← Chapters

လီဟော်ရန်နှင့်လုယန်၏ ခြားနားချက်

Vol. 16 Ch. 234

လီဟော်ရန်နှင့်လုယန်၏ ခြားနားချက်

Vol. 16 Ch. 234

သူပင်မထိုးဖောက်မမြင်နိုင်သည့်အရာများရှိသည်ဟု ယွမ်ကျိပြောချိန်တွင် ထာဝရနတ်မယ် စိတ်သက်သာရာသွားပြီး သက်ပြင်းတစ်ချက်ချသည်။

"ဟီးဟီး၊ ငါပြောသားပဲ။ ဒီကိစ္စက စည်းမျဉ်းတွေကို ကျော်လွန်နေတယ်လို့။ ဘယ်သူမှ ခန့်မှန်းနိုင်မျာမဟုတ်ဘူး"

ထိုသို့ဆိုလျှင် လီဟော်ရန်၏ပြဿနာကို ထိုးဖောက်မမြင်နိုင်ချင်းသည့် ယွမ်ကျိ စွမ်းရည်နည်း၍ မဟုတ်ဘဲ အမှန်တရားဖြစ်နေသောကြောင့်သာဖြစ်မည်။

"‌မောင်လေးလီရဲ့ခန္ဓာကိုက သာမန်လူတစ်ယောက်လိုပါပဲ။ အရိယဖလလက္ခဏာ မတွေ့ရဘူး"

"ဒါဆိုကျုပ်ခန္ဓာကိုယ်က ဘာမှပြဿနာမရှိဘူးပေါ့"

ယွမ်ကျိခေါင်းခါသည်။

"မဟုတ်ဘူး။ ဒီလိုဖြစ်နေတာက မင်းခန္ဓာကိုယ်မှာ ပြဿနာရှိနေတယ်ဆိုတဲ့သဘောပဲ။ မင်းခန္ဓာကိုယ်က ပုံမှန်ဆိုရင် ဒီမှတ်ဉာဏ်အစိတ်အပိုင်းတွေ ဘယ်ကနေရောက်လာတာလဲ။

အရိယဖလကိစ္စဟာ လောကစည်းမျဉ်းတွေနဲ့ ပတ်သက်နေတယ်။ ငါတောင် အပြည့်အဝ နားမလည်ဘူး။ ရှင်းမပြနိုင်ဘူး။ မောင်လေးလီရဲ့အခြေအနေက ရေရှည်စဉ်းစားဖို့လိုတယ်။

နောင်တစ်ချိန် နောက်ထပ်မှတ်ဉာဏ်အသစ်တွေရလာရင် ဂိုဏ်းကိုအသိပေးသင့်တယ်။ ငါတို့ပိုသိရလေ မင်းဘာဖြစ်နေတာလဲဆိုတာ ခွဲခြားသုံးသပ်ဖို့ ပိုလွယ်လေဖြစ်လာမယ်။ ပြီးတော့ ဒါဟာ ကိုးငရဲဂိုဏ်းအကြောင်းလေ့လာဖို့ အခွင့်အရေးပဲ"

လီဟော်ရန် ခေါင်းငြိမ့်သည်။ နောက်ထပ်မှတ်ဉာဏ်များထပ်ရလျှင် သေချာပေါက် ဂိုဏ်းကိုပြောမည်။ မပြောဘဲနေလျှင် သူစိတ်ပူပန်နေရပေလိမ့်မည်။

သူသည် အခြေတည်အဆင့်ကျင့်ကြံသူလေးဖြစ်သည်။ ရုတ်တရက် နတ်ဆိုးဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့လိုကြုံရလျှင် ဘယ်သူမဆို စိတ်ပူကြပေလိမ့်မည်။ အားကောင်းသည့်နောက်ခံ လိုအပ်ပေလိမ့်မည်။

လောကတွင် အကြီးဆုံးအထောက်အပံ့ဖြစ်သည့် တာအိုလမ်းစဉ်ဂိုဏ်း၏တပည့်ဖြစ်နေသဖြင့် သူကံကောင်းသည်။

"နောက်ထပ်မေးစရာတစ်ခုရှိပါတယ်"

"မေးပါ"

"အမယွမ်က အရိယဖလအကြောင်းပြောတယ်။ အဲဒီ့အရိယဖလဆိုတာဘာလဲ"

ထိုအချိန်ကျမှ လီဟော်ရန် အရိယဖလအကြောင်းမသိကြောင်း တိုင်ပုဖန်နားလည်လာသည်။ ဖြစ်သင့်ပါသည်။ အရိယဖလသည် မသေမျိုးဖြစ်ဖို့ အခြေခံကျသည့်အရာဖြစ်သည်။ အခြေတည်အဆင့်တစ်ယောက်သည် အရိယဖလအကြောင်း သိဖို့မထိုက်တန်သေး။

သို့သော် ထိုအဆင့်တွင် အရိယဖလအကြောင်းသိသည်မှာ မဆန်းလှဟု သူ့စိတ်ထဲ အလိုလိုအတွေးဝင်လာသည်။

ဘေးတွင်ရှိနေသည့် အခြေတည်အဆင့်နှစ်ယောက်ကို သူကြည့်လိုက်သည်။

လုယန်နှင့် မုန်ကျင်းကျိုး။

ထိုနှစ်ယောက်က ဘာကြောင့် အရိယဖလအကြောင်းသိနေသည်မသိ။

......

