လင်းဖန်ကို သဘောကျတဲ့ သူမ
Vol. 27 Ch. 397
တစ်ချိန်တည်းမှာပင် ဒီနေ့က သခင်ကြီးရှားရဲ့ မွေးနေ့လည်း ဖြစ်နေသည်။
ဘာမှန်း မသိလိုက်ဘဲ သန်းခေါင်ယံကို ရောက်ရှိလာခဲ့ပါသည်။
ရှားမိသားစု အိမ်တော်တွင် ဆွေမျိုးနဲ့ မိတ်ဆွေများစွာ စုစည်းမိကြ၏။
အဘိုးကြီးက ခုံတန်းရှည်ရဲ့ ထိပ်မှာ ထိုင်နေပြီး လက်ဖက်ရည် သောက်နေပါသည်။
လင်းဖန် လက်ဆောင်ပေးတဲ့ လက်ဖက်ရွက်တွေက အတော်လေး အရသာရှိသည်ဟု ဆိုရမည်။
အရသာက ပုံမှန်ထက် တော်တော်လေး ခြားနားသည်။
လက်ဖက်ရည်ကို ဘဝကြီးလောက်ချစ်တဲ့ အဘိုးကြီးလို လူမျိုးအတွက်ကတော့ ဒီလို လက်ဖက်ခြောက်မျိုးက အကောင်းဆုံးလက်ဆောင်ပင်။
လက်ဖက်ရည်အပြင် ဝိုင်ကောင်းကောင်းလည်း ပါသေးသည်။
အဘိုးကြီးက ထိုလက်ဆောင်တွေကို ရတနာတွေလို တန်ဖိုးထားသည်။
ညအချိန်ရောက်နေပြီဖြစ်သဖြင့် မိသားစု ညစာစားပွဲ ကျင်းပကြပါသည်။
လူတွေအများကြီး စုမိကြသောအခါ ဆွေမျိုးနဲ့ မိတ်ဆွေတွေ စကားအများကြီး ပြောတတ်ကြသည်။
ထိုအချိန်တွင်....
ရှားမိသားစု အိမ်တော်ရဲ့ တံခါး ပွင့်လာခဲ့ပါသည်။
JK စကတ် ဝတ်ဆင်ထားသည့် ကောင်မလေးတစ်ယောက် တက်တက်ကြွကြွနဲ့ လမ်းလျှောက်ဝင်လာခဲ့သည်။
ကောင်မလေးကိုမြင်တော့ အားလုံး လှမ်းကြည့်လိုက်မိကြသည်။
စုရှောင်းယွီ ရောက်လာပါပြီ။
"ဘယ်သူများလဲလို့ ငါ့ရဲ့ အဖိုးတန်မြေးမလေးပါလား" အဘိုးကြီးက စိတ်သက်သက်သာသာ ပြုံးလိုက်ပြီး ရယ်မောလိုက်ပါသည်။
"ဘိုးဘိုး ဟပ်ပီဘာ့သ်ဒေး" စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်ပြီး အဘိုးကြီး ဘေးမှာ ထိုင်လိုက်ပါသည်။
"မတွေ့တာ တစ်နှစ်ကျော်တောင်ရှိပြီ။ ရှောင်းယွီ ပိုလှလာတာပဲ" အဘိုးကြီး ရှားရှားပါးပါး စိတ်ကောင်းဝင်နေပါသည်။
"ဘိုးဘိုးလည်း ပိုပြီး နုလာပါတယ်" စုရှောင်းယွီ အဘိုးကြီးကို ဖက်လိုက်သည်။ သူမ၏ မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေ၏။
"ဟုတ်တာပေါ့။ ဘိုးဘိုးက အရမ်းနုပျိုပြီး ကျန်းမာရေးကလည်း အရမ်းကောင်းတယ်" ရှားဝမ်ချွေ့က အဘိုးကြီးရဲ့ ဘယ်ဘက်မှာ ထိုင်ရင်း အပြုံးဖြင့် ပြောလိုက်ပါသည်။
အဘိုးကြီးက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ ခေါင်းကို ပုတ်ပေးလိုက်ပြီး အလွန်ပျော်ရွှင်နေပါသည်။
ဒီကလေးမလေးတွေကို သူ မတွေ့ရတာကြာပြီ။ အခုတော့ သူတို့နှစ်ယောက်စလုံးကို သူ့ဘေးမှာ မြင်နိုင်ပါပြီ။ ခံစားချက်က အလွန်လန်းဆန်းမှု ရှိသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ နှစ်ယောက်စလုံးကို အဘိုးကြီးက သဲသဲလှုပ် ချစ်ပြနေသဖြင့် တခြားသူတွေ မနာလိုဖြစ်ကြရပါသည်။
