ထပ်မံ ရင်းနှီးမြုပ်နှံရန် ဆေးဝါးဖော်မြူလာကို အသုံးချခြင်း
Vol. 47 Ch. 705
“ဗစ်တာ.. ဒီတားမြစ်ဆေး ဖော်မြူလာကို ရောင်းဖို့ မင်းကို ဘယ်သူ ခွင့်ပြုချက် ပေးလိုက်တာလဲ..”
မာ့ခ် ထအော်လိုက်သည်။
“မစ္စတာဂျော့ဂျ် ခွင့်ပြုလိုက်တာလေ..”
“ဒါပေမယ့် ဒီတားမြစ်ဆေးက ကျုပ်တို့ရဲ့ နောက်ဆုံးပေါ်ဆေး တီထွင်ဖို့အတွက် အဓိက အစိတ်အပိုင်း တစ်ခုလေ.. တစ်ဖက်က အဲ့ဆေးကို အရင်တီထွင်လိုက်ရင် ဘယ်လိုလုပ်မလဲ..”
“ဘယ်ဆေးအသစ်လဲ.. မသန်မစွမ်း ရောဂါ ကုတဲ့ဆေးလား.. လူတွေ ဝယ်မယ်ထင်လို့လား.. ဝယ်ဖို့တောင် ရှက်နေကြလိမ့်အုံးမယ်.. အဲ့ဆေးအသစ်အတွက် ဈေးကွက်ရှိမယ်ဆိုရင်တောင် ဖုန်းယွီအတွက် အသုံးမဝင်ဘူး.. တရုတ်မှာ ဒီလိုဆေးအမျိုးအစားကို ပြီးခဲ့တဲ့ နှစ်ထောင်ချီကတည်းက ရှိနေပြီးသား.. ကျုပ်တောင် တစ်ခါ သောက်ဖူးပြီး တစ်ညလုံး တော်တော် ဒုက္ခရောက်လိုက်ရသေးတယ်..”
ဗစ်တာ ပြန်ပြောလိုက်သည်။
မာ့ခ်အနေဖြင့် ၎င်းရှာဖွေထားသည့် ဆေးသည် အံ့ဖွယ်ကောင်းသည်ဟု ထင်နေသည်လော။ သို့ရာတွင် တရုတ်ပြည်၌ ရှေးယခင်ကတည်းက ဤဆေးအမျိုးအစား ရှိနေပြီဖြစ်သည်။ ထိုဆေးသည် ဈေးကွက်အတွင်း လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည်လော။
“ကောင်းပြီ.. ဆက်ငြင်းမနေနဲ့တော့.. သူတို့ သုတေသနလဲ ငါတို့လောက် မြန်မှာ မဟုတ်ဘူး.. အခု ငါတို့မှာ ရန်ပုံငွေ ကန်ဒေါ်လာ (၂၁)သိန်း ရှိတယ်.. ငါတို့ သုတေသန ဌာနမှာ ရင်းနှီးမြုပ်နှံဖို့ ဒီရန်ပုံငွေ သုံးလို့ရတယ်.. ဗစ်တာ.. မင်းကို ရွေးစရာ နှစ်ခုပေးမယ်.. ပထမ တစ်ခုက မင်း အာရှဒေသ ဒုတိယ CEO ဖြစ်မယ်.. တိုကျိုမှာ အခြေစိုက်ရမယ်.. အခွင့်အလမ်း အများကြီးရှိတယ်.. ဒုတိယက CEO ရာထူးတိုးနဲ့ နယူးယောက် ပြောင်းရမယ်.... မင်းအိမ်နဲ့ နီးလိမ့်မယ်.. ရာထူးတိုးဖို့တော့ ခက်သွားမယ်..”
“နယူးယောက်ကို ရွေးမယ်.. မိသားစုနဲ့ပဲ နေချင်တယ်..”
