← Chapters

အရှက်ခွဲခံချင်နေတယ်

Vol. 28 Ch. 417

အရှက်ခွဲခံချင်နေတယ်

Vol. 28 Ch. 417

စုမူချင်းက အမြန်တုန့်ပြန်လိုက်သည်။ သူမ ခါးကိုင်းလိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။ "ဟယ်လို ဘာအကြောင်းပဲဖြစ်ဖြစ် ဘော့စ်လင်းကို အရင်လွှတ်လိုက်လို့ရမလားဟင်"

စုမူချင်းရဲ့ စကားကို ကြားတော့ ထိုမိန်းမက လင်းဖန်ရဲ့ ပေါင်ကို ပိုတင်းတင်းကြပ်ကြပ်ပင် ဖက်လိုက်ပါသေးသည်။ "ဂရုမစိုက်ဘူး။ လင်းဖန်၊ ရှင်လုပ်ခဲ့တာအတွက် တာဝန်ယူရမယ်။ ကျွန်မဗိုက်ထဲက ကလေးအတွက် တာဝန်ယူရမယ်။ ကျွန်မကို စွန့်ပစ်လို့ မရဘူး"

သူမ အပြစ်ကျူးလွန်ခံရသူတစ်ယောက်လို စတင်ပြုမူသောအခါ စုမူချင်းလည်း လင်းဖန်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပါသည်။ သူမ ဒီမိန်းမကို မောင်းမထုတ်နိုင်ပါ။

လင်းဖန်ရဲ့မျက်နှာထားက ပြောင်းလဲသွားခြင်း မရှိဘဲ ပြောလိုက်သည်။ "မဒမ်။ ကျွန်တော် ခင်ဗျားကို မသိဘူး။ ခင်ဗျား ပြောစရာရှိရင် အရင်ဆုံး မတ်တပ်ရပ်ပေးပါလား"

ထိုစကားကိုကြားသောအခါ အမျိုးသမီးက ငိုကြွေးလေသည်။ "ကျွန်မကို ရှင် မလိုချင်တော့တာ။ ဂရုမစိုက်ဘူး။ ကျွန်မကိုမှ ရှင် အလိုမရှိတော့တာ။ ကျွန်မကို မသိဘူးလို့တောင်ပြောတယ်။ ကျွန်မဗိုက်ထဲက ကလေးကကော။ ကျွန်မက အသက်မရှင်ချင်တော့ဘူး။ သေချင်တယ်... ကျွန်မကို ဘယ်သူမှ လာမတားကြနဲ့..."

လင်းဖန်ရဲ့ အကြည့်က တည်ငြိမ်နေပြီး ပြုံးလိုက်ပါသည်။ "အရင် မတ်တပ်ရပ်လိုက်ပါ။ အများကြီး မစဉ်းစားပါနဲ့။ အသက်ရှင်နေရတာ မကောင်းဘူးလား"

အမျိုးသမီးက ထပ်ပြီး အရှက်မဲ့စွာ ပြုမူဖို့ ပြင်လိုက်စဉ် လင်းဖန် မေးလိုက်သည်။ "ကလေးက ဘယ်နှလ ရှိပြီလဲ"

လင်းဖန်ပြောတာကိုကြားသောအခါ မီဒီယာတွေ တုန်လှုပ်သွားကြပြီး အနားတိုးလာကြသည်။ လင်းဖန် ဝန်ခံတော့မှာလား။

ကောင်းရုန်ရဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခု ပေါ်လွင်နေပြီး လင်းဖန်ကိုကြည့်ကာ ခေါင်းခါလိုက်ပါသည်။ လင်းဖန်က ဒီလောက် တုံးအပြီး ကိုယ့်သေတွင်းကိုယ် တူးချင်နေမှန်း သူ မသိခဲ့ပါ။

လင်းဖန် တကယ်ပဲ တခြားမိန်းမတွေနဲ့ ပတ်သတ်နေတာလား။

အမျိုးသမီးက ခေတ္တ ကြက်သေ သေသွားပြီး ပြန်ဖြေလိုက်သည်။

"၅ လ"

