စုမူချင်း ငိုကြွေးခြင်း
Vol. 28 Ch. 408
ကောင်းရုန်က အပြုံးဖြင့်ဆက်ပြောခဲ့သည်။ "ဦးလေးနဲ့ ဒေါ်လေးတို့၊ မူချင်းက အရမ်းတော်ပြီး အရမ်း အစွမ်းအစရှိတဲ့ ကောင်မလေးပါ။ အခုချိန်ကစပြီး မူချင်းကို ဂရုစိုက်ပြီး သူတစ်ယောက်တည်းကိုပဲ ချစ်ပါမယ်လို့ ကတိပေးပါတယ်။ သူ့ကို တစ်သက်လုံး ကာကွယ်ပေးပြီး ဘယ်တော့မှ ဝမ်းမနည်းစေရပါဘူး"
"မူချင်းကျွန်တော့်ကို လက်ထပ်မယ်ဆိုရင် စုမိသားစုရဲ့ ပြဿနာတွေက ကျွန်တော်တို့ရဲ့ ပြဿနာတွေပါပဲ။ ကောင်းမိသားစုနဲ့ စုမိသားစုတို့သာ ပူးပေါင်းလိုက်ရင် တရုတ်နိုင်ငံမှာ အခုချိန်ကစပြီး ကျွန်တော်တို့ကို ဘယ်သူ ပစ်မှတ်ထားရဲတော့မှာလဲ" ကောင်းရုန်ကပြုံးလိုက်၏။ သူ့မျက်နှာမှာ လွှမ်းမိုးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဒါပေမယ့် ဦးလေးနဲ့ ဒေါ်လေးတို့ မူချင်း ရှက်နေတာလား။ ကျွန်တော် သူ့ကို တွေ့လို့ ရမလား" ကောင်းရုန် ပြုံးလိုက်သည်။ သူ ရင်တွေခုန်နေပါသည်။
စုမူချင်း ဆင်းဟွာတက္ကသိုလ်မှာ ပညာသင်ကြားခဲ့စဉ်က Queen တစ်ယောက်ဟု အများက အသိအမှတ်ပြုခဲ့ကြသည်။
သူမရဲ့ ပုံပန်းသဏ္ဌာန်က ဆင်းဟွာတက္ကသိုလ်က အချောအလှတွေကြားထဲမှာတောင် ယှဉ်နိုင်ဖွယ်မရှိဟု ဆိုလို့ ရပါသည်။
မစ်တီးနဲ့ အင်တာနက်တစ်ခွင်မှာ ရေပန်းစားလာသည့် ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးသည်။ သို့သော်လည်း စုမူချင်း ဆင်းဟွာတက္ကသိုလ်ကို ရောက်လာတဲ့အခါမှာတော့ ဘယ်သူမှ သူ့ပုံပန်းသဏ္ဌာန်ကို မယှဉ်နိုင်ခဲ့ကြပါ။
တစ်ချိန်တုန်းက အင်တာနက်တစ်ခွင်မှာ ရေပန်းစားခဲ့တဲ့ အချောအလှတွေတောင် သူမကို မယှဉ်နိုင်ကြပါ။
သူမရဲ့ အရှိန်အဝါ၊ ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်တို့က ရွယ်တူကောင်မလေးများကို ချက်ချင်း အနိုင်ယူနိုင်ခဲ့သည်။
ထို့အပြင် ဒီနှစ်မှ အသက် ၁၉ နှစ်သာ ရှိသေးသည်။
အသက်အရွယ်အရဆို လင်းခဲ့ရှင်းထက်တောင် ပိုငယ်ပါသေးသည်။
သူမရဲ့ အသားအရေကလည်း မိန်းကလေးတွေကြားထဲမှာ အဖြူဆုံး ဖြစ်သည်။
အလွန်အမင်း သန့်ရှင်း ဖြူစင်တဲ့ ကောင်မလေးဖြစ်ကာ နူးညံ့ပြီး တောက်ပသည်။ သူမကို ဖော်ပြဖို့ စကားလုံးတောင် မရှိသလောက်ပင်။
ပုံပန်းသဏ္ဌာန်တစ်ခုတည်းနဲ့ မြို့တွေကို သိမ်းပိုက်နိုင်ပြီး သူမရဲ့အလှတရားကို ဖော်ပြဖို့က ခက်ခဲပါသည်။
သူမကို ပိုးပန်းချင်တဲ့လူတွေလည်း အများကြီး ရှိကြသည်။
