ဒီနေရာကို လူတိုင်း ဝင်လို့မရဘူး
Vol. 28 Ch. 414
ကျန်းမြို့တော်၊ ပုလဲဟိုတယ်။
လက်ရွေးစင်စီးပွားရေးပညာရှင်ကြီးများစွာ ရောက်နေကြပါပြီ။
ပုလဲဟိုတယ်က ကျန်းမြို့တော်ရှိ ကြယ်ငါးပွင့် ဟိုတယ်ကြီး ဖြစ်သည်။
ဒီနေ့ည လုပ်ငန်းတွေ့ဆုံပွဲတစ်ခု ကျင်းပလိမ့်မည်။
ဒီလုပ်ငန်းတွေ့ဆုံပွဲကို နယ်ပယ်ပေါင်းစုံမှ စီးပွားရေး အကျော်အမော်များနဲ့ လက်ရွေးစင်များအားလုံး တက်ရောက်ကြလိမ့်မည်။
ကုမ္ပဏီအားလုံးအတွက် သတင်းစာရှင်းလင်းပွဲနဲ့ တူညီပါသည်။ အံ့အားသင့်စရာထုတ်ကုန်များ ရှိရင်လည်း ဒီဟိုတယ်မှာ ထုတ်ပြန်ကြေညာနိုင်သည်။
တရုတ်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီအားလုံးရဲ့ ထုတ်ကုန် ဖွင့်ပွဲအခမ်းအနားနဲဲ့ တူညီပါသည်။ ဥပမာအားဖြင့် ရှောင်းမီဖုန်း၊ ဟွာဝေးဖုန်းအသစ်များ၏ သတင်းများ၊ နယ်ပယ်ပေါင်းစုံက လှုပ်ရှားမှုအကြောင်းများ၊ အတွေ့အကြုံ မျှဝေဖို့ ရောက်လာတဲ့ အကျော်အမော်ကြီးများကိုပင် မြင်ရလိမ့်မည်။ သတင်းသမားများစွာကလည်း သူတို့ကို အင်တာဗျူးဖို့ လာကြလိမ့်မည်။
ပုလဲဟိုတယ်ရှိ လုပ်ငန်းတွေ့ဆုံပွဲတွင် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များ စုစည်းမိကြပါသည်။
"ဒီနေ့ ပုလဲဟိုတယ်ကို အကျော်အမော်ကြီးတွေ အများကြီး ရောက်လာကြမှာ သိရဲ့လား"
"ဟုတ်တယ် ငါသိသလောက်ဆိုရင် စီအီးအိုမာတောင် ဒီလိုလာလိမ့်မယ်။ ဒီလုပ်ငန်းတွေ့ဆုံပွဲ ဘယ်လောက် အရေးကြီးသလဲဆိုတာ ပြသနေတာပဲ"
"ကြည့်ရတာ ကျန်းမြို့တော်ရဲ့ စီအီးအိုကောင်းလည်း ရောက်လာလိမ့်မယ်ထင်တယ်။ ကောင်းကော်ပိုရေးရှင်း ထုတ်လုပ်မယ့် ထုတ်ကုန်အသစ် ရှိတယ်လို့ ငါကြားမိတယ်။ သူတို့ ကားလုပ်ငန်းလောကထဲ ဝင်ဖို့ စီစဉ်နေကြတာလား မသိဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းရုန်က တကယ်ချောတာ။ သူ့ကို ဒီနေ့ည တွေ့ရတော့မယ်"
ရှားမိသားစုအိမ်တော်တွင်...
