တန်းတူညီမျှခြင်း
Vol. 47 Ch. 693
မစ္ဇူရီ ဓာတုကုမ္ပဏီသည် ဖုန်းယွီ၏ ပထမဆုံး ရွေးချယ်မှုဖြစ်သည်။ ယခုကာလတွင် မစ္စူရီ ဓာတုကုမ္ပဏီ၏ ရှယ်ယာဈေးများသည် (၃၂)ဒေါ်လာမှ (၁၄)ဒေါ်လာသို့ ကျဆင်းသွားပေသည်။ ဤကုမ္ပဏီသည် တရုတ်နိုင်ငံတွင် အဆိုးရွားဆုံး ညစ်ညမ်းမှုကို ဖြစ်စေခဲ့ပြီး အပြင်းထန်ဆုံး ဒဏ်ရိုက်ခံလိုက်ရသည်။
ဖုန်းယွီသည် သူ့ကိုယ်ပိုင် မိုက္ခရိုဆော့ဖ် ရှယ်ယာ အနည်းငယ်ကို ရောင်းချပြီး ရငွေများ၊ လေနှင့်မိုး အတိုင်ပင်ခံမှ ရန်ပုံအချို့ကို သုံးကာ မစ္ဇူရီ ဓာတုကုမ္ပဏီ၏ ရှယ်ယာများကို ကန်ဒေါ်လာ သန်း(၅၀၀)ဘိုး ဝယ်ယူလိုက်သည်။
စတော့ဈေးကွက်ထဲသို့ သိသိသာသာ ဝင်ရောက်လာသည့် ငွေပမာဏကြောင့် ချက်ချင်း ရလဒ်များ ထွက်လာသည်။ မစ္ဇူရီ ဓာတုကုမ္ပဏီသည် ၎င်းတို့၏ ရှယ်ယာဈေးနှုန်းများ ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့ခြင်းကြောင့်ဟုသာ ထင်မြင် နေကြသည်။ ၎င်းတို့ အရမ်းပျော်သွားသည်။ အစုရှယ်ယာရှင်များသည် ရှယ်ယာဈေးနှုန်းများ တက်စေရေး ဆက်လက် တွန်းအားပေးရန်အတွက် ၎င်းတို့၏ ရှယ်ယာများ တိုးမြှင့်ခဲ့သည်။
ထို့နောက် ဖုန်းယွီသည် သူရန်ပုံငွေများကို အုပ်စုခွဲကာ ဂျပန် ဓာတုကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံခဲ့သည်။ ထိုကုမ္ပဏီများသည်လည်း အလားတူဖြစ်ပြီး ၎င်းတို့သည် ကမ္ဘာ့အဆင့်မြင့် နည်းပညာများ ပိုင်ဆိုင်ထားပေသည်။
ယခုအခါ ထိုကုမ္ပဏီများသည် ၎င်းတို့အမှားများကို ဝန်ခံပြီး အပြစ်ရှိသူအချို့ကို အလုပ်ထုတ်ခဲ့သည်။ ကျဆင်း နေသည့် ပုံရိပ်ကို ပြန်လည်ပြုပြင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့သည် ယခုနှစ်များအတွင်း လူ့အဖွဲ့အစည်း အတွက် လှူဒါန်းခဲ့သည့် အလှူုငွေများကို ကြေညာခဲ့သည်။
ထိုကြေညာချက် အသက်ဝင်လာလေသည်။ ထိုကုမ္ပစီများ၏ ရှယ်ယာဈေးနှုန်းများ တည်ငြိမ်လာပြီး တဖြည်းဖြည်း မြင့်တက်လာပေသည်။
ဖူရုံချီသည် ဖူမိသားစု၏ စုပေါင်းရန်ပုံငွေကို တိုရှီဘာ၊ ပိုင်အိုနီးယားနှင့် အခြားသော လျှပ်စစ် ကုမ္ပစီများ၏ ရှယ်ယာများ ဦးဆောင်ဝယ်ယူခဲ့သည်။ ဤကုမ္ပဏီများသည် အဆင့်မြင့်ဆုံး နည်းပညာများနှင့် မူပိုင်ခွင့်အချို့ ကိုလည်း ပိုင်ဆိုင်ထားပေသည်။ တရုတ်နိုင်ငံရှိ ၎င်းတို့၏ စက်ရုံများကြောင့် ပျက်စီးမှုမှာ အလွန်ပြင်းထန်ခြင်း မရှိကြောင်း ၎င်းတို့၏ လျော်ကြေးငွေနှင့် ဒဏ်ကြေးမှာလည်း ကြီးကြီးမားမား မဟုတ်ခဲ့ချေ။