ဒီကောင်မလေးတွေ ဘာလို့ အရမ်းလှနေတာလဲ။ သူတို့ အတူတူထိုင်နေကြသောအခါ လှပတဲ့ မြင်ကွင်းလေး တစ်ခု ပေါ်လာခဲ့ပါသည်။
"ရှောင်းယွီ သမီးရည်းစားရနေပြီလား။ မဟုတ်ရင် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား" အဘိုးကြီးက စုရှောင်းယွီကို ကြည့်လိုက်ပါသည်။
စုရှောင်းယွီ ရှက်သွေးဖြာသွားပြီး လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပါသည်။ "ဟင့်အင်း ဘိုးဘိုး။ သမီးသဘောကျတဲ့လူ ရှိပြီးသားပါ။ အဲ့တာကြောင့် သမီးအတွက် Blind Date စီစဉ်ပေးဖို့ မလိုဘူးနော်"
အဘိုးကြီးလည်း စိတ်ထဲက အလိုလို နားလည်သွားသည်။ လင်းဖန်အပေါ် စုရှောင်းယွီရဲ့ အကြည့်က အနည်းငယ် ထူးခြားနေသည်။ သို့သော်လည်း ထုတ်မပြောခဲ့ပါ။
"ဝမ်ချွေ့ ဘိုးဘိုးကို လက်ဖက်ရည် ဖျော်ပေးပါဦး။ လက်ဖက်ခြောက်တွေက ကုတင်အောက် ထောင့်နားလေးမှာ" အဘိုးကြီးက ပြုံးပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
"ဟုတ်ကဲ့~" ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ အဘိုးကြီးအတွက် လက်ဖက်ရည် ဖျော်ပေးလိုက်ပါသည်။
သူ့ဆွေမျိုးနဲ့ မိတ်ဆွေတွေက စကားပြောဆိုနေကြပြီး သခင်ကြီးနဲ့ စုရှောင်းယွီတို့ ဘာတွေပြောနေကြသလဲ သတိမထားမိကြပေ။
အဘိုးကြီးက စုရှောင်းယွီရဲ့ လက်ကို ဆွဲကာ သီးသန့် အခန်းတစ်ခန်းထဲ ဝင်သွားသည်။
"ရှောင်းယွီ သမီး လင်းဖန်ကို သဘောကျလား" အဘိုးကြီး တဲ့တိုးမေးလိုက်လေသည်။ သူ့အသက်အရွယ်နဲ့ ဘာကိုမှ ဂရုမစိုက်ပါ။ တစ်ချက်လောက် ကြည့်လိုက်တာနဲ့ အရာရာကို နားလည်နိုင်ပါသည်။
"ရှောင်းယွီ ဘိုးဘိုးကို မလိမ်နဲ့နော်။ အနုပညာလောကထဲက သမီးရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ဘိုးဘိုးကို အရူးလုပ်လို့မရဘူး" အဘိုးကြီးက အပြုံးဖြင့် ပြောလိုက်လေသည်။
စုရှောင်းယွီက သူမ အဘိုးကို ကြည့်လိုက်သည်။ သူမက အဘိုးဖြစ်သူနဲ့ အနီးစပ်ဆုံး ဖြစ်သည်။ ထို့ကြောင့် အရာရာ ပြောပြတတ်ပါသည်။
စုရှောင်းယွီခေါင်ငြိမ့်လိုက်ပြီး သူမလေသံက လေးနက်သွား၏။ "ဟုတ်ကဲ့။ သူ့ကိုသဘောကျပါတယ်~"
အဘိုးကြီးက ထပ်မေးလိုက်၏။ "သူ့ကို ဘယ်လောက်အထိ သဘောကျလဲ"
စုရှောင်းယွီ ချိုမြိန်စွာ ပြုံးလိုက်သည်။ "သူနဲ့ အတူတူ အိပ်စက်ချင်တယ်၊ အတူတူ နိုးထလာချင်တယ်၊ အရုဏ်ဦးနဲ့ နေဝင်ဆည်းဆာကို သူနဲ့ အတူတူ ကြည့်ချင်တယ်၊ မနက်စာ အတူတူ စားချင်တယ်၊ ရှော့ပင်း အတူတူ ထွက်ချင်တယ်၊ သူနဲ့ ကစားကွင်း အတူတူ သွားချင်တယ်၊ ကာရာအိုကေ အတူတူသွားချင်တယ်၊ သူမြင်ဖို့ လှလှပပ အဝတ်အစားတွေ ဝတ်ပြချင်တယ်၊ သူနဲ့ အတူတူ ကားပတ်စီးပြီး ချားရဟတ်စီးချင်တယ်။ သမီးအမြင့်ကြောက်ပေမယ့် သူနဲ့ အတူတူ ချားရဟတ် စီးချင်တုန်းပဲ။”
