← Chapters

ခြေထောက်တွေကို ချိုးပစ်လိုက်

Vol. 27 Ch. 395

ခြေထောက်တွေကို ချိုးပစ်လိုက်

Vol. 27 Ch. 395

ကောင်းရုန်တစ်ယောက် ရှားဝမ်ချွေ့ရှေ့ကို လျှောက်သွားလိုက်သည်။

"ဝမ်ချွေ့ အဆင်ပြေရဲ့လား။ ဒီနေ့ည သခင်ကြီးနဲ့ တစ်ခွက် နှစ်ခွက်လောက် သောက်ဖို့ လာခဲ့တာ။ နင်နဲ့ တွေ့မယ်လို့ ထင်မထားဘူး။ လခွီးထဲမှ။ ကျန်းမြို့တော်လို မြို့မျိုးမှာ ဓားပြတိုက်ရဲတယ်လို့။ အသက်ရှင်ရတာ ဝသွားကြပြီထင်တယ်"

ရှားဝမ်ချွေ့က ကောင်းရုန်ကို သူမရဲ့ မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ ခပ်ဖျော့ဖျော့ ခေါင်းငြိမ့်လိုက်ပါသည်။

တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ကောင်းရုန် သရုပ်ဆောင်နေမှန်း သိသာပါသည်။

မင်းသမီးကို သူရဲကောင်းက လာကယ်သည့် ရိုးအီနေသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။ တစ်ယောက်ယောက်က စျေးလာဝယ်နေတုန်း ဓားပြတိုက်ခံရပြီး ကောင်းရုန်၏ ကယ်တင်ခြင်းကို ခံရမည်။

သို့သော်လည်း သက်သေ မရှိသဖြင့် ရှားဝမ်ချွေ့ ထုတ်ပြောလို့ မရခဲ့ပေ။

ရှားဝမ်ချွေ့ကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကောင်းရုန်နဲ့ ထိုရာဇဝတ်သားများ၏ စုတ်စုတ်ပြတ်ပြတ် သရုပ်ဆောင်မှုများကို ဖောက်ထွင်းမြင်နိုင်သည်။

တကယ်တမ်း ရာဇဝတ်ကောင်ဖြစ်ပါက သူမကို ထိဖို့ စိတ်အားထက်သန်နေလိမ့်မည်။

"ကျေးဇူးပါ" ရှားဝမ်ချွေ့ ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။ ထို့နောက် ရှားချမ့်ချမ့်ရဲ့ လက်ကို ကိုင်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါသည်။

ထိုအချိန်တွင် သန်းရာချီတန်သည့် ပြိုင်ကား Koenigsegg One ရောက်ရှိလာခဲ့သည်။

တစ်ချိန်တည်းမှာပဲ မော်တော်ဆိုင်ကယ် ရာကျော် ရောက်လာခဲ့၏။

မော်တော်ဆိုင်ကယ်များအားလုံး၏ မီးရောင်များကြောင့် တစ်စျေးလုံး လင်းထိန်သွားသည်။

Koenigsegg ပြိုင်ကားထဲမှ လင်းဖန် ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

အားလုံးရဲ့ အကြည့်က လင်းဖန်ဆီ ရောက်သွား၏။

လင်းဖန် ရောက်လာပြီ။

လင်းဖန်ရဲ့ နောက်မှာတော့ အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်ရာနဲ့ချီပြီး ရှိနေပါသည်။

၎င်းတို့ထဲတွင် ရှားချမ့်ချမ့်ကို တိုက်ခိုက်ခဲ့သည့် ဓားပြများကိုလည်း အနက်ရောင်ဘော်ဒီဂတ်များက ဖမ်းလာခဲ့သည်။

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး လုံးဝ အေးခဲသွားရသည်။

လင်းဖန်လည်း ရှားဝမ်ချွေ့ဆီ တန်းတန်းမတ်မတ် လျှောက်လာပြီး သူမကို အနွေးထည် ခြုံပေးလိုက်သည်။

လင်းဖန် တောက်ပစွာပြုံးလိုက်ပြီး ရှားဝမ်ချွေ့ရဲ့ ခေါင်းလေးကို ချစ်မြတ်နိုးစွာ ပုတ်ပေးလိုက်ပါသည်။

