← Chapters

ဒါ ဘော့စ်လင်းရဲ့ အစွမ်းအစလား

Vol. 28 Ch. 411

ဒါ ဘော့စ်လင်းရဲ့ အစွမ်းအစလား

Vol. 28 Ch. 411

စုချန်းချမ့်က ဝေ့ပေါ် ပေါ်ရှိ ရေပန်စား အကြောင်းအရာများကို ဖတ်ကာ တုန်လှုပ်သွားရပါသည်။

ဒီထဲက ကုမ္ပဏီတိုင်းက စုကော်ပိုရေးရှင်းကို ယှဉ်နိုင်ကြသည်။

LV, Chanel, Bugatti တို့ အားလုံးက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများ ဖြစ်ကြသည်။

ထိုထုတ်ကုန်တွေကို ကမ္ဘာတစ်ဝှမ်းလုံး ဖြန့်ချိနေတာ ဖြစ်သည်။

သူဌေးတွေသာ ဒီလိုထုတ်ကုန်တွေကို ဝယ်ယူနိုင်ကြပါသည်။

ထိုကုမ္ပဏီတွေက သူဌေးတွေအတွက်သာ ဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။

ကုမ္ပဏီ ထုတ်ကုန်တိုင်းရဲ့ ဂုဏ်သတင်းကလည်း ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားပါသည်။

နှစ်ပေါင်း ၁၀၀ ကျော် ထိန်းသိမ်းလာမှုနဲ့ ဘရန်းသက်ရောက်မှုတို့ကြောင့် ထိုကုမ္ပဏီတွေက ကမ္ဘာပေါ်မှာ အခြေခိုင် တည်မြဲနေပါပြီ။

စုချန်းချမ့်ရဲ့ လက်တွေ တုန်ယင်လာ၏။ "Bugatti, LV, Chanel, Estee Lauder လင်းဖန်က ကုမ္ပဏီတိုင်းရဲ့ ထိပ်တန်းရှယ်ယာဝင် အဆင့် ၃ အတွင်းမှာပဲ ရှိတယ်။ LV နဲ့ Chanel တို့ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်တောင် ဟုတ်တယ်။ လင်းဖန်ရဲ့ နောက်ခံအင်အား အစစ်က ဒါလား"

"လခွမ်းဒါက... လင်းဖန်က Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဖြစ်သေးတာလား"

စုချန်းချမ့် ကိုယ့်ဘဝကိုယ် သံသယဝင်လာသည်။

ဝေ့ပေါ် ပေါ်က ထိပ်တန်း ရေပန်းစား အကြောင်းအရာမှာ အတုအယောင် ဖြစ်စရာ အကြောင်း မရှိပေ။

စုမူချင်းရဲ့ အမေလည်း မှင်သက်သွားရသည်။ "ဘာပြောတယ်။ LV, Chanel နဲ့ Estee Lauder တို့အပြင် လင်းဖန်က Alibaba ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်လည်း ဖြစ်သေးတယ် ဟုတ်လား... ဘုရားရေ..."

စုမူချင်းရဲ့ မိသားစုတွေက စီးပွားရေး အတွေ့အကြုံ ရှိကြသူများ ဖြစ်သည်။ သူတို့ အရာအားလုံးကို မြင်ဖူးပါသည်။

LV တို့ကဲ့သို့ ကုမ္ပဏီတွေက ကမ္ဘာတစ်ဝှမ်း ရေပန်းစားတာဆိုရင် Alibaba က ခေတ်တစ်ခေတ်ကို ပြောင်းလဲပေးခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

Alibaba က လူတွေရဲ့ နေထိုင်မှု ဘဝပုံစံတွေကိုပါ ပြောင်းလဲပေးခဲ့သည်။

၎င်းရဲ့ စျေးကွက်တန်ဖိုးက ကြောက်ဖို့ ကောင်းတဲ့ ၄ ထရီလီယံ ပမာဏကိုတောင် ရောက်သွားခဲ့ပါပြီ။

