ယောက်ျား အချင်းချင်း ရှင်းသင့်တယ်
Vol. 27 Ch. 400
ကောင်းရုန်က ဘော်ဒီဂတ်ရာချီခေါ်လာပြီး လင်းဖန်ရဲ့ ခြေလက်များကို ရိုက်ချိုးဖို့ ရှားမိသားစု အိမ်တော်ထဲ ဝင်လာခဲ့သည်။
အရေးပေါ် အခြေအနေတွင် စုမူချင်း ရောက်ရှိလာခဲ့၏။
သို့သော်လည်း စုမူချင်းကို မြင်လိုက်ကြသောအခါ အားလုံးရဲ့ မျက်နှာထားများ ပြောင်းလဲသွားကြ၏။
အဘယ့်ကြောင့်ဆိုသော်.... စုမိသားစုရဲ့ ဒုတိယသမီး ကိုယ်တိုင် ရောက်လာတာကြောင့်ပင်။
ထို့အပြင် ကောင်းရုန်ရဲ့ နဖူးကို သေနတ်ဖြင့်ပါ ချိန်ထားသေးသည်။
စုမူချင်းက ဟယ်လီကော်ပတာတစ်စင်းကိုပင် ပြင်ဆင်ထားသေးသည်။
သူမ လင်းဖန်ကို ကာကွယ်နေမှန်း သိသာပါသည်။
"စုမူချင်း... စုမိသားစုရဲ့ ဒုတိယသမီး..." အဘိုးကြီးရဲ့ မျက်လုံးတွေက တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ "စုမိသားစုရဲ့ ဒုတိယသမီးက လင်းဖန်ကို ဘော့စ်လင်းလို့ ခေါ်လိုက်တယ်...."
"လင်းဖန် တည်ငြိမ်နေတာက ဘဝင်မြင့်လို့ မဟုတ်ဘဲ အစွမ်းအစရှိလို့ပေါ့" အဘိုးကြီး ပြောလိုက်ပါသည်။
"ဘုရားရေ စုမူချင်းလည်း ရောက်လာပြီ... သူက စုမိသားစုကလေ"
"ရှန်ဟိုင်းမြို့က အဓိက မိသားစုကြီး ၄ စုရဲ့ ခေါင်းဆောင် စုမိသားစုရဲ့ ဒုတိယသမီး။ စုမိသားစုကို ဦးမဆောင်ရသေးဘူးဆိုပေမယ့် သူကလည်း စုမိသားစုရဲ့ သမီးတစ်ယောက်ပဲ။ သူကိုယ်တိုင် ရောက်လာခဲ့တာ။ ကောင်းရုန်တောင် စုမူချင်းကို ဘာမှ မလုပ်ရဲလောက်ဘူး ဟုတ်တယ်မလား"
"လင်းဖန်ရဲ့ ရေပန်းစားမှုက အဲ့လောက်တောင် ကောင်းတာလား။ စုမိသားစုရဲ့ ဒုတိယသခင်မလေးကိုတောင် ဆင့်ခေါ်နိုင်တယ်လား။ လင်းဖန်မှာ ဘယ်လို အဆင့်အတန်းမျိုးတွေတောင် ရှိနေတာလဲ"
ထိုအချိန်တွင် ကောင်းရုန် ပြုံးလိုက်သည်။
သူ့ဘေးက ပါဆင်နယ် ဘော်ဒီဂတ်တချို့လည်း ကောင်းရုန်နောက်က ဘော်ဒီဂတ်များကို တိုက်ခိုက်လိုက်ကြသည်။
ထိုအချိန် ကောင်းရုန်ဘေးက ဘော်ဒီဂတ်လည်း သေနတ်ထုတ်ကာ လင်းဖန်ကို ချိန်ထားလိုက်၏။
တရုတ်နိုင်ငံတွင် သာမန်လူတွေက သေနတ် ကိုင်ဆောင်ခွင့်မရှိသော်လည်း ခြွင်းချက်များ ရှိသည်။
တချို့ ထိပ်တန်းမိသားစုကြီးများက ကိုင်ဆောင်ခွင့် ရှိသည်။ အမှန်ပင်။ ဒီအကြောင်းကို လူတော်တော်များများ မသိကြပါ။
ဘော်ဒီဂတ်က လင်းဖန်ရဲ့ ဘေးကို ခုန်လိုက်သည်။ သူ့သေနတ်က ကောင်းရုန်ကို ချိန်ရွယ်ထားဆဲ ဖြစ်၏။
ကောင်းရုန် လက်ခုပ်တီးကာ ပြုံးလိုက်ပါသည်။ "ဟုတ်တယ်။ ငါ မင်းခြေလက်တွေကို ချိုးပစ်မယ်လို့ ပြောခဲ့တယ်"
"မင်း ဘာလို့ ဒီလောက် ယုံကြည်ချက်ပြည့်ဝနေတာလဲလို့ တွေးနေတာ။ မိန်းကလေးစုကို အကူအညီတောင်းထားတာကိုး။ ဒါပေမယ့် ကောင်းရုန်ဆိုတဲ့ ငါကိုယ်တိုင် ဒီနေ့ ဒီနေရာကို ရောက်လာတာနော်"
