ရှားဝမ်ချွေ့ နင်က ငါ့ကောင်မလေးပဲ
Vol. 27 Ch. 405
စုရှောင်းယွီ ခေါင်းငြိမ့်လိုက်သည်။ "ဝါး။ ဆရာက အရမ်းဉာဏ်ကောင်းတာပဲ~"
လင်းဖန် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။ "ငါဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ နင့်ကိုတော့ မမှီပါဘူး။ နင်သိပေမယ့် မသိချင်ယောင်ဆောင်နေတာ။ ငါကိုယ်တိုင် ထုတ်ပြောလာအောင် စောင့်ပြီး ငါ့ကိုပျော်အောင် မြှောက်ပင့်နေတာ။ တကယ် ဉာဏ်ကောင်းတဲ့လူက ကိုယ်ဉာဏ်ကောင်းကြောင်း ဘယ်သူ့ကိုမှ ထုတ်ပြမှာ မဟုတ်ဘူး"
စုရှောင်းယွီ ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့လိုက်ပါသည်။ "ဟီးဟီး ဆရာ့ကို ဘယ်လိုလိမ်လိမ် အရူးလုပ်လို့ မရဘူးပဲ။ သွားကြစို့။ Volkswagen စီးမသွားဘူး။ ဟယ်လီကော်ပတာ စီးချင်ရင် စီးသွားလို့ ရတယ်။ ကားလမ်းပိတ်နေရင် ဘယ်လိုလုပ်မလဲ"
"ကောင်းရုန်က ဆရာ့ရဲ့ အလွတ်ရုန်းမယ့် အစီအစဉ်ကို ကြိုမြင်ရင် ဆရာ့ကို ပစ်မှတ်ထားဖို့ တခြားနည်းလမ်းတွေ စဉ်းစားထားမှာပဲ။ ဒါပေမယ့် ငါတို့ ကောင်းကင်ပေါ်ကနေ ပျံလာလိမ့်မယ်လို့တော့ ကျိန်းသေထင်ထားမှာ မဟုတ်ဘူး" စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပြီး လက်ကို ခါးနောက် ပစ်လိုက်သည်။ ရှေ့ကို အနည်းငယ် ယိမ်းကာ လင်းဖန်ကို ကြည့်လိုက်၏။
လင်းဖန်က တောက်ပစွာပြုံးလိုက်သည်။ စုရှောင်းယွီက သူ့ထက်ပင် ပိုတွေးတတ်သေးသည်။
"ရှောင်းယွီ ခဏနေရင် သွားကြမယ်"
စုရှောင်းယွီ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ အစ်မဝမ်ချွေ့နဲ့ သွားတွေ့လိုက်ဦး~ ဆရာ ဘယ်နှမိနစ်လောက်ကြာမလဲ မသိဘူး"
လင်းဖန် စုရှောင်းယွီကို ခေါင်းခေါက်လိုက်ပါသည်။ "နင် ဘာတွေတွေးနေတာလဲ။ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့"
စုရှောင်းယွီ သူမခေါင်းကို ကိုင်လိုက်သည်။ "ဆရာ နာတယ်။ ခွေးမလေးကို လာအနိုင်ကျင့်နေတာလား။ ဝု ဝု ဝု~ ကိုက်မှာနော်"
လင်းဖန် ထွက်သွားပြီးနောက် စုရှောင်းယွီရဲ့ မျက်လုံးလှလှလေးများ အရောင်မှေးမှိန်သွားရသည်။
သူမရဲ့ လှလှပပမျက်လုံးများကို ပင့်လိုက်ပြီး အဝေးက ရှုခင်းကို လှမ်းကြည့်လိုက်သည်။
လင်းဖန်ကို ဒီလိုပစ်မှတ်ထားတဲ့အတွက် ကောင်းမိသားစု ပြန်ပေးဆပ်ရမည်။
အခန်းထဲတွင် ရှားဝမ်ချွေ့က မာဖလာလေး ထိုးလို့ ပြီးကာစ ဖြစ်သည်။
လင်းဖန် အခန်းထဲဝင်လာတာကိုမြင်တော့ ရှားဝမ်ချွေ့ မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။
