ဒီနေ့ လက်ထပ်ခွင့်လာတောင်းတာ
Vol. 28 Ch. 407
ကောင်းရုန်က စုမိသားစုထံသို့ မနက်ဖြန်မှ သွားမှာ ဖြစ်သည်။ ထို့ကြောင့် စုမိသားစု ပြင်ဆင်ဖို့ အချိန် ရှိပါသေးသည်။
လင်းဖန် ရောက်လာရင် စုမိသားစုကို ကယ်တင်နိုင်ပါလိမ့်မည်။
အချိန် တစ်ညသာ ရသည်။
ကောင်းမိသားစုက သူမတို့ဆီ ရောက်လာပြီး လင်းဖန် ရှိမနေပါက စုချွေ့ယီကလည်း ကောင်းရုန်ကို တိုက်ခိုက်ရဲမှာ မဟုတ်ပေ။
စုမိသားစုထံကို ကောင်းရုန် လာရခြင်း ရည်ရွယ်ချက်က ထင်ရှားပါသည်။
ထိုအခါ စုချွေ့ယီလည်း စုမူချင်းနဲ့ ကောင်းရုန်တို့ကို လက်ထပ်ပေးနိုင်ရုံသာ ရှိသည်။
တခြား နည်းလမ်း မရှိနိုင်ပါ။
စဉ်းစားကြည့်မှ ကောင်းရုန်က လက်ထပ်ခွင့်တောင်းဆိုဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လျှင် စုမိသားစုက ကောင်းရုန်ကို ဆန့်ကျင်ရဲမှာ မဟုတ်ပေ။ သူ့စေတနာကို ငြင်းဆန်ဖို့ဆို ပိုဆိုးပါသည်။
ဘာပဲဖြစ်ဖြစ် စုချွေ့ယီက ရေရှည်ကို ကြည့်သင့်တာပဲ မဟုတ်လား။
သူမရဲ့ တစ်ကိုယ်ကောင်းစိတ်ကြောင့် စုမိသားစုတစ်စုလုံးရဲ့ အန္တရာယ်ကို လျစ်လျိူရှုလို့ မဖြစ်ပါ။
စုမူခချင်းက သူမဆွေမျိုးတွေ စကားကို နားထောင်နေရင်း စကားပင် ပြန်မပြောခဲ့ချေ။
ဒီဆွေမျိုးတွေ၊ မိတ်ဆွေတွေအားလုံးက ငွေမျက်နှာကိုသာ ကြည့်တတ်မှန်း သူမ သိပါသည်။
သူမ စုမိသားစုကော်ပိုရေးရှင်းကို ဝင်ရောက်ခဲ့လို့ရသည်။ သူမရဲ့ အစ်မကို အစားထိုးလို့ မရရင်တောင် တခြားအလုပ်တစ်ခုခုလုပ်လို့ ရသည်။
သို့သော်လည်း ထိုအချိန်တုန်းက ဒီဆွေမျိုးနဲ့ မိတ်ဆွေတွေက သူမကို ဝင်ခွင့်မပြုခဲ့ပါ။ အကြောင်းအရင်းက သူမက ငယ်သေးသဖြင့် အပြင်မှာ အတွေ့အကြုံ ထွက်ယူသင့်သည်ဟူ၍ ဖြစ်သည်။ စုကော်ပိုရေးရှင်းလို ကုမ္ပဏီအကြီးစား တစ်ခုကို ကလေးတစ်ယောက်လက်ထဲ အပ်လိုက်လို့ ဖြစ်ပါ့မလား။
စုမူချင်းရဲ့ မိဘတွေကလည်း သူတို့ပြောတာ အဓိပ္ပာယ်ရှိသည်ဟု ထင်ကာ သူမကို စုကော်ပိုရေးရှင်းမှာ အလုပ်လုပ်ခွင့်မပေးခဲ့ပါ။
စုမူချင်းကို လင်းဖန်ရဲ့ လက်ထောက်လုပ်ခွင့်ပေးလိုက်သော်လည်း စုမူချင်းရဲ့ မိဘတွေအမြင်မှာတော့ ဒါက ထရိန်နင်ဆင်းတာ မဟုတ်ဘဲ ကြုံရာကျပန်းအလုပ်တစ်ခုသာ ဖြစ်နေသည်။
စုမိသားစုက စုမူချင်းကို သူ့လက်ထောက်သွားလုပ်ဖို့ အထူးတလည် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ အများကြားကောင်းအောင် ပြောရလျှင် လုပ်ငန်းတွေအကြောင်း လေ့လာဖို့၊ ဗဟုသုတ တိုးမြှင့်ဖို့နဲ့ အစွမ်းအစကို တိုးမြင့်စေဖို့ ဖြစ်သည်။
သို့သော်လည်း စုမူချင်းသာ စုမိသားစုကော်ပိုရေးရှင်းထဲ ဝင်လာပါက သူတို့အတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်မှန်း စုမိသားစုရဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေက သိကြပါသည်။
