← Chapters

ဖီးနစ်ီမီးတောက်စစ်

Vol. 16 Ch. 228

ဖီးနစ်ီမီးတောက်စစ်

Vol. 16 Ch. 228

အစက စုယီရန်ကို လီဟော်ရန် ဆန့်ကျင်ခဲ့သည်။ သူ့လိုမာနကြီးသည့် လူငယ်တစ်ယောက်က မိန်းမတစ်ယောက်အရိပ်အောက်တွင် မနေနိုင်ဟု တွေးခဲ့သည်။ အကိုလုလို အမှီအခိုကင်းသူ ဖြစ်ချင်သည်။

နောက်ပိုင်းတွင် စုယီရန်ကို လှသည်၊ ကြင်နာတတ်သည်၊ နူးညံ့သည်၊ ဂရုစိုက်တတ်သည်၊ လူတစ်ယောက်ဆိုးနွဲ့ချင်လောက်အောင် အကြီးတစ်ယောက်၏ မေတ္တာမျိုးပေးနိုင်သည်ဟု မြင်လာသည်။

ယခု စုယီရန်၏ အားပြင်းသည့်ထိုးချက်ကန်ချက်များကို မြင်ရသည်။ ဖီးနစ် မြေပေါ်မှလုံးဝမထနိုင်။ လီဟော်ရန် စဉ်းစားသည်။ သူ့ခန္ဓာကိုယ်လေးသည် ဖီးနစ်နှင့်ယှဉ်နိုင်စရာအကြောင်း လုံးဝမရှိ။ စိတ်ချရအောင် စုယီရန်နှင့် ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်သည်။

တစ်ကိုယ်တည်းနေ တစ်စိတ်တည်းထားဆိုသည့်စကားက ထိုအဖြစ်မျိုးကို ရည်ညွှန်းခြင်းဖြစ်မည်။

သူ့ခြေထောက်မှား တုန်ရင်နေသည်။ စုယီရန်၏အထောက်အပံ့ကို အားကိုးဖို့အတွေးများ လုံးဝပျောက်ကွယ်သွားသည်။

ထိုကဲ့သို့အားကိုးနိုင်သည့် ရုပ်ခန္ဓာအင်အားမျိုး သူ့တွင်မရှိ။

လက်မောင်းကိုဖက်တွယ်၍ လမ်းလျှောက်ထွက်သည်ကပင် သူ့လက်ကျိုးသွားသည်။ သူတို့ဆက်ဆံရေး နောက်ထပ်တိုးတက်လာလျှင် ဘယ်လိုခန္ဓာကိုယ်ထိခိုက်မှုမျိုး ကြုံရမည်မသိ။

လုယန်က သူ့အတွေးကို ရိပ်စားမိဟန်ဖြင့် ပုခုံးကိုပုတ်၍ ပြောသည်။

"အရာအားလုံးမှာ အားသာချက်အားနည်းချက်ဆိုတာ ရှိတာပါပဲ"

လီဟော်ရန်သာမဟုတ်။ နယ်စားနှင့်မိုခေါင်းဆောင်ပင် စုယီရန်၏ ကြောက်စရာကောင်းသည့် တိုက်ခိုက်ပုံကြောင့် တုန်လှုပ်ကြရသည်။

ထိုစီနီယာသည် နူးညံ့၍ အားနည်းသယောင်ထင်ရသည်။ သို့သော် တိုက်ခိုက်ချိန်တွင် တစ်ခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသယောင်ထင်ရသည်။

မြေအောက်တွင်းထဲသို့ အကူညီလိုလေမလားဟု သူတို့ဆင်းလာကြခြင်းဖြစ်သည်။ သို့သော်ယခု သူတို့သွားကူလျှင် စုယီရန်က သူတို့ကိုပါ ရော၍ရိုက်နှက်မည်ကို စိုးရိမ်နေကြသည်။

"သူက တာအိုလမ်းစဉ်ဂိုဏ်းက ခန္ဓာကိုယ်ကျင့်ကြံသူများလား"

"စီနီယာစုက တာအီုလမ်းစဉ်ဂိုဏ်းက အကြီးအကဲမဟုတ်ပါဘူး။ သူ့ရဲဇနီးလောင်းပါ"