"လင်းဖန် အပြင်ထွက်ရင် မာဖလာ စည်းသွားဖို့ မမေ့နဲ့ဦး။ ရာသီဥတုက တဖြည်းဖြည်းနဲ့အေးလာပြီ~" ရှားဝမ်ချွေ့ နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ မတ်တပ်ရပ်လိုက်ပြီး လင်းဖန်ရဲ့ လည်ပင်းမှာ မာဖလာကို စည်းပေးလိုက်သည်။
လင်းဖန်က မခုခံဘဲ ရှားဝမ်ချွေ့သူ့ကို မာဖလာ စည်းပေးပြီးတဲ့အချိန်အထိ စောင့်နေပါသည်။
စည်းပေးပြီးနောက် ရှားဝမ်ချွေ့က လင်းဖန်ရဲ့ အဝတ်အစားများကို ဆန့်ပေးလိုက်သည်။ ကျေနပ်သွားမှ ချစ်စရာ ကြောင်အမူအယာလေး လုပ်ပြလိုက်ပါသည်။
ရှားဝမ်ချွေ့ကို ကြည့်ရင်း လင်းဖန် သူမလက်ကို ကိုင်လိုက်ပြီး သူမလက်ရဲ့ အေးစက်မှုကို ခံစားလိုက်ရသည်။
အစကတော့ ရှားမိသားစုထံကို အေးအေးဆေးဆေး လာပြီး ရှားဝမ်ချွေ့ရဲ့ အဖေနဲ့ အဘိုးတို့ကို တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထင်မထားစွာဖြင့် ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး ရှိသင့်တဲ့ ငြိမ်းချမ်းမှုလည်း ပျောက်ဆုံးသွားပါပြီ။
"နင့်ကို ပိုင်ဆိုင်ထားရတာ ကောင်းလိုက်တာ" လင်းဖန်က ရှားဝမ်ချွေ့ရဲ့ လက်လေးကို ကိုင်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့ရဲ့ မျက်လုံးလှလှလေးများ အနည်းငယ် နီမြန်းနေ၏။ "လင်းဖန် ငါတောင်းပန်ပါတယ်။ ငါက အသုံးမကျဘူး။ နင့်ကို ရှောင်းယွီလိုမျိုး မကူညီနိုင်ဘူး"
သူမ ခေါင်းငုံ့လိုက်သည်။ အနည်းငယ် အားနည်းသလို ခံစားလိုက်ရသည်။
သူမက တရုတ်နိုင်ငံမှာ ထိပ်တန်းဆယ်လီတစ်ယောက်ဖြစ်ပြီး ရှားမိသားစုရဲ့ သမီးလည်း ဖြစ်သည်။
သို့သော် သူမ မဖြေရှင်းနိုင်ဘဲ အဝေးကသာ ကြည့်နေနိုင်သည့် ကိစ္စတွေဆိုတာ ရှိတတ်သည်။
လင်းဖန်ဘာမှမပြောနိုင်ခင် ရှားဝမ်ချွေ့ရဲ့ နှုတ်ခမ်းနီနီလေးက သူ့နှုတ်ခမ်းပေါ် ကျရောက်လာသည်။
အချိနအတော်ကြာမှ ရှားဝမ်ချွေ့ ရုန်းထွက်လိုက်၏။
သူမ လင်းဖန်ကိုကြည့်ကာ ပြောလိုက်သည်။ "လင်းဖန်... လမ်းခွဲကြရအောင်"
"နင်က အရမ်းတော်တယ်။ ငါ နင်နဲ့ မထိုက်တန်ဘူး။ နင်တစ်ခုခုဖြစ်လာတိုင်း ငါကူညီမပေးနိုင်ဘူး။ အဝေးကနေပဲ ကြည့်နေနိုင်တယ်။ ငါတို့နှစ်ယောက်အကြားက ကွာဟချက်က ဒီလောက်တောင်ကြီးမားနေပြီ"
"ရှောင်းယွီကလည်း နင့်ကို အရမ်းသဘောကျပါတယ်။ ငါနဲ့ယှဉ်ရင် ရှောင်းယွီက နင်နဲ့ ပိုလိုက်ဖက်ပြီး နင့်ကောင်မလေးဖြစ်ဖို့ ပိုသင့်တော်တယ်လို့ ခံစားရတယ်။ ငါ... ဒီဆက်ဆံရေးကနေ နောက်ဆုတ်ပေးပါ့မယ်" ရှားဝမ်ချွေ့က လင်းဖန်ကို မျက်ရည်များ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါသည်။
