နှစ်ယောက်စလုံးကို လက်ထပ်ရမှာလား
Vol. 27 Ch. 398
ထိုစကားကို အဘိုးကြီးကြားပြီးနောက် ပြန်ပြောလိုက်ပါသည်။ "အေးပါ။ ဘိုးဘိုး နားလည်ပါပြီ။ လင်းဖန်ကို ခေါ်လိုက်။ အဲ့လောက် ရိုးရှင်းတဲ့ကိစ္စကို။ နှစ်ယောက်စလုံးကို လက်ထပ်လိုက်ရင် ပွဲပြီးသွားပြီ။ ဘိုးဘိုး ကူညီပေးမယ်"
စုရှောင်းယွီ “...”
အဘိုးကြီး "လက်မထပ်ချင်ဘူးလား။ အခု ဥပဒေက လူ ၂ ယောက်လက်ထပ်ခွင့်မပြုထားပေမယ့် နှစ်ယောက်စလုံးက ဘိုးဘိုးရဲ့ မြေးမလေးတွေလေ။ မင်းတို့အားလုံး အတူတူပဲ။ လက်ထပ်စာချုပ်ဆိုတာ ဒီတိုင်း သက်သေခံ ကတ်ပြားတစ်ခုပါပဲ။ တကယ်တော့ သမီးနဲ့ ဝမ်ချွေ့တို့ အမြဲတမ်း လင်းဖန်နဲ့ နေလို့ ရတယ်။ ၂ ယောက်စလုံးနဲ့ လက်ထပ်တာနဲ့ အတူတူပဲ။ အများကြီး ခြားနားသွားမှာမှ မဟုတ်တာ။ ပြီးတော့ လင်းဖန် အရှုံးမရှိပါဘူး"
စုရှောင်းယွီ "ဘိုးဘိုး အဲ့လိုလုပ်လို့မရဘူး။ လင်းဖန်နဲ့ အစ်မဝမ်ချွေ့တို့က အရမ်းချစ်ကြတာ။ သမီး တတိယလူ ဖြစ်လာလို့ မရဘူး။ သူတို့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ဆို ပိုတောင်ဝေးသေး။ ဒီတိုင်း တိုးတိုးတိတ်တိတ်ပဲ သည်းခံပါရစေ~"
အဘိုးကြီး "မရဘူး. သမီးက ဘိုးဘိုးရဲ့ မြေးမပဲ။ ဘာပဲဖြစ်ဖြစ် သမီးအိမ်ထောင်ပြုလို့ရအောင် စီစဉ်ပေးရမယ်။ လင်းဖန်က လူကောင်းတစ်ယောက်ပါ။ သမီးတို့နှစ်ယောက်က လိုက်လည်း လိုက်ဖက်တယ်။ လာပါ လင်းဖန်နဲ့ စကားသွားပြောကြစို့"
စုရှောင်းယွီက အဘိုးကြီးရဲ့လက်ကိုတွဲပြီး ပြောလိုက်ပါသည်။ "ဘိုးဘိုး၊ သမီးအတွက် စိတ်မပူပါနဲ့။ အချစ်ရေးကိစ္စကို သမီးတာဝန်သာ ထားလိုက်ပါ~"
အဘိုးကြီးလည်း စိတ်ပျက်လက်ပျက် သက်ပြင်းသာ ချနိုင်တော့သည်။ "ဟုတ်ပါပြီ။ ဒါဆိုလည်း... ဒါပေမယ့် ရှောင်းယွီ သမီးကို အနိုင်ကျင့်တဲ့လူရှိရင် ဘိုးဘိုးကို ပွင့်ပွင့်လင်းလင်း ပြောပြနော်'
စုရှောင်းယွီတခစ်ခစ်ရယ်မောလိုက်သည်။ "ဒါပေါ့။ ဘိုးဘိုးကြီးက အကောင်းဆုံးပဲ"
သိပ်မကြာခင် ရှားဝမ်ချွေ့က လက်ဖက်ရည်ဖြင့် ဝင်လာခဲ့သည်။
"မြောင်" ရှားဝမ်ချွေ့ မျက်တောင် တဖျပ်ဖျပ်ခတ်ပြီး အခန်းထဲက စုရှောင်းယွီနဲ့ အဘိုးကြီးတို့ကို ကြည့်လိုက်သည်။
"လာလာ ဝင်လာခဲ့။ လက်ဖက်ရည်က အရမ်း အရသာရှိတယ်" အဘိုးကြီးက ပြုံးကာ ပြောလိုက်သည်။