ထို့အပြင် ထိုကုမ္ပဏီများသည် ၎င်းတို့၏ ရောင်းအားမြှင့်တင်ရန်အတွက် ထုတ်ကုန် အသစ်များကို မိတ်ဆက်ကာ အရောင်းမြှင့်တင်ရေးများ အကောင်အထည်ဖော်ခဲ့သည်။
ထိုအချိန်၌ ဝါရန် ဘတ်ဖက်သည် ဈေးကွက်အတွင်း ဝင်ရောက်လာသည်။ သူသည်လည်း မစ္ဇူရီ ဓာတုကုမ္ပဏီ၏ ရှယ်ယာ အများအပြား ဝယ်ယူပြီးနောက် တိုရှီဘာ၏ ရှယ်ယာများ စတင်ဝယ်ယူခဲ့ပေသည်။
ဘတ်ဖက်သည် ထိုကုမ္ပစီ (၂)ခု၏ ရှယ်ယာများကို ဝယ်ယူခြင်းကြောင့် ရင်းနှီးမြုပ်နှံသူ အများအပြားသည်လည်း ထိုကုမ္ပဏီ (၂)ခု၏ ရှယ်ယာများ ဝယ်ယူကြတော့သည်။ ထိုသို့ ရင်းနှီးမြုပ်နှံမှုများကြောင့် ဤကုမ္ပဏီ (၂)ခု၏ ရှယ်ယာဈေးများ တက်လာတော့သည်။
အမေရိကန်နှင့် ဥရောပမှ အချို့သော အဖွဲ့အစည်းများသည် ဤအခွင့်အလမ်းကို မြင်ကာ ထိုကုမ္ပဏီများ၏ အစုရှယ်ယာများကို အမြောက်အများ စတင်ဝယ်ယူကြသည်။ ဈေးကွက်ကိုလည်း ခွဲခြမ်းစိတ်ဖြာကာ ဤရှယ်ယာများသည် ယခင်အချိန်များကဲ့သို့ ကျဆင်းမည် မဟုတ်ဟု ခံစားခဲ့ရသည်။ အမှန်တကယ်တွင် ထိုရှယ်ယာ များမှာ အချိန်တိုအတွင်း တက်လာသင့်ပေသည်။
(၃)ရက်အတွင်း ဖုန်းယွီ၊ ဖူကွမ်းကျန့်နှင့် ကျန်လူများသည် ကိုယ်စီရန်ပုံငွေများသုံး၍ ထိုရှယ်ယာများကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။ ရှန်ပိန်ဖေါက်၍ အောင်ပွဲခံနေပြပေပြီ။ (၃)ရက်အတွင်း အမြတ်အစွန်း မြင်နေရပေပြီ။ ကောလာဟလ ဖြန့်ခြင်းနှင့် ရှယ်ယာဈေးနှုန်းများကို နှိမ်နင်းခြင်းအတွက် ကုန်ကျစရိတ် နှုတ်ယူပြီး ၎င်းတို့အတွက် အမြတ်အစွန်း အမြောက်အများ ရရှိနေပြီဖြစ်သည်။
“ဟား.. ဟား.. ဟား.. တူလေးဖုန်း.. (၁)လပဲ.. အများဆုံး (၂)လပေါ့.. ငါတို့တွေ အမြတ်အစွန်း ကောင်းကောင်း ရနိုင်တယ်..”
ဖူရုံချီ သူ့ရှန်ပိန်ခွက်ကို ကိုင်ရင်း ပြောလိုက်သည်။
“ကျုပ်တို့ ရှယ်ယာတွေ အားလုံး ပြန်ရောင်းပြီး သူတို့ရှယ်ယာဈေးတွေ ပြန်ကျသွားအောင် လုပ်ရမှာ.. ဝမ်းနည်းစရာ နှစ်သစ်ကို ပေးကြတာပေါ့..”