နောက်ပိုင်း သူတို့ ငွေခွဲယူသည့်အခါ များများစားစား ရကြတော့မှာ မဟုတ်ပေ။
ယခု ကုမ္ပဏီက ကပ်ဆိုက်လာပြီဖြစ်သဖြင့် ဆွေမျိုးနဲ့ မိတ်ဆွေတွေက သူမကို ရပ်တည်ပေးဖို့ ပြောနေပါသည်။
သူမကတော့ မတွန်းလှန်နိုင်သည့် ကောင်မလေး တစ်ယောက်သာ ဖြစ်သည်။
အားလုံးက သူမကို တိုက်တွန်းဖို့ တစ်ဖက်တည်းမှာ ရပ်တည်နေကြသည်။
စုမိသားစုဘေးကင်းဖို့အတွက် သူမ ကောင်းရုန်ကို လက်ထပ်ရမည်။
ဒါမှမဟုတ် စုမိသားစုကို ကယ်တင်ဖို့ စုမူချင်း နည်းလမ်း တစ်ခုခု စဉ်းစားရပါမည်။
သို့သော်လည်း... ဒါတွေအားလုံးက အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ သူမလို ကောင်မလေးတစ်ယောက်နဲ့ ဘာသက်ဆိုင်လို့လဲ။
သူမက တက္ကသိုလ်ဘွဲ့ရခါစ ဖြစ်ပြီး လက်ထပ်ဖို့ တရားဝင်သည့်အရွယ်ကိုတောင် မရောက်သေးပါ။
အသက် ၂၀ ပြည့်မွေးနေ့ကိုတောင် မကျင်းပရသေးဘဲ ဒီကိုဆွဲခေါ်လာခံရသည်။ သူမ မိသားစုအတွက် စတေးရတော့မည်။
တခြားသူတွေအတွက် ဘာမှ မဟုတ်သော်လည်း သူမအတွက်တော့ တစ်သက်တာ ပျော်ရွှင်မှု ဖြစ်သည်။
အဓိပ္ပာယ်မရှိဆုံးအရာက စုမူချင်း သူမမိဘတွေအပေါ် မျှော်လင့်ချက်ထားခဲ့မိသည်။
နောက်ဆုံးမှာတော့ သူမမိဘတွေကပါ ကောင်းရုန်ကို လက်ထပ်ခွင့်ရတာ ဂုဏ်ယူစရာဖြစ်သည်ဟု ပြောလာကြပါသည်။
အမှန်ပင်။ သူမ မိဘတွေ ပြောတာလည်း မမှားပါ။
ကောင်းရုန်ဆိုတာ ဘယ်လိုလူမျိုးလဲ။ ကျန်းမြို့တော်ရဲ့ အရှင်သခင်၊ ကောင်းကော်ပိုရေးရှင်းရဲ့ ဆက်ခံသူလောင်း၊ ကောင်းမိသားစုတစ်စုလုံးရဲ့ ဦးစီးဦးဆောင် ဖြစ်သည်။
အပြင်လောကရဲ့အမြင်မှာတော့ ကောင်းရုန်က အောင်မြင်နေတဲ့လူ ဖြစ်သည်။
ကောင်းရုန်ကို လက်ထပ်ချင်တဲ့ မိန်းကလေးများစွာလည်း ရှိပါသည်။
စုမူချင်းမိဘတွေရဲ့အမြင်မှာလည်း ကောင်းရုန်ကို လက်ထပ်တာက မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပင်။
စုမူချင်းက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားပါက သူမမိဘတွေက သူမ ကောင်းဖို့အတွက်ဟု ပြောကြလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူမ ကောင်းကျိုးအတွက်ပဲ ဖြစ်သည်။
စုမူချင်း မခုခံတော့ပါ။
သူမရဲ့ ကယ်တင်ရှင်က လင်းဖန်သာ ဖြစ်သည်။
လင်းဖန်က ကျိန်းသေ ဒီနေ့ရောက်လာမှာဖြစ်ပြီး ကောင်းရုန်ကတော့ မနက်ဖြန်မှ ရောက်လာမှာဖြစ်မှန်း သူမ သိထားပါသည်။
လင်းဖန် ရောက်လာတာနဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားလိမ့်မည်။
လင်းဖန်က သူမရဲ့ နောက်ဆုံးမျှော်လင့်ချက်ပင်။
ဒေါက်။
တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။
စုမူချင်း မျက်လုံးများ အရောင်လက်သွားရသည်။
သူမရဲ့ မျက်လုံးလှလှလေးများဖြင့် စုမိသားစု အိမ်တံခါးဝကို ကြည့်လိုက်၏။
သူမရဲ့ ကြည်လင်နေတဲ့ မျက်လုံးတွေမှာ မျှော်လင့်ချက် အရိပ်အယောင် ပေါ်လွင်လာခဲ့ပါသည်။
စုမူချင်း ချိုမြိန်စွာပြုံးရင်း မတ်တပ်ရပ်ကာ သူ့ကို ကြိုဆိုဖို့ ပြင်ဆင်လိုက်ပါသည်။
ဘော့စ်လင်း ရောက်လာပြီ။
ဘော့စ်လင်း ရောက်လာတာနဲ့ သူမကို ကာကွယ်ပေးလိမ့်မည်။
တစ်ကမ္ဘာလုံးမှာ သူမ ယုံကြည်နိုင်တဲ့ တစ်ဦးတည်းသောသူက မိသားစု မဟုတ်ဘဲ လင်းဖန် ဖြစ်သည်။
စုမူချင်းရဲ့ မျက်လုံးလှလှလေးများ အရောင်လက်သွားသည်။
သူမရဲ့ ဘဝတစ်ခုလုံး အရောင်လင်းလက် သွားရပါသည်။
စုမိသားစု၏ အိမ်တံခါး ပွင့်လာသည်။
စုမူချင်းရဲ့ မျက်နှာ ဖြူဖပ်သွားပြီး ကြမ်းပြင်ပေါ်ကို အားပျော့စွာ ခွေကျသွားသည်။
ရောက်လာတဲ့လူက လင်းဖန် မဟုတ်ပါ။ ကောင်းရုန် ဖြစ်သည်။ ကောင်းရုန် ရောက်လာခြင်းပင်။
"ဘာလို့လဲ..." စုမူချင်း ပြောလိုက်ရင်း ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာသည်။
ကောင်းရုန်က မနက်ဖြန်မှ ရောက်လာရမှာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ ကောင်းရုန် အခု ရောက်လာရတာလဲ။
ကောင်းရုန်က သူမကို ပြင်ဆင်ဖို့ အခွင့်အရေးပင် မပေးခဲ့ပါ။
ကောင်းရုန် ရောက်လာပြီဖြစ်သဖြင့်... သူမ ကောင်းရုန်ကို လက်ထပ်ရတော့မည့်သဘောလည်း ဖြစ်ပါသည်။
သူမ စောင့်မျှော်နေတဲ့ မင်းသားလေးက ရောက်မလာခဲ့ပေ။
ထိုအချိန်တွင် စုမူချင်းရဲ့ မျက်လုံးတွေမှာ စိမ်းစိုမှုတွေ အားလုံး ပျောက်ကွယ်သွားပါသည်။
သူမရဲ့ ကမ္ဘာကြီး အမှောင်ကျသွားခဲ့ရ၏။
ဇာတ်လိုက်မင်းသားတစ်ယောက်က သူမရဲ့ ကမ္ဘာကြီးကို တောက်ပစေမည့် ရုပ်သံဒရမ်မာ တစ်ခုလို ဖြစ်လိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။
သို့သော်လည်း ရောက်လာသူက သူ မဟုတ်ပေ။
ကောင်းရုန် ဖြစ်ပါသည်။
ကောင်းရုန်ဘေးမှာ ဘော်ဒီဂတ် ၁၀ ယောက်ကျော် ပါလာသည်။
ဘော်ဒီဂတ်တိုင်းက သေတ္တာအကြီးကြီးတစ်လုံးစီ သယ်လာသည်။ သေတ္တာ အပြင်ဘက်မှာ အနီရောင် ဖဲကြိုးများနဲ့ အလှဆင်ထားသည်။
သေတ္တာတိုင်းကို ဖွင့်ထားပြီး ရွှေရောင်တောက်ပနေသည်။
ဒါက ကောင်းမိသားစုမှ စုမိသားစုအတွက် ပေးအပ်သည့် တင်တောင်းပစ္စည်းများ ဖြစ်သည်။
ကောင်းရုန်က အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး အလွန်တက်ကြွနေပါသည်။
ကောင်းရုန် အစောကြီးရောက်လာတာကိုမြင်ပြီး စုချွေ့ယီ ခေတ္တ ကြက်သေ သေသွားရသည်။ ထို့နောက် သူမမျက်လုံးတွေမှာ နာကျင်မှု အရိပ်အယောင် ပေါ်လာရပါသည်။