မုန်ကျင်းကျိုးက လော်ဖုန်းကောင်တီမှ ထူးချွန်သည့်လူငယ် လီဟော်ရန်နှင့် မိတ်ဆက်ပေးသည်။

နယ်စားနှင့်မိုခေါင်းဆောင်တို့ အတော်လေးစားသွားကြသည်။

သူတို့ရယ်ရယ်မောမောစကားပြောနေချိန်တွင် အောက်ဘက်မှ ကိုးငရဲဂိုဏ်းသား၏အခြေအနေက သိပ်မကောင်းလှ။

ဖီးနစ်အလောင်းကို သန့်စင်ဖို့၊ လော်ဖုန်းကို ဖျက်ဆီးဖို့နှင့် လူသားနှင့်ဖီးနစ်မျိုးနွယ်ကြား ပြဿနာဖန်တီးဖို့ နှစ်ပေါင်းများစွာ သူအစီစဉ်ချခဲ့သည်။ ရှေးဟောင်းကျမ်းများ လေ့လာသည်။ အကြီးအကဲများထံ အကြံဉာဏ်တောင်းသည်။ နယ်မြေပျက်များကို စူးစမ်းရှာဖွေသည်။ နောက်ဆုံးတွင် ဖီးနစ်အလောင်းသန့်စင်နည်းကို ရလာသည်။

ဖီးနစ်မျိုးနွယ်က လူသားများနှင့် ငြိမ်းချမ်းရေးယူ၍ ပေါင်းသင်းဆက်ဆံရေး ပြေလည်နေသည်။ ဖီးနစ်အလောင်းသန့်စင်သည့်ကိစ္စကို အကြောင်းပြု၍ စစ်ပွဲဖြစ်အောင် ဖန်တီးနိုင်လျှင် အသက်ပေါင်းများစွာ ဆုံးရှုံးမည်။ ဝိညာဉ်များစွာကို ပြန်မွေးဖွားခြင်းသံသယာစက်ဝန်း (ငရဲကိုးထပ်)သို့ ပို့နိုင်လည်မည်။

ခြေတစ်လှမ်းသာလိုတော့သည်။

ခြေတစ်လှမ်းသာလိုတော့သည်။

ဘာကြောင့် စုစည်းခြင်းအဆင့်စွမ်းအားရှင် ရုတ်တရက် ပေါ်လာရသနည်း။

"စုစည်းခြင်းအဆင့်ဖြစ်နေလည်း ငါဂရုမစိုက်ဘူးကွ"

ကိုးငရဲဂိုဏ်းသား အော်ဟစ်လိုက်သည်။ သူလုံးဝရူးသွပ်သွားပြီဖြစ်သည်။

ထိုမျှကြီးမားသည့် အလောင်းတစ်ခုကို ထိန်းချုပ်နေရသဖြင့် သူ့ကျင့်စည်စွမ်းအားနှင့် စိတ်စွမ်းအား များစွာကုန်ဆုံးသည်။

ပုံမှန်ဆိုလျှင် တစ်ခြားကိုးငရဲဂိုဏ်းနောက်လိုက်များက သူ့ကိုကူညီထိန်းချုပ်ပေးရမည်ဖြစ်သည်။ သို့သော် ထိုလူအားလုံးကို စုယီရန်က သတ်ခဲ့သည်။

ဖီးနစ်အိုက ပြင်းထန်သည့်မီးတောက်များ မှုတ်ထုတ်နေသည်။ တဝုန်းဝုန်းမြည်ဟိန်းနေသည်။ လေဟာနယ်ပင် တွန့်လိမ်လှုပ်ရှားသည့် လက္ခဏာမျိုးပြလာသည်။ အစွန်တွင် ရပ်နေသည့် လုယန်တို့လ်း တစ်ခုပြီးတစ်ခု လိမ့်ထွက်လာသည့် အပူလှိုင်းများကို ခံစားမိကြသည်။

နယ်စားက တစ်ခြားရွေးစရာမရှိတော့သဖြင့် သူ့မှော်လက်စွပ်ထဲမှ ရွှေခေါင်းလောင်းတစ်ခုထုတ်၍ လူအားလုံးကို ကာကွယ်ပေးသည်။

စုယီရန်က ဖီးနစ်ကျောပြင်ကို ခြေဖြင့်ဆောင့်နင်းသည်။ မြေပြင်နှင့် ပြင်းစွာရိုက်ခတ်သည်။ သို့သော် မီးတောက်များက လုံးဝအားနည်းမသွား။

