စိတ်အားထက်သန်နေသည့် ဗစ်တာ (၂)
Vol. 47 Ch. 697
ဗစ်တာသည် ပစ်ဇာ၏ သုတေသန အကြီးအကဲ မာ့ခ် ကိုဖုန်းခေါ်လိုက်သည်။ မာ့ခ်သည် မအောင်မြင်သေးသော ထုတ်ကုန်များနှင့်ပတ်သက်သည့် အချက်အလက်များအားလုံးကို စုစည်းရန် ဂျော့ဂျ်၏ ညွှန်ကြားချက် ရရှိထားသူ ဖြစ်သည်။ အချက်အလက်အားလုံး စုဆောင်းကာ ဗစ်တာ့ထံ အီးမေးလ်ဖြင့် ပြန်ပို့ပေးလိုက်သည်။
ဗစ်တာမှ ထို အီးမေးလ်ကိုဖွင့်ကာ ဖတ်လိုက်သည်။
သွေးတိုးရောဂါ ကုသရန်ဆေး၊ သွေးပေါင်ချိန် ပုံမှန်ထက် လျော့ကျသွားနိုင်ပေသည်။ ဤဆေးသည် ထိရောက်မှု ရှိသော်လည်း လက်တွေ့စမ်းသပ်မှုများမှ ရလဒ်များသည် ဈေးကွက်သို့ ဖြန့်ဖြူးရန် မသင့်လျော်ကြောင်း မှတ်ချက် ပေးထားသည်။
သွေးကြည်ဖြူ ဆေး။ ထိုဆေးသည် ကျန်းမာသော သွေးဖြဥကု များကို အလွယ်တကူ သေစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေသည်။ လူနာ၏ ကိုယ်ခံအားကိုလည်း ကျဆင်းစေသည်။ ဤသည်သည်လည်း ပထမ စမ်းသပ်မျု မအောင်မြင်ခဲ့ချေ။
ဆီးကျိတ်ရောင်ရမ်းမှုပျောက်ဆေး။ ကျောက်ကပ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။ ဤဆေးသည် ဆီးကျိတ်ရောင်ခြင်းကို ပျောက်ကင်းစေနိုင်သော်လည်း ကျောက်ကပ် ချို့ယွင်းမှုကိုလည်း ဖြစ်စေနိုင်သည်။ ပထမအဆင့် စမ်းသပ်ပြီးနောက် ရပ်တန့်လိုက်သည်။
နှလုံးသွေးကြောဆေး။ သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုး မရှိသော်လည်း ထိရောက်မှု မရှိသေးချေ။ ပထမအကြိမ် စမ်းသပ်ပြီးနောက် ဤဆေးသည် လမ်းလွဲနေကြောင်း တွေ့ခဲ့ရသည်။
စာရင်းတွင် ပါဝင်သည့် ဆေးတိုင်းတွင် မအောင်မြင်ရသည့် အကြောင်းအရင်းများ ဖော်ပြထားသည်။ ဤဆေးဝါးများ၏ သုတေသန ကုန်ကျစရိတ်ကိုလည်း ဖော်ပြထားဆေပသည်။ တီထါင်ထုတ်လုပ်ထားသော ဆေးဝါးအချို့သည် လမ်းလွဲနေသဖြင့် တီထွင်ရသည့် ရည်ရွယ်ချက်သို့ မရောက်တော့ချေ။ ထိုဆေးများမှာ ငွေအနည်းငယ်သာ တန်ပေသည်။
စာရင်းရှိ ဆေးဝါးအချို့သည် ဘေးထွက်ဆိုးကျိုးများရှိပြီး အမေရိကန် ဆေးဝါးဌာန၏ အဆင့်သတ်မှတ်ချက်ကို မကျော်လွှားနိုင်ချေ။ ပစ်ဇာမှ သုတေသီများသည် ဘေးထွက်ဆိုးကျိုးများကို လျော့ချရန် မည်သည့်နည်းလမ်းမှ ရှာမတွေ့ဘဲ ဤဆေးကို တီထွင်ထုတ်လုပ်ခဲ့သည့် အရင်းအမြစ်များ မလဟသ ဖြစ်ခဲ့ရသည်။
ထိုဆေးများအတွက် သုတေသန ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ သန်း(၁၀၀)ကျော်ပေသည်။ ဤစာရင်းသည် ၎င်းတို ဆေးဝါးများ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ကြောင်း မာ့ခ်မှ ဗစ်တာအား အသိပေးခဲ့သည်။ ၎င်းတို့တွင် တီထွင် ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက် ဆေးဝါးအားလုံး ထည့်သွင်းပါက ကုန်ကျစရိတ်သည် ထိုထက် မြောက်များစွာ ကုန်ကျပေလိမ့်မည်။