မြင့်မားသော အကျိုးအမြတ်အတွက် ထိုကုမ္ပစီများသည် ၎င်းတို့၏ ရှယ်ယာဆေးနှုန်းများ တိုးမြှင့်ရန် ကူညီပေးခဲ့ကြသည်။
လုံလောက်သော အမြတ်ငွေရသည့်အခါ ဖုန်းယွီနှင့် ကျန်လူများသည် ရှယ်ယာအားလုံး ထုတ်ရောင်းပစ်မည် ဖြစ်သည်။ သို့အတွက် ထိုကုမ္ပစီများသည် ရှယ်ယာဈေးများ ကျဆင်းသွားမည်ဖြစ်သည်။ ကျဆင်းမှုသည် ပြင်းထန်မည် မဟုတ်သော်လည်း ရှယ်ယာဈေးနှုန်းများ ထိခိုက်မည်မှာ သေချာပေသည်။
ဖုန်းယွီနှင့် ကျန်လူများသည် တတ်နိုင်သမျှ အမြန်ဆုံး ရောင်းထုတ်ရပေမည်။ ထို့နောက် ထိုကုမ္ပစီများ၏ အစုရှယ်ယာရှင်များသည် ထိုကုမ္ပဏီများ၏ ရှယ်ယာများနှင့်အတူ ပိတ်မိကာ ထိုကုမ္ပဏီများနှင့်အတူ ဆုံးရှုံးမှု ခံကြရမည်ဖြစ်သည်။
ဖူရုံချီနှင့် ဖုန်းယွီသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် သူတို့(၂)ယောက်အတွက် အမြတ်ငွေ (၃၀)ရာခိုင်နှုန်းကျော်ကာ (၅၀)ရာခိုင်နှုန်း သို့ပင် ရောက်နိုင်ပေသည်။
ဤသည်မှ (၁)လ၊ (၂)လအတွင်း ဤမျှ အမြတ်အစွန်း မြင့်မြင့်မားမား ရရှိစေမည့် အလွန်ကောင်းမွန်သော ရင်းနှီး မြုပ်နှံမှု တစ်ခုဖြစ်ပေသည်။
အန္တရာယ်များသော ရင်းနှီးမြုပ်နှံမှုလည်း မဟုတ်ချေ။ ထိုကုမ္ပစီများသည် မိုက်မိုက်မဲမဲ ထပ်မံပြုလုပ်ကာ ၎င်းတို့နှင့် ပတ်သက်၍ အဆိုးမြင်စေမည့် သတင်းများ ထပ်မပေါ်ပါက အန္တရာယ် အလွန်နည်းပါးပေသည်။ ဂျပန် အစိုးရသည် ထိုကုမ္ပဏီများအတွက် မြင့်မားသော ဈေးပေးခဲ့ပြီး တရုတ်အစိုးရသည် ထိုအဖြစ်အပျက်တွင် မပါဝင်တော့ချေ။
တရုတ်တွင် ထိုဂျပန်ကုမ္ပစီများအကြောင်း သတင်းများ မထွက်တော့ချေ။ ထို့အစား ယခုသတင်းများမှာ နိုင်ငံအများ အပြား၏ ခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ လည်ပတ်နိုင်မှုအပေါ် အာရုံစိုက်နေကြသည်။ ထိုခေါင်းဆောင် များသည် ပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်သို့ ရောက်လာကြခြင်းပင်။
ထိုနိုင်ငံများသည် စီးပွားရေး၊ ယဉ်ကျေးမှု၊ နည်းပညာနှင့် စစ်ရေးစသည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက် လိုကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော သံတမန် ဆက်ဆံရေး လိုချင်နေကြသည်။
ခြံစည်းရိုးပေါ် ခွထိုင်နေသည့် တတိယ ကမ္ဘာ့နိုင်ငံအချို့သည် တရုတ်နိုင်ငံဘက်သို့ ဦးတည်လာကြသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ တရုတ်အပေါ် အထင်အမြင် အားနည်းခဲ့သော်လည်း ယခုအခါ ၎င်းတို့၏ စွမ်းပကားများ စတင်ပြသနေပြီဖြစ်သည်။ တရုတ်နိုင်ငံသည် အခြား ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုကို ယှဉ်ပြိုင်ပြီး အနိုင်ရရှိရန် လိုအပ်ကြောင်း ကမ္ဘာကို ချပြခဲ့သည်။
*********
“အဖေ.. သူတို့တွေ ဟိုကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ဝယ်ပြီး အမြတ်ထွက်ပုံပဲ.. သူတို့နောက် လိုက်ပြီး ရှယ်ယာ နည်းနည်း ဝယ်သင့်လား..”
