← Chapters

စူပါ ကုန်းဆင်းသမား လင်းဖန်

Vol. 28 Ch. 409

စူပါ ကုန်းဆင်းသမား လင်းဖန်

Vol. 28 Ch. 409

အားလုံးရဲ့ မျက်လုံးတွေ လင်းဖန်ဆီကို ရောက်သွားသည်။

ကောင်းရုန်ရဲ့ ဘော်ဒီဂတ်တွေက လင်းဖန်ကို ဝိုင်းရံလိုက်ကြပါသည်။

လင်းဖန်ရဲ့ နောက်မှာ ကောင်မလေးတစ်ယောက် ရှိနေ၏။ စုရှောင်းယွီ ဖြစ်သည်။

စုမိသားစုအိမ်တော်ရဲ့ ဝင်ပေါက်မှာ ဘော်ဒီဂတ်တွေ အများကြီး ရပ်နေကြပါသည်။

လင်းဖန်ရဲ့ လူတွေ ဖြစ်သည်။

လင်းဖန် ရောက်လာတော့ ကောင်းရုန်ရဲ့ ဘော်ဒီဂတ်တွေ ဘယ်သူမှ မတိုက်ခိုက်ရဲကြပေ။

လင်းဖန်ကိုတွေ့တော့ ကောင်းရုန်က မိစ္ဆာဆန်စွာ ပြုံးလိုက်ပါသည်။

သူ အံ့သြသွားရတာက လင်းဖန် မသေသေးတာပင်။

သို့သော်လည်း ကောင်းရုန်ရဲ့ စိတ်အခြေအနေက ပြောင်းလဲမှု သိပ်မရှိပါ။

ဒီလိုအချိန်မျိုးမှာ လင်းဖန် ရောက်လာခဲ့ရင်တောင် ဘာလုပ်နိုင်မှာလဲ။

စုမိသားစုမှာ ၂ ဘီလီယံယွမ် လိုအပ်နေသည်။ လင်းဖန်က ပေးနိုင်လို့လား။

လင်းဖန် ပေးနိုင်မယ်ဆိုရင်တောင် စုမိသားစုက သူ့ကို ယုံကြည်ပါ့မလား။

ဒါမှမဟုတ် စုမိသားစုက ကောင်းရုန်ကို စော်ကားရဲမှာလား။

လင်းဖန် ရောက်လာရင်တောင် စုမိသားစုက ကောင်းရုန်ကို မျက်နှာသာ မပေးလို့ မရပါ။

ထိုအခါ လင်းဖန်အတွက် စောင့်ကြိုနေမယ့်အရာက စုမိသားစုရဲ့ အရှက်ခွဲခြင်းပင်။

စုမူချင်းက စုမိသားစုဝင် ဖြစ်သည်။ အပြင်လူဖြစ်တဲ့ လင်းဖန်က မိသားစုကိစ္စကို ဝင်ပါခွင့် မရှိပါ။

ကောင်းရုန်က ဘော်ဒီဂတ်တွေကို ပြန်ဆုတ်ခိုင်းလိုက်သည်။

လင်းဖန် ဖြည်းဖြည်းချင်း စုမူချင်းဆီကို လျှောက်သွား၏။

အားလုံး လင်းဖန်ကို ကြည့်နေကြသည်။

စုမူချင်းရဲ့ မျက်နှာကို လင်းဖန် မြင်သွား၏။

သူ့မျက်လုံးထဲမှာ အေးစက်မှုတစ်ခု ပေါ်လာခဲ့ပါသည်။

ဘာတွေဖြစ်နေသလဲဆိုတာကို လင်းဖန် လမ်းမှာ သိခဲ့ရပြီ ဖြစ်သည်။

ကောင်းရုန်က သူ့ကို သတ်ဖို့ ကြိုးစားနေသည်။

သို့သော်လည်း ကောင်းရုန် ကြံစည်တာလို့ ပြောဖို့ သက်သေ ခိုင်ခိုင်မာမာ မရှိပါ။ တရားဥပဒေနဲ့ ကောင်းရုန်ကို အပြစ်ပေးလို့ မရသေးပေ။ သို့သော် လင်းဖန်ကတော့ အမြဲတမ်း ဒီကိစ္စကို အမှတ်ရနေမှာပဲ ဖြစ်ပါသည်။

