ဘော့စ်လင်းက Alibaba ရဲ့ ဒုဥက္ကဌ
Vol. 28 Ch. 415
စုမူချင်းက တစ်ခုခုပြောဖို့ကြံလိုက်စဉ် လင်းဖန် တားလိုက်သည်။
လင်းဖန် ဖုန်းယူကာ စီအီးအိုမာကို ဖုန်းဆက်ဖို့ ပြင်လိုက်၏။
သူ ဖုန်းမဆက်ခင် လင်းဖန် စုရှောင်းယွီကို မြင်လိုက်ရပါသည်။
လင်းဖန်ကို စုရှောင်းယွီမြင်လိုက်တော့ မျက်လုံးတွေ အရောင်လက်သွားရသည်။
စုရှောင်းယွီဘေးမှာ ရပ်နေတဲ့လူက သူမကို အချိန်မရွေး ကာကွယ်ပေးမည့် အရပ်ရှည်ရှည် သက်တော်စောင့်တစ်ယောက် ဖြစ်သည်။
"ဆရာ ဆရာ ~" လင်းဖန်ကို မြင်တော့ စုရှောင်းယွီ မျက်လုံးတွေ တောက်ပသွားပြီး အမြန်ပြေးလာခဲ့သည်။
"ဘာလို့ မဝင်တာလဲ ဆရာ" စုရှောင်းယွီ အပြေးသွားပြီး လင်းဖန်ကို မေးလိုက်ပါသည်။
"ဟယ်လို မိန်းကလေးစု" ခပ်ပိန်ပိန် လုံခြုံရေးနဲ့ ခပ်ဝဝ လုံခြုံရေးတို့ စုရှောင်းယွီကိုမြင်တော့ တလေးတစား နှုတ်ဆက်လိုက်ပြီး လျစ်လျူမရှုရဲကြပေ။
ဘာပဲဖြစ်ဖြစ် သူတို့ မန်နေဂျာဆီက သတင်းရထားပြီးသား ဖြစ်သည်။
သူတို့ အာရုံစိုက်ထားရမည့် လူတချို့ ရှိသည်။ လျစ်လျူရှုလို့ မဖြစ်ပါ။
ဒီမှာ စီးပွားရေး အကျော်အမော်များစွာ ရှိသဖြင့် လုံခြုံရေးအစောင့်တွေက အားလုံးကိုတော့ မမှတ်မိနိုင်ပေ။
ဒီကိုလာတဲ့ လူတိုင်းက စီးပွားရေ သန်းကြွယ်သူဌေးတွေ သို့မဟုတ် နယ်ပယ် တစ်ခုခုမှာ အောင်မြင်မှုရရှိထားသူတွေ ဖြစ်သည်။
ဒီပွဲစီစဉ်သူက လူ ၂ယောက်ကို လျစ်လျူမရှုထားဖို့ သူတို့ကို အထူးညွှန်ကြားထားသည်။
တစ်ယောက်က စီအီးအိုမာ ဖြစ်ပြီး နောက်တစ်ယောက်က စုရှောင်းယွီ ဖြစ်ပါသည်။
စုရှောင်းယွီကိုမြင်တော့ လုံခြုံရေးအစောင့်တွေ မျက်လုံးတောင် မဖွင့်ရဲကြတော့ပါ။။
ကမ္ဘာပေါ်က အချမ်းသာဆုံးလူရဲ့ သမီး စုရှောင်းယွီ ဖြစ်၏။
သူမက တရုတ်နိုင်ငံ၏ နာမည်ကြီး စုမိသားစုမှ လာခဲ့သူလည်း ဖြစ်သည်။ တခြားမိသားစုတွေ အားလုံးရဲ့ အထက်မှာ ရှိနေတဲ့ ထိပ်တန်းမိသားစုတစ်စု ဖြစ်ပါသည်။
တရုတ်နိုင်ငံအပေါ် စုမိသားစုရဲ့ထောက်ပံ့မှုများက စီးပွားရေးသဘောဖြင့်ပင် ဖော်ပြလို့ မရတော့ပါ။
စုမိသားစုရဲ့ ကျေးဇူးကြောင့် တရုတ်နိုင်ငံမှာ ဒုတိယ အကြီးမားဆုံး GDP ဖြစ်လာသည်ဟုပင် ဆိုနိုင်သည်။
ကမ္ဘာ့အချမ်းသာဆုံးလူက ဘီလ်ဂိတ်ဖြစ်ရမှာ ဖြစ်သော်လည်း တရုတ်နိုင်ငံမှာ ဉာဏ်ကြီးရှင် ကောင်မလေးတစ်ယောက်ပေါ်လာပြီး သူ့ရဲ့ အုပ်စိုးမှုကို နှောင့်ယှက်ခဲ့သည်။
