← Chapters

စုရှောင်းယွီလည်း ရောက်လာပြီ

Vol. 27 Ch. 394

စုရှောင်းယွီလည်း ရောက်လာပြီ

Vol. 27 Ch. 394

နေ့လည်ခင်း လောင်ဟဲပန်းခြံတွင်...

ကျန်းမြို့တော်သို့ မကြာသေးခင်ကမှ ရောက်လာခဲ့သည့် စုရှောင်းယွီကို ကြိုဖို့ လင်းဖန် Koenigsegg One ဖြင့် မောင်းလာခဲ့သည်။

စုရှောင်းယွီက JK ဂါဝန်ကို တတ်ထားပြီး သူမရဲ့ နှင်းလိုဖြူဖွေးသည့် ခြေတံသွယ်သွယ်များက ပေါ်လွင်နေသည်။ သူမက ငယ်ရွယ်မှုများ တက်ကြွမှုများဖြင့် ပြည့်နှက်နေပါသည်။

"ဆရာ ဆရာ မတွေ့ရတာကြာပြီ" စုရှောင်းယွီက ပန်းခြံထဲက ခုံတန်းရှည်တစ်ခုပေါ်မှာ ထိုင်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။

"နင် ဘာလို့ ကျန်းမြို့တော်ကို ရောက်လာတာလဲ။ ငါ့ကို ဖုန်းခိုးဆက်ပြီး လာကြိုဖို့တောင် ခိုင်းသေးတယ်" လင်းဖန် ပြောလိုက်သည်။ သူလည်း ခုံတန်းရှည်ပေါ် ထိုင်ပြီး စုရှောင်းယွီကို ကြည့်လိုက်ပါသည်။

"ငါလမ်းမေ့သွားလို့ပါ" စုရှောင်းယွီ ခေါင်းငုံ့လိုက်သည်။

“...”

သူ့ဦးနှောက်ကိုသုံးပြီး ညာလိုက်တာလား။

တချို့လူတွေက လမ်း တကယ် အရှာညံ့ပြီး လမ်းပျောက်တတ်ကြသည်။

သို့သော်လည်း စုရှောင်းယွီကတော့ ဉာဏ်ကြီးရှင်ကောင်မလေး မဟုတ်ဘူးလား။ လမ်းဆုံတချို့ကို မပြောနဲ့ ရှုပ်ထွေးတဲ ဖော်မြူလာပေါင်းများစွာကိုတောင် မှတ်သားနိုင်သည်။

သူမ လမ်းပျောက်ရင်တောင် မြေပုံကို ဘာလို့ မကြည့်တတ်ရမှာလဲ။

စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်သည်။ "ဆရာ အဲ့လောက်အသေးစိတ် စဉ်းစားနေဖို့ မလိုပါဘူး။ ဒီနေ့က အဘိုးရဲ့ မွေးနေ့လေ။ ငါ လာရမှာပေါ့။ ဆရာ့ကို တစ်ယောက်ယောက် အနိုင်ကျင့်မှာလည်း ဆိုးလို့ အမြန်လာကူညီတာပါ"

"ကူညီတယ် ဟုတ်လား။ ဒါ ဝတ်ထားပြီး ကူညီတာလား" လင်းဖန်က စုရှောင်းယွီရဲ့ ခြေတံသွယ်သွယ်ကို ကိုင်လိုက်သည်။

စုရှောင်းယွီက ရှက်သွေးဖြာသွားပြီး လင်းဖန်ရဲ့ လက်ကို တွန်းထုတ်လိုက်သည်။ "အား ဆရာ ဘယ်တွေ လာထိနေတာလဲ။ သူများတွေ မြင်ကုန်မယ်။ အစ်မဝမ်ချွေ့အနားမှာ မရှိရင်တောင် ငါ့ကိုဒီလိုအနိုင်ကျင့်လို့မရဘူး အီးဟီး"

လင်းဖန်က စုရှောင်းယွီကို ခေါင်းခေါက်လိုက်သည်။ "နင်က အနိုင်ကျင့်ခံရမှန်းတော့ သိတယ်ပေါ့။ တစ်ယောက်တည်း ထွက်လာပြီးတော့ JK စကတ်တိုတိုလေးပါ ဝတ်ထားသေးတယ်။ နင့်ကို ကာကွယ်ပေးမယ့်လူ မပါဘူးလား။ အခုချိန်မှာ လူဆိုးတွေ ဒီလောက်ပေါနေတာ။ နင့်ကို တစ်ယောက်ယောက်က အနိုင်ကျင့်ဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲ"

