လင်းဖန်ရဲ့ ကုမ္ပဏီများ
Vol. 27 Ch. 401
လင်းဖန် ဆက်ပြောလိုက်၏။ "ငါသာ ကောင်းရုန် နေရာမှာဆိုရင် ကျိန်းသေပေါက် ဒေါသွက်ပြီး လင်းဖန်ကို သင်ခန်းစာပေးဖို့ ပြင်ဆင်မှာပဲ။ လင်းဖန်ကို စုမူချင်းက ကာကွယ်ပေးနေတယ် ဆိုတော့ ကျိန်းသေပေါက် လင်းဖန်ရဲ့ ကုမ္ပဏီနဲ့ မိသားစုကို ပစ်မှတ်ထားမှာပဲ"
"မူချင်း ငါ့ညီမ၊ အဖေနဲ့ အမေတို့ကို ကာကွယ်ဖို့ လူလွှတ်ပြီးပြီလား" လင်းဖန် မေးလိုက်သည်။
စုမူချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း~ သူတို့ကို တစ်ရက် ၂၄ နာရီ ကာကွယ်ပေးထားတဲ့ ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်တွေ ရှိပါတယ်။ ဘာပြဿနာမှ မဖြစ်စေရပါဘူး~"
စုမူချင်း ကိစ္စတွေကို ကိုင်တွယ်တဲ့အခါ လင်းဖန် တကယ်ပဲ စိတ်အေးရပါသည်။
သို့သော်လည်း ကောင်းရုန်က ရှားမိသားစု အိမ်တော်ကို လာပြီး ပြဿနာရှာသွားသဖြင့် အဘိုးကြီးရဲ့ မွေးနေ့ပွဲ အပျော်ကို လုံးဝ ပျက်စီးသွားစေသည်။
လင်းဖန်က အဘိုးကြီးရှေ့ကို လျှောက်သွားလိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်ပါသည်။ "အဘိုး၊ ကျွန်တော် တောင်းပန်ပါတယ်။ ကောင်းမိသားစုနဲ့ ပြဿနာတက်အောင် လုပ်မိတာ ကျွန်တော့်အပြစ်ပါ။ ဒီနေ့က အဘိုးရဲ့ မွေးနေ့ဆိုပေမယ့် ပြဿနာတွေ အများကြီးဖြစ်ပြီး မွေးနေ့ အပျော် ပျက်သွားရပြီ"
အဘိုးကြီးက ပြုံးကာ ပြောလိုက်သည်။ "လင်းဖန် မင်းက အရမ်းထူးချွန်ပါတယ်။ အရင်တုန်းက မင်းကို ဆင်ခြင်တုံတရား မရှိဘဲ ကောင်းမိသားစုကို သွားတိုက်ခိုက်တယ်လို့ တွေးထားတာ။ မင်းက လူ့ပတ်ဝန်းကျင်နေပြီး အနိုင်ကျင့်မခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ခါတစ်လေမှာ ခေါင်းငုံ့တတ်ဖို့ လိုတယ်"
"ကောင်းရုန်ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မင်းမှာ မရှိဘဲနဲ့ သွားတိုက်ခိုက်ချင်နေလို့ အရင်က ငါ တော်တော် စိတ်ပျက်ခဲ့တယ်။ ဒါပေမယ့် အခု မင်းမှာ ခွန်အားတင်ရှိတာမဟုတ်ဘဲ ကောင်းရုန်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်လည်း ရှိတယ်။ ဆိုရိုးစကား ရှိတယ်။ ကိုယ့်ကိုမတိုက်ခိုက်ရင် ကိုယ်ကလည်း ပြန်မတိုက်ခိုက်ရဘူး။ ကိုယ့်ကို တိုက်ခိုက်လာရင်တော့ ကျိန်းသေပေါက် ပြန်တိုက်ခိုက်ရမယ်။ ကောင်းမိသားစုက ငါ့ကို လာနှောင့်ယှက်လိုက်ပြီဆိုတော့ နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး"
"လင်းဖန် အခုချိန်ကစပြီး ရှားမိသားစုက မင်းကို ဘာပဲဖြစ်ဖြစ် ထောက်ပံ့ပေးမယ်။ ကောင်းမိသားစုက မောက်မာပြီး ရှားမိသားစုကို အထင်သေးတယ်။ ငါတို့ ရှားမိသားစုက ကောင်းမိသားစုကို တကယ်ကြောက်စရာလိုလို့လား" အဘိုးကြီးက ပြောလိုက်သည်။