စုရှောင်းယွီပေါ်လာကတည်းက ကမ္ဘာ့အချမ်းသာဆုံးလူမှာ တရုတ်နိုင်ငံက ဖြစ်သွားသည်။
စုရှောင်းယွီက ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး နိုင်ငံခြားမှ ဖိတ်ကြားမှုကို ခံခဲ့ရသူ ဖြစ်သည်။ လစာမြင့်မြင့်နဲ့ တစ်သက်တာ နေထိုင်ခွင့်ကတ်ပါ ပေးခဲ့သော်လည်း သူမ တရုတ်နိုင်ငံမှာပဲ ဆက်နေခဲ့ပါသည်။
စီးပွားရေးလောကထဲက ထွက်သွားတာကြာပြီဖြစ်သည့် စုရှောင်းယွီက ဒီနေ့ ပြန်ထွက်ပေါ်လာခဲ့သည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းမိသားစုတွေထဲက တစ်စုဖြစ်သည့် စုမိသားစုက ဒီလုပ်ငန်းတွေ့ဆုံပွဲကို တက်ရောက်သည်။
စုရှောင်းယွီကိုယ်တိုင် တက်ရောက်လာပါသည်။
စုရှောင်းယွီကိုမြင်လိုက်တော့ လုံခြုံရေးအစောင့်နှစ်ယောက်ရဲ့ မျက်နှာထားတွေ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပါသည်။
သူမက ဘော့စ်ကြီးတစ်ယောက် ဖြစ်သည်။
စီအီးအိုမာထက်တောင် သူမက အံ့သြဖို့ ပိုကောင်းပါသည်။
လုံခြုံရေးအစောင့်နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
လခွမ်း...
စုရှောင်းယွီက အရမ်းလှတာပဲ။
သူမက အသက် ၂၀ ဝန်းကျင်သာ ရှိသေးသော်လည်း အောင်မြင်မှုများစွာကို ရရှိခဲ့သည်။ သူမ ဘဝရဲ့ အထွတ်အထိပ်ကိုရောက်ရှိသွားပြီဟုပင် ဆိုနိုင်သည်။
စုရှောင်းယွီ တံခါးနားကိုရောက်သောအခါ ဘာတွေ ဖြစ်နေသလဲ နားလည်သွားပါသည်။
စုရှောင်းယွီက လင်းဖန်ရဲ့ လက်မောင်းကို ကိုင်ပြီး ပြောလိုက်သည်။ "ဒီလူက ကျွန်မရဲ့ ဆရာပဲ~ ဖိတ်ကြားလွှာ မရှိလည်း သူ ဝင်လို့ ရတယ်။ အဆင်ပြေရဲ့လား"
စုရှောင်းယွီက ပိန်ပိန်၊ ဝဝ လုံခြုံရေး နှစ်ယောက်ကို ကြည့်လိုက်သည်။ သူမရဲ့ အပြစ်ကင်းစင်တဲ့ ပုံစံ လုံးဝ ပျောက်ကွယ်သွားသည်။ သူမ အနည်းငယ် အေးစက်သွားပါသည်။
ဒီလုံခြုံရေးနှစ်ယောက်က လင်းဖန်ကို ပြဿနာရှာနေမှန်း သူမ သိပါသည်။
လင်းဖန်ကို သူများတွေ ပြဿနာရှာတာကို သူမ မကြိုက်ပါ။ ပြဿနာရှာရဲပါက ကျိန်းသေပေါက် သူမ ပြန်တုန့်ပြန်ပါမည်။
သူမတကယ် တုန့်ပြန်ပါက ဒီလုံခြုံရေး ၂ ယောက် လုံးဝ ပျောက်ကွယ်သွားနိုင်သည်။
စုရှောင်းယွီက ပုံမှန်ဆို အလွန်သဘောကောင်းပါသည်။ သို့သော်လည်း လင်းဖန်နဲ့ ပတ်သက်လာရင်တော့ သူမ သဘောကောင်းတာ ပျောက်ကွယ်သွားလိမ့်မည်။