လီကျယ်ကျီ ပြန်ရောက်လာကာ မျက်နှာတွင်လည်း အနည်းငယ် မနာလို ဖြစ်နေမိသည်။
အစပိုင်းတွင် လီကျယ်ကျီသည် သူ့ဖခင်နှင့် ထပ်တူသာ တွေးထားခဲ့သည်။ ထို့နောက် ဈေးကွက် ကုန်သွယ်မှု မလုပ်ခဲ့ကြချေ။
ယခုမူ လီကျယ်ကျီ သည် ထိုကဲ့သို့သော ငွေရှာရန် အခၑွင့်အရေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပေပြီ။ အမြတ်အစွန်းနည်းနည်းယူကာ ဈေးကွက်မှ စောစောထွက်လျှင်ပင် အရှုံးပေါ်မည် မဟုတ်ချေ။ ထိုအခွင့်အရေးကို လက်လွတ်ခံကာ ဤအတိုင်း ထိုင်နေမိပါက စိတ်မသက်မသာ ခံစားရပေလိမ့်မည်။
“ဟုတ်တယ်အဖေ.. သူတို့အတိုင်း လိုက်လုပ်ရအောင်.. ဖူရုံချီ ဟောင်ကောင်က မိသားစု တော်တော်များများကို စည်းရုံးပြီး သူတို့လဲ ရင်းနှီးမြုပ်နှံကြတယ်.. အားလုံး အဲ့ကုမ္ပဏီနည်းနည်းရဲ့ ရှယ်ယာဈေးတွေတက်အောင် အတူတူ လုပ်ကြတာ.. အဲ့ကုမ္ပဏီတွေကို နောက်ထပ် ထိုးနှက်ချက်ပေးဖို့ သူတို့ရှယ်ယာတွေ တပြိုင်တည်း ရောင်းထုတ် ကြလိမ့်မယ်…”
လီကျယ်ခိုင်လည်း ဝင်ပြောလာပေသည်။
မဟာလူသားလီ ဆိုဖာပေါ်တွင်ထိုင်ကာ လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ငုံလိုက်သည်။
“မင်းတို့တွေ မစောင့်နိုင်ကြတော့ဘူးလား.. ဒါကို ငွေရှာဖို့ အကောင်းဆုံး အခွင့်အရေးလို့ ထင်နေကြတာလား.. အမြတ်အစွန်း ကြီးကြီးရှေ့မှာ မင်းတို့တွေ ဘယ်လိုပုံစံ ဖြစ်ကြမလဲဆိုတာ ငါမြင်ချင်သေးတယ်..”
လီကျယ်ခိုင်နှင့် သူအစ်ကို အချင်းချင်း ကြည့်ကာ ခေါင်းငုံ့လိုက်ကြသည်။ သူတို့ (၂)ယောက်စလုံး သည် အမြတ် အစွန်းများ ရှေ့တွင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ကြချေ။
“ပြီးတော့ ဒီစစ်ဆင်ရေးကို ဖူမိသားစု ဦးဆောင်ထားတယ်.. အခုမှ ဝင်ပါမယ်ဆိုရင်လဲ သူတို့ထက် နိမ့်သွားတော့မှာ.. မင်းတို့ သီးခံနိုင်ပါ့မလား..”
လီကျယ်ခိုင် ချက်ချင်းပင်..
“ဖူမိသားစုက ဘာလို့ ကျုပ်တို့ထက် မြင့်မှာလဲ.. ဩဇာနဲ့ စွမ်းအားအရ ဖူမိသားစုက ကျုပ်တို့နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ.. ဖူမိသားစုရဲ့ လက်လီဆိုင်တွေဆို ကျုပ်တို့အပေါ် မှီခိုနေရတုန်းပဲ.. ကျုပ်တို့ ဆိပ်ကမ်းတွေသာ မရှိရင် သူတို့တွေ ကုန်ကျစရိတ်အများကြီး တိုးလာမှာပဲ..”
လီကျယ်ကျီမှလည်း..