"ကိုယ့်အိမ်ကိုပြန်တဲ့လမ်းတောင် မသိဘူး။ တစ်ယောက်တည်း ထွက်လာရဲတယ်ပေါ့။ ရာဇဝတ်သားတစ်ယောက်က နင့်ကိုမြင်သွားပြီး ကြံစည်ရင် ဘယ်လိုလုပ်မလဲ။ နင်က ကြယ်ပွင့်တစ်ပွင့် မဟုတ်ဘူးလား။ အကြင်နာပေးခန်းတောင် မရိုက်ရသေးဘူး။ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ"

လင်းဖန်က စုရှောင်းယွီကို ကြည့်ပြီး မေးခွန်းတွေ တရစပ် မေးလိုက်သည်။

စုရှောင်းယွီက လျှာထုတ်ပြလိုက်သည်။ "ဟွန်း ငါ့ခြေထောက်တွေကို ထိလို့ မရဘူး"

လင်းဖန်က ပြောလိုက်သည်။ "နင့်ကို အဲ့လို စကတ်တိုတို မဝတ်ဖို့ ပြောနေတာ။ နားလည်လား"

စုရှောင်းယွီက ခေါင်းငြိမ့်လိုက်သည်။ "မသိဘူး~ ဆရာက သဝန်တိုပြီး ငါ့ကိုသဘောကျနေတာပဲသိတယ်

လင်းဖန် မတ်တပ်ရပ်လိုက်သည်။ "ဟုတ်ပြီ အဲ့တာတွေ မပြောနဲ့တော့။ အိမ်ပြန်ပြီး ညစာစားကြစို့။ ပြီးတော့ နောက်ကို လမ်းမသိရင် ငါ့ကို ကြိုပြော။ နင် တစ်ယောက်တည်း အပြင်ရောက်နေတာ စိတ်ပူတယ်"

စုရှောင်းယွီလည်း မတ်တပ်ရပ်လိုက်သည်။ စုရှောင်းယွီရဲ့ ဆံနွယ်ကို လေပြည်လေညှင်းလေးတစ်ခုက တိုက်ခတ်သွားသည်။ "ဟုတ်"

လင်းဖန် တောက်ပစွာ ပြုံးလိုက်ပါသည်။ "အခုမှ ချစ်ဖို့ကောင်းချင်ယောင်ဆောင်မနေနဲ့"

စုရှောင်းယွီ နှုတ်ခမ်းစူလိုက်သည်။ "အာဝူး ငါက ချစ်ဖို့ ကောင်းချင်ယောင်ဆောင်နေတာ မဟုတ်ဘူး။ ငါက အမြဲတမ်း ချစ်ဖို့ကောင်းပြီးသား~"

လင်းဖန်က စုရှောင်းယွီရဲ့ ခေါင်းကို ပွတ်ပေးလိုက်ပြီး ပြုံးလိုက်ပါသည်။ "အိမ်ပြန်ကြစို့။ ငါ အစကတော့ စားတော်ပွဲ ချက်ပေးဖို့ အစီအစဉ် မရှိဘူး။ ဒါပေမယ့် နင်ရောက်လာပြီဆိုတော့ ငါချက်ပြုတ်ပေးပါ့မယ်"

စုရှောင်းယွီ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။ ဆရာ့ရဲ့ ခေါက်ဆွဲထပ်စားလို့ရပြီ"

ကားထဲဝင်လိုက်ပြီး စုရှောင်းယွီကို ရှားသခင်ကြီးအိမ်ဆီ ပြန်ခေါ်လာခဲ့ပါသည်။

အိမ်ကိုပြန်ရောက်လာပြီးနောက် သခင်ကြီးနဲ့ ရှားကျန်းချန်တို့ကို စုရှောင်းယွီ မတွေ့ခဲ့ပေ။