စုမူချင်းနဲ့ စာချုပ်ချုပ်ချင်တဲ့ အနုပညာကုမ္ပဏီများ ဖျော်ဖြေရေးကုမ္ပဏီတွေလည်း အများကြီးရှိပါသည်။ သို့သော် သူမက အားလုံးကို ငြင်းခဲ့ပါသည်။
အစက ပြီးပြည့်စုံနေတဲ့ စုမူချင်းက လင်းဖန်ရဲ့ လက်ထောက်ဖြစ်လာပြီးနောက် ပြီးပြည့်စုံမှု သိပ်မရှိတော့ပါ။
ကားအက်ဆီးဒင့်တွင် လင်းဖန်ကို ကယ်တင်ဖို့အတွက် သူမ ခါးဒဏ်ရာရခဲ့သည်။
အခုချိန်ထိ အမာရွတ်အသေးလေးတစ်ခုရှိနေဆဲပင်။
သူမရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မှာ ပြစ်ချက်တချို့ ရှိသွားသည်။
ဒါသာ ရှန်းရှလောကဆို ကမ္ဘာပေါ်က အလှပဆုံး အင်မော်တယ် နတ်သမီးလေး ဖြစ်လောက်သည်။
ကောင်းရုန်က ဒီလိုကောင်မလေးကို မလိုချင်ဘဲ နေမလား။
ကောင်းရုန်က မိန်းမလှလေးများစွာကို ကစားဖူးပါသည်။
သို့သော်လည်း စုမူချင်းလိုလူမျိုးကိုတော့ မြင်လည်း မမြင်ဖူး၊ ကြားလည်း မကြားဖူးခဲ့ပါ။
ရှားဝမ်ချွေ့မှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် ရှိသည်။ လှပပြီး ချစ်ဖို့လည်းကောင်းပါသည်။ စူပါစတားတစ်ယောက်ရဲ့ ထူးခြားတဲ့ အရှိန်အဝါမျိုး ရှိသည်။
စုရှောင်းယွီကလည်း အလွန်ချစ်ဖို့ကောင်း၏။ တောက်ပနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပိုတူပြီး အလွန် ဉာဏ်ထက်မြက်ပါသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့နှစ်ယောက်စလုံးက အလွန်အပြစ်ကင်းစင်ကြသည်။ သို့သော်လည်း စုမူချင်းနဲ့ယှဉ်လျှင် စုမူချင်းက အစမှ အဆုံးအထိ ဖြူစင်ပြီး ပြစ်ချက်ကင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။
စနစ်ကတောင် စုမူချင်းကို မြင့်မြင့်မားမား သုံးသပ်ချက် ပေးထား၏။ သူမရဲ့ ပုံပန်းသဏ္ဌာန်က အမှတ် ၁၀၀ ရှိသည်။
စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့တောင် ၉၉ မှတ်သာ ရှိသည်။ လင်းဖန်ကတော့ ရှားဝမ်ချွေ့သာ အလှပဆုံးဟု ခံစားမိပါသည်။
ကောင်မလေးသုံးယောက်ရဲ့ အချောအလှက ဦးတည်ချက်နဲ့ နယ်ပယ်ပေါင်းစုံတို့မှာ အလွန်ခြားနားသည်။
အကျင့်စရိုက်ချင်းလည်း မတူညီကြပေ။ လင်းဖန်ရဲံ အမြင်မှာတော့ အားလုံးက အလွန်လှပတဲ့ မိန်းကလေးများ ဖြစ်ကြသည်။ ခြားနားချက် မရှိသလောက်ပင်။
ကောင်းရုန်က စုမူချင်းကို တွေ့ချင်သည်ဟုပြောတာကို ကြားသောအခါ စုချွေ့ယီက ပြုံးကာ ပြောလိုက်သည်။ "မူချင်းက သူ့အခန်းထဲမှာ နားနေတာပါ။ ရှင်လာမယ်ဆိုတာ မသိဘူးလေ။ အရမ်းရှက်နေတာနေမယ်။ ကျွန်မချက်ချင်း သွားခေါ်လိုက်ပါမယ်"