လင်းဖန်ကို သူ အထင်ကြီးသွားမှန်း သိသာပါသည်။
လင်းဖန်က ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်ရသည့်အခါ ကယောင်ချောက်ချား မဖြစ်ခဲ့ပါ။ သူများတွေ အနိုင်လာကျင့်တဲ့အခါမှာလည်း ဆုံးဖြတ်ချက် ပြတ်သားပြီး ရဲရင့်ပါသည်။ ထို့ကြောင့် ရှားဝမ်ချွေ့ကို လင်းဖန် ကောင်းကောင်းကာကွယ်ပေးနိုင်လိမ့်မည်ဟု အဘိုးကြီး ခံစားမိသည်။
"အဘိုး။ တစ်နည်းအားဖြင့် ကျွန်တော်နဲ့ ရှားဝမ်ချွေ့တို့ကို သဘောတူလိုက်တာပေါ့" လင်းဖန် တောက်ပစွာ ပြုံးလိုက်ပါသည်။
"မင်းတို့နှစ်ယောက်က အရမ်းချစ်နေကြတာကိုး။ ငါသဘောတူတူ မတူတူ ဘာခြားနားမှာလဲ" အဘိုးကြီး ပြောလိုက်ပြီး ရှားဝမ်ချွေ့ကို လှမ်းကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့ မျက်နှာနီမြန်းနေပြီး အဘိုးကြီးဆီ လျှောက်လာခဲ့ပါသည်။
သခင်ကြီးက ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ကို လက်ဆက်ပေးလိုက်ပါသည်။
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ပြောလိုက်၏။ "ဘိုးဘိုး..."
လင်းဖန်က ရှားဝမ်ချွေ့လက်ကို ကိုင်ထားပြီး ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လွင်နေသည်။
အလှည့်အပြောင်းများစွာကြုံတွေ့ခဲ့ရပြီး ကောင်းမိသားစုနဲ့ ရင်ဆိုင်ရပြီးတာတောင် ဘာပဲဖြစ်ဖြစ် သခင်ကြီးက ရှားဝမ်ချွေ့ရဲ့ မင်္ဂလာပွဲကို သဘောတူလိုက်ပါသည်။
ရှားကျန်းချန် ဝင်ပြောလိုက်သည်။ "အဟမ်း ကျွန်တော့်သဘောထားကို မမေးရသေးဘူး"
အဘိုးကြီးက စိတ်ပျက်လက်ပျက် မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။ "အေးပါ မင်းသဘောထားက အရေးမကြီးဘူး။ အရေးကြီးတာက ငါ့မြေးမရဲ့ သဘောထားပဲ။ သူ သဘောတူရင် သူတို့နှစ်ယောက် လက်ထပ်လို့ ရပြီ"
"ဒါပေမယ့် လင်းဖန်၊ မင်းငါ့ကို သဘောတူစေချင်ရင် နောက်ဆုံးတောင်းဆိုချက်တစ်ခုကို လိုက်လျောရမယ်" အဘိုးကြီးက ဆိုသည်။
လင်းဖန် တောက်ပစွာပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "အဘိုး ကျွန်တော် ဘယ်လို တောင်းဆိုချက်မျိုးကိုမဆို လိုက်လျောပါ့မယ်"
ဘာပဲဖြစ်ဖြစ် လင်းဖန်ရဲ့အမြင်မှာတော့ အဘိုးကြီးက များများစားစား တောင်းဆိုမှာ မဟုတ်ပါ။
ရှားဝမ်ချွေ့ကို လက်ထပ်နိုင်ဖို့ကလွဲပြီး ဘာမှ အရေးမကြီးပါ။
အဘိုးကြီး မျက်လုံးများအရောင်လက်သွား၏။ "မင်း တကယ်ပြောတာလား"
လင်းဖန် ခေါင်းငြိမ့်လိုက်၏။ "တကယ်ပါ။ လူကြီးလူကောင်းတစ်ယောက်က ပြောပြီးသား စကားကို ပြန်မရုတ်သိမ်းရဘူး"
အဘိုးကြီးက ရယ်မောရင်း ပြောလိုက်ပါသည်။ "ဟုတ်ပြီ။ ရှောင်းယွီ ဒီကိုလာဦး"
စုရှောင်းယွီ “...”
