ဖီးနစ်သွေးကျောက်၏ဇစ်မြစ်
Vol. 16 Ch. 229
ကောင်တီမြို့စား လုယန်ကို အံကြိတ်၍ ကြည့်နေသည်။ သို့သော် ဘာမှမတတ်နိုင်။
ထိုကိစ္စကို သူတကယ်ဖွင့်မပြောချင်။ သို့သော် ယခုအခြေအနေရောက်လာပြီဖြစ်၍ ရွေးစရာမရှိတော့။
သူ့အဖြစ်ကိုကြည့်၍ မိုခေါင်းဆောင် ကျိတ်ဝမ်းသာနေဟန်ရှိသည်။
နယ်စား ပင့်သက်ရှည်တစ်ချက်ချလိုက်သည်။
"အားလုံး ကျုပ်နောက်ကို လိုက်ခဲ့ကြပါ"
အဖွဲ့ကိုဦးဆောင်၍ မြေပြင်ပေါ်ပြန်တက်ပြီး မိုင်းတွင်းဆီ ဦးတည်၍သွားသည်။
"မိုင်းတွင်းပြိုတယ်ဆိုတာက အပေါ်ယံအကြောင်းပြချက်တစ်ခုပါ။ အဖြစ်မှန်က ဒီလောက်မကဘူး"
ကောင်တီနယ်စားက ရှင်းပြသည်။
မိုင်းတွင်းဥမင်လမ်းအဆုံးဆီ ကျွမ်းကျင်စွာ ဦးဆောင်ခေါ်သွားသည်။ နံရံပေါ်မှ လျှို့ဝှက်ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ကျယ်လောင်သည့် မြည်ဟိန်းသံနှင့်အတူ ကျောက်တံခါးတစ်ချက်ပွင့်သွားသည်။ မိုင်းတွင်း၏ အတွင်းပိုင်းဆီ ခေါ်သွားသည်။
ဤလမ်းသည် လူနည်းစုသာသိသည့် လျှို့ဝှက်လမ်းကြောင်းဖြစ်သည်။ ဝိညာဉ်အာရုံမထိုးဖောက်နိုင်အောင် မှော်စက်ဝန်းများဖြင့် ကာကွယ်ထားသည်။ ဝိညာဉ်အာရုံဖြင့်ကြည့်လျှင် မှော်စက်ဝန်းများက ပုံရိပ်တုတစ်ခု ပြနေပေလိမ့်မည်။
မိုခေါင်းဆောင်အမူအရာ လေးနက်တည်ကြည်လာသည်။ သူရထားသည့်သတင်းများနှင့် ထပ်တူကျသည်။ တကယ်လျှို့ဝှက်လမ်းတစ်ခုရှိနေသည်။
အတွင်းပိုင်းသို့ရောက်လေ သွေးနံ့က ပိုပြင်းထန်လေဖြစ်လာသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွား၍ အလောင်းများတောင်ပုံရာပုံဖြင့် သွေးများပြန့်ကျဲနေသယောင်ထင်ရသည်။
ကွင်းပြင်တစ်ခုသို့ရောက်လာချိန်တွင် သွေးနံ့က ပို၍သိပ်သည်းလာသည်။
သွေးနံ့နှင့်အသားကျလာပြီးနောက် ရှေ့မြင်ကွင်းကို ထင်ရှားစွာမြင်လိုက်ရသည်။
ထိုကွင်းပြင်အလယ်တွင် သွေးနီရောင်တွင်းကြီးတစ်ခုရှိသည်။ မရေမတွက်နိုင်သည့်ကျောက်တုံးများ သွေးကန်ထဲမှ ထိုးထွက်နေသည်။ ထူးထူးခြားခြား အရောင်တောက်နေသည်။ မုန်ကျင်းကျိုးဝယ်ထားသည့် ဖီးနစ်သွေးကျောက်နှင့် အရည်အသွေးချင်းတူသည်။
လူတစ်ချို့ တွင်းနှုတ်ခမ်းတလျှောက် လှည့်ပတ်လှုပ်ရှားနေသည်။ မကြာခဏ သွေးကန်ထဲသို့ သွေးများလောင်းထည့်သည်။
"ဒါ...ဒါက..."
