← Chapters

စုယီရန်လှုပ်ရှားခြင်း

Vol. 16 Ch. 227

စုယီရန်လှုပ်ရှားခြင်း

Vol. 16 Ch. 227

"တစ်ခြားလူတစ်ယောက်ရှိနေတာလား"

နယ်စား၊ မိုခေါင်းဆောင်နှင့် ကိုငရဲဂိုဏ်းသားတို့ ထိတ်လန့်အံ့ဩသွားသည်။ ကျားပညာရှင်များ အားလုံးကို နောက်ကွယ်ထိန်းချုပ်နိုင်သည်ဟု သူတို့ကိုယ်သူတို့ ထင်ထားသည်။ ယခု သူတို့ထိန်းချုပ်ခံလိုက်ရသည်။

အရိပ်ထဲမှာ ဘယ်သူရှိနေသလဲ။

သူတို့နည်းလမ်းစုံ သုံးကြည့်သည်။

နယ်စားက နောက်ကျောဘက်တွင် ဝှက်ထားသည့် သံကြိုးကိုထုတ်ရန် ကြိုးစားသည်။ သို့သော် ဘယ်လောက်ကြိုးစားကြိုးစား မရ။ သံကြိုးကျ သူ့နောက်ဘက်မှလေဟာနယ်တွင် သံမှိုစွဲထားသလိုဖြစ်နေသည်။ တစ်လက်မပင် မရွေ့။

မိုခေါင်းဆောင်၏ လက်မောင်းနှစ်ဘက်တွင် လက်နက်ဆယ့်ရှစ်မျိုးကို တက်တူးထိုးထားသည်။ အမှန်တော့ ထိုရုပ်ပုံများသည် သူကိုယ်တိုင် တီထွက်ထားသည့် လက်နက်ဆယ့်ရှစ်ခုဖြ်စသည်။ ထိုလက်နက်များက အမြဲတမ်း ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။ သို့သော်ယခု အားလုံး ငြိမ်သက်နေသည်။ တစ်ခုမှ တုံ့ပြန်မလာ။

ကိုးငရဲဂိုဏ်းသားက ခန္ဓာကိုယ်ထဲတွင် ဝှက်ထားသည့် သရဲအရိပ်များကို ဆင့်ခေါ်ရန် ကြိုးစားသည်။ သို့သော် ထိုအရိပ်များက ထိတ်လန့်စရာတစ်ခုခု ကြုံတွေ့ခဲ့သကဲ့သို့ ခန္ဓာကိုယ်ထဲတွင် တုန်တုန်ရင်ရင်ဖြင့် ကုပ်နေကြသည်။

လှုပ်ရှားသည့်လူသည် သာမန်မဟုတ်မှန်း နားလည်လိုက်ကြသည်။ အစစ်အမှန်လောကကို အရေးမစိုက်ဘဲ နယ်မြေစည်းမျဉ်းများကို အလွယ်တကူ ပြောင်းလဲနိုင်သည်။

စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်များလား။

ထိုမျှငွေသုံးဖြုန်းနိုင်သည့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ခရီးထွက်လျှင် စုစည်းခြင်းအဆင့်စွမ်းအားရှင်တစ်ယောက် အမြဲတမ်းအတူလိုက်ပါနေခြင်းလား။

နယ်စားနှင့်မိုခေါင်း‌ဆောင် ကိုယ်လုပ်ရပ်ကိုယ် နောင်တရနေသည်။ ဖီးနစ်သွေးကျောက်တစ်လုံးခိုးသည့်ကိစ္စကြောင့် ပြဿနာများစွာ ပေါ်လာသည်။ ကိုးငရဲဂိုဏ်းနှင့် စုစည်းခြင်းအဆင့်ကျင့်ကြံသူ ပါဝင်ပတ်သက်လာသည်။

စုယီရန်လှုပ်ရှားသည်ကိုမြင်ပြီးနောက် မုန်ကျင်းကျိုး ကြောက်လွန်းသဖြင့် ချက်ချင်းထရပ်ပြီး စုယီရန်၏အကာအကွယ်အောက်သို့ ပြေးသည်။

