်မြောက်တပည့်။ နောက်တစ်ယောက်က မုန်မိသားစုရဲ့အကြီးဆုံးသား"

"ဒါဆို..."

လီဟော်ရန်၏မိဘများ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ချင်ယန်ယန် ထိုမျှပြင်းပြင်းထန်ထန် ဆန့်ကျင်မည်ဟု ထင်မထားခဲ့။ သူတို့သည် သက်ကြီးပိုင်းများဖြစ်သော်လည်း ဤအိမ်ထဲ၌ရှိနေသူများထဲတွင် ကျင့်စဉ်အဆင့်အနိမ့်ဆုံးဖြစ်သည်။

စုယီရန်က ချင်ယန်ယန်ပုခုံးကို နောက်ကျောဘက်မှ လှမ်းကိုင်သည်။ သမီးဖြစ်သူကို စိတ်တည်ငြိမ်အောင် ကြိုးစားသည်။

"ယန်ယန်၊ အခုချိန်မှာ ဒီစေ့စပ်ပွဲက မင်းအတွက် လက်ခံဖို့ခက်ခဲနေတာ အမေသိပါတယ်။ ဒါပေမယ့် ဟောရန်အကြောင်း အရင်သိအောင် ကြိုးစားကြည့်ပါလား။ ဒါဆို.."

"ဘာဒါဆိုမှမရှိဘူး"

ချင်ယန်ယန် စုယီရန်၏လက်ကို ခါချလိုက်သည်။ ဒေါသထွက်နေသည့် ခြင်္သေ့မလေးတစ်ကောင်လို ဖြစ်နေသည်။

"အမေဒီကိစ္စစီစဉ်တုန်းက ကျွန်မသဘောထားကို မေးခဲ့လို့လား"

"အဲဒီတုန်းက မင်းမမွေးသေးဘူးလေ"

"ကျွန်မ မွေးပြီးနောက်မှာရော စေ့စပ်ပွဲကိစ္စကို ပြောပြခဲ့လို့လား။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သိရတာလေ"

ပြီးခဲ့သည့်ရက်ပိုင်းက စေ့စပ်ပွဲကိစ္စကို နူးညံ့သည့်သူ့မိခင်က ဆိုင်းမဆင့်ဗုံမဆင့် အသိပေးလာသည်။ ရုတ်တရက်ဆန်လွန်းသည်။

"အနည်းဆုံးတော့ ကျွန်မကို စောစောစီးစီး ကြိုပြောခဲ့သင်တာပေါ့။ အဲလိုဆိုရင် အခုလို သူ့ကိုခြိမ်းခြောက်ဖို့ စကားစရှာမရဘဲ ဖြစ်နေမှာမဟုတ်ဘူး"

စုယီယန် အသံတိတ်သွားသည်။ သူ့အမေအသံတိတ်နေလေ သူဒေါသထွက်လေဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီစေ့စပ်ပွဲကို ကျွန်မလုံးဝသဘောမတူဘူး"

ချင်ယန်ယန် လီဟော်ရန်ကို လက်ညှိုးထိုးသည်။

"ငါနင့်ကို သိက္ခာဆယ်ဖို့ အခွင့်အရေးပေးလိုက်မယ်။ စေ့စပ်ပွဲကို အခုဖျက်သိမ်းပါ။ ငါတို့ ဒီမှာတင်ဇာတ်လမ်းဖြတ်ကြမယ်"

လီဟော်ရန်လည်း ဒေါသထွက်သွားသည်။ ကောင်းကောင်းမွန်မွန်ပြောခဲ့လျှင် သူဖျက်သိမ်းနိုင်ပါသည်။ သို့သော် ထိုမိန်းကလေးက တင်စီးလွန်းသည်။

"မင်းပြောတိုင်း ငါကဖျက်သိမ်းရမှာလား။ ငါပြောလိုက်မယ်။ ဒီစေ့စပ်ပွဲကို ငါတစ်သက်လုံး မဖျက်ဘူး"

