← Chapters

စုမူချင်းက သူ ပိုင်ဆိုင်တဲ့ အမျိုးသမီး

Vol. 27 Ch. 403

စုမူချင်းက သူ ပိုင်ဆိုင်တဲ့ အမျိုးသမီး

Vol. 27 Ch. 403

ကောင်းမိသားစုတွင်...

ကောင်းရုန်က စီးကရက်တစ်လိပ်ကို ရှိုက်ရင်း သူ့ရုံးခန်းထဲမှာ တိတ်တဆိတ် ထိုင်နေပါသည်။

လင်းဖန်ကို အင်အားသုံးပြီး ပြန်ပေးဆပ်အောင် လုပ်ဖို့က အလွန်ခက်ခဲပါသည်။

"စီအီးအိုကောင်း၊ ဒါက လင်းဖန်ရဲ့ အသေးစိတ် အချက်အလက်တွေပါ။ သူ့အစွမ်းအစက သေးတဲ့ပုံ မပေါ်ဘူး။ စုရှောင်းယွီရဲ့ အကူအညီကိုလည်း ရထားတယ်။ အရင်တုန်းက ဟော်မိသားစုကို စုရှောင်းယွီ ဖျက်ဆီးဖူးတယ်။ လင်းဖန်နဲ့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆို စုရှောင်းယွီက ကောင်းမိသားစုကို တိုက်ခိုက်လာနိုင်တယ်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ" လက်ထောက်က ကောင်းရုန်ကိုကြည့်ကာ မေးလိုက်ပါသည်။

"သြော်။ စုရှောင်းယွီလား... စုကျန်းကော်ရဲ့ သမီး မဟုတ်လား။ ကမ္ဘာ့အချမ်းသာဆုံးလူရဲ့ သမီး။ သူက မဆိုးပါဘူး။ စုရှောင်းယွီရဲ့ အစွမ်းအစက ယှဉ်နိုင်ဖွယ်မရှိဘူးလို့ ကြားဖူးတယ်။ စုကျန်းကော် ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်လာရတဲ့ အကြောင်းအရင်းက စုရှောင်းယွီရဲ့ အကူအညီကြောင့်ပဲ" ကောင်းရုန်က စီးကရက်ဖွာရင်း ပြောလိုက်ပါသည်။

"စီအီးအိုကောင်း၊ ဒါဆို လင်းဖန်ကို ပစ်မှတ်ဆက်ထားကြမလား။ တိုက်ပွဲဖြစ်လာရင် ကောင်းမိသားစုအတွက် မကောင်းလောက်ဘူးနော်။ စုရှောင်းယွီရဲ့ အစွမ်းအစကို စီအီးအိုကောင်းလည်း သိပါတယ်" လက်ထောက်က ပြောလိုက်လေသည်။

ကောင်းရုန်က စက်ဆုပ် အထင်သေးနေပါသည်။ "ဒီနှစ်ပေါင်းများစွာအတွင်း ငါ့ကို ဒီလိုမျိုး ဘယ်သူမှ စကားမပြောရဲကြဘူး။ လင်းဖန်ဘေးမှာ စုမူချင်း ရှိတယ်။ စုရှောင်းယွီရှိလည်း ဘာဖြစ်လဲ။ ကောင်းမိသားစုက ဒီလို စီးပွားရေးတိုက်ပွဲကို မကြောက်တတ်ဘူး။"

"ပြီးတော့ စုရှောင်းယွီက သူ့ကုမ္ပဏီကနေ ထွက်ထားတာ ကြာလှပြီ။ သူ့မှာ စီးပွားရေး အသိပညာ ဘယ်လောက်ရှိမှာလဲ။ စျေးကွက်က နှစ်စဉ် နှစ်တိုင်း တိုးတက်နေတာ။ ဉာဏ်ကြီးရှင် ကျူးကော်လျန့်ကို ဒီခေတ် လာခိုင်းလိုက်ရင်တောင် သူဘာအသုံးဝင်မှာလဲ" ကောင်းရုန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဒါပေမယ့် စုရှောင်းယွီရဲ့ အဖေက စုကျန်းကော်လေ" လက်ထောက်က ပြောလိုက်သည်။