"ဒါက ဖီးနစ်သွေးကျောက်တုံးတွေ ထုတ်လုပ်တဲ့နည်းလမ်းပါပဲ"
ကောင်တီနယ်စား စိတ်ပျက်လက်ပျက်ရှင်းပြသည်။
"သွေးကျောက်တုံးတွေက အတုပေ့ါ"
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ သွေးကျောက်တုံးတစ်ခုအတွက် ဝိညာဉ်ကျောက်ငါးသိန်းကို ဖြုန်းတီးမိပြီထင်သည်။
လီဟော်ရန် ခေါင်းခါသည်။
"မဟုတ်ဘူး။ ဒီတွင်းထဲက သွေးတွေအားလုံးဟာ ဖီးနစ်သွေးတွေပါ။ ကျုပ်ဆရာက သန့်စင်ဖို့သုံးတာ မြင်ဖူးတယ်။ ဒါပေမယ် အရည်အသွေးက ဒီထက်မြင့်တယ်"
"ကောင်တီးနယ်စား၊ ဒီလူတွေက ဘယ်သူလဲ"
မျက်လုံးနီရဲပြီး လည်ပင်းတွင် အနီးရောင်အမွှေးများရှိသည့် လူငယ်တစ်ယောက် အနားသို့ရောက်လာသည်။ နယ်စားကို မျက်မှောင်ကျုံ့၍ကြည့်သည်။ အပြင်လူများခေါ်လာသဖြင့် အလိုမကျဖြစ်နေဟန်ရှိသည်။
ကောင်တီနယ်စား သက်ပြင်းချသည်။
"ငါဘာမှမတတ်နိုင်ဘူး။ သူတို့ကိုခေါ်မလာရင် ငါဒုက္ခရောက်မှာ"
လူငယ် ဒေါသပေါက်ကွဲမတတ်ဖြစ်သွားသည်။ အပြင်လူများခေါ်လာခြင်းသည် သတင်းပေါက်ခြင်းသာဖြစ်သည်။ ထိုကိစ္စ မျိုးနွယ်ခေါင်းဆောင်ကို သူဘယ်လိုရှင်းပြမည်နည်။
"ဒီလူတွေက တာအိုလမ်းစဉ်ဂိုဏ်းကပါ။ ဒါကတော့ ငါမြေး၊ မိုမိသားစုခေါင်းဆောင်ပေါ့"
"လဲသေလိုက်လေ"
"တာအိုလမ်းစဉ်းဂိုဏ်းကလား"
လူငယ်က လုယန်တို့ကို သေချာအကဲခတ်နေသည်။ စိတ်မချမ်းမြေ့စရာအတိတ်ကို ပြန်သတိရလာဟန်ဖြင့် သူ့အမူအရာက ပြောင်းလဲနေသည်။ ခုနကလောက် မောက်မာခြင်းမရှိတော့။
"ယွမ်ကျိက မင်းနဲ့ဘယ်လိုပတ်သက်လဲ'
"ကျုပ်ရဲ့ ဆရာတူအမ အကြီးဆုံးပါ"
"ကန်ထန်ကရော"
"ဆရာတူအမသုံးပါ"
လုယန် ပြန်ဖြေသည်။
သူမမြင်ဖူးသည့် အမသုံးကန်ထန်သည် ယခု နတ်ဆိုးနယ်မြေတွင် လေ့ကျင်ရေးဆင်းနေသည်။
"ဒါဆို မင်းတို့က စစ်ဆေးဖို့ရောက်လာတဲ့ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပေါ့။ ဒီဘက်ကို လာကြပါ"
မျက်လုံးနီလူငယ်၏သဘောထားက ၁၈၀ ဒီဂရီပြောင်းသွားပြီး နွေးထွေးဖော်ရွေလာသည်။