သူမနဲ့ လင်းဖန်တို့မှာ အပူအပင်ကင်းတဲ့ ငယ်ဘဝ ရှိခဲ့ကြသည်။ သူတို့ အလယ်တန်းနဲ့ အထက်တန်းကို အတူတူ တက်ရောက်ခဲ့ကြသည်။ အလှည့်အပြောင်းများစွာ ကြုံတွေ့ခဲ့ရပြီးမှ နောက်ဆုံးတော့ အတူတူ ပြန်ဆုံခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း သူမက လင်းဖန်နဲ့ မထိုက်တန်သဖြင့် လင်းဖန်နဲ့ လမ်းခွဲချင်ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ "နင် တကယ်ပြောတာလား"
ရှားဝမ်ချွေ့က အတည်ပြန်ပြောလိုက်သည်။ "ဒါပေါ့။ အတည်ပြောနေတာပေါ့။ ရှောင်းယွီကလည်း တော်တယ်။ သူက အမြဲတမ်း နင့်ကို တိုးတိုးတိတ်တိတ် ထောက်ပံ့ပေးနေခဲ့တာ။ သူ့ကို စိတ်ပျက်အောင် မလုပ်သင့်ဘူး"
လင်းဖန်ရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ဒေါသထွက်သွားခဲ့ပါသည်။ "အဲ့တော့ ငါ့ကိုတော့ စိတ်ပျက်အောင် လုပ်လို့ ရတယ်ပေါ့"
"နင့်ကို ပိုးပန်းရဖို့ လွယ်ခဲ့တာ မဟုတ်ဘူး။ နင့်အဘိုးနဲ့ အဖေရဲ့ သဘောတူညီချက်ကိုတောင် ရနေပြီ။ အခု နင်က လမ်းခွဲချင်တယ်ဆိုတော့ ငါသဘောမတူနိုင်ဘူး" လင်းဖန် ပြောလိုက်သည်။
"ငါနင့်ကို သဘောကျတယ်။ နင့်ရဲ့ အပြစ်ကင်းစင်မှုကို သဘောကျတယ်။ နင့်ရဲ့ ချစ်ဖို့ကောင်းပုံလေးကို သဘောကျတယ်။ နင့်ရဲ့ အလှတရားကို သဘောကျတယ်"
"နင်နဲ့ အတူတူ ရှိနေရတဲ့ ခံစားချက်ကို သဘောကျတယ်။ နင်သာ အနားမှာ ရှိရင် ဘာမဆို လုပ်နိုင်တဲ့ စိတ်ခွန်အားမျိုး ရတယ်။ ရှားဝမ်ချွေ့ နင်က ငါ့ကောင်မလေးပဲ။ ပြီးတော့ လက်ထပ်ခွင့်တောင် လက်ခံပြီးသွားပြီ။ ပြောင်းလဲခွင့် မရှိဘူး"
"ငါ့ကို ဘာမှ မကူညီနိုင်ဘူးဆိုရင်တောင် နင်က ငါ့ကောင်မလေးပဲ။ အမြဲတမ်း ငါ့ကောင်မလေး ဖြစ်သွားမှာ။ အဲ့တာက ဘယ်တော့မှ ပြောင်းလဲလို့ မရတဲ့ အရာတစ်ခုပဲ" လင်းဖန်က ရှားဝမ်ချွေ့ကို နှစ်နှစ်ကာကာ ကြည့်လိုက်ပါသည်။
လင်းဖန်ကို ကြည့်ရင်း ရှားဝမ်ချွေ့ ငိုကြွေးသွားသည်။
သူမ လင်းဖန်ကို သဘောကျပြီး သူ့အတွက် ဂရုစိုက်ပါသည်။ သို့သော် သူ့ကို မြေတောင်မြှောက်မပေးနိုင်ပါ။
လင်းဖန် ထိုစကားတွေပြောလိုက်မှ သူမကို လင်းဖန် ဘယ်လောက်ဂရုစိုက်သလဲဆိုတာ နားလည်လိုက်ရသည်။
လင်းဖန်က ရှားဝမ်ချွေ့မျက်နှာလေးကို ကိုင်ရင်း ပြုံးလိုက်သည်။ "လမ်းခွဲဦးမှာလား"
ရှားဝမ်ချွေ့က ခေါင်းခါလိုက်ပြီး လင်းဖန်ကို လှပသော အပြုံးဖြင့် ကြည့်လိုက်ပါသည်။
သူမ ဘာမှ မတုန့်ပြန်နိုင်ခင် လင်းဖန်က သူမကို ကုတင်ဆီခေါ် ဆောင်သွားခဲ့သည်။
