ကောင်းမိသားစုရဲ့ အစီအစဉ် ပျက်စီးခြင်း
Vol. 28 Ch. 406
လမ်းတွင်...
လင်းဖန်ရဲ့ ပြိုင်ကား Koenisegg One က လမ်းမပေါ်မှာ မောင်းနှင်နေသည်။
ထို့နောက်... လူသူကင်းမဲ့တဲ့လမ်းပေါ်ကို ရောက်သောအခါ ဗန်ကားတချို့က Koenisegg One ကို ပိတ်ရပ်လိုက်ကြသည်။
ထို့နောက် တွန့်ဆုတ်မှုမရှိဘဲ ဗန်ကားထဲက ထွက်လာတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်က သေနတ်ထုတ်လိုက်ပြီး Koenigsegg One ဒရိုင်ဘာကို ချိန်ရွယ်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း....
အချက် ၃၀။
အနက်ရောင်ဝတ်စုံနဲ့လူက Koenigsegg One ကို သေနတ် အချက် ၃၀ ပစ်ခဲ့သည်။
ကမ္ဘာ့ထိပ်တန်းပြိုင်ကားတစ်စီးဖြစ်သည့် Koenigsegg One တောင် သေနတ်အချက် ၃၀ ကို ခံနိုင်ရည်မရှိပါ။
ကားမောင်းနေသူရှိပါက ကျိန်းသေ သေသွားလောက်ပါပြီ။
အနက်ရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်က လီကျမ့်ဟု ခေါ်သည်။
လီကျမ့် ပြုံးလိုက်၏။
"ဟားဟားဟား လင်းဖန်က အခုထိ ကြွားဝါတတ်တုန်းပဲ။ ငါတို့ လမ်းလယ်ခေါင်မှာ ကြိုတင် ပြင်ဆင်ထားမယ်လို့ တွေးတောင် မတွေးမိဘူး ထင်တယ်။ ဒီမှာ ကင်မရာတွေလည်းမရှိတော့ သက်သေလည်း ရှိမှာ မဟုတ်ဘူ။ လင်းဖန် မင်းဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ အခုတော့ သေပြီမလား။ ငါတို့ကို လာဆန့်ကျင်ရဲရင် ရလဒ်က ဒါပဲ"
Koenigsegg One ပြိုင်ကားရဲ့ ဒရိုင်ဘာခုံတံခါး ပျက်စီးသွားပြီဖြစ်ပြီး အလိုအလျောက် ပွင့်လာခဲ့သည်။
လင်းဖန်ရဲ့ အလောင်းကို တွေ့ရလိမ့်မည်ဟု ထင်ထားသည့် လီကျမ့်လည်း အံ့အားသင့်သွားခဲ့ရသည်၊။
အဘယ့်ကြောင့်ဆိုသော် ကားထဲမှာ ဘယ်သူမှ ရှိမနေတာကြောင့်ပင်။
Koenigsegg One က ကမ္ဘာ့ထိပ်တန်းပြိုင်ကား တစ်စီးဖြစ်ကာ မောင်းသူမဲ့စနစ် ပါဝင်ပါသည်။
ထိုနည်းပညာက မပြည့်စုံသေးသော်လည်း စုမူချင်းရဲ့ အိမ်ကိုသွားတဲ့လမ်းမှာ ကားများများစားစား မရှိသဖြင့် အသုံးပြုလို့ ရပါသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"လင်းဖန် ဘယ်မှာလဲ လင်းဖန် ဘယ်မှာလဲ။ သူ ကားထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား။ သေနေရမှာ မဟုတ်ဘူလား။ ဟာ သွားပြီ။ ငါတို့ လှည့်စားခံလိုက်ရပြီ။ ပြန်ဆုတ်ကြ" လီကျမ့် တုန်လှုပ်သွားရသည်။
အနက်ရောင်ဝတ်စုံနဲ့ လူတစ်စု ဗန်ကားနဲ့ ပြန်ပြေးဖို့ ကြံလိုက်စဉ် ရဲကားသံများကို ကြားလိုက်ရသည်။
ဟယ်လီကော်ပတာအသံများလည်း ကြားနေရသည်။
အထူးတပ်ဖွဲ့တွေတောင် ရောက်လာကြပါပြီ။
ဒါတွေကို မြင်လိုက်ရတော့ လီကျမ့်မျက်လုံးများ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားရသည်။
မဖြစ်...မဖြစ်နိုင်တာ။