ဂျော့ဂျ်သည် ဗစ်တာအား စိတ်ပျက်နေသော်လည်း သူ့ကတိသူ ထိန်းသိမ်းကာ ဗစ်တာအား နယူးယောက်တွင် နေခွင့်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဗစ်တာသည် ကုမ္ပဏီအား ငွေအမြောက်အများ ရအောင် ကူညီပေးထား သည်။ ထို တားမြစ်ဆေး ဖော်မြလာ (၂)ခုစလုံး၏ အများဆုံး တန်ဖိုးမှာ ဒေါ်လာ (၂)သန်း(၃)သန်းသာပင်။ ဆိုလိုသည်မှာ ဗစ်တာသည် အသုံးမဝင်သော သုတေသန အချက်အလက်များကို ကန်ဒေါ်လာ (၁၀)သန်းကျော်ဖြင့် ရောင်းချခဲ့သဖြင့် ဆုချီးမြှင့်ရန် ထိုက်တန်ပေသည်။
ထို့အပြင် ဗစ်တာသည် တရုတ်ဈေးကွက်၌ ကောင်းစွာ စီမံခန့်ခွဲနိုင်ခဲ့ပြီး သူ့အရည်အချင်းအား သက်သေပြထားခဲ့ ပေသည်။
ဗစ်တာသည် ဂျော့ဂျ်အား ကျေးဇူးတင်ကြောင်း ထပ်တလဲလဲပြောကာ ထွက်သွားလိုက်သည်။ မာ့ခ်နှင့် ဂျော့ဂျ်မှာမူ ငြင်းခုံနေကြဆဲဖြစ်သည်။ ဂျော့ဂျ် လက်ဝှေ့ယမ်းကာ..
“မင်း ကိုယ့်နေရာကိုယ်ပြန်ပြီး ဆေးခန်း စမ်းသပ်မှုတွေမှာပဲ ကြီးကြပ်နေသင့်တယ်.. ငါတို့က ဆေးခန်း စမ်းသပ်မှု အဆင့်ရောက်နေပြီ.. ဒီဆေးရဲ့ အာနိသင် ရှာတွေ့နေလဲ ဆေးခန်း စမ်းသပ်မှုတွေ လုပ်နေရတုန်းပဲလေ.. ဒီဆေး အောင်အောင်မြင်မြင်နဲ့ တီထွင်ပြီးတာနဲ့ ဆေးဝါးဈေးကွက်မှာ စရောင်းတော့မှာ..”
*****
တရုတ်နိုင်ငံသို့ ပြန်ရောက်သည်နှင့် ဖုန်းယွီသည် ပမ့်မြို့တော်သို့ ချက်ချင်း ပြန်လာခဲ့သည်။ ပါမောက္ခဝမ်နှင့် လျိုမင်ချယ်တို့ ရခဲ့သည့် လာဘ်ငွေနှင့်ပတ်သက်၍မူ သူတို့စိတ်ကြိုက်သုံးနိုင်ကြောင်းသာ ပြောလိုက်သည်။ သို့ရာတွင် ဖုန်းယွီသည် ပါမောက္ခဝမ်၏ လုပ်ရပ်ကြောင့် အံ့ဩသွားသည်။ ရရှိခဲ့သည့် ငွေများကို ရာနှုန်းပြည့် လှူဒါန်းခဲ့ခြင်း ကြောင့်ဖြစ်သည်။
ဖုန်းယွီ စကားထပ်မပြောတော့ချေ။ သူသည် ပါမောက္ခဝမ်၏ သားကို ပညာဆက်လက်သင်ကြားနိုင်ရန် အမေရိကန်သို့ သွားခွင့်ရရန် ကူညီပေးခဲ့ပြီး အမေရိကန်တွင် ကုန်ကျမည့် စရိတ်အားလုံး ဖုန်းယွီကျခံပေးမည် ဖြစ်သည်။ ပါမောက္ခဝမ်၏ သားအား အမေရိကန်တွင် အချိန်ပိုင်း အလုပ်လုပ်ခွင့် ပေးမထားချေ။
လျိုမီချယ်သည်လည်း သူရထားသည့် ငွေများကို လှူဒါန်းလိုက်သည်။ လာဘ်ငွေများ ယူထားရန် စိတ်မသန့်ကြောင့် ဖုန်းယွီအား ပြောပြလိုက်သည်။ ဖုန်းယွီ ရယ်မောကာ လျိုမီချယ်အတွက် ဘန်ဂလိုတစ်လုံး လက်ဆောင်အဖြစ် ဝယ်ပေးလိုက်သည်။
ဖုန်းယွီအနေဖြင့် စုစုပေါင်း ကန်ဒေါ်လာ (၂၅)သန်း အကျန်အကျခံ သုံးခဲ့သော်လည်း သုံးရငွေနှင့် ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။