နယ်စား မျက်ခုံးတစ်ချက်တွန့်သွားသည်။ ထိုလူက ထိုမျှဖော်ရွေသည်ကို သူတစ်ခါမျမမြင်ဖူး။
"ကျုပ်မိတ်ဆက်ပေးမယ်။ ဒါက ဖီးနစ်မျိုးနွယ်က ကျန်းရှန်ပါ"
"စီနီယာကျန်းရှန်၊ ခင်ဗျားက အမယွမ်နဲ့ အမသုံးကို သိနေတာလား"
"အာ ငါ့ကို စီနီယာကျန်းရှန်လို့ ခေါ်တာက သူစိမ်းဆန်လွန်းပါတယ်။ ခုချိန်ကစပြီး ရှောင်ကျန်းလို့ပဲခေါ်ပါ"
ဘာကောင့်မှန်းမသိ။ ရှန်ကျန်းက လုယန်ကို အထူးတလည် ရင်းနှီးစွာဆက်ဆံနေသည်။
"စီနီယာယွမ်ကျိနဲ့ စီနီယာကန်ထန်က ငါ့တို့ဖီးနစ်မျိုးနွယ်အပေါ် အတော်ကောင်းခဲ့တယ်။ ငါတို့နဲ့တောင် မကြာခဏ ယှဉ်ပြိုင်လေ့ကျင့်ပေးပြီး လမ်းညွှန်ပေးတယ်။ သူတို့လမ်းညွှန်မှုရခဲ့တာ ငါကံကောင်းပါတယ်။
အင်း ဖြစ်နိုင်ရင်တော့...ဖြစ်နိုင်ရင်လို့ ငါပြောတာနော်...မင်းရဲ့အမယွမ်နဲ့ အမသုံးကို ငါတို့ဖီးနစ်မျိုးနွယ်ဆီ နောက်ထပ်မလာဖို့ ပြောပေးနိုင်မလား။ နဂါးမျိုးနွယ်ပိုင်တဲ့ နယ်မြေက ပိုပြီးကျယ်ပါတယ်။ အဲဒီကို သွားလို့ရတယ်"
လုယန် - "..."
အမယွမ်နှင့်အမသုံး၊ ဖီးနစ်မျိုးနွယ်မှာ ဘာတွေများလုပ်ခဲ့ကြတာလဲ"
စုယီရန်လည်း သိချင်နေသည်။ ကျန်းရှန်အပြုအမူက သူကြားဖူးသည့် မာနကြီးသည့်ဖီးနစ်မျိုးနွယ်၏ ပုံစံမျိုးမဟုတ်။
"ကျုပ်ဒီကိုလာတာ ဖီးနစ်သွေးကျောက်အကြောင်း သေချာသိချင်လို့ပါ"
"ကျန်းရှန်က အဲဒီကိစ္စ သိပ်မသိဘူး။ ကျုပ်ရှင်းပြပါ့မယ်"
နယ်စားက ပြောသည်။
"ဒီကိစ္စက လွန်ခဲ့တဲ့နှစ်လေးထောင်ကနေ စတာပါ။ အဲဒီတုန်းက စီနီယာဖီးနစ် ဒီမှာကွယ်လွန်သွားတယ်။ သူ့သွေးတွေ မိုင်းတွင်းထဲမှာ စွန်းထင်းသွားတယ်။ ပထမဆုံးဖီးနစ်သွေးကျောက်တွေ ပေါ်လာတယ်။ ရှေးလူတွေက ဖီးနစ်သွေးကျောက်ကို အမှန်မထင်တွေ့တော့ ပျော်သွားတယ်။ ဒီနေရာမှာ စခန်းတည်ဆောက်တယ်။ အဲလိုနဲ့ လော်ဖုန်းကောင်တီမြို့ စပေါ်လာတာ"
နောက်ထပ် နှစ်ခုနစ်ရာလောက်ကြာတော့ ဖီးနစ်သွေးကျောက်တွေ ရှားသထက်ရှားလာတယ်။ အဲဒီတုန်းက ကောင်တီနယ်စားက ဒီကျောက်တုံးတွေမရှိရင် လော်ဖုန်းကောင်တီရဲ့ စီးပွားရေးဒေါက်တိုင်ပြိုလဲပြီး ဆုတ်ယုတ်လာမယ်ဆိုတာသိတယ်။