"မင်း ဘာလုပ်နိုင်မှာလဲ"
"ရှားမိသားစုထဲက ဘယ်သူ ငါ့ကိုထိရဲလဲ"
"စုမိသားစုထဲက ဘယ်သူ ငါ့ကိုထိရဲလဲ"
"ဟားဟားဟားဟား ငါဆိုတဲ့ ကောင်းရုန်က ကျန်းမြို့တော်မှာ ကျင်လည်နေတာာ နှစ် ၂၀ ရှိပြီက။ ဘယ်သူမှ ငါ့ကို ဒီလောက် မရိုင်းပျရဲကြဘူး"
"ရှန်ဟိုင်းမြို့က စုမိသားစုဆိုရင်တောင် ဘာဖြစ်လဲ။ စုမူချင်း၊ မင်းက စုမိသားစုရဲ့ သမီးတစ်ယောက်သက်သက်ပဲလေ။ စုမိသားစုရဲ့ မိသားစုခေါင်းဆောင်မို့လိုလား။ မိသားစုခေါင်းဆောင် မဟုတ်တဲ့လူက ငါ့ကို ရင်ဆိုင်နိုင်လို့လား"
"ကောင်းမိသားစုရဲ့ စျေးကွက်တန်ဖိုးက ၄၀၀ ဘီလီယံ ကျော်တယ်။ ဒါပေမယ့် ကောင်းမိသားစု ဘယ်လောက် သန်မာလဲဆိုတာ သိရဲ့လား"
"ဒီနေ့ စုမူချင်းကိုယ်တိုင် ရောက်လာတယ်ဆိုတော့ နင့်မျက်နှာကြောင့် ဒီကိစ္စကို ဒီမှာ ဆက်မရှုပ်တော့ဖို့ ဆုံးဖြတ်လိုက်မယ်။ ဒါပေမယ့် လင်းဖန်က ငါ့ရဲ့ ကောင်းမိသားစုကို တိုက်ခိုက်ထားတာတော့ သံသယ ဖြစ်စရာ မလိုဘူး။ လင်းဖန် ကောင်းမိသားစုက ဒီအကြွေးကို အမြဲတမ်း အမှတ်ရနေမယ်" ကောင်းရုန် ပြောလိုက်သည်။
ထို့နောက် ဘော်ဒီဂတ်ရာကျော်နဲ့ လှည့်ထွက်သွားလေသည်။
အမှန်ပင်။ ကောင်းရုန်ကို ချိန်ရွယ်ထားတဲ့ စက်သေနတ်တွေ အများကြီး ရှိပါသည်။
စုမူချင်းကလည်း လင်းဖန်ကို ကြည့်နေ၏။ လင်းဖန်ရဲ့ အမိန့်ကို စောင့်နေတာဖြစ်သည်။
လင်းဖန် အမိန့်ပေးလိုက်တာနဲ့ ကောင်းရုန် ဒီနေ့ ဒီနေရာက ထွက်သွားနိုင်မှာ မဟုတ်ပါ။
သို့သော်လည်း လင်းဖန် မလုပ်ခဲ့ပေ။
လင်းဖန်က ကောင်းရုန်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပါသည်။
ကောင်းရုန်ကို သူ မကြောက်ပါ။ ကောင်းရုန်ကသာ သူ့ကို ကြောက်နေတာဖြစ်သည်။ မဟုတ်ပါက စကားနည်းနည်းပြောပြီး ကောင်းရုန် ထွက်သွားမှာ မဟုတ်ပါ။
ရှားမိသားစုကို တိုက်ခိုက်လိုက်ပါက ကျိန်းသေပေါက် သေနတ်တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်။ သွေးချောင်းတွေလည်း စီးလိမ့်မည်။
ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ စုမူချင်းတို့အားလုံး ဒီမှာ ရှိနေကြသည်။ သူတို့ကို လင်းဖန် အသက်အန္တရာယ် မရှိစေချင်ပါ။
ထို့အပြင် တစ်ယောက်ယောက်ကို သတ်မိလိုက်တာနဲ့ ဘယ်မိသားစုကပဲဖြစ်ဖြစ် တရုတ်နိုင်ငံ တရားဥပဒေအတိုင်း ရင်ဆိုင်ရလိမ့်မည်။ လူသတ်မိပါက ကိုယ့်အသက်နဲ့ ပြန်ပေးဆပ်ရမည်။ သံသယ ဖြစ်စရာ မလိုပါ။
သေနတ်တွေက ခြိမ်းခြောက်သည့် ကိရိယာတွေသက်သက်သာ ဖြစ်မှန်း လင်းဖန်ကော ကောင်းရုန်ကော သိကြပါသည်။ ဘယ်သူမှ တကယ်တမ်း မပစ်ရဲကြပါ။