"ငါတို့ကောင်းမိသားစု စျေးကွက်တန်ဖိုး ၄၀၀ ဘီလီယံရှိတာကိုပဲ ကမ္ဘာကြီးက သိကြတယ်။ ဒါပေမယ့် ငါတို့ကောင်းမိသားစု အပြင်ဘက်မှာ လုပ်ငန်းတွေ ဘယ်လောက်များများ ပိုင်ဆိုင်ထားသလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ကောင်းမိသားစုရဲ့ ကျောထောက်နောက်ခံက ဘယ်သူလဲ"

"ကောင်းမိသားစုကို ဘယ်သူကမှ အနိုင်မကျင့်ဖူးဘူး။ ဒါ ငါတို့ကောင်းမိသားစုအတွက် အခွင့်ကောင်းပဲ။ စုမိသားစုရဲ့ စီးပွားရေးကို တိုက်ရိုက်သိမ်းပိုက်ပစ်လိုက်လို့ ရတယ်။ အဲ့တာဆို ကောင်းမိသားစုရဲ့ စျေးကွက်တန်ဖိုးက ၁၀ ဆ သို့မဟုတ် အဆ ၁၀၀ လောက် တိုးတက်သွားလိမ့်မယ်။ အဲ့တာ အခွင့်အရေးပဲ။ စုမိသားစုကို ဖျက်ဆီးဖို့အတွက် ရာနှုန်းပြည့် အခွင့်အရေးပဲ" ကောင်းရုန် ပြောလိုက်ပါသည်။

"ငါတို့က စုမိသားစုကို မယှဉ်နိုင်ရင်တောင် ကောင်းမိသားစုက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါသေးတယ်ကွာ။ ပြီးတော့ ငါတို့ လင်းဖန်ကို သတ်လိုက်ရင် စုကျန်းကော်က တကယ်ကြီး ငါတို့နဲ့ စီးပွားရေးတိုက်ပွဲ ကြီးကြီးမားမား ဆင်နွှဲမှာမို့လို့လား။ တိုက်ပွဲစတာနဲ့ ငါတို့ကောင်းမိသားစုကလည်း စုမိသားစုကို ကြောက်နေမှာ မဟုတ်ဘူး" ကောင်းရုန် ပြောလိုက်သည်။

"ပထမခြေလှမ်းက စုမူချင်းတို့အိမ်ကိုသွားပြီး လက်ထပ်ခွင့်တောင်းဖို့ပဲ။ လက်ဆောင်ပြင်ထားကြ။ ငါ စုမူချင်းကို လက်ထပ်ချင်တယ်"

ကောင်းရုန် အပြုံးဖြင့် ပြောလိုက်ပါသည်။ "သူတို့ မငြင်းရဲပါဘူး ငါသိသလောက်တော့ စုမူချင်းရဲ့ မိသားစုက ရှန်းဟိုင်းမြို့အဓိက မိသားစုကြီး ၄ စုထဲမှာ ထိပ်ဆုံးပဲ။ အရင်တစ်ခေါက် ဟော်ရှင်းယုတို့ ဟော်မိသားစုကလည်း စုမိသားစုကို အနိုင်ယူဖို့ ထပ်ကြိုးစားချင်ကြတယ်။ စုမိသားစု ငါတို့ အကူအညီကိုရမှ ဒီရာထူးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားနိုင်မှာ"

"ပြီးတော့ စုမူချင်းကို သူ့အိမ်မှာလည်း သိပ်ပြီး တန်ဖိုးထားကြတာ မဟုတ်ပါဘူး။ ဒါက စီးပွားရေးနဲ့ ဆိုင်တဲ့ မင်္ဂလာပွဲပဲကို။ စုမိသားစုက လက်မခံဘူးလို့ ထင်လို့လား" ကောင်းရုန် နှုတ်ခမ်းများ ကွေးတက်သွားသည်။

"စုမူချင်းကို လက်ထပ်ပြီးရင် သူက ငါ့အပိုင် ဖြစ်သွားပြီ။ လင်းဖန်ရဲ့ လက်တစ်ဖက်ကို အရင်ဖြတ်ပစ်မယ်" ကောင်းရုန်က ပြောလိုက်ပါသည်။

ထိုစကားကိုကြားသောအခါ လက်ထောက်က မေးလိုက်သည်။ "စုမူချင်း သဘောမတူရင် ဘယ်လို လုပ်မလဲ"

