← Chapters

သခင်ကြီးရှားရဲ့ ဦးစားပေးမှု (၃)

Vol. 27 Ch. 393

သခင်ကြီးရှားရဲ့ ဦးစားပေးမှု (၃)

Vol. 27 Ch. 393

ရှားကျန်းချန် ခေါင်းခါလိုက်သည်။ "အဖေ။ ရှောင်းယွီလည်း ရှိတာပဲ။ ရှောင်းယွီသာရှိရင် ကောင်းမိသားစုကို ကျွန်တော်တို့ ကြောက်စရာ လိုပါဦးမလား"

အဘိုးကြီး၏ မျက်လုံးတောက်ပသွား၏။ "ဟားဟား ရှောင်းယွီကလည်း ငါ့မြေးမလေးပဲ။ ဒီတစ်ခေါက် ငါ့မွေးနေ့မှာ လာဆုတောင်းမပေးဘူး။ ရှောင်းယွီ အဆင်ပြေရဲ့လားမသိပါဘူးကွာ..."

ရှားကျန်းချန် သက်ပြင်းချလိုက်၏။ စုရှောင်းယွီအကြောင်းတွေးမိသောအခါ ငွေတွေ အများကြီး ဆုံးရှုံးလိုက်ရသလိုမျိုး ခံစားလိုက်ရပါသည်။

စုရှောင်းယွီက သူ့သမီးအရင်း မဟုတ်သော်လည်း သူ့သမီးအရင်းလို လိုလိုလားလားနဲ့ သဘောထားမှာ ဖြစ်သည်။

စုရှောင်းယွီရဲ့ အမေအရင်းကလည်း သူမကို မတွေ့သလောက် ရှားသဖြင့် သူမရဲ့ ငယ်ဘဝက အထီးကျန်ဆန်ခဲ့သည်။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ရှားကျန်းချန် စကားလမ်းကြောင်းလွှဲလိုက်ပါသည်။ အဘိုးကြီးကို ကြည့်ကာ မေးလိုက်သည်။ "အဖေ၊ လင်းဖန်ကို ဘယ်လိုသဘောရလဲ"

အဘိုးကြီးလည်း ခေတ္တ စဉ်းစားကာ ပြန်ပြောလိုက်သည်။ "လင်းဖန်က ယဉ်ကျေးမှုရှိပြီး ရည်မှန်းချက်မြင့်တယ်။ ပြီးတော့ လင်းဖန်ရဲ့ အကျင့်စရိုက်နဲ့ စိတ်ဓာတ်က ကောင်းရုန်ကို ကဏ္ဍတိုင်းမှာ အနိုင်ယူနိုင်တယ်။ ဒီနေ့ ကောင်းရုန်နဲ့ သူ့လုံခြုံရေးတို့က လင်းဖန်ကို ၂ ကြိမ်တိတိ တိုက်ခိုက်ခဲ့ကြတယ်။ ဒုတိယ တစ်ခေါက်မှာ လင်းဖန် သာမန်လက်ဆောင်တွေ ပေးလို့ တဲ့တိုးကြီးတောင် လှောင်ပြောင်ခဲ့ကြသေးတယ်။ ဘေးပတ်လည်က ကြည့်နေတဲ့ လူတွေတောင် အရမ်း ရှက်ကုန်ကြတယ်။ လူတိုင်း ရှင်းပြနိုင်ပေမယ့် လင်းဖန်ကတော့ မရှင်းပြခဲ့ဘူး"

"အစကနေအဆုံးအထိ လင်းဖန်ရဲ့အပြုအမူက အရမ်းကောင်းပါတယ်" အဘိုးကြီး ချီးကျူးလိုက်ပါသည်။

ရှားကျန်းချန် မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်ပါသည်။ "အဖေ၊ လင်းဖန် ကိုယ့်ကိုယ်ကို မကာကွယ်၊ မချေပခဲ့တာက သတ္တိပိုနည်းတာ မဟုတ်ဘူးလား"

အဘိုးကြီးက တည်ငြိမ်စွာပြုံးလိုက်သည်။ "မဟုတ်ဘူး။ လင်းဖန်က အဲ့လိုလူမျိုး မဟုတ်ဘူး။ လင်းဖန်နဲ့ ကောင်းရုန်တို့အကြား ဘယ်သူပိုကောင်းလဲဆိုတာ မပြောနဲ့ဦး။ အရင်တုန်းက လင်းဖန် ဖြစ်ပျက်ခဲ့သမျှကို ငါစုံစမ်းပြီးသွားပြီ"

"ငါ့မြေးမနဲ့ အိပ်ဖို့ ကြိုးစားတဲ့ ကုမ္ပဏီ စီအီးအို တစ်ယောက် ရှိတယ်။ လင်းဖန်က ရပ်တည်ပေးခဲ့ပြီး ကလဲ့စားချေဖို့ အဲ့ဒီ စီအီးအိုကို အရှက်ခွဲခဲ့တယ်။ နောက်ဆုံးမှာတော့ နောက်ရက်မှာတင် အဲ့ဒီကုမ္ပဏီ ဒေဝါလီခံသွားရတယ်"

