လင်းဖန်က ကျိုးနွံလွန်းတယ်
Vol. 27 Ch. 402
အဘိုးကြီးရဲ့ မျက်လုံးတွေ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေသည်။ "ဒါ... ဟာသပြောနေတာ မဟုတ်ဘူးမလား"
ရှားဝမ်ချွေ့ရဲ့ အဖေလည်း တုန်လှုပ်သွားရပါသည်။ "မူချင်း မင်းပြောတာ အမှန်ပဲလား။ ဒါ... ဒါ... ဒီကိစ္စတွေ ငါ ဘာလို့ အရင်တုန်းက မကြားဖူးတာလဲ"
စုကော်ချန်းနဲ့ ရှားလန်တို့လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။ "လခွမ်း... Etee Lauder, Chanel, LV, Bugatti အကုန်လုံးက ထိပ်တန်း နိုင်ငံခြားဘရန်းတွေချည်းပဲ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရေပန်းစားတဲ့ ဘရန်းတွေ။ ဒါတင် မကသေးဘူး။ လင်းဖန်က Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဟုတ်တယ်။ Alibaba ရဲ့ ဒုဥက္ကဌနဲ့ ညီမျှတာပေါ့"
"စီအီးအိုမာလို လူမျိုးကတောင် လင်းဖန်ကို ကျိုးနွံရမယ်။ အစကတော့ လင်းဖန် ဖျော်ဖြေရေး ကုမ္ပဏီနှစ်ခုပဲ ဖွင့်ထားတယ် ထင်နေတာ။ သူ့စျေးကွက်တန်ဖိုး ၄ ဘီလီယံဆိုတာကတောင် ကြောက်ဖို့ ကောင်းလွန်းနေပြီ။ ဒီလောက် ကုမ္ပဏီ အများကြီးမှာ လင်းဖန် ရှယ်ယာဝင်ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ..."
"Estee Lauder ရဲ့ စီအီးအိုတဲ့။ Estee Lauder ရဲ့ စျေးကွက်တန်ဖိုးက ၂၀၀ ဘီလီယံကျော်မယ်ထင်တယ်နော် ဟုတ်တယ်မလား" စုကော်ချန်း မေးလိုက်သည်။ သူ့မျက်လုံးတွေက အားကျမှုတွေနဲ့ ပြည့်နှက်သွားပါသည်။
"ဒါမျိုး အောင်မြင်နိုင်တဲ့လူက ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်သလဲ။ ဒီလောက်တော်တဲ့ ကောင်လေးကို ရှားဝမ်ချွေ့ ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ" ရှားဝမ်ချွေ့ကို ရှားလန် အားကျစွာဖြင့် ကြည့်လိုက်ပါသည်။
ထိုစကားကိုကြားသောအခါ ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပါသည်။ "လင်းဖန် ဒီလောက် တော်မှန်း သမီးလည်း မသိခဲ့ပါဘူး။ လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌဖြစ်ပြီး LV နဲ့ Chanel တို့ရဲ့ အဓိက ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်တယ်ပေါ့။ အဲ့တာကြောင့် သမီးကို အလှကုန်ပစ္စည်းတွေနဲ့ ရေမွှေးတွေ အများကြီး ပေးနိုင်ခဲ့တာကိုး။ လင်းဖန် ငွေတွေ အများကြီးသုံးတယ်ဆိုပြီး စိတ်တောင် ဆိုးခဲ့သေးတယ်။ သူက... ဒီလောက်တောင် တော်တာလား"
လင်းဖန် ဒီအဆင့်မျိုးအထိ ရောက်လာပြီဆိုတာကို ရှားဝမ်ချွေ့တောင် မသိရသေးပေ။ အခုတော့ သူမ နားလည်သွားပါပြီ။
လင်းဖန်မှာ ဘာလို့ လှိုင်းပြာပင်လယ်အော်အိမ်ရာက နှလုံးသားရေကန်ဗီလာကြီး ရှိနေတာလဲ။ လင်းဖန်မှာ ဘာလို့ Tomson Riviera က တန်ဖိုးကြီး ဗီလာတွေ ရှိနေတာလဲ။
ထို့အပြင် လင်းဖန်မှာ ကျောင်းနယ်မြေအိမ်တွေနဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ငွေအလုံအလောက်ပါ ရှိခဲ့သေးသည်။
ဒါတွေအားလုံးက လင်းဖန်ရဲ့ အစွမ်းအစကို ရှင်းရှင်းလင်းလင်း ပြသနေပါသည်။
လင်းဖန်က သူ မမြင်နိုင်တဲ့ ကဏ္ဍတွေမှာ အားတွေ အများကြီး စိုက်ထုတ်ခဲ့သည်။
အောင်မြင်မှုအားလုံးက ကိုယ့်အားကိုယ်ကိုးခဲ့ခြင်း ဖြစ်သည်။
ရှားဝမ်ချွေ့ သူ့အတွက် ဝမ်းသာပြီး ဂုဏ်ယူမိပါသည်။
ရှားချင်းက ပြောလိုက်သည်။ "အစ်မ ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ။ သမီး ခဲအိုက ဒီလောက်တော်တာ။ အဲ့တာကြောင့် ကောင်းရုန်ကို မကြောက်တာကိုး။ သူက အရမ်းတော်တာပဲ။ ကောင်းရုန်ကို ဘယ်သူက မကြောက်ဘဲ နေမှာလဲ"
အဘိုးကြီးက ခေါင်းခါလိုက်မိပါသည်။ "Estee Lauder ရဲ့ စျေးကွက်တန်ဖိုးက ၂၀၀ ဘီလီယံကျော်တယ်။ လင်းဖန်က Estee Lauder ရဲ့ ဥက္ကဌပဲ။ လင်းဖန်ရဲ့ ကုမ္ပဏီက ငါတို့ ရှားမိသားစု ကုမ္ပဏီတစ်ခုလုံးထက် ပိုသာတယ်...."