"ဘိုးဘိုးတို့ စကားပြောကြဦးလေ။ သမီး အပြင်ထွက်လိုက်ဦးမယ်" စုရှောင်းယွီ ပြုံးကာ ပြောလိုက်သည်။ ထို့နောက် အခန်းထဲမှ ထထွက်သွား၏။
ရှားဝမ်ချွေ့ ဝင်လာသောအခါ အဘိုးကြီးဘေးမှာ ဝင်ထိုင်လိုက်ပါသည်။ "ဘိုးဘိုး လက်ဖက်ရည် သောက်ပါဦး~"
အဘိုးကြီးက တစ်ခုခု ပြောချင်နေသော်လည်း မပြောခဲ့ပေ။ ရှားဝမ်ချွေ့က အရင်ပြောလိုက်ပါသည်။
"ဘိုးဘိုးကြီး ဒီနေ့ စျေးထဲမှာလေ..."
ကောင်းရုန်နဲ့ တွေ့တဲ့ အကြောင်းတွေ ရှားဝမ်ချွေ့ ပြန်ပြောပြလိုက်ပါသည်။
ထိုစကားပြောပြီးနောက် အဘိုးကြီးရဲ့ မျက်နှာထား ပြောင်းလဲသွားခဲ့လေသည်။ "ဘာပြောတယ်။ လင်းဖန်နဲ့ ကောင်းရုန်တို့ ပဋိပက္ခဖြစ်ပြီး ကောင်းရုန်ရဲ့ ဘော်ဒီဂတ်တွေရဲ့ ခြေထောက်ကိုတောင် လင်းဖန်က ရိုက်ချိုးခဲ့တယ် ဟုတ်လား"
"ဝမ်ချွေ့၊ ကျန်းမြို့တော်မှာ ကောင်းရုန်တို့မိသားစုရဲ့ လွှမ်းမိုးမှုက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မသိဘူးလား။ အထက်တန်းစားမိသားစုပဲဖြစ်ဖြစ် ဒုတိယမျိုးဆက်သူဌေးသားမိသားစုပဲဖြစ်ဖြစ် ကောင်းမိသားစုကို မပုန်ကန်ရဲကြဘူး။ အဲ့ဒီကောင်းရုန်က ရက်စက်တယ်။ သူ့ကို စော်ကားရဲတဲ့လူတိုင်း ဆိုးဆိုးရွားရွားအဖြစ်နဲ့ အဆုံးသတ်သွားတတ်တယ်"
ရှားဝမ်ချွေ့က စိုးရိမ်တကြီး ပြောလိုက်သည်။
"ဘိုးဘိုး သမီးတို့ရှားမိသားစုက ကောင်းမိသားစုနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"
အဘိုးကြီးက ခေါင်းခါလိုက်သည်။ "ကျန်းမြို့တော်ထဲက အာဏာအရဆိုရင် ရှားမိသားစုက ကောင်းမိသားစုနဲ့ မယှဉ်နိုင်ဘူး။ ဒါပေမယ့် ဘိုးဘိုးက စီးပွားရေးလောကထဲကနေ ထွက်ထားတာ တော်တော်ကြာပြီ။ သမီးအဖေပဲ ဒီလိုကိစ္စမျိုးကို ကူညီနိုင်လိမ့်မယ်။ ကောင်းမိသားစုက သမီးအဖေကိုတော့ ဘာပဲဖြစ်ဖြစ် မျက်နှာသာပေးမှာပါ"
အဘိုးကြီး သက်ပြင်းချလိုက်သည်။ "လင်းဖန် ဘယ်သူ့ကိုမဆို ရန်စလို့ရပေမယ့် ကောင်းရုန်ကိုမှ ရန်သွားစရတယ်လို့။ လင်းဖန်က ငယ်သေးတယ်။ ကြည့်ရတာ သူ့ကို အဘိုး သုံးသပ်ထားတာတွေ သိပ်မတိကျသေးဘူးထင်တယ်"
"ကြည့်ရတာ လင်းဖန်က ထင်ရသလောက် ရင့်ကျက်မှု မရှိတဲ့ပုံစံပဲ"
အဘိုးကြီး အလွန်စိတ်ပျက်သွားရ၏။
