ကမ္ဘာကြီး၏ တုန်လှုပ်ခြောက်ချားမှု
Vol. 47 Ch. 691
“အမြန် ရုပ်မြင်သံကြားဖွင့်လိုက်.. CCTV ဒါမှမဟုတ် သတင်းလွှင့်တဲ့ ဘယ်လိုင်းဖြစ်ဖြစ် ပြောင်းလိုက်..”
လူငယ်တစ်ဦးသည် စက်ရုံ အစောင့် အဆောက်အဦထဲသို့ ပြေးဝင်လာရင်း အော်လိုက်သည်။
လုံခြုံရေးအစောင့် ကင်းရုံ နေရာတွင် (၁၄)လက်မ အဖြူအမည်း ရုပ်မြင်သံကြား တစ်လုံးရှိပေသည်။ ကင်းရုံမှလွဲ၍ စက်ရုံ၏ အခြားနေရာတွင် ရုပ်မြင်သံကြား မရှိချေ။
လုံခြုံရေးအစောင့် ဘာဖြစ်သွားမှန်းမသိခင် လူငယ် ဆယ်ယောက်ကျော် ကင်းရုံထဲသို့ ပြေးဝင်လာကြသည်။ ၎င်းတို့၏ မောဟိုက်နေပုံအရ တစ်လမ်းလုံး ပြေးလာကြပုံပင်။
ထိုလူငယ်များ ဘာဖြစ်နေကြသနည်း။ ယခုအချိန် ၎င်းတို့၏ ကိုယ်စီ လုပ်ငန်းခွင်တွင် ရှိမနေသင့်ဘူးလော။ ၎င်းတို့ အားလုံး မည်သည့်အတွက် ရုပ်မြင်သံကြားကို အသည်းအသန် ကြည့်ချင်နေကြသနည်း။ အာ… အလုပ်ရုံ ကြီးကြပ် ရေးမှူးပါ ရောက်လာချေပြီ။ ထိုလူငယ်များအား ဆူပူကြိမ်းမောင်းကာ လစာများပင် ဖြတ်လောက်ပေသည်။
သို့ရာတွင် ကြီးကြပ်ရေးမျူးပါ ကင်းရုံအတွင်းသို့ ဝင်သွားလာအခါ အစောင့်လည်း ရုပ်မြင်သံကြားကို အလျင်စလို ဖွင့်လိုက်ရသည်။
“ဒီ ရုပ်မြင်သံကြားက CCTV1 နဲ့ ပြည်နယ်တွင်း ရုပ်မြင်သံကြားလိုင်းတွေပဲ ဖွင့်လို့ရပါတယ်.. မြို့တော် ရုပ်မြင်သံကြား ကလွဲရင် ကျန်တဲ့ လိုင်းတွေက သိပ်မရှင်းဘူး..”
“CCTV1 လိုင်းရွှေ့လိုက်.. တကယ့် အရေးကြီး ကြေငြာချက်လာနေတၑယ်.. ဂျပန်ဝန်ကြီးချုပ်က ငါတို့ကို တောင်းပန် နေတယ်.. ဟား.. ဟား.. ဟား.. ဟား.. နေလို့ ကောင်းလိုက်တာကွာ.. ဂျပန်တွေ ငါတို့ကို တောင်းပန် ရမှာပေါ့..”
လူငယ်တစ်ယောက် ရယ်မောလိုက်သည်။
“ဘာကြီး.. ဂျပန်ဝန်ကြီးချုပ်က တောင်းပန်နေတာလား.. ငါတို့စစ်တပ်က သူတို့ကို တိုက်မှာမို့လား..”
အစောင့်လည်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ အကယ်၍ တရုတ်သည် ဂျပန်နှင့် စစ်ဖြစ်ပါက သူကိုယ်တိုင် ရှေ့ဆုံးက ပါဝင်မည်ဖြစ်သည်။
“စစ်ပွဲ မဖြစ်ပါဘူး.. တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှု ပြင်းပြင်းထန်ထန် ပေါ်လာတဲ့ ဂျပန်ကုမ္၌ဏီတွေလေ.. သူတို့ ဝန်ကြီးချုပ်က တောင်းပန်ပြီး လျော်ကြေး ပေးမယ်လို့ ကြေညာလာပြီ.. ဒီတစ်ခု ဂျပန်တွေ ငါတို့ကို ဦးညွတ် ရလိမ့်မယ်..”