အရိယဖလလို ထိပ်တန်းလျှို့ဝှက်ချက်များကို စုစည်းခြင်းအဆင့်များကြားမှာပင် သိသူနည်းသည်။ စုယီရန်လို စုစည်းခြင်းထိပ်တန်းအဆင့် သို့မဟုတ် ထိပ်ဆုံးအဆင့်ရောက်နေသူမျာသာ အရိယဖလအကြောင်း နားလည်ဖို့အရည်အချင်းမီသည်။ စုယီရန်လည်း ထိုအယူအဆကို အကြမ်းဖျင်းသာသိသည်။ လုယန်လောက်ပင်မသိ။

တိုင်ပုဖန်က ချွင်းချက်ဖြစ်သည်။ စုစည်းခြင်းအခြေခံအဆင့်သာရှိသော်လည်း မစ်ရှင်ခန်းမကို ဦးစီးရသဖြင့် သတင်းလမ်းကြောင်းများစွာရှိသည်။ အရိယဖလအကြော်ငး အတော်လေးသိထားသည်။

ထို့ပြင် သူ့တိုက်ခိုက်စွမ်းအားကို သူ့ကျင့်စဉ်အဆင့်ဖြင့် အကဲဖြတ်၍မရ။

ပုံမှန်ဆိုလျှင် လီဟော်ရန်သည် အရိယဖလအကြောင်းသိဖို့ အရည်အချင်းမမီပါ။ သို့သော် သူ့ကိုယ်ထဲတွင် အရိယဖလကိုယ်ပွား ရှိနေနိုင်သဖြင့် သူ့ကိုအသိမပေး၍မဖြစ်။

ယွမ်ကျိ သူ့ကို အကျင်းချုပ်ရှင်းပြလိုက်သည်။ သူ့အခြေအနေဘယ်လောက်အရေးကြီးကြောင်း သိစေလို၍ဖြ်စသည်။

ယခုသူသည် ကိုးငရဲဂိုဏ်းနှင့်သာမက မသေမျိုးဖြစ်နိုင်သည့်လမ်းကြောင်းနှင့်ပါ ဆက်နွယ်နေကြောင်း သူ့ကိုယ်သူသိသွားသည်။

ထိုအကြောင်း အပြင်လူများသာသိလျှင် မရေမတွက်နိုင်သည့်လူများ လောဘတက်လာပေလိမ့်မည်။ လီဟော်ရန်ကို ထန်ဘုန်းကြီးအသားကဲ့သို့ ပစ်မှတ်ထားကြလိမ့်မည်။ ပြန်မွေးဖွားခြင်းအရိယဖလကို ရရမရရ လီဟော်ရန်ကို အရင်ဖမ်းကြလိမ့်မည်။

(**ထန်ဘုန်းကြီးသည် စွန်းဝူခုန်းဇတ်လမ်းထဲမှ အရှင်ထန်စန်း သို့မဟုတ် ထန်စန့်ကျန်းဖြစ်သည်)

"အရိယဖလပုံပွားရဲ့နောက်ကွယ်မှာ မသေမျိုးတစ်ယောက်ရှိနေတာလား။ ဒါဆု ဒီလူဝင်စားအရိယဖလလည်း ဒီလိုပဲလား"

ကောင်းကင်ဂူတောင်ထိပ်သို့ ပြန်ရောက်လာသည်အထိ လီဟော်ရန်အတွက် လုယန်စိုးရိမ်နေသည်။

မသေမျိုးတစ်ယောက်လှုပ်ရှားလာလျှင် လီဟော်ရန်ကိုဖမ်း၍ လူဝင်စားအရိယဖလ သို့မဟုတ် ပုံပွားကို ထုတ်ယူဖို့မှာ အခက်အခဲမရှိနိုင်။ လီဟော်ရန် ခုခံနိုင်မည်မဟုတ်။

"ဒါကြောင့် ခုနက အရေးကြီးတဲ့အခြေအနေမဟုတ်ရင် တာအိုလမ်းစဉ်ဂိုဏ်းထဲကမထွက်ဖိ့ မောင်လေးလီကို ငါပြောခဲ့တာပေါ့။ ဒီမှာက သူ့အတွက်စိတ်ချရတယ်"

