ကောင်းမိသားစုနဲ့ တိုက်ပွဲစတင်ခြင်း
Vol. 27 Ch. 396
"ငါထပ်ပြောမယ်"
"သူ့ခြေထောက်ကို သွားချိုးကြစမ်း"
လင်းဖန် ပြောပြီးတာနဲ့ ဘေးပတ်လည်က ဘော်ဒီဂတ်အားလုံး ကောင်းရုန်ဆီကို လျှောက်သွားကြသည်။
ဘယ်သူမှ မတွန့်ဆုတ်ကြတော့ပေ။
လင်းဖန်က ကျားရှင်းဖျော်ဖြေရေးရဲ့ ဘော့စ်ဖြစ်ပြီး သူတို့ရဲ့ ဘော့စ်ဖြစ်မှန်းလည်း အားလုံး သိကြသည်။
သူတို့ဘော့စ်ရဲ့ အမိန့်ကို ၂ ခါ ပြန်စဉ်းစားစရာ မလိုပါ။ အမိန့်နာခံဖို့သာ လိုအပ်သည်။
"ငါ့လူတွေကိုထိတဲ့ကောင်တွေအကုန်လုံး ခြေထောက် အချိုးခံရမယ်" လင်းဖန်က ပြောလိုက်သည်။
ထို့နောက် ကောင်းရုန်ကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်၏။
ဝုန်း ဝုန်း ဝုန်း။
ပတ်ဝန်းကျင်အခြေအနေတစ်ခုလုံး လုံးဝ ရပ်တန့်သွားသည်။
လင်းဖန်ရဲ့ စကားလုံးများကြောင့် ကောင်းရုန်ဘေးက ဘော်ဒီဂတ်တွေတောင် မလှုပ်ရဲကြတော့ပေ။
တစ်ယောက်ယောက် လှုပ်ရဲပါက လင်းဖန် တကယ် ခြေထောက်ရိုက်ချိုးလိမ့်မည်။
ကောင်းရုန်တောင် ရပ်တန့်နေရပါသည်။
လင်းဖန်က တကယ်ကြီး... သူ့လူတွေကို ထိရဲတယ်ပေါ့။
လင်းဖန် သူ့ကို အထင်သေးနေခြင်းပင်။
သို့သော်လည်း အခုတော့ သူဘာမှ မပြောနိုင်ပါ။
"စီအီးအိုကောင်း၊ ကယ်ပါဦး။ ကယ်ပါဦးဗျာ..."
"ကျွန်တော်က စီအီးအိုရဲ့ လက်အောက်ငယ်သားလေ။ လင်းဖန်မှာ ကျွန်တော့်ကို တိုက်ခိုက်ခွင့်ရှိလို့လား။ ရှိလို့လားလို့"
"သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ။ ကျွန်တော့်ကိုများ တိုက်ခိုက်ရဲ.."
"မ..မ...မလုပ်နဲ့"
အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ် မြေပေါ်လှဲချခြင်း ခံလိုက်ရသည်။
ထို့နောက် အရိုးကျိုးသံများ ထွက်ပေါ်လာ၏။
ဂျွတ်။
အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်ရဲ့ ခြေထောက်တွေ ကျိုးကုန်ပါပြီ။
"အား"
အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ် ဖြူဖပ်သွားပြီး သတိလစ်သွားတော့သည်။
ဖြစ်စဉ်တစ်လျှောက်လုံး လင်းဖန်ကော ကောင်းရုန်ကော စကားတစ်ခွန်းမပြောကြပေ။
တခြား ဘော်ဒီဂတ်တွေလည်း ဘာမှမပြောကြပါ။
ကောင်းရုန်ဘေးက ဘော်ဒီဂတ်တွေ လှုပ်တောင် မလှုပ်ရဲကြပါ။
လင်းဖန်တကယ်ကြီး ကောင်းရုန်ရှေ့မှာ လုပ်ရဲလိမ့်မည်ဟု ဘယ်သူကထင်မှာလဲ။
ကျန်းမြို့တော်က ကောင်းမိသားစုကို လူထုရှေ့မှာ လင်းဖန်က ဒီလိုအရှက်ခွဲသွားခဲ့သည်။
"စီအီးအိုကောင်း။ ခင်ဗျားရဲ့ အစေခံတွေက စကားမပြောတတ်ကြဘူး။ အစေခံတွေကို ကျွန်တော်က ကူပြီး သင်ပေးလိုက်တာပါ။ ခင်ဗျား ကန့်ကွက်ချင်တာများ ရှိလား" လင်းဖန်က တည်ငြိမ်နေတဲ့ မျက်နှာနဲ့ ကောင်းရုန်ဆီကို တစ်လှမ်းချင်း လျှောက်လာခဲ့ပါသည်။
