ကောင်းရုန်ကို လက်မထပ်ချင်ဘူး
Vol. 27 Ch. 404
"ကျွန်မ တောင်းပန်ပါတယ် လင်းဖန်။ ကျွန်မ ကောင်းရုန်ကို လက်မထပ်ချင်ဘူး။ ကျွန်မ မိသားစု အခု အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်။ ရှင်ပဲ ကျွန်မကို ကူညီပေးနိုင်တော့မှာ။ ရှင်ပဲ..."
"သူငယ်ချင်းတစ်ယောက်အနေနဲ့ ကျွန်မ အကူအညီတောင်းလို့ ရမလား။ လင်းဖန် ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတစ်သက် ဒီ ၂ ဘီလီယံယွမ်ကို ပြန်မဆပ်နိုင်လောက်ဘူး။ ဒါပေမယ့် ကောင်းရုန်ကို ကျွန်မ လက်မထပ်ချင်သလို ကောင်းမိသားစုနဲ့လည်း ဘာမှ မပတ်သက်ချင်ဘူး။ ကျွန်မကို ကူညီပေးမယ်ဆိုရင် ကျွန်မ ရှင့်ရဲ့ လက်ထောက် အမြဲတမ်း လုပ်ပေးပါ့မယ်။ ရှင်တောင်းဆိုတာကို တွန့်ဆုတ်မှု မရှိဘဲ လုပ်ပေးပါ့မယ်"
"အခုချိန်ကစပြီး မူချင်းက ရှင့်အပိုင်ဖြစ်သွားပါပြီ။ ရှင် ကျွန်မကို ဘာပဲ လုပ်ခိုင်း လုပ်ခိုင်း မတွေဝေဘဲ လုပ်ပေးပါ့မယ်။ မနက်ဖြန်... ကောင်းရုန်ကိုတော့ လက်မထပ်ပါရစေနဲ့။ စုမူချင်းဆိုတဲ့ ကျွန်မက တစ်ဘဝလုံး ဘယ်သူ့ကိုမှ သဘောမကျခဲ့ဖူးဘူး။ တစ်ယောက်ယောက်ကို သဘောကျရတဲ့ ခံစားချက်လည်း မခံစားဖူးဘူး။ ကျွန်မ ကောင်းရုန်ကို သဘောမကျဘူး။ တစ်သက်လုံးလည်း သဘောကျမှာ မဟုတ်ဘူးဆိုတာကိုတော့ သေချာပြောနိုင်တယ်"
စုမူချင်းက ဖုန်းထဲတွင် ငိုသံဖြင့် တောင်းဆိုနေသည့်ပုံပင်။
စုမူချင်းတို့မိသားစုက ရှန်ဟိုင်းမြို့ရှိ ထိပ်တန်း မိသားစုကြီး ၄ စုရဲ့ ဦးဆောင်သူဖြစ်ပြီး စျေးကွက်တန်ဖိုးမြောက်များစွာရှိနေရင်တောင် ပြင်းထန်တဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေအောက်မှာ သူမတို့မိသားစု အန္တရာယ်ရှိနေပါပြီ။
၂ ဘီလီယံယွမ်ကွာဟချက်ကို အမြန် မဖြည့်ဆည်းနိုင်ပါ။
လင်းဖန်သာ စုမူချင်းကို မကူညီပါက သူမမိသားစုကို စောင့်ကြိုနေမယ့်အရာက ပျက်စီးခြင်းသာ ဖြစ်လိမ့်မည်။
စုမူချင်းက ကောင်းရုန်ရဲ့ လက်ထပ်ခွင့်တောင်းဆိုမှုကိုသာ လက်မခံပါက သူမတို့ မိသားစုတစ်စုလုံး ရှန်ဟိုင်းမြို့မှာ ရှင်သန်နိုင်မှာ မဟုတ်ပါ။ ကုမ္ပဏီတောင် ဒေဝါလီ ခံသွားရနိုင်သည်။