လင်းဖန်က Alibaba ရဲ့ ဒုတိယရှယ်ယာဝင် ဖြစ်သည်။ သူ့ရှယ်ယာက ၅ ရာခိုင်နှုန်းသာ ဖြစ်သော်လည်း အတော်လေး များပြားသည့် ပမာဏ ဖြစ်နေပါပြီ။ Alibaba မှာ လင်းဖန်ရဲ့ အဆင့်အတန်းကို ထုတ်ပြနိုင်လောက်အောင် များပြားသည်။

စုမူချင်းမိဘတွေရဲ့ မျက်လုံးများ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားရသည်။

ဒီလိုဆို... လင်းဖန်က ကောင်းမိသားစုကို လုံးဝ ကြောက်ဖို့ မလိုတော့ပါ။

ကောင်းမိသားစုရဲ့ နောက်ခံအင်အားနဲ့ ခွန်အားတို့က အလွန် အားကောင်းကြပါသည်။ သို့သော်လည်း လင်းဖန်ရဲ့ နောက်ခံအင်အားနဲ့ ယှဉ်လိုက်ပါက သူတို့ လုံးဝ ရှုံးနိမ့်သွားကြလိမ့်မည်။

စုချန်းချမ့် ပြုံးလိုက်သည်။

ဆိုလိုတာက စုမိသားစု ကယ်တင်ခံရပါပြီ။

လင်းဖန်လို ဘော့စ်ကြီးတစ်ယောက်သာ ရှိနေပါက သူ့ကို ဘယ်သူ သံသယဝင်ရဲတော့မှာလဲ။

စုချန်းချမ့်က လင်းဖန် သူ့ကို ပါးရိုက်ခဲ့တဲ့ကိစ္စအား လုံးဝ မေ့လိုက်ပါပြီ။ လင်းဖန် ရှေ့ကို ခပ်မြန်မြန် လျှောက်သွားကာ ပြောလိုက်ပါသည်။ "ငါမျက်ကန်းလိုပဲ မင်းကို မမှတ်မိခဲ့ဘူး။ မင်းက ဘော့စ်လင်းကိုး။ ငါ တောင်းပန်ပါရစေ"

"ရွံစရာကောင်းတဲ့ ဟော်မိသားစုနဲ့ ကောင်းမိသားစုတို့ကြောင့် မူချင်းကို ရိုက်လိုက်ရတာပါ။ ကောင်းရုန်က တရားလွန်လွန်းတယ်။ ဒါပေမယ့် ငါတို့မိသားစုနဲ့ ကုမ္ပဏီကောင်းကျိုးအတွက် ငါ့မှာ ရွေးချယ်စရာ တကယ် မရှိလို့ပါ"

"အချိန်တိုအတွင်း ၂ ဘီလီယံယွမ်ကို မရနိုင်ရင် ကုမ္ပဏီတစ်ခုလုံး ပြိုလဲသွားလိမ့်မယ်။ အကြွေးတွေလည်း အများကြီး တင်သွားလိမ့်မယ်။ ငါတို့ တစ်သက်လုံး ကောင်းကောင်းမွန်မွန် ဆက်နေနိုင်မှာတောင် မဟုတ်တော့ဘူး" စုချန်းချမ့်ရဲ့ မျက်ရည်တွေက ပါးပြင်ပေါ် စီးကျလာသည်။

