← Chapters

ဘယ်သူက တိုက်ခိုက်ရဲတာလဲ

Vol. 27 Ch. 399

ဘယ်သူက တိုက်ခိုက်ရဲတာလဲ

Vol. 27 Ch. 399

သူ စကားပြောပြီးတာနဲ့ ရှားမိသားစုအိမ်တော်ရဲ့ တံခါးမကြီး ပွင့်သွားခဲ့သည်။

အားလုံး လှမ်းကြည့်လိုက်ကြ၏။ တံခါးဝမှာ ကောင်းရုန် ရပ်နေပါသည်။

အပြင်ဘက်မှာလည်း အနည်းဆုံး ကားအစီး ၁၀၀ လောက် ရပ်ထား၏။

ကောင်းရုန် တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။

"သခင်ကြီး ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ထပ်ပြီး ဆုတောင်းပေးပါတယ်"

"သခင်ကြီး အကောင်းဆုံးတွေကိုပဲ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။ သခင်ကြီးရဲ့ ဂုဏ်သတင်း နေရောင် လရောင်လို တောက်ပပြီး အဆုံးမရှိတဲ့ အနာဂတ်နဲ့ သက်ရှည်ကျန်းမာ ထာဝရ နုပျိုသွားပါစေလို့ ဆုတောင်းပေးပါတယ်"

ကောင်းရုန်က ပြုံးကာ ပြောလိုက်ပါသည်။ သူ ဘာကြောင့် ဒီကို ရောက်လာတာလဲ မသိနိုင်ပေ။

ကောင်းရုန်နောက်မှာ အရပ် ၁.၉ မီတာကျော် ရှည်သည့် ဘော်ဒီဂတ် ၈ ယောက် ရှိပါသည်။

ထိုဘော်ဒီဂတ်များပုံစံက အလွန်ခွန်အားကြီးမားပြီး သာမန် ဘော်ဒီဂတ်တွေ ယှဉ်နိုင်မယ့်ပုံစံမျိုးလည်း မဟုတ်ပေ။

ကောင်းရုန်ကိုမြင်တော့ အဘိုးကြီး မတ်တပ် ထရပ်လိုက်ပါသည်။ "ဟားဟားဟား မင်းရောက်လာတော့ ကောင်းတာပေါ့။ ယဉ်ယဉ်ကျေးကျေး သူစိမ်းဆန်နေစရာ မလိုပါဘူးကွာ။ ဒီနေ့ညက ရှားမိသားစုရဲ့ ညစာစားပွဲပဲကို"

ကောင်းရုန်က လက်ခုပ်စုလိုက်ပါသည်။ "ဒီနေ့က သခင်ကြီးရဲ့ မွေးနေ့ပဲကို။ လာရမှာပေါ့"

ကောင်းရုန် လှမ်းကြည့်လိုက်ရာ စုရှောင်းယွီကို မြင်သွားသည်။

စုရှောင်းယွီကို မြင်တော့ ကောင်းရုန်ရဲ့ မျက်လုံးများ ဝိုင်းစက်သွား၏။

လှပလွန်းပါသည်။

စုရှောင်းယွီက JK စကတ်တစ်ခုကို ဝတ်ဆင်ထားသည်။ သူမက အလှပဆုံးအရွယ် ကောင်မလေးတစ်ယောက်လိုပင်။ ပုံပန်းသဏ္ဌာန်အားဖြင့် ၉၉ မှတ်လောက် ရနိုင်ပြီး ကောင်းရုန်ကို ချက်ချင်း သွေးများ ဆူပွက်သွားစေသည်။

မိန်းကလေးတွေ အများကြီးကို ကစားဖူးသော်လည်း စုရှောင်းယွီလောက် ဆွဲဆောင်မှုရှိတဲ့လူ တစ်ယောက်မှ မကြုံဖူးပါ။

ဒီလိုကောင်မလေးမျိုးကို ကစားနိုင်ပါက ခံစားချက် ကျိန်းသေပေါက် ခြားနားပါလိမ့်မည်။

ကောင်းရုန်ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒီအမျိုးသမီးလေးက ဘယ်သူများလဲ။ အရင်က မတွေ့ဖူးဘူးနော်"