လင်းဖန်က စုမူချင်းကို ဖုန်းထဲတွင် နှစ်သိမ့်ပေးလိုက်ပါသည်။ "မူချင်း နင်က ငါ့လက်ထောက်ပါ။ နင့်လိုလက်ထောက်မျိုး ရထားတာနဲ့တင် ငါအရမ်းဂုဏ်ရှိနေပြီ။ ဒါပေမယ့် စိတ်မပူပါနဲ့။ တခြားသူတွေ ဘယ်တုန်းက ငါ့လူတွေကို ထိရဲလို့လဲ"
"၂ ဘီလီယံအတွက် နည်းလမ်းတစ်ခု ငါကူညီပြီး စဉ်းစားပေးမယ်။ ငါ့ကို ပြန်ဆပ်စရာ မလိုဘူး။ ဒါ နင့်မိသားစုရဲ့ ကိစ္စပဲ။ ငါ့ကို ပြန်ဆပ်ချင်ရင် နင့်မိသားစုကိုသာ ပြန်ဆပ်ခိုင်းလိုက်" လင်းဖန် ပြောလိုက်သည်။
စုမူချင်းရဲ့ မိသားစုကို သူ အလကားသက်သက် ကူညီမှာတော့ မဟုတ်ပေ။ စုမူချင်းကြောင့်သာ မဟုတ်ပါက အကြောင်းအရင်းမရှိ ၂ ဘီလီယံယွမ်ကို ပေးဖို့ လင်းဖန် စိတ်ကူးမိမှာ မဟုတ်ပေ။
"အင်း ကောင်းပါပြီ~ ဘော့စ်လင်း ကျေးဇူးတင်ပါတယ်" စုမူချင်း ပြောလိုက်သည်။ သူမရဲ့ မျက်လုံးများက ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။
"အေးပါ အေးပါ အဲ့လောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ နင်ကငါ့လက်ထောက်ပဲကို။ ပြီးတော့ နင်လက်ထောက်လုပ်နေစဉ်ကာလအတွင်း ရည်းစား မထားရဘူးလို့ စာချုပ်ထဲမှာ ပါတယ်။ နင် တစ်သက်လုံး ငါ့လက်ထောက်လုပ်မှာဆိုရင် ရည်းစား တစ်သက်လုံး ထားရမှာ မဟုတ်ဘူးနော်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
"ဘော့စ်လင်းက တခြားလက်ထောက် မရှာတော့ဘူးဆိုရင် ရှိပါစေတော့~ ရည်းစားထားရင် အလုပ်အာရုံပျက်တတ်တယ်" စုမူချင်းက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"အေးပါ ငါ့ကိုလိပ်စာပို့ပေး။ နင့်အိမ်ကို ချက်ချင်း လာခဲ့မယ်။ ၂ ဘီလီယံဆိုတာ အရမ်းမခက်ပါဘူး" လင်းဖန်က ပြောလိုက်ပါသည်။
လင်းဖန်မှာ အချိန်သိပ်မကျန်တော့ပေ။ မနက်ဖြန်ဆို ကောင်းမိသားစုက စုမူချင်းကို လက်ထပ်ခွင့် တောင်းတော့မည်။ ထိုအချိန်ကျရင် စုမိသားစု တစ်စုလုံးက သဘောတူကြလိမ့်မည်။
လင်းဖန်က စုမိသားစုဆီ အချိန်မှီသွားပြီး ကောင်းရုန်ရဲ့ လုပ်ရပ်တွေ အားလုံးကို တားမြစ်မှ ဖြစ်ပါမည်။
ဖုန်းချပြီးတာနဲ့ လင်းဖန် ဘော့စ်မာကို ဆက်သွယ်ခဲ့သည်။
လင်းဖန် ဖုန်းဆက်တာကိုမြင်တော့ စီအီးအိုမာ အံ့အားသင့်သွားရသည်။
"ညီလေးလင်း။ ဘာကိစ္စရှိလို့လဲကွ" စီအီးအိုမာက ပြုံးကာ မေးလိုက်ပါသည်။ သူ့လေသံက လင်းဖန်နဲ့ စကားပြောသည့်အခါ ပိုမို သက်တောင့်သက်သာ ရှိနေတတ်ပါသည်။
