ဖျက်သိမ်းဖို့ နောက်ကျလွန်းမနေဘူးလား
Vol. 15 Ch. 216
လီဟော်ရန်၏ ဇနီးလောင်းအစစ်ကို သိလိုက်ရသဖြင့် လုယန်ခေါင်းထဲ ဒဏ္ဍာရီပုံပြင်များအကြောင်း တွေးမိလာသည်။ နွားကျောင်းသားနှင့် ဖျံမိန်းကလေး၊ တော်ဝင်မိခင်သုံးယောက်နှင့် လျိုယန်ချန်း၊ ကောင်းကင်မသေမျိုးစုံတွဲ။
နွားအိုမြက်နုကြိုက်သည့် သမိုင်းဥပမာ များစွာရှိသည်။ အဆင့်မြင့်စွမ်းအားရှင်ကို လက်ထပ်ထပ်ခြင်းသည် အာင်မြင်ဖို့ အတိုဆုံးလမ်းဖြစ်သည်။ အောင်မြင်နိုင်ခြေလည်း အလွန်မြင့်မားသည်။
လျိုယန်ချန်းကတော့ ချွင်းချက်ဖြစ်သည်။ သို့သော် တော်ဝင်မိခင်သုံးယောက်၏အကို ယန်ကျန်းနှင့် ပြဿနာဖြစ်ခဲ့သောကြောင့် သို့မဟုတ် ကောင်းကင်ရုံးတော၏ စည်းမျဉ်းများကြောင့်သာဖြစ်သည်။ ယခု စုယီရန်တွင် ကူးဖြတ်ခြင်းအဆင့်အကိုမျိုး ရှိဟန်မတူ။ ရှေးခေတ်ကလို ကောင်းကင်စည်းမျဉ်းများလည်း မရှိ။
ထို့ကြောင့် ဇာတ်သိမ်းက သေချာနေသည်။
"ညီလေးလီအတွက် ဘဝကောင်းတစ်ခု စောင့်ကြိုနေတာပဲ။ ကြိုးစားကျင့်ကြံရမယ့်နှစ်တွေ အများကြီးသက်သာသွားပြီ။ တစ်ခြားလူတွေ မနာလိုဖြစ်ကြရတော့မှာ"
လုယန် အံ့ဩနေသည်။ ဤခရီးသို့လိုက်လာရသည်မှာ အချည်းအနှီးမဖြစ်ဟု မုန်ကျင်းကျိုး ခံစားရသည်။
ထိုက်တန်သည်။
"ဒါနဲ့...ညီလေးလီက ငါတို့ကို ဘာလို့ခေါ်လာတာလဲ"
သူတို့လိုက်လာရသည့် မူလရည်ရွယ်ချက်ကို လုယန်မေ့နေသည်။
မုန်ကျင်းကျိုးက နေကြာစေ့တစ်ချို့ အခွံခွာ၍ ပါးစပ်ထဲပစ်ထည့်ပြီး အရသာခံ၍ဝါးသည်။ ခဏစဉ်းစားပြီးနောက် သူပြန်ပြောသည်။
သူ့ဇနီးလောင်းနဲ့တွေ့ရမှာကို မဝံ့မရဲဖြစ်နေလို့ ငါတို့ကိုအကူခေါ်လာတာဖြစ်မှာပေါ့"
"ဟ..ညီလေးလီက အဲလောက်ကြောက်နေတဲ့ပုံမပေါ်ပါဘူး။ ငါတို့အကူအညီ မလိုလောက်ပါဘူး"
လီဟော်ရန်၏ စိတ်ဓာတ်ကျနေသည့်မျက်နှာကို အကဲခတ်၍ လုယန်ပြောသည်။ ကြောက်နေသည့်ပုံမျိုး တကယ်မရှိ။
"နေကြာစေ့ရှိသေးလား။ ငါကုန်သွားပြီ"
လုယန် နေကြာစေ့ခွံများပြည့်နေသည့် သူ့လက်ဝါးကို ဖြန့်ပြသည်။
မုန်ကျင်းကျိုးက အိတ်တစ်လုံးဆွဲထုတ်သည်။
"ရှိပါတယ်။ ဒါပေမယ့် အစိမ်းတွေ"
"ကိစ္စမရှိဘူး။ ငါ့မှာ မီးရှိတာပဲ။ ကင်လိုက်မယ်လေ။ ဘယ်အရသာမျိုးလိုချင်လဲ"
"ဆားနည်းနည်းလေးတာမျိုးပေါ့"
"ရပြီလို့မှတ်လိုက်တော့ကွာ"
လုယန် ရသာသုံးမျိုးမီးတောက် မှုတ်ထုတ်သည်။ မီးအပူချိန်ကိုထိန်း၍ နေကြာစေ့များ ကင်သည်။
လီဟော်ရန်က အားကိုးရသည့်သူ့အကိုနှစ်ယောက် သူ့ကိုလက်လျှော့လိုက်ပြီမှန်း မသိသေး။ အတွေးလွန်နေသည်။