လင်းဖန်က စုမူချင်းနဲ့ အတူတူ ကားနောက်ခန်းထဲတွင် ထိုင်နေသည်။
ရှားဝမ်ချွေ့က လင်းဖန်နဲ့ အတူတူ မသွားပါ။ ပုလဲဟိုတယ်သို့ ရှားကျန်းချန်နဲ့သာ အတူလိုက်သွားပါသည်။
စုရှောင်းယွီလည်း လင်းဖန်နောက် လိုက်မလာပေ။ သူမ ဘယ်ရောက်သွားသလဲဆိုတာတောင် လင်းဖန် မသိပါ။
သို့သော်လည်း ဘေးမှာ စုမူချင်းရှိနေသဖြင့် လင်းဖန် စိတ်အေးရပါသည်။
ပုလဲဟိုတယ်ရှိ လုပ်ငန်းတွေ့ဆုံပွဲက နယ်ပယ်ပေါင်းစုံမှ စီးပွားရေးပါရမီရှင်တွေကို စုစည်းပေးတဲ့ပွဲ ဖြစ်ပါသည်။
ရှားမိသားစုလည်း ဖိတ်ကြားခံရသည်။ ထို့ကြောင့် ရှားဝမ်ချွေ့က လင်းဖန်နဲ့ အတူတူမသွားနိုင်ခြင်း ဖြစ်ပါသည်။
သူ့ဘေးမှာ မိန်းမလှလေးတစ်ယောက် ထိုင်နေသည်။ စုမူချင်းကလည်း ဒီနေ့ည လှလှပပ ဝတ်ဆင်ထားပါသည်။
သူမက မိုးပြာရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမရဲ့ ဖြူဖြူသွယ်သွယ် ခြေသလုံးလေးများနဲ့ အနက်ရောင်ဆံနွယ်ရှည်များ ပေါ်လွင်နေသည်။ လင်းဖန်ဘေးမှာ ထိုင်နေပြီး သူမက နတ်သမီးလေး တစ်ပါးလိုပင်။
ဒီလိုအရေးကြီးတဲ့ ပွဲတော်မျိုးကို တက်ရောက်ဖို့ လှပသည့် ပွဲတက်ဝတ်စုံ ဝတ်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
"စိတ်လှုပ်ရှားနေတာလား" လင်းဖန်က စုမူချင်းကို ကြည့်ကာ ပြုံးလိုက်ပါသည်။
စုမူချင်းက သူမရ့မျက်လုံးလှလှလေးများကို ပင့်ကာ လင်းဖန်ကိုကြည့်လိုက်သည်။ ထို့နောက် နူးညံ့စွာဖြင့် ခေါင်းခါလိုက်ပါသည်။ "မဟုတ်ပါဘူး~ ဒီတိုင်း ဒီအဝတ်အစားတွေ ဝတ်ထားရတာ တစ်မျိုးကြီး ဖြစ်နေလို့ပါ"
လင်းဖန် ကြည့်လိုက်သည်။ "လှပါတယ်။ ဘာမှ တစ်မျိုးကြီး ဖြစ်စရာ မလိုပါဘူး"
စုမူချင်းက ခေါင်းငုံ့ကာပြောလိုက်ပါသည်။ "ကျွန်မ နည်းနည်း အကျည်းတန်နေသလို ခံစားရတယ်။ အချိန်တန်ရင် သူများတွေနားက ကောင်မလေးတွေက အရမ်းလှမှာ။ ကျွန်မကတော့..."