“ဟုတ်တယ်.. ငါ့ ဦးလေး(၃)က မြို့တော်အစိုးရဌာနမှာ အလုပ်လုပ်နေတာ.. တစ်ခါက ဂျပန်တွေ ငါတို့မြို့မှာ စက်ရုံတည်ရအောင် ဆွေးနွေးဖို့ ရောက်လာကြတယ်.. အဲ့ကောင်တွေ တော်တော်ကို မာနကြီးတာပဲ.. တစ်ကမ္ဘာလုံးက သူတို့အပိုင်ပုံစံအတိုင်း ပြောနေကြတာ.. ကံကောင်းလို့.. မြို့တော်က ဒီကောင်တွေ တောင်းဆို တာ လက်မခံလိုက်ဘူး.. စက်ရုံကလဲ ဓာတုဗေဒ စက်ရုံလို့ကြားတယ်..”
“ကံကောင်းလို့ပေါ့ကွာ.. မြို့တော် အစိုးရ ခေါင်းဆောင်တွေ အမြှော်အမြင်ရှိလို့ပေါ့.. ငါတို့မြို့က ရေတွေသာ ညစ်ညမ်းသွားရင် ငါတို့အားလုံး ဒုက္ခရောက်လိမ့်မယ်..”
“တိတ်တော့.. စကားပြောတာတွေ ရပ်လိုက်တော့.. တောင်ပန်မှု စနေပြီ..”
ကြီးကြပ်ရေးမှူး အော်လိုက်သည်။
“ဂျပန်လို နားလည်လို့လား..”
“စကားပြန် တစ်ယောက်ရှိတယ်လေ.. ငါတို့ နားမလည်လဲ မြင်ရတာ အရသာရှိချက်ပဲ..”
*********
“တရုတ်နိုင်ငံမှာရှိတဲ့ ကျုပ်တို့ ကုမ္ပဏီတစ်ချို့ရဲ့ လုပ်ရပ်အတွက် ဂျပန်အစိုးရကို ကိုယ်စားပြုပြီး တောင်းပန်ပါတယ်..”
တိုမီချီ မူရာယာမာသည် (၉၀)ဒီဂရီ ခါးချိုးကာ (၅)စက္ကန့်ကြာ ဦးညွှတ်လိုက်သည်။
ကင်မရာ အလင်းများသည်လည်း မှိတ်တုတ်မှိတ်တုတ် လင်းလက် လာပေသည်။ တိုမီချီ မူရာယာမာ၏ နှလုံးထဲတွင်မူ နာကျင်နေပေသည်။ ဝန်ကြီးချုပ် ဖြစ်ရန် အလွန်ခက်ခဲလွန်းပေသည်။
“တရုတ်အစိုးရရဲ့ တောင်းဆိုချက်တွေကိုတော့ ကျုပ်တို့တွေ စိစစ်နေဆဲပါ.. စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘာချေပမှုမှ လုပ်မှာ မဟုတ်ပါဘူး.. တရုတ်အစိုးရက သတ်မှတ်တဲ့ အနေအထားကို လက်ခံပြီး လျော်ကြေးငွေ ပမာဏကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်.. ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို တရုတ်နိုင်ငံကနေ ထွက်ခွာခိုင်းမှာ ဖြစ်ပါတယ်.. ဒီအဖြစ်အပျက်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်..”