"LV, Chanel နဲ့ ကုမ္ပဏီတိုင်းရဲ့ စျေးကွက်တန်ဖိုးက ၂၀၀ ဘီလီယံကျော် ရှိတယ်။ အဲ့တာတွေက ကမ္ဘာပေါ်မှာ ထိပ်တန်း တန်ဖိုးကြီးဘရန်းတွေပဲ။ လင်းဖန်နဲ့ ယှဉ်လိုက်ရင် ငါတို့ရှားမိသားစုရဲ့ လုပ်ငန်းတွေက ဘာမှ မဟုတ်ဘူး။ လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌလည်း ဟုတ်တယ်။ Alibaba ရဲ့စျေးကွက်တန်ဖိုးက ၄ ထရီလီယံတောင် တန်တယ်"
လင်းဖန် ဘယ်လောက်တော်လဲဆိုတာ သိလိုက်ရပြီးနောက် အဘိုးကြီး ရုတ်တရက် နားလည်သဘောပေါက်သွားရသည်။
"နောက်ဆုံးတော့ လင်းဖန်မှာ ဘာလို့ Limited-Edition ပြိုင်ကား ၂ စီးရှိနေလဲ ငါသိသွားပြီ။ လင်းဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ အဓိကရှယ်ယာဝင်လည်း ဖြစ်နေတာကိုး။ ပြီးတော့ လင်းဖန်မှာ Koenigsegg One လိုမျိုး ပြိုင်ကားတွေလည်း ရှိသေးတယ်။ အခုတော့ အားလုံး နားလည်သွားပြီ။ လင်းဖန်က အရမ်း လျှို့ဝှက်ခဲ့တာကိုး"
ရှားကျန်းချန်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ ဒါ့ကြောင့် စုမူချင်းက လင်းဖန်ရဲ့ လက်ထောက် လိုလိုလားလား လုပ်နေခဲ့တာ ဖြစ်ပါသည်။
စုမူချင်းက တကယ်ပဲ အလွန်ထူးချွန်ပါသည်။ စုမိသားစုလည်း ထိုနည်းလည်းကောင်းပင်။
သို့သော်လည်း လင်းဖန်နဲ့ ယှဉ်လိုက်ရင်တော့ ထိုထူးချွန်မှုက ဘာမှ မဟုတ်ပါ။
တကယ့် ဘော့စ်အစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲ။
လင်းဖန်ရဲ့ သရုပ်မှန်တွေ တစ်ခုပြီး တစ်ခု ပေါ်လာသောအခါ အားလုံး အထင်ကြီးသွားကြသည်။
သူတို့ ဒီဘဝတော့ သူ့ကို မှီနိုင်ဖို့ ခက်ခဲပါလိမ့်မည်။
အားလုံးချီးကျူးနေတာကို မြင်သောအခါ လင်းဖန် ပြုံးလိုက်ပါသည်။ "တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်က ဂျူနီယာတစ်ယောက်သာသာပဲ ရှိသေးပြီး ကိစ္စပေါင်းစုံမှာ အားလုံးနဲ့ တိုင်ပင်ဖို့လည်း လိုသေးတယ်။ အရမ်းကြီး ချီးကျူးဖို့ မလိုပါဘူး။ ကျွန်တော်က စီးပွားရေးမှာ အတွေ့အကြုံ အများကြီး လစ်ဟာနေပါသေးတယ်"
လင်းဖန် အမှန်တိုင်း ပြောနေတာ ဖြစ်ပါသည်။ သူက ကုမ္ပဏီများစွာရဲ့ အဓိကရှယ်ယာဝင်တစ်ယောက် ဖြစ်သော်လည်း စီးပွားရေးအကြောင်း လင်းဖန် သိပ်မသိပါ။ ကုမ္ပဏီများစွာတွင် လင်းဖန်က ဆုံးဖြတ်ချက်တွေမှာ ဝင်မပါတတ်ဘဲ အစုပေါ် အမြတ်သာ စားသည့် အလွတ်တန်း ဘော့စ်မျိုး ဖြစ်သည်။
Estee Lauder မှာတော့ ဆုံးဖြတ်ချက်များစွာ ချရပါသည်။ စုမူချင်းနဲ့ စုရှောင်းယွီတို့အနားမှာ ရှိနေသဖြင့် ပြဿနာ မရှိနိုင်ပါ။