စုရှောင်းယွီ ရောက်လာတော့ လင်းဖန် အနည်းငယ် မှင်သက်သွားရသည်။
ထို့နောက်... အဘိုးကြီးက စုရှောင်းယွီရဲ့ လက်ကို လင်းဖန်ရဲ့ လက်နောက်တစ်ဖက်ထဲ ထည့်ပေးလိုက်ပါသည်။
အဘိုးကြီးက လင်းဖန်ကို ကြည့်ကာ ပြောလိုက်၏။
"လင်းဖန် ငါ့မှာတောင်းဆိုချက်တစ်ခုပဲ ရှိတယ်။ ငါ့မြေးမကို လက်ထပ်ချင်ရင် ငါ့ရဲ့ အဖိုးတန်မြေးမလေး စုရှောင်းယွီကိုပါ လက်ထပ်ရမယ်။ မဟုတ်ရင် ဒီမင်္ဂလာပွဲကို သဘောမတူဘူး"
စုရှောင်းယွီ “...”
ရှားဝမ်ချွေ့ “...”
လင်းဖန် “...”
လူတိုင်း: “...”
ဘာလဲဟ...
အဘိုးကြီးက ထူးထူးဆန်းဆန်း တောင်းဆိုချက်ကို တောင်းဆိုလိုက်ပါသည်။
စုရှောင်းယွီ ရှက်သွေးဖြာသွားပြီး ပြောလိုက်ပါသည်။ "ဘိုးဘိုး မဟုတ်တာတွေ မပြောပါနဲ့"
လင်းဖန်လည်း အနည်းငယ် မှင်သက်သွားရသည်။ "ဘိုးဘိုး။ အဆင်မပြေလောက်ဘူးထင်တယ်။ ဇနီး ၁ ယောက်ထက် ပိုလက်ထပ်တာကို တရားဥပဒေက ခွင့်မပြုထားဘူး။ တရားမဝင်ဘူးဗျ"
အဘိုးကြီးက စားပွဲကို လက်ဖြင့် ထုလိုက်သည်။ "တရားမဝင်ဘူးဟုတ်လား။ ဟား... အလွန်ဆုံး လက်ထပ်လို့ မရရုံပဲ ရှိမယ်။ ဒါပေမယ့် အတူတူ နေလို့တော့ ရတယ်လေ။ ဘယ်သူက ဘာပြောမှာလဲ။ တရားမဝင်လည်း ဘာဖြစ်လဲ။ စုရှောင်းယွီနဲ့ ဝမ်ချွေ့တို့နဲ့ အတူတူအိပ်လိုက်ရင် သူတို့ ကိုယ်ဝန်မရဘဲနေမလား"
"ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုရင် အတူတူနေလို့ ရတယ်။ ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ လင်းဖန် မင်းလက်မခံနိုင်ရင် ဝမ်ချွေ့ကို လက်မထပ်နဲ့တော့" အဘိုးကြီးက ဝိုင်တစ်ငုံ ထပ်သောက်ကာ ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့က ခေါင်းငုံ့လိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ "ဘိုးဘိုး အခုလေးတင် သဘောတူလိုက်ပြီးတော့..."
