လာတိုက်ခိုက်စမ်းပါ ကောင်းရုန်
Vol. 28 Ch. 419
ရှားဝမ်ချွေ့ လင်းဖန်ဘေးတွင် ရပ်နေသည်။ ဒီမြင်ကွင်းက Single ပေါင်းများစွာကို အသေသတ်နေသလိုပင်။
အားလုံး မနာလိုအားကျသော မျက်လုံးများဖြင့် မှင်သက်သွားကြရလေသည်။
"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတာပဲ။ သူတို့ အရမ်းချစ်ကြတဲ့ပုံပဲ။ ငါ ထင်သားပဲ။ အဲ့ဒီမိန်းမက လင်းဖန်ကို နာမည်ဖျက်နေတာပါကွာ။ ဒီလောက်လှတဲ့ ကောင်မလေးရှိပြီးသားကို အဲ့လိုမိန်းမမျိုးကို လင်းဖန်က သဘောကျပါ့မလား"
"ဟုတ်တယ်။ ကောင်းရုန်က ကိုယ့်အရှက် ကိုယ် ခွဲလိုက်တာပဲ။ လင်းဖန်ကို သွားရှုပ်ဖို့ ကြိုးစားပေမယ့် သူအနိုင်ယူတာကို ခံလိုက်ရတယ်။ ဒါဆို လင်းဖန်ရဲ့ အစွမ်းအစက တကယ် အထင်သေးလို့ မရတာပဲ"
"ဟုတ်တယ်။ လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌတစ်ယောက်ပဲဥစ္စာ။ အဲ့ဒီဘွဲ့တစ်ခုတည်းနဲ့တင် ကောင်းရုန်ထက် ပိုသာတယ်။ ကောင်းရုန်ရဲ့ နောက်ခံအင်အားကြောင့်သာ မဟုတ်ရင် ကောင်းရုန်ကို လင်းဖန် လုံးဝ ဖိနှိပ်ပြစ်လိုက်လို့ ရတယ်"
"ဒီနေ့ည လင်းဖန်နဲ့ ကောင်းရုန်တို့ တိုက်ပွဲ ဖြစ်လာနိုင်တယ်နော်။ သူတို့နှစ်ယောက် အချင်းချင်း တော်တော် ရန်လိုနေကြပြီးသားပဲ။ လင်းဖန်ရဲ့ နောက်ကွယ်မှာ ဘော့စ်မာရှိပြီး ကောင်းရုန်ရဲ့ နောက်ကွယ်မှာလည်း အစွမ်းအစရှိတဲ့ လူတစ်ယောက် ရှိနေတယ်။ ဘယ်လိုတွေ ဖြစ်လာဦးမလဲမသိဘူး"
တစ်ဖက်မှာတော့ ကောင်းရုန်နဲ့ ချွဲနွဲ့နေတဲ့ ကောင်မလေးက အတူတူ လျှောက်လှမ်းလာသည်။
ထိုမြှူဆွယ်တတ်တဲ့ ကောင်မလေးလည်း အနည်းငယ် ဒေါသထွက်သွား၏။ သူမ မိတ်ကပ်တွေ အများကြီး လိမ်းခြယ်ထားပြီး ဒီလောက် လှလှပပ ဝတ်စားလာတာတောင် သူမရဲ့ ကျော်ကြားမှုကို ရှားဝမ်ချွေ့က လုယူသွားခဲ့သည်။
ထိုမြှူဆွယ်တတ်တဲ့ ကောင်မလေးက ပြောလိုက်သည်။ "စီအီးအိုကောင်း။ ရှားဝမ်ချွေ့က တော်တော် မုန်းဖို့ ကောင်းတယ်။ လင်းဖန်လည်း တော်တော် မုန်းဖို့ ကောင်းတယ်။ ဒီအချိန်မျိုးကျမှ ထွက်လာပြီး ကျွန်မရဲ့ ကျော်ကြားမှုတွေ အကုန်လုံးကို လုယူသွားတယ်"
ကောင်းရုန်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ကွာ။ သူတို့ ဒီကဏ္ဍမှာပဲ ဝံ့ကြွားလို့ရတာပါ။ မကြာခင် လင်းဖန် ငါ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး။ သူက မထိုက်တန်ဘူး"
ကောင်းရုန်ရဲ့ မျက်လုံးထဲမှာ သရော်မှုများ၊ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
လင်းဖန်ရဲ့ နောက်ခံအင်အားက ပေါ့သေးသေး မဟုတ်မှန်း သူ သိသော်လည်း ကောင်းရုန် တွန့်ဆုတ်မနေပေ။
သူ့ကိုယ်ပိုင်အစွမ်းအစကိုလည်း ယုံကြည်ချက် ရှိပါသည်။
ထိုအချိန်တွင် လူတစ်ယောက် ထပ်ရောက်လာခဲ့သည်။