သူ့အမေရှင်းပြသည့် စေ့စပ်ပွဲစီစဉ်ခဲ့ပုံအကြောင်း နားထောင်နေသည်။
"မင်းအဖေနဲ့ အမေ့ကို ယီရန်ကယ်ခဲ့တာမဟုတ်လား။ အဲဒီတုန်းက အမေကိုယ်ဝန်ရှိတာကို သူသတိထားမိတယ်။ မင်းနဲ့သူ စေ့စပ်လို့ရမလားလို့မေးတယ်"
သူက အတော်လှတယ်။ ကျင့်စဉ်စွမ်းအားလည်း အတော်မြင့်တယ်လေ။ သူ့နဲ့စေ့စပ်တာဟာ ဂုဏ်ယူစရာကိစ္စပါ။ သူကလည်းဆန္ဒရှိတယ်။ အမေတို့ကလည်း သဘောတူတယ်"
"ဒါပေမယ့် အမေ။ အသက်အရွယ်ကွာနေတာကို ထည့်မစဉ်းစားတော့ဘူးလား"
လီဟော်ရန် မင်သက်မိနေသည်။ စေ့စပ်ပွဲကို ထိုသို့စီစဉ်သည်ဟု သူတစ်ခါမှမကြားဖူး။
သူ့အမေက နှာခေါင်းရှုံ့သည်။
"လောကအမြင်တွေရဲ့ ထိန်းချုပ်မှုမခံပါနဲ့လို့ ငယ်ငယ်ကတည်းက မင်းကိုငါသင်မပေးထားဘူးလား။ ကျင့်ကြံသူတွေအတွက် အသက်ဆိုတာက ပြဿနာရှိလို့လား။ မရှိဘူးလေ။
စုစည်းခြင်းအဆင့်ရောက်နေတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေကို ကြည့်လိုက်ပါ။ သူတို့လက်တွဲဖော်တွေနဲ့ အသက်ရာချီထောင်ချီကွာတယ်။ ဒါပေမယ့် အဆင်ပြေနေကြတာပဲ"
လက်ချောင်းများကိုချိုးရေလျက် အသက်ချင်းကွာသည့် စွမ်းအားမြင့်ကျင့်ကြံသူလင်မယားများအကြောင်း အတော်များများ ဥပမာပြသည်။ အချင်းချင်းအဆင်ပြေဖို့သာ အရေးကြီးကြောင်း အလေးပေးပြောသည်။
"ပြီးတော့ ကူးဖြတ်ခြင်းအဆင့်မှာဆို အသက်ကွာဟချက်က ပိုတောင်များသေးတယ်"
လီဟော်ရန် စိတ်ပျက်လက်ပျက် နားထင်နှစ်ဘက်ကို ပွတ်လိုက်သည်။ သူငယ်ငယ်က ထိုသဘောတရားများကို သူ့အမေသင်ပေးခဲ့သည့်ရည်ရွယ်ချက်မှာ ယခုကိစ္စကြောင့် ဖြစ်လိမ့်မည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ ခေါင်းတငြိမ့်ငြိမ့်လုပ်နေကြသည်။ ညီလေလီ၏အမေပြောသည့်စကား သဘာဝကျသည်။ ကျင့်ကြံသူလောကတွင် အချစ်ရှိနေလျှင် အသက်သည် ပြဿနာမဟုတ်။
ထို့ပြင် အမွေလိုချင်၍ အသက်ငယ်သူများက အသက်ကြီးသူများသေမည့်အချိန် စောင့်နေမည့်ကိစ္စမျိုးလည်း စိုးရိမ်စရာမလို။ ဘယ်သူက ဘယ်သူ့ထက် အသက်ရှည်မည်ကို သေချာမသိနိုင်။
သက်တမ်းကုန်ခါနီး နာမည်ကျော်စုစည်းခြင်းကျင့်ကြံသူတစ်ယောက် ဘဝနှောင်းပိုင်းရောက်မှ အချစ်ကိုရှာဖွေခဲ့သည့် အဖြစ်အပျကကို လုယန်ကြားဖူးသည်။ မိန်းမအတော်များများက မရိုးသားသည့်အကြံဖြင့် သူ့ကိုလက်ထပ်ကြသည်။ သို့သော် ထိုမိန်းမအားလုံး သူ့ထက်အရင်သေသွားသည်။ သူက ကျန်းကျန်းမာမာ အသက်ရှင်ကျန်ရစ်ခဲ့ည်။