အမှန်ပင်။ လင်းဖန်ရဲ့ စီးပွားရေးစွမ်းရည်လည်း အများကြီး တိုးတက်သွားခဲ့သည်။ သို့သော်လည်း စီးပွားရေး စွမ်းရည်တိုးတက်ဖို့ဆိုတာ လက်တွေ့ ဆောင်ရွက်ချက်များစွာ လိုအပ်၏။ စီးပွားရေးတိုက်ပွဲ တစ်ခုတွင် လင်းဖန်က လူသစ်သာသာ ရှိသေးသည်။
သူက ဘဝကို ပျော်ပျော်ပဲ နေတတ်၏။ ဘဝကို ပျော်ပျော်နေဖို့ကလွဲပြီး တခြား ဘာမှသိပ်မသိပါ။ လင်းဖန် အမှန်တိုင်း ပြောနေခြင်း ဖြစ်ပါသည်။
လင်းဖန်ပြောတာကိုကြားသောအခါ ဆွေမျိုးတွေကတော့ သူနှိမ့်ချနေတယ်လို့ပဲ မြင်သွားကြပါသည်။
ကိုယ့်ရှေ့မှာ စီအီးအိုမာက ဘာမှ မသိကြောင်းနဲ့ သင်ယူစရာတွေ အများကြီးလိုသေးကြောင်း လာပြောနေသလိုပင်။
ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။
အောင်မြင်တဲ့လူတွေက ဘာပြောပြော အမြဲမှန်ကြသည်။ သူတို့ကို ပြန်ချေပဖို့ နည်းလမ်း မရှိပါ။
စုကော်ချန်း "ဘာမှမသိဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ လင်းဖန်က ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းပါတယ်ကွာ။ ဟူး ရပါတယ်လေ။ မင်းလို သားမက်မျိုး ငါတို့မိသားစုထဲမှာ ပိုင်ဆိုင်ထားရတာ တန်ပါတယ်"
ရှောင်းလန် "ဘာမှ ပြောဖို့ မလိုတော့ဘူး။ နင်က ကျိုးနွံလွန်းတယ်။ နင်သင်ယူစရာတွေ အများကြီး ရှိသေးတယ်လို့ပြောရင် ငါတို့က ဘယ်လိုနေရမှာလဲ။ လင်းဖန် ချွေ့ချွေ့နဲ့ ဘယ်တော့ လက်ထပ်မှာလဲ။ ဒီတိုင်မေးကြည့်တာပါ။ နင်က အရမ်းတော်တာပဲ။ ချွေ့ချွေ့လေးကို နင်နဲ့ လက်ထပ်ပေးရတာ ရှားမိသားစုအတွက် ဂုဏ်ယူစရာပဲ"
ရှားဝမ်ချွေ့အဖေလည် လင်းဖန်ရှေ့ကို လျှောက်လာပြီး လင်းဖန်ကို ပခုံးပုတ်လိုက်ပါသည်။
"ဘာပဲဖြစ်ဖြစ် ငါသဘောတူပါတယ်။ ဝမ်ချွေ့ရဲ့ အမေ သဘောတူမလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်။ ဒါပေမယ့် မင်းငါ့ကို သဘောတူစေချင်တယ်ဆိုရင် နောက်ဆုံးတစ်ဆင့်တော့ ရှိသေးတယ်။ တရုတ်စစ်တုရင် ကစားဖို့ပဲ။ ကောင်းမိသားစုနဲ့ ပြဿနာ ပြီးဆုံးသွားရင် ငါတို့နှစ်ယောက် တရုတ်စစ်တုရင် ကစားရမယ်။ မင်းက ဝမ်ထျန်းယီကိုတောင် အနိုင်ယူထားပြီး တရုတ်စစ်တုရင် လောကမှာ နံပါတ် ၁ ပဲလို့ ငါကြားထားတယ်"
ရှားဝမ်ချွေ့ရဲ့အဖေလည်း ထိုသတင်းကို မြင်ပြီး အလွန်ဝမ်းသာမိပါသည်။