လင်းဖန်ကို လုပ်ကြံမည့် ပြစ်ချက်ကင်း ပလန်က ဒီလိုနဲ့ ပျက်စီးသွားခဲ့သည်။
ထို့အပြင် သူတို့က သေနတ်တွေလည်း ကိုင်ဆောင်ထားသေး၏။ တရုတ်နိုင်ငံဥပဒေတွင် ဒါကို ခွင့်ပြုမထားပေ။
တချို့ မိသားစုတွေတောင် သေနတ်ဆောင်ထားနိုင်သော်လည်း လက်လွတ်စပါယ်တော့ သုံးလို့ မရပေ။
သူတို့တွေက သေနတ်ကိုင်ဆောင်ထားရုံနဲ့တင် ဥပဒေ ချိုးဖောက်ရာကျနေပါပြီ။ သူတို့ ဘာမှ မလုပ်ရင်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ ရနေပါပြီ။
ထို့အပြင် လီကျမ့်နဲ့ တခြားသူတွေက လင်းဖန်ရဲ့ ပြိုင်ကားကိုပင် သေနတ်နဲ့ ပစ်ခဲ့သေးသည်။ သူတို့ လူသတ်ရန် ကြံစည်မှုမြောက်သွားပါသည်။
ထိုရာဇဝတ်မှု တစ်ခု နှစ်ခုလောက်နဲ့ သူတို့ လွတ်လမ်း မရှိတော့ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... လင်း...လင်းဖန်က စီအီးအိုကောင်းရဲ့ အစီအစဉ်ကို ကြိုမြင်နေတာလား" လီကျမ့် ပြောလိုက်သည်။
"မင်းတို့ အဝိုင်းခံထားရပြီ။ ချက်ချင်း လက်နက်ချ အဖမ်းခံလိုက်ပါ" လမ်းတစ်လမ်းလုံးတွင် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပါသည်။
လမ်းတစ်လမ်းလုံးကိုလည်း ချိပ်ပိတ်လိုက်ရ၏။
အထူးတပ်ဖွဲ့များက ထိုလူတွေကို ဝိုင်းထားပြီးပါပြီ။
ခပ်လှမ်းလှမ်းက ကားတစ်စီးထဲတွင် လင်းချမ့်ဝေ ထိုင်နေပါသည်။
လင်းချမ့်ဝေဘေးမှာ ကျန်းမြို့တော်က ရဲအရာရှိ တစ်ဦးဖြစ်သည့် ဝမ်လင်း ထိုင်နေသည်။
လင်းချမ့်ဝေက ပြုံးကာ ပြောလိုက်သည်။ "အရာရှိဝမ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ရှင်တို့ မပါရင် ဒီရာဇဝတ်သားတွေကို ဖမ်းဖို့ အရမ်းခက်ခဲမှာပါ"
ဝမ်လင်း အနည်းငယ် တုန်လှုပ်ခဲ့ရသည်။ လင်းချမ့်ဝေရဲ့ တောင်းဆိုချက်ကို ပထမဆုံး ကြားခဲ့ရတုန်းက လမ်းပျောက်ခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် ရာဇဝတ်မှုတစ်ခုကို ကြိုတင်ကြံစည်သူတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
သို့သော်လည်း လင်းဖန်ကတော့ အားလုံးကို ကြိုတွက်ထားပြီးသား ဖြစ်သည်။
နှစ်ဦးနှစ်ဖက်ကြားက တိုက်ပွဲတစ်ခုကြောင့် ဘဏ္ဍာရေး တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည်။
စီးပွားရေးသက်ရောက်မှု ဘီလီယံ ချီပြီး သို့မဟုတ် ဘီလီယံဆယ်နဲ့ချီပြီး ရှိလာနိုင်သည်။
ဝမ်လင်းက ပြောလိုက်၏။ "မစ္စတာလင်းက တကယ်ပဲ သူများနဲ့ မတူ တမူထူးခြားတာပဲ။ မစ္စလင်း၊ မစ္စတာလင်း ကျွန်တော်တို့ကာကွယ်မှုကို လိုအပ်ရင် ကြိုသာ အကြောင်းကြားလိုက်ပါ။ မစ္စတာလင်းရဲ့ အသက်က ပိုအရေးကြီးပါတယ်ဗျာ"
လင်းချမ့်ဝေလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့ အရာရှိဝမ်။ ကျွန်မ ရှင်တို့ကို အားကိုးမှာပါ"