အဘိုးကြီးက တောင်းတောင်းပန်ပန်နဲ့ ပြုံးလိုက်ပါသည်။ "ဒါက ငါ့မြေးမလေး စုရှောင်းယွီလေ။ သူကလည်း ကြယ်ပွင့်တစ်ပွင့်ပဲ။”

ထိုစကားကိုကြားတော့ ကောင်းရုန် ခပ်ပါးပါး ပြုံးလိုက်ပါသည်။ "မိန်းကလေးစု အဲ့တာကြောင့် အရမ်းလှနေတာကိုး။ ကျွန်တော် မိန်းကလေးတွေ အများကြီး မြင်ဖူးပေမယ့် ခင်ဗျားနဲ့ ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"

ကောင်းရုန်က စုရှောင်းယွီထံသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ရှေ့တိုးလာခဲ့ပါသည်။ လူကြီးလူကောင်းပီသစွာ ဦးညွတ်လိုက်ပြီး လက်ကို ကမ်းပေးလိုက်သည်။ "ဟယ်လို မိန်းကလေးစု၊ ကျွန်တော်က ကောင်းရုန်ပါ"

ကောင်းရုန်က ပြုံးလိုက်သည်။ မိန်းမလှလေး တစ်ယောက်ကိုမြင်တိုင်း သူ ပွေလီတတ်သည်။

ဒီနေ့ည စုရှောင်းယွီနဲ့ အတူတူ အိပ်နိုင်ပါက အလွန် ခံစားချက် ကောင်းမွန်ပါလိမ့်မည်။

ကောင်းရုန်က စုရှောင်းယွီကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်သဖြင့် ဘယ်လို ပရော်ဖက်ရှင်နယ် မိန်းကလေးမျိုးကမှ ကောင်းရုန်ရဲ့ ရင်းနှီးမှုကို ငြင်းဆန်လို့ရမှာ မဟုတ်ပေ။

သို့သော်လည်း စုရှောင်းယွီက ခြားနားပါသည်။

စုရှောင်းယွီက ကောင်းရုန်ကိုကြည့်ကာ ချိုမြိန်စွာပြုံးလိုက်ပါသည်။ သူမ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်၏။ "ကောင်းရုန် ဟုတ်လား"

ကောင်းရုန်ရဲ့ အပြုံး လေးနက်သွားခဲ့သည်။ သူ့နာမည် ကြားလိုက်တဲ့ မိန်းကလေးတိုင်း သူ့နားကို ကပ်လာကြလိမ့်မည်။ ဆယ်လီတွေလည်း ခြွင်းချက် မရှိပေ။ စုရှောင်းယွီမေးတာကိုကြားတော့ ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါတယ်။ ကျွန်တော်ပါ"

စုရှောင်းယွီက ကောင်းရုန်နဲ့ လက်ဆွဲ မနှုတ်ဆက်ခဲ့ပေ။ ထို့အစား အပြစ်ကင်းစင်စွာဖြင့် သူမဘေးက အမျိုးတွေကို ကြည့်ကာ မေးလိုက်ပါသည်။ "ကောင်းရုန်ဆိုတာ ဘယ်သူလဲ။ သူ့နာမည်ကို တစ်ခါမှ မကြားဖူးပါလား"

"ဘိုးဘိုး မိသားစုညစာစားပွဲဆိုတာ လူတကာ တက်နိုင်တဲ့ နေရာ မဟုတ်ဘူး။ ဒီလူရဲ့ မျိုးရိုးနာမည်က ရှားမို့လို့လား။ မဟုတ်ရင် ဘာလို့ မိသားစုညစာစားပွဲကို လာတက်ခွင့်ရှိတာလဲ။ သူက အရမ်းတော်လို့လား"

ဘေးပတ်လည်က ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

စုရှောင်းယွီက ကောင်းရုန်ကို တကယ်ပဲ ဘာမျက်နှာသာမှ မပေးပေ။

လင်းဖန်က ကောင်းရုန်ရဲ့ ဘော်ဒီဂတ်ကိုသာ ရိုက်နှက်ခဲ့တာဖြစ်သော်လည်း စုရှောင်းယွီကတော့ ကောင်းရုန်ကို တိုက်ရိုက် အရှက်ခွဲလိုက်ခြင်းပင်။