လင်းဖန်က ချန်ပီယံဆုကို ဆွတ်ခူးထားသူ ဖြစ်သည်။ ဒီလောက်ဆို လင်းဖန် တရုတ်စစ်တုရင်ကို ဘယ်လောက် လေ့လာထားသလဲဆိုတာ ပြသနိုင်ပါပြီ။ တရုတ်စစ်တုရင်အကြောင်း တကယ် နားလည်သူများသာ ဒီလိုအဆင့်မျိုး ရောက်နိုင်ဖို့ အချိန်နဲ့ အားထုတ်ကြိုးပမ်းမှုတွေ ဘယ်လောက် လိုအပ်သလဲဆိုတာကို သိနိုင်ကြလိမ့်မည်။
သူက တရုတ်စစ်တုရင်ကို သင်ယူချင်စိတ်ရှိပြီး ရှားဝမ်ချွေ့အတွက် လင်းဖန်ရဲ့ ခံစားချက်တွေ ဘယ်လောက် နက်ရှိုင်းလဲဆိုတာကို ပြသဖို့ လုံလောက်ပါသည်။
စုမူချင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဘော့စ်လင်းက ဒီလောက် တော်တာကို ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနဲ့တော့"
စုရှောင်းယွီက သကြားလုံးကိုကိုင်ရင်း လင်းဖန်ဘေးကို လျှောက်လာသည်။ သူမ ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်။ ဆရာက အရမ်းတော်တာ"
လင်းဖန် အားလုံးကို ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။ "ဟုတ်ပါပြီ။ အားလုံး တော်ကြပါတော့ဗျာ။ အားလုံးက တစ်လှေတည်းစီးသူတွေပဲ။ နောက်ကို ပြဿနာကြုံလာရင် ကျွန်တော့်ကို အကူအညီလာတောင်းလို့ ရပါတယ်။ ကျွန်တော် ကူညီနိုင်တာဆိုရင် အားလုံးကို ကူညီပေးပါ့မယ်"
"အဖေ။ ကျွန်တော် ကောင်းမိသားစုနဲ့ စာရင်းရှင်းပြီးသွားရင် အဖေနဲ့ အတူတူ တရုတ်စစ်တုရင် ကစားမယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ။ ကောင်စုတ်လေး ဘာလို့ ငါ့ကို ဒီလောက် မြန်မြန် အဖေခေါ်လိုက်ရတာလဲ"
ရှားဝမ်ချေ့ရဲ့ အဖေက လင်းဖန်ကို ရိုက်လိုက်ပြီး သဘောကျစွာ ပြုံးလိုက်ပါသည်။ "ဒါပေမယ့် ကောင်းမိသားစုက စာရင်းရှင်းဖို့ လွယ်မှာ မဟုတ်ဘူး။ မင်းသတိထားမှရမယ်။ မင်းဘေးကင်းဖို့က ပထမဦးစားပေးပဲ။ မင်း အခက်အခဲ တစ်ခုခု ကြုံလာရင် ရှားမိသားစုက မင်းဘေးမှာ အမြဲတမ်း ရပ်တည်ပေးနေမယ်"
ရှားဝမ်ချွေ့အဖေ စကားပြောပြီးတာနဲ့ ပီတိဖြာနေသော မျက်နှာဖြင့် ပြန်ထိုင်လိုက်ပါသည်။
တကယ်တော့ လင်းဖန် တရုတ်စစ်တုရင်ကို ဘယ်လိုပဲကစားကစား သူ့စရိုက်က ဘယ်လိုပဲဖြစ်ဖြစ် လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ မင်္ဂလာပွဲအတွက် ရှားဝမ်ချွေ့အဖေက အခက်တွေ့အောင် လုပ်မှာမဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့က သူ့သမီး မဟုတ်ပါလား။
ရှားဝမ်ချွေ့သဘောကျတဲ့လူကို ရှားမိသားစုက ငြင်းဆန်မှာ မဟုတ်ပေ။
တစ်ဖက်မှာတော့ ကောင်းမိသားစုက... ရှားမိသားစုကို အနိုင်ကျင့်ခဲ့သည်။
ရှားမိသားစုက ဘယ်တော့မှာ နောက်ဆုတ်ကာ သေမယ့်အချိန်ကိုပဲ ထိုင်စောင့်နေမှာ မဟုတ်ပေ။