"စီအီးအိုမာ ကျွန်တော့်ကို သန်း ၅၀၀ လောက် ချေးပေးလို့ ရမလား။ ကျွန်တော် အရေးတကြီး လုပ်စရာ ကိစ္စတစ်ခု ရှိလို့ပါ။ ကျိန်းသေပေါက် ၃လအတွင်း ပြန်ဆပ်ပါ့မယ်" လင်းဖန် ပြောလိုက်သည်။
သူ့မှာ ၂ ဘီလီယံရှိပြီးသား ဖြစ်သည်။ စီအီးအိုမာထံမှ နောက်ထပ် သန်း ၅၀၀ တောင်းလိုက်ပါက စုမူချင်းကို ကပ်ဘေးက ကယ်တင်ဖို့ လုံလောက်ပါလိမ့်မည်။
"သန်း ၅၀၀ လား။ ကိစ္စမရှိပါဘူး။ ခုချက်ချင်း မင်းအကောင့်ထဲကို လွှဲခိုင်းလိုက်မယ်။ ညီလေးလင်း ဘာဖြစ်လို့လဲ။ အခု ငါ အရေးကြီးကိစ္စ ဘာမှ မရှိဘူး။ မင်း အခက်အခဲ တစ်ခုခုရှိရင် ငါ့ကိုပြောလို့ရတယ်" စီအီးအိုမာပြောလိုက်သည်။
ဘော့စ်မာ စိတ်အားထက်သန်နေပုံကိုကြားပြီး လင်းဖန်ရဲ့ မျက်လုံးလည်း တဖြည်းဖြည်းနဲ့ တည်တံ့သွားလေသည်။ "ဘော့စ်မာက ဒီလိုပြောမှတော့ ကျွန်တော် အားမနာတော့ဘူးဗျာ။ ကျန်းမြို့တော်မှာ ကောင်းမိသားစုနဲ့ ပဋိပက္ခ ဖြစ်ထားတာလေး ရှိလို့။ ရလဒ်က ကျန်းမြို့တော်က ကောင်းမိသားစု ဒေဝါလီခံရရင် ခံရ မဟုတ်ရင် ကျွန်တော် ဒေဝါလီခံရဖို့ပဲ ရှိတယ်"
ခဏလောက်စဉ်းစားပြီးနောက် စီအီးအိုမာက ပြောလိုက်သည်။ "ညီလေးလင်း။ ကျန်းမြို့တော်က ကောင်းမိသားစုက ခွန်အားမသေးဘူးနော်။ အထူးသဖြင့် ကောင်းရုန်ပေါ့။ သူက ဉာဏ်နီဉာဏ်နက် အရမ်းများပြီး အသေးအဖွဲ ရန်ငြှိုးလေးအတွက်တောင် ကလဲ့စား ချေတတ်တဲ့လူမျိုး။ မင်း သတိထားရမယ်"
စီအီးအိုမာရဲ့ သုံးသပ်ချက်ကိုကြားတော့ လင်းဖန် သတိထပ်ကြီးသွားရသည်။ စီအီးအိုမာက ဘယ်လို လူမျိုးမို့လို့လဲ။ သူကလည်း Alibaba ရဲ့ စီအီးအို မဟုတ်ပါလား။
စီအီးအိုမာက ဒီအဆင့်လောက် ရှိတာတောင် ကောင်းရုန်ကို မြှောက်ပင့်ပြောဆိုနေသည်။ လင်းဖန်ကို သတိထားဖို့တောင် ပြောခဲ့ပါသည်။
လင်းဖန်ချက်ချင်းပဲ ကောင်းရုန်ရဲ့ အန္တရာယ်အဆင့်ကို ထိပ်ဆုံးအထိ မြှင့်တင်လိုက်သည်။ ဒီလိုလူမျိုးကို အလွန် ဂရုတစိုက် ရှင်းလင်းမှ ဖြစ်ပါလိမ့်မည်။
လင်းဖန်က ပြောလိုက်သည်။ "စီအီးအိုမာတောင် ကောင်းရုန်အကြောင်း သိတယ်ပေါ့"
