ရှားဝမ်ချွေ့ ပေါ်လာခြင်း
Vol. 28 Ch. 418
အချိန်အတော်ကြာပြီးနောက်...
လုပ်ငန်းတွေ့ဆုံပွဲကြီး တရားဝင် စတင်တော့မည်။
လုပ်ငန်းနယ်ပယ်ပေါင်းစုံက အကျော်အမော်ကြီးတွေလည်း ပေါ်လာကြပါပြီ။
ခုနက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အားလုံးက ကိုယ့်ကိုယ်ကို အရှက်မခွဲမိအောင် နားလည်မှုဖြင့် နေကြသည်။
ဘာပဲဖြစ်ဖြစ် ကောင်းရုန်ရဲ့အဆင့်အတန်းနဲ့ဆို ဘယ်သူမှ သူ့ကို အလွယ်တကူ စော်ကားလို့မရပေ။
လင်းဖန်နဲ့ စုမူချင်းတို့ အတူတူ လျှောက်လာခဲ့ပြီး တစ်နေရာရာမှာ ထိုင်လိုက်ပါသည်။
စီးပွားရေးအကျော်အမော်ကြီးတွေ ပိုပိုပြီး ရောက်လာကြကာ လင်းဖန်နဲ့ ခွက်ချင်း လာတိုက်ကြသည်။
"ဟယ်လို ဘော့စ်လင်း။ ကျုပ်က ဟွာဝေးရဲ့ တာဝန်ရှိသူ တုန်းရုံပါ။ တွေ့ရတာဝမ်းသာပါတယ်။ ခင်ဗျားက အခု Alibaba ရဲ့ ဒုဥက္ကဌဖြစ်ပြီး ထိပ်တန်း ကုမ္ပဏီအများကြီးရဲ့ အဓိကရှယ်ယာဝင်လည်း ဖြစ်နေပြီ။ တကယ် အထင်ကြီးဖို့ ကောင်းပါတယ်" တုန်းရုံက အပြုံးဖြင့် ပြောလိုက်ပါသည်။
လင်းဖန်လည်း နွေးနွေးထွေးထွေး လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ "ဟယ်လို စီအီးအိုတုန်း။ ပြည်တွင်းထုတ် နာမည်ကျော်ဖုန်းတွေ ထုတ်လုပ်နိုင်တဲ့အတွက်လည်း ခင်ဗျားကို လေးစားပါတယ်။ ပြည်တွင်းထုတ်ဖုန်းတွေလည်း ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နေပြီး မကြာခင် ကမ္ဘာကျော်လာနိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ"
မကြာခင် နယ်ပယ်ပေါင်းစုံက အကျော်အမော်ကြီးများ လင်းဖန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ရောက်လာကြပြီး ဖန်ခွက်ချင်း တိုက်ကြသည်။
"ဘော့စ်လင်း ကျွန်တော်က Super Class Schedule ရဲ့ ဥက္ကဌ ပိုင်ရုံချန်းပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါက ခင်ဗျားကောင်မလေးလား။ တော်တော် လှတာပဲ" ပိုင်ရုံချန်းက စုမူချင်းကိုကြည့်လိုက်ပြီး ချီးကျူးလိုက်ပါသည်။
"ကျွန်တော့်ကောင်မလေး မဟုတ်ပါဘူး" လင်းဖန် ပြုံးကာ ပြန်ပြောလိုက်ပါသည်။ "ကျွန်တော့်လက်ထောက် စုမူချင်းပါ"
"ဟယ်လို မစ္စစု" ပိုင်ရုံချန်းက စုမူချင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေ တောက်ပသွား၏။
"ဟယ်လို စီအီးအိုပိုင်" စုမူချင်းက ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်ပါသည်။
အခုချိန်ဆို သူတို့ လက်ဆွဲနှုတ်ဆက်သင့်တာ ဖြစ်သော်လည်း စုမူချင်းက လက်မကမ်းသဖြင့် ပိုင်ရုံချန်းလည်း သူမနဲ့ လက်ဆွဲမနှုတ်ဆက်ခဲ့ပေ။
"ဟယ်လို ဘော့စ်လင်း။ ကျွန်တော်က အိမ်ခြံမြေလောကကပါ။ ကျွန်တော့်နာမည် ဟောက်ရှင်းပါ။ နောက်ကို အကူအညီ တစ်ခုခု လိုရင် ဘော့စ်လင်းကို အကူအညီတောင်းလို့ ရမလား"
"ဟယ်လို ဘော့စ်လင်း။ ကျွန်တော်က ဘဏ္ဍာရေးလောကထဲကပါ။ ကျွန်တော့်နာမည် ကျောက်ထျန်အန်းပါ။ တွေ့ရတာဝမ်းသာပါတယ်"
"ဟယ်လို ဘော့စ်လင်း..."