သို့သော်လည်း ကောင်းရုန်က လင်းဖန်ကို လူထုရှေ့မှာ အရှက်ခွဲဖို့ ဂရုတစိုက် ပြင်ဆင်လာခဲ့သည်။ လင်းဖန်ရဲ့ ခြေလက်တွေကို ရိုက်ချိုးမည်ဟုတောင် ခြိမ်းခြောက်ခဲ့သည်။
ကောင်းရုန် မှောင်မိုက်နေသော မျက်နှာထားဖြင့် အပြင်က ကားထဲ ဝင်သွားပါသည်။
"ယီးထဲမှ။ စုမူချင်းက တကယ်ကြီး လင်းဖန်ကို လာကူညီတာပဲ။ ငါတို့ လင်းဖန်ရဲ့ နောက်ကြောင်း ရာဇဝင်ကို စုံစမ်းထားပြီးသား မဟုတ်ဘူးလား။ ဘာလို့ စုမူချင်းနဲ့ ပတ်သက်ပြီး ဘာမှ မသိခဲ့ရတာလဲ" ကောင်းရုန် ပြောလိုက်သည်။
ဒီနေ့ လင်းဖန်ကို ပြန်ပေးဆပ်ရအောင် လုပ်နိုင်သော်လည်း မစ်ရှင် ကျရှုံးခဲ့သည်။
လင်းဖန်ကို စုမူချင်းရှေ့မှာ မထိရဲပါ။
အဘယ့်ကြောင့်ဆိုသော် သူတကယ်တမ်း ထိုသို့ လုပ်ရဲပါက စုမူချင်း ကျိန်းသေပေါက် ပြန်လည် တိုက်ခိုက်ပါလိမ့်မည်။
ထိုအချိန်ကျရင် အခြေအနေကို သူထိန်းချုပ်နိုင်မှာ မဟုတ်တော့ပါ။
"ဘာပဲဖြစ်ဖြစ် လင်းဖန်ကို သေချာ ပြန်စုံစမ်းကြ။ ဒီတစ်ခေါက် လင်းဖန်ကို ပြန်ပေးဆပ်ရအောင် လုပ်ရမယ်"
"လင်းဖန်ကို မရှင်းနိုင်ရင်တောင် သူ့မိသားစုဆိုရင်ကော။ လင်းဖန်ရဲ့ ကုမ္ပဏီဆိုရင်ကော" ကောင်းရုန်ရဲ့ မျက်လုံးများက သွေအေးနေပါသည်။
"စီအီးအိုကောင်း၊ ကျွန်တော်တို့ လင်းဖန်ရဲ့ ကုမ္ပဏီကို ထိရင် ဒါမှမဟုတ် သူ့နားက လူတွေကို ထိရင် စုမိသားစု ရှိသေးတယ်..." ဘေးက ဘော်ဒီဂတ်က သတိပေးလိုက်ပါသည်။
"စုမူချင်းက စုမိသားစုရဲ့ ဒုတိယသမီးအဆင့်ပဲ ရှိတာပါကွာ။ စုမိသားစုရဲ့ အာဏာကလည်း သမီးအကြီးဆုံးဆီမှာပဲ ရှိတယ်။ စုမူချင်းရဲ့ အစွမ်းအစက မသေးပေမယ့် သူတစ်ယောက်တည်းနဲ့ လင်းဖန်ကို မကယ်တင်နိုင်ပါဘူး"
"လင်းဖန် တစ်ယောက်တည်းအတွက်နဲ့ စုမိသားစု တစ်စုလုံးကတော့ ကောင်းမိသားစုနဲ့ ရန်သူတော် ဖြစ်လာကြမှာ မဟုတ်ဘူး"
"စုမူချင်းအတွက်နဲ့တောင် ကောင်းမိသားစုနဲ့ ရန်သူတော် ဖြစ်လာချင်ကြမှာ မဟုတ်ဘူးလို့ ပြောလို့ ရတယ်"
"ဒီတစ်ခေါက် လင်းဖန်ကို အနိုင်ယူချင်ရုံတင်မကဘူး။ စုမူချင်းကိုပါ အနိုင်ယူချင်တယ်"
ကောင်းရုန် မျက်လုံးထဲ အရောင်လင်းလက်သွားသည်။ စုမူချင်းလို လက်ထောက်မျိုး ရထားသည့်အတွက် လင်းဖန်ကို မနာလိုဖြစ်နေပါသည်။
ငွေကြောင့်ပဲ မဟုတ်ဘူးလား။ လင်းဖန်ထက် သူ့မှာ ငွေမရှိဘဲနေမလား။ သူ့မှာ ငွေလုံလုံလောက်လောက် ရှိပါက စုမူချင်းကို သိမ်းသွင်းနိုင်ပါလိမ့်မည်။
စုမူချင်းလို မိန်းကလေးမျိုးကို ဘယ်သူက ရနိုင်မှာလဲ။ အိပ်ယာပေါ်မှာ ပျော်ရွှင်ရရုံတင်မကဘဲ အလုပ်မှာလည်း သွက်လက်ချက်ချာသူ ဖြစ်လိမ့်မည်။
ကောင်းမိသားစုနဲ့ လင်းဖန်တို့အကြားက တိုက်ပွဲ စတင်ခဲ့ပါပြီ။
ရှားမိသားစု အိမ်တော်တွင်...
