သခင်ကြီးရှားရဲ့ ဦးစားပေးမှု (၁)
Vol. 27 Ch. 391
အဘိုးကကြီးက လင်းဖန်ကို အကဲခတ်လိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ ကောင်းရုန်ကို ဆက်ဆံတာလောက် သိပ်ပြီး တက်ကြွမှု မရှိပါ။
သူ့ဘေးမှာ ကောင်းရုန်ကလည်း အနိုင်ကို ကြေညာနေသလိုမျိုး အဓိပ္ပာယ်ပါစွာ ပြုံးလိုက်သည်။
ရှားဝမ်ချွေ့ရဲ့ မင်္ဂလာပွဲကို သူမ အဘိုးက သဘောမတူရသေးပေ။
ကောင်းရုန်နဲ့ အဘိုးကြီးရဲ့ ဆက်ဆံရေးက သိသိသာသာ ပိုကောင်းပါသည်။
လင်းဖန်က ခုမှ ရောက်လာသူဖြစ်သည်။ အဘိုးကြီးအတွက်တော့ အခုမှ တွေ့ဖူးသူ ဖြစ်သည်။ သူ့အပြုအမူကလည်း ပုံမှန်ပဲ ဖြစ်ပါသည်။
သူ စစ်ပွဲ စိန်ခေါ်မှုကို ခံစားနိုင်သည်။
ဒါ ကောင်းရုန် သူ့ကို စိန်ခေါ်လိုက်ခြင်းပင်။ လင်းဖန်လည်း နောက်ဆုတ်မှာ မဟုတ်ပါ။
အဘိုးကြီးကို မွေးနေ့ဆုတောင်းပေးပြီးနောက် လင်းဖန် ရှားဝမ်ချွေ့ရဲ့အဖေကို ချက်ချင်း ကြည့်ပြီး ပြုံးပြုလိုက်ပါသည်။ "ဟယ်လို ဦးလေးရှား"
ရှားဝမ်ချွေ့ရဲ့အဖေ ရှားကျန်းချန်ကလည်း ပြုံးလိုက်ပါသည်။ "မင်းက ရှားဝမ်ချွေ့ရဲ့ ကောင်လေးလား။ နှစ်ဝက်လောက်တောင် ကြာသွားတာကိုး။ အခုမှပဲ တွေ့ရတော့တယ်။ မဆိုးပါဘူး။ မင်းက ဓာတ်ပုံထဲက ကောင်လေးထက် ပိုတောင် ချောသေးတယ်"
အဘိုးကြီးကလည်း လင်းဖန်ကို အကဲခတ်နေပါသည်။
တမင်သက်သက် အေးစက်ချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လင်းဖန်က သူ့မြေးမလေးကို လုယူသွားတော့မည်။
ဘယ်သူက လက်ခံနိုင်မှာလဲ။
အဘိုးကြီးက သူ့ဘဝမှာ ရှားဝမ်ချွေ့ကို တန်ဖိုးအထားဆုံး ဖြစ်သည်။ အခုတော့ သူမကို လုယူသွားတော့မည်။
ထိုအချိန်တွင် ကောင်းရုန်က စတင်တိုက်ခိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း။
ကောင်းရုန်က ညင်ညင်သာသာ လက်ခုပ်တီးလိုက်ပါသည်။
တံခါးနားတွင် အနက်ရောင်ဝတ်စုံနဲ့ လူတန်းတစ်တန်းက လက်ရောက်မြောက်သည့် သစ်သား သေတ္တာာများကို သယ်ဆောင်ရင်း ဝင်လာကြသည်။
"သခင်ကြီး။ ဒီနေ့က သခင်ကြီးရဲ့ မွေးနေ့ဆိုတော့ ကောင်းမိသားစုက လက်ဆောင်တချို့ပေးလိုက်ပါတယ်"
"ဇာမဏီငှက်ပျံ ရွှေဘီးတစ်ချောင်း"
"ကံကောင်းစေဖို့အတွက် ကျောက်စိမ်းပေသီးခုံ"