ထို့ကြောင့် စုရှောင်းယွီ လင်းဖန်နဲ့သာ နေနိုင်ပါတော့သည်။

လင်းဖန် WeChat ဖွင့်ကြည့်လိုက်ရာ ရှားဝမ်ချွေ့ သူ့ညီမ ရှားချမ့်ချမ့်နဲ့ ဟင်းချက်ပစ္စည်းတွေ သွားဝယ်တာ ဖြစ်မှန်း မြင်လိုက်ရသည်။

လင်းဖန် "ဘာလို့ ဟင်းချက်ပစ္စည်းတွေ သွားဝယ်တာလဲ"

ရှားဝမ်ချွေ့ "သိပ်မဝေးတဲ့ စျေးမှာ သွားဝယ်တာပါ။ အဲ့က အစားအသောက်တွေက စျေးပိုသက်သာတယ်။ စိတ်မပူပါနဲ့"

လင်းဖန် "လိပ်စာပြော။ ငါလာခေါ်မယ္"

ရှားဝမ်ချွေ့ "အင်း~~"

စုရှောင်းယွီကို သွားခေါ်နေစဉ် ရှားဝမ်ချွေ့က စျေးဝယ်ထွက်သွားလိမ့်မည်ဟု လင်းဖန် မထင်ထားခဲ့ပါ။

ပုံမှန် စျေးသွားရင် လင်းဖန် ဘာမှ မပြောပါ။

သို့သော်လည်း ဒီနေ့ အခြေအနေက ခြားနားသည်။

ကောင်းရုန် အနားမှာ ရှိနေပါသေးသည်။

ကောင်းရုန် ဘာတွေကြံစည်မလဲဆိုတာ ဘယ်သူသိမှာလဲ။

ထိုအချိန်တွင် စုမူချင်းက ဖုန်းဆက်လာသည်။

"ယော့စ်လင်း ကျွန်မ ရှားမိသားစု အိမ်တော်နားကို ရောက်နေပြီ။ ဒီနေ့ည ဝမ်ချွေ့ရဲ့ အဘိုးဆီ လာလည်ပါ့မယ်" စုမူချင်းရဲ့ နူးညံ့တဲ့ အသံလေး ထွက်ပေါ်လာ၏။

"ဟုတ်ပြီ။ တစ်ယောက်ယောက် ခေါ်လာသေးလား။ တစ်ခုခု လုပ်စရာရှိလို့ ငါနဲ့ လိုက်ခဲ့" လင်းဖန်ပြောလိုက်သည်။

"ဟုတ်ကဲ့ ခေါ်လာပါတယ်" စုမူချင်း ခေါင်းငြိမ့်လိုက်သည်။

"ဝမ်ချွေ့က စျေးသွားဝယ်တယ်။ တစ်ခုခုဖြစ်မှာစိုးလိုု့။ နင့်လူတွေကို ခေါ်ပြီး ငါနဲ့ စျေးကို လိုက်ခဲ့" လင်းဖန် ပြောလိုက်ပါသည်။

စျေးတွင်...

ရှားဝမ်ချွေ့နဲ့ ရှားချမ့်ချမ့်တို့ စျေးဝယ်နေကြသည်

ရှားချမ့်ချမ့်က ရှားဝမ်ချွေ့ကိုကြည့်ကာ ပြောလိုက်ပါသည်။ "အစ်မ။ ခဲအိုက တကယ်ချောတာပဲနော်။ သူ့သီချင်းတွေကလည်း အရမ်းကောင်းတယ်။ ဒီနေ့ည သူ့ကို သီချင်း နည်းနည်းလောက် ဆိုခိုင်းလိုက်ပါလား"

ရှားဝမ်ချွေ့ ခေါင်းခါလိုက်သည်။ "အဲ့တာ လင်းဖန် ဆိုချင်လား မဆိုချင်လားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"

ရှားချမ့်ချမ့်က တခစ်ခစ်ရယ်မောလိုက်သည်။ "အစ်မ အရင်တုန်းက ခဲအို ဘယ်လိုမျိုး ရည်းစားစကား ပြောခဲ့တာလဲ"

ရှားဝမ်ချွေ့ ခေတ္တစဉ်းစားလိုက်ပြီး ရှားချမ့်ချမ့်ရဲ့ခေါင်းကို ခေါက်လိုက်ပါသည်။ "စာသာ ကြိုးစားစမ်း။ ကလေးတွေက အဲ့တာမျိုးတွေ မတွေးရဘူး"