နယ်ပယ်ပေါင်းစုံက အကျော်အမော်ကြီးများ လင်းဖန်ကို မြင်သွားကြတော့ မျက်လုံးတွေမှာ လေးစားမှုများဖြင့် ပြည့်နှက်သွားကြသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က အသက်ငယ်ငယ်လေးနဲ့ Alibaba ဒုဥက္ကဌ ဖြစ်လာခဲ့တာ ဖြစ်သည်။
ဒီသရုပ်တစ်ခုတည်းနဲ့တင် လူတွေ ကိုးကွယ်သွားအောင် လုပ်နိုင်သည်။
Alibaba ရဲ့ဒုဥက္ကဌက စီအီးအိုမာလောက် နာမည်မကြီးသော်လည်း လင်းဖန်က ငယ်သေးသည်။
ယခုလင်းဖန်က စီအီးအိုမာထက် အသက် ၃၀ ပိုငယ်ပါသည်။
စီအီးအိုမာ အနာဂတ်မှာ ပင်စင်ယူသွားခဲ့လျှင် Alibaba ရဲ့ ဆက်ခံသူက လင်းဖန် ဖြစ်လာနိုင်ပါသည်။
ထို့အပြင် လင်းဖန်က Estee Lauder၊ LV နဲ့ Chanel တို့ရဲ့ အဓိကရှယ်ယာဝင်လည်း ဖြစ်သည်။
ရေမွှေးများ၊ လက်ဆွဲအိတ်များ၊ အလှကုန်ပစ္စည်းများ။ ထိုနယ်ပယ်တွေအတွင်းမှာ လင်းဖန်က အထွတ်အထိပ်ကို ရောက်နေပါပြီ။
မိန်းကလေးပေါင်းများစွာက လင်းဖန်ကို သဘောကျကြသည်။
မိန်းကလေးတွေက လက်ဆွဲအိတ်များ၊ ရေမွှေးများ၊ အလှကုန်ပစ္စည်းများ စသည်တို့ကို သဘောကျကြသည်။ လင်းဖန်က ထိုအရာတွေရဲ့ ပိုင်ရှင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အားလုံးရဲ့အမြင်မှာတော့ လင်းဖန်ရဲ့ အရည်အချင်းက စီအီးအိုမာနဲ့ မယှဉ်နိုင်သော်လည်း သူ့အနာဂတ် တိုးတက်ဖွံ့ဖြိုးမှုက လူပေါင်းမျာစွာထက် ကျော်လွန်နေပါပြီ။
စုမူချင်းလည်း လင်းဖန်ဘေးမှာ အမြဲတမ်း ရှိနေသည်။ တစ်ယောက်ယောက်က ဖန်ခွက်ချင်း တိုက်ဖို့ လာရောက်ကမ်းလှမ်းသည့်အခါ သူမ အနည်းငယ် သောက်ရသည်။
အရက်ကောင်းကောင်း မသောက်နိုင်သည့် စုမူချင်းက ဝိုင်နီတချို့ သောက်ပြီးနောက် ပါးတွေ နီမြန်းလာပါသည်။
မြင်ကွင်းက အလွန်လှပသည်။
လင်းဖန်က စုမူချင်းကိုကြည့်ပြီး ပြုံးလိုက်ပါသည်။ "နင် သောက်စရာ မလိုတော့ပါဘူး။ ထပ်သောက်ရင် နောက်ပိုင်း ငါ့ကို မကူညီနိုင်ဘဲ နေလိမ့်မယ်"
စုမူချင်းက သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။ "မဟုတ်ပါဘူး။ ဒီဝိုင်အရသာက... ကောင်းလို့ပါ"
ထို့နောက် စီးပွားရေးသန်းကြွယ်သူဌေးကြီးတစ်ယောက်က လုပ်ငန်းတွေ့ဆုံပွဲအတွက် စကားပြောကြားခဲ့သည်။
တချို့က အဆက်အသွယ်တွေ တိုးချဲ့ဖို့ ကြိုးစားနေကြပြီး တချို့ကတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြပါသည်။
အနှစ်ချုပ်အားဖြင့်ဆိုရလျှင် ဒီလောကထဲမှာ ဘော့စ်ကြီးများစွာက တစ်ယောက်နဲ့ တစ်ယောက် သိတာ များကြသည်။ ထို့ကြောင့် အဆက်အသွယ် တည်ဆောက်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်ပါသည်။