ထို့ပြင် စုယီရန်နှင့် လီဟော်ရန်သည် အသက်ချင်း နှစ်သုံးထောင်လောက် တကယ်ကွာခြားနေသလော။ တရားသေပြော၍မရ။ စုယီရန်က ထူးခြားသည့်ပါရမီကြောင့် စုစည်းခြင်းအဆင့်သို့ စောစောရောက်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
လုယန်တွင် လက်တွေ့နမူနာပြစရာရှိသည်။ ထာဝရနတ်မယ်သည် ဆယ့်ခြောက်နှစ်အရွယ်တွင် မသေမျိုးဖြစ်ခဲ့သည်။ လုယန်က ဆယ့်ခြောက်နှင့်အရွယ်တွင် အခြေတည်အဆင့်သာ ရှိသေးသည်။ အတော်ရှက်စရာကောင်းသည်။
ထို့ကြောင့် တစ်ဘက်လူက အသက်လိမ်ထားလျှင် အသက်ကွာဟချက်သည် သိပ်မသိသာနိုင်တော့။
လီဟော်ရန်အမေက ဆက်ပြောသည်။
"အဲဒီတုန်းက ယီရန်ရဲ့ကျင့်စဉ်စွမ်းအား ဘယ်လောက်မြင့်လဲဆိုတာ ငါတို့မသိခဲ့ဘူး။ ရွှေသန္ဓေအဆင့် ဒါမှမဟုတ် နတ်ဝိညာဉ်အဆင့်ဖြစ်မယ်လို့ပဲ ထင်ခဲ့တာ။ အဲဒီ့အဆင့်နှစ်ခုလုံးက အမေတို့ထက်မြင့်တယ်လေ။
နောက်ပိုင်းမှာ မင်းရဲ့ဝိညာဉ်မြစ်ကို စမ်းသပ်ကြည့်တော့ အလွန်ရှားပါးတဲ့မီးဝိညာဉ်မြစ်ဆိုတာ သိရတယ်။ အနာဂတ်အလားအလာ အကန့်အသတ်မရှိဘူး။ နတ်ဝိညာဉ်အဆင့်ထက် သေချာပေါက်မြင့်လိမ့်မယ်။ သူ့ကို လက်ထပ်တာ အရှုံးမရှိနိုင်ပါဘူး"
လီဟော်ရန်ပါရမီကြောင့် သူ့မိဘများက စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ လုံးဝမစဉ်းစား။ ယီရန်သည် သူတို့အသက်သခင်ကျေးဇူးရှင်ဖြစ်သည်။ စေ့စပ်ပွဲကို အစောကြီးကတည်းက သတ်မှတ်ထားပြီးဖြစ်သည်။ သူတို့ဘယ်လိုဖျက်သိမ်းနိုင်မည်နည်း။
"မင်းရဲ့ကျင့်စဉ်စွမ်းအားမြင့်လာမှ ယီရန်ကို ထောက်ပံ့နိုင်မှာလို့ အမေတို့မင်းကို အစက သတိပေးချင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယီရန်က သူ့သမီးကိုခေါ်လာတယ်။ သူက စုစည်းခြင်းအဆင့်ဆိုတာ သိရတယ်။ အမေတို့မျှော်လင့်ထားတာထက် အများကြီးမြင့်နေတယ်။ သူနဲ့ရှေ့သွားနောက်လိုက်ညီအောင် မင်းကြိုးစားပြီးကျင့်ကြံဖို့လိုတယ်။
ဒါပေမယ့် ယန်ယန်ရဲ့ တုံ့ပြန်မှုက ပြင်းထန်တယ်။ စေစပ်ပွဲကို လက်မခံဘူး။ ဖျက်သိမ်းဖို့အထပ်ထပ်ပြောတယ်။ နောက်ပိုင်းဖြစ်တာတွေတော့ မင်းသိတာပဲ"
လီဟော်ရန် ပြောစရာစကားမရှိတော့။
ချင်ယန်ယန် ထိုမျှပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်မှာ မဆန်းတော့။ ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့ပြီးမှ အမေဖြစ်သူက လက်ထပ်တော့မည်ဟု ရုတ်တရက်ပြောလာမည်။ အဖေအသစ်ရတော့မည်ဟု ပြောလာမည်။ ထိုကိစ္စမျိုး ဘယ်သူလက်ခံနိုင်မည်နည်း။
လီဟော်ရန်သာ သူ့နေရာတွင်ဆိုလျှင်လည်း ထိုသို့ပင် တုံ့ပြန်မိလိမ့်မည်။