ဝမ်လင်း ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်သည်။ "ကောင်းပါပြီ။ နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူဘယ်ဝါလဲဆိုတာ ကျွန်တော်တို့ ကျိန်းသေပေါက် ကြိုးစားရှာဖွေမှာပါ။ ဒီလို နေ့ခင်းကြောင်တောင်ကြီးမှာ ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုတင်ကြံစည်သူတွေ ရှိနေလိမ့်မယ်လို့ တကယ် ထင်မထားဘူး။ ပြီးတော့ သူတို့ကြံစည်တဲ့လူက မစ္စတာလင်းဖန် ဖြစ်နေတယ်"
သူတို့နှစ်ယောက် စကားပြောနေစဉ် သေနတ်ပစ်သံ တစ်သံ ထွက်ပေါ်လာသည်။
ဝမ်လင်း တုန်လှုပ်သွားရ၏။ ခပ်မြန်မြန် စကားပြောစက်ကို ကောက်ကာ အခြေအနေကို စစ်ဆးလိုက်သည်။
လီကျမ့်က အကျယ်ကြီး အော်ရယ်လိုက်၏။
"လင်းဖန်က... တကယ် သာမန်လူ မဟုတ်ဘူးပဲ။ ဒါပေမယ့် ငါ့ဆီက ဘာအချက်အလက်မှ ရဖို့ မမျှော်လင့်ထားကြနဲ့ကွ"
"လင်းဖန် မင်း ခဏပုန်းနေလို့ရချင်ရမယ်။ ဒါပေမယ့် တစ်သက်လုံးတော့ မရပါဘူးကွာ။ စီအီးအိုကောင်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
"ငါ...စီအီးအိုကောင်း ငါ့မိသားစုကို ကာကွယ်ပြီး ငါ့မိသားစု သန်းနဲ့ချီပြီး တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ပြီးတော့ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေတဲ့ ငါ့သမီးလေးကို ကျောင်းသွားနိုင်အောင် ကူညီပေးဖို့ပဲ မျှော်လင့်တယ်။ ငါ့ဘဝမှာ တခြား နောင်တရစရာ မရှိဘူး။ လောင်းကစားက ဘဝပျက်စေတယ်။ ဘဝကို ပျက်စေတယ်..." လီကျမ့်က ထိုသို့ပြောပြီးတာနဲ့ မျက်လုံးပိတ်လိုက်ပြီး ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်လိုက်ပါတော့သည်။
သူ့လက်ထဲက အသက် ၇ နှစ်အရွယ် ကောင်မလေး တစ်ယောက်ရဲ့ ဓာတ်ပုံ မြေပေါ်ကျသွားခဲ့သည်။
ထိုအချိန်... စုချွေ့ယီ၏ အိမ်တွင်။
ကုမ္ပဏီရှယ်ယာဝင်အများစုနဲ့ ဒါရိုက်တာများစွာ၊ စုမိသားစုဝင်များစွာတို့ အတူတူ ထိုင်နေကြသည်။
"ဒီမှာ စုမူချင်း။ ငါတို့ကုမ္ပဏီက ဒေဝါလီ ခံရတော့မှာ။ ၂ ဘီလီယံယွမ်လောက် ကွာဟချက် ဖြစ်နေပြီ။ အဲ့ဒီငွေ ဘယ်က ရနိုင်မှာလဲ။ စီအီးအိုကောင်းကို လက်ထပ်ရတာ ဂုဏ်ယူစရာလို့တောင် ယူဆထားတဲ့ လူတွေ အများကြီး ရှိတယ်။ စီအီးအိုကောင်းရဲ့ လက်ထပ်ခွင့်ကို လက်ခံလိုက်ရင် အနာဂတ်မှာ မင်းသက်သက်သာသာ ဇိမ်ကျကျနဲ့ နေနိုင်လိမ့်မယ်"
"ဟုတ်တယ် စုမူချင်း။ ကိုယ့်ကိုယ်ကို အနစ်နာခံပြီး အားလုံးကို ကူညီစမ်းပါ။ နင့်တစ်ယောက်တည်းအတွက်နဲ့ ကုမ္ပဏီကို ဒေဝါလီခံသွားခွင့်မပြုနိုင်ဘူး"
"စုမူချင်း နင်က အခုမိသားစုတစ်စုလုံးရဲ့ မျှော်လင့်ချက်နော်။ ကောင်းမိသားစုဆီ နင်ရောက်သွားရင် စီအီးအိုကောင်းကို သေချာပြုစုရမယ်။၊ မိသားစုကောင်းကျိုးအတွက်ပဲကို။ ဦးလေးနဲ့ အဒေါ်တွေဖြစ်တဲ့ ငါတို့က နင့်ကို ကျေးဇူးတင်မှာပါ"