စာရင်းတွင်ပါဝင်သည် ဤဆေးဝါးများကိုသုတေသီအသစ်များ လေ့ကျင့်ရန်သာ အဓိက အသုံးပြုခဲ့သည်။
ဤသည်က သုတေသနတွင် ဖြစ်နေကျပင်။ တခါတရံတွင် နောက်ဆုံးအဆင့်သည် ၎င်းတို့အတွက် သတ်မှတ်ထား သည့် အရည်အသွေး မဖြည့်ဆည်းပေးနိုင်သည့်အခါ အကျိုးသက်ရောက်မှုနှင့် အရင်းအမြစ်များ အလဟသ ဆုံးရှုံး သွားပေသည်။သို့ရာတွင် နောက်ထုတ်ကုန် အောင်မြင်ပါက ပြန်လည်ရရှိဝင်ငွေသည် ထိုကုန်ကျစရိတ်ထက် အဆ(၁၀၀) ပိုများနိုင်ပေသည်။
မအောင်မြင်သော ထုတ်ကုန်များ တီထွင်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကျစရိတ်များကို ယခင်က ပြန်မရ နိုင်တော့သည်။ သို့တိုင်အောင် ယနေ့တွင်မူ ဗစ်တာသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်မှ ထိုမအောင်မြင်သော ထုတ်ကုန်များ ဝယ်ချင်ကြောင်း ပြောလာပေသည်။ မိုက်မဲသည့် တရုတ်စီးပွားရေးသမား တစ်ယောက်သည် ဤမအောင်မြင်သည့် ထုတ်ကုန်များ၏ ဖော်ဆပ်နည်းကို ဈေးနှုန်းကြီးကြီးဖြင့် ဝယ်ယူချင်နေပေသည်.
မာ့ခ် မယုံကြည်သော်လည်း ဗစ်တာအတွက် စာရင်းပြုစုပေးရန် ဂျော့ဂျ်၏ ညွှန်ကြားချက်ကိုမူ လိုက်နာခဲ့သည်။ အကယ်၍ ဗစ်တာသည် ဤမအောင်မြင်သော ထုတ်ကုန်များ၏ ဖော်ဆပ်နည်းကို ရောင်းချနိုင်ခဲ့ပါက ၎င်းတို့သည် နောက်ထပ် စီမံကိန်း အသစ်များ အတွက် သုတေသန ရန်ပုံငွေ ပိုမိုရရှိလာပေလိမ့်မည်။
သုတေသီများ၏ လစာအားလုံးသည် ပစ်ဇာတွင် ၎င်းတို့၏ သုတေသန အောင်မြင်မှုပေါ်တွင် မူတည်ပေသည်။
ဗစ်တဆာသည် စာရင်းကို သေချာဖတ်ကာ ပြန်စီပြီးမှ ဖုန်းယွီကို ခေါ်လိုက်သည်။
“မစ္စတာဖုန်း.. ဗစ်တာပါ.. ငါ့ CEO ကို ငါတို့ရဲ့ သုတေသနထဲက တစ်စိတ်တစ်ပိုင်း မင်းကို ရောင်းပေးဖို့ စည်းရုံးထားတယ်.. ဘယ်အချိန် အေးအေးဆေးဆေး တွေ့ပြီး ဆွေးနွေးနိုင်မလဲ..”
ဗစ်တာ ဖုန်းယွီကို သဘောကျသွားသည်။ ဖုန်းယွီသည် သွားလိုက်လာလိုက်နှင့် လှည့်ပတ်သွားလာနေသည်ကို မြင်ပြီး သူ့ပတ်ပတ်လည်တွင် သက်တော်စောင့် ဆယ်ချီရှိနေပေသည်။ တရုတ်နိုင်ငံတွင် သေနတ်ကိုင်ဆောင်ခွင့် ပိတ်ထားပေသည်။ သို့ရာတွင် ထိုကိုယ်ရံတော်များ၏ ဝတ်စုံများ ဖောင်းပွနေသဖြင့် အတွင်းဘက်တွင် လက်နက်များ ဆောင်ထားပုံရပေသည်။
ဗစ်တာ၏ ခေါ်ဆိုမှု လက်ခံရလိုက်သည်နှင့် ဖုန်းယွီ အလွန်ပျော်သွားသည်။ သူ့ပထမ ခြေလှမ်း အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။
*********
“မစ္စတာဖုန်း.. ကျုပ်အလုပ်တွေမိနေလို့ ထွက်လို့မရဘူးဖြစ်နေတယ်.. ကျေးဇူးပြုပြီး ကျုပ်ရုံးခန်းကို လာပေးလို့ ရမလား..”