ဖီးနစ်မီးတောက်စစ်သည် အရာအားလုံးကို မြေကြီးအပါအဝင် အရည်ကျိုပစ်နိုင်သည်။ ဤမြေအောက်ဂူတွင်းသည် မီးတာက်စစ်လောင်ကျွမ်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုမီးတောက်များ လူမသိသူမသိ ပြန့်နှံ့သွားလျင်း လော်ဖုန်းတစ်ခုလုံး မီးပင်လယ်အဖြစ်ပြောင်းသွားမည်။

ဖီးနစ်မီးတောက်စစ်နျင့် နဂါးမီးတောက်စစ်တို့သည် သမာဓိမီးတောက်ဟု နာမည်ကျော်သည်။ စွမ်းအားကြီးသည်။

"ဖီးနစ်မီးတောက်စစ်တွေက စပေါ်ကတည်းကလိုပဲ ဒုက္ခပေးနိုင်တုန်းပါလား"

သိစိတ်နယ်မြေမှ ထာဝရနတ်မယ် စောင့်ကြည့်နေသည်။ သူသင်ပေးခဲ့သည့် ဖီးနစ်မျိုးနွယ်ပါရမီရှင်အကြောင်း ပြန်သတိရလာသည်။

နဂါးနှင့်ဖီးနစ်မျိုးနွယ်ပါရမီရှင်နှစ်ယောက်သည် သက်ဆိုင်ရာမျိုးနွယ်ဗီဇစွမ်းရည်များကို ကျွမ်းကျင်သည်။ မီးကို ကောင်းစွာထိန်းချုပ်နိုင်သည်။ ဟင်းချက်အတွက် ကွက်တိကျသည်။

"ဒါကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ နည်းလမ်းမရှိဘူးလား"

လုယန် နတ်မယ်ကို အမြန်မေးသည်။ အကယ်၍ နည်းလမ်းမရှိလျှင် အမယွမ်ကို သူဆင့်ခေါ်ရလိမ့်မည်။

"ဖီးနစ်လည်ပင်းအလယ်မှာ ထူးခြားတဲ့သွေးကြောဆုံတစ်ခုရှိတယ်။ အဲဒါ ဖီးနစ်မီးတောက်စစ်ရဲ့ ရင်းမြစ်ပဲ။ အဲဒီ့နေရာကို တိုက်ခိုက်ပါ။ မီးတောက်တွေ ထပ်ပြီးမှုတ်ထုတ်နိုင်တော့မှာမဟုတ်ဘူး"

အရေးကြီးသည့်အချိန်တွင် နတ်မယ်က ဖြေးရှင်းနည်းပြောပြသည်။

ထိုစကားကြားပြီးနောက် လုယန် စုယီရန်ထံသို့ သိစိတ်အာရုံမှ ချက်ချင်းသတင်းပို့သည်။ စုယီရန်ကသူ့ကို တအံ့တဩ လှမ်းကြည့်သည်။ သို့သော် ထိုကိစ္စ သိပ်မတွေးတော့။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက်ဖြစ်၍ ဂိုဏ်း၏သင်ကြားမှုများမှ ထိုအသိဗဟုသုတမျိုး ရထားခြင်းဖြစ်မည်ဟု သူယူဆသည်။ မည်သို့ဆိုစေ လုယန်ဆရာသည် တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။

လုယန်ပြောသည့်နေရာကို စုယီရန်ပစ်မှတ်ထားပြီး ရှေ့သို့တက်သွားသည်။ ဖီးနစ်မီးတောက်စစ်များက သူ့ဆီ ဒီရေပမာ လိမ့်ဝင်လာသည်။ ညာဘက်လက်သီးကိုဆုပ်၍ ခါးဘေးတွင်ကပ်လိုက်သည်။ ထို့နောက် စွမ်းအင်ကီုစုစည်း၍ လက်သီးဖြင့်ထိုးချလိုက်သည်။ သူ့ရှေ့မှလေဟာနယ် တွန့်လိမ်တုန်ခါသွားသည်။ ဖီးနစ်မီးတောက်စစ်များ သူ့ဆီရောက်မလာတော့။

"သေလိုက်စမ်း"