စုမူချင်းဘေးကို လျှောက်သွားကာ သူ့ရှေ့က အားနည်းချူချာတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။ သူမရဲ့ ခေါင်းကို သိမ်မွေ့စွာ ပုတ်ပေးလိုက်ပါသည်။

စုမူချင်းရဲ့ မျက်နှာကို ကြည့်ရင်း သူမလက်ကို ဖယ်ရှားကြည့်လိုက်ပါသည်။

ထို့နောက် လက်ဖဝါးရာကြီးကို လင်းဖန် မြင်သွား၏။

"နာနေလား" လင်းဖန်က စုမူချင်းရဲ့ လက်ကို ကိုင်ကာ နူးညံ့စွာ မေးလိုက်ပါသည်။

စုမူချင်းက သူ့လက်ထောက် ဖြစ်သည်။ စုမူချင်းကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့တာ အဆင်မပြေပါ။

အဆုံးသတ်ကျတော့လည်း စုမူချင်းက စုမိသားစုဝင်ဖြစ်ကာ အများကြီး ခံစားခဲ့ရသည်။

သူသာ စောစောသိခဲ့ရပါက စုမူချင်းကို စုမိသားစုဆီ ပြန်ခွင့်တောင် ပေးမှာ မဟုတ်ပါ။

"မနာပါဘူး~" စုမူချင်းက ခေါင်းခါလိုက်ပါသည်။

"ဘယ်သူ လုပ်တာလဲ" လင်းဖန် ထပ်မေးလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး" စုမူချင်းပြောလိုက်၏။ သူမ လင်းဖန်နဲ့ အတူရှိနေခဲ့တာကြာပြီဖြစ်တာကြောင့် လင်းဖန် ဒေါသထွက်နေမှန်း ရိပ်စားမိသည်။

ဖြောင်း။

လင်းဖန် ကောင်းရုန်ကို ပါးရိုက်လိုက်သည်။

စုမူချင်းက ထုတ်မပြောသဖြင့် လင်းဖန်လည်း ထိန်းမထားတော့ပါ။

ပါးတစ်ချက် ရိုက်လိုက်တာနဲ့ ကောင်းရုန် ကြမ်းပြင်ပေါ် လဲကျသွားသည်။

"ယီးလား... စုမူချင်း ပါးရိုက်ခံရတာ ငါနဲ့ ဘာဆိုင်လို့လဲ"

သို့သော်လည်း လင်းဖန်က ကောင်းရုန်ကို ရှင်းပြခွင့်တောင် မပေးပါ။ ထပ်ရိုက်လိုက်သည်။

ကောင်းရုန် ကြမ်းပြင်ပေါ် လဲကျသွားပြီး ဖုန်တွေ သဲတွေ ဖုံးလွှမ်းသွားသည်။

ဒါကိုမြင်သောအခါ ဘော်ဒီဂတ်တွေကလည်း ဝင်တိုက်ဖို့ ကြိုးစား၏။

ထိုအချိန်တွင် လင်းဖန်ရဲ့ ဘော်ဒီဂတ်တွေ ဝင်လာသည်။

ထို့နောက် ကောင်းရုန်ရဲ့ ဘော်ဒီဂတ်တွေ အားလုံး မှောက်ကုန်ကြပါသည်။

ထိုအချိန်တွင် စုမူချင်းရဲ့ အဖေလည်း သည်းမခံနိုင်တော့ပေ။ "မင်းဘယ်သူလဲကွ။ စုမိသားစုကိစ္စကို ဝင်ပါပြီး စီအီးအိုကောင်းကို ရိုက်ရဲတယ်ပေါ့။ ပြီးတော့ စုမူချင်းကို ရိုက်တာ ငါကွ။ ငါ့သမီးကို ရိုက်ချင်တဲ့အချိန် ရိုက်လို့ ရတယ်"