အခန်းထဲတွင် လှုပ်ရှားနိုင်သူဟူ၍ သူတစ်ယောက်သာရှိသည်။

လုယန်က လီဟော်ရန်ကို တိုးတိုးကပ်ပြောသည်။

"သူသားအားသုံးရင် မင်းမခုခံနိုင်လောက်ဘူး။ သူနဲ့အဆင်ပြေအောင်ပေါင်းတာ ကောင်းလိမ့်မယ်နော်"

"အဲလိုဆိုရင်း သူငါ့ခန္ဓာကိုယ်ကိုပဲရမယ်။ ငါ့နှလုံးသားကိုတော့ ရမှာမဟုတ်ဘူး"

လီဟော်ရန် ပြတ်သားသည့်လေသံဖြင့်ပြောသည်။ သို့သော် သူလည်း စိတ်အတော်လေးနေသည်။

နူးညံ့ကြင်နာတတ်သည့် စုယီရန်သည် ထောက်ထားညှာတာတတ်သည့် အမကြီးတစ်ယောက်နှင့်တူသည်။ သူနှင့်လိုက်လျောညီထွေနေခြင်းသည် သိပ်မဆိုးလောက်။

စုယီရန် တံခါးကိုတွန်းဖွင့်၍ မလှုပ်မယှက်ဖြစ်နေသည့်လူသုံးယောက်ကို ကြည့်သည်။ လုယန်တို့လည်း သူ့နောက်မှလိုက်လာသည်။ အလွန်စိတ်ချရသည်။

"နယ်စားရှီ၊ ခင်ဗျားက ဖီးနစ်မျိုးနွယ်နဲ့ရော ကိုးငရဲဂိုဏ်းနဲ့ပါ ပူးပေါင်းနေမယ်လို့ ဘယ်သူထင်ထားမှာလဲ။ အလွန်ယုတ်ညံ့တဲ့ပြစ်မှုတွေကို ခင်ဗျားကျူးလွန်းခဲ့တာပဲ။ အားလုံးကို မှော်ဖန်လုံးနဲ့ ကျုပ်မှတ်တမ်းယူထားပြီးပြီ"

လုယန် ချက်ချင်းစွပ်စွဲလိုက်သည်။

"ဟေ့ ဟေ့ ဟေ့။ မင်းပြောချင်ရာတွေ လျှောက်ပြောမနေနဲ့ကွ"

နယ်စား မျက်နှာပျက်သွားသည်။

"အာ..ဟုတ်တယ် ဟုတ်တယ်။ သူက ဖီးနစ်နဲ့ရော ကိုးငရဲဂိုဏ်းနဲ့ပါ ပေါင်ကြံနေတာ။ ကျုပ်သက်သေခံပေးနိုင်ပါတယ်"

မိုခေါင်းဆောင်က အခွင့်အရေးကို လက်လွတ်မခံဘဲ မီးလောင်ရာလေပင့်ပေးသည်။

"တွေ့ရတာဝမ်းသာပါတယ်။ တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ"

"တာအိုလမ်းစဉ်ဂိုဏ်းက မုန်ကျင်းကျိူးပါ"

"တာအိုလမ်းစဉ်ဂိုဏ်းက လီဟော်ရန်ပါ"

စုယီရန်က ဘာမှမပြော။ လီဟော်ရန်အပေါ် ကြင်နာသော်လည်း အပြင်လူများအပေါ် သဘောမကောင်းတတ်။

"အစက ဖီးနစ်ကျောက်မှာ ဘာလျှို့ဝှက်ချက်တွေရှိလဲဆိုတာပဲ သိချင်ခဲ့တာ။ ဒီလိုငါးကြီးကြီးဖမ်းမိမယ်ထင်မထားဘူး"

လုယန် ကိုးငရဲဂိုဏ်းသား၏ မျက်နှာဖုံးကို ချွတ်လိုက်သည်။ သာမန်မျက်နှာတစ်ခုပေါ်လာသည်။

"ခုနက ဖီးနစ်ကို အလောင်းရုပ်သေးလုပ်မယ်လို့ ခင်ဗျားပြောတယ်။ ဘာတွေဖြစ်ခဲ့တာလဲပြောပါ။ ခင်ဗျားအသက်ကို ချမ်းသာပေးဖို့ ကျုပ်စဉ်းစားမယ်"

