← Chapters

ဒီနေ့ည ကောင်းမိသားစုနဲ့ တိုက်ပွဲ စတင်ပြီ

Vol. 28 Ch. 413

ဒီနေ့ည ကောင်းမိသားစုနဲ့ တိုက်ပွဲ စတင်ပြီ

Vol. 28 Ch. 413

လင်းဖန်မှာ ကောင်မလေး ရှိသော်လည်း လက်မထပ်ရသေးမှန်း စုချွေ့ယီ သိပါသည်။

ဘာပဲဖြစ်ဖြစ် သူ့ညီမ စုမူချင်းမှာ အခွင့်အရေး ရှိပါသေးသည်။

၁ ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေးရှိရင်တောင် အခွင့်အရေးဟု သတ်မှတ်နိုင်ပါသည်။

ထိုနေ့လိုနေ့မျိုး တကယ် ရောက်လာပါက စုမိသားစုအတွက် အံ့အားသင့်စရာ ဖြစ်သွားပါလိမ့်မည်။

ထိုအတွေးဖြင့် စုမူချင်းကို လင်းဖန်ဘေးမှာ နေခိုင်းလိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်မည်ဟု သူမ ဆုံးဖြတ်လိုက်ပါတော့သည်။

စုချွေ့ယီလည်း လင်းဖန်ကိုကြည့်ပြီး ပြုံးလိုက်သည်။ "ဘော့စ်လင်း စုမူချင်းကို ဘယ်လို သဘောရလဲ"

လင်းဖန် ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "သူက အရမ်းတော်တဲ့ ကောင်မလေးပါ။ အစွမ်းအစ အရမ်းရှိပြီး အလားအလာလည်း ကောင်းတယ်"

စုချွေ့ယီက ပြုံးကာ ပြန်ပြောလိုက်သည်။ "ဘော့စ်လင်းမှာ အချိန်ရှိရင် စုမူချင်းနဲ့ အချိန်နည်းနည်းလောက် ဖြုန်းလို့ ရပါတယ်။ သူက ငယ်ငယ်ကတည်းက အဆင့်မြင့်ပညာတွေပဲ သင်လာရတော့ အခုချိန်ထိ ရည်းစား မရှိသေးဘူး"

သူမရဲ့စကားလုံးတွေက စုမူချင်းမှာ အပျိုတစ်ယောက်အဖြစ် ရှိနေသေးသည်ဟု လင်းဖန်ကို အရိပ်အမြွက် ပေးနေခြင်း ဖြစ်သည်။ တချို့ အကျော်အမော်တွေက ဒီလို မိန်းကလေးမျိုးတွေကို ကြိုက်တတ်ကြသည်။

လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "စိတ်မပူပါနဲ့။ စုမူချင်းက အကျင့်စရိုက်ကောာင်းပြီး လှလည်း လှတယ်။ ကုမ္ပဏီထဲမှာ အလုပ် ဆက်လုပ်မယ်ဆိုရင် တစ်နေ့နေ့ ချစ်သူရလာမှာပါ။ မရရင်လည်း ကျွန်တော် သူ့ကို ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ပါ့မယ်"

စုချွေ့ယီ "..."

စုမူချင်းကို လင်းဖန် ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ လိုလို့လား။ သူကိုယ်တိုင် ကောင်လေး ဖြစ်ပေးလိုက်လို့ ရတာပဲ။

အချစ်ရေးနဲ့ ပတ်သက်လာရင် ဘော့စ်လင်းက ဘာလို့ နားမလည်နိုင်ရတာလဲ။

သူမကို သူကိုယ်တိုင် ပိုးပန်းလိုက်ရင် ပိုမကောင်းဘူးလား။ ဘာလို့ သူများကို ပေးရတာလဲ။