ဖြောင်း။

ပါးရိုက်သံတစ်သံ ထွက်လာခဲ့ပြန်သည်။

စုမူချင်းအဖေရဲ့ မျက်နှာပေါ်မှာ ရှင်းရှင်းလင်းလင်း လက်ရာကြီးတစ်ခု ထွက်ပေါ်လာပါသည်။

လင်းဖန်က စုမူချင်းရဲ့ အဖေကို ကြည့်တောင် မကြည့်တော့ပါ။ စုချွေ့ယီဘက်ကို လှည့်ပြီး ပြောလိုက်ပါသည်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က လင်းဖန်ပါ။ စုမူချင်းကို ကျွန်တော် ပိုင်တယ်"

အထူးသဖြင့် နောက်ပိုင်းစကားကြောင့် စုမူချင်း မျက်လုံးလှလှလေးများြင့် လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာ အနည်းငယ် နီမြန်းသွားပါသည်။

သူမက သူ့အပိုင်တဲ့။

ထိုစကားလုံးတွေက သူမ ထင်သလို ဆက်ဆံရေးမျိုးကို ဆိုလိုတာ မဟုတ်မှန်း သိသော်လည်း သူမရင်ထဲ နွေးထွေးမှုတော့ ခံစားလိုက်ရဆဲ ဖြစ်သည်။

ကောင်းရုန်ကို လင်းဖန် ပါးရိုက်လိုက်တာ မြင်သောအခါ စုချွေ့ယီ ချက်ချင်းပဲ ကောင်းရုန်ဘက်မှာ ရပ်တည်လိုက်ပါသည်။

လင်းဖန်အကြောင်းကို သူမ စုံစမ်းထားပြီးသား ဖြစ်သည်။ ကုမ္ပဏီ ၂ ခုရဲ့ စျေးကွက်တန်ဖိုးစုစုပေါင်းက ၃ ဘီလီယံ ၄ ဘီလီယံမျှသာ ရှိသည်။ အများကြီး မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် ကောင်းရုန်က စုမိသားစုကို ကူညီပေးဖို့တောင် ရောက်လာခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် လင်းဖန်ကို သူမ မလိုအပ်တော့ပါ။ လင်းဖန်နဲ့ သူမ ဒီမှာ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါက ကောင်းမိသားစုကို စော်ကားရာကျသွားမည်။

စုမိသားစုရဲ့ လက်ရှိခွန်အားမျိုးနဲ့ ကောင်းမိသားစုကို စော်ကားဖို့ လုံးဝ မဖြစ်နိုင်ပါ။

စုချွေ့ယီက လင်းဖန်ကို ပေါ်တင် စော်ကားရအောင်လည်း မတုံးပါ။ သူမ ပြုံးကာ ပြောလိုက်သည်။

"ဟယ်လို မစ္စတာလင်း။ စီအီးအိုကောင်းက စုမိသားစုကို လက်ထပ်ခွင့် ကမ်းလှမ်းထားပြီးပါပြီ။ ဒါက ကောင်းမိသားစုနဲ့ စုမိသားစုတို့အကြားက ပြဿနာပါ။ လင်းဖန်က အပြင်လူ မဟုတ်လား။ ဒီကိစ္စက ရှင်နဲ့ သိပ်ပြီး သက်ဆိုင်မယ် မထင်ဘူးနော်။”

ယခုချိန်မှာ စုချွေ့ယီက ကောင်းရုန်ကို ယုံကြည်သည်။ သို့သော် လင်းဖန်ကိုတော့ မယုံကြည်ရဲပေ။