ထိုကိစ္စ ပေါ့သေးသေးမဟုတ်။ စုစည်းခြင်းအဆင့်ဖီးနစ်တစ်ကောင် သူတို့ခြေထောက်အောက်တွင် ရှိနေသည်။ ထိုဖီးနစ် တစ်ကြိမ်လှည့်ပတ်ပျံသန်းရုံဖြင့် လော်ဖုန်းကောင်တီ ကပ်ဆိုက်သွားနိုင်သည်။

နယ်စားလည်း မျက်နှာတင်းသွားသည်။ ထိုကိုးငရဲဂိုဏ်း အောင်မြင်သွားလျှင် သူ့နယ်စားရာထူးလည်း အဆုံးသတ်သွားလိမ့်မည်။

ကိုးငရဲဂိုဏ်းသား အော်ဟစ်ရယ်မောနေသည်။

"မင်းတို့ ဒီကိစ္စကို သိသွားပြိလေ။ ငါအသက်ရှင်နိုင်ဦးမယ်ထင်လား"

"စီနီယာစု၊ သူ့မှတ်ဉာဏ်ကို ရှာပေးပါ"

ကိုးငရဲဂိုဏ်းသားက ထုတ်မပြောသဖြင့် လုယန် စုယီရန်ကို လှုပ်ရှားဖို့ တောင်းဆိုလိုက်သည်။

စုယီရန် ရှေ့တိုးလာပြီး ကိုးငရဲဂိုဏ်းသားနဖူးကို လက်ဖြင့်အုပ်လိုက်သည်။ ထို့နောက် မျက်မှောင်ကျုံ့သွားသည်။

"သူက လူမဟုတ်ဘူး။ အလောင်းပဲ"

ဂိုဏ်းသားမျက်လုံးများ အရောင်မှိန်သွားသည်။ သူ့ခန္ဓာကို ချက်ချင်းပုပ်သိုးဆွေးမြေ့သွားသည်။ အရိုးပုံသာကျန်ခဲ့သည်။

ကိုးငရဲဂိုဏ်း သုံးလေ့ရှိသည့် ပညာရပ်တစ်ခုဖြစ်သည်။ အလောင်းများကို အသက်သွင်းသည်။ နောက်ကွယ်မှ ထိန်းချုပ်သည်။ အလောင်းကို ဖမ်းမိသွားလျှင် အဆက်အသွယ်ဖြတ်လိုက်သည်။ အလောင်းက လျင်မြန်စွာ ပုပ်သိုးဆွေးမြေ့သွားသည်။ သဲလွန်စမကျန်ခဲ့။ သူတို့ကိုဖမ်းဆီးဖို့ အလွန်တရာခက်ခဲသည်။ သို့သော် ယခုရှိနေသူများသည် ကိုးငရဲဂိုဏ်းအကြောင်း သိပ်မသိကြ။

"ထွက်ပြေးချင်တယ်ပေါ့"

စုယီရန် နောက်တစ်ကြိမ်လှုပ်ရှားလိုက်သည်။ လော်ဖုန်းကောင်တီမြို့တစ်ခုလုံးကို စုစည်းခြင်းအဆင့်စွမ်းအားဖြင့် ထိန်းချပ်လိုက်သည်။ ပိုးမွှားတစ်ကောင် ငှက်တစ်ကောင်ပင် မဝင်မထွက်နိုင်အောင် လုပ်သည်။ ကိုးငရဲဂိုဏ်းသားများကို တွေ့အောင်ရှာဖို့ သူဆုံးဖြတ်ထားသည်။

အလောင်းထိန်းချုပ်ပညာသည် အကွာအဝေးအကန့်အသတ်ရှိသည်။ ရန်သူသည် လော်ဖုန်းကောင်တီထဲမှ ထွက်မသွားနိုင်လောက်သေး။

ကျင့်စဉ်အဆင့်နှစ်ခုကွာသည့်ရန်သူ သူ့လက်ထဲမှလွတ်သွားလျှင် ရှက်စရာကောင်းလွန်းသည်။

သူတစ်ယောက်တည်း မျက်နှာပျက်သည်က အကြောင်းမဟုတ်။ လီဟော်ရန်ရှေ့တွင် မျက်နှာအပျက်မခံနိုင်။