ကောင်းရုန်က အစောကြီး ရောက်ရှိလာခဲ့သည်။
ဆိုလိုတာက လင်းဖန်တောင် သူမကို ကယ်တင်နိုင်မှာ မဟုတ်တော့ပါ။
အားလုံး ခိုင်မာ သေချာသွားလေပြီ။
ပွဲပြီးသွားပါပြီ။
ဒါက ကောင်းရုန်ရဲ့ ဉာဏ်နီဉာဏ်နက်များမှု ဖြစ်၏။
ကောင်းရုန်က လင်းဖန်ကို သတ်ဖို့ ကြိုးစားချင်သည်။ တစ်ချိန်တည်းမှာပဲ စုမူချင်းကိုလည်း အပိုင်သိမ်းချင်၏။
စုမိသားစုကို ပြင်ဆင်ချိန် မပေးဖို့အတွက် ကောင်းရုန် စုမိသားစုထံကို တန်းတန်းမတ်မတ် ရောက်လာခဲ့ပါသည်။
စုမိသားစုမှာ ရွေးချယ်စရာတစ်ခုသာ ရှိပါတော့သည်။
စုချွေ့ယီက ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်ပြီးသူ့ကို အလောတကြီး သွားကြိုဆိုလိုက်သည်။ သူမ လက်ကမ်းကာ ပြောလိုက်၏။ "မင်္ဂလာနေ့လည်ခင်းပါ စီအီးအိုကောင်း၊ စကားမစပ် စီအီးအိုကောင်းက လာမယ်ဆို ဘာလို့ကြိုမပြောတာလဲ။ ကျွန်မတို့ စီအီးအိုကောင်းကို ကြိုဆိုဖို့တောင် မပြင်ထားရသေးဘူး"
ကောင်းရုန်က စုချွေ့ယီနဲ့ လက်ဆွဲနှုတ်ဆက်ကာ ပြုံးလျက် ပြောလိုက်သည်၊။ "ဟားဟား ဘာမှ မဖြစ်ပါဘူးဗျာ။ အဲ့ဒီ ယဉ်ကျေးမှုတွေ ဘာတွေ မေ့ထားလိုက်ပါ။ စုမိသားစုက ဒုက္ခရောက်နေမှတော့ ကျွန်တော်စောစောလာမှဖြစ်မှာပေါ့။ စုမိသားစုရဲ့ပြဿနာတွေကို ကျွန်တော့်တာဝန်သာ ထားလိုက်။ ၂ ဘီလီယံတည်းပါ။ ဘာမှ အပန်းမကြီးဘူး"
ထိုသို့ပြောလိုက်သော်လည်း ကောင်းရုန် ရင်နာနေပါသည်။
ငွေသား ၂ ဘီလီယံတောင်...။
ကောင်းမိသားစုက ထိုငွေသားတွေကို ထုတ်ပေးနိုင်သော်လည်း ခဏတာလောက်တော့ ထိခိုက်သွားနိုင်သည်။
ကောင်းရုန်က ငွေတွေအများကြီးထုတ်ခဲ့၏။ ပထမဆုံး စုမူချင်းလို နူးညံ့တဲ့ကောင်မလေး တစ်ယောက်ကို အပိုင်သိမ်းချင်သည်။
ဒုတိယအနေဖြင့် စုမိသားစုကို ကောင်းရုန် တဖြည်းဖြည်းနဲ့ လက်ဝါးကြီးအုပ်ချင်တာကြောင့် ဖြစ်ပါသည်။
ဒါတွေသာ ရနိုင်ပါက သူ ၂ ဘီလီယံလောက် ထုတ်ပေးလိုက်ရလည်း ဘာအရေးစိုက်ဖို့လိုမှာလဲ။
စုမူချင်းရဲ့မိဘတွေလည်း နွေးနွေးထွေးထွေး လာနှုတ်ဆက်လိုက်ကြပါသည်။
ယဉ်ယဉ်ကျေးကျေး စကားတချို့ ဖလှယ်ပြီးနောက် ကောင်းရုန်က စုမူချင်းရဲ့ မိဘတွေကိုကြည့်ပြီး နွေးထွေးစွာ ပြုံးလိုက်လေသည်။ "ဦးလေးနဲ့ ဒေါ်လေးတို့၊ ကျွန်တော် အမြဲတမ်း မူချင်းကို မေတ္တာရှိခဲ့တာပါ။ သူတက္ကသိုလ်တက်ကတည်းက ကျွန်တောင် စောင့်ကြည့်နေခဲ့ရတာ။ ဒီနေ့ သူ့ကို လက်ထပ်ခွင့်တောင်းဖို့ ဦးလေးနဲ့ ဒေါ်လေးတို့ဆီ လာခဲ့တာပါ"
စုမူချင်းရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားပါသည်။ သူမ ခေါင်းကိုငုံ့လျက် နံရံပေါ်မှာ အားနည်းစွာ မှီထားလိုက်သည်။
နောက်ကျသွားပြီလား...။