သို့သော်လည်း စုချွေ့ယီ ထိုစကားလုံးများကို ထုတ်တော့ မပြောနိုင်ပေ။

စုချွေ့ယီက စကားလမ်းကြောင်းလွှဲလိုက်ပြီး ပြောလိုက်သည်။ "ဘော့စ်လင်း။ ဒီနေ့ ကောင်းမိသားစုကို ရှင်တိုက်ခိုက်ခဲ့တယ်နော်။ နောက်ကို သတိထားပါ။ ကောင်းရုန်က အသေးအဖွဲ အငြှိးတရားလေးအတွက်တောင် ကလဲ့စား ပြန်ချေတတ်တဲ့လူမျိုး။ ရှင့်ကို ပစ်မှတ်ထားမှာ ကျွန်မ စိုးရိမ်မိတယ်"

လင်းဖန် ပြောလိုက်သည်။ "ဘာမှ ကြောက်စရာ မလိုပါဘူးဗျာ။ ကျွန်တော်တို့လမ်းမှာ လာပိတ်တဲ့ လူတိုင်းကို ကျွန်တော်တို့ ရှင်းမယ်။ ကောင်းရုန်က ကျွန်တော့်ကို ပစ်မှတ်ထားချင်တယ်ဆိုရင် သူတို့ကို ဖျက်ဆီးဖို့ ကျွန်တော့်ကို အခွင့်အရေးပေးလိုက်သလိုပဲ"

ဆွေးနွေးပြီးနောက် စုချွေ့ယီက သူမရဲ့ ဆုံးဖြတ်ချက်ကို စုမိသားစုအား ပြန်ပြောပြခဲ့ပါသည်။

ထင်တဲ့အတိုင်းပဲ စုမိသားစုဝင်အားလုံးလည်း သဘောတူကြပါသည်။

စုမူချင်းရဲ့ မိဘတွေက ပိုမို အံ့အားသင့်သွားကြသည်။

လင်းဖန်ကို ရှယ်ယာ ၅ ရာခိုင်နှုန်းပေးလိုက်ခြင်းဖြင့် စုမိသားစုကော်ပိုရေးရှင်းရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်လာခဲ့သည်။ စုကော်ပိုရေးရှင်းရဲ့ ဒုဥက္ကဌဟု သတ်မှတ်လို့ ရပါသည်။ အာဏာတွေအများကြီးရှိကာ လင်းဖန်ကို စုမိသားစုနဲ့ စည်းနှောင်လိုက်သည့် သဘောပင်။

ကောင်းရုန်သာ စုမိသားစုကို ပစ်မှတ်ထားချင်ပါက လင်းဖန်ရဲ့ ကုမ္ပဏီကို ပစ်မှတ်ထားတာနဲ့ အတူတူ ဖြစ်သွားပါလိမ့်မည်။

စုရှောင်းယွီက လင်းဖန်ကိုကြည့်ပြီး စုမိသားစုဆီက ယူထားသည့် သခွားသီးကို ကိုင်ကာ ပြောလိုက်သည်။

"ဝါး ဆရာက စုမိသားစုရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဖြစ်သွားပြီလား။ နောက်ဆို ငွေတွေ အများကြီး ရတော့မှာပဲ"

လင်းဖန် စုရှောင်းယွီကို ခေါင်းခေါက်လိုက်ပါသည်။ "သွားဖို့ အချိန်ကျပြီ။ ကျန်းမြို့ကို ပြန်ပြီး ကောင်းမိသားစုနဲ့ ကောင်းကောင်း တိုက်ခိုက်ရတော့မယ်။ ကောင်းမိသားစုက ငါ့ကို စစ်ကြေညာလိုက်ပြီဆိုမှတော့ ငါကလည်း သူတို့ကို ညှာတာနေမှာ မဟုတ်ဘူး"

စုရှောင်းယွီက သခွားသီးတစ်ကိုက်ကိုက်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဟုတ်ပြီ~ ခွေးမလေးကို လိုရင် ပွင့်ပွင့်လင်းလင်းပြောနော် ဆရာ"

တက်ကြွပြီး ချစ်ဖို့ကောင်းတဲ့ စုရှောင်းယွီကို ကြည့်ရင်း လင်းဖန် စိတ်အေးသွားရပါသည်။