စုမူချင်းရဲ့မိဘတွေက အမြန်ပြောလိုက်သည်။ "ရပါတယ်။ သမီးတို့ အရင်စကားပြောနေနှင့်ကြပါ။ အဖေတို့ မူချင်းကို သွားခေါ်လိုက်မယ်"
ခဏကြာတော့ စုမူချင်း ထွက်လာခဲ့ပါသည်။
သူမက အင်္ကျီလက်တိုနဲ့ အနက်ရောင်ဘောင်းဘီကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည်။
အရိုးရှင်းဆုံး တွဲဖက်မှုနဲ့ ခေတ်မလွန်ဆုံး တွဲဖက်မှုတို့လည်း ဖြစ်သည်။
သူမကိုယ်သူမ ကြည့်ရဆိုးစေအောင် တမင်သက်သက် ဒါတွေ ဝတ်ဆင်ထားခြင်း ဖြစ်ပါသည်။
သို့သော်... ဒီလိုအဝတ်အစားမျိုးတွေက ကောင်လေးတွေကို သေလောက်စေတယ်ဆိုတာကို သူမ မသိခဲ့ပါ။
တရုတ်နိုင်ငံက ကျောင်းယူနီဖောင်းတစ်ခုလိုပင်။ အားလုံး သိကြသည်။
မိန်းကလေးတစ်ယောက်က ဘယ်လောက်ပဲ လှပနေပါစေ ဒီလို ကျောင်းယူနီဖောင်းမျိုးနဲ့ဆိုရင် အလွန် သာမန်ဆန်နေတတ်သည်။
သို့သော်လည်း သူမက မိန်းကလေးတွေထဲက ခြွင်းချက် ဖြစ်ပါသည်။
သူမရဲ့ အလှအပက အဝတ်အစားနဲ့ ဘာမှ မသက်ဆိုင်ပေ။ ဘယ်လိုအဝတ်အစားမျိုးကမဆို သူမ ဘယ်လောက်ထူးခြားသလဲဆိုတာကို ပြသနိုင်ပါသည်။
ထိုနေရာမှာ ရပ်နေရုံနဲ့ အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါသည်။
"လာလေ မူချင်း၊ စီအီးအိုကောင်းကို နှုတ်ဆက်လိုက်ဦး" စုမူချင်းရဲ့ အမေက ပြောလိုက်ပါသည်။
စုမူချင်းက ငိုတော့မည့်ပုံစံမျိုး ဖြစ်နေသည်။ သူမရဲ့ မျက်လုံးတွေက နီမြန်းနေပြီး ခေါင်းငုံ့ကာ ဘာမှ ပြန်မပြောခဲ့ပါ။
ထိုအချိန်တွင် စူးစူးရှရှအသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ဖြန်း။
စုမူချင်းရဲ့ အဖေ ရိုက်လိုက်ခြင်း ဖြစ်သည်။ စုမူချင်းရဲ့ အဖေက အလွန်စိုးရိမ်ကြောက်လန့်နေ၏။
ကောင်းရုန်ကို စုမူချင်း စော်ကားတာမျိုး မဖြစ်စေချင်ပါ။ သူမ စော်ကားလိုက်တာနဲ့ မိသားစု တစ်စုလုံး ပွဲသိမ်းသွားလိမ့်မည်။
ရှန်ဟိုင်းမြို့မှာ ကောင်းရုန်ကို ဘယ်သူမှ မျက်နှာသာ မပေးဘဲမနေရဲကြပေ။
ကောင်းမိသားစုရဲ့ အင်အားက နေရာတိုင်းမှာ ရှိနေပါသည်။
အရေးအကြီးဆုံးက ကောင်းမိသားစုရဲ့ နောက်ခံအင်အားမှာ အလွန်ကြောက်ဖို့ကောင်းသည်။
"စီအီးအိုကောင်းကို မြန်မြန်နှုတ်ဆက်လိုက်လို့ ပြောနေတယ်။ နားမလည်ဘူးလား။ ငါ့စကားကိုတောင် နားမထောင်တော့ဘူးလား" စုမူချင်းရဲ့ အဖေက ပြောလိုက်သည်။ သူ့အသံက တိုးတိုးသွားသည်။
သူ့ရိုက်ချက်က ပြင်းလွန်းပါသည်။