လင်းဖန် ခေါင်းခါလိုက်သည်။ စုမူချင်းရဲ့ လှလှပပ ခန္ဓာကိုယ်လေးကိုကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
"နင်က ဒီလောက်လှတာကို။ ငါ့ဘေးမှာ နင်သာရှိရင် တခြားသူတွေတောင် အားကျကြလိမ့်မယ်။ နင့်ထက် လှတဲ့ ကောင်မလေး များများစားစား မရှိလောက်ပါဘူး"
"ငါ့ကို အရှက်ရအောင် လုပ်မိမှာတော့ မစိုးရိမ်ပါနဲ့။ ငါ့နောက်ကိုလိုက်လာရင် နင်ကြည့်ကောင်းမှာပါ။ ဝမ်ချွေ့နဲ့ သူ့အဖေက ညစာစားပွဲ တက်ရောက်ဖို့ အထူးဖိတ်ကြားခံထားရတာ။ ရှောင်းယွီလည်း ဘယ်ရောက်သွားမှန်းမိဘူး။ နင်ပဲ ငါနဲ့လို က်လာနိုင်တာ" လင်းဖန် ပြုံးကာ ပြောလိုက်လေသည်။
စုမူချင်း ပြန်ပြောလိုက်၏။ "ဘော့စ်လင်း။ ကောင်းရုန်က ဘော့စ်လေးကို ပြဿနာရှာမှာ စိတ်ပူလို့ပါ။ သူက အငြှိုးကြီးတဲ့ လူတစ်ယောက်ပဲ။ ကျိန်းသေပေါက် ကလဲ့စားပြန်ချေလိမ့်မယ်"
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "စိတ်မူပါနဲဲ့။ သူငါ့ကို ကလဲ့စားပြန်ချေမယ်လို့ မပြောနဲ့။ ငါက သူ့ကို အရင် သတ်ချင်နေတာ။ ဒါပေမယ့် ကောင်းမိသားစုရဲ့ စျေးကွက်တန်ဖိုးကလည်း ၆၀၀ ဘီလီယံ ရှိတယ်။ သူတို့နောက်ခံအင်အားက အရမ်းအားကောင်းတယ်လို့ ကြားတယ်။ ဒါပေမယ့် မခက်ပါဘူး"
စုမူချင်းရဲ့ မျက်လုံးလှလှလေးများ အရောင်လင်းလက်သွားသည်။ "စီအီးအိုလင်းမှာ နည်းလမ်းရှိလို့လား"
လင်းဖန် ခေါင်းငြိမ့်ပြလိုက်သည်။ လင်းဖန် ယုံကြည်ချက် ပြည့်ဝနေပုံကိုကြည့်ပြီး စုမူချင်း စိတ်အေးသွားရပါသည်။
သူမဘော့စ်မှာ နည်းလမ်းတစ်ခုရှိပါသည်။ လင်းဖန်နောက်ကိုသာ လိုက်ရင် သူမ အများကြီး သင်ယူလေ့လာနိုင်လိမ့်မည်။
လင်းဖန်ရဲ့ နည်းလမ်းက အလုပ်မဖြစ်ရင်တောင် စုရှောင်းယွီ ကူညီပေးနိုင်ပါသည်။
စုရှောင်းယွီသာ ရှိနေပါက ပြဿနာ မရှိနိုင်ပါ။
စုမူချင်းကိုကြည့်ပြီး လင်းဖန် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့။ ကောင်းရုန်က တိုက်ခိုက်ချင်သည် ဖြစ်စေ မတိုက်ခိုက်ချင်သည်ဖြစ်စေ ကောင်းမိသားစုကို ငါ အလွတ်မပေးဘူး။ ကောင်းမိသားစု ကျိန်းသေပေါက် ပြိုလဲသွားစေရမယ်"
ညနေခင်း၊ ပုလဲဟိုတယ်၌
ပုလဲဟိုတယ်ဝင်ပေါက်သို့ ကားရောက်လာခဲ့သည်။ လင်းဖန်က ကားထဲကထွက်လာပြီး စုမူချင်းအတွက် တံခါးဖွင့်ပေးလိုက်ပါသည်။
ပုလဲဟိုတယ်အနားမှာ ဖြတ်သွားဖြတ်လာများစွာ စုစည်းနေကြသည်။
ထိုဖြတ်သွားဖြတ်လာတွေ လင်းဖန်ကို မြင်တော့ မျက်လုံးများ အရောင်လက်သွားရပါသည်။
"လခွမ်း အဲ့တာ လင်းဖန်မလား"
"လင်းဖန်က တကယ်ကြီး ပုလဲဟိုတယ်စီးပွားရေး တွေ့ဆုံပွဲကို လာတက်ရောက်တာလား။ ငါမှတ်မိပြီ။ လင်းဖန်က ဘော့စ်ကြီးတစ်ယောက်ပဲ။ သူက estee Lauder ရဲ့ စီအီးအိုပဲ"
"ငါ နားမလည်ဘူး။ Estee Lauder က ဘာလဲ။ ဘာကုမ္ပဏီလဲ။ အရမ်းကောင်းလို့လား"
"ဒါပေါ့။ Estee Lauder က ကမ္ဘာကျော် တန်ဖိုးကြီးဘရန်းတစ်ခုဆိုတာ မင်းမသိဘူးလား။ Estee Lauder က အလှကုန်ပစ္စည်းတွေမှာ အကောင်းဆုံးပဲ။ အရည်အသွေးက အရမ်းကောင်းတယ်။ ဟုတ်တာပေါ့ စျေးကလည်း အရမ်ကြီးတယ်။ ပြီးတော့ Estee Lauder ကို ကမ္ဘာပေါ်က အထက်တန်းလွှာ အသိုင်းအဝိုင်းကလူတွေ အများကြီး သဘောကျကြတယ်။ ဒီကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးက ဘီလီယံရာကျော်သွားပြီလို့ ကြားတယ်"
"ဘာ။ စျေးကွက်တန်ဖိုးက ဘီလီယံရာကျော်တယ်။ ဘုရားရေ..."