နောက်ပိုင်း ကုမ္ပဏီ တစ်ခုခုက ပြဿနာတက်လာလျှင် ကူညီပေးမယ့်လူ ရှိပြီးသား ဖြစ်သည်။ ဒါက အဆက်အသွယ်ရှိခြင်းရဲ့ အကျိုးကျေးဇူး ဖြစ်ပါသည်။
အမှန်ပင်။ အထက်တန်းစားတွေရဲ့ တွေ့ဆုံပွဲလည်း ဖြစ်သည်။ ဘော့စ်ကြီးများက လုပ်ငန်းပူးတွဲလုပ်ဆောင်ဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါသည်။
လက်တွေ့မှာတော့ ဒီကိုလာတဲ့ ဘော့စ်ကြီးများက တစ်ယောက်နဲ့ တစ်ယောက် အလုပ်အကြောင်း ဆွေးနွေးကြသည်။ သို့သော်လည်း လင်းဖန်ကို စကားလာပြောနိုင်တဲ့လူကတော့ ပိုနည်းပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်ရဲ့ လက်ရှိ ဖျော်ဖြေရေး ကုမ္ပဏီများက တက်သစ်စတွေကို ပျိုးထောင်ဖို့နဲ့ မြေတောင်မြှောက်ပေးဖို့ အဓိက အာရုံစိုက်ထားတာသာ ဖြစ်သည်။
Estee Lauder, LV နဲ့ Chanel တို့မှာလည်း ပြည့်စုံတဲ့ ပုံစံကွက်နဲ့ စျေးကွက်တွေ ရှိပြီးသား ဖြစ်သည်။
လင်းဖန်က ထိုကုမ္ပဏီတွေနဲ့ ပတ်သတ်ပြီး စိတ်ပူဖို့ မလိုပါ။ နှစ်တိုင်း အကျိုးအမြတ်တွေ အများကြီး ရနိုင်သည်။
ဘော့စ်ကြီးများစွာက လင်းဖန်နဲ့ မိတ်ဆွေ လာဖွဲ့ကြသည်။ သို့သော်လည်း စကားအများကြီးတော့ မပြောနိုင်ခဲ့ပါ။
စကားပြောနေကြစဉ် ရုတ်တရက် အားလုံး ငြိမ်ကျသွားသည်။
အားလုံး ထွက်ပေါက်ကို ကြည့်လိုက်ကြ၏။
လူတစ်ယောက် ထွက်လာတော့ အားလုံး မှင်သက်သွားကြသည်။
ကောင်းရုန် ထွက်လာပါပြီ။
ကောင်းကော်ပိုရေးရှင်းက ကျန်းမြို့တော်မှာ အကြီးမားဆုံး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ကျန်းမြို့တော်ရှိ အိမ်ခြံမြေလုပ်ငန်းတိုင်းနဲ့ ဘဏ္ဍာရေး လုပ်ငန်းတိုင်းကို ပိုင်ဆိုင်ထားသည်။ ယခု ကောင်းကော်ပိုရေးရှင်းက ကျန်းမြို့တော်မှာ အကြီးမားဆုံးနဲ့ အာဏာအရှိဆုံး ကုမ္ပဏီတစ်ခု ဖြစ်နေပါပြီ။
ကုမ္ပဏီရဲ့ ဆက်ခံသူတစ်ယောက်ဖြစ်သည့် ကောင်းရုန်ကိုလည်း အာရုံစိုက်ကြတဲ့လူတွေ အများကြီး ရှိပါသည်။
ဒီခေတ်မှာ အိမ်ခြံမြေလုပ်ငန်းက အတော်လေး ရေပန်းစားနေဆဲ ဖြစ်သည်။ တိုးတက်ဖို့အတွက် နေရာတွေ အများကြီး ရှိသေးသည်။ မြေကွက်တိုင်းကို စျေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချပေးနိုင်ပါသည်။
ကောင်းရုန်ဘေးတွင် အလွန် လှပသည့် ကောင်မလေး တစ်ယောက် ရှိနေပါသည်။ သူမက ရင်ဟိုက် ဂါဝန် တစ်ထည်ကို ဝတ်ထားပြီး ထူးခြားတဲ့ အရှိန်အဝါတစ်ခု ရှိသည်။ ယခု ရှိနေသည့် မိန်းကလေးအများစုကို အနိုင်ယူနိုင်စွမ်း ရှိသည်။
ကောင်းရုန်နဲ့ သူ့ဘေးက ကောင်မလေးကို မြင်လိုက်တော့ အားလုံး မှင်သက်သွားကြသည်။
ထိုမိန်းကလေးက အလွန် လှပပါသည်။