ထိုလူကို မြင်တော့ အားလုံး မှင်သက်သွားကြသည်။
စီအီးအိုမာ ရောက်လာပါပြီ။
မီဒီယာက သူ့ကို ခပ်မြန်မြန်ပဲ ဝန်းရံလိုက်ကြသည်။ စီအီးအိုမာက စီးပွားရေးအကျော်အမော်တွေ အားလုံးရဲ့ ရှေ့မှာ ပေါ်လာခဲ့ပါပြီ။
စီးပွားရေးအကျော်အမော်အားလုံးရှေ့တွင် ဘော့စ်မာက ပိရမစ်ထိပ်ဆုံးတွင် ရှိသောလူ ဖြစ်ပါသည်။
စီအီးအိုမာက ခပ်မြန်မြန်ပဲ စင်ပေါ်တက်ပြီး မိတ်ဆက်စကား ပြောလိုက်ပါသည်။
"ဒီလိုအရေးကြီးတဲ့ပွဲမျိုးကို အားလုံးတက်ရောက်ပေးတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ အားလုံးကိုလည်း ကြိုဆိုပါတယ်။ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ အတိုချုံးပဲ ပြောလိုက်တော့မယ်"
"မကြာသေးခင်က Alipay လို လုပ်ငန်းမျိုးကို ပြီးပြည့်စုံအောင် လုပ်ပြီး အကောင်းဆုံး နည်းပညာနဲ့ ပေါင်းစပ်ဖို့ Alibaba က စီစဉ်ထားပါတယ်။ ငွေပေးချေမှုတွေအတွက် အဆင်ပြေစေနိုင်တယ်။ တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ မြို့နယ်တွေ အချင်းချင်း ငွေသားမဲ့ ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်အောင်လို့ ဖန်တီးဖို့ Alibaba က စီစဉ်ထားပါတယ်"
"Alibaba က အမြဲတမ်း ဖွံ့ဖြိုးတိုးတက်နေခဲ့တာပါ။ ဒီနှစ်ပေါင်းများစွာအတွင်း Alibaba ဘယ်လို အောင်မြင်မှုတွေ ရခဲ့သလဲဆိုတာ အားလုံးလည်း သိထားကြပြီးသား ဖြစ်မှာပါ"
စီအီးအိုမာ မိနစ် ၂၀ လောက်စကားပြောနေကြစဉ် အားလုံး မှင်သက်စွာဖြင့် နားထောင်နေကြသည်။
Alibaba က ငွေသားမဲ့ ငွေပေးချေမှုများ စွမ်းဆောင်နိုင်အောင် စီစဉ်ပေးနေပါသည်။ ဒီလို လုပ်ငန်းမျိုးက လူနေမှု ပတ်ဝန်းကျင် တစ်ခုလုံးအတွက် ကြီးကြီးမားမား တိုးတက်ဖွံ့ဖြိုးမှုတစ်ခု ဖြစ်သည်။
ထို့အပြင် Alipay ရဲ့ လုံခြုံရေးစနစ်ကလည်း အလွန် အားကောင်းသည်။ ထိပ်တန်း Hacker ကြီးတွေတောင် မချိုးဖောက်နိုင်ကြပါ။
Alibaba ရဲ့ လက်ရှိ ဦးတည်ချက်နှင့် နယ်ပယ်တွေမှာ တရုတ်နိုင်ငံတွင် အကောင်းဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။
Alibaba ရဲ့ ဂုဏ်သတင်းနဲ့ သင်္ကေတတို့ကိုလည်း ကိုယ်စားပြုသည်။ အနည်းဆုံးတော့ ငွေပေးချေမှုအရဆိုရင် Alipay ရဲ့ လုပ်ဆောင်ချက်များက အစားထိုးလို့ မရတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါပြီ။
နောက်ဆုံးတွင် ဘော့စ်မာ ဆက်ပြောလိုက်သည်။ "ဒီနေ့ အားလုံးကို အရမ်း ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်"
"အားလုံးလည်း သိပြီးသားဖြစ်မှာ သေချာပါတယ်။ ကျွန်တော် ဖုံးကွယ်မနေတော့ပါဘူး။ လွန်ခဲ့တဲ့ ၃ လတုန်းက Alibaba ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင် ပြောင်းလဲသွားခဲ့တယ်။ တစ်နည်းအားဖြင့် Alibaba ရဲ့ ဒုဥက္ကဌနေရာကို လွန်ခဲ့တဲ့ ၃ လကတည်းက လင်းဖန် ရသွားပါပြီ"