ကောင်းရုန် ကြမ်းပြင်ပေါ်မှာ တောင့်တောင့်တင်းတင်း ရပ်တန့်သွား၏။ သူ့မျက်နှာထား မှောင်မိုက်သွားသည်။

ကောင်းရုန်ရဲ့ မျက်လုံးထဲမှာ သွေးအေးတဲ့ အရိပ်အယောင်တစ်ခု ပေါ်လွင်လာသည်။ သူ စီးပွားရေးလောကထဲမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သဖြင့် စုရှောင်းယွီရဲ့ စကားလုံးတွေကြောင့် ဒေါသမဖြစ်ပါ။ ထို့အစား ကောင်းရုန်ရဲ့ ရင်ထဲက ဆန္ဒကိုသာ ပိုမို ပြင်းပြသွားစေသည်။ စုရှောင်းယွီလို မိန်းကလေးမျိုးးက သူ့ကို ဒီလို ပြောဆိုရဲသည်။ အိပ်ယာပေါ်ရောက်ခါမှ စုရှောင်းယွီကို ရက်ရက်စက်စက် အရှက်ခွဲမည်။ စုရှောင်းယွီကို သူ့အောက်မှာ မြင်ရမှ ကျေနပ်နိုင်ပါလိမ့်မည်။

ထိုစကားကိုကြားတော့ ရှားလန် တုန်လှုပ်သွားရ၏။ စုရှောင်းယွီကို ကြည့်ပြီး ပြောလိုက်ပါသည်။ "ရှောင်းယွီ ဘယ်လိုပြောလိုက်တာလဲ"

စုရှောင်းယွီက ခေါင်းခါလိုက်သည်။ "ဒီတိုင်း မေးကြည့်တာပါ"

ကောင်းရုန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်လေသည်။

"မိန်းကလေးစု၊ ကျွန်တော့်နာမည်က ကောင်းရုန်ပါ။ ကျန်းမြို့တော်ထဲက ကောင်းမိသားစုရဲ့ အကြီးဆုံးသား။ ကျွန်တော့်ကုမ္ပဏီက ကောင်းကော်ပိုရေးရှင်းကုမ္ပဏီပါ၊ တရုတ်နိုင်ငံထဲမှာ ထိပ်ဆုံး ကုမ္ပဏီ ၅၀ ထဲကတစ်ခုပဲ။ ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးက ၄၀၀ ဘီလီယံကျော်သွားပါပြီ။ ကျန်းမြို့တော်ထဲက အိမ်ခြံမြေအများစုကို ကောင်းမိသားစုက ကိုင်တွယ်ထားတာ။ မိန်းကလေးစု အိမ်တစ်လုံး ဝယ်ချင်ရင် ကျွန်တော်တို့ကောင်းမိသားစုကိုသာ ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ မိန်းကလေးစုကို အကောင်းဆုံးစျေးနဲ့ ရောင်းပေးပါ့မယ်"

ကောင်းရုန် ကြွားဝါနေခြင်းသာ ဖြစ်သည်။

တရုတ်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီ ၅၀ ထဲက တစ်ခု။

စျေးကွက်တန်ဖိုး ၄၀၀ ဘီလီယံကျော်။

ကောင်းမိသားစု ဘယ်လောက်ချမ်းသာလဲ စိတ်ကူးဖြင့် တွေးကြည့်နိုင်ပါသည်။

ကောင်းရုန်က စုရှောင်းယွီနဲ့ ရှားမိသားစုကို ကြွားဝါနေခြင်း ဖြစ်သည်။

ထင်မထားစွာဖြင့် စုရှောင်းယွီက သူမရဲ့ မျက်လုံးလှလှလေးများကို ပင့်ကာ ကောင်းရုန်ကို ပြန်စိုက်ကြည့်လိုက်သည်။

"သြော် ထိပ်တန်း ၅၀ ပဲ မှီတာလား။ စျေးကွက်တန်ဖိုးကလည်း ၄၀၀ ဘီလီယံတည်း။ ကောင်းမိသားစုကို အရမ်းတော်မယ်ထင်ထားတာ"

ထိုစကားကိုကြားသောအခါ ကောင်းရုန် ပြုံးသာ ပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ သူ့ကိုယ်သူ စုရှောင်းယွီရဲ့ အဆင့်လောက် နိမ့်ကျသွားအောင် မလုပ်နိုင်ပါ။