ဘာတွေပဲ ဖြစ်လာ ဖြစ်လာ စုရှောင်းယွီသာ သူ့ဘေးမှာ ရှိနေပါက ကောင်းမိသားစုကို လင်းဖန် ကြောက်ဖို့ လိုပါဦးမလား။

လင်းဖန် နောက်လှည့်ပြီး စုမူချင်းကို ကြည့်လိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်ပါသည်။ "သွားဖို့ အချိန်ကျပြီ။ နင် အဆင်သင့် ဖြစ်ပြီလား"

စုမူချင်းက လိမ္မာစွာ ခေါင်းငြိမ့်ပြီး ပြောလိုက်ပါသည်။ "အင်း~"

ဒီလိုနဲ့ လင်းဖန်နဲ့ ကောင်မလေးနှစ်ယောက် ကျန်းမြို့ကို ပြန်လာခဲ့ကြပါသည်။

ကျန်းမြို့တော်၊ ရှားမိသားစု အိမ်တော်တွင်။

လင်းဖန် ပြန်လာတော့ ဘော့စ်မာ ရောက်နေတာကို မြင်လိုက်ရသည်။

စီအီးအိုမာတောင် ရှားမိသားစုထံသို့ ကိုယ်တိုင် လာရောက်ခဲ့ပါသည်။

အဘိုးကြီးက လင်းဖန်ကို ကြည့်လိုက်သည်။ သူ့အကြည့် ပိုလို့တောင် သံယောဇဉ်ဖြစ်လာသည့်ပုံပေါက်နေပါသည်။ "လင်းဖန် လာလာ။ စီအီးအိုမာ ကိုယ်တိုင် ငါတို့ရှားမိသားစုဆီ ရောက်လာတယ်ကွ။ လင်းဖန် ဒီလောက် တော်မယ်လို့ ထင်မထားဘူး။ စီအီးအိုမာကိုတောင် ဖိတ်ကြားနိုင်တယ်ပေါ့"

ရှားဝမ်ချွေ့ရဲ့ အဖေ ရှားကျန်းချန်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ဒီလောကထဲက ဘယ်သူက ဘော့စ်မာကို မလေးမစားလုပ်ရဲမှာလဲ။

စီအီးအိုမာရဲ့လက်ရှိ အဆင့်အတန်းမျိုးနဲ့သာဆို ရှားမိသားစုကို ရောက်လာတာက ရှားမိသားစုအတွက် အလင်းရောင် ဆောင်ကျဉ်းပေးခဲ့ သလိုပင်။

ရှားမိသားစုထဲက အားလုံး တုန်လှုပ်သွားခဲ့ရသည်။ လင်းဖန်ကြောင့်သာ မဟုတ်ပါက စီအီးအိုမာကို ဘယ်လိုလုပ် ဖိတ်ကြားနိုင်မှာလဲ။

ဘော့စ်မာကိုမြင်တော့ လင်းဖန်လည်း အနည်းငယ် အံ့အားသင့်သွားရသည်။

စီအီးအိုမာက အားနာမနေဘဲ လင်းဖန်ဆီကို လျှောက်သွားလိုက်သည်။ ထို့နောက် သူ့လက်ကို ကမ်းပေးလိုက်ပါသည်။ "ညီလေးလင်း ငါတို့ ထပ်ဆုံကြပြန်ပြီ"

လင်းဖန်က စီအီးအိုမာနဲ့ နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်ပြီး ပြုံးလိုက်ပါသည်။ "စီအီးအိုမာက အရမ်း အလုပ်များနေပေမယ့် ရှားမိသားစုဆီ လာပြီး ကျွန်တော့်ကို ကူညီပေးတယ်နော်။ ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ"

စီအီးအိုမာက ခေါင်းခါကာ ပြောလိုက်သည်။ "ဘာ ကျေးဇူးတင်စရာလိုလို့လဲကွ။ မင်းပြဿနာက ငါ့ပြဿနာပဲလေ။ မင်း ပြဿနာ တစ်ခုခု ကြုံလာရင် မင်းအတွက် Alibaba က တာဝန်ယူပေးလိမ့်မယ်"