ကောင်းရုန်ရဲ့ အပြုံးက ပို၍ပင် ထင်ရှားလာသည်။

"အဲ့ဒီမေးခွန်းက အရမ်းကောင်းတယ်။ စုမူချင်းရဲ့ မိသားစုက ကျိန်းသေပေါက် သဘောတူမှာ။ စုမူချင်း လက်မခံဘူးဆိုရင် သူ့မိသားစုနဲ့ ပဋိပက္ခ ဖြစ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လင်းဖန်က စုမူချင်းရဲ့ အိမ်ကို ကျိန်းသေပေါက် သွားလိမ့်မယ်။ အဲ့လိုသွားနေတုန်း လင်းဖန်ကို ရှင်းပစ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"လင်းဖန်ကို ကမ္ဘာကြီးပေါ်က လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်ဖို့ ပြင်ဆင်ထားကြ။ သူ ငါတို့နဲ့ ဘယ်လိုရင်ဆိုင်နိုင်မလဲ ကြည့်ကြသေးတာပေါ့ကွာ" ကောင်းရုန်က ဂရုမစိုက်စွာ ပြောလိုက်ပါသည်။

လက်ထောက်ရဲ့ မျက်လုံးများ ဝိုင်းစက်သွား၏။ "နောက်တစ်ခုက စီအီးအိုကောင်း၊ စုမူချင်းသာ သဘောတူရင် မိန်းမလှလေးတစ်ယောက်ကို ပိုင်ဆိုင်နိုင်ရုံတင်မကဘူး။ လင်းဖန်ရဲ့ ကျောထောက်နောက်ခံကို ဆုံးရှုံးသွားအောင်လည်း လုပ်နိုင်လိမ့်မယ်။ အဲ့လိုဆို လင်းဖန် အရမ်းကြီး နာကျင်သွားရမှာ။ စုမူချင်း မရှိရင် သူက ဘာမှ မဟုတ်ဘူးမလား"

"စုမူချင်း သဘောမတူရင်လည်း လွတ်လမ်း မရှိတဲ့ ထောင်ချောက်ဆင်ပြီး လင်းဖန်ကို လမ်းမှာ သတ်လိုက်လို့ ရတယ်" လက်ထောက်က အလွန် လေးစားအားကျသွားခဲ့ပါသည်။

"ဒီတစ်ခေါက် လင်းဖန်ရဲ့ ကျားရှင်းဖျော်ဖြေရေးနဲ့ ဧကရာဇ်ဖျော်ဖြေရေးတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ကြမယ်။ ပြီးရင် စုရှောင်းယွီအဖေတို့၊ ရှားမိသားစုတို့နဲ့ လူထုရှေ့မှာ စီးပွားရေးတိုက်ပွဲ ဆင်နွှဲရမယ်။ ဒါမှ အားလုံးက လင်းဖန်ကို အာရုံစိုက်မနေဘဲ အရင်တစ်ခေါက်ကလို ကာကွယ်မပေးထားမှာ"

"ဒီလိုအကွက်မျိုးကို ဦးတည်ချက်လှည့်စားခြင်းလို့ ခေါ်တယ်။ နေရာပေါင်းစုံကို တစ်ပြိုင်တည်းတိုက်ခိုက်ကြတာ။ တကယ့် ပန်းတိုင်အစစ်က လင်းဖန်ကို သတ်ဖို့ပဲ။ လင်းဖန်... သြော် လင်းဖန်... မင်းငါ့လက်က မလွတ်နိုင်တော့ပါဘူးကွာ" ကောင်းရုန်လက်ထဲက လက်ဖက်ရည်ခွက် ကြမ်းပြင်ပေါ်ကို ကျပြီး တစ်စစီကွဲသွားလေသည်။

တစ်နာရီလောက်ကြာတော့ ရှားမိသားစုကို ကောင်းမိသားစုက ပစ်မှတ်ထားလာခဲ့သည်။

ကျားရှင်းဖျော်ဖြေရေးလည်း ကောင်းမိသားစု ပစ်မှတ်ထားတာကို ခံလိုက်ရ၏။

တစ်ချိန်တည်းမှာပဲ ကောင်းမိသားစုက စုရှောင်းယွီရဲ့ အဖေနဲ့ပါ ပဋိပက္ခတချို့ဖြစ်လာသည်။ အမှန်ပင်။ စီးပွားရေးတိုက်ပွဲ ကြီးကြီးမားမားတော့ မဟုတ်သေးပါ။