လင်းဖန်က ဆက်မေးသည်။ "ဒါဆို ကျွန်တော်တို့ လွန်ခဲ့တဲ့ ၅ လတုန်းက အတူတူ အိပ်ခဲ့ကြတာပေါ့"

အမျိုးသမီးက ခေါင်းငြိမ့်သည်။ "ဟုတ်တယ်။ အဲ့တုန်းက ရှင် ကျွန်မအဝတ်အစားတွေကို ချွတ်ပြီး တစ်သက်လုံး တာဝန်ယူပေးပါ့မယ်လို့ ပြောခဲ့တာ။ နောက်ဆုံးတော့ အတူတူ အိပ်ပြီးသွားတော့ ကျွန်မကို အလိုမရှိတော့ဘူး။ အီးဟီးဟီး"

လင်းဖန် ထပ်မေးလိုက်သည်။ "လွန်ခဲ့တဲ့ ၅ လ ဘယ်နှရက်နေ့ကလဲ။ ဘယ်မှာ အိပ်ခဲ့တာလဲ"

အမျိုးသမီးက ဝမ်းနည်းစွာ ပြောလိုက်သည်။ "ရှင် ဘာလို့ မေးခွန်းတွေထပ်မေးနေတာလဲ။ မေလ ၁၂ ရက်နေ့။ ရှင့်အိမ်ကိုတောင် လာခဲ့သေးတယ်။ ကျွန်မကို အဲ့ဒီပြိုင်ကားနဲ့ ခေါ်လာတာလေ။ မေ့သွားပြီလား"

လင်းဖန် ပြုံးပြီး ပြောလိုက်သည်။ "သြော်။ မေလ ၁၂ ရက်နေ့တုန်းက ကျွန်တော် ဘဝရဲ့ပျော်ရွှင်မှု Season 1 ကို ရိုက်ကူးနေတာပါ။ ခင်ဗျားကို အိမ်ခေါ်သွားဖို့ ဘယ်မှာ အချိန်ရှိလို့လဲ"

အမျိုးသမီး ကယောင်ချောက်ချားဖြစ်သွားကာ ပြောလိုက်ပါသည်။ "ကျွန်မ ဘယ်နေ့လဲဆိုတာ မေ့သွားတာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မေလပဲ။ နေ့တွေ အများကြီးရှိတာကို ဘယ်လိုလုပ် သေသေချာချာ မှတ်မိမှာလဲ"

လင်းဖန်ပြောလိုက်သည်။ "မေလ တစ်လလုံး ကျွန်တော် ရှန်ဟိုင်းမြို့မှာ မရှိဘူး။ နေ့တိုင်း ရိုက်ကူးရေးမှာ ဒါရိုက်တာတွေနဲ့ အလုပ်များနေပြီး ရိုက်ကူးရေးမှာပဲ အိပ်ခဲ့တာ။ ဘယ်မှာ အိပ်တာလဲဆိုတာကို မမှတ်မိဘူးလို့တော့ မပြောနဲ့နော်"

အမျိူးသမီးက ပြောလိုက်သည်။ "အီးဟီးဟီး ရှင်ကျွန်မကို တကယ်မလိုချင်တော့တာပဲ။ ဧပြီလတုန်းကလည်း ကျွန်မနဲ့ အိပ်ခဲ့သေးတယ်။ မေ့သွားပြီလား။ ပြီးတော့ ဇွန်လတုန်းကလည်း အတူတူ ရှိခဲ့တယ်။ ဘယ်နေရာမှာလဲဆိုတာတော့ မေ့သွားပြီ။ ကျွန်မတို့ အကြိမ်ပေါင်းများစွာ အိပ်ခဲ့ကြတာ ဘယ်လိုလုပ် မှတ်မိမှာလဲ"