“ဒီရင်းနှီးမြုပ်နှံမှုမှာ ငွေကြေး မဆုံးရှုံးဘူးဆိုတာ သက်သေပြနိုင်သရွေ့ ဘယ်သူက ဦးဆောင်နေတယ်ဆိုတာ အရေးမကြီးတော့ဘူး.. ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစုမှာ အကြီးဆုံး ရင်းနှီးမြုပ်နှံသူက ကျယ်ခိုင်နဲ့ ဖုန်းယွီပဲ.. ဘာဖြစ်လို့ အဲ့လိုလက်ခံချင်ရမှာလဲ.. ဖုန်းယွီ ဖူမိသားစုထက် ပိုအားကောင်းပြီး ဩဇာရှိတယ်ဆိုတာ ပြောဖို့ ကြိုးစားနေတာလား..”
လီကျယ်ခိုင်သည် သူ့ဖခင် ၎င်းတို့ကို သင်ပေးနေသည်အား ချက်ခြင်း သဘောပေါက်သွားသည်။ အနိုင်ရသည် ဖြစ်စေ ရှုံးသည်ဖြစ်စေ အရေးမကြီးချေ။ နောက်ဆုံးတွင် ရလဒ်နှင့် အမြတ်သည်သာ အရေးကြီးပေသည်။ အကယ်၍ ဖုန်းယွီကို ထိုင်ဟွာကုန်တိုက်၏ အကြီးမားဆုံး ရှယ်ယာရှင်အဖြစ် ခွင့်ပြုခိုင်ပါက ဖူမိသားစုကို အဘယ့်ကြောင့် ဤလုပ်ငန်းတွင် ဦးဆောင်ခွင့် မပြုနိုင်မည်နည်း။
လီကျယ်ခိုင် မှ….
“အဖေ.. နားလည်ပါပြီ.. လူတိုင်းမှာ ကောင်းကွက်တစ်ခုခုရှိမယ်.. တကယ်ဆို ဒီရင်းနှီးမြုပ်နှံမှုမှာ ဖူမိသားစု နောက်လိုက်တာ ကောင်းပါတယ်.. အစုရှယ်ယာဈေးနှုန်းတွေ လှုံ့ဆော်ဖို့တောင် ကျုပ်တို့ ကူညီနိုင်သေးတယ်.. ဥပမာပြောရရင် ကျုပ်တို့က ကျုပ်တို့ဆိပ်ကမ်းတွေကို သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အဲ့ကုမ္ပဏီတွေနဲ့ စပြီး ညှိနှိုင်းလို့ ရသေးတယ်.. အဲ့ညှိနှိုင်းမှုကြောင့် ရှယ်ယာဈေးတွေ တက်လာမှာ သေချာတယ်.. ဒါပေမယ့် သူတို့နဲ့ စာချုပ် ချုပ်ပြီးရင် အဲ့ကိစ္စ ဝင်ပါမှာ မဟုတ်တော့ဘူး.. အားလုံးက သူတို့ရှယ်ယာတွေ ပြန်ရောက်ထုတ်ပြီးရင် ကျုပ်တို့ ညှိနှိုင်းမှု ပျက်သွားပြီး သူတို့ရှယ်ယာဈေးတွေ ဒီထက်မက ကျသွားအောင် ကြေငြာပေးလို့ရတယ်..”
“ဒီနည်းနဲ့ဆို ဘယ်သူက ငါတို့ဆိပ်ကမ်းမှာ ရပ်ချင်အုံးမှာလဲ.. ငါတို့ အဲလိုမလုပ်နိုင်ဘူး.. ငါတို့ကုမ္ပဏီ ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်.. ငါတို့တွေ သူတို့ရှယ်ယာတွေ ဝယ်ဖို့ ကျန်နေတဲ့ အမြတ်ငွေပါးပါး ရအောင် ငါတို့ ရန်ပုံငွေပဲ သုံးလို့ရမယ်.. မကာအိုနဲ့ ဟောင်ကောင်က ဩဇာကြီးမားတဲ့ မိသားစုတွေ ဝင်ပါလာရင် ငါတို့ ဘယ်လိုလုပ် ဝင်ပါနိုင်မှာလဲ.. ဒီတစ်ခါ ငါတို့ ဘာမှ လုပ်စရာမလိုဘဲ ငွေရှာဖို့ ကျန်တာတွေတာ လုပ်လိုက်ကြ..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)