ပမ့်မြို့တော်သို့ ရောက်သည့်အခါ ဖုန်းယွီသည် ကုမ္ပဏီနှစ်ပတ်လည် အစည်းအဝေးတွင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းတွင် သူ၏ ရှယ်ယာများ တိုးမြှင့်ရန်အတွက် ဤဆေးဝါး ဖော်မြူလာကို သုံးချင်ပေသည်။ သို့ရာတွင် ပမ့်မြို့တော် နိုင်ငံပိုင်ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးကော်မရှင် (SASAC) ကိုယ်စားလှယ်က အပြင်းအထန် ပယ်ချခဲ့သည်။
ယခုအချိန်အတွင်း ကျန်ရှယ်ယာရှင်များသည် ဖုန်းယွီအား ကုမ္ပဏီတွင် သူ့ရှယ်ယာများ တိုးခွင့်မပေးချင်ကြချေ။ ယခုအခါ ဖုန်းယွီသည် သူ့ဆေးဖော်မြူလာအား ထုတ်ဖော်ပြောဆိုကာ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန်နိုင်ရေး ကြိုးစားခဲ့သည်။
ကျန်အစုရှယ်ယာရှင်များ သဘောတူမည် ဆိုလျှင်ပင် ထိုဖော်မြူလာလမ်းကို ယွမ် သန်း(၂၀၀)ဖြင့် မည်သို့ တန်ဖိုး သတ်မှတ်နိုင်မည်နည်း။ မည်သူ လိမ်ရန် ကြိုးစားနေသနည်း။ ပမ့်မြို့တော် ဆေးဝါးသုတေသန မှတ်ပုံတင် တန်ဖိုးသည် ယွမ်သန်း(၃၆၀)သာ ရှိပေသည်။ အကယ်၍ ဖော်မြူလာအား ယွမ်သန်း(၂၀၀)တန်ဖိုးသတ်မှတ်ခွင့် ပြုလိုက်ပါက ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာပေလိမ့်မည်။
ထို့အပြင် မည်သည့် သုတေသန အမျိုးအစားသည် အလွန်တန်ဖိုး တန်မည်နည်း။ က်ငဆာ ကုသဆေးဖြစ်၍လော။
ယခုမူ ကျားရောဂါ ကုဆေး ဖြစ်နေပေသည်။ ထိုဆေးအမျိုးအစား ထုတ်လုပ်ခြင်းသည် အလွန်ရှက်စရာ ဖြစ်နေပေလိမ့်မည်။
ဝူကျစ်ကန်းမှလွဲ၍ ဖုန်းယွီ၏ တောင်းဆိုချက်ကို မည်သူမှ သဘောမတူကြချေ။ ကျန် အစုရှယ်ယာရှင်များသည် ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန်အတွက် ဆေးဖော်မြူလာကို အသုံးချနေသည့် ဖုန်းယွီအား ကန့်ကွက်ခြင်း မရှိသော် လည်း ဤဖော်မြူလာသည် ယွမ် သန်း(၂၀၀)တန်ကြောင်းကိုမူ လက်မခံနိုင်ကြချေ။
ဝူကျစ်ကန်းကမူ ဖုန်းယွီအား အခိုင်အမာ ထောက်ခံခဲ့သည်။ သူသည် ဖုန်းယွီအား အပြည့်အဝယုံကြည်ကာ ထောက်ခံသူဖြစ်ပေသည်။
“မန်နေဂျာဖုန်းက ဒီဖော်မြူလာဟာ သန်း(၂၀၀)တန်တယ်ဆိုရင် သေချာပေါက် တန်လို့ပဲ.. မင်းတို့ ကုမ္ပဏီရဲ့ ငွေကို လိမ်ဖို့ ကြိုးစားနေတယ် ပြောချင်နေတာလား.. ဘယ်လို ရယ်စရာကြီးတုန်း.. ကျောင်းတွေကို မန်နေဂျာဖုန်း တစ်နှစ် တစ်နှစ် လှူဒါန်းတာ ဘယ်လောက်လောက် ရျိတယ်ဆိုတာသိရဲ့လား.. ထိုင်ဟွာ ကုန်သွယ်ရေးရဲ့ အမြတ်ငွေတောင် ဒီပမာဏထက် ပိုသေးတယ်..”