စီအီးအိုမာ ပြောတာကိုကြားသောအခါ ရှားမိသားစု အနည်းငယ် အံ့အားသင့်သွားရသည်။

စီအီးအိုမာက လင်းဖန်ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောနေသည်။ Alibaba ထဲက လင်းဖန်ရဲ့ အဆင့်အတန်းကလည်း မနိမ့်လှဘူးဟု ပြသလိုက်သလိုပင်။

တကယ်တော့ Alibaba တွင် လင်းဖန်ရဲ့ အဆင့်အတန်းမှာ အတော်လေး မြင့်မားပါသည်။

စီအီးအိုမာက လင်းဖန်ကို ပခုံးပုတ်ပေးလိုက်သည်။ "ညီလေးလင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ အချိန်ကျရင် ငါတို့ အတူတူ သောက်ကြစားကြတာပေါ့"

လင်းဖန်က ရယ်မောလျက် ပြန်ပြောလိုက်ပါသည်။ "ရိုးရိုးးလေးပါဗျာ။ အဲ့အချိန်ကျရင် ကျွန်တော်ကိုယ်တိုင် အရသာအရှိဆုံး စားသောက်ပွဲကို ပြင်ဆင်ပေးမယ်"

စီအီးအိုမာ ဘဘ်လောက် အလုပ်များသလဲဆိုတာ လင်းဖန်သိပါသည်။ ဒီတစ်ခေါက် သူ့အတွက် ရောက်လာပေးသဖြင့် လင်းဖန် အနည်းငယ် နွေးထွေးသွားရသည်။

ဘာပဲဖြစ်ဖြစ်သူက Alibaba ရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်တစ်ယောက်သာ မဟုတ်ပါလား။ ဒုတိယ အများဆုံး ရှယ်ယာဝင် ဖြစ်သော်လည်း Alibaba မှာ အတွေ့အကြုံ အလွန်နည်းပါသေးသည်။

Alibaba ကုမ္ပဏီကို လင်းဖန် တစ်ခေါက်တောင် မသွားခဲ့ဖူးပေ။ ဘော့စ်မာကတော့ လင်းဖန်ကို အပြည့်အဝ ထောက်ပံ့နေပါသည်။

စီအီးအိုမာက လင်းဖန်ကို ဖက်ကာ ပြုံးလိုက်သည်။ "ညီလေးလင်း မင်းကောင်မလေးကို အရင်ကတည်းက မြင်ဖူးပါတယ်။ သူက တော်တော် လှတာပဲ။ ဒီလို ကောင်မလေးမျိုးကို ရထားတော့ မင်းတစ်သက်လုံး ပျော်ရတော့မှာပဲ"

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေ အရောင်လင်းလက်သွားရ၏။ ရှားဝမ်ချွေ့က ဒီနေ့ ပွဲတက်ဝတ်စုံလေးတစ်ခု ဝတ်ဆင်ထားသည်။

အစကတည်းက သူမက လှပပြီးသား ဖြစ်သည်။ သို့သော် ပွဲတက်ဝတ်စုံလေးနဲ့ သူမရဲ့ အရှိန်အဝါက လုံးဝ ခြားနားသွားခဲ့ပါသည်။

သူမကို စကားဖြင့် ဖော်ပြရမည်ဆို နတ်သမီးလေး ဟူ၍ ဖြစ်ပါသည်။

ရှားဝမ်ချွေ့က ပုံမှန်ဆို ပွဲတက်ဝတ်စုံ မဝတ်တတ်ပါ။ သို့သော်လည်း ဒီနေ့တော့ ပွဲတက်ဝတ်စုံတစ်ခုကို ဝတ်ထားပါသည်။

စီအီးအိုမာလည်း စုရှောင်းယွီကို ကြည့်ကာ ပြုံးလိုက်ပါသည်။

"ဒါ စုရှောင်းယွီ မဟုတ်လား။ ငါတောင်လေးစားရဲ့ စီးပွားရေးပညာရှင်ကြီး။ လင်းဖန် မင်းက တကယ် အံ့သြဖို့ကောင်းတာပဲ။ စုရှောင်းယွီလို့ ကောင်မလေးကတောင် မင်းနောက်ကို လိုက်တယ်"