ဗစ်တာ ယဉ်ယဉ်ကျေးကျေး ပြောလာပေသည်။ ၎င်းသည် ပစ်ဇာရှိ သူ့ရုံးခန်းသို့ လာရောက်ရသည့် ခရီးစဉ် တစ်ခုသာဖြစ်ပေသည်။ လူမျာစွာ ခေါ်လာရန် လိုအပ်သည်လော။
ဖုန်းယွီ မျက်ခုံး ပင့်လိုက်သည်။ ဗစ်တာ အလွန် ယဉ်ကျေးနေသည် မဟုတ်ပေလော။
“အဆင်ပြေပါတယ်.. မင်းရုံးခန်း ဒီအတိုင်း ထားလို့ရရင် အဲ့လုပ်ငန်းတွေ တာဝန်ပေးဖို့ မင်းကို တရုတ်ထိ လွှတ်မှာ မဟုတ်ဘူးလေ.. ကျုပ်လိုချင်တာ အဆင်သင့် ဖြစ်ပြီလား..”
ဖုန်းယွီ စိတ်အားထက်သန်စွာ မေးလိုက်သည်။
“မစ္စတာဖုန်း စိတ်ချစမ်းပါ.. ဒါ ကျုပ်ကုမ္ပဏီက ပို့လိုက်တဲ့ စာရင်း.. ကျေးဇူးပြုပြီး မင်းစိတ်ဝင်စားတဲ့ ဆေးတွေ ကြည့်ကြည့်လေ..”
ဗစ်တာသည် A4 စာရွက် တစ်ရွက် ဖုန်းယွီအား ပေးလိုက်သည်။
ဖုန်းယွီသည် စာရင်းကို ဖတ်ကြည့်ပြီး နှလုံးသွေးကြောဆေး တွေ့လိုက်ရသည်။ သို့ရာတွင် Sildenafil သည် စာရင်းတွင် မပါကြောင်း သိလိုက်ရသည်။
ဖုန်းယွီနှင့် ဗစ်တာတို့သည် ခနတာ စကားစမြည်ပြောနေကြစဉ် ဖုန်းယွီသည် သူမည်မျှ ချမ်းသာကြောင်းကိုသာ ခပ်ပါးပါး ပုတ်၍ ပြောနေပေသည်။ ဗစ်တာသည်လည်း တစ်ချိန်လုံး ပြုံးနေပေသည်။
ဖုန်းယွီ မျက်မှောင်ကြုတ်ကာ တစ်ချက်ဟန်ဆောင်ရင်း..
“မပြီးပြတ်သေးတဲ့ ထုတ်ကုန် တွေဆိုတော့… တစ်ဝက်တစ်ပျက် တီထွင်ဆဲ ထုတ်ကုန်တွေကရော..”
“စာရင်းထဲမှာ ဖော်ပြမထားပါဘူး..”
ဖုန်းယွီ ဗစ်တာဘက်လှည့်လိုက်ပြီး..
“မစ္စတာ ဗစ်တာ ဒီဆေးတွေကို ဆေးခန်းတွေမှာ စစ်ဆေးပြီးပြီလား..”
ဗစ်တာ ခေါင်းယမ်းလိုက်သည်။
“ကျုပ်တို့ ကုမ္ပဏီက ဒီဆေးဝါးတွေကို လက်တွေ့ စမ်းသပ်နေတဲ့အချိန် ဖွံ့ဖြိုးတိုးတက်ဆဲအဆင့် ရှိနေသေးရင် မရောင်းပါဘူး..”