အဘယ့်ကြောင့်ဆိုသော် ကျန်းမြို့တော်မှာ ကောင်းရုန် ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ လူတိုင်း သိနိုင်တာကြောင့် ဖြစ်ပါသည်။
လင်းဖန်ကတော့ ကောင်းရုန်ကို အလွယ်တကူ စော်ကားခဲ့သည်။
ရှားမိသားစုက လင်းဖန်အတွက်နဲ့ ကောင်းမိသားစုကို ရန်စမှာ မဟုတ်ပေ။
ကောင်းမိသားစုကို စော်ကားလိုက်ပါက နှစ်စဉ်နှစ်တိုင်း ဘီလီယံချီကာ ဆုံးရှုံးမှုရှိနိုင်သည်။ ထိုဆုံးရှုံးမှုတွေက ရှားမိသားစု လက်ခံနိုင်တဲ့ အရာမျိုး မဟုတ်ပေ။
အမှန်ပင်။ လင်းဖန်ကို စုရှောင်းယွီကတော့ ကူညီနိုင်လိမ့်မည်။
ရှားဝမ်ချွေ့ အမေကလည်း လင်းဖန်ကို ကူညီပေးနိုင်လိမ့်မည်။
သို့သော်လည်း... အဘိုးကြီးရဲ့ အမြင်မှာတော့ လင်းဖန်အပေါ် သုံးသပ်ချက်များ အဆင့်နိမ့်ကျသွားခဲ့ပါပြီ။
ရှားမိသားစုက သားမက်တစ်ယောက်ရှာချင်လျှင် နေရာတကာ ပြဿနာလိုက်ရှာတဲ့ သားမက်မျိုးကိုတော့ ဘယ်လိုချင်ပါ့မလဲ။
ဒီလို သားမက်မျိုးက ဘာအသုံးဝင်မှာလဲ။
ရှားဝမ်ချွေ့က အဘိုးကြီးကို ကြည့်ကာ အမြန် ရှင်းပြလိုက်ပါသည်။ "ဘိုးဘိုး။ လင်းဖန်က သမီးကို ကာကွယ်ပေးဖို့ လုပ်ခဲ့တာပါ။ ကောင်းရုန်ကို တိုက်ခိုက်ဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး"
အဘိုးကြီးပြန်ပြောလိုက်သည်။ "ဟုတ်တယ်။ သမီးကို ကာကွယ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ကာကွယ်ဖို့အတွက်နဲ့ စိတ်လွတ်သွားတာမျိုးတော့ ဖြစ်စရာ မလိုဘူးလေ။ အခုခေတ်ကြီးထဲမှာ အဲ့လိုကိစ္စမျိုးကို ရှင်းလင်းဖို့ နည်းလမ်းတွေ အများကြီး ရှိလျက်နဲ့ သူက အဆိုးရွားဆုံး နည်းလမ်းကိုပဲ ရွေးချယ်ခဲ့တယ်"
"သူ့မှာ အစွမ်းအစရှိရင် သူလုပ်ခဲ့တာ ဘာမှမဖြစ်ဘူး။ ဒါပေယ့် အစွမ်းအစမရှိဘဲ စီးပွားရေးလောကထဲက ဘော့စ်ကြီးတစ်ယောက်ကို အလွယ်တကူ စော်ကားလိုက်ရင်တော့ သူ့ကို စောင့်ကြိုနေမှာက ကပ်ဆိုက်မှုတစ်ခုပဲ ဖြစ်လိမ့်မယ်။ ဘိုးဘိုးသိသလောက်ဆို လင်းဖန်ရဲ့ ကုမ္ပဏီ ၂ခုက စုစုပေါင်း စျေးကွက်တန်ဖိုး ၄ ဘီလီယံပဲ ရှိတာ။ ကျန်းမြို့တော်ရဲ့ အရှင်သခင်ဖြစ်နေတဲ့ ကောင်းမိသားစုကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။ ကောင်းမိသားစု ရောက်လာရင် သူ့အရှုပ်ကိုရှင်းဖို့ ရှားမိသားစုက ကူညီပေးရမှာလား"
အဘိုးကြီး အလွန် စိတ်ပျက်သွားပါသည်။