တစ်ခါတစ်လေ လက်တွေ့ဘဝက ရက်စက်လွန်းပြီး နှလုံးသားမဲ့လွန်းပါသည်။

"သမီး အဖေ့ကို ခွင့်လွှတ်ပါ။ အဖေ ခိုကိုးရာမဲ့နေလို့ ရိုက်လိုက်မိတာပါ။ အဖေ ထပ်လုပ်ရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုပဲ ရိုက်တော့မယ်။ အဖေက စိတ်ပျက်စရာကောင်းတယ်။ အဖေ့ခြေထောက်တွေက အခု သိပ်မခိုင်တော့ဘူး။ အဖေ့ ခန္ဓာကိုယ်သာ အရင်တိုင်းဆို သမီးတို့ကို ဒီလောက် ဖိအားမပေးပါဘူး" စုချန်းချမ့်က ပြောလိုက်သည်။ သူ့မျက်လုံးတွေမှာ တောင်းပန်မှုတွေနဲ့ ပြည့်နှက်သွား၏။ ထို့နောက် သူ့ကိုယ်သူ ပါး ၂ ချက် ရိုက်လိုက်ပါသည်။

"အဖေ" စုမူချင်းက စုချန်းချမ့်ကို ခပ်မြန်မြန် တားလိုက်ပါသည်။ သူမရဲ့ လှပသည့် မျက်ဝန်းလေးများ အနည်းငယ် နီမြန်းသွားရ၏။ "သမီး နားလည်ပါတယ်။ ဒါပေမယ့် အခု အားလုံး အဆင်ပြေသွားပြီလေ။ ဘော့စ်လင်းသာ ရှိရင် သမီးတို့ အနိုင်ကျင့်မခံရတော့ဘူး"

စုချန်းချမ့်က စုမူချင်းရဲ့ လက်ကို ဆွဲပြီး လင်းဖန်ဆီ ခေါ်သွားပေးလိုက်သည်။ စုမူချင်းရဲ့ လက်ကို လင်းဖန်လက်ပေါ် တင်ပေးပြီး ပြုံးလိုက်ပါသည်။

"ဘော့စ်လင်း၊ မူချင်းက မင်းကိုအရမ်းသဘောကျမှန်း ငါသိနေတယ်။ မင်းနဲ့...သူ့ကို လက်ထပ်ပေးရမလား။ ဘာပဲဖြစ်ဖြစ် မူချင်းက လက်ထပ်ရမယ့်အရွယ်ကိုတောင် ရောက်တော့မှာပဲ။ မင်း ဘယ်လို သဘောရလဲ"

စုမူချင်းရဲ့ အမေကလည်း ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။ မူချင်းက မင်းကို အရမ်း သဘောကျတာ။ အန်တီတို့မိသားစုကို မင်း အများကြီး ကူညီပေးခဲ့တယ်။ မင်းကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် မူချင်းက မင်းရဲ့ လက်ထောက်ပဲလေ။ နောက်ဆို လက်ထပ်ရမယ်။ မိဘတွေက သဘောတူပါတယ်"

လင်းဖန်ရဲ့ နောက်ခံအင်အားအကြောင်းကို သိသွားပြီးနောက် စုမူချင်းမိဘတွေရဲ့ သဘောထားက ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့ပါသည်။

စုချွေ့ယီကလည်း ခေါင်းငြိမ့်ကာ ပြုံးလိုက်လေသည်။

"မူချင်း။ လင်းဖန်က သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့ အဖေခံစားရတယ်။ သမီးကလည်း သူ့ကို သဘောကျတယ်မလား။ ဒါဆို ပြီးပြီလေ။ ဘာမှ တင်တောင်းဖို့ မလိုဘူး။ ဒီနေ့ပဲ လက်ထပ်ပြီး မင်္ဂလာဦးည ကျင်းပလို့ ရတယ်"

စုမိသားစုရဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေ ချက်ချင်း လက်ခုပ်လက်ဝါးတီးကာ ပြုံးလိုက်ကြပါသည်။

"ဘော့စ်လင်း၊ မူချင်းက ရှင်နဲ့ လိုက်ဖက်တယ်လို့ ထင်တယ်"

"ဟုတ်တယ် ဘော့စ်လင်းလို ပါရမီရှင်မျိုးကို လက်ထပ်ရတာ မူချင်းကံကောင်းတာပဲ"