စီအီးအိုမာက ပြုံးကာ ပြောလိုက်သည်။ "ညီလေးလင်း ကောင်းရုန်ရဲ့ မိသားစုနောက်ခံက အရမ်း အားကောင်းတယ်။ ဒါပေမယ့် သူတို့က မင်းကို စော်ကားခဲ့တယ်၊။ မင်းက Alibaba ရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်ဆိုတော့ ဘာပဲ ဖြစ်လာ ဖြစ်လာ ငါတို့ မင်းဘက်မှာ ရပ်တည်ပေးမှာပါ။ ကောင်းရုန်က ဘဏ္ဍာရေးမုန်တိုင်းတစ်ခု တိုက်ခတ်ချင်တယ်ဆိုရင်တောင် Alibaba က သူတို့နဲ့ နောက်ဆုံးအချိန်အထိ ကစားပေးလိုက်မယ်"
သန်း ၅၀၀ ချေးပြီးနောက် လင်းဖန် စုငွေ ၂.၅ ဘီလီယံ ရှိသွားပါပြီ။
တကယ်တော့ ၂.၅ ဘီလီယံက စုမိသားစု တောင်းဆိုတာာထက် သန်း ၅၀၀ ပိုများနေပါသည်။
၂ ဘီလီယံက စုမိသားစု ကပ်ဘေးမှ လွတ်မြောက်ဖို့ ဖြစ်သည်။ ကျန် သန်း ၅၀၀ ကတော့ စုမူချင်းကို မိသားစုထဲမှာ ဒုက္ခခံရပြီး စတေးခံ ဖြစ်မလာစေချင်လို့ ဖြစ်ပါသည်။
သူသာရှိရင် စုမူချင်းရဲ့ တန်ဖိုးက ၂.၅ ဘီလီယံကို ကျော်တက်သွားလိမ့်မည်။
စီအီးအိုမာနဲ့ စကားပြောပြီးနောက် လင်းဖန် လုံးဝ စိတ်အေးသွားရလေသည်။
စီအီးအိုမာဆီက ငွေချေးခြင်းက သူ့သဘောထားကို စမ်းသပ်ရုံ ဖြစ်ပါသည်။ အခု သူ့နောက်ကွယ်မှာ Alibaba ရပ်တည်ပေးမှာဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သဖြင့် လင်းဖန် ဘာမှ စိုးရိမ်ဖို့ မလိုတော့ပါ။
ကောင်းရုန်နဲ့ တိုက်ပွဲဆင်နွှဲဖို့ ဘာကြောက်စရာ လိုသေးလို့လဲ။
စုရှောင်းယွီက တံခါးအပြင်မှာ ကားကို ပြင်ဆင်ထားပြီးသား ဖြစ်၏။ ခေါင်းကလေးကို ပြူထွက်လျက် လင်းဖန်ကို ကြည့်လိုက်သည်။
"ဆရာ၊ Koenigsegg One အသင့်ဖြစ်ပါပြီ။ အခု သွားလို့ရပြီ။ အခု ထွက်မယ်ဆိုရင် စုမူချင်းတို့အိမ်ကို မှောင်ရီပျိုးမှ ရောက်လိမ့်မယ်"
လင်းဖန်ပြောလိုက်သည်။ "တခြားကိစ္စတွေကော စီစဉ်ပြီးပြီလား"
စုရှောင်းယွီ ခေါင်းငြိမ့်လိုက်ပါသည်။ "သြော် အသင့်ဖြစ်ပါပြီ။ ဒါပေမယ့် ဆရာ။ စုမူချင်းရဲ့ အိမ်ကို ဘော်ဒီဂတ် ဒီလောက် အများကြီး ခေါ်လာဖို့ လိုလို့လားဟင်"
လင်းဖန်က စုမူချင်းကို ဘော်ဒီဂတ် ၂၀၀ ကျော် အသင့်ပြင်ခိုင်းထား၏။ ရဲအထူးတပ်ဖွဲ့ဝင်တွေလည်း အပါအဝင် ဖြစ်သည်။ အားလုံးကို စီစဉ်ထားပြီးပါပြီ။
တခြားသူတွေ အထူးတပ်ဖွဲ့တွေကို လှုပ်ရှားခိုင်းဖို့ဆို ခက်ခဲပါလိမ့်မည်။ သို့သော်လည်း စုရှောင်းယွီအတွက်တော့ အလွန် လွယ်ကူသည်။
