ထိုဝိညာဉ်ကျောက်ပမာဏဖြင့် မလုံလောက်နိုင်
Vol. 15 Ch. 224
ရွှေသန္ဓေကျင့်ကြံသူနှစ်ယောက် ညအမှောင်ထဲတွင် လော်ဖုန်ကောင်တီကိုဖြတ်၍ ပြေးလွှားနေသည်။ လမ်းကြောင်းများကို ရင်းနှီးနေပုံရသည်။ ကောင်တီမှ တာဝန်ချထားသည့် ကင်းလှည့်ကျင့်ကြံသူများကို ကျင်လည်စွာရှောင်တိမ်းသွားသည်။
ထိုအချိန်တွင် လီဟော်ရန်ကို စုယီရန်က နှိုးလိုက်သည်။ အခြေအနေကို အကျဉ်းချုပ်ရှင်းပြပြီးနောက် လီဟော်ရန်အမူအရာပြောင်းသွားသည်။
"အကုန်မုန် ချမ်းသာကြောင်းကြွားခဲ့လို့ တစ်ခြားလူတွေအာရုံစိုက်လာတာလား"
"ကြွားတယ်ဆိုတာ ဘာသဘောလဲကွ။ ငါချမ်းသာတဲ့အကြောင်း လူတွေကို ပြောလို့မရဘူးလား"
မုန်ကျင်းကျိုး ပြန်ပက်သည်။ နန်းမြို့တော်တွင် မုန်မိသားစုသခင်လေးအဖြစ်နေလျှင် သူ့ပိုင်ဆိုင်မှုများကို ဘယ်သူမျက်စောင်းထိုးရဲမည်နည်း။
စုယီရန် သူတို့သုံးယောက်ကို ဦးဆောင်၍ ရွှေသန္ဓေကျင့်ကြံသူနှစ်ယောက်နောက်သို့ နောက်ယောင်ခံ၍ လိုက်သည်။ ခေါင်မိုးထိပ်များကို ဖြတ်ကျော်နေစဉ် အဝေးမှအရိပ်တစ်ခုကို လုယန် ဖျတ်ခနဲမြင်လိုက်ရသည်။ သူတို့လိုပင် ခေါင်းမိုးပေါ်တွင် ပြေးလွှားနေသည်။
"လော်ဖုန်းက ညဘက်မှာ ဒီလိုပဲ အမြဲတမ်း သက်ဝင်လှုပ်ရှားနေတာလား"
အရိပ်နောက်သို့ လုယန် လိုက်ချင်သည်။ သို့သော် ရွှေသန္ဓေနှစ်ယောက် နံရံမြင့်တစ်ခုကျော်တက်ပြီး ခြံဝန်းတစ်ခုထဲ ဝင်သွားသည်ကို မြင်ရသည်။ ထို့ကြောင့် လက်ရှိကိစ္စကိုသာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
"ငါမှတ်မိသလောက်တော့ ဒါက...ကောင်တီနယ်စားရဲ့အိမ်တော်ပဲ"
လီဟော်ရန် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ သူ့မှတ်ဉာဏ်ကို သံသယဝင်နေသည်။
ဝိညာဉ်ကျောက်ငါးသိန်းတန် ဖီးနစ်သွေးကျောက်သည် တကယ်အဖိုးတန်ပါသည်။ သို့သော် နယ်စားတစ်ယောက်ကို ဆွဲဆောင်နိုင်လောက်အောင်တော့ တန်ဖိုးမကြီး။