"လုပ်ငန်းစဉ်တွေကို အတိုချုံးလိုက်သင့်တယ်။ အရင် လက်ထပ်စာချုပ် ချုပ်ရအောင်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်နေရင် ပြီးတာပဲ မဟုတ်ဘူးလား"

စုရှောင်းယွီက ဒေါသထွက်လွန်းသဖြင့် ခြေထောက်ဆောင့်လိုက်ပါသည်။

စုမိသားစုက လူတွေက ဘယ်လိုလူတွေလဲ။ မိန်းကလေးတစ်ယောက်ကို ဆရာ့လက်ထဲ အတင်းထည့်ပေးနေပြန်ပြီ။

စုမူချင်းက ရှက်သွေးဖြာစွာဖြင့် လင်းဖန်ရဲ့ လက်ထဲက အမြန်ရုန်းထွက်လိုက်ပါသည်။ "အဖေ အဲ့လိုအချစ်မျိုး မဟုတ်ပါဘူး သမီး ဘော့စ်လင်းကို အရမ်းလေးစားပါတယ်။ သူက သမီးရဲ့ အိုင်ဒေါပဲ။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အကြားက ချစ်ခြင်းမျိုး မဟုတ်ပါဘူး..."

စုချန်းချမ့် မျက်မှောင်ကြုတ်သွားသည်။ "အတူတူပဲ မဟုတ်ဘူးလား။ ဘာခြားနားလို့လဲ"

စုရှောင်းယွီက ပြုံးကာ ပြောလိုက်သည်။ "စိတ်ပူစရာ မလိုပါဘူး။ ဆရာ့မှာ ကောင်မလေး ရှိပြီးသားပါ။ သူတို့အချင်းချင်း အရမ်းလည်း ချစ်ကြတယ်"

လင်းဖန်က စုရှောင်းယွီကိုကြည့်ကာ ခေါင်းငြိမ့်လိုက်ပါသည်။

သူ့မှာ ကောင်မလေးတစ်ယောက် တကယ် ရှိပါသည်။ ရှားဝမ်ချွေ့သာ ရှိနေပါက လင်းဖန် အလွန်ပျော်နေပါပြီ။

စုရှောင်းယွီက လျှာထုတ်ကာ လင်းဖန်ကို ကြည့်လိုက်သည်။ သူ့မှာ ကောင်မလေးရှိပြီးသားဖြစ်မှန်း သိပါသည်။ အခုလေးတင် စုမူချင်းလက်ကို ကိုင်ခဲ့သေးသည်။ မိန်းကလေးတစ်ယောက်ကို ဒီလို အသားယူစရာလား။ ဆရာကလည်း လူဆိုးတစ်ယောက်ပင်။

လင်းဖန် ပြောလိုက်သည်။ "ဦးလေး ခုနက ပါးရိုက်မိတာ တောင်းပန်ပါတယ်။ ကျွန်တော့်အပြစ်ပါ။ ဒေါသ အရမ်း ထွက်လွန်းသွားလို့ပါ။ အခု အရေးအကြီးဆုံးက စုမိသားစုရဲ့ ပြဿနာကို ရှင်းလင်းပေးဖို့ပါ"

"စုမိသားစု ဒီလိုဖြစ်လာရတာက ဟော်မိသားစုကြောင့်လို့ ကျွန်တော် မူချင်းဆီက ကြားထားတယ်။ ကျွန်တော် ဟော်ရှင်းယုကို ချက်ချင်း ဆက်သွယ်ပေးမယ်။ သိပ်မကြာခင် စုမိသားစုရဲ့ ကပ်ဘေးပြီးဆုံးသွားစေရပါမယ်။ ခင်ဗျားတို့ အကြွေးတင်နေတဲ့ ၂ ဘီလီယံအတွက်လည်း ကျွန်တော် နည်းလမ်းတစ်ခု စဉ်းစားပေးမယ်"