“ကျစ်ကန်း… သူတို့ နားမလည်တာ ကောင်းပါတယ်.. အလွန်ဆုံး ဒီဆေးထုတ်လုပ်ဖို့ နောက်ထပ် ဆေးဝါးစက်ရုံတစ်ရုံ ငါဝယ်လိုက်ယုံပေါ့.. အမြတ်ဝေစု မရတဲ့ အချိန်ကျမှ သူတို့တွေ နောင်တရလိမ့်မယ်..”
ဖုန်းယွီ ဝူကျစ်ကန်း၏ ပုခုံးများအား ပုတ်၍ စိတ်အေးအေးထားရန် ပြောလိုက်သည်။
ဖုန်းယွီသည် ထိုလူများအတွေးကို နားလည်နေပေသည်။ အကယ်၍ ၎င်းတို့သည် မူရင်းရာထူးများအတိုင်း ဆက်ရှိ နေမည်ဆိုလျှင်ပင် ဤဖော်မြူလာသည် ယွမ်သန်း(၂၀၀)တန်သည်ဟု ထင်ကြမည် မဟုတ်ချေ။ အကယ်၍ သန်း(၂၀၀)တန်သည် ဆိုလျှင်ပင် ထိုပမာဏ ပြန်ရရန် မည်မျှ ကြာမည်နည်း။
ထို့ပြင် ဖုန်းယွီသည် ကုမ္ပဏီတွင် သူ၏ ရှယ်ယာများ တိုးမြှင့်ရန် ဤဖော်မြူလာကို အသုံးချပါက အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။ မြို့တော်အစိုးရသည် မည်သည့်အခါတွင်မှ သဘောတူမည် မဟုတ်ချေ။
ယခု ပမ့်မြို့တော် ဆေးဝါးစီမန်ကိန်းသည် အမြတ်အစွန်း များစွာရနေပြီး အစုရှယ်ယာရှင်များအားလုံး ပြန်ရနေသည့် အတွက် ပျော်နေကြပေသည်။ ၎င်းတို့၏ ဗီတာမင်နှင့် ကျန်းမာရေး ဆေးဝါးပစ္စည်းများသည် အမြတ်ငွေ ယွမ်သန်း (၁၀၀)ကျော် ရခဲ့ပေသည်။ အခြားဆေးဝါးများ ရောင်းချမှုကိုလည်း ဆွဲခေါ်နိုင်ခဲ့ပေသည်။ ယခုနှစ် ကုမ္ပဏီတွင် အနည်းဆုံး အမြတ်ငွေ ယွမ်သန်း(၂၀၀)ရပေလိမ့်မည်။
ပမ့်မြို့တော် ဈေးဝါးစီမံကိန်း အမှတ်တံဆိပ်သည် ပိုမို ကျော်ကြားလာသဖြင့် နောင်နှစ်တွင် အမြတ်အစွန်း ပိုမို ရနိုင်လောက်ပေသည်။ လာမည့်နှစ်အတွက် ခန့်မှန်းထားသည့် အမြတ်ငွေမှာ ယွမ်သန်း (၃၀၀)ကျော်ဖြစ်သည်။
(၃)နှစ်အကြာ ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည စာရင်းဝင်သည့်အခါ ရှယ်ယာဈေးနှုန်းများသည် (၅)ဆကျော် မြင့်တက်လာလောက်ပေမည်။ (၁၀)ဆပင် ပိုနိုင်သေးသည်။ ကုမ္ပဏီ၏ တန်ဖိုးသည် ယွမ်(၅)ဘီလီယံကျော် လောက်ပေမည်။ ထိုကုမ္ပဏီသည် တရုတ်နိုင်ငံတွင်သာမက အာရှတခွင်လုံးတွင်ပါ ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်လာမည် ဖြစ်သည်။