*******
သမ္မတ ဘီလ်ကလင်တန်သည်လည်း အိမ်ဖြူတော်တွင် ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေပေသည်။
တိုမီချီ မူရာယာမာကိုယ်တိုင် စွပ်စွဲချက်များကို ဝန်ခံသည်ကို မြင်သည့်အခါ ဆေးပြင်းလိပ် မီးညှိကာ ခပ်ပြင်းပြင်း ရှိုက်လိုက်သည်။ တိုမီချီ မူရာယာမာ. လူမိုက်။ ထိုအဖြစ်အပျက်အား မည်သည့်အတွက် ဝန်ခံကာ ထိုကုမ္ပဏီများကို တရုတ်ဈေးကွက် မှထွက်နိုင်မည်နည်း။ နောင်တွင် တရုတ်သည် ဂျပန်နှင့် အလုပ်ဆက်လုပ်မည် ထင်နေသည် လော။ အမှန်တကယ် လုပ်သင့်သည်မှာ စွပ်စွဲချက်အားလုံးကို ငြင်းဆိုရာ အရာအားလုံး ဝန်ခံရန် ငြင်းဆန်ခြင်းပင်။
အရာအားလုံးကို မုသားစွပ်စွဲနေကြောင်းသာ ပြောသင့်ပေသည်။ ဤနည်းအားဖြင့် မိမိတို့သည် ဝင်ရောက် ကူညီနိုင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။ လုံလောက်သော အထောက်အထားရှိနေပါက တစ်မျိုးပင်။ ယခုမူ သူ့ အပြုအမူကြောင့် စွပ်စွဲချက်များ အားလုံး မှတ်ကန်ကြောင့် ယူဆရပေတော့မည်။
ထို နိုင်ငံရေးပါးမဝသူသည် မည်သို့ အသက်ရှင်နေသနည်း။ သူ့အနေဖြင့် တရုတ်နှင့် ဆက်ဆံရန် လွယ်ကူမည် မဟုတ်ချေ။ ငယ်ရွယ် ခေါင်းမာခြင်းဖြင့် စေ့စပ်ညှိနှိုင်းခြင်းသည် သူ့ကို နာကျင်စေလိမ့်မည်။ ညှိနှိုင်းသည့်အချိန် အခွင့်အရေး ရမည် မဟုတ်ချေ။ စေ့စပ်ညှိနှိုင်းရေး နည်းလမ်း၌ မိမိကသာ စည်းကမ်းများ သတ်မှတ် ဆောင်ရွက်ပါ။ သို့မဟုတ်ပါက မေ့ထားကာ စစ်ခင်းရပေလိမ့်မည်။
ပင်လယ်ကွေ့ စစ်ပွဲအပြီးတွင် ကလင်တန်၏ မူဝါဒမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်ပြီး ယခင်သမ္မတဟောင်းကို တိုက်ခိုက်ရန် စစ်ပွဲများကို အသုံးချခဲ့ပေသည်။ အကယ်၍ သူ့သက်တမ်းအတွင်း စစ်ပွဲတစ်ခု ဖြစ်ပွားပါက (၂)နှစ်အတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ အရွေးခံရန် အခွင့်အရေး မရှိတော့ပေ။ သူ့အား ရာထူးမှ ဆင်းရန်ပင် တွန်းအားပေးခံရနိုင်ပေသည်။
**********
ယဲ့ဆင်သည်လည်း ရုရှားနိုင်ငံ ကရင်မလင်၌ တောင်းပန်မှု တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ကြည့်နေပေသည်။ တိုမီချီ မူရာယာမာ ဦးညွတ်နေသည်ကို တွေ့ရသည့်အခါ ရယ်မောလိုက်သည်။ ထိုလူသည် ဂျပန်ဝန်ကြီးချုပ် ဖြစ်နိုင် မည်လော။ သူ့လုပ်ရပ်သည် တစ်တိုင်းပြည်လုံး၏ သဘောထားကို ထင်ဟပ်နေပေသည်။
ဂျပန်သည် ရုရှားနှင့် ပူးပေါင်းချင်နေသည်လော။ အိပ်မက် သာမက်နေပေတော့။