အလွန် လှပလွန်းသဖြင့် အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပြီး အားလုံးကို မှင်သက်သွားစေသည်။
ဒီလို မိန်းမလှလေးမျိုးကို ပိုင်ဆိုင်ထားရသဖြင့် ကောင်းရုန် အလွန်ဝံ့ကြွားနေပါသည်။
ကောင်းရုန်နဲ့ ကောင်မလေးတို့ အတူတူ ထွက်လာကြသည်။ တစ်ယောက်ယောက်က ချက်ချင်းပဲ သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြပါသည်။
ကောင်းရုန်လျှောက်လာတော့ လင်းဖန်ကို သရော်စွာ ကြည့်လိုက်ပါသည်။
ခြားနားချက်က ဘာလဲမြင်လား။ ဘယ်သူက ပိုလှတာလဲ။ ဒီနေ့ရဲ့ အဓိကဇာတ်ကောင်က ဘယ်သူလဲ။ အားလုံးရဲ့ အာရုံစိုက်မှုကို ဘယ်သူက ဆွဲဆောင်နိုင်တာလဲ။
ကောင်းရုန်ရဲ့ အကြည့်က သရုပ်ဖော်မှုတစ်ခုလည်း ဖြစ်သည်။ လင်းဖန်ကို တစ်ခုခု သတိပေးနေခြင်း ဖြစ်၏။
လင်းဖန်ရဲ့ နောက်ခံအင်အားက ကြီးမားရင်တောင် သူ့ကို ယှဉ်နိုင်ဖို့ အဝေးကြီး လိုနေပါသေးသည်။
ကောင်းမိသားစုက လင်းဖန်ရဲ့ လက်ရှိ နောက်ခံအင်အားကို လုံးဝ မကြောက်ကြပါ။
လင်းဖန် ဘာမှ မပြောခဲ့ပါ။ သူ့ဘေးက စုမူချင်းနဲ့ ကောင်းရုန်ဘေးက ကောင်မလေးတို့ကို ကြည့်ပြီး ခေါင်းခါလိုက်ပါသည်။
စုမူချင်း ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့လိုက်သည်။ "ဘော့စ်လင်း။ ကျွန်မကြောင့် အရှက်ရသွားပြီ"
ဘာပဲဖြစ်ဖြစ် စုမူချင်းကလည်း လှပပါသည်။ လင်းဖန်နဲ့အတူ ဝင်လာခဲ့တုန်းက ရေးကြီးခွင်ကျယ် မဖြစ်ခဲ့ပေ။ ယခု ကောင်းရုန် ပေါ်လာတဲ့ ပုံစံနဲ့ လုံးဝ ကွဲပြားခြားနားနေပါသည်။ စုမူချင်း ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။
လင်းဖန်က စုမူချင်းရဲ့ ခေါင်းကိုပုတ်ပြီး ပြုံးလိုက်ပါသည်။ "ဘာမှမဖြစ်ပါဘူး။ နင်က ရင်ဟိုင်အင်္ကျီ ဝတ်ထားတာမှ မဟုတ်တာ။ အဲ့ဒီအင်္ကျီမျိုးသာ ဝတ်ပြီး နင့်ရဲ့ ခြေတံသွယ်သွယ်လေးတွေ ထုတ်ပြလိုက်ရင် ဒီက ယောက်ျားလေးတွေ အကုန်လုံး မျက်လုံးပြူးပြီး ကြည့်ကြမှာ သေချာတယ်။ နှာခေါင်းသွေးတွေတောင် လျှံသွားလောက်တယ်။ ဘာပဲဖြစ်ဖြစ် ပုံစံချင်းယှဉ်ရင် သူက နင့်ကို ယှဉ်နိုင်ပါ့မလား။ အရေးအကြီးဆုံးက နင်က နာမည် မကြီးသေးလို့လေ။ နင်စူပါစတားစစ်စစ်တစ်ယောက် ဖြစ်လာရင် နောက်ပိုင်း နင်ပေါ်လာတဲ့အခါကျရင်လည်း ရောင်ဝါတွေ ထွက်နေမှာပဲ"
စုမူချင်းက ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ ဟုတ်ကဲ့ ဘော့စ်လင်း။ ဒါဆို နောက်ကို ရင်ဟိုက်အင်္ကျီဝတ်ပြီး သူတို့ကို ချက်ချင်း အလဲထိုးလိုက်မယ်~"
လင်းဖန် ရယ်မောလိုက်သည်။ စုမူချင်းက တကယ် ရိုးအပါသည်။
စုမူချင်းကို ဒီလိုအဝတ်အစားတွေ ဝတ်ခိုင်းဖို့ သူ့မှာ စိတ်ကူး မရှိပါ။ အစွမ်းအစရှိတဲ့လူတွေက သူတို့ရဲ့ အပြင်ပိုင်း ပုံသဏ္ဌာန်ကို အထူးတလည် အလှဆင်ဖို့ မလိုပေ။