သူ့လေသံက တည်ငြိမ်သည်။ ယုံကြည်ချက်အပြည့်ပါသည်။

လုယန်ကိုတော့ သူထိုသို့ချုပ်ချယ်စရာမလို။ လုယန်အပြင်ထွက်ချင်သည့်အခါတိုင်း သူဘယ်တော့မှ မတားခဲ့။ ဂိုဏ်းထဲတွင် တစ်ချိန်လံးကုပ်မနေဘဲ အပြင်လောကတွင် အတွေ့အကြုံသွားရှာဖို့ပင် တိုက်တွန်းခဲ့သည်။

အမှန်တော့ လုယန်အခြေအနေက လီဟော်ရန်ထက် ပိုအန္တရာယ်များသည်။ လီဟော်ရန်က အရိယဖလပုံပွားရှိသည်ဟု ခန့်မှန်းယုံအဆင့်ဖြစ်ိသည်။ လုယန်ကိုယ်ထဲတွင် ရှေးခေတ်မသေမျိုးလေးယောက် မနာလိုဖြစ်ရသည့် ထာဝရအရိယဖလနှင့်အတူ လူတိုင်းက တိုက်ခိုက်ချင်နေသည့် မသေမျိုးတစ်ယောက် အမှန်တကယ်ရှိနေသည်။

သို့သော် သူအန္တရာယ်ကြုံလာလျှင် အရိပ်တုလက်သီး၏ အမြင့်ဆုံးစွမ်းအားဖြင့် ယွမ်ကျိကိုဆင့်ခေါ်နိုင်သည်။

လီဟော်ရန်ကို ထန်ဘုန်းကြီးဟုပြောလျှင် လုယန်သည် ဗုဒ္ဓကိုဆင့်ခေါ်နိုင်သည့် ထန်ဘုန််းကြီးဖြစ်သည်။ သူတို့နှစ်ယောက်၏ ဘေးကင်းလုံခြုံသည့်အတိုင်းအတာကို နှိုင်းယှဉ်၍မရ။

"အရိယဖလတစ်ခုပေါ်လာတာဟာ လေကစည်းမျဉ်းအသစ်တစ်ခုပေါ်လာတာကို ကိုယ်စားပြုတယ်လို့ နတ်မယ်ကပြောတယ်။ ရှေးဟောင်းခေတ်နောက်ပိုင်းမှာ တစ်လောကလုံးကိုသက်ရောက်တဲ့ အရိယဖလတွေရှိခဲ့ဖူးလား"

ယွမ်ကျိက လုယန်ကို ငြိမ်သက်စွာစိုက်ကြည့်နေသည်။ သူ့အကြည့်က ကန်ရေပြင်လိုတည်ငြမ်သည်။ လုယန် နေမထိထိုင်မသာဖြစ်လာသည်။ စက္ကန့်ပိုင်းလား မိနစ်ပိုင်းလား နာရီပိုင်းလား။ ဘယ်လောက်ကြာသွားသည်မသိ။

"စီနီယာ၊ စကားပြောဖို့ ခဏထွက်ခဲ့ပါဦး"

"ဘာပြောချင်လို့လဲ"

ဇဝေဇဝါမျက်နှာနှင့် ထာဝရနတ်မယ်ထွက်လာသည်။

"ရှောင်လုက အခြေတည်အဆင့်ပဲရှိသေးတာ။ စွမ်းအားအဆင့်မြင့်တဲ့လူတွေပဲသိသင့်တဲ့ လျှို့ဝှက်ချက်တွေ သူသိတာများလွန်းရင် ရည်မှန်းချက်လွန်ကဲတာမျိုးဖြစ်နိုင်တယ်။ ဒါဟာ သူ့အနာဂတ်ကျင့်ကြံမှုအတွက် မကောင်းဘူး။ ဒီကိစ္စတွေ ဆွေးနွေးတဲ့အခါ သူ့အအဆင့်ကို ထည့်စဉ်းစားပေးပါ"

"အင်း...ဟုတ်ပါပြီ"

လုယန်ကျင့်စဉ်အဆင့်ကို ထည့်စဉ်းစားပြီးမှ ရှင်းပြခဲ့ခြင်းဖြစ်ကြောင်း သူပြောလိုက်ချင်သည်။ သို့သော် ယွမ်ကျိရှေ့တွင် သူအတွန့်မတက်ရဲ။

ငါ့စွမ်းအားပြန်ရလာတဲ့အထိ စောင့်ဦးမယ်။ ပြီးမှ ဒီကောင်မလေးကို အနိုင်ယူမယ်။

"ရှေးဟောင်းခေတ်နောက်ပိုင်းမှာ တစ်လောကလုံးကို သက်ရောက်တဲ့ အရိယဖလတစ်ခု တကယ်ရှိခဲ့ပါတယ်။ မင်းလည်း အဲဒီ့သက်ရောက်မှုနဲ့ ရင်းနှီးပြီးသားပါ"