စကားတစ်လုံးချင်း ရှင်းလင်းအောင် သူပြောလိုက်သည်။

ချင်ယန်ယန် ဒေါသအိုးပေါက်ကွဲသွားသည်။

"ဒီနေ့နင့်ဆန္ဒပါပါမပါပါ ဒီစေ့စပ်ပွဲကို ဖျက်သိမ်းရမယ်။ မှော်အဆောင်စွမ်းစအား"

ချင်ယန်ယန် မှော်အဆောင်တစ်ခု ဆွဲထုတ်လိုက်သည်။ အလင်းတန်းအသွင်ပြောင်း၍ လီဟော်ရန်ဆီ ပြေးဝင်သွားသည်။

လီဟောရန်က လက်အိတ်ဝတ်၍ အလင်းတန်းကို ထိုးချလိုက်သည်။

"နည်းနည်းနောက်ဆုတ်ကြရအောင်"

လုယန် တစ်ခြားလူများကို အကြံပြုသည်။

"သူတို့ကို မတားတော့ဘူးလား"

လီဟော်ရန်၏မိဘများနှင့် စုယီရန်က စိုးရိမ်နေသည်။

"သူတို့ဒေါသကို ဖွင့်ထုတ်ဖို့လိုတယ်လေ။ တိုက်ခိုက်ကြပါစေ"

လုယန် ပြုံး၍ပြောသည်။

စုယီရန် လက်ခံသွားသည်။ သူ့စွမ်းအားဖြင့် အိမ်သစ်ကိုမပျက်စီးအောင် အားဖြည့်လိုက်လိုက်သည်။

သူ့လုပ်ရပ်ကို မြင်ပြီးနောက် လီဟော်ရန်နှင့် ချင်ယန်ယန်တို့ စွမ်းအားကုန်သုံး၍ စိတ်ရှိလက်ရှိတိုက်ခိုက်ကြသည်။

လီဟော်ရန် ‌ကျောက်စိမ်းတံဆိပ်ထဲမှ လှံတစ်လက်ဆွဲထုတ်သည်။ သူအကောင်းဆုံးသန့်စင်ဖန်တီးထားသည့် လက်နက်ဖြစ်သည်။ လှံထိပ် ကြမ်းပြင်ကို ပွတ်တိုက်သွားချိန်တွင် မီးပွားများ လွင့်ပျံထွက်လာသည်။

ချင်ယန်ယန်က မှော်အဆောင်တစ်ချို့ကိုင်ထားရင်း လီဟော်ရန်ဆီ တစ်ခုပစ်လွှတ်သည်။

"အရုဏ်ဖျက်မှော်အဆောင်"

လီဟော်၇န် ‌ရှေ့တစ်လှမ်းတိုး၍ လှံကိုဝှေ့ယမ်းလိုက်သည်။ မှော်အဆောင်က အသက်မဝင်မီ နှစ်ပိုင်းပြတ်သွားသည်။

"ချိုးဖျက်စမ်း"

လှံကနဂါးတစ်ကောင်လို လှုပ်ရှားနေသည်။ လှုပ်ရှားမှုတိုင်းက အားပါသည်။ လှံဝှေ့ယမ်းသည့်အမြန်နှုန်းက အသံအကာအကွယ်ကို ထိုးထောက်သွားသည်။ လှံထိပ်က ချင်ယန်ယန်နှင့် သုံးလက်မအကွာသို့ ရောက်လာသည်။

ချင်ယန်ယန် မျက်လုံးပြူူးသွားသည်။ ထိုလှံချက်ကို လွတ်အောင်မရှောင်နိုင်တော့"

"စိန်မှော်အဆောင်"

ညဘက်သို့ သူရှောင်လိုက်သည်။ လှံသွားက သူ့ပုခုံးကို ပွတ်တိုက်သွားသည်။ သတ္တုချင်းကြိတ်လိုက်သည့်အသံမျိုး ပေါ်လာသည်။