လင်းဖန် ပြန်ပြောလိုက်သည်။

"မဒမ် ကျွန်တော် ဧပြီလတုန်းကလည်း စားသောက်ဆိုင် နေ့တိုင်း ဖွင့်ပြီး အလုပ်ကို မရပ်မနား လုပ်ခဲ့ရတာပါ။ ညဘက်အိမ်ပြန်လာတိုင်းလည်း လုံခြုံရေးဝန်ထမ်းတွေက သက်သေအဖြစ် မှတ်တမ်းတွေ၊ ဗီဒီယိုဖိုင်တွေကို သိမ်းထားပေးတယ်။ ဇွန်လတုန်းကလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီနဲ့ ဘဝရဲ့ပျော်ရွှင်မှု နောက်ဆက်တွဲ ထုတ်လုပ်ရေးတွေအတွက် ကျွန်တော် အလုပ်များနေခဲ့တာပါ။ ကျွန်တော် အတူတူ အိပ်ချင်ရင်လည်း ညဘက်မှာ ကျွန်တော့် ကောင်မလေးနဲ့ပဲ အတူတူ အိပ်မှာပေါ့။ ခင်ဗျားကို တွေ့ဖို့ ဘယ်မှာ အချိန်ရှိမှာလဲ"

ထိုစကားကိုကြားသောအခါ အမျိုးသမီး ကယောင်ချောက်ချား ဖြစ်သွားခဲ့ပါသည်။

လင်းဖန်မေးတာကို ဘယ်လို ဖြေရမှန်း မစဉ်းစားခဲ့ပါ။

အမျိုးသမီးက ပြောလိုက်သည်။ "ရှင် အခု ကတ်သီးကတ်ဖဲ့တွေ လိုက်ပြောနေတာ။ ရှင် ကျွန်မနဲ့ အကြိမ်ကြိမ် အိပ်ခဲ့တယ်။ မေ့သွားပြီလား။ ကျွန်မလက်ကိုတွဲပြီး အဲ့ဒီစကားချိုချိုလေးတွေ အကြိမ်ကြိမ် ပြောခဲ့တာလေ"

လင်းဖန် ပြောလိုက်သည်။ "အဲ့တုန်းက ကျွန်တော် ကြယ်ပွင့်တစ်ပွင့် ဖြစ်နေပြီ။ အင်တာနက်ပေါ်ကလူတိုင်း ကျွန်တော့်ကို သိကြတယ်။ ကျွန်တော်ပြိုင်ကားမောင်းသွားရင်တောင် ကျွန်တော့်နောက်ကို လိုက်လာတဲ့လူတွေ ရှိတယ်။ ခင်ဗျားနဲ့ လက်တွဲပြီး အကြိမ်ကြိမ် တွဲသွားတွဲလာလုပ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ ဓာတ်ပုံတွေကို ရိုက်ထားတဲ့ ပရိတ်သတ် မရှိဘူးလား"

ထိုအချိန်တွင် စုမူချင်းက လင်းဖန်ဘေးကို လျှောက်လာပြီး အမျိုးသမီးရဲ့ လက်ကို ဆွဲခွာလိုက်သည်။ သူမ ပြောလိုက်သည်။ "မဒမ်။ ရှင် ကောလဟာလတွေနဲ့ နာမည်ဖျက်ဖို့၊ လုပ်ကြံ အလိမ်အညာတွေ ပြောဖို့ ခိုင်းစေခံထားရတယ်လို့ သံသယဖြစ်မိတယ်။ ဘော့စ်လင်းရဲ့ ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား လာဖျက်ဆီးနေတာပဲ။ တရားဥပဒေအရ အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ်အထိ ထောင်ကျနိုင်တယ်နော်"