စုရှောင်းယွီအဖေနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်အောင်လုပ်ခြင်းက ကောင်းမိသားစု ကမ္ဘာပေါ်က အချမ်းသာဆုံးလူကိုလည်း မကြောက်ဘူးဟု စုရှောင်းယွီကို ကြေညာလိုက်ခြင်းပင်။

ကောင်းမိသားစုမှာ နောက်ခံအင်အား ကောင်းကောင်း ရှိပါသည်။

တစ်ချိန်တည်းမှာပင် ကောင်းရုန်ကိုယ်တိုင် စုမိသားစုထံသို့ ငွေအမြောက်အများ ယူဆောင်သွားပြီး လက်ထပ်ခွင့် တောင်းဆိုခဲ့သည်။

စုမိသားစုက သဘောတူပါသည်။

စုမူချင်းရဲ့ အစ်မနာမည်က စုချွေ့ယီဟု ခေါ်သည်။ သူမက စုမိသားစုရဲ့ ဦးစီးဦးဆောင်ဖြစ်ပါသည်။ မကြာသေးခင်က ဟော်မိသားစုရဲ့ ဟော်ရှင်းယုနဲ့ တိုက်ပွဲဆင်နွှဲနေခဲ့ရသဖြင့် သူမရဲ့ မိသားစု အဆင့်အတန်းက အနည်းငယ် မတည်မငြိမ် ဖြစ်နေပါသည်။

ဟော်ရှင်းယုက အတော်လေး ထူးချွန်သည်။ စုရှောင်းယွီကို မယှဉ်နိုင်တာကလွဲပြီး ရှန်ဟိုင်းမြို့မှာ ဘယ်သူမှ အနိုင်မယူနိုင်တဲ့သူတစ်ယောက် ဖြစ်ပါသည်။

စုရှောင်းယွီ တိုက်ခိုက်တာကို တစ်ခေါက် ခံလိုက်ပြီးနောက် ဟော်မိသားစု ပြန်လည် မြောက်ကြွ မြောက်ကြွ ဖြစ်လာခဲ့ပြန်သည်။

စုချွေ့ယီက စုမူချင်းကို ဖုန်းဆက်လိုက်သည်။

"မူချင်း။ နင်လုပ်နေတာတွေ အကုန်လုံး ရပ်ပြီး အိမ်ကို ချက်ချင်း ပြန်လာခဲ့။ အိမ်မှာ အရေးကြီးကိစ္စ ပြောစရာရှိလို့" စုချွေ့ယီက ပြောလိုက်သည်။ သူမရဲ့ အသံက အနည်းငယ် အေးတိအေးစက် ဖြစ်နေ၏။ စုမူချင်းရဲ့ အသံလို မဟုတ်ဘဲ သူမရဲ့ စကားလုံးတွေက သွေးအေးလွန်းပါသည်။

"အစ်မ... ဒါပေမယ့် ကျွန်မ လာလို့ မရဘူး..." လင်းဖန်နဲ့ ကောင်းရုန်တို့ တိုက်ပွဲပြင်းထန်တော့မယ်မှန်း စုမူချင်း သိပါသည်။ ထို့အပြင် လင်းဖန်ရဲ့ ကုမ္ပဏီနဲ့ ရှားမိသားစုတို့ရဲ့ ကုမ္ပဏီတို့လည်း အတိုက်ခိုက်ခံနေတယ်။

"အခုချက်ချင်း အိမ်ပြန်လာခဲ့" ထိုသို့ပြောပြီးနောက် စုချွေ့ယီ ဖုန်းချလိုက်ပါသည်။

လင်းဖန်က စုမူချင်းရဲ့ ခေါင်းကို ပုတ်ပေးလိုက်သည်။ "အိမ်ပြန်လိုက်ပါ။ အိမ်ကိစ္စက ပိုအရေးကြီးတယ်။ ဒီက အလုပ်တွေ ခဏလောက် ဘေးဖယ်ထားလို့ ရတယ်"

စုမူချင်း အိမ်ပြန်ရောက်တော့ ကောင်းရုန်နဲ့ သူမကို လက်ထပ်ပေးတော့မည်ဟု သူမမိသားစုက ပြောသည်။