လက်ချောင်းကိုကိုက်၍ လေထဲတွင် မှော်အဆောင်တစ်ခု သူရေးဆွဲလိုက်သည်။ ကြီးမားသည့်တူတစ်လက် လီဟော်ရန်ဦးခေါင်းထက်တွင် ပေါ်လာသည်။

"ရိုက်ချစမ်း"

လီဟော်ရန် ကျလာသည့်တူကို လှံရိုးဖြင့်ပင့်ကာသည်။ သို့သော် အားအရှိန်ပြင်းလွန်းသဖြင့် သူ့လက်များ ထုံကျင်သွားပြီး လှံလွတ်ကျသွားသည်။

"မှော်အဆောင်စွမ်းရည်က အံ့ဩစရာပဲ"

လုယန် အကဲခတ်နေသည်။ အစက ထိုမှော်အဆောင်များကို မိသားစုအမွေဟု ထင်ခဲ့သည်။ ယခု ချင်ယန်ယန်၏ ပါရမီကိုကြည့်ချင်းအားဖြင့် ကိုယ်တိုင်ဖန်တီးထားခြင်းသာဖြစ်လိမ့်မည်။

"လက်နက်မရှိရင် နင်ဘယ်လိုတိုက်ခိုက်မလဲ ကြည့်ရသေးတာပေါ့"

ချင်ယန်ယန် အမြန်နှုန်းမြှင့်မှော်အဆောင်တစ်ခုသုံး၍ လီဟော်ရန်ဆီ လျှပ်စီးတန်းလို ပြေးဝင်သွားသည်။

လီဟော်ရန် ဘာမှပြန်မပြောဘဲ လက်သီးနှစ်ဘက်ကို ဝှေ့ယမ်းတိုက်ခိုက်သည်။ သူသည် လက်နက်အားကိုး၍ တိုက်ခိုက်သူမဟုတ်။ သူ့စွမ်းရည်က ပစ္စည်းများသန့်စင်ခြင်းဖြစ်သည်။

ချင်ယန်ယန် စိန်မှော်အဆောင်သုံးခုကိုသုံး၍ လီဟော်ရန်၏လက်သီးချက်ကိုကာကွယ်သည်။ သို့သော် လီဟော်ရန်က ထိုအကာအကွယ်ကို ချက်ချင်းသန့်စင်ချိုးဖျက်ပြီး ချင်ယန်ယန်ကို ကန်ထုတ်လိုက်သည်။

ချင်ယန်ယန်က သူ့ခြေကျင်းဝတ်ကိုဖမ်းဆွဲပြီး မြေပေါ်ရိုက်ချသည်။

စွမ်းအားယာယီမြှင့်နိုင်သည့် မှော်အဆောင်ကိုသုံးခြင်းဖြစ်သည်။ နောက်ဆက်တွဲခံစားရမည့်ဝေဒနာများကို သူခေါင်းထဲမထည်။

လီဟော်ရန်က ခန္ဓာကိုယ်တစ်ပတ်လှည့်၍ ပိတ်ကန်သည်။ ချင်ယန်ယန် နောက်သို့ယိုင်သွားသည်။

ရုတ်ရက် လီဟော်ရန်က ဦးခေါင်းဖြင့်တိုက်လိုက်သည်။ ချင်ယန်ယန် မူးဝေလျက် မြေပေါ်သို့ လဲကျသွားသည်။

"သူက ဆံပင်ကိုပါ မာကျောအောင်လေ့ကျင့်ထားတာလား"

လုယန် အံ့အားသင့်သွားသည်။ မုန်ကျင်းကျိုး ဓာတ်ငါးမျိုးဂိုဏ်းနှင့် ယှဉ်ပြိုင်သည့်ပွဲတွင် အသုံးပြုခဲ့သည့်နည်းလမ်းနှင့် တူနေသည်။