စုမိသားစုက ကောင်းမိသားစုကို စော်ကားပြီး လင်းဖန်ကို ယုံကြည်ဖို့ မစွန့်စားနိုင်ပါ။

လင်းဖန် ခွန်အားကို ထုတ်မပြရသေးခင် စုချွေ့ယီ သူ့ဘေးမှာ မရပ်တည်ရဲပါ။

လင်းဖန် ထိုစကားကိုကြားသောအခါ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ်။ ခင်ဗျားတို့ စုမိသားစုနဲ့ ကောင်းမိသားစုတို့အကြားက ကိစ္စပါပဲ။ ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး။ ခင်ဗျားတို့ စုမိသားစုက ဒေဝါလီခံရမယ့် အန္တရာယ်နဲ့ ကြုံနေရတာ။ ကောင်းမိသားစုက ခင်ဗျားတို့ကို ကူညီချင်တယ်ဆိုရင် ခင်ဗျားတို့အကြားက ကိစ္စပဲလေ"

"ဒါပေမယ့် စုမူချင်းက ကျွန်တော့်လက်ထောက်။ ကျွန်တော် သူနဲ့ အရင်ကတည်းက စာချုပ်ချုပ်ထားပြီးသား။ တစ်ခုက အနုပညာစာချုပ်ဖြစ်ပြီးတော့ နောက်တစ်ခုက လက်ထောက်စာချုပ်ပဲ။ စုမူချင်းက အနုပညာရှင် သို့မဟုတ် လက်ထောက် တစ်ယောက် လုပ်နေတဲ့ အချိန်အတွင်းမှာ ရည်းစားထားခွင့် သို့မဟုတ် လက်ထပ်ခွင့် မရှိမှန်း စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားပဲ"

"စာချုပ်ကို ဖျက်သိမ်းချင်တယ်ဆိုရင်.... ၅ ဘီလီယံ ပေးရမယ်" လင်းဖန် ပြောလိုက်သည်။ စာချုပ် ၂ ခုရဲ့ မိတ္တူကို ထုတ်ပြီး စုချွေ့ယီရဲ့ လက်ထဲ ထည့်ပေးလိုက်ပါသည်။

"မူချင်း လက်ထပ်ပြီးတာနဲ့ အနုပညာရှင်ကော လက်ထောက်ကော လုပ်လို့ မရတော့ဘူး။ ဒီစာချုပ် ၂ ခုက ၅နှစ် သက်တမ်း ချုပ်ဆိုထားတာပါ။ စာချုပ် ဖောက်ဖျက်တဲ့ ဒဏ်ကြေး ၃ ဘီလီယံ တောင်းသင့်တယ်ထင်တယ်"

"စာချုပ် ၂ ခုရဲ့ စုစုပေါင်း ဒဏ်ကြေးက ၈ ဘီလီယံပါ။ စီအီးအိုကောင်းက ကျွန်တော့် လက်ထောက်ကို လက်ထပ်ခွင့် တောင်းချင်တယ်လို့ကြားမိတယ်။ ကျွန်တော် မငြင်းပါဘူးး။ ကောင်းမိသားစုနဲ့ စုမိသားစုတို့ ၈ ဘီလီယံ ဒဏ်ကြေးကို ဘယ်လိုပေးဆောင်မလဲဆိုတာပဲ သိချင်တာပါ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"၈ ဘီလီယံ..." ကောင်းရုန် နှုတ်ခမ်းတွန့်သွား၏။

ကောင်းကော်ပိုရေးရှင်းက အလွန် ကြီးမားရင်တောင် မိန်းမတစ်ယောက်အတွက်နဲ့ ၈ ဘီလီယံတော့ ထုတ်သုံးမှာ မဟုတ်ပါ။ ဒါက ရူးမိုက်လွန်းရာမကျဘူးလား။

ကုမ္ပဏီအများစုက စျေးကွက်တန်ဖိုး ၈ ဘီလီယံယွမ်ကို တတ်နိုင်ကြသည်။ သို့သော် ငွေသား ၈ ဘီလီယံယွမ် ထုတ်ပေးနိုင်တဲ့သူ ဘယ်နှယောက် ရှိမှာလဲ။