ဝိညာဉ်အာရုံကိုဖြန့်၍ လော်ဖုန်းကောင်တီမြို့အတွင်း တစ်လက်မမကျန်ရှာဖွေသည်။

သာမန်အခြေအနေတွင် ဂိုဏ်းမဲ့စုစည်းခြင်းအဆင့်တစ်ယောက် မြို့‌တစ်မြို့ကို ဝိညာဉ်အာရုံဖြန့်ခြင်းသည် ရှားနိုင်ငံကို စော်ကားရာရောက်သည်။ သို့သော် ယခုအခြေနေအရ ဘယ်သူမှ စုယီရန်ကို အပြစ်ပြောကြမည်မဟုတ်။

"တွေ့ပြီ"

သံသယဖြစ်စရာကျင့်ကြံသူတစ်ချို့ သူ့အာရုံတွင် ချက်ချင်းပေါ်လာသည်။ ထိုလူများကိုယ်ပေါ်တွင် ထိန်းချုပ်မှုတစ်မျိုး ရှိနေပုံရသည်။ စုယီရန် သူတို့ကို ထိန်းချုပ်လိုက်သည်နှင့် ချက်ချင်းသေသွားသည်။

"ရက်စက်လှချည်လား"

နယ်စားမျက်နှာ ဖြူရောက်သွားသည်။

"ကိုးငရဲဂိုဏ်းဟာ ငရဲကိုးထပ်ကို ယုံကြည်တယ်လို့ ကျုပ်ကြားဖူးတယ်။ သေတယ်ဆိုတာ သူတို့အတွက် ပြန်မွေးဖွားဖို့စက်ဝန်းတစ်ခုပဲ။ ဒီတော့ သေမှာမကြောက်ကြဘူး။ ကိုးငရဲဂိုဏ်းဟာ စိတ္တဇကောင်တွေစုနေတာ။ အရမ်းအန္တရာယ်များတယ်"

စုယီရန်အာရုံတွင် မြို့ထဲမှ လူချမ်းသာအိမ်တော်များထဲမှ ခန်းခြောက်နေသည့်ရေတွင်းအတော်များများတွင် ရှုပ်ထွေးသည့်မှော်စက်ဝန်းများ ရှိနေသည်ပြီး အခိုင်အမာချိတ်ဆက်ထားသည်ကို မြင်ရသည်။ ကြီးမားသည့်မှော်စက်ဝန်းကြီးတစ်ခု ဖြစ်လာသည်။ ဖီးနစ်ကိုသန့်စင်ဖို့သုံးသည့် မှော်စက်ဝန်းဖြစ်ဟန်ရှိသည်။

"မဟုတ်သေးဘူး။ ခုနက ချက်ချင်းသေသွားတဲ့လူတွေဟာ ဝိညာဉ်ပြောင်းအဆင့်တောင်မရှိဘူး။ တကယ်ကြိုးကိုင်နေတဲ့လူကို ရှာမတွေ့သေးဘူး"

"သူတို့က အောက်ဘက်မှာ။ ဖီးနစ်အလောင်းထဲမှာဖြစ်မယ်"

လုယန်က အရင်ဆုံးတွေးမိသည်။ ဖီနစ်အိုသည် မသေမီက စုစည်းခြင်းအဆင့်ဖြစ်သည်။ စုစည်းခြင်းအဆင့်ရုပ်အလောင်းထဲသို့ အဆင့်တူဝိညာဉ်အာရုံများ မထိုးဖောက်နိုင်။

စုယီရန်လည်း ထိုအချက်ကို တွေးမိပါသည်။ သို့သော် သူမလှုပ်ရှား။

"စီနီယာစု၊ ဘာဖြစ်လို့လဲ"

လုယန် တွေးရခက်သွားသည်။ စုစည်းခြင်းတစ်ယောက်အနေဖြင့် မြေထဲသို့ထိုးဖောက်ဝင်သည့်ကိစ္စသည် ဘာမှခက်လှသည်မဟုတ်။ ထိုပညာမျိုးကိုပင် မသိလေရော့သလား။