"လင်းဖန်က လမ်းမပေါ်က ကောင်မလေး တစ်ယောက်ကိုတောင် ကယ်ခဲ့သေးတယ်။ နာမည်က ထန်ရှင်းရန်တဲ့။ အဲ့လို ကယ်ခဲ့လို့ သန်းရာချီတန်တဲ့ ပြိုင်ကားတစ်စီး ပျက်စီးသွားခဲ့တယ်။ နောက်တော့ ပြန်ပြင်ပေးခဲ့တယ်ဆိုပေမယ့် ပြိုင်ကား ထိခိုက်သွားတော့ မူရင်းနဲ့တော့ ဘယ်ယှဉ်လို့ရတော့မလဲ။ ဆိုလိုတာက လင်းဖန်က ငွေကြေးကို အဲ့လောက် ဂရုမစိုက်ဘူးဆိုတာပဲ"

"အရေးအကြီးဆုံးက လင်းဖန်ရဲ့ စရိုက်ကို ငါမြင်နိုင်တယ်။ သူနဲ့ မရင်းနှီးတဲ့ ကလေးမလေး တစ်ယောက်ကိုတောင် ကယ်ခဲ့တာကွာ။ ငါ့ရဲ့ အဖိုးတန်မြေးမလေးကို မကာကွယ်ဘဲ နေမလား"

"ဒီနေ့ လင်းဖန်က လှောင်ပြောင်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် မတုန့်ပြန်ခဲ့တာက ငါ့မွေးနေ့ကို မဖျက်ဆီးချင်လို့ပဲ။ သူ ကြောက်တယ်လို့ မဆိုလိုဘူး"

"ပြီးတော့ ငါပြောချင်တာက လင်းဖန်ရဲ့ ဘေးမှာရှိတဲ့ ချောမောလှပတဲ့ လက်ထောက်လေးတစ်ယောက်နာမည်က စုမူချင်းလို့ ခေါ်တယ်။ စုမူချင်းက စုမိသားစုရဲ့ ဒုတိယသမီးပဲ။ စုမိသားစုက ရှန်ဟိုင်းမြို့ရဲ့ အဓိက မိသားစုကြီး လေးစုထဲက တစ်စုပဲ။ သူတို့ရဲ့ အနှစ်ချုပ် စွမ်းအားက ကောင်းမိသားစုအောက် မနိမ့်ကျဘူး။ ဒါပေမယ့် စုမိသားစုက သူတို့ရဲ့ အဖိုးတန်သမီးလေးကို လင်းဖန်ရဲ့ လက်ထောက် သွားလုပ်ခိုင်းထားတယ်။ လင်းဖန်မှာသာ အစွမ်းအစ မရှိရင် စုမူချင်းက လင်းဖန်ရဲ့ လက်ထောက် လာလုပ်ပါ့မလား"

"ငါသိသလောက်တော့ စုမူချင်းရဲ့ အစွမ်းအစက ကျိန်းသေပေါက် ကောင်းရုန်ထက်တော့ မနိမ့်ဘူး။ ရှောင်းယွီနဲ့ မယှဉ်နိုင်ဘူး ဆိုပေမယ့် ရှောင်းယွီလောက်နီးနီး တော်တယ်" အဘိုးကြီး ပြောလိုက်လေသည်။

ရှားကျန်းချန်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "အဲ့တာဆိုရင်တော့ လင်းဖန်က တကယ် လူကောင်းပဲ"

လင်းဖန်နဲ့ ကောင်းရုန်တို့ စတောင်မစရသေးသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြသည်။

ထိုနေ့ နေ့လည်ခင်းက ကောင်းရုန် အပျော်လွန်ခဲ့သည်။

သူနဲ့ ရှားဝမ်ချွေ့တို့အပေါ် အဘိုးကြီရဲ့ သဘောထား ခြားနားချက်အား မြင်ခဲ့ရပါသည်။

"ကြည့်ရတာ သခင်ကြီးနဲ့ ရှားကျန်းချန်တို့ကို သိမ်းသွင်းဖို့ သိပ်မခက်လောက်ဘူး ထင်ပါတယ်"

"အခု သိမ်းသွင်းဖို့ လိုတဲ့လူက ရှားဝမ်ချွေ့ပဲ။ ဒီနေ့ ရှားမိသားစုမှာ လင်းဖန် အရှက်ကွဲခဲ့တယ်။ သူနဲ့ ယှဉ်ရင် အသုံးမကျတဲ့ ရည်းစားကို ရထားတဲ့ ရှားဝမ်ချွေ့က ပိုပြီး ရှက်သွားမှာ မဟုတ်လား" ကောင်းရုန် တည်ငြိမ်စွာ ပြုံးလိုက်ပါသည်။