"သူ့လက်မောင်းကို တွဲထားချင်တယ်။ ညဘက် ပန်းကန်တွေဆေးပေးပြီး သူနဲ့ အတူတူ အိပ်ချင်တယ်။ သူ့အတွက် ကလေးတွေ အများကြီး မွေးပေးချင်တယ်~"
"ဒါပေမယ့် ဘိုးဘိုးရယ်။ အဲ့တာတွေအားလုံးက အိပ်မက်တွေပါပဲ။ ဘယ်တော့မှ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး။ ဆရာနဲ့ အစ်မဝမ်ချွေ့တို့ အတူတူရှိနေပြီပဲ။ သူတို့က အရမ်းချစ်ကြတာ။ သမီးတစ်ယောက်တည်း နေရလည်း အဆင်ပြေပါတယ်။ အဲ့ဒီခံစားချက်တွေကို မလိုအပ်တော့ဘူး"
စုရှောင်းယွီ ပြောရင်းနဲ့ မျက်လုံးတွေ နီမြန်းသွားပြီး မျက်ရည်တွေ ထိန်းချုပ်မရအောင် ကျဆင်းလာခဲ့ပါသည်။
သူမရဲ့ အစ်မအရင်းဆီက ကောင်လေးကို လုယူလို့ ဖြစ်ပါ့မလား။
လင်းဖန်ကို သူမအား တာဝန်ယူစေဖို့အတွက် လှည့်ကွက်တချို့ သုံးနိုင်သော်လည်း သူမ မသုံးချင်ပါ။ သုံးဖို့လည်း မလိုပါ။ သူမ ဘယ်သူ့ကိုမှ တွန်းအားမပေးချင်ပါ။
သူမမှာ ဆွေမျိုးလည်း များများစားစား မရှိသဖြင့် သူမ ကောင်းကျိုးအတွက် ရှားဝမ်ချွေ့ကို ထိခိုက်အောင် မလုပ်နိုင်ပါ။
အဘိုးကြီးက ရှားဝမ်ချွေ့ရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ပြုံးလိုက်ပါသည်။ "ကမ္ဘာကြီးထဲမှာ ထူးချွန်တဲ့ ယောက်ျားတွေ အများကြီးပါ။ သမီးသဘောကျတဲ့လူကို ပြောင်းလဲလိုက်ပါလား။ တခြားတစ်ယောက်ယောက်ကို ရှာကြည့်လိုက်ပါ"
စုရှောင်းယွီ ခေါင်းခါပြီး ပြုံးလိုက်ပါသည်။
"ဘိုးဘိုး၊ ရှောင်းယွီက ယောက်ျားလေးတွေကို တစ်ခါမှ သဘောမကျဖူးဘူး။ သူတို့ကို သဘောကျရတာ ဘယ်လိုခံစားရလဲမသိဘူး။ ဒီနှစ်တွေထဲမှာ ရှောင်းယွီ ထူးချွန်တဲ့ ယောက်ျားလေး အများကြီးကို မြင်ဖူးပြီး ပိုးပန်းခံရတာ အများကြီး ရှိခဲ့ပေမယ့် သူတို့တွေကို ရှောင်းယွီ တစ်ခါမှ မကြိုက်ဖူးဘူး"
"ဆရာနဲ့ တွေ့မှ တစ်ယောက်ယောက်ကို သဘောကျရတဲ့ ခံစားချက်မျိုးကို နားလည်တာပါ"
"ဘိုးဘိုး။ သူ့ကို ချစ်ဖို့ မဖြစ်နိုင်တော့ပေမယ့် ရှောင်းယွီက သူ့ကိုပဲ တစ်သက်လုံး သဘောကျသွားမှာ။ လူတစ်ယောက်ကို ချစ်ဖို့ အကောင်းဆုံး နည်းလမ်းက စွန့်လွှတ်တတ်ဖို့ပဲ ဟုတ်တယ်မလား။ ပြီးတော့ ဆရာနဲ့ အစ်မဝမ်ချွေ့တို့က အခု အရမ်းပျော်ရွှင်နေကြတာလေ"
စုရှောင်းယွီရဲ့ စကားများကို ကြားပြီးနောက် အဘိုးကြီး ပြောလိုက်သည်။ "ဒါဆို ဘိုးဘိုးက သမီးကို သမီးကို လက်ထပ်ခိုင်းပြီး သဘောကျတဲ့ လူကို ရှာခိုင်းရင် ဘာလုပ်မလဲ"