ရုတ်တရက် ပိုကျယ်လောင်တဲ့ အသံတွေ ထွက်ပေါ်လာပြန်သည်။
နောက်ထပ် ဝင်ပေါက် တစ်ပေါက်မှ ဝင်လာသည့် လူတစ်ယောက်ကို အားလုံး ကြည့်လိုက်ကြသည်။
ကျန်းမြို့တော်ရဲ့ ရှားမိသားစု ဖြစ်သည်။
ရှားကျန်းချန်ဘေးတွင် ရှားဝမ်ချွေ့လည်း ပါလာပါသည်။
ရှားဝမ်ချွေ့က သာမန် ပွဲတက်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။
သူမ ပေါ်လာတော့ သူမရဲ့ ပုံပန်းသဏ္ဌာန်၊ အရှိန်အဝါနဲ့ ရုပ်ရည်များက အားလုံးကို ချက်ချင်း သေသွားစေနိုင်သည်။
သူမ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက ရောင်ဝါတွေ ထွက်လာပြီး အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။
ရှားဝမ်ချွေ့က တကယ့်ကို အရမ်းလှပလွန်းတာကြောင့် ဖြစ်သည်။
ဒီက လူအများစုက ရှားဝမ်ချွေ့ရဲ့ ရုပ်သံဒရမ်မာများကို ကြည့်ဖူးကြပါသည်။ ဘဝရဲ့ပျော်ရွှင်မှုကော၊ ဓားနှင့်နတ်သမီးဒဏ္ဍာရီကော အင်တာနက်ပေါ်မှာ ရေပန်းစားကြသည်။
ရှားဝမ်ချွေ့ကိုအပြင်မှာ မြင်လိုက်ရတော့ အားလုံး မှင်သက်သွားကြပါသည်။
ရှားဝမ်ချွေ့က တီဗီထဲကထက် ပိုလှနေသည်။
သူမ ထွက်လာပြီး လင်းဖန်ကို လူအုပ်ထဲမှာ မြင်လိုက်ရသည်။
ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ အပြုံးတစ်ခုတည်းနဲ့ လူတိုင်းရဲ့ နှလုံးသားကို အရည်ပျော်ကျသွားစေသည်။
သူမ လင်းဖန်ဘေးကို တစ်လှမ်းချင်း လျှောက်လာခဲ့ပြီး ချစ်စရာကြောင်လေးလို လုပ်ပြလိုက်သည်။ ထို့နောက် လင်းဖန်ရဲ့ လက်မောင်းကို တွဲလိုက်ပါသည်။
ထိုအချိန်တွင် အားလုံး မှင်သက်သွားခဲ့ရသည်။
ဒီမြင်ကွင်းကိုသာ လူတိုင်း စိုက်ကြည့်နေမိကြသည်။
ဒီနေ့ညပွဲတော်မှာ အလှပဆုံး ကောင်မလေး ရောက်လာခဲ့ပါပြီ။
သူမက လင်းဖန်ကိုပဲ စိတ်ဝင်စားသည်။
မီဒီယာတွေက ဓာတ်ပုံတွေ အသည်းအသန် ရိုက်ယူနေကြလေသည်။ တချို့ဆို အော်တောင် အော်နေကြပါပြီ။
ရှားဝမ်ချွေ့က လင်းဖန်ကို မှီနေသည့် ငှက်ကလေးတစ်ကောင်လိုပင်။ သူတို့နှစ်ယောက်က ချိုမြိန်သည့်ပုံပေါက်ကာ အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နေပါသည်။
ထိုအချိန်တွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အဓိက ဇာတ်ကောင်တွေအဖြစ် မားမားမတ်မတ် ရပ်တည်နေကြသည်။
ကောင်းရုန်နဲ့ သူ့ကောင်မလေးကတော့ လူတွေကြားထဲ လေလို ပျောက်ကွယ်သွားခဲ့သည်။ သူတို့ရဲ့ မျက်နှာတွေက အလွန် အကျည်းတန်သွားပါသည်။ ဘယ်သူမှ သူတို့ကို သတိမထားမိကြတော့ပေ။
ကောင်းရုန်ဘေးက ကောင်မလေးလည်း ချက်ချင်းပဲ ရှားဝမ်ချွေ့ အနိုင်ယူတာကို ခံလိုက်ရပါတော့သည်။