"ဟဲ့ စုမူချင်း။ နင်က ဘာလို့ လက်မထပ်ချင်တာလဲ။ စီအီးအိုကောင်းနဲ့ လက်ထပ်ရတာ ဒီလောက် ကောင်းတာကို။ လင်းဖန်ထက်တောင် အများကြီး ပိုသာတယ်။ နင်က လင်းဖန်ကို အကူအညီ သွားတောင်းနေသေးတယ်လား။ လင်းဖန်က အခု ငါတို့အိမ်ကိုတောင် လာနေပြီ။ အားအကိုးရဆုံးလူက စီအီးအိုကောင်းလို့ပဲ ငါတော့ ထင်တယ်"
"စုမူချင်း။ နင်က ငါတို့စုမိသားစုရဲ့ ကယ်တင်ရှင်ပါ။ အရာရာက နင့်အပေါ်မှာ မူတည်နေပြီ။ အားလုံးရဲ့ ကောင်းကျိုးအတွက် ဒါကို လက်ခံပေးပါ။ နင်က အပျိုပဲ မဟုတ်ဘူးလား။ စီအီးအိုကောင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် နင်က မိသားစုဝင်တစ်ယောက်ပဲ။ အခု မိသားစုအန္တရာယ်နဲ့ ကြုံလာတော့ နင်လုပ်ဖို့လိုတာကိုလုပ်ရတော့မယ်"
ဆွေမျိုးနဲ့ မိတ်ဆွေများစွာက စုမူချင်းကို ဝန်းရံလိုက်ကြသည်။
စုချွေ့ယီကို တိုက်တွန်းနေကြတဲ့ ဆွေမျိုးတစ်စုလည်း ရှိပါသည်။
စုချွေ့ယီက စုမူချင်းရဲ့ အစ်မအရင်းဖြစ်ပြီး သူမရဲ့ မျက်လုံးတွေကလည်း နာကျင်မှုဖြင့် ပြည့်နှက်နေပါသည်။
သူမက အလွန် အစွမ်းအစ ရှိပါသည်။ သို့သော် ကုမ္ပဏီထဲတွင် စုမိသားစုရဲ့ ဆွေမျိုးနဲ့ မိတ်ဆွေများစွာရှိသည်။ ထိုဆွေမျိုးနဲ့ မိတ်ဆွေတွေက ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တစ်ခုတည်းကြောင့် ကုမ္ပဏီကိစ္စတွေမှာလည်း ဝင်ပါတတ်သည်။ ကုမ္ပဏီဆီက ငွေရဖို့ကို သူတို့ အလိုချင်ဆုံး ဖြစ်သည်။
စုမူချင်းရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းကို ထိုဆွေမျိုးတွေက ဂရုမစိုက်ပေ။
စုမူချင်းက လက်ထောက်တစ်ယောက်အဖြစ် အလုပ်လုပ်နေတာကြာပါပြီ။ ဒီဆွေမျိုးတွေက သူမအတွက် တစ်ခါလောက် စိတ်ပူပေးဖူးလို့လား။
သို့သော်လည်း အစ်မဖြစ်တဲ့ သူမတောင် ဘာမှ မတတ်နိုင်ပါ။ စုချွေ့ယီမှာလည်း တခြား ရွေးချယ်စရာ မရှိပေ။
ဖြစ်နိုင်ပါက ကောင်းရုန်ကို သူမကိုယ်တိုင်ပဲ လက်ထပ်လိုက်ချင်သည်။ သို့သော် ကောင်းရုန်က စုမူချင်းကိုသာ တောင်းဆိုနေသည်။
သူတို့ လက်မခံပါက ကောင်းမိသားစုနဲ့ ဟော်မိသားစုတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ စုမိသားစု ပျက်သုဉ်းရလိမ့်မည်.
စုမိသားစုစီးပွားရေးလည်း ဒေဝါလီခံသွားရနိုင်သည်။
"မူချင်း... ငါတောင်းပန်ပါတယ်"
"လင်းဖန် ဒီနေ့ ရောက်မလာရင် ငါတို့..." စုချွေ့ယီက စုမူချင်းကို ကြည့်လိုက်သည်။ စုမူချင်းမှာ ထောင့်တစ်နေရာတွင် မျက်လုံးနီမြန်းစွာဖြင့် ကွေးထိုင်နေသည်။ သူမရင်ထဲမှာလည်း ကိုယ့်ကိုယ်ကို အပြစ်တင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါသည်။