"ရှင့်ကလေးက ၆ လတောင်ရှိနေပြီပေါ့။ နောက် ၄ လနေရင် မွေးတော့မယ်။ အဲ့ကျရင် ဘော့စ်လင်းနဲ့ DNA စစ်ကြည့်လိုက်လေ။ ဘော့စ်လင်းရဲ့ ကလေး မဟုတ်ဘူးဆိုရင် ရှင်က ကောလဟာလတွေ လျှောက်ဖြန့်နေပြီး သူ့ကို လုပ်ကြံစွပ်စွဲနေတယ်လို့ အတည်ပြုလို့ ရပြီ။ ဒါပေမယ့် အဲ့ဒီအချိန်ကျရင် ဘော့စ်လင်းကို လျော်ကြေး သန်းရာချီပြီး ပြန်ပေးရလိမ့်မယ်" စုမူချင်း ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ အမျိုးသမီး လုံးဝ မှင်သက်သွားရလေသည်။

သူမသာ ထောင်ကျမယ်ဆို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ပါ။ လျော်ကြေးလည်း သန်းဆယ်ချီပြီး ပေးရဦးမည်။ သူမ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။

စုမူချင်းပြုံးကာပြောလိုက်သည်။ "မဒမ် လူများ မှားတာလာား။ ရှင်ပြောတာတွေက အမှန်တရားတွေ ဖြစ်ချင်ဖြစ်မှာပါ။ လူပဲမှားနေတာဖြစ်မယ်။ ရှင်နဲ့ အတူတူ အိပ်ခဲ့တဲ့လူ၊ ရှင့်ဗိုက်ထဲက ကလေးရဲ့ အဖေက လင်းဖန် မဟုတ်ဘူးးမလား"

စုမူချင်းစကားကိုကြားတော့ အမျိုးသမီး ခေါင်းအမြန်ငြိမ့်ပြလိုက်ပါသည်။ "ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ လူမှားသွားတာပါ"

အမျိုးသမီးရဲ့ စကားကို ကြားသောအခါ စုမူချင်းရဲ့ ပခုံးကို လင်းဖန် ပုတ်ပြီး ပြောလိုက်ပါသည်။

"ဒီလို အရေးကြီးတဲ့ ပွဲတော်မျိုးမှာ ဒီအမျိုးသမီးက လူမှန်ကိုတောင် မမှတ်မိဘူး။ သူ့မှာ စိတ်ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ် ထင်တယ်။ ဒါပေမယ့် မကြောက်ပါနဲ့။ အဲ့ဒီနယ်ပယ်ထဲက ကျွမ်းကျင်သူတွေနဲ့ ကျွန်တော်ရ င်းနှီးပါတယ်။ ခင်ဗျားကို အခမဲ့ ကုသပေးလိမ့်မယ်။ ရှန်ဟိုင်းမြို့မှာ စိတ်ကျန်းမာရေးဆေးရုံကြီး တစ်ခု ရှိတယ်။ ခင်ဗျား ၃ နှစ်လောက် သွားနေလိုက်ရင် အဆင်ပြေသွားမှာပါ"

စိတ်ကျန်းမာရေးဆေးရုံကြီးဆိုတာကို ကြားလိုက်ရသည့်အခါ အမျိုးသမီးရဲ့ မျက်လုံးထဲမှာ အကြောက်တရားတွေနဲ့ ပြည့်နှက်သွားရလေသည်။

ဘုရားရေ။

စိတ်ကျန်းမာရေးဆေးရုံကြီးတွေထဲက လူတွေက မကောင်းဆိုးဝါးတွေသာ ဖြစ်သည်။

သာမန်လူတစ်ယောက် ဝင်သွားရင်တောင် အချိန်တိုအတွင်း ရူးသွားလိမ့်မည်။

ထို့အပြင် သူမ ဝင်သွားပြီး ၃ နှစ်ကြာ ကုသခံရမည်ဖြစ်သည်။ သူမ ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။

ထိုအမျိုးသမီးက ကောင်းရုန်ကိုမြင်သွားပြီး သူ့ပေါင်ကို သွားဖက်လေသည်။ "စီအီးအိုကောင်း ရှင်ကျွန်မကို ဒီလို လုပ်ခိုင်းထားတာလေ။ ကျွန်မကို တာဝန်မယူလို့ မရဘူး။ ကျွန်မကို ကာကွယ်ပေးပါဦး။ ကျွန်မလုပ်ပေးရင် ယွမ် ၁၀၀,၀၀၀ ပေးမယ်ဆို"