"ဘာလို့ အဲ့လောက် သတိမဲ့ရတာလဲ။ နောက်ကို နင် အပြင်သွားတိုင်း ငါ့ကိုပြောသွား ကြားလား။ တစ်ယောက်တည်း သွားခွင့် မရှိဘူး"

ရှားဝမ်ချွေ့ကို အနွေးထည် ခြုံပေးလိုက်တော့ သူမ လုံခြုံသွားသလို ခံစားလိုက်ရပါသည်။

အားလုံးရဲ့ မျက်လုံးက ဒီအခိုက်အတန့်ကို အာရုံစိုက်နေကြသည်။

သူတို့ လင်းဖန်ကိုသာ အာရုံစိုက်ထားကြပါသည်။

ဒီမှာ ဓားပြမှု တစ်မှု ဖြစ်သွားခဲ့၏။ ယခု လူတွေ စုံလာသဖြင့် ပွဲကြည့်ပရိတ်သတ်လည်း ပိုပိုပြီး များလာခဲ့ပါသည်။

Koenigsegg One ကားကြီးကို လူအုပ်ကြားထဲ မောင်းလာပြီး အာဏာရှိတဲ့ စီအီးအိုတစ်ယောက်လို ရှားဝမ်ချွေ့ကို လင်းဖန် ကာကွယ်လိုက်တာကို မြင်သွားကြသောအခါ လူပေါင်းများစွာ မှင်သက်သွားကြပါသည်။

"အားကျလွန်းလို့ ငိုတောင် ငိုချင်လာပြီ။ ဓားပြနဲ့တွေ့ပြီး လင်းဖန်ရောက်လာတယ်။ ဓားပြတွေကိုတောင် ဖမ်းလာခဲ့သေးတယ်"

"လင်းဖန်ကတ ကယ့်ကို ချောလွန်းပါတယ်"

"ဘုရားရေ လင်းဖန်ကို တကယ်ကြီး မြင်လိုက်ရပြီ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တကယ်ချစ်ကြတာပဲ။ ဒီလိုကောင်လေးမျိုးသာရှိရင် လိုလိုလားလားနဲ့ လက်ထပ်လိုက်မယ်"

ရှားဝမ်ချွေ့က လင်းဖန်ကို သူမရဲ့ မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ဝမ်းနည်းစွာ ပြောလိုက်ပါသည်။ "ငါ သိပါပြီ။ နောက်ကို နင့်စကားနားထောင်ပါ့မယ်"

ချွဲနွဲ့တတ်ပြီး ဝမ်းနည်းပြတတ်တာက မိန်းကလေး သဘာဝ ဖြစ်သည်။ အထူးသဖြင့် ရှားဝမ်ချွေ့လို မိန်းမလှလေးမျိုးအတွက် ဖြစ်၏။

လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ခါးသွယ်သွယ်လေးကို ဖက်ထားလိုက်ပြီး သူမရဲ့ နှုတ်ခမ်းနီနီရဲရဲလေးကို နမ်းရှိုက်လိုက်ပါသည်။

ဒီမြင်ကွင်းကို ကင်မရာပေါင်းများစွာက မှတ်တမ်းတင်ထားခဲ့သည်။

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။ သို့သော်လည်း လင်းဖန်ရဲ့ အားပါပါအနမ်းကို မတွန်းလှန်ခဲဲ့ပါ။

"အိမ်ပြန်ကြစို့" လင်းဖန် ပြုံးလိုက်သည်။

"အင်း ပြန်ကြစို့" ရှားဝမ်ချွေ့လည်း ညင်သာစွာ ခေါင်းငြိမ့်လိုက်ပါသည်။

ရှားချမ့်ချမ့်က လင်းဖန်ကို ပရိတ်သတ် ကောင်မလေး တစ်ယောက်လို ကြည့်ကာ သူမရဲ့ မျက်နှာမှာလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပါသည်။

သို့သော်လည်း သူမရဲ့ ပါးပြင်ပေါ်မှာ ပါးရိုက်ခံထားရသည့် အရာကြီး ရှင်းရှင်းလင်းလင်း ရှိနေသေးသည်။