ထို့နောက် လင်းဖန်က ဟော်ရှင်းယုကို ဖုန်းဆက်လိုက်ပါသည်။

လင်းဖန် ဖုန်းဆက်တာဖြစ်မှန်း မြင်လိုက်တော့ ဟော်ရှင်းယု ချက်ချင်းပဲ တလေးတစားဖြစ်သွားပါသည်။ "ဟယ်လို ဘော့စ်လင်း~"

လင်းဖန် ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "ဟော်ရှင်းယု လတ်တလောမှာ ခင်ဗျား ရှန်ဟိုင်းမြို့ရဲ့ စုမိသားစုကို ပစ်မှတ်ထားနေတယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော့်မျက်နှာနဲ့ ဒီကိစ္စကို လက်လွှတ်လိုက်ပါလား။ ဘယ်လိုသဘောရလဲ"

ထိုစကားကိုကြားသောအခါ ဟော်ရှင်းယု ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "စုမိသားစုက ဘော့စ်လင်းနဲ့ ပတ်သက်နေတာကိုး။ ဒါပေါ့ ဘော့စ်လင်းမျက်နှာနဲ့ လုပ်ပေးရမှာပေါ့။ ပြဿနာမရှိပါဘူးရှင်"

ဟော်ရှင်းယု မငြင်းရဲပါ။ အရင်တစ်ခေါက်က ဟော်မိသားစု လင်းဖန်ကြောင့် ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

လင်းဖန်ရဲ့ နောက်ခံအင်အားအကြောင်းကို သိပြီးကတည်းက ဟော်ရှင်းယု သူ့ကို လေးစားမှုသာ ရှိပါတော့သည်။

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ကောင်းပါပြီ။ လတ်တလော ဟော်မိသားစုနဲ့ တွဲလုပ်နိုင်မှာ ပရောဂျက်တချို့ ရှိပါတယ်။ စိတ်မပူပါနဲ့ ခင်ဗျားတို့ အကျိုးအမြတ်တွေ အများကြီးရအောင် ကျွန်တော် လုပ်ပေးမှာပါ။ အနည်းဆုံး ဘီလီယံချီလောက်တယ်။ ဒါပေမယ့် ပရောဂျက်က နည်းနည်း ခက်ခဲလို့ ခင်ဗျားတို့ ကြိုးစားမှတော့ ဖြစ်မယ်"

ထိုစကားကိုကြားသောအခါ ဟော်ရှင်းယု မျက်လုံးများ အရောင်လင်းလက်သွားရပါသည်။ "တကယ်လား။ ဘော့စ်လင်း ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မရဲ့ အိပ်မက်က ရှင်နဲ့ အတူတူ တစ်ခေါက်လောက် အလုပ်တွဲလုပ်ခွင့်ရဖို့ပဲ။ စိတ်မပူပါနဲ့။ စုမိသားစုရဲ့ ပြဿနာတွေကို ကျွန်မ ဖြေရှင်းလိုက်ပါ့မယ်~"

ဖုန်းဆက်ပြီးနောက် စုချွေ့ယီ၊ စုချန်းချမ့်နဲ့ စုမူချင်းရဲ့ အမေတို့ အားလုံး မှင်သက်သွားခဲ့ကြသည်။

လင်းဖန်ရဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းက... ဒီလောက်တောင် ရိုးရှင်းတာလား။

စုမိသားစုအပေါ် ကျရောက်နေတဲ့ မဟာကပ်ဘေးကြီးအား လင်းဖန်က အလွယ်တကူ ရှင်းလင်းလိုက်သည်။

ဟော်မိသားစုရဲ့ ဉာဏ်ကြီးရှင် ဟော်ရှင်းယုက သူ့အပေါ် အလွန်ယဉ်ကျေးမှုရှိပါသည်။

ဒါက... လင်းဖန်ရဲ့ အစွမ်းအစပဲလား။

All Chapters