"Alibaba ထဲက လူတိုင်း လင်းဖန်ရဲ့ အစွမ်းအစကို သိကြတယ်။ လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌ ဆိုပေမယ့် သူ့ကိုယ်ပိုင်လုပ်ငန်းတွေ ရှိသေးတာကြောင့် Alibaba ကိစ္စတွေမှာ ဝင်မပါသလောက် ရှားတယ်"
"ဒီနေ့ဒီအချိန်ကစပြီး ကျွန်တော် ကြေညာပေးချင်ပါတယ်။ လင်းဖန်က Alibaba ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ လင်းဖန် ကြုံတဲ့ ပြဿနာတိုင်းက Alibaba ရဲ့ ပြဿနာပဲ။ လင်းဖန် လုပ်ချင်တာမှန်သမျှကိုလည်း Alibaba ရဲ့ ရှယ်ယာဝင်တွေနဲ့ အထက်လူကြီးတွေက အပြည့်အဝ ထောက်ပံ့ပေးသွားမယ်။ တရားမဝင်တာ မဟုတ်သရွေ့ လင်းဖန်ကို Alibaba ကနေ အပြည့်အဝ ထောက်ခံသွားမှာပါ" စီအီးအိုမာ ပြုံးပြီး လင်းဖန်ကို ကြည့်လိုက်သည်။
"ကဲအခု ဘော့စ်လင်းကို စင်မြင့်ပေါ်ဖိတ်ကြားပြီး မိန့်ခွန်းပြောခိုင်းလိုက်ရအောင်လားဗျာ" စီအီးအိုမာ ပြုံးပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
လင်းဖန်လည်း စင်မြင့်ပေါ် လျှောက်သွားပြီး အားလုံးကို ကြည့်လိုက်သည်။ "စီအီးအိုမာရဲ့ အကူအညီအတွက် ကျွန်တော်လည်း အရမ်းကို ဝမ်းမြောက်မိပါတယ်ဗျာ။ စီအီးအိုမာ မရှိဘဲ ဒီနေ့ ဒီနေရာမှာ ရပ်တည်နေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်က အခု Alibaba ရဲ့ ဒုဥက္ကဌ ဖြစ်နေပြီဆိုပေမယ့် Alibaba ရဲ့ ကိစ္စတွေမှာ ဝင်မပါသလောက် ရှားပါတယ်။ ဘာလို့လဲဆိုတော့ Alibaba မှာ ပြီးပြည့်စုံတဲ့စနစ် ရှိပြီးသားမို့လို့ပါ။ ပရော်ဖက်ရှင်နယ်ကျတဲ့လူတွေ အများကြီးရှိပြီး စီအီးအိုမာလည်း ရှိနေတာကြောင့် တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော့်ကို မလိုအပ်ပါဘူး။ စီအီးအိုမာနဲ့ Alibaba ရဲ့ ဝန်ထမ်းတွေသာရှိရင် အနာဂတ်မှာ Alibaba ပိုပိုပြီး တိုးတက်လာမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်"
"ကျွန်တော်ကတော့ အနုပညာလောကထဲမှာ ရှိနေပါတယ်။ ကျားရှင်းဖျော်ဖြေရေးက ကျွန်တော့် ကုမ္ပဏီပါ။ ကျားရှင်းဖျော်ဖြေရေးနဲ့ အလုပ်တူတူ လုပ်ချင်တဲ့လူရှိရင် ကြိုဆိုပါတယ်ဗျာ။ ဟုတ်ပါတယ်။ ကျွန်တော်က အနုပညာလောက တစ်ခုတည်းနဲ့ပဲ ထိတွေ့တာ မဟုတ်မှန်း အားလုံး သိပြီးသား ဖြစ်မှာပါ။ တစ်ချိန်တည်းမှာပဲ အလှကုန်ပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ တခြားနယ်ပယ်တွေနဲ့လည်း အထိအတွေ့ ရှိပါသေးတယ်"
"ဒီနေ့ ကျွန်တော်ပြောချင်တာက ကျွန်တော့်ရဲ့ ဇနီးလောင်း ရှားဝမ်ချွေ့က ကျန်းမြို့တော်ထဲမှာ အိမ်ခြံမြေလောကနဲ့ ပတ်သတ်မှု ရှိတယ်။ အားလုံး သိထားတဲ့အတိုင်းပဲ ခုကာလမှာ အိမ်ခြံမြေလုပ်ငန်းက အရမ်းကို ရေပန်းစားတဲ့ လုပ်ငန်းတစ်ခုပါ။ အဲ့တာကြောင့် ကျွန်တော်လည်း အိမ်ခြံမြေလောကထဲ တရားဝင် ဝင်လိုက်ပြီဆိုတာ အားလုံးကို ကြေညာလိုက်ရပါတယ်"