လင်းဖန်ကို မည်သည့် ခံယူချက်မှ မထားဘဲ ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် တံခါးမှာ ရပ်ရင်း သူမ ဒေါသထွက်နေပါသည်။
လင်းဖန်ကို လူတွေအများကြီးရှေ့မှာ သူတို့ အရှက်ခွဲခဲ့ကြသည်။ ထို့အပြင် ဒီ ခပ်ဝဝ လုံခြုံရေး အစောင့်က လင်းဖန်ကို မဟုတ်တဲ့စကားတောင် ပြောခဲ့ပါသည်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လင်းဖန်က စုရှောင်းယွီရဲ့ ခေါင်းကို ပုတ်ကာ ပြောလိုက်ပါသည်။
"လုံခြုံရေးအစောင့်တွေကို အတည်မယူပါနဲ့။ ငါတို့ ဝင်လို့ရရင် တော်ပြီပေါ့။ လုပ်စရာ အရေးကြီး ကိစ္စတွေ ရှိသေးတယ် မဟုတ်ဘူးလား"
လင်းဖန်ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆို ဒီလုံခြုံရေး အစောင့်နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်လို့ ရပါသည်။ သို့သော်လည်း လုပ်ဖို့ မလိုပါ။
လင်းဖန်စကားကိုကြားမှ စုရှောင်းယွီ မျက်တောင်ခတ်ကာ နာခံစွာဖြင့် ခေါင်းငြိမ့်လိုက်၏။ "သိပါတယ် သိပါတယ်။ ဆရာပြောတာ မှန်တယ်။ အထဲဝင်ကြစို့"
ပုလဲဟိုတယ်ထဲကိုရောက်သောအခါ ဘယ်လောက် ခမ်းနားကြီးကျယ်မှန်း လင်းဖန် မြင်လိုက်ရသည်။
ပုလဲဟိုတယ်ရှိ စီးပွားရေး အကျော်အမော်များစွာက လင်းဖန်ကို ချက်ချင်း မှတ်မိသွားကြသည်။
ထိုအချိန်တွင် စီးပွားရေး အကျော်အမော်များ မျက်လုံးပြူးသွားကြပါသည်။
လင်းဖန်ဘေးမှာ ရပ်နေတဲ့ ကောင်မလေးက စုရှောင်းယွီ မဟုတ်ဘူးလား။
လင်းဖန်ရဲ့ သရုပ်မှန်နဲ့ နောက်ခံအင်အားတို့ကို အသာထား၊ ဘေးမှာ စုရှောင်းယွီရပ်နေပြီး သူနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတာကို မြင်ရတာနဲ့တင် ထိုစီးပွားရေးအကျော်အမော်ကြီးများ လင်းဖန်ကို လေးစားသွားရပါသည်။
စုရှောင်းယွီနဲ့ ရင်းနှီးတဲ့လူကို ဘယ်သူက တိုက်ခိုက်ရဲမှာလဲ။
စုရှောင်းယွီက ပြုံးလိုက်ပြီး ချစ်စရာ အမူအရာလေး လုပ်ပြလိုက်သည်။ "ဆရာ ငါအလုပ်သွားလုပ်လိုက်ဦးမယ်။ နောက်မှ တွေ့မယ်~ နားဖို့ နေရာတစ်ခုခုရှာလိုက်နော်~"
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ"
စုရှောင်းယွီကို မြင်တော့ လင်းဖန်ရဲ့ ရင်ထဲ နွေးထွေးသွားရသည်။
ကောင်းရုန်လည်း ဒီလုပ်ငန်းတွေ့ဆုံပွဲကို ရောက်လာမှာ သူသိပါသည်။