နောက်ထပ် လက်သီးတစ်ချက်ထပ်ထိုးသည်။ မိုးခြုန်းသံကဲ့သို့ မသဲမကွဲတုန်ခါသံထွက်လာသည်။ ဖီးနစ်အို၏ လည်ပင်းကိုထိသည်။ ရင်းမြစ်အထောက်အပံ့မရှိသဖြင့် မီးတောက်စစ်များ တဖြေးဖြေးပျောက်ကွယ်သွားသည်။

"ဘာဖြစ်သွားတာလဲ"

ကိုးငရဲဂိုဏ်းသား ထိတ်လန့်သွားသည်။ ဖီးနစ်မီးတောက်စစ်သည် အရာအားလုံးကို ဖျက်ဆီးနိုင်ပြီး လုံးဝငြိမ်းသတ်၍မရဟု ပြောကြသည်။ ယခု ဘာကြောင့် ပျောက်ကွယ်သွားသည်မသိ။

နတ်မယ်ပြောပြလိုက်သည့် လျှို့ဝှက်ချက်က ကိုးငရဲဂိုဏ်းမဆိုထားနှင့်။ ဖီးနစ်မျိုးနွယ်ထဲမှာပင် သိသူအတော်နည်းသည်။

မီးတောက်စစ်မရှိလျှင် ဖီးနစ်အိုသည် အန္တရာယ်မပေးနိုင်တော့။ ကိုးငရဲဂိုဏ်းသား ထွက်ပြေးရန် အတင်းကြိုးစားသည်။ သို့သော် သူလုံးဝမလှုပ်နိုင်။ စုယီရန်က ထိန်းချုပ်ထားသည်။

စုယီရန်လည်း စိတ်ထဲတွင်ကျိတ်၍ ဒေါသဖြစ်နေသည်။ တည်ငြိမ်ရင့်ကျက်သည့် မိန်းမတစ်ယောက်လို ရက်အတော်ကြာ သရုပ်ဆောင်ခဲ့သဖြင့် လီဟော်ရန် သူ့အပေါ် အမြင်ကြည်လာသည်။ ယခု ဤကိစ္စကြောင့် အားလုံးသဲထဲရေသွန်ဖြစ်သွားသည်။

သောက်သုံးမကျတဲ့ ကိုးငရဲဂိုဏ်း။

သေစမ်း...သေစမ်း...သေလိုက်စမ်း။

ပြင်းထန်သည့်လက်သီးချက်များ ဆက်တိုက်ထိုးချနေသည့် စုယီရန်ကိုကြည့်၍ လီဟော်ရန် အလိုလိုမျက်ခုံးလှုပ်လာသည်။

ထိုလက်သီးချက်များသာ သူ့အပေါ်ကျလျှင် ဝိညာဉ်ပင်ကျန်မည်မဟုတ်။

နောက်ဆုံးတွင် အလွန်တရာအားကောင်းသည့် လက်သီးတစ်ချက် စုယီရန် ထိုးချလိုက်သည်။ ထိုအသံက အထက်မြေထုကို ထိုးဖောက်သွားသည်။ လော်ဖုန်းကောင်တီမြို့တစ်ခုလုံး ကြားလိုက်ရသည်။ တိုက်ပွဲအဆုံးသတ်လက်သီးဖြစ်သည်။

စုယီရန် ဖီးနစ်အလောင်းတွင် အပေါက်တစ်ပေါက်ဖောက်၍ ကိုးငရဲဂိုဏ်းသားကို ဆွဲထုတ်ပြီး ချက်ချင်းမှတ်ဉာဏ်ရှာဖွေလိုက်သည်။ သို့သော် သူမျက်မှောင်ကျုံ့သွားသည်။

တိုက်ခိုက်နေစဉ်အတွင် ထိုဂိုဏ်းသားသည် ဝိညာဉ်အာရုံကို သူခံနိုင်ရည်ရှိသည့်အတိုင်းအတာထက်လွန်အောင် အသုံးပြုခဲ့သည်။ ယခု သူ့စိတ်များ ပရမ်းပတာဖြစ်နေသည်။ အသုံးဝင်သည့်အချက်အလက် လုံးဝရှာမရ။

တစ်နည်းပြောရလျှင် သူရူးသွားပြီဖြစ်သည်။

"ကံဆိုးလိုက်တာ"