စုမူချင်းရဲ့ ပါးပေါ်မှာ လက်ငါးချောင်းရာ ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။
စုမူချင်း ခေါင်းငုံ့လိုက်သည်။ အလွန်နာကျင်ပါသည်။
သို့သော် သူမ ငြီးပင် မငြီးပါ။
သူမ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေလည်း ဝင်ပြောလိုက်ကြ၏။
"မူချင်း ကိုယ့်အဖေကိုယ် ဒေါသထွက်အောင် မလုပ်နဲ့လေ။ စီအီးအိုကောင်းကိုယ်တိုင် ရောက်လာတာ ဘာလို့ သူ့ကို မျက်နှာသာမပေးတာလဲ"
"ဟုတ်တယ်။ စီအီးအိုကောင်းက နင့်ခင်ပွန်းလောင်းလေ။ စကားကောင်းကောင်း ပြောစမ်းပါ။ ဘာဖြစ်လို့လဲ။ စီအီးအိုကောင်းကို မြန်မြန် တောင်းပန်လိုက်စမ်း"
"မူချင်း၊ ငါတို့မိသားစုစီးပွားရေးကို စိုးရိမ်တယ်မလား။ မစိုးရိမ်ပါနဲ့။ စီအီးအိုကောင်းသာ အနားမှာရှိရင် ဘယ်သူမှ ငါတို့မိသားစုစီးပွားရေးကို ထပ်ထိရဲကြတော့မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ကောင်းရုန်လည်း ဒါကို မြင်သွားပြီး စုမူချင်းရှေ့ အမြန်လျှောက်လာခဲ့ပါသည်။ "ဦးလေးနဲ့ ဒေါ်လေးတို့ မူချင်းအတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ မူချင်း ရှက်တာ ပုံမှန်ပါပဲ။ ဘာလို့ ရိုက်ရတာလဲ"
ကောင်းရုန်ပြောတာကိုကြားသောအခါ စုမူချင်းရဲ့ အဖေက အမြန်ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "စီအီးအိုကောင်း သဘောအတိုင်းပါပဲ"
ကောင်းရုန်ကပြုံးပြီး လက်စွပ်တစ်ကွင်းကို ထုတ်လိုက်ပါသည်။ မူချင်းကိုကြည့်ကာ သူပြောလိုက်သည်။ "မူချင်း၊ ကို မင်းကို သဘောကျနေတာာ အချိန် အတော်ကြာခဲ့ပြီ။ ဒီနေ့ မင်းကို လက်ထပ်ခွင့်တောင်းချင်တယ်။ ကို့ကို လက်ထပ်မှာလား"
လက်ထပ်ခွင့်တောင်းဖို့အတွက် ဒူးတစ်ဖက်ပင် မထောက်ပါ။
ကောင်းရုန်က သူများကို ဘယ်တော့မှ ဒူးမထောက်တတ်ပေ။ စုမူချင်းရဲ့ မျက်နှာကိုတောင် မကြည့်ခဲ့ပါ။ ထို့အစား အသည်းအသန် လက်ထပ်ခွင့် တောင်းခံခဲ့သည်။
စုမူချင်း သဘောတူတာနဲ့ ဒီနေ့ည ပျော်လို့ရပြီ။
ထိုအချိန်တွင် လင်းဖန် ကံကောင်းပြီး ရှင်သန်နိုင်ပါက သူ ဓာတ်ပုံနဲ့ ဗီဒီယိုတချို့ ရိုက်ကူးပြီး လင်းဖန်ကို ပို့လိုက်မည်။
ဒါက ပျော်ဖို့ကောင်းလွန်းပါလိမ့်မည်။
ကောင်းရုန် သွားရည်ကျလာသည်။
သူ မစောင့်နိုင်တော့ပါ။
လာစမ်းပါ စုမူချင်း၊ ငါ့မိန်းမ ဖြစ်ပေးစမ်းပါ။
သူကိုယ်တိုင် ရောက်လာတာပဲ မဟုတ်လား။
စုမိသားစုထဲက ဘယ်သူ ငြင်းဆန်ရဲလဲ။
စုမူချင်းကကော ငြင်းဆန်ရဲမှာလား။