လုယန်ထိုအကြောင်းသိလည်း ဘာမှမဖြစ်နိုင်ဟု ယွမ်ကျိယူဆသည်။

"ကျုပ်နဲ့ရင်းနှီးနေတဲ့အရိယဖလလား"

လုယန် နည်းနည်းအံ့အားသင့်သွားသည်။

ကြယ်ကမ္ဘာနှင့်တိုက်နယ်အပြောင်းအလဲများအပြင် ယခုခေတ်သည် ရှေးဟောင်းခေတ်နှင့် ဘာကွာခြားနေသနည်း။

လုယန်ရော ထာဝရနတ်မယ်ပါ မစဉ်းစားတတ်။

"အဲဒါ မဟာရှားမင်းဆက်ပေါ့"

"မဟာရှားကဘာလဲ"

"မဟာရှားခေတ်တစ်ခုလုံးပဲ"

လုယန်မျက်လုံးပြူးသွားသည်။ မဟာရှားခေတ်တစ်ခုလုံးက ဘာကိုဆိုလိုသနည်း။

လုယန် ထပ်မေးသ်ောလည်း ယွမ်ကျိက သူ့လက်ရှိအဆင့်နှင့် ထိုထက်မသိသင့်ဟု ယူဆသဖြင့် ထပ်ရှင်းမပြတော့။

ထာဝရနတ်မယ်က တစ်ခုခုနားလည်သွားဟန်ဖြင့် အတွေးနက်နေသည်။

"ရှောင်လု၊ မင်းရဲ့ရွှေသန္ဓေတည်ဆောက်တာ တိုးတက်မှုရှိပြီလား"

လုယန်၏ ဆရာတူအမလည်ဖြစ် လက်တွေ့သင်ပြသည့်ဆရာလည်းဖြစ်၍ လုယန်၏ကျင့်စဉ်တိုးတက်မှုကို ယွမ်ကျိ မကြာခဏ အာရုံစိုက်ပေးသည်။

လုယန် စိတ်ပျက်လက်ပျက်ခေါင်းခါသည်။

"ရွှေသန္ဓေအမျိုးအစားတွေက ရွေးစရာများလွန်းတယ်။ ဘယ်လိုဟာမျိုးတည်ဆောက်ရမယ်ဆိုတာကို မရွေးချယ်ရသေးဘူး"

သို့သော် ထာဝရနတ်မယ်၏ ပြိုင်ဘက်ကင်းသန္ဓေကိုတော့ လုံးဝထုတ်ပယ်ထားသည်။

လီဟော်ရန်အိမ်သို့ သူလိုက်သွားခဲ့သည်။ ခရီးစဉ်အတွင်း လူအမျိုးမျိုးနှင့်တွေ့၍ သို့မဟုတ် အဖြစ်အမျိုးမျိုးတွေ့ကြုံ၍ အတွေးအမြင်များရရန် မျှော်လင့်ခဲ့သည်။

ထိုခရီးမှ သူရလာသည့် အကြီးမားဆုံးအတွေးက တစ်ခြားလူတစ်ယောက်၏ အရိပ်အောက်တွင်နေခြင်းသည် အလွန်သာယာသည်ဟူသည့် အတွေးဖြစ်သည်။

အခမဲ့ရွှေသန္ဓေတစ်ခု သူတည်ဆောက်သင့်သလားမသိ။

သို့သော် ထိုသို့ထုတ်ပြောဖို့ ရှက်စရာကောင်းလွန်းသည်။

"ရွှေသန္ဓေတည်ဆောက်တဲ့ကိစ္စကို အလျင်မလိုနဲ့။ အချိန်တန်ရင် သူ့ဘာသာဖြစ်လာလိမ့်မယ်"

"ဒါနဲ့ အမယွမ်။ ကျမ်းစာတိုက်မျှာ ဂိုဏ်းကအကိုအမတွေအားလုံးရဲ့ ရွှေသန္ဓေအတွေးအမြင်တွေကို ကျုပ်ဖတ်ရတယ်။ ဒါပေမယ့် အမယွမ်ရဲ့ ရွှေသန္ဓေတည်ဆောက်နည်းကို မတွေ့ဘူး။ အမရဲ့ရွှေသန္ဓေကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ။ ဘာသေန္ဓေအမျိုးအစားလဲ"

မေးရမည့်လူ မျက်စိရှေ့တွင်ရှိနေသဖြင့် လုယန် စပ်စုမိသည်။

ဘယ်သူသိနိုင်မည်နည်း။

သူလည်း အမယွမ်လို ထူးချွန်သူတစ်ယောက် ဖြစ်ကောင်းဖြစ်လာနိုင်သည်။

**************************************

All Chapters