မုန်ကျင်းကျိုးဝယ်သည့် ဖီးနစ်သွေးကျောက်တွင် နောက်ထပ်ထူးခြားချက်တစ်ခုခုရှိလျှင်တော့ မပြောတတ်။ ခြံဝင်းကို မှော်စက်ဝန်းဖြင့် ကာကွယ်ထားသည်။ အခြေအနေမသိဘဲ ရှေ့ဆက်တိုးလျှင် ခြံထဲမှလူများ သတိထားမိသွားမည်။
စုယီရန်က မှော်စက်ဝန်းကို အရေးမစိုက်ဘဲ အားလုံးကို ခြံထဲသို့ ချောမွေ့စွာ ဦးဆောင်ခေါ်သွားသည်။
"သခင်ကြီး၊ ကျုပ်တို့ပြန်လာပါပြီ"
လက်နှစ်ဘက်နောက်ပစ်ရပ်နေသည့် သက်လတ်ပိုင်းလူတစ်ယောက်ကို ရွှေသန္ဓေနှစ်ယောက် ရိုရိုသေသေပြောသည်။
သက်လတ်ပိုင်းလူက အတက်အကျမရှိသည့်လေသံဖြင့်
"ပစ္စည်းရခဲ့လား"
ရွှေသန္ဓေနှစ်ယောက် အနေခက်သွားဟန်ရှိသည်။
"မမျှော်လင့်တဲ့ ပြဿနာတစ်ခု ကြုံခဲ့ပါတယ်။ ရုတ်ရုတ်သဲသဲဖြစ်မှာစိုးလို့ ခိုးဖိုဆက်မကြိုးစားခဲ့ပါဘူး"
"ပြဿနာ..ဟုတ်လား"
"ဟုတ်ပါတယ်။ လီဟော်ရန်အိမ်မှာ အဲဒီ့ပစ္စည်းကို ခိုးဖို့ကြိုးစားနေတဲ့ တစ်ခြားလူတွေနဲ့ ပက်ပင်းတိုးခဲ့ပါတယ်။ သူတို့သရုပ်မှန်ကို ထုတ်မပြောပေမယ့် မိုမိသားစုကလွှတ်လိုက်တဲ့လူတွေလို့ ယူဆပါတယ်"
"အသေးစိတ်ရှင်းပြပါဦး
အခြေအနေကို သေချာပြန်ပြောပြကြသည်။ မထင်မှတ်ဘဲ သူတို့သခင်ကြီး ဒေါသထွက်လာသည်။
"ဟား..မင်းတို့လှည့်စားခံလိုက်ရပြီကွ။ သူတို့က မိုမိသားစုဝင်တွေမဟုတ်ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းက တပည့်တွေပဲ။
ငါ့အထင်မမှားရင် အခုသူတို့ ခေါင်းမိုးထိပ်ကနေ ခိုးနားထောင်နေကြလောက်ပြီ။
...ငါဒီလောက်ပြောနေမှတော့ မင်းတို့လည်း ထွက်ခဲ့ကြရင်ကောင်းမယ်။ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတာပေါ့"
လီဟော်ရန် ဆင်းသွားရန်ပြင်သည်။ သို့သော် လုယန်က ဆွဲထိန်းထားသည်။ ခေါင်းခါပြသည်။ ဘာစကားမှမပြော။
သခင်ကြီး ခဏစောင့်သည်။ သို့သော် ဘယ်သူမှပေါ်မလာ။
"ကြည့်ရတာ မင်းတို့တကယ် မိုမိသားစုဝင်တွေနဲ့ ဆုံခဲ့ကြပုံပဲ။ ဟုတ်ပါတယ်၊ မိုမိသားစုလည်း ဒီပစ္စည်းအကြောင်း သိတယ်"
ခုနက သူစမ်းသပ်လိုက်ခြင်းသာဖြစ်သည်။
မနေ့က အခြေတည်အဆင့်သုံးယောက် လော်ဖုန်းကောင်တီသို့ ရောက်လာကြောင်း သူ့လက်အောက်ခံများက သတင်းရခဲ့သည်။ သုံးယောက်ထဲမှ တစ်ယောက်က နယ်ခံဖြစ်သည်။ သို့သော် သူသိပ်အရေးမစိုက်ခဲ့။