သူ့ဘေးက လုံခြုံရေးအစောင့်လည်း ပြုံးကာ ပြောလိုက်ပါသည်။ "စီအီးအိုကောင်း၊ ကျွန်တော်တို့ ရှားဝမ်ချွေ့ကို သိမ်းသွင်းနိုင်ရင် ပြဿနာ ကြီးကြီးမားမား ရှိမှာ မဟုတ်တော့ဘူး။ လင်းဖန်က သာမန်ကုမ္ပဏီအသေးစား တစ်ခုရဲ့ ဘော့စ်သာသာပဲလေ။ အနုပညာလောကထဲက လူ။ စီအီးအိုကောင်းနဲ့ ယှဉ်ရင် သူက ဘာကောင်မှ မဟုတ်ဘူး"

"သူ့ကိုယ်သူ စီအီးအိုကောင်းနဲ့ယှဉ်ပြီး ရှားဝမ်ချွေ့ကို လုယူဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား။ သူက ရုပ်ချောတာနဲ့ပဲ အနိုင်ယူနိုင်ပြီ ထင်နေတာလား။ ဒါက လူ့ပတ်ဝန်းကျင်၊ လက်တွေ့ဘဝပဲ" လုံခြုံရေး အစောင့်က ပြောလိုက်သည်။

ကောင်းရုန် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ သွားကြစို့"

"ငါတို့ အခု လုပ်ဖို့ လိုတာက ရှားဝမ်ချွေ့ကို သိမ်းသွင်းဖို့ပဲ။ ငါ့ရဲ့ ဆွဲဆောင်မှုနဲ့သာဆို မသိမ်းသွင်းနိုင်တဲ့ မိန်းမ ရှိပါ့မလား"

"ရှားဝမ်ချွေ့ နင်က ငါ့အပိုင်ပဲ"

တစ်ချိန်တည်းမှာပင် ကောင်မလေးတစ်ယောက် ကျန်းမြို့ကို ရောက်လာသည်။

သူမနောက်မှာ ကျားရှင်းဖျော်ဖြေရေးမှ ဘော်ဒီဂတ်များစွာ ပါလာသည်။

စုမူချင်း ရောက်လာပါပြီ။

အစကတော့ စုမူချင်း လာဖို့ အစီအစဉ် မရှိခဲ့ပေ။

သို့သော်လည်း သူမက လင်းဖန်ရဲ့ လက်ထောက် ဖြစ်သည်။ သူမ လင်းဖန်ဘေးမှာ မရှိရင်တောင် သူဘာဖြစ်ခဲ့သလဲဆိုတာကို သိနိုင်တဲ့ နည်းလမ်း တစ်ခုခု ရှိစမြဲပင်။

ဒီနေ့ဘာဖြစ်ခဲ့သလဲဆိုတာကို ကြားပြီး စုမူချင်း ကျန်းမြို့တော်ကို လေယာဉ်စီးလာခဲ့သည်။

"မိန်းကလေးစု၊ အားလုံး စီစဉ်ပြီးပါပြီ" လုံခြုံရေး တစ်ယောက်က ပြောလိုက်သည်။

"အင်း" စုမူချင်း နူးညံ့စွာ ခေါင်းငြိမ့်လိုက်သည်။

စုမူချင်း မျက်လုံးလှလှလေးများကို ပင့်လိုက်ပြီး သွေးအေးသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

အစတုန်းက သူမမှာ သန့်စင်ပြီး ချိုမြိန်တဲ့ ကောင်မလေး ဖြစ်ပါသည်။ သို့သော်လည်း ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ကြားပြီးနောက် သူမရင်ထဲက ဒေါသကို မဖိနှိပ်နိုင်တော့ပေ။

ကိုယ့်ထက်သာတဲ့လူဆိုတာ အမြဲတမ်း ရှိမှန်း ကောင်းရုန်ကို သိအောင် လုပ်ချင်သည်။

ယခင်ကတည်းက စုမိသားစုမှာ ကောင်းမိသားစုကို မကြောက်ခဲ့ပေ။

အခု စုမိသားစုရဲ့ ဒုတိယသမီးဖြစ်နေသည့်အပြင် သူမက လင်းဖန်ရဲ့ ကုမ္ပဏီများစွာထဲက လက်ထောက်လည်း ဖြစ်ပါသည်။

Bugatti, Estee Lauder, LV, Chanel တို့အပါအဝင် ဖြစ်သည်။

အရေးအကြီးဆုံးက Alibaba လည်း ပါဝင်ပါသည်။

စုမူချင်းက သူမလူတွေကိုခေါ်ကာ ထွက်လာခဲ့သည်။

လင်းဖန်ရဲ့ လက်ထောက်တစ်ယောက်အဖြစ် ဘာပဲဖြစ်လာပါစေ သူ့ဘေးမှာသာ ရှိနေပေးပါမည်။

"ဘော့စ်ကို အနိုင်ကျင့်ရဲတဲ့သူရှိရင် ဘယ်သူပဲဖြစ်ဖြစ် ငါလက်ခံနိုင်မှာ မဟုတ်ဘူး"

"ငါ့တို့ဘော့စ်ကို ဆက်ဆံခဲ့တဲ့ပုံစံကို နောင်တရသွားအောင် ကောင်းရုန်ကို ငါတို့ အရှက်ခွဲပြမယ်"

All Chapters