အရင်တုန်းကတော့ လင်းဖန်ကို မြေးမ နှစ်ယောက်စလုံးနဲ့ လက်ထပ်ပေးဖို့ စိတ်ကူးထား၏။
ရှားဝမ်ချွေ့ရဲ့ ပုံပန်းသဏ္ဌာန်က အသက်ရှူမှားလောက်အောင် လှပလွန်းပါသည်။ သူမက တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဆယ်လီတစ်ယောက် ဖြစ်ပြီး ရှားမိသားစုရဲ့ သမီးလေးလည်း ဖြစ်သည်။
စုရှောင်းယွီကလည်း ဉာဏ်ကြီးရှင်ကောင်မလေး ဖြစ်၏။ ရုပ်ရည်အရ စုရှောင်းယွီနဲ့ ယှဉ်နိုင်တဲ့လူ များများစားစား မရှိပါ။
အဘိုးကြီးအမြင်မှာတော့ လင်းဖန်က နှစ်ယောက်စလုံးကို လက်ထပ်လို့ ရသည်။
သို့သော်လည်း နှစ်ယောက်စလုံးကို လက်ထပ်ဖို့ လင်းဖန်မှာ အစွမ်းအစတော့ ရှိရပါမည်။
သူ့အဖိုးတန်မြေးမလေးကို သာမန်လူတစ်ယောက်နဲ့ လက်ထပ်ပေးလို့တော့ မရဘူး မဟုတ်လား။
ရှားဝမ်ချွေ့က အဘိုးကြီးကို မျက်လုံးလှလှလေးများဖြင့်ကြည့်ကာ ရှင်းပြလိုက်ပါသည်။ "အဘိုး လင်းဖန်က အရမ်းတော်ပါတယ်။ အဘိုး ထင်သလောက် ဆင်ခြင်တုံတရား မနည်းပါဘူး"
အဘိုးကြီးက ပြုံးလိုက်ပြီး စီးကရက်ဖွာလိုက်ပါသည်။ "ဝမ်ချွေ့ သမီးအမြင်မှာတော့ လင်းဖန်က အရမ်းတော်မှာပေါ့။ ဒါပေမယ့် ဘိုးဘိုးရဲ့ မြေးသားမက် ဖြစ်နိုင် မဖြစ်နိုင်က ကိုယ့်ကိုယ်ကို သက်သေပြနိုင်မှဖြစ်မယ်။ ရှားမိသားစုရဲ့ သမီးက သူနဲ့ ထိုက်တန်ရဲ့လားဆိုတာ ဘိုးဘိုးကို မြင်အောင်ပြနိုင်မှ ဖြစ်မယ်"
ကောင်းမိသားစုကို စော်ကားလိုက်ခြင်းအားဖြင့် ရှားမိသားစုနဲ့ ကောင်းမိသားစုအကြားက ဆက်ဆံရေး ပြောင်းလဲလာနိုင်ခြေရှိသည်ဟု ဆိုလိုသည်။
ရှားမိသားစုမှာ စီးပွားရေး အကျိုးအမြတ် အများကြီး ဆုံးရှုံးသွားနိုင်၏။
အဘိုးကြီး ဆက်ပြောလိုက်ပါသည်။ "အစကတော့ လင်းဖန်ကို သမီးနဲ့ ရှောင်းယွီတို့ နှစ်ယောက်စလုံးကို လက်ထပ်ခိုင်းမလို့ပဲ။ ဒါပေမယ့် လင်းဖန်ရဲ့ အစွမ်းအစကို အရင်မြင်ရမှဖြစ်မယ်။ ငါ့ရဲ့အဘိုးတန် မြေးမလေးကို ဒုက္ခမရောက်စေချင်ဘူး"
ထိုစကားကိုကြားသောအခါ ရှားဝမ်ချွေ့ မျက်နှာ နီရဲသွားပါသည်။ "ဘိုးဘိုး ဘာတွေပြောနေတာလဲ... သူက ဘာလို့.... သမီးတို့ နှစ်ယောက်စလုံးကို လက်ထပ်ရမှာလဲ။”
အဘိုးကြီးက ချောင်းဆိုးပြီး ပြောလိုက်ပါသည်။ "ဘိုးဘိုး ဘာမှမပြောဘူးလို့ သဘောထားလိုက်။ အဟွတ် အဟွတ်..."