သို့သော်ယနေ့ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက် အလွန်တရာရျားပါးသည့် ဖီးနစ်သွေးကျောက်တစ်လုံးဝယ်သွားကြောင်း၊ အလားတူကျောက်တုံးများကို တစ်ခြားဆိုင်များတွင် ရှာဖွေခဲ့ကြောင်း လက်အောက်ခံများ သတင်းပို့လာသည်။
သတင်းကြားရသည့် ကျောက်တုံး၏ပုံပန်းသွင်ပြင်ကြောင့် သူစိုးရိမ်လာသည်။ ပြဿနာတက်နိုင်သည့် ဝိညာဉ်သွေးကျောက်ဟု သူသံသယဖြစ်မိသည်။
ထိုကျောက်တုံး တာအိုလမ်းစဉ်ဂိုဏ်းလက်ထဲသို့ ရောက်သွား၍မဖြစ်။ ထိုဂိုဏ်းက အမှန်တရားကို ရှာတွေ့သွားလျှင် အခြေအနေဆိုးဝါးလာနိုင်သည်။
လက်အောက်ခံနှစ်ယောက်စေလွှတ်၍ ကျောက်တုံးကို ခိုးခိုင်းသည်။ မိုမိသားစုနှင့်သာ ရင်ဆိုင်တွေ့လာသည်။
လော်ဖုန်းတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် မိုမိသားစုသည် သူ့ကိုအမြဲဆန့်ကျင်ခဲ့သည်။ သူ့ကိုအနှောက်အယှက်ပေးဖို့ အမြဲကြိုးစားသည်။
"ကျွတ်..ဒီပစ္စည်း ဘယ်လိုလုပ်ပြီး အပြင်ရေက်သွားတာလဲ ငါသိချင်တယ်။ ဆိုင်ရှင်ကို မင်းတို့မေးကြည့်ခဲ့သေးလား"
"ဆိုင်ရှင်က မရှိပါဘူး။ ငွေတွေအများကြီးရလို့ မိသားစုကိုခေါ်ပြီး ခရီးထွက်သွားတယ်လို့ သူ့လက်ထောက်တွေကပြေတယ်။ ဒီရက်ပိုင်းအတွင်း ပြန်လာဦးမှာမဟုတ်ဘူးတဲ့။ လက်ထောက်တစ်ချို့ပဲ ဆိုင်ကိုထိန်းသိမ်းဖို့ ကျန်ခဲ့တယ်"
"အားကျပါ့ကွာ"
"ဘာပြောတာလဲ သခင်ကြီး"
"ဘာမှမဟုတ်ပါဘူး"
သူလည်း ထိုကိစ္စရှင်းပြီးလျှင် သူ့မိသားစုကို နေရာကောင်းတစ်ခုသို့ ခေါ်သွားမည်ဟု တွေးနေသည်။
"မိုင်းတွင်းအခြေအနေကရော ဘယ်လိုလဲ။ ဘယ်အချိန် အသင့်ဖြစ်မှာတဲ့လဲ။ တွင်းသားတွေ အလုပ်မဆင်းအောင်တားဖို့ မိုင်းတွင်းပြိုတယ်ဆိုတဲ့ဆင်ခြေကိုပဲ ဆက်သုံးနေလို့မရဘူး"
မိုင်းတွင်းပြိုသည်ဟူသည့်ဆင်ခြေက အချိန်ဆွဲရုံသာ တတ်နိုင်သည်။ ကျင့်ကြံသူလောကမှ အဆင့်မြင့်ကျင့်ကြံသူများသည် ဥမင်လမ်းအသစ်တစ်ခုကို အလွယ်တကူ ဖောက်နိုင်စွမ်းရှိသည်။