"ကျန်းမြို့တော်ထဲက အိမ်ခြံမြေလုပ်ငန်းတစ်ခုတည်း မဟုတ်ဘဲ ရှန်ဟိုင်းမြို့၊ ပေကျင်းမြို့နဲ့ တခြား အိမ်ခြံမြေလုပ်ငန်းတွေလည်း အများကြီး ရှိပါတယ်။ အကုန်လုံးကို ကျွန်တော် ဝင်ရောက်နိုင်ခြေ ရှိပါတယ်။ ကျွန်တော်နဲ့ အလုပ် အတူတူ တွဲလုပ်ဖို့ စိတ်ဝင်စားတဲ့ စီအီးအိုတိုင်းကို ကြိုဆိုပါတယ်ဗျာ။ ဒါပေမယ့် စီအီးအိုကောင်းက ကျန်းမြို့တော် အိမ်ခြံမြေလောကမှာ နာမည်ကြီးတယ်လို့ ကြားမိတယ်။ ဒီလောကမှာ သူပြိုင်ဘက်တွေ အများကြီးနဲ့ ကြုံလာရတော့မယ်ထင်တယ်။ ဒါပေါ့။ ကျွန်တော် ဘယ်သူနဲ့မဆို မျှမျှတတပဲ ယှဉ်ပြိုင်မှာပါ"
လင်းဖန် ကောင်းရုန်ကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါသည်။
သူ ပြောလိုက်တာက အလွန်ရိုးရှင်းသည်။
တရားဝင်ပြောတာဖြစ်သော်လည်း အဓိပ္ပာယ်က တစ်ခုသာ ရှိသည်။
ဆိုလိုတာက လင်းဖန် အိမ်ခြံမြေလောကထဲ ဝင်တော့မည်ဆိုတာပင်။
ကောင်းရုန်၊ လာတိုက်ခိုက်စမ်းပါ။
ဒါ ကောင်းရုန်အတွက် သူ့ရဲ့ စိန်ခေါ်မှု ဖြစ်သည်။
ကောင်းရုန် ဒါကို လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ၊ ဒီနေ့ ဒီအချိန်ကစပြီး Alibaba, Estee Lauder, LV, Chanel, Bugatti နဲ့ ယွင်ချန်းနည်းပညာတို့ကတောင် လင်းဖန်ကို အိမ်ခြံမြေလောကထဲမှာ အပြည့်အဝ ထောက်ပံ့ပေးသွားကြပါလိမ့်မည်။
လင်းဖန်ရဲ့နော က်ကွယ်ရှိ ကုမ္ပဏီအားလုံးကလည်း ကောင်းရုန်ကို လင်းဖန် တိုက်ခိုက်ဖို့အတွက် အပြည့်အဝ ထောက်ပံ့ပေးကြလိမ့်မည်။
စိန်ခေါ်မှုကို ကောင်းရုန် လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ လင်းဖန် အခုချက်ချင်း တိုက်ခိုက်တော့မှာ ဖြစ်ပါသည်။
လင်းဖန်ကို ထောက်ပံ့ချင်တဲ့လူတွေက သူ့ဘေးမှာ ရပ်တည်ပေးလို့ ရသည်။
ကောင်းရုန်ကို ထောက်ပံ့ချင်တဲ့လူတွေကလည်း သူ့ဘေးမှာ ရပ်တည်ပေးလို့ ရပါသည်။
လင်းဖန်က ယခု ရှိနေသည့် စီးပွားရေးသန်းကြွယ်သူဌေးတိုင်းကို သူ့ဘေးမှာ ရပ်တည်အောင် ပြုလုပ်ထားပြီးသား ဖြစ်သည်။
အစောကတည်းက ကုမ္ပဏီ ၂ ခု ဘက်ရွေးမှားလျှင် ရလဒ်က အတော်ဆိုးရွားသွားလိမ့်မည်။
မှန်ကန်တဲ့ဘော့စ်ဘက်မှာ ရပ်တည်လိုက်မှ အိမ်ခြံမြေလောကထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာဖြစ်ပါသည်။
စီအီးအိုမာက လင်းဖန်ကိုကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါသည်။
သူ လိုချင်တဲ့ အရှိန်အဝါမျိုးက ဒါမျိုးဖြစ်သည်။
Alibaba ရဲ့ ဒုဥက္ကဌကို အနိုင်ကျင့်ရဲတဲ့လူရှိပါက ၎င်းတို့ကို Alibabaမှ ပြန်ချေမှုန်းသွားပါမည်။