"လင်းဖန်ဘေးက ကောင်မလေးကလည်း အရမ်းချောတာပဲ သူ့နာမည်ကို သိကြလား"
"သူက စုမူချင်းလေ။ စုမိသားစုရဲ့ ဒုတိယသမီး၊ လင်းဖန်ရဲ့ လက်ထောက်။ လင်းဖန်ရဲ့ လက်ထောက်ကတောင် အရမ်းလှတာ။ လင်းဖန် ကံကောင်းလွန်းပါတယ်"
"ငါမေးချင်တာတစ်ခုရှိလို့။ လင်းဖန်က စုမူချင်းနဲ့ တစ်ခုခု ပတ်သက်နေတာလား။ သူက အရမ်းလှတာကိုး။ တစ်ခုခုလုပ်စရာရှိရင် လက်ထောက်က လုပ်ပေးလိမ့်မယ်။ ဘာမှ လုပ်စရာ မရှိရင်လည်း လက်ထောက်က လုပ်ပေးလိမ့်မယ်။ စုမူချင်းက အရမ်းလှပြီး ကိုယ်လုံးကိုယ်ပေါက်လည်း လှတယ်။ ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ"
"စိတ်တောင်မကူးနဲ့။ စုမူချင်းက အရမ်းလှပေမယ့် လင်းဖန်ဘေးမှာ အလှဆုံးကောင်မလေးက ရှားဝမ်ချွေ့ဆိုတာ မသိဘူးလား။ ပြီးတော့ လင်းဖန်ရဲ့ ကျားရှင်းဖျော်ဖြေရေးမှာလည်း လှလှပပ မိန်းကလေး ဆယ်လီတွေ အများကြီးရှိတယ်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ စုမူချင်း၊ လင်းခဲ့ရှင်း၊ ချူးယောင်ယောင်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အင်တာနက်ဆယ်လီတွေအများကြီးကို အနိုင်ယူပစ်နိုင်တယ်နော်"
ဖြတ်သွားဖြတ်လာများ လင်းဖန်ကို အားကျသွားကြသသည်။
လင်းဖန်က အရှေ့ကို လျှောက်လှမ်းသွားပြီး စုမူချင်းက လင်းဖန်နောက် လိုက်လာသည်။ လင်းဖန်ထက် အနည်းငယ် နှေးအောင် လျှောက်ပြီး လေးစားသမှု ပြလိုက်ပါသည်။
ဒီလိုမိန်းမလှလေးမျိုး ဘေးနားမှာ ရှိနေသဖြင့် မျက်စိကျစရာကောင်းပါသည်။
အချိန်အများစုတွင် လုပ်ငန်းတွေ့ဆုံပွဲတွေကို တက်ရောက်ရတာ ပျင်းဖို့ကောင်းပါသည်။ စုမူချင်းသာ အနားမှာ ရှိပါက မျက်နှာပန်းပွင့်စေရုံတင်မကဘဲ သူမကို ကြည့်ပြီး သက်တောင့်သက်သာ ရှိလှပါသည်။
ဒါတောင် ဘေးမှာ ရှိနေတာ စုမူချင်းဖြစ်နေလို့သာ ဖြစ်၏။ ရှားဝမ်ချွေ့သာဆိုရင် ရည်းစားမရှိတဲ့လူတွေ ဘယ်လောက်တောင် တိုက်ခိုက်ခံရမလဲ မသိပါ။