မုန်ကျင်းကျိုးက ပို၍ပင် အံ့ဩနသည်။ ဆံပင်သန့်စင်ခြင်းသည် တတိယအကြီးအကဲ၏ အဆင့်မြင့်ပညာရပ်ဖြစ်သည်။ တင်းကြပ်သည့်စည်းမျဉ်းများရှိသည်။ လီဟောရန် ဘယ်လိုတတ်မြောက်ခဲ့သည်မသိ။

သူတို့အမူအရာကို သတိထားမိသဖြင့် လီဟော်ရန်ကပြုံး၍ ဆံပင်တုတစ်ခု ဖယ်ရှားလိုက်သည်။

သန့်စင်ခြင်းဖြင့် ဆံပင်ကို မာကျောအောင်လေ့ကျင့်နိုင်သည်။ ထိုနည်းတူစွာ သန့်စင်ခြင်းဖြင့် ဆံပင်တုတစ်ခုလည်း ဖန်တီးနိုင်သည်။

"အကိုမုန်အနိုင်ယူခဲ့တဲ့ပွဲကြောင့် ကျုပ်စိတ်ကူးရခဲ့တာ။ ကျုပ်က ခန္ဓာကိုယ်ကျင့်ကြံသူမဟုတ်ဘူးလေ။ ဒါကြောင့် ခေါင်းတုံးရိပ်ပြီး ဆံပင်တုတပ်ထားတာ။ ဒီနေ့ ကောင်းကောင်းအလုပ်ဖြစ်သွားတာပဲ"

လုယန် - "..."

မုန်ကျင်းကျိုး - '..."

လီဟော်ရန်က အရှက်မရှိ ဆံပင်တုတပ်ထားသည်ကို သိသွားသဖြင့် ချင်ယန်ယန်ဒေါသလည်းထွက် မျက်ရည်လည်းဝဲလာသည်။ မျက်ရည်မကျအောင် ထိန်းထားသည်။

"နင်နိုင်ပါတယ်။ ဒီတော့ ငါ့အမေကို လက်ထပ်လိုက်ပါ။ ငါနင့်ကိုမတားတော့ဘူး။ နင်လုပ်ချင်တာလုပ်။ ဒါပေမယ့် ငါနင့်ကို အဖေလို့တော့ ဘယ်တော့မှ မခေါ်ဘူး"

"အ..အမေနဲ့ လက်ထပ်ရမယ်"

အနိုင်ရ၍ ပျော်မည်ကြံရုံရှိသေးသည်။ ကြားလိုက်ရသည့်စကားကြောင့် သူလုံးဝမင်သက်မိသွားသည်။

လီဟော်ရန် သူ့မိဘများကို လှည့်ကြည့်သည်။ စုယီရန်က ရှက်သွေးဖြာနေသည်။

"အမေ၊ ဒီစေ့စပ်ပွဲကို မမွေးခင်ကတည်းက စီစဉ်ခဲ့တာလို့ ပြောခဲ့တယ်မဟုတ်လား"

သူ့အမေက အကြည့်လွှဲသွားသည်။

"ဟုတ်တယ်လေ။ ယီရန်က ငါ့ဗိုက်ကို လက်ညှိုးထိုးပြီး မင်းနဲ့လက်ထပ်ချင်တယ်လို့ ပြောခဲ့တာ။ အဲဒါ မမွေးခင်စီစဉ်တာပဲမဟုတ်လား"

"ငါ့ကို နေကြာစေ့စေ့နည်းနည်းပေးကွာ"

လုယန် မုန်ကျင်းကျိုးလက်ထဲမှ နေကြာစေ့တစ်ဝက်ယူပြီး မြီးတိုပါးတွဲကြွက်များလို ကိုက်ဝါးကြသည်။

လုယန် တွေးတွေးဆဆပြောသည်။

"ဟိုစကားပုံဘာပါလိမ့်ကွာ။ မိန်းမတွေဟာ အသက်ကြီးလေ ပိုဆွဲဆောင်မှုရှိလေဆိုလားပဲ"

************************************

All Chapters