စုမူချင်းက လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဘော့စ်လင်း။ ကျွန်မ တောင်းပန်ပါတယ်။ ကောင်းရုန်ကိုကော ကောင်းမိသားစုကိုကော မတားနိုင်ဘူး။ ကျွန်မတို့ တကယ် ဒီမှာ တိုက်ခိုက်ရင် ဝမ်ချွေ့အဘိုးရဲ့ မွေးနေ့ပွဲ ပျက်သွားနိုင်တယ်။”
လင်းဖန် ခေါင်းငြိမ့်ကာ ပြုံးလိုက်ပါသည်။ "ငါ ဘာမှ မဖြစ်ပါဘူး။ ကောင်းရုန်ရဲ့ ဘော်ဂီဂတ်တွေမှာပါ သေနတ်တွေ ရှိနေမယ် ထင်မထားဘူး။ မဟုတ်ရင် ဒီနေ့ ကောင်းရုန်ရဲ့ ခြေတွေလက်တွေကို ချိုးနိုင်လောက်တယ်။ ဒါပေမယ့် ရပါတယ်။ ကောင်းမိသားစု ပြေးမလွတ်ပါဘူး"
"ဒါပေမယ့် ကောင်းရုန်က နင့်ကို ကြောက်တဲ့ပုံ သိပ်မပေါ်ဘူး" လင်းဖန် ပြုံးကာ ပြောလိုက်ပါသည်။ ဒီလိုအခြေအနေမျိုးအောက်မှာ လူတိုင်း ကြောက်လန့်သွားနိုင်သည်။ သို့သော် ကောင်းရုန်ကတော့ မကြောက်ပေ။ အလွန် တည်ငြိမ် အေးဆေးခဲ့၏။ ကြောက်ဖို့ ကောင်းသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်ပါသည်။
စုမူချင်းက ညင်သာစွာပြောလိုက်သည်။ "ဘော့စ်လင်း ။ ကောင်းရုန်က ကောင်းမိသားစုရဲ့ အကြီးဆုံးသားပါ။ ကောင်းကော်ပိုရေးရှင်းကို ဦးဆောင်နေပြီဖြစ်ပြီးတော့ အရမ်း အစွမ်းအစရှိတဲ့လူပါ... အိမ်မှာဆို... ကျွန်မ မိဘတွေက ကျွန်မကို တန်ဖိုးမထားဘူး။ အာဏာက ကျွန်မ အစ်မဆီမှာပဲ ရှိတယ်။ အဲ့တာကြောင့် ကျွန်မ..."
စုမူချင်း ခေါင်းငုံ့လိုက်သည်။ မျက်နှာများ နီမြန်းနေ၏။ လင်းဖန်ကို မကာကွယ်နိုင်တဲ့အတွက် ဒေါသထွက်နေသည့်အလား လက်သီးကို ဆုပ်လိုက်သည်။
သူ့အစ်မသာ ဒီနေရာမှာ ရှိနေပါက ကောင်းရုန် ဒီလောက်ထိ မောက်မာရဲမှာ မဟုတ်ပေ။
သူမက ဘာလို့ အသုံးမဝင်ရတာလဲ။
စုမူချင်း မျက်လုံးများ စိုစွတ်လာပြီး မျက်ရည်များ တိတ်ဆိတ်စွာ ကျလာသည်။
စုမူချင်းရဲ့ ပုံစံကို မြင်သောအခါ လင်းဖန် တောက်ပစွာ ပြုံးလိုက်ပြီး ခေါင်းကိုပုတ်လိုက်ပါသည်။
"ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ငါရှိတယ် စိတ်မပူနဲ့"
"ဒီလိုကိစ္စတွေက ယောက်ျားချင်းရှင်းသင့်တယ်"