လင်းဖန်က စုရှောင်းယွီရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ပါသည်။ "ဟုတ်ပါပြီ။ ဒီ Volkswagen ကို စီးသွားရအောင်"
စုရှောင်းယွီက ခေါင်းစောင်းကာ လင်းဖန်ကို ကြည့်လိုက်သည်။ "ဆရာ ဘာလို့ Koenigsegg One ကို ယူမသွားတာလဲ။ အပြင်ထွက်ရင် ပြိုင်ကား စီးရတာကို အကြိုက်ဆုံး မဟုတ်ဘူးလား"
လင်းဖန် ပြုံးလျက် ပြန်ပြောလိုက်ပါသည်။ "ရှောင်းယွီ။ နင်က စီးပွားရေးလောကထဲမှာ ဉာဏ်ကြီးရှင်ဖြစ်ပြီး ထိပ်တန်းကျောင်းသားတစ်ယောက် ဆိုပေမယ့် ထင်သလောက် မရိုးရှင်းတဲ့ကိစ္စတွေ အများကြီး ရှိတယ်"
"ကောင်းရုန် ပစ်မှတ်ထားချင်တဲ့လူက ငါပဲ။ ဒါပေမယ့် စုမိသားစုကို တမင်သက်သက် ပစ်မှတ်ထားဖို့ ရွေးချယ်ခဲ့တယ်။ ပြီးတော့ အချိန်ကိုတောင် မနက်ဖြန် ရွှေ့ခဲ့သေးတယ်။ အဲ့တာ ဒီနေ့ စုမိသားစုဆီ ငါ့ကို သွားစေချင်လို့ မဟုတ်ဘူးလား"
"လမ်းမှာ ကောင်းရုန်က ငါ့ကို တားဖို့ ဒါမှမဟုတ် သတ်ဖို့ နည်းလမ်းတွေ ကျိန်းသေပေါက် စဉ်းစားလိမ့်မယ်။ အဲ့တာကြောင့် လက်နက်တွေလည်း ပါလိမ့်မယ်။ Koenigsegg One ကို စီးသွားရင် လမ်းမှာ အန္တရာယ်ရှိနိုင်တယ်။ ပြန်တိုက်ခိုက်ဖို့အတွက် နင့်ကို လူတွေ အများကြီး ပြင်ခိုင်ထားတာပဲ"
"လမ်းမှာ ငါ့ကားကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ လူတစ်ယောက် ပေါ်လာရင် ချက်ချ်ငး သူတို့ကို ဖမ်းဆီးလိုက်။ သူတို့ကို သက်သေအဖြစ် ပြန်သုံးပြီး ကောင်းမိသားစုကို အပြစ်ပေးလို့ ရတယ်"
လင်းဖန်က သွေးအေးသော မျက်လုံးများဖြင့် ပြောလိုက်သည်။
တစ်ဖက်လူရဲ့ ရှုထောင့်က ရပ်ကြည့်လျှင် ကောင်းရုန်ရဲ့ တကယ့်ပန်းတိုင်အစစ်က ဘာမှန်း လင်းဖန် ခန့်မှန်းနိုင်ပါသည်။
ကောင်းရုန်က လင်းဖန်ကို လမ်းမှာ ကျိန်းသေပေါက် ပစ်မှတ်ထားလိမ့်မည်။ သို့သော် လင်းဖန်က ကောင်းရုန်ကို သူ့ထောင်ချောက်နဲ့သူ ပြန်မိကာ ဆန့်ကျင်ဘက် ဖြစ်သွားအောင် လုပ်ချင်သည်။
ကောင်းရုန်က တကယ်ပဲ လင်းဖန်ကို လမ်းတွင် တိုက်ခိုက်လာလျှင် လင်းဖန်ရဲ့ ထောင်ချောက်မှာ လုံးဝ မိသွားပါလိမ့်မည်။
လင်းဖန်နဲ့ ကောင်းရုန်တို့အကြားက တိုက်ပွဲက ခွန်အားတိုက်ပွဲ မဟုတ်ဘဲ ဉာဏ်ပညာတိုက်ပွဲ ဖြစ်ပါသည်။