အနက်ရောင်ဝတ်စုံနဲ့ ဓားပြ ပါးရိုက်ထားတာ ဖြစ်ပါသည်။

လင်းဖန်က အနက်ရောင်ဝတ်စုံနဲ့ ဓားပြသုံးယောက် ရှေ့ကို လျှောက်သွားလိုက်သည်။ သူတို့ ၃ ယောက်က ခေါင်းမာလွန်းသည်။ ကောင်းရုန်ကို မြင်နေရသဖြင့် သူတို့ ဘာမှမပြောရဲကြပါ။

ဝုန်း…

လင်းဖန် တက်နင်းလိုက်သည်။

ဂျွတ်…

ရှားချမ့်ချမ့်ကို ပါးရိုက်ခဲ့တဲ့လူရဲ့ လက် ချက်ချင်း ကျိုးပဲ့သွား၏။

"အား" အနက်ရောင်ဝတ်စုံနဲ့ ဓားပြ ချွေးတွေ အများကြီးထွက်ကာ အလွန်နာကျင်နေပါသည်။

"မင်းတို့ မှတ်ထား။ မင်းတို့ နောက်မှာ ဘယ်သူပဲရှိရှိ မင်းတို့ တိုက်ခိုက်လို့မရတဲ့လူတွေဆိုတာ ရှိတယ်"

လင်းဖန် ပြောပြီးတာနဲ့ အနက်ရောင်ဝတ်စုံနဲ့ လူ ၃ ယောက်ကို ကြည့်တောင် မကြည့်တော့ပါ။ ရှားဝမ်ချွေ့နဲ့ အတူတူ လှည့်ထွက်သွားသည်။ သူတို့ ၃ ယောက်ကိုတော့ ကျိန်းသေပေါက် ရဲလက်အပ်ရမှာ ဖြစ်သည်။

ကောင်းရုန်ကို မဖော်ပါက သူတို့ ၃ ယောက် ဓားပြမှုနဲ့ ထောင်ကျမည်။

တဖက်မှာတော့ ကောင်းရုန်ရဲ့ မျက်နှာ မှောင်မိုက်နေပါသည်။

သူခက်ခက်ခဲခဲ စီစဉ်ထားခဲ့ရတဲ့ သူရဲကောင် ကယ်တင်ခန်းကြီးလည် ပျက်စီးသွားရလေပြီ။

ရှားဝမ်ချွေ့ကိုတောင် လင်းဖန် လာခေါ်သွားသည်။

တစ်နည်းအားဖြင့် သူ လုပ်ခဲ့တာတွေ အားလုံး ဘာမှ အာနိသင်မရှိတော့ပေ။

သို့သော်လည်း ကောင်းရုန်ရဲ့ မျက်နှာထား မပြောင်းလဲသေးပါ။ လင်းဖန်က သူ့ရှေ့ကို လျှောက်လာသည်။

လင်းဖန် သူ့ကို ကျေးဇူးတင်ပြီး ဂါဝရပြုမှာကို ကောင်းရုန် စောင့်နေပါသည်။

ဘာပဲဖြစ်ဖြစ် အပေါ်ယံကကြည့်ရင်တော့ ရှားဝမ်ချွေ့ကို သူကယ်တင်ခဲ့တာ ဖြစ်သည်။ သူ့ကြောင့်သာ မဟုတ်ရင် ရှားဝမ်ချွေ့ ပြန်ပေးဆွဲခံရနိုင်သည်။

သက်သေမရှိဘဲ သူကြိုတင်ကြံစည်ခဲ့တာဟု ဘယ်သူမှ စွပ်စွဲလို့ မရပါ။

မကြာမီ လင်းဖန်နဲ့ ကောင်းရုန်တို့ တဖြည်းဖြည်း ပိုနီးလာသည်။

၃ မီတာ၊ ၂ မီတာ၊ ၁ မီတာ။

လင်းဖန် ရောက်သွားသည်။

အစမှအဆုံးအထိ လင်ဖန် ကောင်းရုန်ကို ကြည့်တောင် မကြည့်ခဲ့ပေ။

မျှော်လင့်ထားတဲ့ ကျေးဇူးတင်စကားနဲ့ ဂါဝရပြုတာလည်း မရှိခဲ့ပါ။

ရှားဝမ်ချွေ့၏ မျက်လုံးထဲမှာ လင်းဖန်သာ ရှိသည်။

ကျန်းမြို့တော်ထဲကလူတိုင်း ဘယ်တုန်းက သူ့ကို ဒီလောက် ရိုင်းရိုင်းပျပျ ဆက်ဆံဖူးလို့လဲ။