အားလုံး စုမူချင်းကို ကြည့်လိုက်ကြသည်။
စုမူချင်းက မျက်နှာကို အုပ်ထားသည်။ သူမရဲ့ လှလှပပ မျက်လုံးလေးတွေမှာ ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။
သူမ၏ မျက်လုံးထဲမှာ တောက်ပမှုဆိုတာ မရှိတော့ပေ။
ဒီမှာ သူမတွင် ရွေးချယ်ခွင့် မရှိပါ။
သူမ ဒါကို လက်သာခံနိုင်သည်။
သူမရဲ့ မိဘတွေ၊ မိသားစု၊ ဆွေမျိုးတွေလည်း လက်ခံဖို့သာ ရှိသည်။
သူမ လက်မခံချင်ပေ။ သို့သော် သူမ လက်ခံရပါမည်။
ဒါကလွဲပြီး တခြားနည်းလမ်း မရှိပါ။
သူမ သေဖို့တောင် ရွေချယ်လို့ မရပါ။
သူမ သေသွားပါက တစ်မိသားစုလုံး ကပ်ဆိုက်သွားလိမ့်မည်။
စုမူချင်း ငိုချင်သွား၏။
သို့သော်... သူမ ငိုလည်း မငိုရဲပါ။
သူမ ဘာမှ မလုပ်ရဲပေ...
သူမ၏ စိတ်ခံစားချက်တွေကိုတောင် မထုတ်ပြရဲပါ။
သူမ ငိုရင် သနားတဲ့လူ ရှိပါ့မလား။
တခြားသူတွေက သူမအပေါ် နှလုံးသား ကင်းမဲ့ရုံသာ ရှိမည်။ အနိုင်ကျင့်တဲ့လူတွေလည်း ရှိလိမ့်မည်။
သို့သော် သူမ ကလဲ့စားချေဖို့ တစ်ခါမှ မတွေးဖူးပါ။
စုမူချင်း သူမရဲ့ နှုတ်ခမ်းနီနီလေးများကို စုလိုက်ပြီး အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ပါသည်။
"ကျွန်မ..."
"ကျွန်မ လက်ခံ..."
စုမူချင်းရဲ့ မျက်လုံးတွေမှာ နာကျင်မှုတွေနဲ့ ပြည့်နှက်သွားသည်။
စုမူချင်းရဲ့ အဖြေကို ကြားသောအခါ စုမူချင်းရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေအားလုံး အလွန်ပျော်ရွှင်သွားကြသည်။
ကောင်းရုန်လည်း သူ့နှုတ်ခမ်းပေါ်က အပြုံးကို မထိန်းနိုင်တော့ပါ။
စုမူချင်း အားနည်းစွာ စကားကို ပြီးအောင် ပြောဖို့ ပြင်လိုက်စဉ်...
ဝုန်း။
စုမိသားစု အိမ်တံခါး ပွင့်ထွက်သွားခဲ့သည်။
တံခါးအပြင်ဘက်မှ တောက်ပတဲ့ မီးအလင်းရောင်တစ်ခု ဝင်ရောက်လာခဲ့၏။ စုမိသားစုနဲ့ စုမူချင်းတို့ကို ထင်ဟပ်သွားခဲ့သည်။
စုမူချင်း တံခါးကို လှမ်းကြည့်လိုက်သည်။
မငိုခဲ့တဲ့ သူမ အခုတော့ မိုးရေတွေလို မျက်ရည်တွေ ကျလာခဲ့ပါသည်။
သူမ ကမ္ဘာကြီး တောက်ပသွားခဲ့သည်။
ကုတ်အင်္ကျီရှည်တစ်ထည်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က စုမိသားစု အိမ်တံခါးဝမှာ ရပ်နေသည်။
သူ့ပုံစံက အလွန် ယုံကြည်ချက် ပြည့်ဝကာ တည်ငြိမ်နေပါသည်။
သူ တစ်ယောက်တည်း ဖြစ်သော်လည်း ခံ့ညားထည်ဝါတဲ့ စစ်တပ်ကြီးတစ်ခုလို အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။
လင်းဖန် ရောက်လာခဲ့ပါပြီ။