"ဟုတ်ပါတယ် စီနီယာစု၊ အောက်ကိုမြန်မြန်ဆင်းပါတော့။ ကိုးငရဲဂိုဏ်း ဖီးနစ်ကိုသန့်စင်နိုင်သွားရင် လော်ဖုန်းကောင်တီ အန္တရာယ်ကြုံလာလိမ့်မယ်"

လီဟော်ရန်ကလည်း တိုက်တွန်းသည်။

စုယီရန် စကားလုံးကို သေချာရွှေးချယ်၍ပြောသည်။

"ကျွန်မသုံးတဲ့နည်းလမ်းတွေက...ရှင်ထင်ထားသလို မဟုတ်လောက်ဘူး"

စုယီရန် အသက်ကိုအဝရှူ၍ စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။ ယခုလိုအချိန်တွင် နူးညံ့သည့်အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်နေလည်း အကျိုးမထူးနိုင်တော့။

လက်သီးကိုဆုပ်၍ မြေပြင်ကို ထိုးချလိုက်သည်။ လူတစ်ယောက်ဝင်သာသည် တွင်းနက်တစ်ခု ပေါ်လာသည်။ ထို့နောက် တွင်းထဲသို့ခုန်ဆင်း၍ လက်သီးဖြင့်ဆက်ထိုးပြီး မြေကိုတူးသည်။

လုယန်တို့အားလုံး မျက်လုံးပြူးသွားပြီး တံတွေးအတင်းမျိုချနေကြသည်။ စီနီယာစု၏ နည်းလမ်းက နူးညံ့သည့်သူ့အသွင်နှင့် မလိုက်ဖက်သလိုဖြစ်နေသည်။

အစကသတိမထားမိသည့် မေးခွန်းတစ်ခု သူတို့ခေါင်းထဲသို့ ရုတ်တရက်ဝင်လာသည်။

"သူကျွမ်းကျင်တာ ဘယ်လိုကျင့်စဉ်လမ်းလဲ"

ထိုတွင်းပေါက်မျိုးကို အတော်ရင်းနှီးနေသည်ဟု မုန်ကျင်းကျိုး ခံစာရသည်။ သူ့ဆရာသုံးသည့်နည်းလမ်းနှင့် ဆင်တူသည်။

သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရူးကြောင်ကြောင်နိုင်သည့် ခန့်မှန်းချက်တစ်ခု သူတို့စိတ်တွင်ပေါ်လာသည်။

"စုယီရန်က ခန္ဓာကိုယ်ကျင့်ကြံသူလား"

......

နီရဲတောက်ပသည့် အမွေးအတောင်များရှိသည့် ဖီးနစ်တစ်ကောင် မြေအောက်တွင် ငြိမ်သက်စွာလဲလျောင်းနေသည်။ သေဆုံးကာစ ပုံစံမျိုးဖြစ်သည်။ ရုတ်တရက် မြေပေါ်တွင် ကိုးငရဲဂိုဏ်းတည်ဆောက်ထားသည့် မှော်စက်ဝန်းများ တစ်ခုပြီးတစ်ခု အသက်ဝင်လာသည်။ ဖီးနစ်မျက်လုံးများ အစိမ်းရောင်အလင်းတစ်မျိုး တောက်ပလာသည်။ မီးနောက်မီးတောက်အစစ်များ ဘေးပတ်လည်တွင် ပေါ်လာသည်။ မြေအောက်လေဟာနယ်ကို နေရာလပ်မကျန်အောင် လောင်ကျွမ်းနေသည်။

"မင်းငါတို့ကို ရှာတွေ့သွားပြီဆိုတော့ ငါတို့လည်း အစွမ်းကုန်ထုတ်သုံးရတော့မှာပေါ့"

ဖီးနစ်ထံမှ ခြောက်ကပ်အက်ကွဲ၍ ရူးသွပ်သလိုဖြစ်နေသည့် ကိုးငရဲဂိုဏ်းသားတစ်ယောက်၏အသံ ပေါ်လာသည်။

ထိုသို့ပြောနေသော်လည်း သူ့စိတ်ထဲ အလွန်တရာ ကြေကွဲဝမ်းနည်းနေသည်။

မှော်စက်ဝန်းများ တည်ဆောက်ခဲ့သည်။ ဖီးနစ်သွေးကျောက်ကိုခိုးယူ၍ ဖီးနစ်ကို ပြန်အသစ်သွင်းပြီး လော်ဖုန်းကောင်တီကို လွှမ်းမိုးမည်။