စျေးဝယ်ပြီးနောက် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လူတချို့က ဓားကိုင်ပြီး ရှားဝမ်ချွေ့နဲ့ ရှားချမ့်ချမ့်တို့လမ်းမှာ ပိတ်ရပ်လိုက်ကြသည်။

"ရပ်စမ်း ငါတို့ ဓားပြတိုက်နေတာ" အနက်ရောင်ဝတ်စုံနဲ့ လူက ပြောလိုက်သည်။

ထိုအနက်ရောင်ဝတ်စုံနဲ့ လူတွေက ကြမ်းတမ်းမည့်ပုံပေါက်ပြီး ဓားတွေလည်း ကိုင်ထားသေးသည်။ သူတို့ တကယ်ကြီး ဓားပြတိုက်ဖို့ ရောက်လာကြတဲ့ပုံစံပင်။

ဒါတင်မကသေးဘဲ အနက်ရောင်ဝတ်စုံနဲ့ လူက ဗန်ကားတစ်စီးမောင်းလာပြီး ရှားချမ့်ချမ့်ရဲ့ လက်ကို ဆွဲကာ သူမကို ကားထဲ ခေါ်ဖို့ ကြိုးစားသည်။

"အစ်မ..." ရှားချမ့်ချမ့် ကယောင်ချောက်ချားဖြစ်သွားသည်။

"ရှင်တို့ ဘာကို ဓားပြတိုက်ချင်တာလဲ။ ပိုက်ဆံဘယ်လောက်လိုချင်လို့လဲ။ ကျွန်မမှာ အကုန်လုံးရှိတယ်။ ကျွန်မ ညီမကို ထိခိုက်အောင် မလုပ်နဲ့" ရှားဝမ်ချွေ့က ရှားချမ့်ချမ့်ကို အသည်းအသန် လှမ်းဆွဲလိုက်သည်။

ရှားချမ့်ချမ့် ကယောင်ချောက်ချားဖြစ်ရုံတင်မကဘဲ ငိုပါငိုသွားလေသည်။

ထို့နောက် ရှားချမ့်ချမ့်ကို ပါးရိုက်လိုက်သည်။

"ထပ်ငိုစမ်း၊ နင် ထပ်ငိုရင် ဒီမှာပဲ သတ်ပလိုက်မယ်" အနက်ရောင်ဝတ်စုံနဲ့ လူက ဓားကိုင်ပြီး ရှားချမ့်ချမ့်ရဲ့ ခန္ဓာကိုယ်ကို ရွယ်ထားလိုက်ပါသည်။

"ပြီးတော့ ရှားဝမ်ချွေ့ ဟုတ်တယ်မလား။ ကောင်းကောင်းနေနော်။ မဟုတ်ရင် နှစ်ယောက်စလုံးကို သတ်ပလိုက်လို့ ရတယ်။ ငါ ဘယ်လောက်လိုချင်လဲ မမေးနဲ့။ ငွေပဲလိုချင်တာမဟုတ်ဘူး။ လူကိုပါ လိုချင်တာ။ နင်က အရမ်းလှတာပဲ။ ဘယ်လောက်အရသာရှိလိုက်မလဲ" အနက်ရောင်ဝတ်စုံနဲ့ လူက ယုတ်မာစွာ ပြုံးလိုက်ပါသည်။

ထိုသို့ပြောလိုက်သော်လည်း အနက်ရောင်ဝတ်စုံနဲ့ လူက ရှားဝမ်ချွေ့ကို မထိရဲပါ။ ရှားချမ့်ချမ့်ကိုသာ မျက်နှာကြမ်းကြမ်းနဲ့ ဆွဲခေါ်သွားသည်။

အနက်ရောင်ဝတ်စုံနဲ့ လူတချို့က သူတို့ကို ဝိုင်းလိုက်ပြီး ရှားဝမ်ချွေ့နဲ့ ရှားချမ့်ချမ့်တို့ကို ဗန်ကားဆီ ဆွဲခေါ်ဖို့ ကြိုးစားကြသည်။

သူတို့ကို တကယ် ဗန်ကားထဲ ဆွဲခေါ်နိုင်သွားပါက ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ပါ။