နောက်ဆုံးတော့ လင်းဖန် ပုလဲဟိုတယ်ဝင်ပေါက်ကို ရောက်လာခဲ့ကြသည်။
ပိန်ပိန်ပါးပါး လုံခြုံရေးအစောင့်တစ်ယောက်က လင်းဖန်ကို တားမြစ်ကာ ပြောလိုက်သည်။ "ဆရာ ဖိတ်ကြားလွှာ ပါလာလား"
လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။ ဘော့စ်မာက သူ့ကို ဒီအကြောင်း မပြောပြခဲ့ပါ။
"ဖိတ်ကြားလွှာ ဟုတ်လား"
ပိန်ပိန်ပါးပါးလုံခြုံရေးအစောင့်က ပြောလိုက်သည်။ "ဖိတ်ကြားလွှာ မပါရင် ဝင်လို့ မရပါဘူး ဆရာ"
လင်းဖန်က အလွန် သားနားစွာ ဝတ်ဆင်ထားပြီး သူ့ဘေးက စုမူချင်းမှာ အလွန် လှပသော်လည်း လုံခြုံရေးအစောင့်က စည်းကမ်းကို တင်းတင်းကြပ်ကြပ် လိုက်နာသည်။
ဒီမှာ ယာယီလုံခြုံရေး လာလုပ်သည့် ခပ်ဝဝ လုံခြုံရေးတစ်ယောက်က အသက် ၁၈ နှစ် ၁၉ နှစ်သာ ရှိလောက်ဦးမည်။ ပုလဲဟိုတယ်မှာ လဝက်လောက် အလုပ်လုပ်ပြီးနောက် အထက်တန်းလွှာတွေထဲမှာ အသားကျလာပြီး မျက်လုံးတွေက တောက်ပနေသည်။
လင်းဖန်မှာ ဖိတ်ကြားလွှာမပါတာာကိုမြင်တော့ ခပ်ဝဝ လုံခြုံရေးက သရော်လိုက်ပါသည်။
"ဖိတ်ကြားလွှာ မရှိဘူးဆိုတော့ အဆင့်အတန်း မရှိတဲ့သဘောပေါ့။ အစ်ကို ခင်ဗျားကို ခြောက်တာတော့ မဟုတ်ပါဘူး။ ဒီနေရာက ဘယ်လို နေရာမျိုးလဲ ခဏလောက် ကြည့်လိုက်ပါဦး။ ကျန်းမြို့တော်ရဲ့ ထိပ်တန်း တန်ဖိုးအကြီးဆုံး ကြယ် ၅ ပွင့် ဟိုတယ်တစ်ခုပဲ။ ဒါ အထက်တန်းလွှာ အသိုင်းအဝိုင်းအတွက်ပဲ။ လူတိုင်း လာနိုင်တဲ့ နေရာ မဟုတ်ဘူး" ခပ်ဝဝ လုံခြုံရေးက ပြုံးကာ တံခါးနားတွင် ရပ်နေပါသည်။
"မြန်မြန်သွားတော့လေ။ ဖိတ်ကြားလွှာ မပါရင် လမ်းပိတ်ရပ်မနေနဲ့" ခပ်ဝဝလုံခြုံရေးက အနည်းငယ် စိတ်မရှည်ဖြစ်လာပါသည်။
စုမူချင်းက ဒေါသထွက်လွန်းသဖြင့် ခြေထောက်ကို ဆောင့်လိုက်သည်။
သာမန်လူတွေလည်း ကြယ် ၅ ပွင့်ဟိုတယ်ကို ဝင်လို့ ရသည်။ သို့သော်လည်း သူကတော့ အထက်တန်းလွှာအသိုင်းအဝိုင်းဟု ပြောသွားသေးသည်။
ဒီလုံခြုံရေးအစောင့်က သာမန်ဝန်ထမ်းတစ်ယောက် မဟုတ်ဘူးလား။