ဒါကြောင့် ဖီးနစ်မျိုးနွယ်ဆီကို လျှို့ဝှက်ပြီးသွားတယ်။ ဖီးနစ်ကျောက်တုံးအသစ်တွေထုတ်နိုင်အောင် ဖီးနစ်သွေးဝယ်ဖို့ ညှိနှိုင်းတယ်။
အစက ဖီးနစ်မျိုးနွယ်က ငြင်းတယ်။ သူတို့က မာနကြီးပြီး အဆင့်အတန်းမြင့်တယ်လေ။ သူတို့သွေးကို မရောင်းချင်ဘူး။
ကောင်တီနယ်စားက ဖီးနစ်သွေးကျောက်တွေရောင်းလို့ရတဲ့ တစ်နှစ်တာဝင်ငွေအကြောင်းပြောပြီး အကျိုးအမြတ် သုံးဆယ်ရာနှုန်းပေးမယ်လို့ ကတိပေးလိုက်တော့ သူတို့သဘောထား ချက်ချင်းပြောင်းလဲသွားတယ်"
အားလုံးက ကန်းရှန်ဆီ အကြည့်ရောက်သွားသည်။
ကျန်းရှန်က ဖြောင့်မတ်သည့်လေသံဖြင့် သူ့ကိုယ်သူ ကာကွယ်သည်။
"ကျုပ်တို့ဖီးနစ်မျိုးနွယ်မှာ အဖွဲ့ဝင်တွေအများကြီးရှိတယ်။ ပြီးတော့ စားဝတ်နေရေးနဲ့ ခရီးလမ်းသယ်ယူပို့ဆောင်ရေးအတွက် ဝိညာဉ်ကျောက်တွေလိုတယ်လေ။ ကိုယ်ပိုင်အစွမ်းအစနဲ့ငွေရှာပြီး မိသားစုကိုထောက်ပံ့တာ ဘာတွေမှားနေလို့လဲ"
သွေးရောင်းသည့်အကြောင်း ထိုမျှနားကြားကောင်းအောင်ပြောတတ်သည်ကို လုယန်ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
လီဟော်ရန်ပြောသည့်စကားကို လုယန်နားထဲတွင် ပြန်ကြားယောင်လာသည်။
"ဖီးနစ်မျိုးနွယ်တွေက နတ်ဆိုးမျိုးနွယ်ထဲမှာ မာနအကြီးဆုံးတွေပဲ။ သူတို့သွေးက အရမ်းတန်ဖိုးရှိတယ်။ သူတို့သွေးကို လူသားတွေရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
'မဖြစ်နိုင်သလောက်'ဆိုသည်စကားက ချဲ့ကားလွန်းရာကျသည်ထင်သည်။
နယ်စားက ကျန်းရှန်ကို တစ်ချက်ကြည့်သည်။
"မင်းတို့ဖီးနစ်မျိုးနွယ်တွေ အဲလောက်ဖြောင့်မတ်မှန်ကန်နေတယ်ဆိုရင် ဖီးနစ်သွေးကျောက်တွေကို အသစ်ဖန်တီးထားမှန်းမသိအောင် သက်တမ်းရင့်တဲ့ပုံစံမျိုးဖြစ်အောင်လုပ်ဖို့ မင်းတို့ဘာလို့ တောင်းဆိုခဲ့တာလဲ"
ကျန်းရှန် မလုံမလဲဖြင့် အကြည့်လွှဲသွားသည်။ ကောင်တီနယ်စား၏မျက်လုံးကို ရင်မဆိုင်ရဲ။