"နဂါးနဲ့ ဇာမဏီစုံတွဲအဓိပ္ပာယ်နဲ့ ဒီမှာ ရွှေလက်ကောက် တစ်စုံပါ"
"ကောင်းကင်ပေါ်က လမင်းလို ညပုလဲတစ်လုံး"
"တန်ဖိုးကြီးပုလဲဖြစ်တဲ့ ကောင်းကင်ရွှေပုလဲ"
"မေတ္တာတရားကို ပြသတဲ့အနေနဲ့ ရွှေပန်းကန်လုံးနဲ့ ရွှေတူတွေပါ"
"သခင်ကြီးက ကြွေထည်ပစ္စည်းတွေ စုဆောင်းရတာ ဝါသနာပါမှန်း ကျွန်တော်သိတယ်။ အဲ့တာကြောင့် ဒီ ရှေးဟောင်းမိုးပြာပန်းတစ္ဆေတောင်ကြားပန်းအိုးလေး လက်ဆောင်ပေးလိုက်ပါတယ်"
"ဒီလက်ဆောင်တွေရဲ့ တန်ဖိုးက သိပ်မများပါဘူး။ သခင်ကြီး လက်ခံဖို့ မျှော်လင့်ပါတယ်။ သခင်ကြီး ကံကောင်းပြီး အသက်ရှည်ပါစေလို့ မျှော်လင့်ပါတယ်"
ကောင်းရုန်က မျက်နှာတည်တည်ငြိမ်ငြိမ်ဖြင့် တစ်ယောက်ယောက်ကို လက်ဆောင်တွေ အများကြီး ယူလာခိုင်းလိုက်ပါသည်။
သူကတော့ ဝံ့ကြွားလျက် ထိုနေရာမှာပဲ ရပ်နေသည်။
ထိုလက်ဆောင်တစ်ခုချင်းစီတိုင်းက အဖိုးမဖြတ်နိုင်ပေ။
ရွှေဘီး၊ ရွှေလက်ကောက်၊ ညပုလဲ၊ တန်ဖိုးကြီး ပုလဲများအားလုံးက အဖိုးမဖြတ်နိုင်မည့်ပုံပင်။
နောက်ဆုံး 'ရှေးဟောင်းမိုးပြာပန်းတစ္ဆေတောင်ကြား ပန်းအိုးကလည်း အလွန်အမင်း ရှေးကျသည့် ခေတ်တစ်ခုမှ ကြွေထည်ပစ္စည်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။
ကောင်းရုန် လက်ဆောင်တွေအများကြီးကို ထုတ်ပြလိုက်သောအခါ ရှားမိသားစု တစ်စုလုံး အံ့အားသင့်သွားရ၏။
"လခွမ်း။ ဒီကြွေထည်ပစ္စည်းကို ငါရှာကြည့်ပြီးသွားပြီ။ ၂၄၉ သန်းတောင် တန်တာ။ လက်ဆောင်တွေ အားလုံးဆို သန်း ၃၀၀ နီးပါးလောက် ရှိလောက်တယ်"
"ဘာ သန်း ၃၀၀ တန် မွေးနေ့လက်ဆောင်တဲ့... စီအီးအိုကောင်းက တကယ် ရက်ရောတာပဲ။ တစ်ပြိုင်တည်း သန်း ၃၀၀ တန်လက်ဆောင်တွေ ပေးလိုက်တယ်"
"စီအီးအိုကောင်းက အရမ်းချမ်းသာတယ်။ ကျန်းမြို့တော်ရဲ့ ဘော့စ်ကြီးတစ်ယောက် ဆိုတဲ့အတိုင်းပဲ။ ဒီလိုလက်ဆောင်မျိုးတွေ စီအီးအိုကောင်း တစ်ယောက်တည်းပဲ ပေးနိုင်မှာနော်"
ကြွေထည်ပစ္စည်းကိုမြင်သောအခါ အဘိုးကြီးက အလွန်သဘောကျသည်။ ထိုရှေးဟောင်း ကြွေထည်ပစ္စည်းတွေကို စုဆောင်းရတာ အလွန် ဝါသနာပါသူ ဖြစ်သည်။
အဘိုးကြီး တုန်လှုပ်သွားပြီး ပြောလိုက်ပါသည်။
"ဒါက ယွမ်မင်းဆက် ဖြူပြာ ကြွေပန်းအိုးပဲ။ ဒါက တကယ် ၂၄၉ သန်းတန်တဲ့ ပစ္စည်းပဲ..."