ကောင်းရုန် ဘာမှမပြောပါ။ ထို့အစား သူ့ဘေးက ဘော်ဒီဂတ်ကသာ ဝင်ပြောလိုက်သည်။ "လင်းဖန် မင်းကန်းနေလား။ ဘာလို့ စီအီးအိုကောင်းကို ဂါဝရ မပြုတာလဲ။ စီအီးအိုကောင်းကြောင့်သာ မဟုတ်ရင် ရှားဝမ်ချွေ့ အနိုင်ကျင့်ခံလိုက်ရတာကြာပြီ။ ဟားဟားဟား"

ထိုအနက်ရောင်ဘော်ဒီဂတ်က မနက်တုန်းကလည်း လင်းဖန်ကို လှောင်ပြောင်ခဲ့သေးသည်။

သို့သော်လည်း အဘိုးကြီးရဲ့ မွေးနေ့ဖြစ်တာကြောင့် လင်းဖန် အပျော်ကို မဖျက်ချင်ခဲ့ပါ။

သို့သော် အခုချိန်က မတူပေ။

မနက်တုန်းက အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ် သူ့ကို လှောင်ပြောင်ရင်လည်း ဘာမှမဖြစ်ပါ။ သူ့ကို ကန်းနေလားဟု စော်ကားရင်တောင် ဘာမှ မဖြစ်ပါ။

သို့သော် သူ့ရှေ့မှာ ရှားဝမ်ချွေ့ကို လှောင်ပြောင်တာမျိုးကိုတော့ လင်းဖန် လက်မခံနိုင်ပါ။

သူ့ခြေလှမ်းတွေ ရပ်တန့်သွား၏။

ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပြီး သူ့လက်မောင်းကို နူးနူးညံ့ညံ့ဆွဲလိုက်ပါသည်။

"လင်းဖန်..."

သူမ စိုးရိမ်သွား၏။

ဘာပဲဖြစ်ဖြစ် ကောင်းရုန်ရဲ့ အစွမ်းအစနဲ့ ကောင်းမိသားစု ကျန်းမြို့တော်ထဲမှာ ဘယ်လောက် ကြောက်ဖို့ကောင်းသလဲဆိုတာကို ရှားဝမ်ချွေ့ သိထားပြီးသား ဖြစ်သည်။

ပဋိပက္ခဖြစ်လာပါက ကျိန်းသေပေါက် လင်းဖန်အတွက် ကောင်းနိုင်မှာ မဟုတ်ပေ။

လင်းဖန်လည်း ရှားဝမ်ချွေ့ရဲ့ လက်ကလေးကို နူးနူးညံ့ညံ့ကိုင်ပြီး ပြုံးလိုက်ပါသည်။ "ရပါတယ်။ ဘာမှမဖြစ်ဘူးနော်"

ထို့နောက် ဖြည်းဖြည်းချင်း ပြန်လှည့်လာပြီး အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်ကို ကြည့်လိုက်သည်။

အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်က အထင်သေးသည့် အရိပ်အယောင်မျိုးပြနေ၏။

မနက်တုန်းက အဘိုးကြီးကြောင့် သူထိန်းထားခဲ့တာ ဖြစ်သည်။

အခုတော့ လင်းဖန်ကို လုံးဝ မကြောက်တော့ပါ။

သူ့ဘေးမှာ ရပ်နေတဲ့လူက ကောင်းမိသားစုရဲ့ ဆက်ခံသူ ကောင်းရုန် ဖြစ်သည်။။

လင်းဖန် သူ့ကိုထိရဲလို့လား။

"ဝိုး... မင်းကိုယ်မင်း အရမ်းအရေးပါတဲ့လူလို့ ထင်နေတာလား။ မင်း သူများကို ရိုက်ချင်လို့လား။ ရိုက်ချင်ရင် ဒီကို ရိုက်လိုက်စမ်း" အနက်ရောင် ဝတ်စုံနဲ့ ဘော်ဒီဂတ်က သူ့ခြေထောက်ကို ထိုးပြပြီး အရွဲ့တိုက်စွာ ပြုံးလိုက်ပါသည်။