ခန်းဆီးများကို ဆွဲပိတ်လိုက်၏။ လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ပြီး သူ့ကုတ်အင်္ကျီကို ချွတ်လိုက်သည်။
ဘေးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကာ အပ်ကျသံတောင် ကြားနိုင်လောက်ပါသည်။ အသက်ရှူသံတွေသာ ကြားနေရသည်။ လက်ချင်း ဆုပ်ကိုင်ထားသည့်အသံတွေလည်း ကြားနေရသည်။
ခဏလောက်ကြာတော့ စားပွဲပေါ်က လက်ဖက်ရည်ခွက် ကြမ်းပြင်ပေါ် ကျသွားခဲ့သည်။
ကုတင်ဘေးက ခုံပုလေးတောာင် ကြမ်းပြင်ပေါ် လဲကျသွားသည်။
ကြမ်းပြင်ပေါ်တွင် ရှားဝမ်ချွေ့ရဲ့ ဘောင်းဘီပြာနဲ့ underwear တစ်ခု ရှိနေသည်။ ပန်းရောင် အတွင်းခံလေး တစ်ထည်လေးပါ ရှိနေသည်။
လင်းဖန်က ဖြည်းဖြည်းချင်း ရှားဝမ်ချွေ့ရဲ့ နားရွက်အနား ကပ်လိုက်ပြီး ပြောလိုက်သည်။ "ဝမ်ချွေ့ ဒီနေ့... တကယ် ငါ့ကောင်မလေး ဖြစ်ပေးတော့နော်။ ဟုတ်ပြီလား"
ရှားဝမ်ချွေ့ ပါးပြင်များ နီရဲနေပြီး လင်းဖန်ကို ကြည့်ကာ နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း~"
လင်းဖန် ပြုံးကာ ပြောလိုက်သည်။ "ဒါဆို... ငါလာပြီနော်"
ရှားဝမ်ချွေ့ စောင်ထဲကျုံ့ဝင်သွားပြီး မျက်နှာလည်း အတော်နီရဲနေပါသည်။
ထို့နောက်...
ဒေါက် ဒေါက် ဒေါက်။
တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။
တံခါး ဖြည်းဖြည်းချင်း ပွင့်လာသံကိုလည်း ကြားလိုက်ရ၏။
စုရှောင်းယွီ ဝင်လာပြီး သိမ်မွေ့စွာ ပြောလိုက်သည်။ "ဆရာ သွားဖို့ အချိန်ကျပြီ။ အခု မသွားရင် ညဘက် ဟယ်လီကော်ပတာ စီးဖို့ အရမ်း အန္တရာယ်များလိမ့်မယ်"
စုရှောင်းယွီ ဝင်လာတာနဲ့ မျက်နှာ လုံးဝ နီရဲသွားပါသည်။
"အား... တောင်းပန်ပါတယ် ။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ဆရာ ငါဝင်မလာခဲ့သင့်ဘူး။ ငါသွားတော့မယ်။ ဆရာ ဆက်လုပ်ပါ..." စုရှောင်းယွီ ရှက်သွေးဖြာသွားပြီး ရင်ဘတ်ဖိရင်း ထွက်ပြေးသွားလေသည်။
လင်းဖန်ကို ဒီလိုပုံစံမျိုးနဲ့ မြင်ဖူးတာ သူမအတွက် ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။ စုရှောင်းယွီ ရှက်သွေးဖြာကာ ရင်ခုန်သွားမိပါသည်။ သို့သော် ဘာကြောင့်မှန်း မသိဘဲ သူမ အနည်းငယ် ပျော်ရွှင်သွားမိသည်။
စုရှောင်းယွီရဲ့ ရုတ်တရက် ဝင်လာမှုကြောင့် မူလ အခြေအနေ ပျက်ဆီးသွားပါသည်။
ရှားဝမ်ချွေ့ လင်းဖန်ကိုကြည့်ပြီး သူမ ဘာတွေလုပ်နေသလဲ အသိစိတ်ဝင်လာခဲ့သည်။ ရှားဝမ်ချွေ့က စောင်ကို ဆွဲယူကာ ပြောလိုက်ပါသည်။ "ဟွန်း အလုပ်သွားလုပ်တော့။ ညဘက် ဟယ်လီကော်ပတာ စီးရတာ အန္တရာယ်များတယ်~ ပြီးတော့... နောက်ဆို ငါ့ကို အနိုင်ထပ်မကျင့်နဲ့နော်။ ငါတို့ လက်ထပ်ပြီးတဲ့အချိန်ထိ စောင့်ရမယ်လို့ ပြောထားပြီးသား"