"လင်းဖန်။ ဒီနေ့ဖြစ်ခဲ့တာတွေကို ကောင်းမိသားစုက အမှတ်ရနေမယ်"
"ကောင်းမိသားစုကို စော်ကားတဲ့ အကျိုးဆက်တွေကို မင်းလည်း အမှတ်ရသွားစေရမယ်။ ရှားမိသားစုက မင်းကို မကယ်တင်နိုင်ဘူး" ကောင်းရုန်က ထိုသို့ပြောပြီး သူ့ဘော်ဒီဂတ်တွေနဲ့ လှည့်ထွက်လာခဲ့ပါသည်။
လူတွေ အများကြီး ထွက်သွားတာ မြင်ကာမှ ရှားချမ့်ချမ့် ပေါ်လာခဲ့သည်။
ရှားချမ့်ချမ့် လင်းဖန်ကို ပရိတ်သတ်မလေး တစ်ယောက်လို ကြည့်လိုက်သည်။။
"ဝိုး ခဲအိုက အရမ်းတော်တာပဲ" ရှားချမ့်ချမ့် ရှက်သွေးဖြာသွားသည်။
"ဒီနေ့မနက် ငါ့ခဲအိုကို အဲ့ဒီဘော်ဒီဂတ်က လှောင်ခဲ့တာ။ အခုလည်း ငါ့အစ်မကို လှောင်ပြန်တယ်။ ဘယ်သူမဆို ဒေါသထွက်မှာပဲ။ အဲ့လိုလူမျိုးကို သင်ခန်းစာကောင်းကောင်းပေးမှကို ရမှာ" ရှားချမ့်ချမ့်ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့လည်း လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်သည်။
သူမ အနည်းငယ် စိုးရိမ်နေပါသည်။
ကျန်းမြို့တော်မှာ ကောင်းမိသားစုရဲ့ လွှမ်းမိုးမှုအကြောင်း သူမသိသည်။ ကောင်းရုန်ကို ဒီလိုမျိုး စော်ကားလိုက်ပါက လင်းဖန် တစ်ခုခု ဖြစ်သွားနိုင်ပါသည်။
ကျားရှင်းဖျော်ဖြေရေးနဲ့ ဧကရာဇ်ဖျော်ဖြေရေးတောင် ပြဿနာတက်သွားနိုင်ပါသည်။
ရှားဝမ်ချွေ့က လင်းဖန်ပေးထားသည့် အနွေးထည်လေးကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူမ လေပြည်တွေကြားထဲ မတ်တပ်ရပ်နေပြီး လှပစွာ ပြုံးလိုက်သည်။
"လင်းဖန်။ ကောင်းမိသားစု တကယ်တမ်း တိုက်ခိုက်လာလို့ အဆင်မပြေရင် ငါ့အမေကို သွားတွေ့မယ်။ ငါ့အမေကတော့ ကျိန်းသေပေါက် ကောင်းမိသားစုကို ကြောက်မှာ မဟုတ်ဘူး" ရှားဝမ်ချွေ့ ပြောလိုက်လေသည်။
"ရပါတယ်။ ကောင်းမိသားစု တရားလွန်တာကိုး။ ဘာမှ ကြောက်စရာ မလိုဘူး။” လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ဦးခေါင်းလေးကို ပုတ်ပေးလိုက်ပြီး သူမရဲ့ လက်ကိုတွဲကာ အိမ်ပြန်လာခဲ့ပါတော့သည်။
အိမ်ကို ပြန်ရောက်သောအခါ ထိုဘော်ဒီဂတ်များလည်း ရှားအိမ်တော်မှာပဲ ခေတ္တ အနားယူခဲ့ကြသည်။
ရှားမိသားစုအိမ်တော်က အလွန် ကြီးမား၏။ ထို့ကြောင့် ဘော်ဒီဂတ်တွေအများကြီး နေထိုင်ဖို့ ပြဿနာ မရှိပါ။
ကောင်းရုန် သူ့ကို ကလဲ့စား ကျိန်းသေပေါက် ချေလိမ့်မည်ဟု လင်းဖန် ခန့်မှန်ထားပြီးသား ဖြစ်ပါသည်။
ကောင်းရုန်က သူ့ကို ကလဲ့စားချေချင်တယ်ဆိုမှတော့ လင်းဖန်က ကောင်းရုန်ကို ဦးစွာ ကလဲ့စားချေလိုက်ပါမည်။