သူ့အမြင်မှာတော့ စုရှောင်းယွီက ဘဝင်မြင့်နေတဲ့ မိန်းမတစ်ယောက်သာ ဖြစ်သည်

၄၀၀ ဘီလီယံတည်းတဲ့။ ၄၀၀ ဘီလီယံဆိုတာ ဘာလဲ ဆိုတာကော စုရှောင်းယွီ သိရဲ့လား။

တရုတ်နိုင်ငံမှာ ထိပ်တန်း ၅၀ အဆင့်ဝင်တာ ဘာကို ဆိုလိုမှန်းကော သိရဲ့လား။

ကောင်းရုန် ပြောပြီးတာနဲ့ အဓိကအကြောင်းအရာဘက်ကို လှည့်လိုက်ပါသည်။

"သခင်ကြီးနဲ့ စီအီးအိုရှားတို့၊ ကျွန်တော် လူတွေ အများကြီး ခေါ်လာတာက ဒီနေ့သခင်ကြီးရဲ့ မွေးနေ့ အပျော်ကို ဖျက်ရအောင် လာခဲ့တာ မဟုတ်ပါဘူး"

"ဒီနေ့ တစ်ယောက်ယောက်ကို လာတွေ့တာပါ"

"လင်းဖန်က ကျွန်တော့် ဘော်ဒီဂတ်ရဲ့ ခြေထောက်ကို ချိုးသွားတယ်။ အဲ့တာ ကောင်းမိသားစုနဲ့ လင်းဖန်တို့ အကြားက ပြဿနာတစ်ခုပဲ။ ကောင်းမိသားစုက လင်းဖန်ကို အပြစ်ပေးချင်တယ်။ လင်းဖန်ကို ထုတ်ပေးရင် ကျွန်တော် ထွက်သွားပေးပါ့မယ်" လင်းဖန်ကို လှမ်းကြည့်ရင်း ကောင်းရုန် ပြောလိုက်ပါသည်။

စုရှောင်းယွီကို ဒေါသမထွက်ရခြင်းမှာ ဒီနေ့ အဓိကပစ်မှတ်က လင်းဖန် ဖြစ်နေတာကြောင့် ဖြစ်ပါသည်။

လင်းဖန်က သူ့လူတွေကို လာရှုပ်ရဲသဖြင့် ပြန်ပေးဆပ်ရမည်။

ရှားကျန်းချန်က ကောင်းရုန်ကိုကြည့်ကာ မေးလိုက်ပါသည်။ "စီအီးအိုကောင်း၊ နားလည်မှုလွဲတာများ ရှိသလား။ ရှိရင် ကျွန်တော့်မျက်နှာနဲ့ လင်းဖန်ကို ဒီတိုင်း တောင်းပန်ခိုင်းလိုက်ပါ။ အဆင်ပြေရဲ့လား"

ဒုန်း ဒုန်း ဒုန်း။

ဘော်ဒီဂတ် အယောက် ၁၀၀ - ၂၀၀ လောက် ရှားအိမ်တော်ဝင်ပေါက်ဆီသို့ လျှောက်လာကြသည်။

အားလုံးက ကောင်းရုန်ရဲ့ လူတွေချည်းသာ ဖြစ်သည်။

ထို့အပြင် ထိုလူတွေ အားလုံးက လက်နက်တွေ ကိုင်ဆောင်ထားကြ၏။

ကောင်းရုန်က လင်းဖန်ကို ကြည့်လိုက်ပြီး ခြေတစ်လှမ်း ရှေ့တိုးလိုက်ပါသည်။

"စီအီးအိုရှား တခြားကိစ္စတစ်ခုခုဆိုရင်တောင့် ကျွန်တော် မျက်နှာသာပေးမှာပါ။ ဒီနေ့တော့ စီအီးအိုရှားရဲ့ မျက်နှာတောင် ဒီမှာ အသုံးမဝင်နိုင်ဘူး"

"ကျုပ် တစ်ခေါက်ပဲ ပြောလိုက်မယ်"

"လင်းဖန်ရဲ့ ခြေလက်တွေ အကုန်လုံးကို ရိုက်ချိုးပစ်လိုက်"

"ဒီနေ့ ကောင်းမိသားစုကို တားရဲတဲ့လူတိုင်း ကျုပ်တို့ မိသားစုရဲ့ ရန်သူ ဖြစ်သွားစေရမယ်"