သူကိုယ်တိုင်လည်း နေ့တစ်ပိုင်းအတွင်း ဥမင်လမ်းတစ်ခု ဖောက်နိုင်သည်။ ယခု သူ့ကျင့်ကြံမှုအမှားအယွင်းတစ်ခုကြောင့် လဝက်လောက် မလှုပ်ရှားနိုင်သေးဟု သတင်းလွှင်ထားသည်။
"သူတို့က နောက်ထပ်သုံးရက်လောက်လိုသေးတယ်လို့ ပြောပါတယ်"
"မြန်မြန်လုပ်ဖို့ပြောလိုက်။ ဒါပေမယ့် သတင်းမပေါက်အောင်လည်း သေချာလုပ်ပါ။ ဒီကိစ္စက ငါတို့တင်မကဘူး ဖီးနစ်မျိုးနွယ်ရဲ့အကျိုးစီးပွားကိုပါ ထိခိုက်မှာ"
"ဟုတ်ကဲ့"
လုယန်တို့လူစု အံ့အားသင့်သွားကြသည်။ ကောင်တီနယ်စားက ဖီးနစ်မျိုးနွယ်နှင့် ပူးပေါင်းနေသလော။
မဟာကပ်နီးလာသည်နျင့် အလယ်ပိုင်းတိုက်နယ်နှင့် နတ်ဆိုးမျိုးနွယ်အပါအဝင် အမျိုးမျိုးသောအင်အားစုများကြား တင်းမာမှုများ ပြင်းထန်လာသည်။
တစ်ချို့နတ်ဆိုးများက ရှားနိုင်ငံနှင့် စစ်ခင်းချင်သည်။ တစ်ချို့ကလည်း မဟာမိတ်ဖွဲ့၍ မဟာကပ်အကြပ်အတည်းများကို ရင်ဆိုင်လိုသည်။ စစ်မက်နှင့်ငြိမ်းချမ်းရေး အဖွဲ့များကြား အတွင်းပိုင်းကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။
'နဂါးနဲ့ဖီးနစ်မျိုးနွယ်တွေက ဘယ်ဘက်ကိုလိုက်ကြမှာလဲ'
နတ်ဆိုးသူလျိုများ အလယ်ပိုင်းတိုက်နယ်တွင် စိမ့်ဝင်ပျံ့နှံ့နေပြီး ပြဿနာဖန်တီးရန် စီစဉ်နေကြောင်း လုယန်သတင်းကြားထားသည်။
"ပြီးတော့ သူတို့အလုပ်ပြီးသွားရင် သူတို့ကို ဘာလုပ်ရမလဲ မင်းတို့သတယ်မဟုတ်လား"
နယ်စားအမူအရာက တုံ့ဆိုင်းဆိုင်းဖြစ်နေသော်လည်း ပြတ်သားသည့်အသွင်မျိုးရှိသည်။
ရွှေသန္ဓေနှစ်ယောက် ခဏတွေသွားသည်။ ထို့နောက် သူတို့မျက်လုံးတွင် လူသတ်ရိပ်များပေါ်လာသည်။
"သခင်ကြီးဆိုလိုတာက...သူတို့ကို အချိန်ပိုကြေး သုံးဆပေးရမယ်ပေါ့"
"ဟုတ်တယ်"
သခင်ကြီးလှည့်ကြည့်သည်။ ရွှေသန္ဓေကျင့်ကြံသူနှစ်ယောက်၏ ထူးဆန်းသည့်မျက်နှာအမူအရာကို သတိထားမိသွားသည်။
"မင်းတို့မျက်နှာတွေ ဘာဖြစ်နေတာလဲ"
ရွှေသန္ဓေကျင့်ကြံသူတစ်ယော်က မကျေမချမ်းဖြစ်နေသည့်လေသံဖြင့်