ကောင်းရုန်က ရယ်မောကာ ပြောလိုက်ပါသည်။ "ဘာမှ မဖြစ်ပါဘူးဗျာ။ သခင်ကြီး သဘောကျရင် ပြီးတာပါပဲ။၊ မွေးနေ့လက်ဆောင်မို့လို လက်ခံမှ ဖြစ်မယ်နော်"
အဘိုးကြီးက ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုလည်း လက်ခံရမှာပေါ့ကွာ။ ကောင်းရုန်က အခု ကောင်းမိသားစုကိုတောင် ထောက်ပံ့နိုင်နေပြီ။ သူက တကယ် ငယ်ရွယ်ပြီး အလားအလာကောင်းတယ်လို့ ပြောလို့ရတယ်။ မင်းတို့တွေလည်း ကောင်းရုန်ကို အတုယူကြချေ"
အဘိုးကြီးရဲ့ ချီးကျူးမှုကြောင့် ဆွေမျိုးနဲ့ မိတ်ဆွေများစွာ ကောင်းရုန်ကို အားကျစွာဖြင့် ကြည့်လိုက်ကြသည်။
မိန်းကလေးတချို့ဆို သူ့ဆီတောင် အပြေးသွားချင်မိသည်။
လက်တွေ့မှာ ဒီလိုပဲဖြစ်သည်။ သူဌေးတွေဘေးမှာ မိန်းမ မရှားပါ။ အထူးသဖြင့် ကောင်းရုန်လို ကောင်းမိသားစုရဲ့ ဆက်ခံသူ သန်းကြွယ်သူဌေးမျိုး ဖြစ်သည်။
ကောင်းရုန်က လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်၏။ "လင်းဖန်ကော သခင်ကြီးအတွက် ဘာလက်ဆောင် ပြင်ဆင်လာလဲ မသိဘူးနော်"
ကောင်းရုန်ရဲ့ လုံခြုံရေးက ပြောလိုက်သည်။ "စူပါစတား လင်းဖန်က ကျိန်းသေပေါက် လက်ဆောင် ကောင်းကောင်းတွေ တတ်နိုင်မှာပေါ့။ ဘယ်သူ့ကိုမှ စိတ်ပျက်စေမှာ မဟုတ်ဘူး"
ရှားလန်နဲ့ စုကော်ချန်းတို့လည်း လင်းဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က ၄ ဘီလီယံတန် ကုမ္ပဏီကြီးများ၏ ဘော့စ်ဖြစ်သည်။ ကျိန်းသေပေါက် လူတိုင်းကို စိတ်ပျက်စေမှာ မဟုတ်ပါ။
သို့သော်လည်း သေချာတာတစ်ခုကတော့ လင်းဖန်တစ်ယောက် မည်သည့်လက်ဆောင်ပဲပေးပေး ကောင်းရုန်နဲ့တော့ ယှဉ်နိုင်မှာ မဟုတ်ပေ။
ကောင်းရုန်က သန်းရာချီတန်သည့် ဖြူပြာကြွေထည် ပန်းအိုးကို ထုတ်ပြနိုင်သည်။ ဘယ်သူက ယှဉ်နိုင်မှာလဲ။
ကောင်းရုန်လို သန်းကြွယ်သူဌေးတစ်ယောက်သာ သန်း ၃၀၀ အေးအေးဆေးဆေး ထုတ်ပေးနိုင်သည်။
လင်းဖန်က ပြုံးကာ ပြောလိုက်၏။ "အဘိုး။ ဒီတစ်ခေါက်တော့ အဘိုးမွေးနေ့အတွက် စျေးကြီးကြီး လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်မလာခဲ့မိဘူး။ ဒါပေမယ့် လက်ဖက်ရွက် တချို့တော့ ယူလာခဲ့ပါတယ်။ အနောက်ဘက်ရေကန် လုံကျင်း၊ အန်းရှီထျဲကွမ်းယင်၊ တာ့ဟုန်ပေါင်တို့ပေါ့။ အဲ့ဒီက လက်ဖက်ရွက်တွေက အရသာ အရမ်းရှိတယ်။ ဝိုင်ပုလင်းတချို့လည်း ဝယ်လာခဲ့ပါသေးတယ်။ ဒါက ကောကျောင်းအမှတ်တံဆိပ် ၁၅၇၃၊ ဒါက ၁၉၆၀ ခုနှစ်က ဝူလျန်ယဲ့နဲ့ ဒါက လွင်အမှတ်တံဆိပ် မောင်ထိုက်ဝိုင်ပါ။ အားလုံးကို မြည်းကြည့်လို့ ရပါတယ်"
လင်းဖန်ရဲ့ လက်ဆောင်တွေကို မြင်သောအခါ အနက်ရောင် ဝတ်စုံဖြင့် ဘော်ဒီဂတ်က ရယ်မောလိုက်မိပါသည်။ "စီအီးအိုလင်းရဲ့ လက်ဆောင်က တကယ်ပဲ သာမန်လူတွေနဲ့ ခြားနားပါလား။ အဲ့ဒီ လက်ဖက်ရွက်တွေက သောင်းဂဏန်းလောက် တန်မယ်ထင်တယ်။ ဝိုင်တွေကလည်း မဆိုးပါဘူး။ သိန်းဂဏန်းလောက် ရှိမှာပေါ့"
ကောင်းရုန် ခေါင်းခါလိုက်သည်။ လင်းဖန်က အနည်းဆုံးတော့ လက်ဆောင်ကောင်းကောင်း ပေးနိုင်မည့် လူမျိုးဟု သူ ထင်ထားခဲ့သည်။
နောက်ဆုံးတော့ လင်းဖန်ရဲ့ လက်ဆောင်တွေ အကုန်လုံးက စျေးပေါပေါတွေသာ ဖြစ်သည်။ သူ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မည်နည်း။
ရှားလန်လည်း အမြန်ပြုံးကာ ပြောလိုက်သည်။ "လက်ဆောင်တွေက ကောင်းပါတယ်။ လက်ဖက်ရည်ကောင်းကောင်းနဲ့ ဝိုင်ကောင်းကောင်း သောက်လို့ ရတာပေါ့။ သိန်းချီပြီး တန်တာပဲ"
လက်ဆောင်တွေကို အဘိုးကြီးမြင်သောအခါ ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့။ လင်းဖန်က တွေးတတ်သားပဲ။ လက်ဖက်ရည် သောက်ရတာလည်း မဆိုးပါဘူး"