မင်္ဂလာပွဲက မနက်ဖြန်ပဲ ဖြစ်၏။

"ဘာ၊ ကျွန်မ မနက်ဖြန် မင်္ဂလာဆောင်ရတော့မယ်ဟုတ်လား။ ကောင်းရုန်နဲ့ ဟုတ်လား" စုမူချင်းက သူမရဲ့မျက်လုံး လှလှလေးများဖြင့် စုချွေ့ယီကို ကြည့်လိုက်ပါသည်။ "မရဘူး... ကျွန်မ သဘောမတူဘူး"

စုချွေ့ယီက ဒေါသတကြီး စားပွဲကို ထုလိုက်သည်။ သူမ ခန္ဓာကိုယ်က အေးစက်တဲ့ အရှိန်အဝါများနဲ့ ပြည့်နှက်နေသည်။ "အဲ့ကိစ္စက နင်ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ မိသားစုက ဒီလောက် အန္တရာယ်ထဲ ကျရောက်နေတာ။ မိသားစုအတွက် နင်အထောက်အကူပြုရမယ့်အချိန်ကို ရောက်ပြီ။ ပြီးတော့ ကောင်းရုန်က ကျန်းမြို့တော်ထဲက ကောင်းမိသားစုရဲ့ အကြီးဆုံးသားပဲ။ သူ့ကို လက်ထပ်လို့ နင် အကျိုးမယုတ်ပါဘူး"

တခြားတစ်ယောက်ယောက်ကို လက်ထပ်လိုက်ပါက စုမူချင်း လင်းဖန်ရဲ့ လက်ထောက် လုပ်လို့ မရတော့ပါ။

စုမူချင်းက ခေါင်းငုံ့ကာ ငိုကြွေးသွားပါသည်။ "ဒါပေမယ့်... ကျွန်မမှ သူ့ကို သဘောမကျတာ"

စုချွေ့ယီက ပြောလိုက်သည်။

"မူချင်း ငါတောင်းပန်ပါတယ်။ ဒါ လက်ထပ်မှ ဖြစ်မှာ။ မဟုတ်ရင် ငါတို့မိသားစု ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ရှန်ဟိုင်းမြို့မှာ ရှင်သန်နိုင်ဖို့ ကောင်းမိသားစုရဲ့ အကူအညီကို လိုတယ်။ လတ်တလောမှာ ငါတို့မိသားစုက စီးပွားရေးပျက်ကပ် ဆိုက်နေတာ။ ရန်ပုံငွေ ၂.၁၆ ဘီလီယံလောက် လိုနေပြီ။ ကောင်းမိသားစုပဲ ငါတို့ကို ကူညီပေးနိုင်မှာ။ ကောင်းမိသားစုက ခန်းဝင်လက်ဖွဲ့အနေနဲ့ ငွေတွေ အများကြီး ပေးလိမ့်မယ်"

"ဒါမှမဟုတ်... ငါတို့မိသားစုပြဿနာကို ဖြေရှင်းပေးနိုင်မယ့် လူတစ်ယောက်ကို ရှာပြီး နင်လက်ထပ်မှဖြစ်မယ်။ ငါ တောင်းပန်နေတာပါဟာ။ မိသားစုအတွက်၊ နင့်မိဘတွေအတွက်၊ နင့်အစ်မအတွက်၊ ကုမ္ပဏီအတွက် လုပ်ပေးပါ..."

စုချွေ့ယီ သက်ပြင်းချလိုက်ပြီး စုမူချင်းရှေ့မှာ ဒူးထောက်လိုက်ပါသည်။

အရင်က စိတ်ကြီးဝင်ခဲ့သော်လည်း အခုတော့ ခိုကိုးရာမဲ့ ဖြစ်နေပါပြီ။

စုမိသားစုရဲ့ စျေးကွက်တန်ဖိုးက ၆၀၀ ဘီလီယံ ကျော်ပါသည်။ သို့သော် ငွေအရင်းအနှီး စီးဆင်းမှု ပြဿနာများ ရင်ဆိုင်လာရပြီး မိသားစုတစ်ခုလုံး အန္တရာယ်ထဲ ကျရောက်လာခဲ့သည်။