အားလုံး ကောင်းရုန်ကို ကြည့်လိုက်ကြသည်။

ကောင်းရုန်ရဲ့ မျက်နှာထားက သရော်မှုမှ ရှက်ရွံ့မှုအဖြစ် ပြောင်းလဲသွားရလေသည်။

အရှက်ကွဲမယ့်လူက လင်းဖန် ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း စကား နည်းနည်းလေး ပြောလိုက်ရုံနဲ့ ဒီမိန်းမက သူ့ဘက် ပြန်လှည့်လာလိမ့်မည်ဟု မထင်ခဲ့မိပါ။

ယခုတော့ သူ အလွန် အရှက်ကွဲနေပါပြီ။

ကောင်းရုန်က အမျိုးသမီးရဲ့ ဗိုက်ကို ကန်ပြီး ပြောလိုက်သည်။ "ဒီမိန်းမ ရူးနေတာလား။ လူတိုင်းကို လိုက်ပြီး နာမည်ဖျက်နေတာလား။ သူ့ကို ချက်ချင်း စိတ်ကျန်းမာရေးဆေးရုံ ပို့လိုက်ကြစမ်း"

အမျိုးသမီးက သူမဗိုက်ကိုကိုင်ရင်း ကောင်းရုန်ကို ကြည့်လိုက်သည်။ သူမရဲ့ မျက်လုံးထဲက မျှော်လင့်ချက်များက စိတ်ပျက်အားလျော့မှုများအဖြစ် ပြောင်းလဲသွားရလေသည်။ "ကောင်းရုန် လင်းဖန်ကို နာမည်ဖျက်ဖို့ ရှင်ပဲ ခိုင်းခဲ့တာလေ။ အခုမှ ကျွန်မကို အသိအမှတ်မပြုတော့ဘူးလား။ သောက်ကောင် ရှင့်ကို အလွတ်မပေးဘူး။ အလွတ်မပေးဘူး။"

ထို့နောက် အမျိုးသမီးကို လုံခြုံရေးများ ဆွဲထုတ်သွားကြသည်။ ကောင်းရုန် ထိုအမျိုးသမီး ဆူငေါက်တာကို ခံခဲ့ရပါသည်။

အမျိုးသမီးကို အပြင်ဆွဲထုတ်သွားပြီးနောက် ဗိုက်အလွန်နာလာသဖြင့် ဆေးရုံပို့ပေးလိုက်ရသည်။ နောက်ဆုံးမှာတော့ ကလေးပျက်ကျသွားခဲဲ့ပါသည်။

တစ်ဖက်မှာတော့ ကောင်းရုန်က မျက်နှာအလွန်အကျည်းတန်နေပါသည်။ သူ့အင်္ကျီလက်ကို ဆွဲလှန်လိုက်ပြီး ထွက်သွားပါသည်။ "ကံဆိုးလိုက်တာ။ ဒီလိုလူမျိုးတွေက ဘာလို့သူများကို နာမည်ဖျက်ဖို့ပဲ သိတာလဲ။ ပထမတော့ လင်းဖန်ကို နာမည်ဖျက်တယ်။ ပြီးတော့ ငါ့ကို နာမည်ဖျက်တယ်။ ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်ကွာ"

ကောင်းရုန်ရဲ့ နောက်ကျောကိုကြည့်ရင်း စုမူချင်း ရယ်မောလိုက်ပါသည်။

"ဟီးဟီး..." စုမူချင်း ပြုံးလိုက်ပြီး လင်းဖန်ကို ပိုလေးစားသွားခဲ့သည်။

ကိုယ့်အရှက်ကိုယ်ခွဲတာဆိုတာ ဒါမျိုး ဖြစ်လိမ့်မည်။

All Chapters