စုယီရန် ဂိုဏ်းသား၏လည်ပင်းကို လိမ်ချိုး၍ ငရဲကိုးထပ်သို့ ပို့ပေးလိုက်သည်။

တိုက်ပွဲလက်ကျန် မြေအောက်ဂူတွင်းသည် ထိန်းသိမ်းထားနိုင်ဖို့ခက်ခဲ့သည်။ စုယီရန်က စည်းမျဉ်းစွမ်းအားသုံး၍ အထက်လေဟာနယ်ကို ယာယီတည်ငြိမ်အောင်ထိန်းထားသည်။ ကျန်သည့်ကိစ္စများ ရှားနိုင်ငံက လုပ်လိမ့်မယ်။ သူက ထိုနယ်ပယ်တွင် မကျွမ်းကျင်။

"ကူညီပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ။ စီနီယာသာမရှိရင် လော်ဖုန်းကောင်တီဟာ ဒီကပ်ဆိုးကလွတ်မြောက်ဖို့ခက်ပါတယ်"

ကောင်တီနယ်စားက လက်နှစ်ဘက်ဆုပ်အရိုအသေပြု၍ စိတ်ရင်းဖြင့် ကျေးဇူးတင်စကားဆိုသည်။

"ကျွန်မကို ကျေးဇူးတင်မစောပါနဲ့။ ဒီဖီးနစ်သွေးကျောက်ကိစ္စက ဘာလဲ။ ရှင်းပြပါဦး"

"စီနီယာ၊ ဒီကျောက်တုံးက ဘာမှထူးခြားတာမရှိပါဘူး။ ကျုပ်စိတ်ဝင်စားရုံသက်သက်ပါပဲ"

ကောင်တီနယ်စားက အမှန်တရားကို ပြောပြလိုပုံမရ။

လုယန် မှော်ဖန်လုံးကို ထုတ်လိုက်သည်။

"ဒီထဲမှာ ကောင်တီနယ်စား ပုဂ္ဂလိကပိုင်အိမ်ထဲကို ဖောက်ထွင်းဝင်ပြီး ပစ္စည်းခိုးတဲ့ ကိုးငရဲဂိုဏ်းနဲ့ ပူးပေါင်းတဲ့ သက်သေအထောက်အထားတွေပါတယ်"

"နေစမ်းပါဦး။ အိမ်ထဲကို ဖောက်ထွင်းတာနဲ့ ခိုးတာကတော့ ထားပါ။ ငါဘယ်တုန်းက ကိုးငရဲဂိုဏ်းနဲ့ ပူးပေါင်းဖူးလို့လဲ"

လုယန် မှော်ဖန်လုံးမှတ်တမ်းကို ဖွင့်ပြသည်။ မှတ်တမ်းထဲတွင် ကိုးငရဲဂိုဏ်းသား နံရံကျော်တက်၍ဝင်လာသည်။ နယ်စားနှင့်မိုခေါင်းဆောင်တို့ သူ့နောက်မှလိုက်သွားပြီး မုန်ကျင်းကျိုး၏ ဧည့်ခန်းသို့ရောက်သည်။

မှတ်တမ်းက ထိုနေရာတွင် ရပ်သွားသည်။

"အဲဒါပြီး နောက်ဖြစ်တာတွေကရော။ ငါတို့နှစ်ယောက် ကိုးငရဲဂိုဏ်းအစီအစဉ်တွေကို သတင်းနှိုက်တာတွေ တိုက်ခိုက်ဖို့ပြင်တဲ့ အပိုင်းတွေ ဘယ်မှလဲ"

နယ်စားရော မိုခေါင်းဆောင်ပါ လန့်သွားကြသည်။

လုယန်မျက်နှာက အရယ်အပြုံးမရှိ။

"မှတ်တမ်းဖန်လုံး ချို့ယွင်းချက်ဖြစ်သွားတာ။ အဲဒီ့နောက်ပိုင်း ဘာမှမပြတော့ဘူး။

ဒါပေမယ့် ကောင်တီနယ်စားအနေနဲ့ အကြောင်းရင်းကို ရှင်းပြမယ်ဆိုရင်တော့ မှတ်တမ်းဖန်လုံးကို ကျုပ်ပြုပြင်လို့ ရကောင်းရနိုင်ပါတယ်"

"တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေက တကယ်ကို နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်ကြပါလား"

နယ်စား အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

*************************************

All Chapters