လီဟော်ရန် ချင်ယန်ယန်ကို အလေးအနက်ပြောသည်။
"မင်းပြောတာ မှန်တယ်။ ဒီနေ့ခေတ်မှာ ငါတို့က လွတ်လပ်တဲ့အချစ်ကို အလေးထားတယ်။ ငါတို့ဆန္ဒနဲ့ ဆန့်ကျင်နေတဲ့ ဒီလက်ထပ်ပွဲကို ငါတို့ဖျက်သိမ်းသင့်တယ်။
စုယီယန်က ပုံရိပ်ဖန်းမှော်ဖန်လုံးကို ချက်ချင်းထုတ်ပြသည်။ ချင်ယန်ယန်နဲ့ တိုက်ခိုက်စဉ်က လီဟော်ယန် ရဲရဲတောက်ကြေညာခဲ့ပုံကို ပြန်ဖွင့်ပြသည်။
“ငါပြောလိုက်မယ်။ ဒီစေ့စပ်ပွဲကို ငါတစ်သက်လုံး မဖျက်ဘူး"
“ငါပြောလိုက်မယ်။ ဒီစေ့စပ်ပွဲကို ငါတစ်သက်လုံး မဖျက်ဘူး"
“ငါပြောလိုက်မယ်။ ဒီစေ့စပ်ပွဲကို ငါတစ်သက်လုံး မဖျက်ဘူး"
စုယီရန်က စကားတစ်ခွန်းမှမပြော။ သို့သော် အပြောထက် အလုပ်က ပိုထိရောက်သည်။
"တော်ပါတော့၊ ရပ်ပါတော့။ ထပ်ပြီးဖွင့်မပြပါနဲ့တော"
လီဟော်ရန် တောင်းပန်သည်။ တွင်းတစ်ခုထဲ ဝင်ပုန်းချင်စိတ် ပေါက်နေသည်။
ဘာကြောင့် လုယန်၏ မြေအောင်းပညာကို သူမသင်ခဲ့မိသည်မသိ။
ထိုသို့ကြုံရမည်ကိုသ ကြိုသိခဲ့လျှင် သူအိမ်ပြန်မလာ။ တာအိုလမ်းစဉ်ဂိုဏ်းတွင်နေ၍ ကျင့်ကြံမှုနှင့် ရတနာသန့်စင်မှုကိုသာ စိတ်နှစ်ထားခဲ့မည်ဖြစ်သည်။
သူ့လိုငယ်ရွယ်သည့်ယောက်ျားတစ်ယောက်က တစ်ခြားမိန်းမတစ်ယောက်၏ အထောက်အပံ့ဖြင့် ဘယ်လိုနေနိုင်မည်နည်း။ သူနှင့်သက်တူရွယ်တူများက ဘယ်လိုထင်ကြမည်နည်း။
လုယန်နှင့် မုန်ကျင်းကျိုးကို သူလှမ်းကြည့်လိုက်သည်။ နှစ်ယောက်လုံးက ကူညီမည့်အရိပ်အယောင်မရှိဘဲ နေကြာစေ့ဝါးနေကြဆဲဖြစ်သည်။
သူမကျေမနပ် စိုက်ကြည့်လိုက်မှ နှစ်ယောက်လုံးအနေခက်သွားပြီး ကြားဝင်ဖြန်ဖြေလာသည်။
"စီနီယာစုကို အမေးချင်ဆုံး မေးခွန်းတစ်ခုရှိတယ်။ ဘာကြောင့် ညီလေးလီကို ကိုယ်တိုင်စေ့စပ်ခဲ့တာလဲ"
အားလုံး၏အကြည့်က ရှက်သွေးဖြာနေသည့် စုယီရန်ဆီ ရောက်လာသည်။ အထူးသဖြင့် လူအများရှေ့တွင်ရှိနေသဖြင့် သူပို၍ရှက်သည်။ သို့သော် ဤအခြေအနေရောက်နေပြီဖြစ်၍ သူရှင်းပြရတော့မည်။ တတ်နိုင်သမျှ အတိုဆုံးဖြစ်အောင် သူရှင်းပြသည်။
"ပြောရရင် လီဟော်ရန်က ကျွန်မယောက်ျားဝင်စားတာပါ။
ယန်ယန်၊ လီဟော်ရန်ဟာ တကယ်မင်းအဖေပြန်ဝင်စားတဲ့လူပါ"
လုယန် - "..."
မုန်ကျင်းကျိုး - "..."
ကိစ္စက ပိုရှုပ်ထွေးလာသည်။ ယခုချိန်ရောက်မျှ လှည့်ပြန်ဖို့လည်း နောက်ကျသွားပြီဖြစ်သည်။
သိစိတ်နယ်မြေမှ ထာဝရနတ်မယ် ခေါင်းထောင်လာသည်။
လုယန်နှင့်အတူလိုက်လျှင် အမြဲတမ်း စိတ်ဝင်စားစရာများ ကြုံရသည်။
**********************************************