စုရှောင်းယွီက သူမရဲ့ဘိုးဘိုးကို ကြည့်ကာ တောက်ပစွာ ပြုံးလိုက်ပါသည်။ "ဘိုးဘိုး၊ သမီးတစ်သက်လုံး လင်းဖန်ကိုပဲ ချစ်သွားမယ်လို့ စုရှောင်းယွီဆိုတဲ့နာမည်ကို တိုင်တည်ပြီး ကျိန်ရဲတယ်။ ပြောင်းလဲမှုရှိရင် သမီး မိုးကြိုးပစ်ခံရပြီး တစ်စစီဖြစ်သွားပါစေ၊ ဘယ်တော့မှ လူပြန်မဝင်စားပါစေနဲ့"
စုရှောင်းယွီ ကျိန်ဆိုလိုက်သည်။ နောက်မကျခင် စုရှောင်းယွီ၏ ပါးစပ်ကို အဘိုးကြီး ပိတ်လိုက်ရ၏။
စုရှောင်းယွီက ဉာဏ်ကောင်းလွန်းသည်။
အဘိုးဖြစ်သူ၏ စကားကို သူမ အလွန်နားထောင်လေ့ ရှိသည်။ အဘိုးကြီးက သူမကို လက်ထပ်ဖို့ လူရှာခိုင်းလျှင် သူမ လက်ထပ်ရမည်။
အဘိုးကြီးရဲ့ ဆိုလိုရင်းကို နားလည်သောအခါ သူမ ကျိန်ဆိုလိုက်ပါသည်။
အခုလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘယ်သူမှ ကျိန်ဆိုတာကို မယုံကြတော့ပါ။
အဘယ့်ကြောင့်ဆိုသော် သူမ သစ္စာမတည်ရင်တောင် မိုးကြိုးပစ်ခံရမှာလည်း မဟုတ်ပေ။
သို့သော်လည်း အဘိုးကြီးကတော့ ယုံကြည်၏။
လူကြီးသူမတွေက သရဲတစ္ဆေ၊ နတ်ဘုရားတွေကို ယုံကြည်ကြသည်။ တချို့စကားတွေကို လက်လွတ်စပါယ် မပြောသင့်ပါ။
အဘိုးကြီးက စုရှောင်းယွီကိုကြည့်လိုက်ပြီး လေးလေးနက်နက် သက်ပြင်းသာ ချနိုင်တော့သည်။
အခုမှ လင်းဖန်ကို စုရှောင်းယွီ ဘယ်လောက် သဘောကျသလဲ နားလည်သွားတော့သည်။
သူမ လင်းဖန်နဲ့ ဘယ်တော့မှ မနီးစပ်နိုင်ရင်တောင်... တခြားသူနဲ့ ချစ်မိဖို့ လက်ထပ်ဖို့ကို ငြင်းဆန်ပါသည်။
တခြားသူဆိုတာ လင်းဖန် မဟုတ်တာကြောင့် ဖြစ်သည်။
သူမကျိန်ဆိုပြီး သူမရဲ့ဆုံးဖြတ်ချက် ဘယ်လောက် နက်ရှိုင်းလဲဆိုတာကို သူမ အဘိုးအား ပြောလိုက်ပါသည်။
တစ်နည်းအားဖြင့် သူမ ကျိန်ဆိုပြီးနောက် သူမဘဝမှာ တခြားသူနဲ့ လက်ထပ်လို့ရမှာ မဟုတ်သလို သဘောကျလို့ရမှာလည်း မဟုတ်တော့ပေ။
လင်းဖန်ကလွဲပြီး တခြားဘယ်သူနဲ့မှ လက်ထပ်လို့ မရတော့ပါ။
သို့သော်လည်း လင်းဖန်မှာ ကောင်မလေး ရှိပြီးသား ဖြစ်၏။ ထို့ကြောင့် စုရှောင်းယွီမှာ ရွေးချယ်စရာ တစ်ခုသာ ရှိပါတော့သည်။
သူမ တစ်သက်လုံး လက်မထပ်ဖို့ ဖြစ်ပါသည်။
ကျိန်ဆိုပြီးနောက် အဘိုးကြီးက စုရှောင်းယွီကို တခြားသူနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းလို့ မရတော့ပေ။
အဘိုးကြီး သက်ပြင်းချလိုက်၏။ "ရှောင်းယွီ ဘာဖြစ်လို့လဲ။ ပြောစမ်းပါ ဘာလို့လဲ။ သမီးရဲ့ ပျော်ရွှင်မှုက အရေးအကြီးဆုံး မဟုတ်ဘူးလား"
စုရှောင်းယွီက သူမနဲ့ လင်းဖန်တို့ရဲ့ ဓာတ်ပုံကို အိတ်ထဲမှ ထုတ်ပြီး ကြည့်လိုက်ကာ လင်းဖန်ရဲ့ ပုံကို ညင်ညင်သာသာ နမ်းရှိုက်လိုက်ပါသည်။
"ဘိုးဘိုးကြီး၊ မိန်းကလေးတွေက နောက်ဆုံးအချိန်အထိ သစ္စာရှိသွားရတယ်"