ရှားချမ့်ချမ့်က အသက် ၁၆ နှစ် ရှိနေပြီဖြစ်ပြီး ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် ဖြစ်သည်။

ထိုကဲ့သို အရေးပေါ် အခြေအနေတစ်ခုတွင် ဘော်ဒီဂတ်များစွာ အပြေးအလွှားရောက်လာကြ၏။

တခြား ကားတစ်စီး၏ ရှေ့မီးက ဗန်ကားထဲက လူအားလုံးကို တိုက်သွားသည်။

ဝုန်း…

ထိုပြိုင်ကားက ... Maybach တစ်စီး ဖြစ်သသည်။

လူတစ်ယောက် ကားထဲမှ ထွက်လာခဲ့၏။

ကောင်းရုန် ဖြစ်ပါသည်။

"သူတို့ကို လွှတ်လိုက်" ကောင်းရုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကောင်းရုန်ကိုမြင်တော့ အနက်ရောင်ဝတ်စုံနဲ့ လူတွေရဲ့ မျက်နှာ အလွန် ပြောင်းလဲသွားခဲ့သည်။

"လခွမ်း အဲ့တာ ကောင်းရုန် မဟုတ်လား...."

"ယီးပဲ ကံဆိုးချက်။ ဓားပြလာတိုက်တာ ကောင်းရုန်နဲ့ လာဆုံရတယ်လို့။ ကောင်းရုန်က ကောင်းမိသားစုရဲ့ သားပဲ။ သူ့ကို တိုက်ခိုက်လို့ မရဘူး.."

"နင်တို့ ကံကောင်းသွားတယ်မှတ်။ နှုတ်ဆက်ခဲ့တယ်"

အနက်ရောင်ဝတ်စုံနဲ့လူတွေက ရှားချမ့်ချမ့်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး ထွက်ပြေးသွားကြသည်။

ထို့နောက် ကောင်းရုန်က ရှားဝမ်ချွေ့နဲ့ ရှားချမ့်ချမ့်တို့ဆီ တစ်လှမ်းချင်း လျှောက်လာပြီး လူကြီးလူကောင်းဆန်စွာ ပြုံးလိုက်သည်။

အစီအစဉ်က ပြီးပြည့်စုံလွန်းပါသည်။

မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားဖို့ အကောင်းဆုံးနည်းလမ်းက ဒုက္ခရောက်နေချိန်မှာ ကယ်တင်ပေးဖို့ ဖြစ်ပါသည်။

အရေးပေါ် အခြေအနေတွေမှာ မိန်းကလေးတွေက ယောက်ျားလေးများကို အလိုအလျောက် အားကိုးသွားတတ်ကြသည်။ သင့်တော်တဲ့ အကျိုးခံစားခွင့်ရှိပါက မိန်းကလေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ပါသည်။

မိန်းကလေးတစ်ယောက်ကို ပိုးပန်းကို အကောင်းဆုံး အချိန်က ဘယ်အချိန်မှာလဲ။

ဥပမာအားဖြင့် မိန်းကလေးတစ်ယောက် အသည်းခွဲခါစ အချိန်ကို အခွင့်ကောင်းယူလို့ ရသည်။

သို့မဟုတ် ကောင်မလေးတစ်ယောက်ကလွဲပြီး သူမနားက လူတွေအားလုံးမှာ ကောင်လေးရှိနေတာမျိုး ဖြစ်သည်။ ထိုအခါ သူမကို ပိုးပန်းဖို့ အလွန် လွယ်ကူသွားပါပြီ။

ဒုက္ခရောက်နေချိန် ကယ်တင်တာကလည်း နည်းလမ်း တစ်ခု ဖြစ်သည်။ ရှားဝမ်ချွေ့နဲ့ နီးစပ်နိုင်ပြီး အခွင့်အလမ်းတစ်ခု ဖန်တီးနိုင်ပါက သူ့ရဲ့ ထူးချွန်မှုနဲ့ဆို ရှားဝမ်ချွေ့လို မိန်းကလေးမျိုးက ဖမ်းစားဖို့ လွယ်ကူသည်ဟု ကောင်းရုန် ယုံကြည်ထားပါသည်။

All Chapters