စုရှောင်းယွီက မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။ "စီအီးအိုမာ မတွေ့ရတာ ကြာပြီနော်။ ကျွန်မက ဘယ်လိုလုပ် စီးပွားရေး ပညာရှင် ဖြစ်မှာလဲ။ စီးအီးအိုမာနဲ့ မယှဉ်နိုင်ပါဘူး"

ယဉ်ယဉ်ကျေးကျေး စကားတချို့ ဖလှယ်ပြီးနောက် စီအီးအိုမာ အဓိက အကြောင်းအရာကို ပြောလိုက်ပါသည်။

"ညီလေးလင်း။ ဒီတစ်ခေါက် ငါလာခဲ့တာက မင်းနဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့။ ကောင်းမိသားစုနဲ့ တိုက်ပွဲ ဖြစ်ချင်တာ သေချာရဲ့လား။ မင်း တိုက်ပွဲကို စလိုက်တာနဲ့ တကယ့်စီးပွားရေးတိုက်ပွဲကြီး ဖြစ်လာတော့မှာနော်"

လင်းဖန်ရဲ့ အကြည့်က ခိုင်မာနေပါသည်။ "ဒါပေါ့ ကျွန်တော်တို့ တိုက်ခိုက်ရမှာပေါ့။ ကောင်းမိသားစု သေရင် သေ မသေရင် ကျွန်တော် သေမှ ပြီးမယ်"

စီအီးအိုမာက ခေါင်းငြိမ့်လိုက်လေသည်။ "နားလည်ပါပြီ။ တကယ်တော့ မင်းကို ပြောစရာ တစ်ခုရှိတယ်။ ဒီနေ့ည ကျန်းမြို့မှာ ညစာစားပွဲတစ်ခု ရှိတယ်။ ငါတို့ သွားတက်ရောက်မလို့။ ဘာမှ အမှားအယွင်းမရှိဘူးဆိုရင် ကောင်းရုန်လည်း လာလိမ့်မယ်။ ဒီညစာစားပွဲကို ကျန်းမြို့နဲ့ နိုင်ငံ တစ်ဝှမ်းလုံးက စီးပွားရေးပါရမီရှင်တွေချည်းပဲ တက်ရောက်ကြတာ။ ငါတို့ စီးပွားရေးတိုက်ပွဲတစ်ခု ဆင်နွှဲချင်ရင် ငါတို့ကို ကူညီပေးနိုင်မယ့်လူတွေကို သိမ်းသွင်းမှရမယ်။ ဒီနေ့ည ညစာစားပွဲက အရမ်း အရေးကြီးတယ်"

"ဒီနေ့ညပြီးရင် စီးပွားရေး တိုက်ပွဲကြီး တရားဝင် စတင်နိုင်ပြီ"

လင်းဖ်နက ခေါင်းငြိမ့်လိုက်ပြီး ရှားဝမ်ချွေ့ ဘာကြောင့် ပွဲတက်ဝတ်စုံ ဝတ်ထားရသလဲဆိုတာကို နားလည်သွားသည်။

သူ့ဇနီးလောင်းကိုခေါ်ပြီး ညစာစားပွဲတစ်ခုကို တက်ရောက်ရမှာ ဖြစ်သည်။ သူမက အလွန်လှပလွန်းသဖြင့် အားလုံးကို မျက်ကန်း ဖြစ်သွားစေလိမ့်မည်။

သူ့ဘေးမှာ ဒီလောက်လှပတဲ့ကောင်မလေးတစ်ယောက် ရှိနေသဖြင့် လင်းဖန်လည်း အာရုံစိုက်မှုတွေရဲ့ ဗဟို ဖြစ်လာနိုင်ပါသည်။

ကောင်းမိသားစုနဲ့ တိုက်ပွဲ ဒီနေ့ည တရားဝင် စတင်တော့မည်။

All Chapters