ဘော့စ်မာတောင် ငွေသား ၈ ဘီလီယံကို တိုက်ရိုက် ချက်ချင်း ထုတ်ပေးနိုင်မှာ မဟုတ်ပေ။ ၈ ဘီလီယံကို ငွေသားအဖြစ် ထုတ်ပေးဖို့ ပိုင်ဆိုင်မှုပေါင်းစုံကို လေလံတင်မှရမည်။ ဘာပဲဖြစ်ဖြစ် သန်းကြွယ်သူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေမှာ အိမ်ခြံမြေ ပိုင်ဆိုင်မှု၊ စီးပွားရေးပိုင်ဆိုင်မှု စသည်ဖြင့် မျိုးစုံ ရှိသည်။

သန်းကြွယ်သူဌေးတွေက ငွေသား ၈ ဘီလီယံကို ဘဏ်ထဲ ထည့်ထားကြမှာ မဟုတ်ပေ။ ဒါက ရူးသွပ်တဲ့ လုပ်ရပ် တစ်ခုပင်။

စုချွေ့ယီက ပြုံးကာ ပြောလိုက်ပါသည်။ "မစ္စတာလင်း။ ရှင့်ရဲ့ စာချုပ်ကို ကြည့်ပြီးပါပြီ။ အဲ့လောက် မြင့်တဲ့ ဒဏ်ကြေးက တရားဝင်မယ် မထင်ဘူးနော်"

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ်။ တရားမဝင်ဘူး။ အဲ့တာက သာမန်စာချုပ်တွေက လစာမြင့်မြင့် ပေးမထားလို့လေ။ ကျွန်တော် ပေးတဲ့ လစာက တခြားကုမ္ပဏီတွေထက် ၁၀ ဆ ပိုမြင့်တယ်။ အဲ့တာကြောင့် တရားဝင်မှာပါ"

လင်းဖန်၏ စကားကို ကြားသောအခါ စုချွေ့ယီ အနည်းငယ် တုန်လှုပ်သွားရသည်။

စုမူချင်းကို လစာ ၁၀ ဆ ပေးထားတယ်ဆို လင်းဖန်အတွက် သူမက ဘယ်လောက် အရေးပါလိုက်မလဲ။

စုချွေ့ယီ စာချုပ်ကို ထပ်ကြည့်လိုက်သည်။

လင်းဖန်ရဲ့ လက်ထောက်အဖြစ် စုမူချင်းရဲ့လစာမှာ... ၅၀၀,၀၀၀ ယွမ် ဖြစ်သည်။

တစ်နှစ်စာဝင်ငွေက ၆ သန်း ရှိသည်။။

လင်းဖန်ရဲ့ အနုပညာရှင်အဖြစ် စုမူချင်းရဲ့ လစာက ၂ သန်းရှိပြီး တစ်နှစ်ဝင်ငွေက ၂၄ သန်း ရှိပါသည်။

ရုပ်သံဒရမ်မာပေါင်းများစွာမှာ အစုပေါ်အမြတ် ရရှိတာတောင် မပါဝင်သေးပါ။ အစုပေါ်အမြတ်များ ရရှိလိုက်ပါက ငွေတွေ ဘယ်လောက် ရလိုက်မလဲ။

ကျားရှင်းဖျော်ဖြေရေးက စျေးကွက်တန်ဖိုး ၃ ဘီလီယံ - ၄ ဘီလီယံပဲ ရှိတာ မဟုတ်ဘူးလား။ ဝန်ထမ်းတွေကို ဘာလို့ လစာ အများကြီး ပေးထားရတာလဲ။

လင်းဖန်ရဲ့ နောက်ခံအင်အားက ကျားရှားဖျော်ဖြေရေးလောက်သာ ရှိရင် ဒီလို လစာမြင့်မြင့်မျိုး ပေးဖို့ မဖြစ်နိုင်ပေ။

"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" စုချွေ့ယီက စာချုပ်ထဲက အကျိုးခံစားခွင့်များကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေပါသည်။ ဒီလို လစာမျိုးပေးတဲ့အတွက် လင်းဖန်က တကယ့် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နိုင်သည်။ ငွေတွေ အလကား ပေးနေတာနဲ့တောင် တူနေပါသည်။