ရှားဝမ်ချွေ့ရဲ့ ဝမ်းနည်းသွားသော မျက်နှာကို ကြည့်ရင်း အဘိုးကြီး စနောက်လိုက်ပါသည်။ "ဟုတ်ပြီ။ ဟုတ်ပြီ။ မင်းတို့လူငယ်တွေ ကို့ယ့်ပြဿနာ ကိုယ်ဖြေရှင်းကြတော့။ ဒါပေမယ့် ကောင်းမိသားစုနဲ့ မင်းပြဿနာကိုတော့ ရှားမိသားစုက အပြည့်အဝ ထောက်ပံ့ပေးမယ်။ ရှားမိသားစု မကိုင်တွယ်နိုင်ဘူး ဆိုရင်တောင် ကျန်းချန် မင်းမိန်းမကို သွားတွေ့ပြီး ကောင်းမိသားစုကို ဖျက်ဆီးပစ်လိုက်"
ရှားကျန်းချန် "အဲ့လို လုပ်ဖို့တော့ မလွယ်လောက်ဘူး..."
အဘိုးကြီးရဲ့စကားကိုကြားသောအခါ ရှားဝမ်ချွေ့ရဲ့ မျက်လုံးလှလှလေးများ အရောင်တောက်သွားသည်။
သူမနဲ့ စုရှောင်းယွီတို့က အမေချင်းတူကြ၏။ သို့သော် သူမက အဖေဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ခံယူပြီး စုရှောင်းယွီက အမေဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ခံယူခဲ့သည်။
စုရှောင်းယွီက ဉာဏ်ကြီးရှင် ဖြစ်သော်လည်း သူမ အမေက ပို၍ပင် အံ့သြဖို့ကောင်းပါသေးသည်။
သို့သော်လည်း ပုံမှန်ဆို စုရှောင်းယွီရဲ့အမေက သိပ်မလှုပ်ရှားတတ်ပေ။ သူမ လှုပ်ရှားရင် ကောင်းမိသားစုက သူမအတွက် မျက်စိစပါးမွှေး စူးစရာတောင် ဟုတ်မည်မထင်ပါ။
ခဏလောက်ကြာသောအခါ စုမူချင်းက အဘိုးကြီးရှေ့ကို လျှောက်လာခဲ့သည်။ သူမက အလွန်ကျိုးနွံပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"ဟယ်လို။ ကျွန်မက ဘော့စ်လင်းရဲ့ လက်ထောက် စုမူချင်းပါရှင့်။ ကျွန်မ ဘိုးဘိုးကတော့ ဆုံးပါးသွားပြီ။ အဘိုးကို ကျွန်မ ဘိုးဘိုးလို့ ခေါ်လို့ ရမလား"
စုမူချင်းကို သခင်ကြီးမြင်တော့ အလွန်သဘောကျပါသည်။ ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်၏။ "ဒါပေါ့ ပြဿနာမရှိပါဘူး။ နေပါဦး... မူချင်း။ နင်က လင်းဖန်ရဲ့ လက်ထောက်လား"
စုမူချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့။ ဘော့စ်လင်းက အရမ်းတော်တာ"
စုမူချင်း ခေါင်းငြိမ့်လိုက်တာကို မြင်သောအခါ အားလုံး မှင်သက်သွားရပါသည်။
စုမိသားစုရဲ့ ဒုတိယသမီး စုမူချင်းက တကယ်ကြီး လင်းဖန်ရဲ့ လက်ထောက် ဖြစ်နေပါသည်။
ဒါက တရားလွန်လွန်းသည်။
စုမူချင်းက ဆင်းဟွာစီးပွားရေးတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီး မေဂျာတစ်ခုလုံးမှာတောင် အဆင့် ၁ ရရှိခဲ့သူ ဖြစ်သည်။
စုမိသားစုရဲ့ အာဏာကို ကိုင်ဆောင်ထားတဲ့ အစ်မတစ်ယောက် မိသားစုထဲမှာ ရှိနေသဖြင့် စုမိသားစုရဲ့ အာဏာက စုမူချင်းထံသို့ တစ်ခါမှ ရောက်မလာခဲ့ပါ။
စုမူချင်း ငယ်သေးတာကြောင့်လည်းပါသည်။ ဘာပဲဖြစ်ဖြစ် စုမူချင်းက စုမိသားစုရဲ့ သမီးဖြစ်ကာ စုမိသားစုအတွင်းမှာ အထူးနေရာတစ်ခုတော့ ရထားပါသည်။