"ကျုပ်ကို တားချင်ရင် ထွက်လာပြီး တားကြည့်လိုက်ကြ"

ကောင်းရုန်က လင်းဖန်ကို အမျက်ဒေါသပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ကာ ပြောလိုက်ပါသည်။

ဒါက ကောင်းမိသားစုကို စော်ကားခြင်းရဲ့ အကျိုးဆက်ပင်။

ကောင်းမိသားစုက ရှားမိသားစုကိုတောင် မျက်နှာသာ မပေးတော့ပါ။

ရှားမိသားစု ဆွေမျိုးတွေ အကုန်လုံး ပျာပျာသလဲလဲ ဖြစ်ကုန်ကြသည်။

ကျန်းမြို့တော်ထဲက ကောင်းမိသားစုရဲ့ အာဏာကို သူတို့အားလုံး သိကြ၏။

အားလုံးရဲ့ အကြည့်တွေ လင်းဖန်ပေါ်ကို ကျရောက်လာခဲ့သည်။

ထိုအချိန်တွင် လင်းဖန်က လက်ဖက်ရည်သာ ဆက်သောက်နေပြီး ကောင်းရုန်ကို ကြည့်တောင် မကြည့်ပါ။

ခပ်လှမ်းလှမ်းတွင် ခြေထောက်ကျိုးနေသည့် အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်က ပတ်တီးစီးကာ လူနာထမ်းစင်တစ်ခုပေါ် လှဲနေသည်။ "ဟားဟားဟား ကောင်းမိသားစုကို မင်း စော်ကားလိုက်တာပဲ လင်းဖန်။ သေဖို့သာ ပြင်ထားတော့ နောက်ဆုံးတော့ မင်းခြေတွေလက်တွေ ကျိုးတာကို ပြန်မြင်ရတော့မယ်။ အရမ်းကြည့်လို့ကောင်းမှာပဲကွာ"

ကောင်းရုန်အော်လိုက်သည်။ "လှုပ်ရှားကြ"

ဘော်ဒီဂတ်အားလုံး လင်းဖန်ဆီကို လျှောက်လာကြ၏။

ဘယ်သူမှ သူ့ကို မတားရဲကြပေ။

ဘော်ဒီဂတ်များစွာကို ဘယ်သူမှ မတားရဲကြပေ။

ထိုအချိန်တွင်... ဝုန်းဒိုင်းကျဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။

ရှားမိသားစုရဲ့ တံခါးလည်း ချက်ချင်း ကွဲထွက်သွား၏။

ကောင်မလေးတစ်ယောက်ရဲ့ အသံက အားလုံးရဲ့ နားထဲ ဝင်ရောက်လာသည်။

"ဘယ်သူ တိုက်ခိုက်ရဲလဲ"

အားလုံး ဝင်ပေါက်ကို ကြည့်လိုက်တော့ ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်တစ်ယောက်က ကောင်းရုန်ရဲ့ ခေါင်းကို သေနတ်နဲ့ ချိန်ထားပါသည်။

ရှားအိမ်တော်ရဲ့ နေရာတိုင်းမှ ဘော်ဒီဂတ် ၃၀၀ ပေါ်လာသည်။

ရာနဲ့ချီတဲ့ကားတွေရဲ့ မီးအလင်းရောင်တွေက ရှားမိသားစု အိမ်တော်ရဲ့တံခါးကို တစ်ပြိုင်တည်း ထိုးလိုက်ကြသည်။ ထို့ကြောင့် ညတာက နေ့တာလို လင်းထိန်သွားခဲ့သည်။

ကောင်းကင်ပေါ်မှာလည်း ဟယ်လီကော်ပတာ တစ်စင်း၏ လည်ပတ်သံကို ကြားနေရသည်။

ရဟတ်ယာဉ်ဒလက်သံကို ရှားအိမ်တော်ရဲ့ ထောင့်တိုင်းမှ ကြားနေရသည်။

ဟယ်လီကော်ပတာက လေပေါ်မှာ ဝဲပျံနေပါသည်။

ရှားမိသားစုအိမ်တော်ရဲ့ ဖန်ချပ်များ၊ ကြမ်းပြင်များနဲ့ နံရံများအားလုံး အနည်းငယ် တုန်ခါလာကြသည်။