ပြည့်စုံသည့်အစီအစဉ်ဖြစ်သည်။ ရိုးရှင်းသည်။ ဟာကွက်မရှိ။ ဘယ်သူမှမသိနိုင်။

ဘာကြောင့် ဖီးနစ်သွေးကျောက်ခိုးသည့်ကိစ္စတွင် စုစည်းခြင်းအဆင့်တစ်ယောက် စောင့်ကြည့်နေသည့်အဖြစ်နှင့် ကြုံရသည်မသိ။

ထိုကျောက်တုံး ထိုမျှတန်ဖိုးကြီးနေသလော။

"အလျင်စလိုလုပ်ရလို့ ဖီးနစ်ကို အမြင့်ဆုံးအခြေအနေထိ ငါပြန်အသက်မသွင်းနိုင်ပေမယ့် လော်ဖုန်းကောင်တီကို ဖျက်ဆီးဖို့တော့ လုံလောက်ပါတယ်"

ကိုးငရဲဂိုဏ်းသား ဘာကိုမှ ဂရုမစိုက်တော့။

"မင်းက စုစည်းခြင်းအဆင့်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဘာဖြစ်လဲ။ မှော်စက်ဝန်းတွေ မှော်အဆောင်တွေ မင်းကျွမ်းကျင်လည်း ဘာထူးလာမှာလဲ။ ဖီးနစ်ကို မင်းအပြည့်အဝမတားဆီးနိုင်ခင် လော်ဖုန်းကို အကြိမ်တစ်ရာလောက် ငါဖျက်ဆီးနိုင်တယ်"

မီးတောက်စစ်များလွှမ်းခြုံနေသည့်ဖီးနစ် မြေအောက်တွင်းပေါက်ထဲတွင် စူးစူးရှရှအာ်သံပေးလိုက်သည်။ တောင်ပံကိုဖြန့်လိုက်သည်။ အဆုံးစမဲ့အဖျက်စွမ်းအား ပေါ်လာသည်။ မီးထဲမှ ပြန်မွေးလာသလိုပင်ဖြစ်သည်။

ကိုးငရဲဂိုဏ်းသား ဖီးနစ်ကိုထိန်းချုပ်၍ ကောင်းကင်သို့ပြန်တက်ရန် ကြိုးစားသည်။ သို့သော် ဖီးနစ်က မပျံနိုင်ဘဲ ဖြစ်နေသည်။

"ဘာတွေဖြစ်နေတာလဲ"

ဖီးနစ်ခန္ဓာအပင်ဘက်သို့ ဝိညာဉ်အာရုံဖြန့်၍ သူကြည့်လိုက်သည်။ စုယီရန် ဖီးနစ်နှုတ်သီးကို လက်တစ်ဘက်ဖြင့် ဆွဲထားသည်။ တစ်လက်မပင် ပျံမတက်နိုင်။

"ပျံတက်ချင်တယ်ပေါ့"

စုယီရန်၏ နူးညံ့သည့်မျက်နှာတွင် အေးစက်သည့်အပြုံးတစ်ခုပေါ်လာသည်။ နှုတ်သီးကိုချုပ်ကိုင်၍ အောက်သို့ဆွဲချလိုက်သည်။ ဖီးနစ်ခန္ဓာကိုယ် မြေပြင်နျှင့် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

စုယီရန်တူးထားသည့် တွင်းပေါက်အတိုင်း နယ်စား၊ မိုခေါင်းဆောင်နှင့် လုယန်တို့သုံးယောက် ဆင်းလာသည်။ စုယီယန် ဖီးနစ်ကို ရိုက်ချလိုက်သည့်မြင်ကွင်းကို မြင်ကြရသည်။ အလှနှင့်ကြမ်းတမ်းမှု ရောယှက်နေသည်က အံ့ဩစရာကောင်းလှသည်။

လီဟော်ရန် တံတွေးတစ်ချက် ကျိတ်၍မျိုချသည်။ ထိုမိန်းမကိုနှင့်လက်ထပ်လျှင် သူအသက်ပင်ရှင်နိုင်ပါ့မလားမသိ။

**********************************

All Chapters