သို့ရာတွင် ယခုအချိန်၌ တရုတ်သည် ပိုအားကောင်းလာပြီး ရုရှားသည် တရုတ်ကို အများအပြား အကူအညီ ပေးခဲ့သည်။ တရုတ်နှင့် ရုရှားတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆွေးနွေးရန် တရုတ်ခေါင်းဆောင်များအား ဖိတ်ကြားရမည့် အချိန် ဖြစ်ပေသည်။
မိမိ ၎င်းတို့ကို ဖိတ်ခေါ်ရမည်။ တရုတ်နှင့် ရုရှား ဆက်ဆံရေး ပိုကောင်းလေလေ၊ အမေရိကန် ပိုကြောက်လေပင်။ ဤနည်းအားဖြင့် ရုရှားသည် ဖွံ့ဖြိုးတိုးတက်ရန် အချိန်ရသွားလိမ့်မည်။ တရုတ်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်းအတွက် အကျိုးကျေးဇူး များစွာ ရရှိခဲ့ပေသည်။
*******
တောင်ကိုရီးယား သမ္မတသည်လည်း တောင်းပန်ခြင်းကို ရုပ်မြင်သံကြားမှ ကြည့်နေပေသည်။ ထို့နောက် တစ်ယောက်တည်း ရယ်နေမိသည်။ ကိုရီးယားလူမျိုး တော်တော်များများသည်လည်း ဝမ်းသာသွားကြသည်။
ဖုန်းယွီ ယခင်ဘဝတွင် စကားတစ်ခွန်း ရှိပေသည်။ ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့သည် စားပွဲဝိုင်းတွင် စကားပြောရန် မည်ကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း ထိုင်နိုင်မည်နည်း။ တရုတ်များသည် ကိုရီးယားနှင့် တွေ့ပါက ဂျပန် မကောင်းကြောင်း ပြောပေလိမ့်မည်။ ထိုနည်းလမ်းဖြင့် မိတ်ဆွေ ဖြစ်လာပေလိမ့်မည်။ တရုတ်များသည် ဂျပန်နှင့် အတူရှိနေစဉ် ကိုရီးယားများ မကောင်းကောင်း ပြောကာ မိတ်ဆွေ ဖြစ်သွားပေမည်။ ဂျပန်များက ကိုရီးယားနှင့် ရှိနေစဉ် တရုတ်မကောင်းကြောင်း ပြောကာ မိတ်ဆွေ ဖြစ်နိုင်ပေသည်။
ထိုနိုင်ငံများသည် အချင်းချင်း အပြန်အလှန် လိုအပ်သော်လည်း တစ်ချိန်တည်းမှာပင် အပြန်အလှန် မုန်းတီး နေကြပေသည်။ ဤသည်က ထူးဆန်းသော ဆက်ဆံရေး တစ်ခုပင်။
ဗြိတိသျှ၊ ဂျာမနီ၊ ပြင်သစ်နှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြ ပေသည်။ ဂျပန်သည် စီးပွားရေး စွမ်းအား ကြီးနေဆဲဖြစ်ပြီး တရုတ်ကို တောင်းပန်နေသည်လော။ ဤသည်က သတင်းကြီးတစ်ခုပင်။
ဂျပန်နိုင်ငံသည် နိုင်ငံတကာတွင် အရှက်ကွဲသည်ကို တွေ့ရ၍ ဝမ်းသာမိကြသည်။ အချို့မှာ မျက်မှောင် ကြုတ်ကြသည်။ ဂျပန်ဝန်ကြီးချုပ်အား လူသိရှင်ကြားတောင်းပန်ရန် တရုတ်မှ ဖိအားပေးနိုင်ခဲ့သည်လော။ ယခု တရုတ်သည် အင်အားကြီးနေပြီလော။