ဟယ်လီကော်ပတာရဲ့ ဒလက်လေအားက ကောင်းရုန်ဘေးက ဘော်ဒီဂတ်တွေရဲ့ မျက်နှာကိုပါ ဖြတ်တိုက်သွားကြသည်။

ဟယ်လီကော်ပတာ ၁၀ စင်းပေါ်က စက်သေနတ်များက ကောင်းရုန်ကို ရွယ်ထားကြသည်။

နှစ်ဖက်စလုံး၏ ဘော်ဒီဂတ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ထိုအချိန်တွင် အဖြူရောင်ပခုံးပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင် ပခုံးလောက်ရှိသည့် လှလှပပ လူရိပ်တစ်ခုက လူအုပ်ကြီးရဲ့ အလယ်ကို ရောက်လာခဲ့သည်။ သူမက သန့်စင်ပြီး ချစ်ဖို့ကောင်းသည်။ သူမရဲ့ ဖြူဖြူဖွေးဖွေး ခြေတံသွယ်များက အထင်းသား ပေါ်လွင်နေသည်။

သူမ ပုံမှန်နှုန်းအတိုင်းပဲ လမ်းလျှောက်လာသည်။ အဖြူရောင် ခြေထိုးဖိနပ်များကို စီးထားပြီး သပ်သပ်ရပ်ရပ် ရှိလှသည်။ သူတို့ မြင်နိုင်သလောက် သူမက နူးညံ့၊ အေးချမ်းပြီး သန့်စင်တဲ့ ခံစားချက်မျိုး ပေးစွမ်းနေ၏။

ထိုကောင်မလေးက သံသယဖြစ်ဖွယ်မရှိအောင်ပင် အာရုံစိုက်မှုများရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါသည်။

သူမက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး သန့်စင်ကာ ပြစ်ချက်ကင်းသည်။ သူမ မျက်လုံးထဲမှာလည်း ညစ်နွမ်းမှု မရှိပေ။

သို့သော် လုပ်စရာရှိတာကိုတော့ ဘယ်တော့မှ မနှောင့်နှေးတတ်ပါ။

ဘယ်သူမှ မလှုပ်ရဲကြတော့ပေ။

ကောင်းရုန်လည်း မလှုပ်ရဲကြတော့ပေ။

ကောင်းရုန်ဘေးက ဘော်ဒီဂတ်တွေလည်း မလှုပ်ရဲတော့ပေ။

အပ်ကျသံတောင် ကြားနိုင်လောက်သည်။

ရဟတ်ယာဉ်ဒလက်လည်သံ၊ ကောင်မလေးတစ်ယောက် ကြမ်းပြင်ပေါ်မှာ လမ်းလျှောက်နေသံ၊ လင်းဖန် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သံတို့ကိုသာ ကြားနိုင်ကြသည်။

ကောင်မလေးက လင်းဖန်ရှေ့ကိုလျှောက်လာပြီး အနည်းငယ် ဦးညွတ်လိုက်ပါသည်။

"ဘော့စ်လင်း။ နောက်ကျသွားလို့ တောင်းပန်ပါတယ်"

စုမူချင်း ချိုမြိန်စွာ ပြုံးပြီး လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပါသည်။

"နောက်မကျပါဘူး" လင်းဖန် ပြုံးလျက် မတ်တပ်ရပ်လိုက်သည်။ ကောင်းရုန်ကို သူကြည့်လိုက်၏။

"ကောင်းရုန် ခုနက ငါကြားတာသာ မမှားဘူးဆိုရင်... မင်း ငါ့ခြေလက်တွေကို ချိုးချင်တယ်လို့ပြောခဲ့တာ မဟုတ်လား" လင်းဖန်ရဲ့ အသံထွက်လာခဲ့သည်။

အားလုံး လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

အဘယ့်ကြောင့်ဆိုသော်...

ရောက်လာတဲ့ကောင်မလေးက စုမိသားစုရဲ့ ဒုတိယသမီး စုမူချင်းဖြစ်နေတာကြောင့်ပင်။

ထိုအချိန်တွင် လူအုပ်ကြီး တစ်အုပ်လုံး တိတ်ဆိတ်သွားခဲ့ရတော့သည်။

All Chapters