သာယာနေချိန်လေး ပျက်စီးသွားပြီဖြစ်သဖြင့် လင်းဖန် အဝတ်အစား ပြန်ဝတ်လိုက်ရပါသည်။
တော်တော် ခါးသီးတဲ့ နေ့တစ်နေ့ပင်။
မျက်စိအစာကျွေးရုံကလွဲပြီး လင်းဖန် တခြား ဘာမှ မလုပ်လိုက်ရပါ။
အောင်မြင်ခါနီးမှ သူ့ကြိုးစားအားထုတ်မှုတွေအကုန် သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
အကျင့်မကောင်းတဲ့ စုရှောင်းယွီ။
မသာမလေး။
စုရှောင်းယွီ အချိန်ကို တွက်ချက်ပြီး တမင်သက်သက် ဝင်လာတာများလား။
ဒီလိုသာဆို... စုရှောင်းယွီကို လင်းဖန် သင်ခန်းစာ ပေးရလိမ့်မည်။
အဝတ်အစားများ ပြန်ဝတ်ပြီးနောက် အခန်းထဲက ထွက်လာခဲ့ပါသည်။ စုရှောင်းယွီက ဘောင်းဘီတို ဝတ်ဆင်ထား၏။ လင်းဖန်ကို ကြည့်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်ပါသည်။ "ဆရာ့ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်"
လင်းဖန်က စိတ်ဆိုးစွာ ပြောလိုက်ပါသည်။ "ဟင်းဟင်း အဲ့တာဆိုလည်း ကိုယ့်အမှားကိုယ် ဘယ်လို ပြန်ပေးဆပ်မလဲ စဉ်းစားထားတော့။ ဟယ်လီကော်ပတာပေါ် တက်ပြီး သွားဖို့ အရင်ပြင်။ မဟုတ်ရင် စုမူချင်းရဲ့ အိမ်ကို မနက်ဖြန်တောင် ရောက်မှာ မဟုတ်ဘူး"
စုရှောင်းယွီက ပို၍ပင် ဝမ်းနည်းသွားပါသည်။ "အမှားတွေကို ပြန်ပေးဆပ်စေချင်တာလား။ ဆရာက ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။ ဒါဆို လုပ်လိုက်လေ။ ငါအသင့်ဖြစ်နေပြီ~"
ထို့နောက် စုရှောင်းယွီရဲ့ ခေါင်းကို လင်းဖန် ထပ်ခေါက်လိုက်ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ ပေးထားတဲ့ မာဖလာလေးကို စည်းထားသည်။ တံခါးပေါက်နားရောက်နေပြီဖြစ်ကာ စုရှောင်းယွီရဲ့ ချွဲ့နွဲ့ချစ်ဖို့ကောင်းတဲ့ အမူအယာများကို လုံးဝ လျစ်လျူရှုထားပါသည်။
စုရှောင်းယွီသာ အချိန်ကို တွက်ချက်ပြီး တမင်သက်သက် ဝင်လာတာဆို ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိသည်။
သူ စုရှောင်းယွီကို ရန်စထားမိတာ ဖြစ်နိုင်လား။
ဒါမှမဟုတ် စုရှောင်းယွီက ဒီတိုင်း မတော်တဆ ဝင်လာပြီး လင်းဖန်ရဲ့ အစီအစဉ်ကို ပျက်စီးစေခဲ့တာ ဖြစ်နိုင်ပါသည်။
သမာန်လူတစ်ယောက် လက်ထပ်ပြီးနောက် မိန်းမ ၁ ယောက်တည်းကိုတောင် ခံနိုင်ရည်မရှိပါဟု ပြောကြသည်။ လင်းဖန်ကလည်း မသေမျိုး မဟုတ်ပေ။ မိန်းမ ၂ ယောက်သာဆို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။
စုရှောင်းယွီက သူ့နောက် အမြန်ပြေးလိုက်သွားသည်။
"ဆရာ စောင့်ပါဦး"