ထို့အပြင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် မြို့တော် အစိုးရထံသို့ အခွန်များစွာ ပေးဆောင်ခဲ့ပြီး အစိုးရမှ စီမံကိန်း များစွာတွင် ထောက်ပံ့ကူညီခဲ့ပေသည်။ ဖုန်းယွီ ဤသည်တို့ကို မည်သည့်အခါတွင်မှ မကန့်ကွက်ခဲ့ချေ။
ဤသည်က အလားအလာကောင်းသည့် ကုမ္ပဏီ တစ်ခု ဖြစ်ပေသည်။ မြို့တော်သည် ဖုန်းယွီအား အကြီးဆုံး ရှယ်ယာရှင် အဖြစ်ခံမည် မဟုတ်ချေ။ ဖုန်းယွီ၏ စကားတစ်ခွန်းဖြင့် အားလုံးပြီးရမည့် ပမ့်မြို့တော် ဆေးဝါး သုတေသန ဖြစ်သွားမည်ကို သူတို့ မမြင်ချင်ကြချေ။
ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ အထွေထွေမန်နေဂျာမှ ကျန်းလွေ့ချန်းအား ဤအဖြစ်အပျက်ကို သတင်းပို့လိုက်သည်။ ကျန်းလွေ့ချန်းသည် ဖုန်းယွီအား သူ့ရုံးခန်းသို့ အမြန်ခေါ်လိုက်သည်။ ဖုန်းယွီသည် သူ့ဆေး ဖော်မြူလာသည် ယွမ်သန်း(၂၀၀)တန်သည်ဟု ခံစားမိနေရသည့် အကြောင်းအရင်းကို သိချင်နေပေသည်။
ဖုန်းယွီ ကျန်းလွေ့ချန်း ရုံးခန်းသို့ ရောက်သည့်အခါ အတွင်းရေးမှူးလျိုသည် သူ့အတွက် လက်ဖက်ရည် တစ်ခွက် ချက်ချင်း ပြင်ပေးလိုက်သည်။ သူ့အကြီးအကဲသည် အစိုးရအဖွဲ့ထံမှ မနည်းလုယက်ထားရသည့် လက်ဖက်ရွက် များအား ဖုန်းယွီဖြုန်းတီးသွားမည် ကြောက်၍ပင်ဖြစ်သည်။
ဖုန်းယွီ အတွင်းရေးမှူးလျိုကို တစ်ချက် ကြည့်လိုက်သည်။ သူကျေနပ်နေပေသည်။ လူများအား လေ့ကျင့်ပေးရန် လိုအပ်ပေသည်။ ထိုလူသည် အလုပ်အလွန် ကြိုးစားပေသည်။ မိမိအတွက်လည်း အတွင်းရေးမှူး လိုအပ်နေ ပေသည်။ သို့ရာတွင် မိမိအတွင်းရေးမှူးမှာ မိန်းကလေး ဖြစ်ရပေမည်။
ယောက်ျားလေး အတွင်းရေးမှူးကို မည်သူ လိုချင်မည်နည်း။ ဖုန်းယွီထံတွင်လည်း အလုပ်အများအပြား မရှိချေ။ သူ့အလုပ်အားလုံးနီးပါး အခြားလူများထံ လွှဲပေးထားပြီး သူလုပ်ရမည့် တစ်ခုတည်းသော အလုပ်မှာ ဝင်ငွေများ ရေတွက်နေရန်သာပင်။ ကုမ္ပဏီများ၏ ဘဏ္ဍာရေး အစီရင်ခံစာများ ဖတ်ရှုရတိုင်း သူ့ရှယ်ယာ မည်မျှရှိသည်ကို တွက်ချက်ကာ စိတ်ပျော်ရွှင်နေယုံသာပင်။
“ဒီဆေးဖော်မြူလာနဲ့ ကျန်တဲ့လူတွေကို ဂျင်းထည့်ဖို့ တွေးနေတယ်ထင်လို့လား.. သန်း(၂၀၀) မတန်လို့လား..”
ဖုန်းယွီ ထိုင်မိသည်နှင့် မေးလာတော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)