ရှားဝမ်ချွေ့က ခြေဆောင့်ကာ ပေါက်ကွဲသွား၏။ "ဘိုးဘိုး သဘောအတိုင်း ဘိုးဘိုး ဆုံးဖြတ်လို့ မရဘူး။ လင်းဖန်ကို လက်ထပ်ဖို့လည်း သမီး သဘောမတူရသေးဘူး"
ရှားဝမ်ချွေ့က သတို့သမီးဖြစ်ဖို့ အဆင်သင့် မဖြစ်သေးပါ။
စုရှောင်းယွီကတော့ လင်းဖန်ကိုယ်တိုင် ဆုံးဖြတ်မှ ရပါမည်။
သို့သော်လည်း ရှားဝမ်ချွေ့က လင်းဖန်အတွက် စိုးရိမ်သဖြင့် သူမအဖေ ရှားကျန်းချန်ကို သွားတွေ့လိုက်သည်။
အခြေအနေကို ရှင်းပြလိုက်ပြီးနောက် ရှားကျန်းချန်က တုန်လှုပ်သွားပါသည်။ "ဘာပြောလိုက်တယ်"
ရှားဝမ်ချွေ့ ခေါင်းငုံ့လိုက်ပါသည် "ဖေဖေ လင်းဖန်ကို မကူညီပေးနိုင်ရင် မေမေ့ကိုပဲ သွားတွေ့ရလိမ့်မယ်"
ရှားကျန်းချန်ကပြောလိုက်သည်။ "မဖြစ်ဘူး။ သမီးမေမေကလွဲလို့ ကြိုက်တဲ့လူ သွားတွေ့လို့ ရတယ်။ သမီးမေမေက အနုပညာလောကထဲက ဆယ်လီတွေကို အစကတည်းက ကြည့်ရတာ မဟုတ်ဘူး။ လင်းဖန် ဒီလိုပြဿနာရှာလာမှန်းသာ သိသွားရင် ကျိန်းသေပေါက် သမီးတို့ကို ခွဲဖို့ အခွင့်အရေး ရသွားလိမ့်မယ်။ သမီးအမေက သမီးကို ကူညီပေးမှာ မဟုတ်ဘူး"
"ကျန်းမြို့တော်မှာ ကောင်းမိသားစုကို စော်ကားတာက... ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ"
"ဝမ်ချွေ့။ ဖေဖေ လင်းဖန်ကို မကယ််နိုင်လောက်ဘူး။ ကောင်းမိသားစုသာ တကယ်ရောက်လာရင် ကောင်းရုန်က ဖေဖေမျက်နှာနဲ့ လင်းဖန်ကို ဒီတိုင်း တောင်းပန်ခိုင်းပြီး ပြဿနာ ထပ်မရှာဖို့သာ မျှော်လင့်ရတာပဲ"
"မဟုတ်ရင် ကောင်းမိသားစုရဲ့ ကာကွယ်တတ်တဲ့ စရိုက်မျိုးနဲ့ဆို လင်းဖန်ရဲ့ခြေလက်တွေ မချိုးရမချင်း ဒီကိစ္စကို အဆုံးသတ်မှာ မဟုတ်ဘူး"