မကြာမီ စုမူချင်းကို လင်းဖန် ဖုန်းဆက်လိုက်၏။
"ဘော့စ်လင်း ပြောပါ" စုမူချင်း ပြောလိုက်၏။
"ကျားရှင်းဖျော်ဖြေရေးက ဆယ်လီတွေ၊ အထူးသဖြင့် လင်းခဲ့ရှင်း၊ ချူးယောင်ယောင်၊ ထန်ရှင်းရန်တို့လို ကောင်မလေးတွေကို ဒီကာလအတွင်း ကိုယ့်ကိုယ်ကို ကာကွယ်ကြဖို့ သတိပေးလိုက်။ သူတို့ အပြင်ထွက်တိုင်း ဘော်ဒီဂတ်တွေ ခေါ်သွားရမယ်"
"ကျားရှင်းဖျော်ဖြေရေးရဲ့ ဝန်ထမ်းတွေကိုလည်း ဒီကာလအတွင်း ကြိုးစားကြဖို့ အသိပေးလိုက်။ ကုမ္ပဏီထဲမှာ ပြဿနာတစ်ခုခုရှိရင် ချက်ချင်း တင်ပြချေ" လင်းဖန် ပြောလိုက်သည်။
"ကောင်းပါပြီ" စုမူချင်း ခေါင်းငြိမ့်လိုက်သည်။ "ဘော့စ်လင်း။ ကျွန်မ ရှိနေသရွေ့ ကုမ္ပဏီ ဘာမှ မဖြစ်စေရပါဘူး"
လင်းဖန် ဆက်ပြောလိုက်သည်။ "မူချင်း နင့်ကိုယ်နင်လည်း ကာကွယ်ရမယ်။ နင့်ကိုလည်း ငါ ဘာမှ မဖြစ်စေချင်ဘူး"
ဘာပဲဖြစ်ဖြစ် စုမူချင်းကလည်း အလွန်လှပသူဖြစ်သည်။ ကောင်းရုန်သာ လင်းဖန်ဘေးက လူတွေကို ပစ်မှတ်ထားပြီး စုမူချင်း တစ်ခုခု ဖြစ်သွားပါက လင်းဖန်ရဲ့ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်တာနဲ့ ညီမျှသွားပါလိမ့်မည်။
စုမူချင်းက လင်းဖန်ရဲ့ လက်ထောက်ဖြစ်ပြီး သူ့ဘေးမှာ အလွန်အစွမ်းအစရှိသူတစ်ယောက်လည်း ဖြစ်သည်။။ သူမရဲ့ လင်းဖန်အပေါ် သစ္စာရှိမှုက အမှတ် ၁၀၀ ရှိ၏။
စုမူချင်းကလွဲပြီး တခြားသူတွေ လင်းဖန်ကို သစ္စာဖောက်နိုင်သည်ဟု ဆိုနိုင်ပါသည်။
ဘာတွေပဲဖြစ်လာဖြစ်လာ သူမ လင်းဖန်ဘေးမှာပဲ ရပ်တည်ပါမည်။
စနစ်၏ အမှတ်သတ်မှတ်ချက်က သေချာပေါက် မမှားနိုင်ပါ။
"ပြီးတော့ ဘော့စ်မာနဲ့ တခြားကုမ္ပဏီတွေရဲ့ စီအီးအိုတွေကိုပါ ကူညီဆက်သွယ်ပေးပါဦး။ သူတို့ကို... တိုက်ပွဲစပြီလို့ပြောလိုက်"
"ကောင်းမိသားစုက စီးပွားရေးတိုက်ပွဲတစ်ခုကို စတင်ချင်တယ်ဆိုရင် ငါတို့ ပိုက်ဆံ ဘယ်လောက်ပဲ ဆုံးရှုံး ဆုံးရှုံး ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ကောင်းမိသားစုကို ပြန်တိုက်ခိုက်ရမယ်" လင်းဖန် ပြောလိုက်သည်။
စုမူချင်း ခေါင်းငြိမ့်လိုက်သည်။ "နားလည်ပါပြီ ဘော့စ်လင်း
စုမူချင်းကို ဖုန်းဆက်ပြီးနောက် စုရှောင်းယွီကို လင်းဖန် ဆက်သွယ်ခဲ့သည်။
ကျန်းမိသားစုရဲ့ ကျန်းမြို့တော်ထဲက လွှမ်းမိုးမှုမှာ အလွန်ကြီးမားသည်။ ဒီတစ်ခေါက် ဘယ်လို သွေးချောင်းတွေစီးလာမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
သို့သော်လည်း လင်းဖန်ကတော့ အားလုံးကို ကြိုတင် ပြင်ဆင်ထားပါမည်။