ထို့အပြင် သူတို့ အဆက်အသွယ်တိုးချဲ့တာကလွဲပြီး ဒီလုပ်ငန်းတွေ့ဆုံပွဲက လူတွေကို သိမ်းသွင်းဖို့ နေရာကောင်းတစ်ခုလည်း ဖြစ်သည်။
ဒီလုပ်ငန်းတွေ့ဆုံပွဲမှာ ကောင်းရုန်နဲ့ သူ စတင် တိုက်ခိုက်နေပါပြီ။
စုရှောင်းယွီ ရောက်လာခြင်းက သူမရဲ့ သဘောထားကို ကိုယ်စားပြုသည်။
သူမ အလုပ်များနေရသည်။ လင်းဖန်နဲ့ ကောင်းမိသားစုတို့ ပဋိပက္ခ စဖြစ်ကတည်းက ကောင်းရုန်ကို ဘယ်လို အနိုင်ယူရမလဲ သူမ စဉ်းစားနေတာ ဖြစ်နိုင်သည်။
ဒီနေ့ည လင်းဖန် မတိုက်ခိုက်ရင်တောင် ကောင်းရုန် ဆိုးဆိုးရွားရွား အခြေအနေထဲ ကျရောက်သွားတော့မည်ဟု ခံစားလိုက်မိသည်။
စုရှောင်းယွီတောင် ဒီကို ရောက်လာသဖြင့် ကောင်းရုန် ဘာဖြစ်သွားနိုင်မလဲ။
အရင်တုန်းက စုရှောင်းယွီ ဘာမှ သိပ်ပြီး ဂရုမစိုက်တတ်ပါ။ သူမ သကြားလုံးကိုင်ရင်း လင်းဖန်ဘေးမှာ ထိုင်နေလိမ့်မည်။ တစ်ခါတစ်လေ သခွားသီး၊ စပျစ်သီးများ စားပြီး ဓာတ်ပုံ ရိုက်လိမ့်မည်။
ဒီနေ့လင်းဖန်ရှေ့မှာ သူမက အတူတူပဲဖြစ်သော်လည်း စုရှောင်းယွီရဲ့ အရှိန်အဝါက လုံးဝ ခြားနားနေသည်ဟု လင်းဖန် ခံစားမိသည်။
လင်းဖန် ဝင်သွားပြီး သိပ်မကြာခင် တံခါးနားက လုံခြုံရေးနှစ်ယောက် ချွေးစေးတွေ ထွက်သွားရသည်။
သူတို့ အခုလေးတင် စုရှောင်းယွီကို စော်ကားမိတော့မလို ဖြစ်သွားခဲ့၏။
စုရှောင်းယွီသာ သူတို့ကို ပြဿနာ တကယ် ရှာလာပါက သူတို့ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ပါ။
"ခုနကလူက ဘယ်သူလဲ။ စုရှောင်းယွီက သူ့လက်ကို တွဲထားတယ်..." ပိန်ပိန်ပါးပါး လုံခြုံရေးအစောင့်က ပြောလိုက်သည်။
ခပ်ဝဝ လုံခြုံရေးကလည်း မှင်သက်သွားရသည်။ "မဖြစ်နိုင်တာ။ ခုနက လူက ဘော့စ်ကြီးတစ်ယောက်လား။ ဒါပေမယ့် သူ့ကို တစ်ခါမှလည်း မမြင်ဖူးပါဘူး"
လင်းဖန်က စူပါစတားတစ်ယောက် ဖြစ်သော်လည်း ဆယ်လီတွေအကြောင်း မသိသူတွေတော့ ရှိပါသေးသည်။
ထိုအချိန်တွင် မန်နေဂျာ ရောက်လာပြီး ခပ်ဝဝ လုံ့ခြုံရေးအစောင့်ကို မျက်နှာခက်ထန်စွာဖြင့် ပြောလိုက်ပါသည်။ "မင်းတို့ ခုနက ဘယ်သူ့ကို စော်ကားလိုက်တာလဲ သိရဲ့လား။ ကံကောင်းလို့ ဘော့စ်လင်းက ပြဿနာထပ်မရှာလို့ပဲပေါ့။ မဟုတ်ရင်... ပုလဲဟိုတယ်တစ်ခုလုံး မင်းကြောင့် သောက်ပြဿနာတက်တော့မှာပဲ"