သူတို့ ဆက်ထိန်းမထားနိုင်ပါက ဒေဝါလီခံသွားရပါလိမ့်မည်။

ဟော်ရှင်းယုရဲ့ နည်းလမ်းများက ကြောက်ဖို့ကောင်းလွန်းပါသည်။ စုမိသားစုကလည်း အားကိုးရမယ့် လူတစ်ယောက်ကို လိုအပ်နေသည်။

မဟုတ်ပါက စီးပွားရေး ပြိုင်ဆိုင်မှုများတွင် နောက်ခံအင်အား ကောင်းကောင်း၊ အစွမ်းအစ ကောင်းကောင်း မရှိပါက သေဖို့သာ ရှိပါသည်။

စုမူချင်းက သူမရဲ့ မျက်လုံးလှလှလေးများကို ပင့်ကာ စုချွေ့ယီရဲ့ လက်ကို ကိုင်လိုက်ပါသည်။

"အစ်မ... ကျွန်မတို့ မိသားစုကို ကယ်နိုင်မယ့်လူကို ကျွန်မသိတယ်။ လင်းဖန်ပဲ။ ကျွန်မက သူ့လက်ထောက်ပါ။ သူ ဘယ်လောက် စွမ်းအားကြီးမှန်း ကျွန်မသိတယ်။ ကျွန်မတို့မိသားစုကို ကယ်တင်နိုင်မယ့် အစွမ်းအစ သူ့မှာပဲ ရှိလောက်တယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကောင်းရုန်နဲ့ လက်မထပ်ခိုင်းပါနဲ့။ ကျေးဇူးပြုပြီး..."

စုချွေ့ယီက စုမူချင်းအား ဖုန်းပေးလိုက်သည်။ "ဟုတ်ပြီ။ ဒါ နင့်အတွက် နောက်ဆုံး အခွင့်အရေးပဲ။ လင်းဖန် တကယ်ပဲ ငါတို့မိသားစုကို ကယ်တင်နိုင်မယ်ဆိုရင် ဘာမှ မပြောတော့ဘူး။ သူ မကယ်တင်နိုင်ရင်တော့... နင့်ကိုပဲ ဒုက္ခခံခိုင်းရမှာပဲ"

ထို့နောက် လင်းဖန်ကို ဖုန်းဆက်လိုက်သည်။

လင်းဖန် ခေတ္တ တိတ်ဆိတ်သွားပြီး စုမူချင်းကို ကူညီဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။

ခွေးသူတောင်းစား။

ခွေးသူတောင်းစား ကောင်းရုန်က ငါ့လက်ထောက်ကို အနိုင်ကျင့်ရဲတယ်ပေါ့။

ကောင်းမိသားစုရဲ့ တိုက်ပွဲအတွက် လင်းဖန် သူ့ကိုယ်သူ ပြင်ဆင်ပြီးပြီဟု ထင်ခဲ့မိသည်။ သို့သော် ကောင်းမိသားစုက စုမူချင်းကို ပစ်မှတ်ထားလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။

လင်းဖန်ရှေ့မှာ စုမူချင်း ငိုဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ ဖုန်းတဖက်မှဖြစ်သော်လည်း စုမူချင်းရဲ့ ဝမ်းနည်းမှုနဲ့ ခိုကိုးရာမဲ့မှုတို့ကို လင်းဖန် ခံစားနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် သူ့လက်ထောက်ဖြစ်တဲ့ စုမူချင်းက အစွမ်းအစရှိသည်။

စုမူချင်းအပေါ် တခြား အတွေးမရှိရင်တောင် သူမရဲ့ အလုပ်စွမ်းရည်က ထိပ်တန်းအဆင့် ရှိပြီး သစ္စာရှိမှုက အမှတ် ၁၀၀ ရှိသည်။ အနည်းဆုံးတော့ စုမူချင်းက လှလည်း လှပြီး မျက်စိကျစရာကောင်းလွန်းပါသည်။

လင်းဖန် သူမကို လိုအပ်တိုင်း သူ့အတွက် ရပ်တည်ပေးလေ့ ရှိသည်။

ယခု သူမ ပြဿနာတက်နေပြီဖြစ်သဖြင့် လင်းဖန်က ဒီတိုင်း ရပ်ကြည့်မနေနိုင်ပါ။

အဘယ့်ကြောင့်ဆိုသော်... စုမူချင်းက သူပိုင်ဆိုင်တဲ့ မိန်းကလေးဖြစ်တာကြောင့်ပင်။

All Chapters