လှပတဲ့ အတွင်းရေးမှူးမလေး အများစုကတောင် တစ်လကို ၁၀,၀၀၀ ယွမ်လောက်သာ ရပေမည်။

ထိုအတွင်းရေးမှူးက မယားငယ်ဖြစ်နေလျှင် မုန့်ဖိုး တစ်လ ၁၀၀,၀၀၀ ယွမ်လောက် ရနိုင်ရင်တောင် ကံကောင်းပါပြီ။

သို့သော်လည်း လင်းဖန်ကတော့ စုမူချင်းကို လက်ထောက် တစ်ယောက် လုပ်ရုံနဲ့ ယွမ် ၆ သန်းတောင် ပေးထားသည်။

ဆယ်လီတစ်ယောက်အနေနဲ့ ၂၄ သန်းလည်း ရထားသေးသည်။ ထို့ကြောင့် စုစုပေါင်း သန်း ၃၀ ရထားပါသည်။

တစ်နှစ်ကို သန်း ၃၀...။ တစ်ယောက် မပြောနဲ့။ မိန်းမလှလေး အယောက် ၁၀၀ ကို ခေါ်ထားရင်တောင် ပြဿနာ မရှိပါ။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ" စုရှောင်းယွီလည်း ဝင်လာခဲ့သည်။ သူမ လက်ထဲမှာ သကြားလုံးကို ကိုင်ထားပြီး အားကျစွာဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပါသည်။

သူမရဲ့ အကျင့်မကောင်းတဲ့ဆရာက စုမူချင်းကို လာရောက်ကူညီပေးရုံတင်မကဘဲ လက်တောင် ကိုင်ထားသေးသည်။

မိန်းကလေးတစ်ယောက်ကို ဘာကြောင့် ဒီလို အခွင့်ကောင်းယူရတာလဲ။

လင်းဖန်က သူမလက်ကိုတောင် ကြာကြာ မကိုင်ဖူးပါ။

စုရှောင်းယွီရဲ့ အကြည့်တွေကို တွေ့မှ လင်းဖန် တုန့်ပြန်လိုက်သည်။ စုမူချင်းရဲ့ လက်ကို လွှတ်ပြီး နူးညံ့တဲ့ထိတွေ့မှုလေး ပျောက်ကွယ်သွားပါတော့သည်။

ခုနက စုချွေ့ယီကို စကားပြောရင်း အာရုံများနေသဖြင့် စုမူချင်းရဲ့ လက်ကို ကိုင်ထားမှန်း မေ့သွားခဲ့သည်။ ကံကောင်းစွာဖြင့် စုမူချင်းက စိတ်မဆိုးပါ။

တစ်ဖက်မှာတော့ စုမူချင်းရဲ့ ပါးတွေ နားတွေ နီမြန်းနေပါပြီ။

စုရှောင်းယွီကိုမြင်သောအခါ စုချွေ့ယီရဲ့ မျက်နှာထား လုံးဝ ပြောင်းလဲသွားခဲ့သည်။

စုရှောင်းယွီရဲ့ သရုပ်မှန်ကို တခြားသူတွေ မသိလောက်သော်လည်း သူမတော့ သိပါသည်။

ကမ္ဘာပေါ်က အချမ်းသာဆုံးလူရဲ့ သမီး၊ ဉာဏ်ကြီးရှင်ကောင်မလေး။

စုရှောင်းယွီ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့ပုံတွေကိုတောင် အွန်လိုင်းပေါ်မှာ ရှာနိုင်ပါသည်...။

အဓိကအချက်က လင်းဖန်နဲ့ စုရှောင်းယွီတို့ အတူတူ ရောက်လာခြင်းပင်။ တစ်နည်းအားဖြင့် လင်းဖန်နဲ့ စုရှောင်းယွီတို့ ရင်းနှီးပြီးသား ဖြစ်ပါသည်။

စုရှောင်းယွီလို မိန်းမလှလေးက ထောက်ပံ့ပေးနေသည့်အခါ လင်းဖန် လုပ်ချင်တာ လုပ်နိုင်သည်။