သူမ စုမိသားစုရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါက စုမိသားစုရဲ့ ကုမ္ပဏီကို တခြား လယ်ဗယ်တစ်ခုအထိ ရောက်အောင် မြှင့်တင်ပေးနိုင်ပါလိမ့်မည်။
ထိုကဲ့သို့ ထူးချွန်တဲ့ ကောင်မလေးမျိုးက ယခု လင်းဖန်ရဲ့ လက်ထောက် ဖြစ်နေပါသည်။
ထို့အပြင် စုမူချင်းက အထွန့်တက်မှုပင် မရှိဘဲ လင်းဖန်ကို လေးစားအားကျစွာ ကြည့်နေပါသည်။
သခင်ကြီးက တုန်လှုပ်စွာ ပြောလိုက်သည်။ "မူချင်း၊ ဒီ့ထက် ပိုကောင်းတဲ့ အလုပ်တွေ လုပ်နိုင်ပြီး စုမိသားစုရဲ့ ကုမ္ပဏီထဲမှာ နေရာယူလို့တောင်ရတယ်လေ။ လင်းဖန်က မဆိုးဘူး ဆိုပေမယ့် ဘာလို့ သူ့လက်ထောက် လုပ်ချင်ရတာလဲ။ လင်းဖန် ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးက ၄ ဘီလီယံပဲ ရှိတာကို"
စျေးကွက်တန်ဖိုး ၄ ဘီလီယံက မနည်းပါ။ သို့သော်လည်း ဘီယီယံရာချီတဲ့ စုမိသားစုရဲ့ ကုမ္ပဏီနဲ့ ယှဉ်ကြည့်လိုက်ပါက အထင်ကြီးစရာ သိပ်မကောင်းသေးပါ။
စုမူချင်းက ပြုံးလိုက်ပြီး သိမ်မွေ့စွာ ရှင်းပြလိုက်ပါသည်။ "ဘိုးဘိုး။ ဘာမှ မဖြစ်ပါဘူး။ ဘော့စ်လင်းမှာ ၄ ဘီလီယံယွမ် ကုမ္ပဏီထက် ပိုတဲ့ ပိုင်ဆိုင်မှုတွေ ရှိပါတယ်။ သူက Estee Lauder ရဲ့ ဥက္ကဌ၊ LV နဲ့ Chanel တို့ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဖြစ်တယ်။ Bugatti ရဲ့ တတိယ အများဆုံး ရှယ်ယာဝင်လည်း ဟုတ်တယ်။ ဘော့စ်လင်းရဲ့ အစွမ်းအစက ကျွန်မတို့ စုမိသားစု တစ်စုလုံးရဲ့ အထက်မှာ ရှိပါတယ်"
"ဒါပေါ့ အဲ့တာတွေထက် အံ့သြဖို့အကောင်းဆုံးက ဘော့စ်လင်းက Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဖြစ်သေးတယ်"
"Alibaba တစ်ခုလုံးမှာ ဘော့စ်မာ ပြီးရင် ဘော့စ်လင်းပဲ~ ပြီးတော့ ကျားရှင်းဖျော်ဖြေရေးက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့အတွက်ပဲ ဘော့စ်ဖေး တည်ထောင်ပေးထားတာလေ"
"ဘော့စ်လင်းပြောတာက... အနုပညာလောကထဲက ကုမ္ပဏီတွေက စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ကို မကာကွယ်နိုင်မှာ စိုးလို့တဲ့။ အဲ့တာကြောင့် ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်လိုက်ရတာ။ သူတို့ကို ကာကွယ်ဖို့အတွက်ပေါ့~"
စုမူချင်းရဲ့ စကားကို နားထောင်ရင်း အဘိုးကြီး အပါအဝင် အားလုံး မယုံနိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
စုမူချင်း ပြောလိုက်တဲ့ ကုမ္ပဏီတိုင်းက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ ကုမ္ပဏီတွေချည်း ဖြစ်သည်။