ခေါင်းဆောင်တော်တော်များများသည် ဂျပန်ကို သတိထားနေကြသည်။ သို့ရာတွင် တရုတ်သည် ဤမျှ မြန်မြန် တိုးတက်လာသည်ကို ၎င်းတို့ မျှော်လင့် မထားကြချေ။ တရုတ်နိုင်ငံသည် နယ်ပယ်များစွာတွင် အားနည်း နေသေးသော်လည်း ဖွံ့ဖြိုးတိုးတက်မှုမှာ မြန်ဆန်လွန်းလှပေသည်။ ဤနှုန်းအတိုင်း ဆက်လက် တိုးတက်နေပါက (၁၀)နှစ်အတွင်း တရုတ်နိုင်ငံ မည်မျှ တိုးလက်လာနိုင်မည်နည်း။
နိုင်ငံအများအပြား၏ ခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ကာ ၎င်းတို့၏ တိုးတက်မှုကို နှောင့်နှေးစေရမည်ကို စဉ်းစားကြတော့သည်။ အချို့ခေါင်းဆောင်များသည် တရုတ်နှင့် ပိုမို ပူးပေါင်းဆောင်ရွက် သင့်ပြီး သံတမန် ဆက်ဆံရေး မြှင့်တင်သင့်သည်ဟု ယူဆထားကြသည်။ ဤနည်းဖြင့် တရုတ်နိုင်ငံ ဖွံ့ဖြိုး တိုးတက် လာသည့်အခါ မိမိတို့ နိုင်ငံအတွက် အကျိုးရှိမည် ဖြစ်သည်။
၎င်းတို့သည် တရုတ်နိုင်ငံ ဂုဏ်သိက္ခာအတွက် စိုးရိမ်ခဲ့ကြသည်။ အကယ်၍ မည်သည့်နိုင်ငံမဆို တရုတ်နိုင်ငံနှင့် မိတ်ဆွေဖြစ်ပါက၊ အခြားတစ်ဖွဲ့သည် လက်ဦးစွာ တိုက်ပွဲမစတင်ပါက တရုတ်သည် ထိုနိုင်ငံနှင့် စစ်ခင်းမည် မဟုတ်ချေ။ တရုတ်နိုင်ငံအပေါ် ကန့်သတ်ချက် အနည်းငယ် ရုတ်သိမ်းရန် အချိန်တန်ပြီဟု ထင်နေရပေသည်။
********
ဖုန်းယွီနှင့် ကျန်လူများ အစည်းအဝေးခန်းထဲတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်။ တောင်းပန်စဉ် အတွင်း စကားများစွာပြောခဲ့သော်လည်း မည်သူမှ နားမလည်ချေ။ သို့ရာတွင် ထိုတောင်းပန်မှုမှာ ဂျပန်နိုင်ငံသည် ရိုးသားမှု ပြခဲ့သည်မှာ ထင်ရှားပြီး ဂျပန်နိုင်ငံရှီ တရုတ်သံအမတ်မှလည်း တရုတ်နိုင်ငံကိုယ်စားပြုကာ လက်ခံ ကြောင်း ပြသခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်အရာရှိ အချို့သည် လျော်ကြေးကိစ္စ ညှိနှိုင်းရန် ဂျပန်နိုင်ငံသို့ သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။
တရုတ်သံအမတ်ကြီး၏ သဘောထားမှာ အလွန်တင်းမာပေသည်။ သူသည် အောင်နိုင်သူ ကဲ့သို့ ပြုမူကာ ဂျပန်များ ခေါင်းငုံ့ထားရုံသာ တတ်နိုင်ပေသည်။ အစွန်းရောက် ဂျပန်အချို့သည် ဆန္ဒပြကြပြီး တိုမီချီ မူရာယာမာကို ရာထူးမှ နှုတ်ထွက်စေချင်နေသည်။ အနန္တစွမ်းအားရှင် ဂျပန်သည် တရုတ်အား မည်သည့်အတွက် တောင်းပန်နိုင်မည်နည်း။
သို့တိုင်အောင် ယခုမူ ဘာမှ မပြောင်းလဲနိုင်တော့ချေ။ ထိုတောင်းပန်မျုကို တစ်ကမ္ဘာလုံးသို့ တိုက်ရိုက် ထုတ်လွှင့် ခဲ့ခြင်းဖြစ်ပေသည်။
ယခုတစ်ကြိမ် ဂျပန်ရှုံးပေပြီ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)