"ဖီးနစ်မျိုးနွယ်က ဖီးနစ်သွေးရောင်းဖို့ သဘောတူတယ်။ ဒါပေမယ့် ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။ ဘယ်သူမှထုတ်မပြောရဘူးတဲ့။ ပြီးတော့ ဖီးနစ်သွေးကျောက်တွေကို ချက်ချင်းသက်တမ်းရင့်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေရှာပေးရမယ်လို့ အဲဒီတုန်းကကောင်တီနယ်စားကို တောင်းဆိုတယ်။ ဥပမာပြရရင်...ဒီလိုမျိုးပေါ့"
နယ်စားက သွေးကန်ထဲမှ ကျောက်တုံးတစ်တုံးကောက်ယူ၍ နည်းလမ်းတစ်မျိုး သုံးလိုက်သည်။ နီရဲနေသည့်ဖီးနစ်သွေးကျောက်က နှစ်ရာချီထောင်ချီသက်တမ်းရှိနေသကဲ့သို့ ခပ်မှိန်မှိန်အသွင်ပြောင်းသွားသည်။
"သုံးလေးနှစ်တစ်ကြိမ် လော်ဖုန်းကောင်တီက ဖီးနစ်မျိုးနွယ်ကနေ သွေးတွေရတယ်။ ကျောက်တုံးတွေကို နှစ်လိုက်တယ်။ ပြီးတော့ ဖီးနစ်သွေးကျောက်တွေ ထုတ်တယ်။
ဒီလိုလုပ်ခဲ့တာ နှစ်သုံးထောင်ကျော်ကြာပါပြီ။ ကောင်တီနယ်စားအဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ လျှို့ဝှက်ချက်ပေါ့။
အခုနောက်ပိုင်း အမှားအယွင်းတစ်ခု ဖြစ်သွားတယ်။ သက်တမ်းရင့်အောင်မလုပ်ရသေးတဲ့ ဖီးနစ်သွေးကျောက်တစ်လုံး အပြင်ကိုရောက်သွားတယ်။ လူတစ်ချိုလက်ထဲ့ အဆင့်ဆင့်လက်ဆင့်ကမ်းပြီးတဲ့နောက်မှာ မုန်မိသားစုရဲ့ အကြီးဆုံးသားက ဝယ်သွားတယ်။
အတွေ့အကြုံရှိတဲ့ ပစ္စည်းသန့်စင်သူတစ်ယောက်သာ ဒီကျောက်တုံးကိုတွေ့သွားရင် လော်ဖုန်းမှာလက်ရှိထုတ်နေတဲ့ ဖီးနစ်ကျောက်တွေဟာ အသစ်လုပ်ထားတာတွေမှန်း ရိပ်မိသွားနိုင်တယ်။ လော်ဖုန်းကောင်တီနဲ့ ဖီးနစ်မျိုးနွယ်ကြားက သဘောတူညီချက်ပျက်သွားနိုင်တယ်။
ဒီကိစ္စ သတင်းပေါက်သွားရင် လော်ဖုန်းကောင်တီရော ဖီးနစ်မျိုးနွယ်အတွက်ပါ ရှက်စရာဖြစ်လာမယ်။ ဒါကြောင့် ဟိုဖီးနစ်သွေးကျောက်ကို ပြန်ယူချင်ခဲ့တာပါ။ ဒီမိုမျိုးရိုးကလည်း ဒီလိုရည်ရွယ်ချက်နဲ့ပါပဲ။
ဒါပေမယ့်အခု ခင်ဗျားတို့အားလုံး အဖြစ်မှန်ကို သိသွားပြီဆိုတော့ ကျောက်တုံးကိုပြန်ယူလည်း ဘာမှအကျိုးမထူးတော့ပါဘူး"
*******************************