မန်နေဂျာ အလွန် ဒေါသထွက်သွားသည်။ ဒီလုံခြုံရေး နှစ်ယောက်ကို တံခါးနားမှာ သူ ရပ်ခိုင်းထားတာ ဖြစ်သည်။ သို့သော် ခပ်ဝဝလုံခြုံရေးက လင်းဖန်ကို စော်ကားခဲ့ပါသည်။
ခပ်ဝဝလုံခြုံရေးက တုန်လှုပ်သွားရသည်။ မန်နေဂျာကို ကြည့်ကာ ပြောလိုက်၏။
"မန်နေဂျာကြီး။ ကျွန်တော် စုရှောင်းယွီကိုတော့ သိပါတယ်။ ဒါပေမယ့် အဲ့ဒီလင်းဖန်က ဘာမှ ထူးခြားတဲ့ ပုံစံမပေါက်ဘူးလေ။ ရုပ်ချောတာပဲ ရှိတယ်။ အလွန်ဆုံး ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်ပဲ နေမှာပေါ့။ ကျွန်တော်က စည်းကမ်းအတိုင်း လိုက်နာခဲ့တာပါ။ သူ့မှာ ဖိတ်ကြားလွှာလည်း ပါမလာဘူးလေ"
မန်နေဂျာက သူ့ကို စိုက်ကြည့်လိုက်သည်။ "ပါးစပ် ပိတ်ထားစမ်း။ ဘော့စ်လင်းက ကျားရှင်းဖျော်ဖြေရေးရဲ့ စီအီးအိုကွ။ အဲ့ဒါ ၃ ဘီလီယံ စျေးကွက်တန်ဖိုး ရှိတဲ့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကွ။ သူက Estee Lauder ရဲ့ ဥက္ကဌလည်း ဟုတ်တယ်။ မင်း Estee Lauder တော့ ကြားဖူးတယ်မလား။ ပြီးတော့ LV ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်၊ Chanel ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်၊ Bugatti ရဲ့ တတိယအများဆုံးရှယ်ယာဝင်လည်း ဟုတ်တယ်။ အဲ့ဒီအပြင် ဘော့စ်လင်းက Alibaba ရဲ့ ဒုဥက္ကဌလည်း ဟုတ်တယ်။ မင်းက Alibaba ရဲ့ ဒုဥက္ကဌကို စော်ကားလိုက်တာပဲ။ လင်းဖန်သာ ခုနက ပြဿနာကို ထပ်ရှာရင် မင်းတစ်ယောက်တည်း မဟုတ်ဘူး ငါတို့ ဟိုတယ်တစ်ခုလုံး ပွဲသိမ်းသွားလိမ့်မယ်"
"အခုချိန်ကစပြီး မင်းလစ်လိုက်တော့။ ဒီလ မင်းလစာလည်း လျှော့ခံရမယ်။ မင်းကို သင်ခန်းစာ ပေးမှ ရမယ်။ ဘော့စ်လင်း ဘေးမှာလည်း စုရှောင်းယွီ ပါလာတယ်။ သူ မင်းကို ပစ်မှတ်ထားရင် မင်း ပြာပုံ ဖြစ်သွားရင်တောင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး" မန်နေဂျာက ပြောလိုက်ပြီး ခပ်ဝဝလုံခြုံရေးကို မောင်းထုတ်လိုက်ပါသည်။
ခပ်ဝဝလုံခြုံရေးလည်း မန်နေဂျာ၏ စကားကို ကြားပြီး ရီဝေသွားသည်။
လင်းဖန်ကို သာမန်လူတစ်ယောက်ဟု သူထင်ခဲ့မိသည်။ အလွန်ဆုံး ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
လင်းဖန် ဒီလောက် တော်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ခုနက တကယ့် စူပါဘော့စ်ကြီးတစ်ယောက်ကို တိုက်ခိုက်မိတော့မလို ဖြစ်သွားခဲ့ပါသည်။