ကောင်းရုန်နောက်က ဘော်ဒီဂတ်များစွာလည်း လှောင်ပြောင်စွာဖြင့် ပြုံးလိုက်ကြပါသည်။

လင်းဖန်နောက်က ဘော်ဒီဂတ် ရာဂဏန်းက တစ်ပြိုင်တည်း လှည့်လာကြပြီး သူ့အမိန့်ကို စောင့်နေကြသည်။

တစ်ချိန်တည်းမှာပဲ ဖြတ်သွားဖြတ်လာများစွာက ထွက်သွားကြသည်။ ဆက်မကြည့်ရဲကြတော့ပေ။

စပ်စုချင်နေသေးတဲ့လူတွေကိုတောင် စုမူချင်းက ဆွဲခေါ်သွားသည်။

ဘော်ဒီဂတ်တွေအားလုံး လင်းဖန်ကို ကြည့်နေကြ၏။

လင်းဖန်က ခေါင်းမော့ပြီး အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်ကို ကြည့်လိုက်သည်။

"သူ့ခြေထောက်တွေကို ချိုးလိုက်စမ်း"

"သူ့ကို ကာကွယ်ပေးချင်တဲ့လူတိုင်းလည်း ခြေထောက်ကျိုးသွားစေရမယ်"

သူ ပြောလိုက်တာနဲ့... လင်းဖန်နောက်က ဘော်ဒီဂတ် ရာဂဏန်း တစ်ပြိုင်တည်း တိုက်ခိုက်ကြလေသည်။

ကောင်းရုန် နောက်က ဘော်ဒီဂတ်တွေ ဒါကို မြင်သောအခါ ကြောက်ရွံ့မှု မရှိဘဲ သရော်ပြုံး ပြုံးလိုက်ကြပါသည်။

တစ်ချိန်တည်းမှာပဲ ကောင်းရုန်နောက်က ဘော်ဒီဂတ်တွေ ရှေ့တိုးလာကြသည်။

ထိုအချိန်တွင်း ပတ်ဝန်းကျင်တစ်ခုလုံး တင်းမာနေခဲ့သည်။

ကောင်းရုန်က ဘော်ဒီဂတ် အများကြီး ခေါ်လာခဲ့သော်လည်း အယောက် ၃၀ ဝန်းကျင်သာ ရှိပါသည်။

လင်းဖန်မှာ ဘော်ဒီဂတ် ရာချီပြီး ရှိသည်။

ကောင်းရုန် အေးအေးဆေးဆေး ပြောလိုက်၏။

"လင်းဖန်၊ ငါရှားဝမ်ချွေ့ကို ကယ်ထားတာနော်။ မင်းငါ့ကို ကျေးဇူးမတင်ရင်တောင် ရတယ်။ ဒါပေမယ့် ဒီလိုလုပ်တာတော့ ငါသည်းခံမှာ မဟုတ်ဘူး။ ကျန်းမြို့တော်မှာ ငါ့လူတွေကို ဘယ်သူမှ မထိရဲဘူးကွ။ မင်းထိရဲထိကြည့်လိုက်"

ကောင်းရုန်ဘေးက ဘော်ဒီဂတ်တွေ အားလုံး တန်းစီကာ သူ့ကို ကာကွယ်လိုက်ကြသည်။

လင်းဖန်ဘေးက ဘော်ဒီဂတ်တွေ ရပ်တန့်သွားပြီး သူ့ကို တွန့်ဆုတ်စွာ ကြည့်လိုက်ကြသည်။

သူတို့ တကယ် ကောင်းရုန်ရဲ့ လူတွေကို သွားထိပါက ပြဿနာတွေ ရိုးရှင်းမှာ မဟုတ်တော့ပေ။

လင်းဖန် သူ့ဘေးက ဘော်ဒီဂတ်တွေကို ထပ်ကြည့်လိုက်ပြီး သူ့အသံက ပိုကျယ်လောင်လာသည်။

"ငါထပ်ပြောမယ်"

"သူ့ခြေထောက်ကို သွားချိုးကြစမ်း"

All Chapters