"သခင်ကြီးက ဒီနေ့ညလို ညဆိုင်းတွေအတွက ကျုပ်တို့ကို အချိန်ပိုကြေး ဘယ်တုန်းကမှ မပေးဖူးပါဘူး"
သူတို့သည် ရွှေသန္ဓေအဆင့်ဖြစ်၍ အိပ်ဖို့မလိုသော်လည်း အပိုကြေးမပေးဘဲ နေ့ရောညပါ အသုံးချခံနေရသည်မှာ မတရား။
"ငါ့မိန်းမလည်း အိပ်ယာထဲမှာ စောင့်နေတယ်ကွ"
တစ်ချို့က အခမဲ့အလုပ်လုပ်နေချိန်တွင် ဘာကြောင့်တစ်ချို့က အချိန်ပိုကြေးလိုချင်နေသည်မသိ။
"သခင်ကြီး၊ ဖီးနစ်သွေးကျောက်ကိစ္စကရော ဘယ်လိုလုပ်မှာလဲ"
"ဟား၊ လျှို့ဝှက်ပြီး လုပ်လို့မရရင် ပေါ်ပေါ်ထင်ထင်လုပ်ရမှာပေါ့။ မနက်ဖြန် ကုန်သည်တွေအဖြစ် ဟန်ဆောင်ပြီး အဲဒါကို ဈေးမြင့်မြင့်ပေးပြီး ဝယ်လိုက်ပေါ့"
"ဘယ်လောက်မြင့်ရမှာလဲ"
"ဝိညာဉ်ကျောက်တစ်သန်း"
အသားတင်အမြတ် ဝိညာဉ်ကျောက်ငါးသိန်းရမည့်ကိစ္စကို ဘယ်သူမှ ငြင်းကြမည်မထင်။
ရွှေသန္ဓေကျင့်ကြံသူများ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
"ဘာဖြစ်နေတာလဲ။ ပြောစမ်းပါ"
"သခင်ကြီး၊ အဲဒီ့တာအိုလမ်းစဉ်ဂိုဏ်းတပည့်က ငွေမလိုလောက်ဘူး"
"ဒါဆို ဝိညာဉ်ကျောက်တစ်သန်းခွဲကွာ"
နယ်စား စိတ်ပျက်လာသည်။
"မလုံလောက်သေးဘူးထင်တယ်"
"နှစ်သန်းကွာ"
"မလုံလောက်သေးဘူး"
နယ်စား ဒေါသထွက်သွားသည်။
"ဒါဆို ဘယ်လောက်ကုန်မှာလဲ။ အခြေတည်ကျင့်ကြံသူတစ်ယောက်က ဝိညာဉ်ကျောက်နှစ်သန်းကိုတော့ မမက်မောဘဲ မနေလောက်ပါဘူး"
"အဲဒီ့ဂိုဏ်းတပည့်က မုန်မိသားစုရဲ့ အကြီးဆုံးသားလို့ ကြားပါတယ်"
'မုန်မိသားစု'နှင့် 'အကြီးဆုံးသာ'ဆိုသည့် စကားနှစ်လုံးက ကြီးမားသည့်ဩဇာနှင့်ကြွယ်ဝမှုကို ကိုယ်စားပြုသည်။ လူအများစု အနားသို့မကပ်နိုင်ကြ။
မုန်မိသားစုသည် အလယ်ပိုင်းတိုက်နယ်တွင် ရှေးအကျဆုံးမိသားစုဖြစ်သည်။ နေရာအနှံ့ ဂုဏ်သတင်းကျော်ဇောသည်။
နယ်စား ဒေါသအိုးပေါက်ကွဲသွားသည်။ မုန်ကျင်းကျိုး၏အဆင့်အတန်းကို အရေးမစိုက်ဘဲ သူကြေညာလိုက်သည်။
"သူက မုန်မိသားစုအကြီးဆုံးသားဖြစ်လည်း ဘာအရေးလဲကွ။ မနက်ဖြန်ည အဲဒီ့ပစ္စည်းကို ငါကိုယ်တိုင် သွားခိုးမယ်"
***********************************