ကန့်သတ်ထားသည့် အရင်းအမြစ်များပုံစံ ဆိုသည့်အတွက် ကုမ္ပဏီ၏ ဦးတည်ချက် ပြောင်းလဲသွားပြီလော။
ဤဆေးများသည် လက်တွေ့စမ်းသပ်မှုပြီးပါက ထိရောက်မှု မရှိကြောင်း၊ သို့တည်းမဟုတ် ဘေးထွက်ဆိုးကျိုး များလွန်းနေသည်ကို တွေ့ရပေလိမ့်မည်။ ပစ်ဇာသည် ဆေးဝါးကုမ္ပဏီကြီး တစ်ခုဖြစ်သည်။ ၎င်းတို့သည် ထိုဆေးဝါး များအပေါ် သုတေသနလုပ်ရာမှ ရပ်တန့်ရန် လိုအပ်သော်လည်း ဤသုတေသနကို အခြားဆေးဝါးစက်ရုံများ သို့တည်းမဟုတ် ဓာတ်ခွဲခန်းများသို့ ရောင်းချနိုင်ပေသည်။ ဗစ်တာသည် ၎င်းတို့ကို တရုတ်သို့ လာရောက် ရောင်းရန်ပင် မလိုချေ။ ပစ်ဇာအနေဖြင့် ဤသုတေသနကို အမေရိကန်ရှိ ကုမ္ပဏီများသို့ အလွယ်တကူ ရောင်းချနိုင်ပေသည်။
“မစ္စတာ ဗစ်တာ.. ဆေး(၃)မျိုးပဲ ရှိတာလား.. ကျုပ်တို့က ကင်ဆာဆေးတွေ စိတ်မဝင်စားပါဘူး.. အခုလက်ရှိ ကမ္ဘာပေါ်မှာ ထိရောက်တဲ့ ကင်ဆာဆေးလဲ မရှိသေးဘူး.. မင်းတို့ ကုမ္ပဏီမှာ ဒီဆေးဝါး သုတေသနမှာ ပြဿနာ မရှိရင် မင်းတို့လဲ ဒီဆေးတိုးတက်အောင်လုပ်ဖို့ ရပ်ပစ်မှာ မဟုတ်ဘူး.. သွေးတိုးရောဂါနဲ့ နှလုံး သွေးကြော ရောဂါ ကုတဲ့နေရာမှာ သုံးတဲ့ ကျန်ဆေး(၂)မျိုးအတွက် သုတေသနနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ လိုတယ်.. ဆုံးဖြတ်ချက် မချခင် အချက်အလက်တွေကို သေချာ စစ်ဆေးဖို့ ငါ့ သုတေသနအဖွဲ့ကို ပြောလိုက်..”
ဖုန်းယွီ သူ့ဘေးရှိလူနှင့် ဆေးနွေးဟန်ဆောင်ရင်း ပြောလိုက်သည်။
“ဒီ…. ကောင်းပြီလေ.. ဒါပေမယ့် အချက်အလက်တွေကျ ကျုပ်တို့ ကုမ္ပဏီကနေ အပြင်ထုတ်လို့မရဘူး.. စိစစ်လေ့လာဖို့ မင်းသုတေသီတွေကို ကျုပ်တို့ ဓာတ်ခွဲခန်း ခေါ်လာလို့ ရပါတယ်.. သုတေသန အချက်အလက် တွေ့တဲ့အချိန် ဒီဆေး ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သူတို့ နားလည်လာမှာပါ..”
ဗစ်တာ ပြန်ဖြေလိုက်သည်။ အကယ်၍ ဖုန်းယွီအား သတင်းအချက်အလက် အသေးစိတ် ပေးလိုက်ပါက ဖုန်းယွီ၏ သုတေသီများသည် ထိုဆေးများကို အောင်မြင်စွာ တီထွင်နိုင်မည် မဟုတ်ကြောင်း တွေ့သွားနိုင်ပေသည်။
ဖုန်းယွီ စိတ်ပူဟန်ဆောင်လိုက်ရင်း…
“မင်း ဓာတ်ခွဲခန်းကို သုံးလို့ ကောင်းပါ့မလား.. ဓာတ်ခွဲခန်းထဲကို ဆေးလေး (၂)မျိုးနဲ့ သွားရရင် အချိန်ဖြုန်းနေသလိုပဲ..”
ဗစ်တာသည် သူ့အား သုတေသန အချက်အလက်များကို မည်သည့်အခါတွင်မှ ပေးမည် မဟုတ်ကြောင်း ဖုန်းယွီ သိပေသည်။ ဖုန်းယွီလိုချင်သည်မှာ ပစ်ဇာ ဓာတ်ခွဲခန်းအား သွားရောက်ကြည့်ချင်ယုံသာပင်။ နောက်ဆုံး၌ ဗစ်တာမှ သူ့ဓာတ်ခွဲခန်းသို့ လာရောက်ရန် ဖိတ်ကြားလိုက်သည်။ စီးပွားရေးသမားထက် ရူးသွပ်နေသည့် သုတေသီများနှင့် ဆက်ဆံရသည်မှာ ပိုလွယ်ကူပေလိမ့်မည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)