စုရှောင်းယွီက ကမ္ဘာ့အချမ်းသာဆုံးလူရဲ့ သမီး ဖြစ်သည်။

သူမကို ဘယ်သူ စော်ကားရဲမှာလဲ။

စီးပွားရေးပါရမီရှင်ဟု လူသိများကြသည့် ဟော်ရှင်းယုလည်း ညတွင်းချင်း စုရှောင်းယွီ အနိုင်ယူတာကို ခံခဲ့ရမှန်း စုချွေ့ယီ သိပါသည်။

နောက်တစ်နေ့ စုရှောင်းယွီက ဟော်ရှင်းယုကို စီးပွားရေးတိုက်ပွဲတစ်ခုမှာ အနိုင်ယူခဲ့သည်၊ ထိုအချိန်က စတင်ပြီး ဟော်မိသားစု ကြီးကြီးမားမား ထိခိုက်ခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် စုရှောင်းယွီက မညှာတာတတ်တာကြောင့်ပင်။ သူမသာ တကယ်တမ်း ဟော်မိသားစုကို ဖျက်ဆီးချင်ရင် ပျက်စီးသွားလောက်ပါပြီ။

ဟော်ရှင်းယုက စီးပွားရေးပါရမီရှင်ဟု လူတချို့က ထင်ကြသည်။

သို့သော်လည်း ဟော်မိသားစု ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီးနောက် ဟော်မိသားစု ဘယ်တော့မှ တကျော့ပြန်လာနိုင်မှာ မဟုတ်တော့ဘူးဟု အားလုံး ထင်သွားခဲ့ကြသည်။

ဟော်မိသားစုရဲ့ စျေးကွက်တန်ဖိုးက ဘီလီယံဂဏန်းထိ ကျဆင်းသွားခဲ့သည်။ သို့သော် လပိုင်းအတွင်းမှာပဲ ဟော်ရှင်းယုရဲ့ ဦးဆောင်မှုနဲ့ ဟော်မိသားစု စျေးကွက်တန်ဖိုး ဘီလီယံရာကျော်ပြန်ဖြစ်သွားပြီး စုမိသားစုကို ဒေဝါလီ ခံရလောက်သည့် အခြေအနေအထိ တွန်းအားပေးနိုင်ခဲ့သည်။

ဟော်ရှင်းယုက အလွန်သန်မာသည်။ သို့သော် စုရှောင်းယွီ၏ အလွယ်တကူ အနိုင်ယူတာကိုတော့ ခံနေရဆဲပင်။

လင်းဖန်ရဲ့ ကျောထောက်နောက်ခံကလည်း အလွန်သန်မာပါသည်။

စုချွေ့ယီက အမျိုးသမီးတစ်ယောက် ဖြစ်၏။ အမျိုးသမီးတွေ အချင်းချင်းသာ တစ်ယောက်အကြောင်း တစ်ယောက် နားအလည်ဆုံး ဖြစ်ပါသည်။

စုရှောင်းယွီ လင်းဖန်ကို သဘောကျမှန်း ခံစားမိကာ အနည်းငယ် အားကျမိပါသည်။

ဘုရားရေ... လင်းဖန်မှာ ဒီလောက်ထူးချွန်တဲ့ ထောက်ပံ့သူရှိနေတာ ဘယ်သူက စော်ကားရဲမှာလဲ။

ထိုသို့စဉ်းစားလိုက်ပြီး စုချွေ့ယီ ချက်ချင်းပဲ လေသံပြောင်းကာ တလေးတစား ဖြစ်သွားခဲ့ပါသည်။

လင်းဖန်ကို သာမန်အဆင့်သာ ရှိသည်ဟု ဆိုခဲ့မိသည်။ သို့သော်လည်း လင်းဖန်မှာ ဒီလောက် တော်လွန်းထက်မြက်လွန်းတဲ့ ထောက်ပံ့သူ ရှိနေပြီး သူလုပ်ချင်တာလုပ်လို့ရမည်ဟုတော့ မထင်ခဲ့ပေ။

All Chapters