"ဆရာ ငါ့ကိုဆက်သွယ်ဖို့ကျသိတယ်ပေါ့" စုရှောင်းယွီက လင်းဖန်ရဲ့ ကျောပြင်ကို နူးနူးညံ့ညံ့ တို့လိုက်ပါသည်။
"ရှောင်းယွီ ငါ့ကိုကူညီပါဦး"
"ကျန်းမြို့တော်ရဲ့ ကောင်းမိသားစုက အရမ်း အာဏာကြီးတယ်။ အိမ်ခြံမြေနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေ အပါအဝင် နယ်ပယ်ပေါင်းစုံမှာ ပါဝင်ကြတယ်"
"အခုငါလုပ်ချင်တာ တစ်ခုပဲရှိတော့တယ်။ အဲ့တာက ကောင်းသားစုကို အချိန်မရွေး ဖျက်ဆီးနိုင်ပြီး ကျန်းမြို့တော်ကနေ လုံးဝ ဖယ်ရှားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲ" လင်းဖန်ပြောလိုက်သည်။
"ဟုတ်ပြီ~" စုရှောင်းယွီ ခေါင်းငြိမ့်လိုက်ပါသည။
"ဒါပေမယ့်ဆရာ၊ ကောင်းမိသားစုက အရမ်းတော်ကြတာ။ နည်းနည်းတော့ ခက်လိမ့်မယ်။ ငါတို့ တိုက်ပွဲစတာနဲ့ အရမ်းရှည်ကြာတဲ့ စီးပွားရေး တိုက်ပွဲကြီး ဖြစ်လာမှာ။ ချက်ချင်း ပြီးသွားမှာ မဟုတ်ဘူး" စုရှောင်းယွီ ချိုမြိန်စွာ ပြုံးလိုက်သည်။
"ဘယ်လောက်ကြာမှာလဲ" လင်းဖန် မေးလိုက်သည်။
"အင်း... ကောင်းမိသားစုက ၂၄ နာရီလောက် စီးပွားပျက်ကပ်နဲ့ ကြုံရမယ်။ ကောင်းမိသားစု လုံးဝ ဒေဝါလီခံရဖို့ဆိုရင်တော့ ၇၂ နာရီလောက် ကြာလိမ့်မယ်" စုရှောင်းယွီ သေသေချာချာ တွက်ချက်လိုက်ပါသည်။
လင်းဖန် "..."
ကောင်းမိသားစု ဒေဝါလီခံရဖို့ နှစ်အနည်းငယ် ကြာလိမ့်မည်ဟု သူ ထင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် စီးပွားရေးပြိုင်ပွဲဆိုတာ စျေးကွက်အပေါ် ထက်မြက်မှုနဲ့ အမြော်အမြင်တို့ကို ယှဉ်ပြိုင်မှု ဖြစ်သည်။ ထိုနည်းတူစွာ ရန်ပုံငွေကလည်း အလွန်အရေးပါသည်။
စစ်ပွဲစလိုက်တာနဲ့ အလွန်ရှည်ကြာမည့် တိုက်ပွဲ ဖြစ်ပါလိမ့်မည်။
စုရှောင်းယွီရဲ့အမြင်မှာတော့ ကောင်းမိသားစု ပြိုလဲဖို့ ၇၂ နာရီသာ ကြာလိမ့်မည်တဲ့။
ကောင်းမိသားစုက အထင်ကြီးဖို့ကောင်းသော်လည်း လင်းဖန်ဘေးက ကောင်မလေးများက သူတို့ထက် ပိုအထင်ကြီးဖို့ ကောင်းပါသည်။
စုမူချင်းနဲ့ စုရှောင်းယွီတို့က ဥပမာ ဖြစ်သည်။
ကျန်းမြို့တော်ရဲ့ ကောင်းမိသားစုက စုရှောင်းယွီကို မယှဉ်နိုင်လောက်ပါ။
စုရှောင်းယွီသာ လှုပ်ရှားဖို့ကြိုးစားလျှင် သူမကို ယှဉ်နိုင်မယ့် ကုမ္ပဏီ များများစားစား မရှိပါ။
သူမက တကယ့် ဉာဏ်ကြီးရှင်ကောင်မလေးဖြစ်ကာ စီးပွားရေးမှာ ဘယ်သူ့အောက်မှ မကျပေ။
ထူးချွန်တဲ့ စီအီးအိုမာတောင် စီးပွားရေး စွမ်းရည်အရ စနတ်အမှတ်သတ်မှတ်ချက် ၁,၀၀၀+ သာရပါသည်။
သို့သော်လည်း စုရှောင်းယွီရဲ့ စီးပွားရေးစွမ်းရည်က ၄,၀၀၀ ကျော်သည်။
ကောင်းမိသားစုနဲ့ တိုက်ပွဲ စတင်လာခဲ့ပါတော့သည်။